Monday, October 7, 2013

ရေနွေးကြမ်း သောက်ခြင်း ၏ အကျိုး ကျေးဇူးများ





ရေနွေးကြမ်း သောက်ခြင်း အား ဖြင့် လန်းဆန်း တက်ကြွ လာပြီး စိတ်ညစ် ခြင်း ၊ စိတ်ဓာတ် ကျခြ င်း များ ကို လည်း ပြေပျောက် စေနိုင် ပါသည် ။ အရွယ် ရောက်သူ တိုင်း သည် တစ်နေ့ ကို ရေနွေး ကြမ်း သုံး လေး ခွက် ကို နေ့စဉ် သောက်သင့် ပါသည်။

သမ္မတဖွဲ့ပေးသော ဆပ်ကော်မတီ မကွေးသို့ လာရောက်စဉ် ဒေသခံများမှ အချက်၂၅ ချက် တောင်းဆို

မကွေးမြို့သို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒု-၀န်ကြီးသုံးဦး လာရောက်စဉ် ရပ်မိ ရပ်ဖများက ကျေးလက်မီးလင်းရေး၊ လေယာဉ်လိုင်းပြေးဆွဲရေးအပါအ၀င် လိုအပ်ချက် ၂၅ ခုကို တောင်းဆိုခဲ့ကြ သည်။

အလှပြင် ပစ္စည်းများ ကြောင့် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ များ



ခန္ဓာကိုယ် တွင်းမှာ Phthalates အမည် ရှိ ဓာတု ပစ္စည်း များ စုပုံ လာ ခြင်းနှင့် အမျိုး သမီး များ တွင် ဆီးချို သွေးချို ရောဂါ ဖြစ်နိုင်ခြေ မြင့်မား ခြင်း တို့ ဆက်စပ် နေပါ တယ် လို့ ဘရင်ဟမ် အမျိုး သမီး ဆေးရုံမှ သုတေသီ များ က တွေ့ရှိ ခဲ့ ကြပါတယ်။ Phthalates များ ဟာ ခန္ဓာကိုယ် တွင်းေ ဟာ်

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်မှ ရှားပါးသတ္တုပါ အလေးချိန်စီးသဲ စမ်းသပ်တူးဖော်ခွင့်အတွက် ဒေသခံများ၏ သဘောထား ရယူ

မွန်ပြည်နယ်ကမ်းခြေ သဲသောင်ပြင်တွင် ၂၀၁၃ ခုနှစ် ဇွန်လက ဘီးလင်း-ဇုက္ကလိမှ ရေးမြို့နယ်-၀ါးကျွန်းထိ သဲနမူနာယူ စမ်းသပ်ရာ ရှားပါးသည့် ဇာကွန်၊ ရူတိုင်းလ်၊ ဂါးနက်၊ မဂ္ဂနက်တိုက်၊ အင်လ်မနိုက် ပါဝင်မှု ကနဦး တွေ့ရှိချက်ကို ဖြစ်မြောက်နိုင်စွမ်း တိုင်းတာတူးဖော်ရန် ပြည်နယ်အစိုးရထံ တင်ပြရာ ဒေသခံ များ၏ သဘောထား ရယူတင်ပြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

အိုးအိမ်မှ ပေးထားသည့်ကတိများ အကောင်အထည်ဖော်ပေးစေရန် ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇/ ၆၃ ရပ်ကွက်များတွင် နေထိုင်သူများက ယင်းနေရာတွင် ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာတွင် အိမ်ခန်းဝယ်ယူခွင့်အပါအ၀င် အိုးအိမ် ဦးစီးဌာနမှပေးထားသော ကတိများ တည်စေလိုသည်ဟုဆိုကာ တတိယအကြိမ် ဆန္ဒဖော်ထုတ်ခြင်းကို ရန်ကုန်မြို့ မဟာ ဗန္ဓုလပန်းခြံ အနီးတွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်သည်။

