ဘုန်းထက်ဝင်း
သန်းပေါင်း
၆၀ နေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည်
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံပြုလုပ်ငန်းစဉ်များ
ဆောင်ရွက်လေ အမျိုးသားအင်အားစုများကြား ညီညီညွတ်ညွတ်ဖြင့်
ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်လေဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း
သူနိုင်- ကိုယ်နိုင် အခြေအနေမျိုး ဖန်တီးဖို့ အမှန်တကယ်ပင်
ခက်ခဲသည့်အတွက်ကြောင့် ရှုံးနိုင်ခြေရှိသူဘက်က အမြဲတမ်းလိုလိုပင်
ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်
တတ်သည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။
အကျိုးစီးပွားပဋိပက္ခများကြားတွင် နိုင်ငံ၏ ကံကြမ္မာ နစ်မွန်းမသွားစေဖို့ ယခု
လက်ရှိနိုင်ငံခေါင်းဆောင်များမှ အထူးပင်သတိထားရမည့် အရေးပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏
ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှုန်းသည် မြန်သည်နှင့်အမျှ
ထိရောက်တည်ငြိမ်ခြင်းကြောင့် နိုင်ငံတကာကပင် အလေးထားခဲ့ရ သည်။
ထိုအတွက်ကြောင့်ပင်လျှင် သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု
အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ပါက မြန်မာနိုင်ငံ၏
ဒီမိုကရက်တိုက်ဇေးရှင်းကို case study အဖြစ် နိုင်ငံရေးသိပ္ပံကျောင်းသုံး
ဖတ်စာအုပ်များတွင် ကမ္ဘာပေါ်တွင် အကောင်းဆုံး မော်ဒယ်အဖြစ် တစ်ခုတ် တစ်ရ
လေ့လာသင်ယူရသည်အထိ ဖြစ်ထွန်းလာတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိပကတိ
အနေအထားကို သုံးသပ်ကြည့်ပါက အသွင်ကူး ပြောင်းမှုကြောင့် အားရစရာ
ပီတိများဖြစ်ရသော်လည်း ယိုင်နဲ့နေသည့် အိမ်ကို ပြန်လည်ခိုင်ခံ့အောင်
တည်ဆောက်နေရသလို ဂရုတစိုက်နှင့် ပြင်ဆင်စရာ ပြုပြင်စရာ
များစွာကျန်ရှိနေပါသေးသည်။ အထူးသဖြင့် ပြုပြင်ပြောင်းလဲမှု
အရှိန်ရစပြုနေပြီဖြစ်သော စီးပွားရေးတွင် အစိုးရ၏ မဟာဗျူဟာများမှာ
နိုင်ငံရေးအပေါ် သက်ရောက်မှု များစွာရှိနိုင်ပေသည်။
နိုင်ငံရေးနှင့်
စီးပွားရေး အပြောင်းအလဲများမှာ တစ်ခုနှင့် တစ်ခု အများကြီးကွာဟသွားလို့
မရသည့်အပြင် အတူယှဉ်တွဲ ပြောင်းလဲနိုင်လျှင် ထိ ရောက်မှုရှိသည်ကို
ဒီမိုကရေစီအသွင်ကူးပြောင်းခဲ့သော အာရှနိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများ၊
တောင်အမေရိကနိုင်ငံများ၏ ဥပမာကိုကြည့်လျှင် သိနိုင်ပေသည်။
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်မှုကို
ဖြစ်ပေါ်စေသည်ဟု တရားသေမှတ်ယူထား၍ မရနိုင်သော်လည်း ဒီမိုကရေစီ
ဖွံ့ဖြိုးတိုးတက်လာသည့် နိုင်ငံများတွင်တော့
စီးပွားရေးတိုးတက်မှုနှုန်းမြင့်မားခဲ့သည် ချည်းဖြစ်ကြောင်းတွေ့ရသည်။
တနည်းဆိုရလျှင် စီးပွားရေး တိုးတက်မှုသည် ဒီမိုကရေစီရင့်ကျက်လာဖို့အတွက်
တင်ကူးလိုအပ်ချက်ဖြစ်သည်ဟု ယတိပြတ်ကောက်ချက်ချ၍မရ။ သို့သော် ဒီမိုကရေစီ
အပြောင်းအလဲများအ တိုင်း စီးပွားရေးကို လိုက်ပါပြောင်းလဲနိုင်မှသာလျှင်
ဟန်ချက်ညီသည့် ရေရှည်ဖွံ့ဖြိုးမှုကို ရရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏
အပြောင်းအလဲကို အဆိုပါ နိုင်ငံရေးဘောဂဗေဒ framework ဖြင့်
ချိန်ထိုးသုံးသပ်ကြည့် ပါက နိုင်ငံရေးအပြောင်းအလဲများမှာ
စီးပွားရေးအပြောင်းအလဲများထက် ပိုမိုမြန်ဆန်နေခဲ့သည်။ ယေဘူယျအားဖြင့်
ပြောရလျှင်လည်း စီးပွားရေးအပြောင်းအလဲမှာ နိုင်ငံရေး အပြောင်းအလဲ ထက် ပို၍
