၂ဝ၂ဝ ပြည့်နှစ်၌ အာကာသယာဉ်မှူးများက ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုသို့သွားရောက် လည်ပတ်နေ ချိန်တွင် အခြားသုတေသီအဖွဲ့များသည်လည်း လပေါ်တွင်နေထိုင် နိုင်ဖွယ်ရှိကြောင်း နာဆာအဖွဲ့ ၏ လေ့လာချက်တစ်ခုတွင် ထုတ်ဖော် ပြောကြားထားသည်။
နာဆာ၏ အစီအစဉ်ဖြင့် ပြုလုပ်ခဲ့သော Bigelow Aerospace လေ့လာချက်တွင် လကမ္ဘာသို့ စွန့်စွန့် စားစားဖြင့် သွားရောက်နေထိုင်ရန် ကုမ္ပဏီအများအပြားက စိတ်ဝင်စားလျက် ရှိကြောင်း လက်စ်ဗီးဂတ်စ် အခြေစိုက် ကုမ္ပဏီ၏ တည်ထောင်သူ ဥက္ကဋ္ဌ ရောဘတ်ဘီဂီလိုက ပြောကြားထားသည်။
အဆိုပါစွန့်စားမှုလုပ်ငန်း အစီအစဉ်များတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း နေထိုင်ရန် ကြိုးပမ်း မှုနှင့် ဆေးဘက်ဆိုင်ရာ သုတေသန ပြုလုပ်ခြင်းများ သာမက လမျက်နှာပြင်သို့ သွားရောက်သည့် အစီ အစဉ်များလည်း ပါဝင်ကြောင်းနှင့် သီတင်းပတ် အနည်းငယ်အတွင်း ထုတ်ပြန် သည့် ကြေညာချက် များကို စောင့်ကြည့်သွားရန် ၎င်းက ပြောကြားထားသည်။
အမေရိကန် အာကာသ အေဂျင်စီ အနေဖြင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား အသေးစား တစ်ခုကို ရှာဖွေ၍ အနာဂတ် တွင် အာကာသယာဉ်မှူးများသွားရောက် လေ့လာမည့် လပတ်လမ်းပတ်လည်တွင် ၎င်းကို ပြန် လည် နေရာချထားရေး လုပ်ငန်းစဉ် စတင်ရန်အတွက် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ အဆိုပြု အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ ၁ဝ၅ သန်း ဖြစ်သည်။
သို့သော် Bigelow Aerospace ကုမ္ပဏီ အပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများသည် ဂြိုဟ်သိမ် တစ်ခုအား လအနီးတွင် ပြန်လည် နေရာချထားမည့် အစီအစဉ်ထက် လပေါ်သို့ သွားရောက် လည်ပတ်နိုင်ရေး လုပ်ဆောင်ရန် ပိုမိုစိတ်ဝင်စားလျက် ရှိသည်ဟု ဘီဂီလိုကသတင်း ထောက်များကို ပြောကြား ထားကြောင်း သိရသည်။
မြ၀တီ

No comments:
Post a Comment