ကြီးကျယ်ခမ်းနားသည့် ကစားပုံနှင့်နိုင်ခဲ့ဟု ဂါစီယာဝံ့ကြွား

 
ရိုး မားအသင်းသည် အင်တာမီလန် အသင်းကွင်းတွင် သုံးဂိုးပြတ်နိုင် ပွဲ ရယူနိုင်ခဲ့ပြီးနောက် ထိပ်တန်း လိဂ်(၄)လိဂ်၌ ခုနစ်ပွဲကစားပြီး ခုနစ်ပွဲစလုံး အနိုင်ယူထားနိုင် သည့် တစ်သင်းတည်းသော အ သင်းအဖြစ် ဆက်လက်အောင် ပွဲခံနိုင်ဆဲ ဖြစ်သည်။ပြင်သစ်လူမျိုးနည်းပြ ဂါ စီယာလက်ထက်တွင် ရိုးမားအ သင်းမှာ အကောင်းဆုံးကစားပုံ ကို ရရှိလာခဲ့ပြီးနောက် စီးရီးအေ ချန်ပီယံဆုကို တစ်ကျော့ပြန်စိန် ခေါ်လာ နိုင်ခဲ့ခြင်းဖြစ်သည်။

ခန္ဓာကိုယ်အစိတ်အပိုင်းများကို အင်္ဂလိပ်လိုမှတ်သားခြင်း


အင်္ဂလိပ်စာ သင်ခန်းစာလေးပါ။ သိပ်တော့ မခက်ပါဘူး။ တော်တော် များများ သိကြမှာပါ။ သို့ပေမယ့် ပြောပါဆို ရင် ရုတ်တရက် ပြော လို့ခက်မယ့်ဝေါဟာရများ ဖြစ်ပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။

ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ်ထဲရောက်လေ၊ မြောက်ဖက်ကိုမြင့်တက်လေ ပိုမိုအားကောင်းလာစေလေ ဖြစ်ပါတယ်။ ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်များအရ မိုးတိမ်တောင်များဖြစ်ပေါ်နေပြီး တိမ်ထိပ်အပူချိန်(Cloud Top Temperature-CTT) -60°C အထိ ကျဆင်းအောင် တိမ်ထိပ်များ မြင့်မားနေတာကိုတွေ့ရပါတယ်။(၂) အိန္ဒိယမိုးလေ၀သဌာနရဲ့ IMD New Dehli GFS(T574) MODEL ခန့်မှန်းချက် အရ အောက်တိုဘာလ (၉)ရက်မှ(၁၁)၇က်အတွင်း ဖြစ်ပေါ်လာနှိုင်တဲ့ မုန်တိုင်း အခြေအနေခန့်မှန်းချက်အရ မုန်တိုင်းငယ်အဆင့် ရောက်ရှိလာပြီးနောက် အနောက်မြောက်ဖက်ကိုဘဲ ဆက်လက်ရွေ့လျှားနှိုင်ပါတယ်။ တနင်္သာရီ-မွန်-မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာ လေဒဏ် နဲ့ လှိုင်းဒဏ်ကို သတိထားဖို့ လိုအပ်ပါတယ်။ လေတိုက်ခတ်မှု တစ်နာရီ မိုင်(၄၀-၄၅) နှုန်းနဲ့ လှိုင်းအမြင့် (၇)ပေမှ (၁၀)ပေခန့်အထိရှိနှိုင်ပါတယ်။
အောက်တိုဘာလ (၇)ရက်မှ(၁၁)ရက်အထိကာလအတွင်း မြန်မာ့ပင်လယ်ပြင်အတွင်း နဲ့ ကမ်းရိုးတန်းဒေသများ အားလုံး လေဒဏ် နဲ့ လှိုင်းဒဏ်တွေကို သတိထားဖို့ လိုအပ်ပါတယ်။ 

ဒေါက်တာထွန်းလွင်
ကပ္ပလီပင်လယ်ပြင်အတွင်း မုန်တိုင်းငယ်တစ်ခုဖြစ်လာဖို့ ဆက်လက်အားပျိုးနေပါတယ်။
Weather News Update
7-10-2013
7:05 am

(၁) (၇-၁၀-၂၀၁၃)ရက် နံနက်(၄)နာရီခွဲအချိန် ဂြိုဟ်တုတိမ်ပုံတိုင်းတာချက်အရ ကပ္ပလီ ပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ လေထုမငြိမ်မသက်မှုဟာ ဆက်လက်အားကောင်းနေပြီး ကမ်းမှဝေးရာ ပင်လယ်ပြင်ဖက်ကို တရွေ့ရွေ့ နဲ့ တိုးထွက်နေပါတယ်။ ပင်လယ်ပြင်ကျယ်

