Friday, October 18, 2013
ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေ ကိုမေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူမြို့ တို့၏ ပေါက်ကွဲမှု ဖြစ်စဉ် များတွင် ထွက်ပြေး တိမ်းရှောင် နေသည့် အဓိက တရားခံ (၂)ဦး အား တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်း ပေးကြပါရန် ….
အလိုရှိသည်
ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း
ဖောက်ခွဲမှု ဖြစ်စဉ်များတွင် အဓိက တရားခံများ ဖြစ်ပြီး ထွက်ပြေး
တိမ်းရှောင်နေသည့် အောက်ပါ အကြမ်းဖက် ဖောက်ခွဲရေး သမား များ၏ လှုပ်ရှား
သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ များသို့ သတင်း ပေးပို့ကြပါရန်
မေတ္တာရပ်ခံ အပ်ပါသည်။
ပြည်ထဲရေး ဝန်ကြီး ဌာန
Wi-Fi လိုင်းကောင်းမွန်စွာမိစေနိုင်မယ့်နည်းများ။
ဒီနေ့ခေတ်မှာ Wi-Fi ဆိုတာ ရေပန်းစား တဲ့စကားလုံးတစ်ခုဖြစ်ပါတယ်။ Wi-Fi ဆို တာ ထူးဆန်းတဲ့ အရာမဟုတ်ဘဲ Radio Waves တွေသာဖြစ်ပါတယ်။အဲဒီ Radio Waves တွေ မရောက်ရှိနိုင်တဲ့ “Dead Zone” or “Dead Spots” နေရာတွေရှိပါတယ်။အဲဒီနေရာတွေမှာသင့် ရဲ့ Wireless Device တွေဖြစ်တဲ့ Smartphones,Tablet,Windows စတာတွေကိုအသုံးပြုရင် Wi-Fi Signal မရရှိနိုင်ပါဘူး။Wireless Dead Zone တွေကို သိရှိနိင်ဖို့ သင့်အိမ်၊ရုံး တွေမှာ နေရာအနှံ့လမ်းလျှောက်သွားပြီး စမ်းသပ်သိရှိနိုင်ပါတယ်။ Wireless Dead Zone တွေကို တွေ့ရှိပြီဆိုရင်တော့ အဲဒီ Dead Zone တွေ မဖြစ်အောင် ပြုလုပ်နိုင်တဲ့ နည်းတွေ ရှိပါတယ်။
အိုင်ရင်းဇင်မာမြင့်နှင့် တွေ့ဆုံခြင်း
လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်
ကော့သောင်း၌ တစ်နေ့ ၄၅၀၀ ရမည်ဟုဆိုကာ ထူကြီးရွာသား ရာနှင့်ချီ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးမြို့မှ
လူတစ်ရာကျော်အားမြို့ခံပွဲစားအချို့က လိမ် ညာခေါ်ဆောင် ၍
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာ
စိုက်ပျိုးရေးခြံ၌ လက်နက် များဖြင့် ပိတ်ပင်ခိုင်းစေမှုတစ်ရပ်
ဖြစ်ပွားခဲ့ကြောင်း ထူးကြီးဒေသခံများထံမှ သိရသည်။
တေးသံရှင် ဆိုတေး ဆေးရုံ ဆင်းခွင့်ရ

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး
ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး
သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ
အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း
အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က
ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ
ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ
သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး မိုင်တိုင် ၂၉၁ / ၃ တွင် ညာဘက် ရှေ့ဘီး ပေါက်ကာ ယာဉ် တိမ်းမှောက် ၍ ဒဏ်ရာ ပြင်းထန် စွာ ရခဲ့သည့် တေးသံရှင် ဆိုတေး သည် မန္တလေး ပြည်သူ့ ဆေးရုံ ကြီးတွင် တက်ရောက် ဆေးကုသ နေရာ သုံးလ ကျော် အကြာ အောက်တိုဘာ ၁၆ ရက် နေ့ က ဆေးရုံ မှ ဆင်းခွင့် ပေးလိုက် ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ ကြီးမှ ဆေး နှင့် လူမှု ဆက်ဆံ ရေး အရာရှိ ဦးမင်းလွင် က ပြောကြား သည်။ “ဆိုတေး ဆန္ဒ အရ တော့ လိုအပ် တာတွေ ကို မန္တလေး ဆေးရုံ မှာပဲ ဆက်ပြ မယ် လို့ ထင်ပါတယ်။ ဆေးရုံ တက် ကုသ ရမယ့် အခြေအနေ ကတော့ သက်သာ သွားပြီ မို့ ဆင်းခွင့် ပေးလိုက် တာပါ” ဟု ၎င်းက ဆိုသည်။
LOVE & MARRIAGE မျိုးဘ၀မှာတော့ အချစ်က ၁၀၀ ရာခိုင်နှုန်း အရေးပါတယ် မယ်လိုဒီ
