Thursday, October 15, 2015
စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ရှမ်းပြည်၌ ထိုးစစ်ရပ်တန့်ဖို့ ရှမ်းလူမှုအဖွဲ့ များ တောင်းဆို

နေပြည်တော်အစိုးရအနေနှင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက ရှမ်းပြည်နယ်ရှိ အပစ်ရပ်ဒေသတွင်းသို့ အစိုးရစစ်တပ်များ ထိုးစစ် ၀င်ရောက်ခြင်းကိုရပ်တန့်ရမည်။
ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခု အတွင်း နေုပြည်တော်စစ်တပ်များ ယနေ့ထိုးစစ် ဆင်နေခြင်းကြောင့် ကျေး လက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။
အွန်လိုင်းပေါ်က လူပြောများနေတဲ့ ချစ်သမီးကိစ္စ
လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏လုံချည်အရောင်နှင့်
တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားသူအား ဖမ်းဆီးတရားစွဲဆို
*****************************************************
လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ် ဘွတ်ခ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝတ် ဆင်ထားသော လုံချည်အရောင်နှင့် တပ်မ တော်ဝတ်စုံသစ်ကို နှိုင်းယှဉ်ရေးသားသူအား မအူပင် မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထား သည်ဟု သိရသည်။
တပ်မတော်မှ ခေတ်စနစ်နှင့်အညီ ဝတ် စုံများ ပြောင်းလဲလိုက်သည်ဟု ကြေညာပြီး နောက်ပိုင်းတွင် မချောစန္ဒီထွန်း(ချစ်သမီး)အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံချည်အရောင်နှင့် တပ်မတော် ဝတ်စုံ သစ်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒီချုပ်အောင်နိုင်ရေးအတွက် မန္တလေးမြို့ခံများ မိုးရေထဲစက်ဘီးစီး၍လှုံ့ဆော်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မန္တလေးမြို့ခံစက် ဘီးချစ်သူများက စက်ဘီးအစီး ၁၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၃ ရက်နံနက်က ချမ်းအေးသာစံမြို့ နယ်အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား Facebook တွင် တင်မှုကြောင့် နောက်တစ်ဦး ထပ်မံ ဖမ်းဆီးခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင် တင်မှုကြောင့်ဟုဆိုကာ လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီအား သက်ဆိုင်ရာ ရဲစခန်းက လှိုင်မြို့နယ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ဦးခွန်ဂျာလီအား ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ် အိမ်ရာတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း
ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့သည်။ သို့သော် ဥပဒေအရ ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ငါးရက်ကြို
ရွှေတိဂုံဘုရားဖူးတဲ့ ၀မ်းဘတ်(Ong Bak)မင်းသား
ဝမ်းဘတ်(Ong-Bak) မင်း သားဟု မြန်မာပရိသတ်သိထား သည့် ထိုင်းအက်ရှင်မင်းသား Tony Jaaသည် ယနေ့ နံနက် အစောပိုင်းက ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။