လှိုင်သာယာမှ Music ကာရာအိုကေဆိုင် နှစ်လောင်းပြိုင် လူသတ်မှု သံသယရှိသူ ၁၂ ဦးအား ဖမ်းမိ


ရန်ကုန် မြောက်ပိုင်း ခရိုင် ၊ လှိုင်သာယာ မြို့နယ် အမှတ်(၅) ရပ်ကွက် ၆၉၃/ ၆၉၄ ၊ သုဓမ္မာလမ်း ရှိ Music ကာရာအိုကေ ဆိုင်တွင် အောက်တိုဘာလ ၄ ရက်က ဖြစ်ပွား ခဲ့သော နှစ်လောင်းပြိုင် လူသတ်မှု မှ ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ ၁၂ ဦးအား ကရင်ပြည်နယ် ရဲတပ်ဖွဲ့ က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်/အသစ်ရေးဆွဲခြင်းသည် တိုင်းရင်းသားအရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မဆိုင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းသည် လွှတ်တော်သို့ တင်ရန် ပြင်ဆင်နေသည့် တိုင်းရင်းသားများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း ထိုဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရန် ပြင်ဆင်နေသည့် အမတ်များက ဆိုသည်။

ဆွာရက်ဇ် ဧ။် အကောင်းဆုံး ပုံစံ နဲ့  ပြန်လာခဲ့ခြင်း နင့်အတူ ဇယားထိပ်ဆုံး တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ်ပျော်ရွှင် နေသည့် ရော့်ဂျာ

လီဗာပူးလ် အသင်းဧ။် နည်းပြ ဘရန်ဒန် ရော့်ဂျာ က ပွဲပယ်ပြစ်ဒါဏ် က နေ ပြန်လည် လွတ်မြောက်လာ ခဲ့သည့် ဥရုဂွေး တိုက်စစ်မှူး ဧ။် အကောင်းဆုံး ပြန်လာ ခဲ့မှု နင့်အတူ ဇယား ထိပ်ကို တက်လှမ်း လာနိုင်မှုကြောင့် ကျေနပ် မိကြောင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။
        

အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း ငါးမျိုး

Photo: အမျိုးသားတိုင်း ပြုလုပ်နိုင်သော ကျန်းမာရေး စစ်ဆေးနည်း ငါးမျိုး

အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြပါတယ်။  နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲတာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို သိရှိလိုက်နာသင့်ပါတယ်။

စစ်ဆေးပါ - ဆံပင်

ဆံပင်အကွက်လိုက် ကျွတ်နေလျှင်  

ဆံပင်တွေက ဦးရေပြား တစ်နေရာတည်းကနေ အထွေးလိုက် ကျွတ်နေရင် စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ဟော်မုန်းတွေက သွေးဖြူဥတွေကို လှုံ့ဆော်တာကြောင့် ဆံခြည်မျှင် အိတ်တွေကို သွားရောက် ထိခိုက်စေကာ ဆံပင် အထွေးလိုက် ကျွတ်လာတာပါ။ ခေါင်းဖြီးရင်း၊ ခေါင်းလျှော်ရင်း ဆံပင်တွေက စိတ်အနှောင့်အယှက် ဖြစ်လောက်အောင် အများကြီး ကျွတ်နေရင်တော့ သတိပြုသင့် နေပါပြီ။ နာတာရှည် စိတ်ဖိစီးမှုကြောင့် နှလုံးရောဂါကနေ မှတ်ဉာဏ်ချို့တဲ့မှုအထိ ဖြစ်စေနိုင်ပါတယ်။

လိုက်နာပါ- စိတ်ဖိစီးမှုဖြစ်လာရင် ခန္ဓာကိုယ်ထဲမှာ တုံ့ပြန်မှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။ ကြာရှည် စိတ်ဖိစီးမှု များတာကြောင့် ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာနဲ့ တရားထိုင်တာတို့လို စိတ်ဖိစီးမှု ထိန်းချုပ်ရေး နည်းလမ်းတွေကို လိုက်နာပါ။ တကယ်လို့ ပူပင်သောက များနေပြီး ဆံပင်ကျွတ်နှုန်း များနေတယ်ဆိုရင် သံဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဗီတာမင် B12 တို့ပါတဲ့ အာဟာရတွေကို မှီဝဲပါ။ ဆယ်လ်မွန်ငါးနဲ့ ပန်းဂေါ်ဖီစိမ်းဟာ ဆံပင်သား ကျန်းမာရေးအတွက် အကောင်းဆုံး အစာတွေ ဖြစ်ပါတယ်။

