မောင်သာချို
(တစ်)
ကျွန်တော်နယ်မြို့ကြီးတစ်မြို့၌ နေထိုင်ခဲ့စဉ် တစ်နေ့ဈေးထဲသို့ ဖြတ်အလျှောက် ဈေးတန်းတစ်နေရာ၌ အိမ်ထောင်သက်တစ်နှစ်ဝန်းကျင်ကျော်ကျော်
သက်တမ်းလောက်ရှိသည့် ဇနီးမောင်နှံနှစ်ယောက်နှင့် ဆုံပါသည်။ ဇနီးသည် က
မွေးခါနီးဖွားခါနီး ကိုယ်ဝန်အရင့်အမာကြီးနှင့် ဖြစ်ပါသည်။ စီးပွားရေးကလည်း
အသင့်အတင့်အဆင်ပြေ ပညာကလေးကလည်း အထိုက်အလျောက်တတ်ထားသည့်
ဇနီးမောင်နြှံ ဖစ်ရာ တော် တော့ကို ကျက်သရေရှိသည့် အစပ်အဟပ်ကလေးဟုပဲ
ဆိုကြပါစို့။
ကျွန်တော်နှင့် သူတို့ လူသွားလူလာများသည့်
ဈေးလမ်းကြောင်းနှင့် နည်းနည်းကလေး လွဲသွားအောင် ဘေးနားသို့ ကပ်နိုင်သမျှ
ကပ်လျက် စကားစမြည် ပြောကြစဉ် ပညာရေးကိစ္စ ပါလာပါသည်။
မူကြိုကျောင်းကောင်းကောင်းတဲ့။ ရန်ကုန်မှာ ရှိလျှင်လည်း ရန်ကုန် ကို
ညွှန်ပေးပါတဲ့။ ရန်ကုန်တွင် တိုက်ခန်းလည်းရှိ၊ ဆွေရင်းမျိုး လည်းရှိမို့
အဆင်ပြေပါလေသတဲ့။
ကျွန်တော်က ကျောင်းထား မည့် ကလေးကို
မေးရပါသည်။ အဖြေကို ကြားတော့ ရယ်သာ ရယ်လိုက်ကြရသော်လည်း စိတ် မသက်မသာကြီး။
ဇနီးမောင်နှံ နှစ်ယောက်စလုံးက သူတို့၏ မွေး လုလု ဖွားလုလု ကိုယ်ဝန်အရင့်
အမာကြီးဆီသို့ လက်ညှိုးထိုးပြ ကာ ကျွန်တော့ရယ်သံ၏နောက် တွင်
ရှက်ကိုးရှက်ကန်း လိုက်ရယ် နေကြခြင်းပင် ဖြစ်ပါသည်။ သူတို့၏ မျက်နှာများက
မမွေးသေး သည့် သူတို့ရင်သွေး၏ မူကြိုထား ရေး ကိစ္စကို တကယ့်ကို စဉ်းစား
နေပြီဖြစ်ကြောင်း ပေါ်လွင်နေပါ သည်။ ကျွန်တော်က “သော” တတ်သည့်
ဓလေ့ရှိသူဖြစ်ရာ အ ပြစ်အနာအဆာကင်းစွာဖြင့် အခု မမွေးခင်ကတည်းက ဆရာမကို
ဗိုက်ထဲသွင်းပြီး စာ\စသင်နေရင် ကလေးပညာတတ်တာပေါ့ဟု ဆိုတော့ သူတို့
ထပ်ဆင့်ရယ်ကြပြန်ပါ
သည်။ ဆရာဦးအောင်သင်း ပြော သလို “ရယ်စရာနောက်မှာ မောစရာပါတယ်ကွ” ဟူသည့် စကားအတိုင်း ရယ်ပြီးတော့လည်း မောစ ရာကြီးပါ။
(နှစ်)
မိခင်များ
ဖခင်များက အလုပ်လုပ်ကြရလို့၊ သို့မဟုတ် မိ တစ်ခြမ်းပဲ့ ဖတစ်ခြမ်းပဲ့
ကလေးတွေ ဖြစ်သွားရှာကြလို့၊ သို့မဟုတ် မိခင်ရော ဖခင်ပါ မရှိကြတော့လို့
ကလေးကို ပြုစုပျိုးထောင်ရန် အ လို့ငှာ မူကြိုကျောင်းကလေးများ ဆီသို့
ပေးပို့ အပ်နှံကြခြင်းကို ကျွန် တော် အဆိုးမဆိုပါ။ သို့သော် စ တန့်
(stunt) သဘောများ၊ သူများ ကလေးရှေ့မှာ ကိုယ့်ကလေးက ရောက်နေစေလိုသည့်
အငမ်းမရ နေရာဦးလိုစိတ်များဖြင့် ကလေး ကို ဇွတ်ဖိအားပေးပြီး စာသင်ခိုင်း