မင်းသား၏ တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရွှေတိဂုံ စေတီပေါ်တွင် အမှတ်တရ ရိုက် ကူးထားသည့်ပုံကို တင်ထားပြီး ပရိသတ်များ၏ အမေးကို ဖြေ ကြားရာတွင် မြန်မာနိုင်ငံသို့ ခေတ္တ ခဏသာ လာရောက်ခြင်း ဖြစ်သည်ဟု ဖြေကြားထားသည်။
Wednesday, October 14, 2015
NLD အောင် နိုင်ရေး Online လှုပ်ရှားမှုဆိုသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အနီရောင်တီရှပ် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသည့်သတင်း မမှန်နိုင်ကြောင်း ဈေးကွက်အတွင်း အထည်ဆိုင်များဆို
ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပျံ့နှံ့နေသည့် မင်္ဂလာဈေးမှ တီရှပ်အနီရောင် ကျပ်သိန်း ၆,၀၀၀ ကျော်ဖိုး ၀ယ်ယူသွားသည့်သတင်းမှာ မဟုတ်မှန်နိုင်ကြောင်း အဆိုပါဈေးရှိ တီရှပ်လက်ကားဆိုင်ကြီးများမှ သတင်းရရှိသည်။ရွေးကောက်ပွဲနီးကပ်လာ ချိန်တွင် အဓိကအတိုက်အခံပါတီ ကြီးဖြစ်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ ပါတီဝတ်စုံနှင့် အ ရောင်တူညီသည့် အနီရောင်တီ ရှပ်များကို အများအပြားဝယ်ယူ သည့် သတင်းပျံ့နှံ့လာခြင်း ဖြစ် သည်။ အဆိုပါ သတင်းကြောင့် ရွေးကောက်ပွဲနေ့တွင် တီရှပ်များ ပေါ်၌ ဒီချုပ်တံဆိပ်များရိုက်နှိပ်ဝတ်ဆင်ပြီး ရွေးကောက်ပွဲဥပဒေ နှင့် မညီသည့်အရာများပြုလုပ် မည်ကို စိုးရိမ်မှုများရှိနေသည်။‘‘အဲဒီသတင်းကို ကျွန်တော် မကြားပါဘူး။ အဲဒီလိုလာဝယ် တာလည်း မရှိပါဘူး’’ဟု မင်္ဂလာဈေး (ရွှေပြည့်စုံဈေး) မြေညီထပ်ရှိ တီ ရှပ်အင်္ကျီလက်ကားအရောင်း ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မူးမြစ်ရေမြင့်တက်လာ၍ မြစ်ကမ်းတစ်လျှောက် ကျေးရွာများရှိ လူတစ်သောင်းကျော် ရေဘေးသင့်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောက်တိုဘာလဆန်း က မိုးသည်းထန်စွာ ရွာသွန်းခဲ့ ခြင်းကြောင့် မူးမြစ်ရေမြင့်တက် လာကာ အရာတော်နှင့် ၀က်လက်မြို့နယ်အတွင်း မူးမြစ်ကမ်းဘေး ကျေးရွာများတွင် အောက်တိုဘာ ၁၁ ရက်မှစ၍ ရေများတစ်ကျော့ ပြန်ဝင်ရောက်ခဲ့သဖြင့် ဒေသခံတစ်သောင်းကျော် ရေဘေးဒုက္ခခံနေရကြောင်း သတင်းရရှိသည်။ရွှေဘိုခရိုင် ၀က်လက်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် လှကွေ၊ ကျောက်ကုန်း၊ သရက်ချို၊ မင်းကန်၊ သမရိုး၊ တည်တောအပါအ၀င် ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ခြေနှစ်ထောင်ကျော်အတွင်း ရေများဝင်ရောက်နေ၍ လူဦးရေ ၉,၀၀၀ ကျော် ရေဘေး အခက်ကြုံတွေ့ခဲ့ရကြောင်း စစ် ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှတ် တမ်းများအရ သိရသည်။မုံရွာခရိုင် အရာတော်မြို့ နယ်အတွင်း မူးမြစ်ရေမြင့်တက်မှု ကြောင့် ကူးတို့ကိုင်း၊ ပေါက်ပင် ဆိပ်၊ ဆင်တလည်၊ အောင်သာ၊ လက်ပံသာစသည့် ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်လာ၍လူဦးရေ နှစ်ထောင်ကျော်ရေဘေးကြုံတွေ့ခဲ့ရသည်။
မင်းလှမြို့နယ်တွင် ချောင်းရေစီးအတွင်း လူခုနစ်ဦးမျောပါ