စစ်ဆေးပါ - ရင်သား

ရင်သားတစ်ဖက်က ကြီးလာလျှင်

လိုက်နာပါ- အမျိုးသားတွေရဲ့ ရင်သား တစ်သျှူးက အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးလာရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အမျိုးသားတွေက တစ်နှစ်မှာ ရင်သားကင်ဆာ ဖြစ်သူ ၂၁၄၀ ဦးလောက်ရှိကြောင်း သိရပါတယ်။ အမျိုးသားတွေ အနေနဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်ဖို့ မိမိဘာသာ စစ်ဆေးတဲ့နည်းကို သုံးသင့်ပါတယ်။ ရေချိုးတဲ့အခါ ရင်သားအရွယ်အစား ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ။ ဥပမာ အလုံးအဖု ဖြစ်နေသလား၊ အရောင်ပြောင်းလဲ နေသလား၊ နို့သီးခေါင်း အရွယ်အစား ပြောင်းလဲ နေသလား ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။

လိုက်နာပါ- ရင်သားမှာ တစ်ခုခု ပြောင်းလဲနေတယ်လို့ ယူဆရင် ဆရာဝန်နဲ့ပြပါ။ အမျိုးသားတွေကလည်း ရင်သားကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို မေ့မထားပါနဲ့။ ရင်သားကင်ဆာ မျိုးရိုးရှိတဲ့ အမျိုးသား ငါးယောက်မှာ တစ်ယောက်နှုန်းဟာ ရင်သားကင်ဆာ ဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။

စစ်ဆေးပါ - ဆီးသွားခြင်း

ဆီးသွားရ ခက်ခဲနေလျှင်  

ဆီးသွားရခက်ခဲတာဟာ ဆီးကျိတ်ဂလင်း ကြီးတာကြောင့် ဖြစ်နိုင်သလို ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ဂလင်းက အမျိုးသား ဆီးပြွန်ချောင်းရဲ့ အပေါ်မှာ ရှိတာကြောင့် ဆီးကျိတ်ကြီးလာရင်၊ ရောင်လာရင် ဆီးသွားရ ခက်ခဲတတ်ပါတယ်။

လိုက်နာပါ- ဆီးကျိတ်စစ်ဆေးမှု ပြုလုပ်ဖို့ အချိန်တန်ပါပြီ။ အမျိုးသား ခြောက်ဦးအနက် တစ်ဦးဟာ ဆီးကျိတ်ကင်ဆာဖြစ်တတ်တယ်လို့ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဆိုပါတယ်။ ရောဂါကို စောစောစစ်ဆေး တွေ့ရှိဖို့ အရေးကြီးပါတယ်။

စစ်ဆေးပါ - ခံတွင်း

ခံတွင်းထဲ မပျောက်နိုင်သော အနာဖြစ်နေလျှင်  စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ခံတွင်းအနာလို့ မထင်ပါနဲ့။ သွားဖုံး၊ လျှာ၊ လည်ချောင်းနဲ့ နှုတ်ခမ်းပေါ်မှာ ပေါက်နေတဲ့ အနာက သူ့အလိုလို မပျောက်ရင် ကင်ဆာဖြစ်နိုင် ခြေရှိပါတယ်။ တစ်နှစ်မှာ ခံတွင်းကင်ဆာဖြစ်သူ လေးသောင်းကျော်အနက် အများစုက အမျိုးသားတွေ ဖြစ်ကြတယ်လို့ အမေရိကန် ကင်ဆာ အဖွဲ့အစည်းက ဆိုပါတယ်။

လိုက်နာပါ- ဆရာဝန် ဒါမှမဟုတ် သွားဆရာဝန်နဲ့ ပြသပြီး စစ်ဆေးပါ။ သံသယရှိဖွယ် တစ်စုံတစ်ရာ ပြောင်းလဲမှု ခံစားရရင် အထူးဆိုးဆေးသုံးပြီး စစ်ဆေးတာ ဒါမှမဟုတ် အသားစယူ စစ်ဆေးတာတို့ လုပ်ဆောင်ပေးပါလိမ့်မယ်။