ခက်ခက်ခဲခဲလုပ်ရသည့် သဘောရှိသည်။ အစိုးရသက်တမ်း တစ်နှစ်ပြည့်သည့်အခါတုန်းက
ကြီးမားသည့် နိုင်ငံရေးအပြောင်းအလဲကို ဆောင် ရွက်နိုင်ခဲ့သော်လည်း
စီးပွားရေးတွင် ငွေလဲနှုန်းတည်ငြိမ်အောင် မနည်းကြိုးစားနေခဲ့ရသည်။ သမ္မတကြီး
အနေဖြင့် ယခုအချိန်ထိတိုင် အလုပ်အကိုင်ပြဿနာများ၊ အခွန်မူဝါဒ၊
လယ်ယာစိုက်ပျိုးရေး မူဝါဒများကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း
မရှိသေးပါချေ။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ တစ်ရပ်လုံး မြင့်မားလာဖို့အတွက်
စေတနာကောင်းဖြင့် ရည်စူး၍ ချမှတ်ပေးခဲ့သည့် မြေယာပြုပြင်ပြောင်းလဲရေး
မူဝါဒများမှာလည်း နိုင်ငံအနှံ့ လယ်မြေ သိမ်းမှုများသာ
ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့သည်။
ပြည်သူ့ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် စီးပွားရေးအကြံပေးတစ်ဦး အမှန်တကယ်ပင်
လိုအပ်နေပြီဖြစ်သည်။ နိုင်ငံခြားရင်းနှီး မြုပ်နှံမှုနှင့် ပတ်သက်လျှင်လည်း
တစ်ချိန်တွင် နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင်
ဝင်ရောက်ရင်းနှီးမြုပ်နှံမှုကို ဒီနိုင်ငံ၏ တရားဥပဒေစိုးမိုးမှု နည်းပါးမှုကို
အကြောင်းပြု၍ သတိကြီးကြီး ထားသင့်သည်ဟုဆိုခဲ့သည်။ ယင်းသို့ ပြောဆိုပြီး
မကြာခင်ပင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ မြန်မာနိုင်ငံသို့ လာ
ရောက်သည့်အခါ တာဝန်ယူမှု အပြည့်ရှိသည့် ရင်းနှီးမြုပ်နှံမှုဖြစ်အောင်
ကြိုးစားလုပ်ဆောင်သင့်သည်ဟု ပြောဆိုခဲ့ပြန်သည်။ ထို့အပြင်
မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ် များပြားနေခြင်းကြောင့်
အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိပါက
ချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲနိုင်ကြောင်း တစ်ကမ္ဘာလုံးသို့
ပြောကြားသွားခဲ့သော်လည်း ယခုအချိန်ထိတိုင် ၎င်းကို မည်သို့စနစ်တကျကိုင်
တွယ်မည်ဆိုခြင်းကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးချေ။
ပြည်သူများသည်
ယခုနိုင်ငံရေးအပြောင်းလဲအပေါ် မျှော်လင့်နေသည်မှာ ၎င်းတို့
နေ့စဉ်ဖြတ်သန်းနေသည့် လူမှုစီးပွားဘဝ ယခုထက်ပိုမို အဆင်ပြေစေဖို့ ဖြစ်သည်။
သမ္မတဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော ပြည်သူများ၏ မျှော်လင့်ချက်ကို
မည်သို့စီမံခန့်ခွဲ၍ ဖြည့်ဆည်း ပေးနိုင်မှု အပေါ် မူတည်၍ လာမည့် ၂၀၁၅ ခုနှစ်
အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်၍ ရနိုင်ပေသည်။
စာရေးသူဆိုလိုသည်မှာ ခေါင်းဆောင် နှစ်ဦးမှာ ပြည်သူများ၏ မျှော်လင့်ချက်ကို
အပြိုင်အဆိုင်ဖြည့်ဆည်းရုံဖြင့် ပြည်သူအကျိုး ထိထိရောက်ရောက်
ထမ်းဆောင်နိုင်မည်မဟုတ်။ ပူးပေါင်း ဆောင်ရွက်ဖို့လည်း လိုအပ်သည်။
အကြောင်းရင်းမှာ လုပ်ခွင့်ရသည့် အခြေအနေများ မတူညီမှုကြောင့်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် အမေရိကန်ခရီးစဉ်အတွင်း
အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် တောင်းဆိုလိုက်သည့် အတွက်
အမေရိကန်မှ မြန်မာ နိုင်ငံ၏ ထုတ်ကုန်များကို
တင်ပို့ခွင့်ပေးလိုက်ပြီဖြစ်သည်။ သမ္မတဦးသိန်းစိန်အနေဖြင့်ရော
စီးပွားရေးနှင့် ပတ်သက်ပြီး မည်သည့်အရာ ဦးစားပေး ဆောင်ရွက်ကို
စိတ်ဝင်တစားစောင့်ကြည့်ရတော့မည်ဖြစ်သည်။
TransparencyMyanmarblog
No comments:
Post a Comment