မကွေးတိုင်းဒေသ ကြီး မင်းလှမြို့နယ်တွင်ချောင်းရေ ကြီးမှုကြောင့် ဓာတ်ကုန်းချောင်းနံ ဘေးရှိ ယာခင်းများအတွင်း တဲ ငယ်များဆောက်လုပ်နေထိုင်သူ များအနက် ခုနစ်ဦး ရေစီးနှင့်မျော ပါသွားခဲ့ကြောင်း သရက်ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
အောက်တိုဘာ ၁၂ ရက် နံ နက် ၁ နာရီ မိနစ် ၃၀ ခန့်က အဆိုပါ ငနောင်မုန်းကျေးရွာအနီး ဓာတ်ကုန်းချောင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ချောင်းရေကြီးမှု ဖြစ်ပေါ်ခဲ့ကာ ချောင်းကမ်းနံဘေး ယာခင်းများအတွင်း ယာယီတဲငယ်များဖြင့် နေထိုင်ကြ သော မိသားစုများ မျောပါသွား ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက အတည်ပြုပြော သည်။
ချောင်းရေဖြင့် မျောပါသွား သူများသည် အခြားမြို့နယ်များမှ လာရောက်ပြီး ပျံကျလုပ်ကိုင်စား သောက်သည့် မိသားစုများဖြစ် ကြောင်းနှင့် မြိုင်မြို့နယ်မှ အမျိုး သားသုံးဦး၊ မင်းဘူးမြို့နယ်မှ အ မျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ် ဦးတို့ဖြစ်ကြောင်း ၎င်းကပြော သည်။
ပုဂ္ဂလိက တယ်လီဖုန်းတာဝါတိုင်စိုက်ထူမှု ရပ်ကွက်နေပြည်သူအချို့ ကန့်ကွက်
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ စဥ့်ဟယ် (၁) ရပ် ကွက်၊ နယ်မြေ (၁) အတွင်းရှိ လူ နေခြံဝင်းတစ်ခုအတွင်း စတင်စိုက်ထူနေသည့် ပုဂ္ဂလိကတယ်လီနော ဆက်သွယ်ရေးတာဝါတိုင်ကို ရပ်ကွက်နေပြည်သူ ၃၀ ဦးခန့်က လက်မှတ်ရေးထိုးကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
စဥ့်ဟယ် (၁) ရပ်ကွက်၊ နယ်မြေ (၁) အတွင်းနေထိုင်သူ ၃၀ ဦးခန့်က အောက်တိုဘာလဆန်းက ရှမ်းပြည် နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနအသီးသီးထံသို့ လိပ်မူကန့်ကွက်တိုင်ကြားထားကြသည်ဟု ကန့်ကွက်ရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဟန်က ပြောသည်။ ‘‘တာဝါတိုင်က နှိုးတဲ့စက် တွေရှိတယ်။ အဲဒီက ဆူညံသံတွေ အဲဒီကနေ ထွက်လာမယ့် အနံ့တွေကို ကျန်းမာရေးအတွက် ကန့်ကွက်ရခြင်း ဖြစ်တယ်။ နောက်ပြီး သ ဘာဝဘေးအန္တရာယ်ကိုလည်း စိုးရိမ်လို့ ကန့်ကွက်တာပါ။ ပြည်နယ်ဝန်ကြီးချုပ်ဆီကိုလည်း လိပ်မူပြီး တိုင်ကြားထားပါတယ်’’ဟု ဒေါ် မြင့်မြင့်ဟန်က ပြောသည်။
ရေကြီး မြေပြိုသဘာဝဘေးများကြောင့် ကျပ်ဘီလီယံနှစ်ရာကျော်ဆုံးရှုံးခဲ့
လွန်ခဲ့သည့် သုံးလခန့်က စ၍ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော ရေကြီး၊ မြေပြိုမှုသဘာဝဘေး အန္တရာယ်များကြောင့် လူဦးရေ ၁ဒသမ ၆၇ သန်းဘေးသင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု ကျပ်ဘီလီယံ၂၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိသည်။ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ဘေးအန္တရာယ်ဖြစ်ပွားမှု ၄၁၅ ကြိမ်ရှိခဲ့ပြီး ဆုံးရှုံးမှု ကျပ်သန်း ပေါင်း ငါးရာခြောက်ဆယ်ကျော်ရှိ ခဲ့ကာ သဘာဝဘေးအန္တရာယ် ကြောင့် ဘေးသင့်လူဦးရေမှာ ခုနစ်သောင်းကျော်သာ ရှိခဲ့သည်။‘‘မကြာသေးခင်က မြန်မာ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေ လျှံမှုနဲ့ မြေပြိုမှုကြောင့် ဆုံးရှုံးခဲ့ရ တဲ့ ပမာဏကိုကြည့်ရင် သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးဆုံး ရှုံးမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ ဖြိုးတိုးတက်မှုကို များစွာအဟန့် အတားဖြစ်စေတယ်ဆိုတာ သိရှိ နိုင်ပါတယ်’’ဟု အပြည်ပြည်ဆိုင် ရာသဘာဝဘေးလျော့ပါးရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန် ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။ယခုနှစ်အတွင်းဖြစ်ပေါ်ခဲ့ သော သဘာဝဘေးအန္တရာယ် ကြောင့် အသက်ဆုံးရှုံးမှုဦးရေ သည် တစ်ရာကျော်ရှိခဲ့ရာ နာဂစ် မုန်တိုင်းပြီးလျှင် ပျက်စီးဆုံးရှုံးမှု နှင့် အသက်အန္တရာယ်ထိခိုက်မှု များသော နှစ်ဖြစ်သည်။
တင်ပါးကြီးတဲ့ အမျိုးသမီးတွေ ဆီးချိုရောဂါ ဖြစ်နိုင်ချေ နည်း

သစ်တော်သီးလို ခန္ဓာကိုယ်မျိုးရှိတဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားဖို့အခွင့်အလမ်းနည်းစေတယ်လို့ သုတေသန အသစ်တစ်ခုက ဖော်ပြလိုက်ပါတယ်။
သစ်တော်သီး ခန္ဓာကိုယ်ဆိုတာဟာ တင်ပါး ကြီးတဲ့ အမျိုးသမီးတွေကို ဆိုလိုတာပါ။ ဒီလေ့လာမှုကဖော်ပြခဲ့တာကတော့ အဆီပါဝင်မှုများတဲ့ တင်ပါးကြီးကြီးတွေ ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတွေဟာ တင်ပါးသေးငယ်တဲ့ အမျိုးသမီး တွေထက်စာရင် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားဖို့ အခွင့်အလမ်းနည်းစေတယ် ဆိုတာပါပဲ။
ဒါဟာ မွေးကတည်းက လက်ဆင့်ကမ်းပါလာခဲ့တဲ့ မျိုးရိုး ဗီဇ ဆိုင်ရာ ကွဲပြားခြားနား မှုကို ကျေးဇူးတင်ရမှာပါ။ ဖြစ်နိုင်ချေရှိတဲ့ မျိုးရိုးဗီဇကတော့ KLF14 ဖြစ်ပြီး ထို မျိုးရိုးဗီဇဟာ အဆီ သိုလှောင်တဲ့ ဆဲလ်တွေကို ကွဲပြားခြားနားစွာ လုပ်ဆောင်စေပြီး အမျိုးသမီးတွေရဲ့ တင်ပါး ပုံစံ အရွယ်အစားတွေကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။
သမ္မတကို အကြည်ညိုပျက်စေမည့် ကဗျာရေးသားခဲ့သူ ထွက်ပြေးတိမ်းရှောင်
လူမှုကွန်ရက် စာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နိုင်ငံတော် သမ္မတကို အကြည်ညို ပျက်စေမည့် ကဗျာစာသားရေးသားဖော်ပြခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ စောင့်ကြည့်စစ်ဆေးခြင်းများ ခံနေရသူ ကဗျာဆရာ မောင်ဆောင်းခသည် နေအိမ်မှ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော့်ကို ဖမ်းဝရမ်းထုတ်ထားတာ၊ တရားရုံးက ဆင့်ခေါ်တာမျိုး မရှိသေးပေမယ့် ရဲတပ်ဖွဲ့က နေ့တိုင်း စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်တယ်၊ ကျွန်တော့်ကို အရေးယူသွားမယ်လို့ ပြောထားတာကြောင့် လက်ရှိအခြေအနေအရ ထွက်ပြေး တိမ်းရှောင်နေရတယ် ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
NLD အောင်နိုင်ရေးအတွက် တေးသံရှင်ခင်မောင်တိုး၏ဂျာကင် လေလံတင် ရောင်းမည်

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အောင်နိုင်ရေးအတွက် ကွယ်လွန်သူတေးသံရှင် ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည်ဆိုသည့် သားရေဂျာကင်ကို အောက်တိုဘာလ ၂၈ရက်နေ့ ညတွင် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း တေးသံရှင်ခင်မောင်တိုး၏မိတ် ဆွေရင်း တစ်ဦးဖြစ်သူ စာရေးဆရာရွှေနောင်ရိုးက ပြောကြားသည်။