စစ်ဆေးပါ - ခါး

ခါးအတိုင်းအတာ ၃၇ လက်မ ကျော်လျှင်  ဒါဆိုရင် ခါးတုတ်နေပြီလို့ ယူဆနိုင်ပါတယ်။ ခါးအရွယ်အစား ကြီးမားပြီး ဗိုက်နာတာက ဆီးချိုရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတို့ကြောင့် ဖြစ်နိုင်ခြေ များပါတယ်။ အမျိုးသား သုံးယောက်မှာ တစ်ယောက်ကျော်ဟာ နှလုံးရောဂါ အမျိုးအစားတစ်မျိုး ရှိနေပြီး အသက် ၂၀ ကျော် အမျိုးသား ၁၁ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါ ရှိနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းက ကိုယ်အလေးချိန် များတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အခုကစပြီး ခါးကို သေချာ တိုင်းတာကြည့်လိုက်ပါ။

လိုက်နာပါ- ဗိုက်ပူနေရင် ခါးအရွယ် အစားလျှော့ချဖို့ အရေးကြီးပါတယ်။ ခါးအရွယ်အစားကို လျှော့ချနိုင်တာက နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပဲ ဖြစ်ပါ တယ်။ ဗိုက်ပူတာ လျော့ကျစေဖို့ အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပြီး လေ့ကျင့်ခန်းကို တစ်နေ့ နာရီဝက်ခန့် လုပ်ဆောင်ပေးဖို့ လိုအပ်ပါ တယ်။

ကေအမ်
BY GOOD HEALTH
အမျိုးသားအများစုက ကျန်းမာရေး မကောင်းတဲ့ လက္ခဏာတွေ ရှိနေပေမယ့် လျစ်လျူရှု ထားတတ်ကြ ပါတယ်။ နောက်ပိုင်း ရောဂါရင့်လာတဲ့ အခြေအနေကျမှ ကုသရ ခက်ခဲ တာမျိုး ဖြစ်လာတတ်တာကြောင့် အခုကစပြီး မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းလမ်းတွေ ကို သိရှိလိုက်နာသင့်ပါတယ်။
စစ်ဆေးပါ - ဆံပင်

နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ

Photo: နှိပ်နယ်ခြင်း၏ အကျိုးကျေးဇူးများ
Monday, October 7, 2013

ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

လေ့ကျင့်ခန်းပြုလုပ်ပြီးနောက်ကိုယ်လက်ကိုက်ခဲမှုကိုသက်သာစေသည် လေ့ကျင့်ခန်း ပြုလုပ်အပြီး ကြွက်သားရောင်ရမ်းမှုကို နှိပ်နယ် ခြင်းဖြင့် သက်သာစေသည်။နာမည်ကျော် အားကစားသမားများတွင် ကိုယ်ပိုင်အနှိပ်ကုထုံး ခံယူရာ ဆေး ခန်းနှင့် အနှိပ်ဆရာတို့ ရှိကြသည်။

နုပျိုစေသည်

နှိပ်နယ်ခြင်းသည် သွေးစီးဆင်း မှုကောင်းစေသည်။ မျက်နှာကြွက်သား များပြေလျော့စေပြီး သငန်ရည် စီးဆင်းမှုကို အားပေးသောကြောင့် အဆိပ်အတောက်များ ရှင်းလင်းကာ အသားအရေကို နုပျိုစေသည်။ ရာသီမလာခင် နာကျင်ကိုက်ခဲမှုကို သက်သာစေသည်

စိတ်လှုပ်ရှားခြင်း၊ လေအောင့် ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့် ခြင်းစသည့်ရာသီမလာခင်ခံစား ရသော ဝေဒနာများကို အနှိပ်ကုထုံး ဖြင့် သက်သာစေနိုင်သည်။

ကင်ဆာရောဂါ လက္ခဏာများ သက် သာစေသည် ကင်ဆာ ကျိတ်ပျံ့နှံ့ ခြင်းကြောင့် မခံမရပ်နိုင်အောင် ကိုက်ခဲခြင်း၊ အိပ် မပျော်ခြင်း စသည့်ဝေဒနာများကို အနှိပ်ကုထုံးဖြင့် သက်သာစေနိုင်ပြီး ရောဂါဖြစ်ပွားမှုကြောင့် ဘ၀အရည် အသွေး (Quality of life) မကျ ဆင်းစေရန် ကူညီပေးသည်။