လူရယ်လိြု့ဖစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ
လောက်ရှားမယ်ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှအချစ်၊
မပိုင်ဆိုင်ရဘဲ ခွင့်လွှတ်နစ်နာခံတာ ကိုလည်း အချစ်လို့ဆိုပြန်ပါတယ်။
အချစ်ဒဿနဆရာတွေက အချစ် ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြ သလို
ချစ်ခြင်းနဲ့ အိမ်ထောင်ပြုခြင်း ကြားမှာ ဘယ်လိုဆက်နွယ်မှုတွေ ရှိနေလဲ
အနုပညာရှင်တွေကို တီးခေါက်ကြည့်တဲ့အခါ...
မြစ်ထဲ လေယာဉ်ပျက်ကျ စီးနင်းလိုက်ပါသူအားလုံးသေဆုံး
လာအိုနိုင်ငံပိုင် လေယာဉ်တစင်း ပျက်ကျခဲ့တဲ့အတွက် သြစတြေးလျနိုင်ငံသား
၆ ဦးအပါအ ၀င် လေ ယာဉ် ပေါ် မှာ လိုက်ပါလာတဲ့သူ ၄၉ ဦးလည်း
သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ အစိုးရဌာတွေ က ပြောပါ တယ်။
Lao Air QV301 လေယာဉ်ဟာ ဗီယက်နမ်နိုင်ငံမြို့တော် Hanoi
ကနေထွက်ခွာခဲ့ပြီး လာအိုနိုင်ငံ တောင်ပိုင်း မှာရှိတဲ့ Pakse မြို့ကို
အသွားမှာ လမ်းခုလပ်မှာပဲ မဲခေါင်မြစ်ထဲကို ထိုးကျ ပျက်ဆီးခဲ့တာ
ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နေပြည်တော်၌ လုံခြုံရေးတိုးမြှင့်
အာက်တိုဘာ ၁၆ ရက်ညက ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် နေပြည်တော် ရဲတပ်ဖွဲ့မှ လှည့်ကင်း ဆောင်ရွက်နေစဉ်
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် ဖြူးမြို့များတွင်
ဗုံးလန့်မှု၊ ဗုံးတွေ့ရှိမှုနှင့် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားပြီးနောက်
နေပြည်တော်၌ လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရသည်။
ထိုကဲ့သို့ လုံခြုံရေး တိုးမြှင့်ရခြင်းမှာ နေပြည်တော်သည်
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော် ဖြစ်သည့် အပြင် အနယ်နယ်အရပ်ရပ်မှ
လာရောက်သည့် ခရီးသွား ဧည့်သည်များ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ လာရောက်သည့်အတွက် ယခင်ပြုလုပ်နေသည့် ပုံမှန်လုံခြုံရေးထက် တိုးမြှင့်ကာ ၀ပ်ကင်း၊
ရပ်ကင်း၊ ယာဉ်တင် လှည့်ကင်းများဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း
အောက်တိုဘာ ၁၆ ရက် ည ၉ နာရီခန့်က ယာဉ်တင်လှည့်ကင်း အဖွဲ့မှ နေပြည်တော်
ရဲတပ်ဖွဲ့ ရဲအကူ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး စိုးမြင့်ဦးက The Daily
Eleven သို့ ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည်စတင်နေပြီး မိုင်းခွဲမှုများကြောင့် သာသနိက အဆောက်အအုံ များအပေါ် သက်ရောက်မှုကို ထုတ်ပြန်မှု မရှိသေးသည့်အတွက် ဒေသခံများ စိုးရိမ်နေ
လယ်တီဆရာတော်ကြီး၏
သိမ်တော်နှင့် စေတီအပါအ၀င် သာသနိက အဆောက်အအုံများ တည်ရှိနေသည့်
လက်ပံတောင်းတောင် စီမံကိန်း ဗဟိုချက် မြေနေရာအား တွေ့ရစဉ်
(ဓာတ်ပုံ-ဖြိုးဝေ)
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် စတင်နေပြီး စီမံကိန်းအတွက်
မိုင်းဖောက်ခွဲ မှုများကြောင့် အဆိုပါ စီမံကိန်း ဗဟိုချက် တည့်တည့်တွင်
တည်ရှိနေသော သာသနိက အဆောက်အအုံများနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများ
ရှိနေကြောင်း အောက်တိုဘာ ၁၇ ရက်က သိရသည်။
လက်ပံတောင်းတောင် စီမံကိန်း ပြန်လည် လည်ပတ်နေမှုအား မြေယာလျော်ကြေး အတွက်
နောက် ဆုံး ပေးလျော်ခဲ့သည့် စက်တင်ဘာ ၃၀ ရက် ကျော်လွန်သည့် အချိန်မှ
စတင် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ပံတောင်းတောင် စီမံကိန်း