တေးသံရှင် ခင်မောင်တိုးဝတ်ဆင်ခဲ့သော အဆိုပါ သားရေဂျာကင်သည် ၂၀၀၇ခုနှစ်အတွင်းက အမေရိကန်ပြည်ထောင်စုသို့ ရောက်စဉ် မိတ်ဆွေတစ်ဦးက မေတ္တာဖြင့် ဝယ်ပေးသည်ဖြစ်၍ တန်ဖိုးဖြတ်မရသည့်အပြင် တေးသံရှင်ခင်မောင်တိုး၏ အမြတ်တနိုးပစ္စည်းများထဲမှ ပထမဆုံးလေလံတင်ရောင်းချခြင်းဖြစ်ကြောင်း ၎င်း၏သူငယ်ချင်းဖြစ်သူ မန္တလေးမြို့ခံ ဦးမြင့်ချိုက ဆိုသည်။
လာအိုကို (၃-၁)ဂိုးဖြင့် မြန်မာအသင်း အနိုင်ရရှိ
၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်)အဖြစ် ဘန်ကောက်မြို့ ဆူပါချလာဆိုင်း အားကစားကွင်းတွင် အောက်တိုဘာ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ည(၇း၀၀)နာရီတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် လာအို လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲစဉ်တွင် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း – ကျော်ဇင်လွင်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ အလယ်တန်း- ကျော်ကိုကို၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ လှိုင်းဘိုဘို၊ အောင်သူ၊ရှေ့တန်း – ဆမ်လန်မန် စသဖြင့် ၄-၂-၃-၁ ပုံစံ ကစားကွက်အတိုင်း ပွဲထွက်ခဲ့သည်။ ပထမပိုင်း ပွဲစပြီးမကြာမီ ပွဲချိန် ၂ မိနစ်မှာ
KIA ရှိနေသရွေ့ကချင်ပြည်နယ်က ဒေသခံတို့အသက်ခန္ဓာ စတေးခံ နေရဦးမည်

၂၀၁၁ ခုနှစ်အတွင်း KIA လက်နက်ကိုင်အဖွဲ့၏ အဖျက်အမှောင့်လုပ်ငန်းများ၊ လူမဆန်သော လုပ်ရပ်များအတွက် တပ်မတော်စစ်ကြောင်းများက တန်ပြန်ထိုးစစ်ဆင်နွှဲခဲ့ရာ ၎င်းတို့ရဲ့လိုင်ဇာဌာနချုပ်အား သိမ်းပိုက်ရန် လက်တစ်ကမ်း အလိုတွင် နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ငြိမ်းချမ်းရေးကမ်းလှမ်းမှုနှင့် တပ်မတော်အား ထိုးစစ်ဆင်မှုများ ရပ်တန့်စေခဲ့မှုကြောင့် KIA လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်လက်တည်ရှိနေနိုင် ရေး အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။
ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်သို့ နှစ်ရက်အတွင်းတက်လာနိုင်၍ မြစ်ကမ်းဘေးဒေသများ သတိပြုရန်လို
ဒေသလေးခုတွင် နောက်နှစ်ရက်ခန့်ကြာအောင် နေရာ ကွက်မိုးကြီးနိုင်သေး၍ ဧရာဝတီမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာနိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြော သည်။
ဦးကျော်မိုးဦးက ရခိုင်ပြည် နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝ တီတိုင်းဒေသကြီးတို့တွင် နောက် နှစ်ရက်ခန့်ကြာအောင် နေရာကွက်၍ မိုးကြီးနိုင်သေးသည်ဟု ပြောသည်။ မိုးလွန်ကာလတွင် ယခုကဲ့သို့ မိုးကြီးရခြင်းမှာ ဘင်္ဂလားပင်လယ်အော်တွင် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ ခွဲထွက်လာသည့် မိုးတိမ်တိုက်နှစ်ခုသည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းဒေသများဘက်သို့ ရောက်ရှိနေခြင်း ကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဖုန်းဆင်းမ်ကတ်များ တရားဝင်မှတ်ပုံမတင်ထားသဖြင့် ဆိုက်ဘာရာဇဝတ်မှုများအတွက် သက်သေခံအဖြစ် အသုံးပြုရန်ခက်နေ