ဇော်ကို
Source:RD
Health Updates Journal
ခေါင်းကိုက်သက်သာစေသည် အနှိပ်ကုထုံး ( massage therapy) ကို ရက်သတ္တပတ်များစွာ ခံယူပြီးသည့်အခါ ခေါင်းကိုက်ရောဂါ သက်သာစေပြီး နှစ်ခြိုက်စွာအိပ်ပျော် စေသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အောက်တိုဘာ ၈ ရက်မှစ၍ မြစ်ကြီးနားမြို့၌ ပြုလုပ်မည်

နှစ်ဖက်ခေါင်းဆောင်များ ပါဝင်ကြမည့် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ အောက်တိုဘာ ၈ ရက်မှ စတင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန် လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ အောက်တိုဘာ ၉ ရက်တွင် စတင်မည်


မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လက်ခံရယူမည့် (၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးများနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်တွင် ဘရူးနိုင်းနိုင်ငံ၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အသင်းကြီးတွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)ကောက်ကြောင်းနှင့် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စနေညအစောပိုင်း ပွဲစဉ်တွေမှာတော့ အသင်း ကြီးတွေအောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အဲဗာတန်ကတော့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်း အထနှေးခဲ့ပေမယ့် မိနစ်(၂၀)ကျော် လာချိန်မှာတော့ ယာယာတိုရေး၊ ဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားတွေနဲ့အတူ ပွဲကို လွှမ်းမိုးလာနိုင်ခဲ့ပြီး နီဂရီဒို၊ အဂူရိုတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရသွားခဲ့တာပါ။

Sunday, October 6, 2013

ကင်ဆာ ရောဂါကို ကာကွယ်နိုင်သော သဘာဝ ဟင်းသီးဟင်းရွက်များ

ကင်ဆာအမျိုးပေါင်း ၂ဝဝ ကျော်ရှိသည့်အနက် အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာတို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှမ်းနီလူဦးရေ စာရင်းများ စတင်ကောက်ခံ

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တိုင်းလိုင်(ရှမ်းနီ)လူဦးရေစာရင်းအား စတင် ကောက်ခံ လျှက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးစိုင်းဌေးအောင်က ပြောကြား သည်။

ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး၏ လျှို့ဝှက်စာ ပေးပို့မှု တောင်တက် ကား အသင်း ငြင်းဆို

ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အဖွဲ့ရန်ပုံငွေအတွက် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကင်ပွန်းစခန်း (တောင်ခြေ)မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ဘုရားဖူးကားငါးစီး ပြေးဆွဲခွင့်ပြုရန် တောင်းဆိုထားမှုကို

ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့်တိုက်ဖွင့်

ကချင်ြပည်နယ်၊ မိုးညှင်းမြို့နယ် အင်းကုန်းအုပ်စု၊ ဘုံချောင်းကျေးရွာတွင် ပညာဗိမာန်စာကြည့််တိုက် ဖွင့်ပွဲ အခမ်းအနားကို ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အောက်တိုဘာလ ၅ရက်နေ့က မြို့နယ်အထွေထွေ

ယူနီဖောင်းဝတ်ထားသူများက အကြမ်းဖက်စစ်ဆေးမေးမြန်း မှုကြောင့် ဆေးရုံတက်ရောက်ကုသနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ညအချိန်၌ ပြည်သူ့စစ် ယူနီဖောင်း ၀တ်ဆင်ထားသူများနှင့် ရဲ အရာရှိယူနီဖောင်းဝတ်ဆင်ထားသူများက ဒေသခံတစ်ဦးအား စက်တင်ဘာလ(၂၇)ရက်နေ့ညက ရဲစခန်း မဟုတ်သော အဝေးတစ်နေရာသို့ ခေါ်ဆောင်သွား၍ ညုင်းပန်းနှိပ်စက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြင်း ထန်သော ဒဏ်ရာများရရှိကာ လားရှိုးပြည့်သူ့ ဆေးရုံသို့ တက်ရောက်ကုသနေ ရကြောင်း ကာယကံရှင် ထံမှ သိရသည်။