စတင်ရန် ကြိုးပမ်းစဉ် အချိန်ကပင် လယ်တီ ဆရာတော်ကြီး၏ သာသနိက အဆောက်အအုံများ
ပျက်စီးနိုင်သည့်အတွက် ကန့်ကွက် မှုများ ကြုံခဲ့ရသည်။
ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်
ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း
ဒေသအနှံ့အပြားတွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍
အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့်
လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇
ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ
တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော်
ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင်
နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော်
ပြောကြား ထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း
သတင်း ထွက်ပေါ် ခဲ့သည်။
ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ပြုလုပ်မည်
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ ပြုလုပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်များမှ ကျူးလွန်သူဟု ဖမ်းဆီးထားသူကို ကနဦး စစ်ဆေးရာတွင်
ငွေကြေးပေး ခိုင်းစေသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု
ထွက်ဆိုထားမှုကြောင့် ပြည်သူများ စိတ်ဝင် စားနေကြောင်း သိရသည်။
ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်
ဖာမိုဆို အထည်ချုပ်စက်ရုံ တည်ရှိရာ မင်္ဂလာဒုံ စက်မှုဇုန် ၀င်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့်
ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့်
ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား
၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း
ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။
နမ့်ခန်းမြို့ ဗုံးပေါက်ကွဲမှု အပါအ၀င် ရက်ဆက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်းသည် စနစ်ကျသော အဖွဲ့အစည်း တစ်ခုခု၏ အစီအမံများ ဖြစ်နိုင်ဟု သုံးသပ်မှုများရှိနေ
ရန်ကုန်မြို့
သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများက လုံခြုံရေးအရ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-
အောင်မျိုးသန့်)
အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း
နမ့်ခမ်းမြို့တွင် ဖြစ်ပွား ခဲ့သော ပေါက်ကွဲ မှုများ အပါအ၀င် ရက်ဆက်
ဗုံးပေါက်ကွဲမှုများသည် စနစ်ကျပြီး အင်အားရှိသော အဖွဲ့အစည်း တစ်ခုခု၏
အကွက်ချ အစီအမံများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ပြီးခဲ့သော
ရက်များအတွင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဖြစ်ပွားခဲ့သော
ပေါက်ကွဲမှု အပြီးတွင် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များတွင်
ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သလို ဗုံးလန့်မှုများလည်း
ဖြစ်ပွားခဲ့ကြောင်း သိရပြီး ပေါက်ကွဲမှု များကြောင့် တောင်ငူမြို့၌
ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ရသည်။ နမ့်ခမ်းမြို့တွင်
ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် အောက်တိုဘာ ၁၇ ရက် နံနက် အစောပိုင်း
ပေါက်ကွဲ မှုကြောင့် စည်ပင်သာယာ ၀န်ထမ်းတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်
ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်များနှင့် ပတ်သက် ၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ
များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင်
မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများ တွင် ထုတ်ပြန်
ကြေညာခဲ့သည်။
ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံးတစ်လုံးနှင့် လက်လုပ်မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး မြင်ကွင်း
ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံး တစ်လုံးနှင့် လက်လုပ်
မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး
ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက
အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အသံဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် လက်လုပ်မိုင်းဗုံးတစ်လုံး
ပေါက်ကွဲမှု ဖြစ်စဉ်များကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊
ပြည်ထောင်စု လမ်းမအလယ်၊ ကျွန်းမျောပန်းခုံ LG-၆၅၈၃၆၄ တွင် အောက်တိုဘာ ၁၆
ရက် ည ၈ နာရီ မိနစ် ၅၀ က အသံဗုံးတစ်လုံး ပေါက် ကွဲမှုကြောင့် မြေသား တစ်လက်မ
အကျယ်နှင့် အနက်သုံးလက်မရှိ ချိုင့်ခွက်သာ ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြူးတွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော ခေါင်းဖြတ်သတ်မှု ကျူးလွန်သူများအား ၆၈ နာရီအတွင်း ဖမ်းမိ
ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူများအား အခင်းဖြစ်ပွားသည့် နေရာတွင် စစ်ဆေးမှု ပြုလုပ်နေစဉ်
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် အောက်တိုဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော
ခေါင်းဖြတ် အသတ်ခံ ရမှု ဖြစ်စဉ်မှ လူသတ်တရားခံ နှစ်ဦးအား ၆၈ နာရီ အကြာတွင်
ဖမ်းဆီရမိခဲ့ကြောင်း ဖြူးမြို့နယ် ဒုတိယမြို့ နယ် ရဲတပ်ဖွဲ့မှူး
ဒုရဲမှူးစံလှ၏ ပြောကြားချက်အရ သိရသည်။
Thursday, October 17, 2013
ဗုံးပေါက်ကွဲမှုတွေ အပေါ် အနုပညာရှင်တွေက ဒီလိုမြင်ကြတယ်
မစပ်စုတို့ ရွှေပြည်ကြီးမှာ မကြာခင် ၀ါလကင်းလွတ် သီတင်းကျွတ် အခါသမယကို
ရောက်ပါတော့မယ်။ ဒီလိုအချိန်မျိုးဆို မစပ်စုတို့ ငယ်ငယ်တုန်းကတော့
ဗြောက်အိုးဖောက်သံ၊ မီးရှူးမီးပန်းသံ စတာတွေကို ကျယ်ကျယ်လောင်လောင်
ကြားခဲ့ရတာဟာ သီတင်းကျွတ် အခါသမယကို နီးလာပြီဆိုတဲ့ နိမိတ်ပြ ပုံရိပ်တွေထဲက
တခုပေါ့လေ။ အခုတော့ အသံတွေ ကြားတော့ ကြားရပါရဲ့၊ အသံကလည်း ခင်ဆင်ဆင်တော့
တူပါရဲ့၊ ဒါပေမယ့် အဲဒီအသံက ဗုံးပေါက်ကွဲသံ ဖြစ်လို့နေတာပါပဲ။ ဟိုနေရာလည်း
ဗုံး၊ ဒီနေရာလည်း ဗုံးနဲ့ တဗုံးတည်း ဗုံးနေလိုက်တာ မြန်မာပြည် အနှံ့အပြား
တော်တော် ခရီးရောက် နေတယ်လို့ ဆိုရမှာပါပဲ။ နောက်ဆုံး facebook ထဲမှာပါ
ဗုံး ရောက်လာလိုက်တာ သူနဲ့ပတ်သက်တဲ့ ကဗျာ စာသားလေးတွေ ပြည်သူတွေရဲ့
ရင်တွင်းဖြစ် ခံစားချက် လေးတွေတောင် တွေ့နေရပြန် ပါတယ်၊ တော်တော် ပေါက်တဲ့
ဗုံးလို့ ပြောရမလိုပဲ။ တချို့ကလည်း “စင်ကာပူလို ဖြစ်အောင် လုပ်မယ်လို့
ကြွေးကြော်ထားရာက ဘယ့်နှယ် ဘဂ္ဂဒက်မြို့လို ဖြစ်အောင် လုပ်ရလေခြင်း” လို့
လှောင်ပြောင် သရော်ထားလေရဲ့။
ကော့သောင်း ထောင်မှူးနှင့် ၀န်ထမ်းများ လူ့အခွင့်အရေး ချိုးဖောက်ဟုဆို

ကော့သောင်းထောင်အတွင်း
ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့
တာဟာလူ့အခွင့်အရေးချိုးဖောက်တာလို့မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကထုတ်ဖော်
ပြော ဆိုလိုက်ပါတယ်။