ဆိုက်ဘာရာဇဝတ်မှုများ အတွက် အရေးယူမှုများ ပြုလုပ် ရန် သက်သေခံပစ္စည်းများအဖြစ် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအသုံး ပြုသူများ၏ အချက်အလက်များ ကို အချိန်နှင့်တစ်ပြေးညီ မှတ်ပုံတင်ထားနိုင်သည့် အချက်အ လက်များ လိုအပ်နေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဆက်သွယ်ရေးနှင့် သတင်းအ ချက်အလက်နည်းပညာဌာန ဌာန မှူး ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။
‘‘လက်ရှိ မိုဘိုင်းဖုန်းနဲ့ ဟန်း ဆက်တွေနဲ့ပတ်သက်လို့ ရာခိုင် နှုန်း တော်တော်များများက Up to date register မရှိသေးဘူး။ Cyber Crime နဲ့ပတ်သက်တဲ့ လိမ်လည်မှုတွေမှာ မိုဘိုင်းဖုန်းတွေနဲ့ ဆက်နွှယ်နေတဲ့အတွက် ဒါတွေ က သက်သေခံနိုင်မှုအတွက် အ ရေးကြီးပါတယ်’’ဟု ရဲမှူးကြီး ထွန်းနေဝင်းက ပြောသည်။
ဆင်းမ်ကတ်များ ရောင်းချ ရာတွင် အသုံးပြုသူများ၏ အချက်အလက်များကို မှတ်ပုံတင်ပြီးမှ ရောင်းချခြင်းပြုလုပ်ရန် ဆက် သွယ်ရေး အော်ပရေတာများက သတ်မှတ်ထားသော်လည်း လမ်းဘေး အရောင်းဆိုင်များတွင် ဆင်းမ်ကတ်များကို အလွယ်တကူ ရောင်းချနေပြီး အသုံးပြုသူများ ၏ အချက်အလက်များကို တရား ဝင်မှတ်ပုံတင်ရယူကာ ရောင်းချခြင်းမှာ နည်းပါးနေသေးကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်းနှင့် အကြမ်းဖက်သူများအဖြစ်မှ အကျုံးမ၀င်ကြောင်း ထုတ်ပြန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ ညီချက်စာချုပ် (NCA) တွင် လက်မှတ်ရေးထိုးမည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ကို မတရားအသင်း အဖြစ်မှလည်း ကောင်း၊ အကြမ်းဖက်သူများအ ဖြစ်မှ လည်းကောင်း အကျုံးဝင် မှုမရှိတော့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့က အောက်တိုဘာ ၁၃ ရက်တွင် ကြေညာသည်။
Tuesday, October 13, 2015
တိုင်းရင်းသားလက်နက်ကိုင်တွေ သိသင့်တဲ့ DDR
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်က သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရွက်ဆစ်ကို DVB ၊ ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနတွေက NCA နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ DDR နဲ့ပတ်သက်ပြီး မေးမြန်းမှု အပေါ် ရွက်ဆစ်က “DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုပြည်လည်တည်ထောင်ဖို့ လုပ်မှာလေ၊ တိုင်းရင်းသား အားလုံးရော အစိုးရ၊ တပ်မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ပြန်တည်ဆောက်မှာလေ၊ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလားဆိုတာတော့ ကျနော်တို့ ပြန်ပြီး ဆွေးနွေးရမယ် ” လို့ ဖြေကြားသွားပါတယ်။
ကျောက်ဖရုံသီး မိုးကြိုးလွှဲသည်ဟု မကြားဖူးကြောင်း ဒေါက်တာထွန်းလွင်ပြော
