ရခိုင်ပြည်နယ်မြေပုံမြို့နယ် တွင် ပြုလုပ်သော နိုင်ငံသားပြု ရေးစီမံချက်၌ လျှောက်ထားသူ တစ်ထောင်ကျော် ရှိခဲ့သည့်အ နက် ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံသား ဖြစ်ခွင့် ၅၇ ဦးနှင့် နိုင်ငံသား ပြုခွင့် ၁၉၁ ဦးအား ထပ်မံခွင့်ပြုပေးခဲ့ရာ နောက်ဆုံးစာရင်းအရ နိုင်ငံသား ဖြစ်ခွင့် ၉၇ ဦးနှင့် နိုင်ငံသားပြု ခွင့် ရရှိသူ ၃၆၀ ဦးရှိပြီး ဖြစ်သည်။
ဘင်္ဂါလီများ နိုင်ငံသားပြုခွင့် လျှောက်ထားမှုကို ၂၀၁၄ ဇွန်လ ၁၅ ရက်မှစတင်ပြီး မြေပုံ မြို့နယ် ကို စမ်းသပ်ဧရိယာအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ရာ လျှောက်ထားသူ ၁၀၉၄ ဦးရှိခဲ့သည်။
၎င်းတို့ကို ၁၉၈၂ ဥပဒေအရ ဗဟိုက ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်များကို စိစစ်သည့် အခါ ဥပဒေပါပုဒ်မ ၆ နှင့် ကိုက်ညီ သဖြင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကာနိုင်ငံသားဖြစ်ခွင့်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဟူ၍ သုံးမျိုးခွဲ ခြား ခွင့်ပြုပေးခြင်းဖြစ်သည်။
ဘင်္ဂါလီများအား နိုင်ငံသား ဖြစ်ခွင့်ရွေးချယ်ရာတွင် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်နှင့် ဗဟိုအဆင့် သုံးမျိုးခွဲခြားဆောင် ရွက်ခဲ့ပြီး ပြည်နယ်အဆင့်စစ် ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ဦး စီးမှူး၊ ဒေသခံရခိုင်နှင့် ဘင်္ဂါလီ ကိုယ်စားလှယ် တစ်ဦးစီထားကာ ရွေးချယ်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူစဉ်ဘင်္ဂါလီက ရိုဟင်ဂျာအဖြစ် တောင်းဆိုသဖြင့် ကောက်ယူမှုမရှိခဲ့ဘဲ ရှေ့ပြေးလူဦးရေစာရင်း၌ ဘင်္ဂါလီတစ်သန်း ကျော်ရှိမည်ဟု လ၀က၀န်ကြီးဌာ နက ခန့်မှန်းထားသည်။
7Day Daily
No comments:
Post a Comment