ဗုံးပေါက်ကွဲမှုများအား KNU နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကို မကြေနပ်သည့် အခြား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦး ပြောဆို

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် တောင်ငူမြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများအား KNU တပ်ဖွဲ့ဝင် အချို့မှ ဆောင်ရွက်ခဲ့ဖွယ်ရှိကြောင်း KNU အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
1996 ကတည်းကသိမ်းဆည်းခံ ယာမြေများပြန်ပေးရန် ကြူကုတ်ဒေသခံများတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲဘက်တွင် ယခင်အစိုးရ လက်ထက်ကတည်းက သိမ်း ဆည်း လိုက်သော လယ်ယာမြေများကို ဒေသခံက ပြန်လည်တောင်းဆို နေကြောင်း ဒေသတွင်း သတင်း ရပ် ကွက်ကဆို ပါသည်။
ဦးသိန်းစိန် ၂၀၁၅ မှာ သမ္မတ ဆက်မလုပ်ဟု သူရဦးရွှေမန်း ပြောဆို

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတရာထူးကို ဆက်လက် ထမ်းဆောင်တော့မည်မဟုတ်ဟု ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်းက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
နှင်းထူ ထပ်မှုကြောင့် ဧဝရတ် တောင်ထိပ်၌ ပိတ်မိ နေသူများအား ကယ်ဆယ်နိုင်ခဲ့

တိဗက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ အလယ်ပိုင်းရှိ ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ် တောင်ထိပ် အခြေစိုက် စခန်းတစ်ခု မြောက်ဘက်၌ နှင်းထူ ထပ်မှုကြောင့် ပိတ်မိ နေ ခဲ့သော နိုင်ငံခြား သား ခရီးသွား ဧည့်သည် ၁၃ ဦးအပါအဝင် တောင်တက် ခရီးသည် ၈၆ ဦးကို တရုတ် နိုင်ငံမှ ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးကင်းစွာ ကယ်ဆယ် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။
လာအိုမှာ လေယာဉ်ပျက်ကျ၊ ပါသွားသူ ၄၉ ဦး သေဆုံးဖွယ်ရှိ

လာအိုနိုင်ငံမှာ ဒီကနေ့ ရာသီဥတုဆိုးရွားမှုကြောင့် လေယာဉ်တစီး ပျက်ကျတဲ့အတွက် လိုက်ပါသွားသူ ၄၉ ဦးစလုံး သေဆုံးသွားဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။
နမ့်ခမ်းဗုံးပေါက်ကွဲမှု တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ အောက်တိုဘာ(၁၆)ရက်နေ့ည
ဆယ်နာရီခွဲခန့်တွင် ဗုံးကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးကာ
တစ်ဦးဒဏ်ရာရခဲ့ကြောင်း နမ့်ခမ်းမြို့ရဲစခန်းမှ သိရသည်။
“နမ့်ခမ်းမြို့လယ်က ဘုရားကျောင်းရှေ့မှာကွဲတာပါ။ သေးဆုံးတဲ့လူနဲ့
ဒဏ်ရရတဲ့လူကဘယ်ကလဲဆိုတာ စုံစမ်းတုန်းပဲရှိပါသေးတယ်” ဟု နမ့်ခမ်းရဲစခန်းမှ
တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ပြောသည်။
ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲခံရမှု KNU လုပ်ဆောင်ခြင်း မရှိဟုဆို
ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် ကရင်အမျိုးသား အစည်းအရုံး KNU က လုပ်ဆောင်ခြင်း ဖြစ်သည် ဟု နိုင်ငံတကာ သတင်းဌာနများ၏ အင်တာနက် စာမျက်နှာများ တွင် ဖော်ပြထားချက်များမှာ မှားယွင်းပြီး KNU က ယင်းသို့ လုပ်ဆောင်ခြင်း မရှိကြောင်း အဆိုပါ အစည်းအရုံး၏ ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်က ပြောကြားသည်။
သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ by သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်)

“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေး တစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။
Subscribe to:
Posts (Atom)