ကျောက်ဖရုံသီးမှာ မိုး ကြိုးလွှဲသည်ဟု မကြားဖူးကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်သည်။‘‘ကျောက်ဖရုံသီးက မိုးကြိုး လွှဲတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ မိုးကြိုးလွှဲကိရိယာတွေလည်းအလွယ်တကူဝယ်လို့ရတာပဲ’’ ဟု ရန်ကုန်မြို့ ဈေးကြီးအချို့၏ ခေါင် မိုးတွင် မိုးကြိုးမပစ်အောင် ကျောက် ဖရုံ သီးများ တင်ထားခြင်းနှင့် ပတ် သက်၍ 7Day Daily က မေးမြန်း ရာ၌ ဒေါက်တာထွန်းလွင်က အ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားသည်။
ထို့အပြင် မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်မြို့ရှိ ဈေးကြီးအချို့၏ ခေါင်မိုးများတွင် ကျောက်ဖရုံသီးများကို မိုးကြိုးလွှဲအဖြစ် တပ်ဆင်ခြင်းထက် မိုးကြိုးလွှဲ ကိရိယာများသာ တပ်ဆင်သင့်ကြောင်း ပြောသည်။
‘‘မိုးကြိုးလွှဲဖို့က မိုးကြိုးလွှဲကိ ရိယာတွေ တပ်ဆင်ရမှာပါ။ မိုး ကြိုးလွှဲဖို့အပြင် တခြားပတ်သက် မှုတွေရှိနိုင်မယ် ထင်တယ်’’ ဟု အထက်ပါတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်၊ နှစ်ဖွဲ့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်မရေးထိုး မီ သုံးရက်အလိုတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို သမ္မတအမိန့်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက် သည်။
မတရားအသင်းအဖြစ် ကြေ ညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ၁၂ ရက်မှစ၍ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။
မြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စု ၄၀၀ ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်ကြေညာ
လွတ်လပ်ပြီးတရားမျှတ သော ရွေးကောက်ပွဲကျင်းပရန်အ ခြေအနေမရှိသဖြင့် မြို့နယ် ၃၄ခု ရှိကျေးရွာအုပ်စု လေးရာကျော် တွင် ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ကြေညာချက်ငါးစောင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ရှိသည့်အနက် ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်ခုနစ်ခု၊ မွန်ပြည်နယ်ရှိမြို့နယ်တစ်ခု၊ ရှမ်းပြည်နယ်ရှိမြို့နယ် ၁၃ ခုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်ခုစုစုပေါင်းမြို့နယ် ၃၄ ခုရှိ ကျေးရွာအုပ်စုများတွင် နိုဝင်ဘာ ၈ရက်၌ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မည်မဟုတ်ပေ။ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၃၄ ခုတွင် ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ မိုင်းမောမြို့နယ်၊ နားဖန်းမြို့နယ်တို့မှလွဲပြီး ကျန်မြို့နယ်၃၀ တွင် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ၀င်ပြိုင်ရန် ကိုယ်စားလှယ်လောင်းများ စာရင်းပေးသွင်းထားသည်။
ဒေါ်လာဈေးနှုန်း ကျဆင်းလာ၍ ကျပ်ငွေတန်ဖိုး အနည်းငယ် ပြန်မြင့်တက်