နေကြသော ခေတ်ကြီးကိုကား ကျွန်တော် အံ့သြမိပါသည်။ ကစားချိန်ကစား၊
နားချိန်နား ဆိုတာ အများစုမှာ မရှိကြတော့။ ကစားလည်း မကစားနဲ့။ နားလည်းမ
နားနဲ့။ သင်ပြီးရင်းသင် ကျက်ပြီး ရင်းကျက် ကာလကြီး။
School
ရှေ့၌ pre တပ်ပြီး school မတိုင်မီ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊
လေးနှစ် စသည်ဖြင့် လုံ့လ၀ီရိယ ထုတ်နိုင်လျှင် ထုတ်နိုင် သလောက်ကြိုတင်ကာ
pre နိုင်မှ ဟုတ်သလိုလို ဖြစ်လာကြလေရာစဉ်းစားသုံးသပ်ဖို့တော့ ကောင်းပြီးဟု
ကျွန်တော်ထင်ပါသည်။
ကျောင်းမနေခင်ကလည်း pre ခေါင်းစဉ်အောက်တွင် အမျိုး မျိုး အထွေထွေ အသင်ကြားခံကြ ရ။ ကျောင်းတက်တော့ မနက်
ကျူရှင်၊
ညကျူရှင်။ လွတ်နေသည့်အချိန်များတွင်မူ လမ်းညွှန်မည့် သူ Guide နှင့်။
နွေရာသီကျောင်း ပိတ်သော် နောက်အတန်းအတွက် ကြိုတင်သင်ယူ။ ကမ္ဘာကိုသာမက
စကြ၀ဠာကိုပါ လွှမ်းသွားအောင် သင်ကြားနေကြသည့် ပုံစံမျိုး။
(သုံး)
နေချင်စရာအကောင်းဆုံး၊
အေးချမ်းတည်ငြိမ်မှုအရှိဆုံး၊ ဉာဏ်ပညာအကြွယ်ဆုံး၊ ကြွယ်ပိုး ကြွယ်ဝအရှိဆုံး
ဥရောပနိုင်ငံများ ထဲတွင် ပါဝင်သည့် ဒိန်းမတ်၊ ဖင်လန် စသော နိုင်ငံများက
မူလ တန်းပညာရေးကို အသက် ၆ နှစ်တွင်မှ စသည်ဟု ဆိုပါသည်။
ကလေးကို
မူကြိုစာသင်ပေး သင့်သည်ဟူသည့် အယူအဆကို ဂျပန်က ၁ ရာခိုင်နှုန်း၊ အမေရိ ကန်က
၂၂ ရာခိုင်နှုန်း၊ တရုတ် က ၂၃ ရာခိုင်နှုန်းသာ လက်ခံ သည်ဟုလည်း ကျွန်တော်
အမှတ်အသားရှိပါ၏။ ကလေးကို ဇွတ်အတင်းအဓမ္မစာကျက်ခိုင်းရန်ကိုမူ ဂျပန်က ဝ
ရာခိုင်နှုန်း၊ အမေ ရိကန်က ၁ ရာခိုင်နှုန်း၊ တရုတ် က ၃၅ ရာခိုင်နှုန်းသာ
လက်ခံပါ သည်။
တောင်ကိုရီးယားနိုင်ငံသည်ကား ပုဂ္ဂလိက
စာသင်ဝိုင်းတို့ အလွန်ခေတ်စားသော နိုင်ငံဖြစ်ပါသည်။ ကျောင်းချိန်ပြင်ပ၌လည်း
ဝိုင်းများဖြင့် စာသင်ပေးကြရာ အချို့ ညသန်းခေါင်ယံ ကာလအထိ
သင်ယူကြရသည်ဟုဆိုပါသည်။ ထူးသည်ထက်ထူး ချွန်သည်ထက်
ချွန်ရမည်ဟူသော
ဖိအားကကျောင်းသားကျောင်းသူများ အ ပေါ်သို့ ကျရောက်လာခဲ့ရာ ထို ဖိအားကြောင့်
နှစ်စဉ်ကလေး ၂၀၀ ၀န်းကျင် ကိုယ့်ကိုယ်ကိုယ်သတ်သေ (suicide) ကြကြောင်း
ရဲစခန်းက သတင်းထုတ်ပြန်လိုက် လေရာ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်
တုန်လှုပ်သွားပုံရ ပါသည်။ မူလတန်းဝိုင်းများ ည ၉ နာရီ မကျော်ရန်၊ အလယ်တန်း
အထက်တန်းဝိုင်းများ ည ၁၀ နာ ရီ မကျော်ရန်ကိုပင် သမ္မတအမိန့်
ထုတ်ပြန်ရပါကြောင်း ဖတ်ရသောအခါ ကျွန်တော် အံ့သြသွားပါ သည်။ ပညာရှာတဲ့
