စနစ်တစ်ခု အသွင်ကူးပြောင်းနေသည့်ကာလတွင် ဦးတည်သွားနေသည့် စနစ်နှင့်
မကိုက်ညီတော့သော စနစ်ဟောင်း၏ ဥပဒေများ၊ နည်းဥပဒေများနှင့်
လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲရန် အရေးတကြီး လို အပ်ပါသည်။
ထိုသို့ မလုပ်ဆောင်ပါက ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းသည့် လမ်းခရီးတွင် အချင်းချင်း ပွတ် တိုက်မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ အကျိုးစီးပွားချင်း ဆန့်ကျင်ရာတွင် ခေတ်မမီတော့သည့် ဥပဒေဖြင့် ဆုံးဖြတ်ကြလျှင် ပဋိပက္ခအသွင်၊ ပွတ်တိုက်မှုအသွင် ပေါ်ပေါက်လာမည် ဖြစ်ပေသည်။
ထိုသို့ မလုပ်ဆောင်ပါက ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းသည့် လမ်းခရီးတွင် အချင်းချင်း ပွတ် တိုက်မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ၊ အကျိုးစီးပွားချင်း ဆန့်ကျင်ရာတွင် ခေတ်မမီတော့သည့် ဥပဒေဖြင့် ဆုံးဖြတ်ကြလျှင် ပဋိပက္ခအသွင်၊ ပွတ်တိုက်မှုအသွင် ပေါ်ပေါက်လာမည် ဖြစ်ပေသည်။
ယခုလက်ရှိတွင်လည်း နယ်ပယ်အသီးသီးတွင် ဥပဒေ၊ နည်းဥပဒေများကြောင့် အခက်အခဲ ကြုံနေရသည့် အဖြစ်အပျက်များစွာ တွေ့နေရပေသည်။
ပြီးခဲ့သည့် သုံးနှစ်တာကာလအတွင်း လွှတ်တော်နှစ်ရပ်အနေဖြင့် ဥပဒေပေါင်း ဒါဇင်နှင့်ချီ၍ အသစ်ရေး ဆွဲခြင်း၊ ပြင်ဆင်ခြင်းများ လုပ်ဆောင်ခဲ့ကာ ယခုလက်ရှိလည်း ပြင်ဆင်ရန်၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန် လုပ် ဆောင်နေကြဆဲ ဖြစ်သည်။
လေ့လာချက်တစ်ရပ်အရ လက်ရှိတည်ဆဲဥပဒေ ၈၀၀ ကျော်အနက် ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေ ၂၀၀ ကျော်ရှိသည်ဟု ဖတ်ရှုလေ့လာရသည်။
ယခုလတ်တလော ကြုံတွေ့နေရသည့်ကိစ္စတစ်ရပ်မှာ ယူနတီအပတ်စဉ် ထုတ်သတင်းဂျာနယ်မှ သတင်း ထောက်အချို့နှင့် အမှုဆောင်အရာရှိချုပ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်ရပ်ပင် ဖြစ်သည်။
မည်သည့် သတင်းဖော်ပြမှုကြောင့် ဖမ်းဆီးရပါသည်ဆိုသည်ကို သက်ဆိုင်ရာ ၀န်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ပေါက်မြို့နယ် သတင်းထောက်နှင့် အခြားသတင်းထောက် သုံးဦး ပူးပေါင်းရေးသားကြသည့် ဓာတုလက်နက်စက်ရုံဟုယူဆသည်ဆိုသည့် သတင်းဆောင်းပါးကြောင့် ဖမ်းဆီးခြင်းဖြစ်မည်ဟု ခန့်မှန်းကြသည်။
အကယ်၍သာ ထိုသတင်းဖော်ပြမှုကြောင့် ဖမ်းဆီးရခြင်းဖြစ်ပါက ထိုသို့ ဖမ်းဆီးခေါ်ဆောင်ရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးခေါ်ဆောင်ရမည် ဖြစ်ပေသည်။ မည်သည့်အဖွဲ့အစည်းက လာ ရောက်ခေါ်ဆောင်သည်ကို ခေါ်ဆောင်ခံရသူနှင့် မိသားစုအားအသိပေးရန် လိုအပ်မည် ဖြစ်သည်။
ဤသည်မှာ လုပ်ထုံးလုပ်နည်းအပိုင်းဖြစ်ပြီး ပင်မဥပဒေအပိုင်းတွင်လည်း ပြောစရာများ ရှိနေပေသည်။ လက်ရှိ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေဆိုသည် မှာ ၁၉၂၃ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်ပြီး ၁၉၄၅ ခုနှစ်က နောက်ဆုံးပြင်ဆင်ထားခြင်း ဖြစ်သည်။
ယင်းဥပဒေသည်လည်း ကိုလိုနီခေတ်မှစတွက်လျှင် စနစ်သုံးခုမျှမက ပြောင်းလဲခဲ့ပြီဖြစ်သဖြင့် ပြန်လည် သုံးသပ်သင့်သည့်ဥပဒေ ဖြစ်နေပေသည်။
အမေရိကန်နိုင်ငံ၏ သံတမန်ရေးရာ အချက်အလက်များ ပေါက်ကြားစေမှုတွင် အစိုးရ၀န်ထမ်းဖြစ်သူ ဘရက်ဒလေမန်းနင်းကိုသာ အပြစ်ပေးနိုင်ပြီး လက်ခံရရှိသူ ၀ီကီလိခ်မှတစ်ဆင့်ဖြန့်ချိသူ ဂျူလီယန် အက်ဆန်းကိုမူ အရေးယူနိုင်သည့် ဥပဒေအချက်အလက် မရှိသည်ကို လေ့လာရပေသည်။
နိုင်ငံတော်လျှို့ဝှက်ချက်ဆိုသည်ကို မည်သို့အဓိပ္ပာယ် ဖွင့်ဆိုမည်။ ထို လျှို့ဝှက်ချက်ကို ပေါက်ကြားစေ လျှင် ပေါက်ကြားစေသူ သို့မဟုတ် လက်ခံရရှိသူ မည်သူ့ကို အရေးယူရမည် အစရှိသည့် ကိစ္စရပ်များကို ယနေ့ခေတ် စနစ်နှင့်အညီ ပြန်လည် သုံးသပ်ပြင်ဆင်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကန့်သတ်မှု ဥပဒေများသည် ဒီမိုကရေစီ၏ အသက်သဖွယ်ဖြစ်သော လွတ်လပ် စွာ ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်စေနိုင်သဖြင့် ဒီမိုကရေစီအကျိုးအတွက် တိုက်တွန်းရေးသားလိုက်ရပေ သည်။
Mizzima
No comments:
Post a Comment