ကမ္ဘာ့ရွှေဈေးမြင့်တက် လာချိန်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာသဖြင့် ပြည် တွင်း၌ ကျပ်ငွေတန်ဖိုးအနည်းငယ် ပြန်လည် မြင့်တက်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် အမေရိကန် ဒေါ် လာ ၁,၁၅၀ ခန့်ရှိလာပြီး ယခင် တစ်ပတ်ထက် ၄ ရာခိုင်နှုန်းမြင့် တက်လာသည်။ ကမ္ဘာ့ဈေးကွက် တွင် ရွှေနှင့်ဒေါ်လာဈေးသည် ပြောင်းပြန်ဖြစ်နေ၍ အမေရိကန် ဒေါ်လာတန်ဖိုးမှာ စတင် ကျ ဆင်းလာပြီး မြန်မာနိုင်ငံတွင် လည်း ဒေါ်လာငွေလဲနှုန်း ပြန် လည်ကျဆင်းလာကြောင်း စီးပွား ရေးသမားအချို့က ရှင်းပြသည်။
ပြည်တွင်း၌ ငွေလဲနှုန်းကျ ဆင်းမှုသည် စက်တင်ဘာ ၁၂ ရက်တွင် ပြင်ပဈေးတစ်ဒေါ်လာ လျှင် ၁,၂၈၅ ကျပ်ခန့်သာ ဈေးရှိ နေသည်။ စက်တင်ဘာ ၈ ရက် တွင် ပြင်ပဈေးကွက်၌ ငွေလဲနှုန်း သည် တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်ခန့် ရှိခဲ့သည်။ ပြင်ပ ဈေးကွက်တွင် ငွေလဲနှုန်းကျဆင်းလာမှုကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁,၂၈၆ ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။ ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ယခင်တစ်ပတ်လျှင် ၁,၂၈၇ ကျပ်နှင့်အထက်သာ ရှိခဲ့သည်။
ထိုင်းဆန်ဟု သံသယရှိသော ဆန်အိတ် ၂၀၀ ကို စစ်ဆေးနေ
ပဲခူး-ညောင်းခါးရှည် လမ်းကြောင်းမှ ဝင်ရောက်လာ သည့် ဆန်အိတ်နှစ်ရာကို ထိုင်း ဆန်များဟု သံသယရှိသော ကြောင့် ဓာတ်ခွဲစမ်းသပ်ရန် တရားမဝင်ကုန်သွယ်မှု တားဆီးရေးဗဟို (Mobile Team) က သိမ်းဆည်း ထားကြောင်း သတင်းရရှိသည်။
ပြည်တွင်း ဆန်ဈေးကွက်သို့ ထိုင်းနိုင်ငံမှ ဆန်များ တရားမဝင် လမ်းကြောင်းမှ ဝင်ရောက်လာ သည်ဟု သတင်းများပျံ့နှံ့နေခြင်း ကြောင့် မြဝတီမြို့မှ ရန်ကုန်မြို့သို့ တင်ဆောင်လာဖွယ်ရှိသည့် ဆန် အိတ်နှစ်ရာကို ဝေါမြို့အနီးတွင် အောက်တိုဘာ ၁၁ ရက်က သိမ်း ဆည်းခဲ့ခြင်းဖြစ်သည်။
‘‘စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဌာနက လယ်ယာ ထွက်ကုန် ဓာတ်ခွဲစမ်းသပ်ခန်းမှာ စမ်းသပ်ဖို့ ပို့ထားတယ်။ ထိုင်း ဆန်ဆိုရင် တရားမဝင်ကုန်သွယ် မှုနဲ့ အရေးယူသွားမယ်’’ ဟု Mobile Team မှ ဒုတိယညွှန်ကြား ရေးမှူးတစ်ဦးက ပြောသည်။
ယခု စစ်ဆေးနေသည့် ဆန် များသည် ထိုင်းဆန်ဖြစ်ပါက တရားမဝင်တင်သွင်းကုန်များအ ဖြစ် သိမ်းဆည်းမည်ဖြစ်ပြီး စား သုံးရန်သင့်လျော်သည့် ဆန်များ ဖြစ်ပါက ပြည်တွင်းစားသုံးရန် လေလံတင် ရောင်းချမည်ဖြစ် ကြောင်း သတင်းရရှိသည်။
တောင်ကိုရီးယားတွင် မားစ်ရောဂါဖြစ်ပွားပြန်
တောင်ကိုရီးယားတွင် မားစ်ရောဂါကင်းစင်ပြီဆိုကာ ဆေးရုံဆင်းခွင့်ရသည့် အမျိုးသားတစ်ဦး ကိုးရက်အကြာတွင် ရောဂါပြန်လည်ပေါ်ပေါက်လာကြောင်း အာဏာပိုင်များက ပြောသည်။
အသက် ၃၅ နှစ်ရှိ ယင်းအမျိုးသားသည် ကိုယ်အပူချိန်အရမ်တက်၍ ဆိုးလ်အမျိုးသားတက္ကသိုလ်ဆေးရုံသို့ အောက်တိုဘာ ၁၁ ရက်က ပြန်လည်တက်ရောက်လာရကြောင်း ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောသည်။
အောက်တိုဘာအစောပိုင်းက ရောဂါကူးစက်ခြင်းမရှိတော့ဟု စမ်းသပ်တွေ့ရှိပြီးနောက် ဆေးရုံမှ ဆင်းခိုင်းလိုက်သည့် ယင်းအမျိုးသားက ပထမဆုံးရောဂါဖြင့် ဆေးရုံပြန်တက်ရောက်လာရသည့် လူနာဖြစ်ခဲ့သည်။
Subscribe to:
Posts (Atom)