လမ်းမကြီး ဟာ ကြမ်းတမ်းလှချေကလား။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)
နှင့် ဟောင်ကောင်တက္ကသိုလ်ပညာရေး သုတေသနစင်တာ (comparative Education
Research centre) တို့ ပူးပေါင်းသု တေသနလုပ်သည့် အစီရင်ခံစာထဲ၌ Shadow
Education ခေါ် အချိန်ပို ပညာရေးအတွက် ဟောင်ကောင်တွင် တစ်နှစ်ဒေါ်လာ ၂၅၅
သန်း (၂၀၁၁)၊ ဂျပန်တွင် တစ်နှစ် ဒေါ်လာ ၁၂ ဘီလျံ (၂၀၁၀)၊ စင်ကာပူတွင်
တစ်နှစ် ဒေါ်လာ သန်း ၆၀၀ ခန့် (၂၀၀၈) သုံးသည်ဟုဆိုရာ ကြောက်မခန်း လိလိပင်
ဖြစ်ပါ၏။ တောင်ကိုရီးယားတွင် ဆယ်ယောက်မှာ ကိုးယောက်က ကျူရှင်တက်သတဲ့။
အိနိယအနောက် ဘင်ဂေါတွင် ဆယ်ယောက်မှာ ခြောက်ယောက် က ကျူရှင်တက်သတဲ့။
အဇာဘိုင်ဂျန်နှင့် တူရကီတွင်မူကား ကလေးတို့ ကျောင်းမတက်ဘဲ တစ်နေ့လုံး
အိပ်နေကြတာ ညကျမှ ကျူရှင်တက်ကြလေသတဲ့။
သည်လို ကမောက်ကမ
ဖြစ်ခန်းများက လူငယ်များနှင့် မိသားစု အပေါ်သို့ လွှမ်းမိုးကာ လူမှုရေး
မညီမျှမှုတွေ ဖြစ်ရုံမျှမက ပညာရေးစနစ်ကိုပါ အားလျော့စေသည်ဟု ဆိုပါသည်။
(လေး)
ကလေးဆိုတာ
ငြိမ်နေမှ တိတ်နေမှ လိမ္မာတာဟူသော အယူအဆဖြင့် အိပ်ခိုင်းထားသော pre-school
များ၊ ကလေးပါးစပ်နှင့် မတန်သည့် စာကြီးပေကြီးများကို
အလွတ်ရွတ်ဆိုခိုင်းထားသည့် pre-school များရှိသကဲ့ သို့ ကလေးတို့ကို
လွတ်လပ်ပျော်ရွှင်စွာ ဆော့ကစားခိုင်းထားပြီး အခြေခံ စာကလေးတစ်လုံးစ နှစ်
လုံးစသင်ပေး၊ လက်ကလေး ခြေ ကလေးတွေ သန်စွမ်းခိုင်မာလာ အောင်
လေ့ကျင့်ပေးသည့် pre- school များလည်း ရှိပါသည်။
မမွေးခင်က
ကျောင်းစထားဖို့ ပြင်နေသော မိဘများရှိသကဲ့သို့ ကလေးကို ပိုမိုကြံ့ခိုင်ကာ
ရွှင်လန်းစေဖို့ဟုဆိုကာ အခြားအခြား သော ကလေးများ ၅ နှစ်အရွယ်
ကျောင်းစထားချိန်၌ မထားသေး ဘဲ ၆ နှစ်ကျမှ စထားသဖြင့် ပို၍ချွန်မွန်နေသော
ရင်သွေးကို ကြည့်
ကာ သဘောကျနေသည့် မိဘ တွေကိုလည်း ကျွန်တော်တွေ့ဖူး ပါသည်။
လူတိုင်းလူတိုင်း၏
ရင်ထဲရှိ ဗိုလ်ချုပ်အောင်ဆန်းက အသက် ၇ နှစ်ကျော် ၈ နှစ် အရွယ်တွင်မှ
ကျောင်းစထား၍ ရပါသည်။ အယ်လ်ဘတ်အိုင်စတိုင်းတို့၊ သောမတ်အယ်ဒီဆင်တို့က
အတန်းထဲတွင် အမှတ်တွေ အများကြီးရသော ကလေးများ မဟုတ်ခဲ့ကြပါ။
သင်ရော သင့်ကလေးကို ဘယ်အခါက စ\လို့ စာသင်မှာပါ လိမ့်။ ဘယ်လောက်များများ စာ သင်မှာပါလိမ့်။ ကျွန်တော်သိချင် စမ်းပါဘိ။
From -7DayNewsJournal
No comments:
Post a Comment