မြန်မာနိုင်ငံသို့ ၂၄နှစ်အတွင်း ပထမဆုံးပြန်လာသည့် သူမ၏ခရီးစဉ်အတွင်း
ဒေါ်ခင်ဥမ္မာက ''ဒီမိုကရေစီနိုင်ငံတစ်ခုမှာ စစ်တပ်ရဲ့ ပါဝါက
အရပ်သားအစိုးရအပေါ်မှာ ရှိနေတာမျိုးမဖြစ်ရဘူး။၂၀၀၈ ဖွဲ့ စည်းပုံက
စစ်တပ်ရဲ့နိုင်ငံရေး ပါဝါကိုသေသေချာချာကို ကာကွယ်ပြီး ထည့်ထားပေးတာပါ။ဒီ
၂၅ရာခိုင်နှုန်း လွှတ်တော်မှာပါဝင်နေတာမျိုး အမြဲတမ်းတော့ မရှိနိုင်ပါဘူး။ဒါ
ပေမယ့် အခုဟာက ရှိအောင်လုပ်ထားတယ်လို့ မြင်နေရတယ်။သူတို့ မပါဘဲနဲ့
ဖွဲ့စည်းပုံပြင်လို့မရဘူး။
ပွင့်လင်းမြင်သာမှုမရှိဘူး။ဥပမာ အခု လွှတ်တော် စပြီးဖြစ်လာကတည်းက
၂၅ရာခိုင်နှုန်းထဲက စစ်တပ်က ကိုယ်စားလှယ်တွေ ဘယ်နှစ်ခေါက်
ပြောင်းပြီးပြီလည်း၊သူတို့ရဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ဘာကြောင့်
ပြောင်းရတယ်ဆိုတာ မီဒီယာတွေကို ဘယ်တုန်းက ပြောခဲ့ဘူးလို့ လည်း၊ကျွန်မတော့
မကြားဖူးဘူး။သေချာတာကတော့ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို
သွားမယ်ဆိုရင် ဒီဖွဲ့စည်းပုံကို ပြောင်းမှရမှာပါ''ဟု ပြောကြားခဲ့ပါသည်။
''နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အချို့အချက်တွေ
ကကောင်းပါတယ်။အဓိက စိတ်ပူစရာကောင်းတာက ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို
လုပ်ပိုင်ခွင့် အများကြီးပေးထားတာတွေ့ရတယ်။ဒီကော်မရှင်မှာ ပါမယ့်သူတွေကို
ဘယ်သူကရွေးမှာလည်း။အမှန်ဖြစ်သင့်တာက လွှတ်တော်ကရွေးသင့်ပါတယ်။ဒီ ကော်မတီရဲ့
လုပ်ဆောင်မှုတွေကို လွှတ်တော်ကနေစောင့်ကြည့်ပြီးတော့ လိုရင်လိုသလို
ထိန်းချုပ်နိုင်ဖို့ လွှတ်တော်မှာ ပါဝါရှိသင့်တယ်''ဟု ဒေါ်ခင်ဥမ္မာက
ပြောပြပါသည်။
ပြည်တွင်းစစ်များဖြစ်ပေါ်နေ ခြင်းနှင့် ကြီးမားတဲ့ဖွံ့ဖြိုးရေး
စီမံကိန်းများကြောင့် ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများသို့
မြန်မာတိုင်းရင်းသားဒုက္ခသည်များ ဆက်လက်ရောက်ရှိနေဆဲဖြစ်ကြောင်းနှင့်
ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် တစ်သိန်းခွဲ
ကျော်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သော ငြိမ်းချမ်းရေး
ရရှိနိုင်ရေးအတွက် တပ်မတော်အနေနှင့် အပြန်အလှန်ညှိနှိုင်းမှုပြုလုပ်ပြီး
ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်းလည်း ဒေါ်ခင်ဥမ္မာက
သုံးသပ်ပြောကြားခဲ့သည်။
ဒေါ်ခင်ဥမ္မာသည် အောက်တိုဘာလ ၂၅ရက်နေ့က မြန်မာနိုင်ငံသို့ ၂၄နှစ်အတွင်း
ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၀ရက်နေ့တွင်
၎င်းနေထိုင်ရာ ထိုင်းနိုင်ငံသို့ ပြန်မည်ဖြစ်ကြောင်း သိရသည်။
From -EMG
No comments:
Post a Comment