လျော်ကြေးကိစ္စ မပြီးမချင်း လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်း ထားရန် ဒေသခံများ တောင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပေးလျော်ရမည့် မြေယာ လျော်ကြေးကိစ္စများ မပြီးမချင်း စီမံ ကိန်းကို ရပ်ဆိုင်းထားရန် လက်ပံတောင်းတောင်အရေး တက်ကြွစွာလှုပ်ရှားခဲ့သူများက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တောင်းဆိုခဲ့သည်။

အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ်

Photo: အမေရိကန် အထူးတပ်ဖွဲ့တွေ ဆိုမာလီနဲ့ လစ်ဗျားမှာ ဝင်ရောက် စီးနင်းမှု နှစ်ခု ပြုလုပ် 
Sunday, October 6, 2013

အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိက က အစ္စလာမ် ဝါဒီ စစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှု နှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပိုပြီး သိသိသာသာ ထင်ရှားလာပါပြီ။

အဲဒီ တိုက်ခိုက်မှု နှစ်ခုကတော့ လစ်ဗျား နိုင်ငံ ထရစ်ပိုလီမြို့နဲ့ ဆိုမာလီ နိုင်ငံက ဆိပ်ကမ်း မြို့ဖြစ်တဲ့ ဘရာဝီ မှာ ဖြစ်ပါတယ်။

လစ်ဗျားက အယ်ကိုင်းဒါး ခေါင်းဆောင် Anas al Libiကို ထရစ်ပိုလီ မြို့မှာ ဖမ်းဆီး ရမိတယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အသက် ၄၉နှစ် ရှိပြီ ဖြစ်တဲ့ အနက်စ် လီဘီ ဟာ ၁၉၉၈ ခုနှစ်တုန်းက အရှေ့အာဖရိက အမေရိကန် သံရုံးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုမှာ ပါဝင် ပတ်သက်ခဲ့တယ် ဆိုပြီး အလိုရှိနေတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းဖို့ သတင်းပေးနိုင်တဲ့သူကို ဆုငွေ ဒေါ်လာ သန်းငါးရာ ပေးမယ် လို့ အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ စစ်သွေးကြွ ခေါင်းဆောင်ရဲ့ ဇနီးက မျက်မြင် သက်သေ အဖြစ် တွေ့ခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသားတွေက ခင်ပွန်းသည် ဖြစ်သူကို ဖမ်းသွားတာလို့ ပြောကြောင်း အနက်စ် လီဘီရဲ့ ညီအကို တော်စပ်သူ တယောက်က ကိုးကား ပြောဆိုခဲ့ပါတယ်။

တခါ ဆိုမာလီ စစ်သွေးကြွ အယ်ရှာဘတ် အဖွဲ့တွေ ခြေကုပ်ယူရာ အရပ်မှာလည်း ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်းတုန်းက အမေရိကန် ကမ်းတပ် အထူးတပ်ဖွဲ့တွေက ၀င်ရောက် စီးနင်းခဲ့တယ်လို့ အမေရိကန် အရာရှိတွေ ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန် မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

ဆိုမာလီ တောင်ပိုင်းက Barawe ဆိပ်ကမ်းမြို့က အယ်ရှာဘတ် ထိပ် တန်း ခေါင်းဆောင်တယောက် နေတဲ့ အိမ်ကို အမေရိကန် ရေတပ် အထူး တပ်ဖွဲ့တွေက ပင်လယ်ရေကြောင်းကနေ တက်ပြီး ၀င်တိုက်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောပါတယ်။

အဲဒီ အယ်ရှာဘတ် ခေါင်းဆောင်ရဲ့ ကံကြမ္မာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်တုန်းက ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့က ဝက်စ်ဂိတ် ကုန်တိုက် တိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ပြောတဲ့ အယ်ရှာဘတ် အဖွဲ့ကတော့ အနောက် နိုင်ငံ တပ်ဖွဲ့တွေက ဘရာဝီ ကို ဝင်ရောက် စီးနင်းခဲ့တာကြောင့် စစ်သွေးကြွ တယောက် သေဆုံးသွားပေမယ့် အခုတော့ အဲဒီ တပ်ဖွဲ့တွေ သူတို့က ပြန်မောင်းထုတ်လိုက်ပြီလို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
အမေရိကန် အထူး တပ်ဖွဲ့တွေဟာ အာဖရိကက အစ္စလာမ်ဝါဒီစစ်သွေးကြွ ခေါင်းဆောင်တွေကို တိုက်ခိုက် စီးနင်းမှုနှစ်ခုကို သီးခြားစီ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ပိုပြီးသိသိသာသာ ထင်ရှား လာပါပြီ။

သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ

Photo: သံတွဲပဋိပက္ခနောက်ဆက်တွဲ လူ ၃၀ ထက်မနည်း အဖမ်းခံထားရ 
Sunday, October 6, 2013 

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြပါတယ်။ သံတွဲမြို့နဲ့ပတ်ဝန်းကျင်ဒေသရဲ့ နောက်ဆုံး အခြေအနေနဲ့ အဖမ်းအဆီးသတင်းတွေကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အချင်းချင်း စကားများရန်ဖြစ်ရာကနေ ဖြစ်ပွားခဲ့တဲ့ ရွာတွေမှာ မီးတွေရှို့၊ လူတွေသတ်ဖြတ်မူနဲ့ ပဋိပက္ခတွေဖြစ်အပြီး တစ်ပတ်ခန့်အကြာမှာတော့ လူဦးရေ ၃၀လောက် အဖမ်းဆီးခံခဲ့ရကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့မှာ လင်းသီနဲ့ ပေါက်တောရွာက လူ ၁၁ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ သံတွဲမြို့က သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့ဝင် ဦးဝင်းနိုင်က ဆိုပါတယ်။

“ပေါက်တောမှာ၊ လင်းသီ ပေါက်တောပေါ့နော၊ အဲဒီမှာ စခန်းမှူးဦးဆောင်တဲ့အဖွဲ့ကတဲ့ ဘာအကြောင်းမှန်းမသိဘဲနဲ့ လိုက်လံ ဖမ်းဆီးနေတာ အခု ယောက်ျား ၁၁ ယောက်ရှိသွားပြီတဲ့၊ လင်းသီရွာနဲ့ ပေါက်တောရွာမှာနေကြတဲ့ အကြမ်းဖက်ခံထားရတဲ့၊ အိမ်တွေမီးရှို့ခံ ဖျက်ဆီးခံထားရတဲ့ လူငယ်လေးတွေပါ။ ဘာအကြောင်းဆိုတာ ကျနော်တို့ မသိဘူးတဲ့။ အခုလည်း ရွာကလူတွေ က သူတို့ဖမ်းမှာကြောက်လို့ ပုန်းနေရတယ်ဆိုပြီးတော့ ကျနော့်ဆီ ဖုန်းဆက်လာပါတယ်ခင်ဗျာ။ အခုဟာတော့ အကြမ်းဖက်ခံ ထားရတဲ့ အစ္စလာမ်တွေကိုဖမ်းတာက ၁၁ ယောက်ရှိပါတယ်၊ အားလုံးဆိုရင်တော့ ၃၀ လောက်ရှိမှာပေါ့။”

စက်တင်ဘာလ ၄ရက်နေ့ ညပိုင်းမှာလည်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဗောဓိကုန်း အမှတ် ၅ နဲ့ အမှတ် ၆ ရပ်ကွက်တွေဘက်မှာ သေနတ် ၁၀ ချက်ထက်မနည်း ပစ်ခတ်ခဲ့တဲ့အသံတွေကို ကြားရတယ်လို့ ဆိုပါတယ်။

လင်းသီရွာဘက်မှာတော့ အဖမ်းအဆီးတွေ လုပ်နေတဲ့အကြောင်း၊ မီးရှို့ဖျက်ဆီးခံရလို့ တိမ်းရှောင်နေသူတစ်ဦးကို လာရောက် ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

“ကျမအိမ်ဘေးနားက ကျမမောင်လေးဆိုရင်၊ မောင်မောင်လေးဟာ ပေါက်တောမှာနေတာပါ၊ သူ့အိမ်ဟာ မီးလောင်တဲ့ထဲ ပါသွား ပါတယ်၊ မီးလောင်တော့ သူက ပေါက်တောကနေပြီးတော့ ထွက်ပြေးသွားပြီးတော့မှ လင်းသီရွာကို ဆင်းလာတာပါ။ သူက ကျမ တို့အိမ်မှာ နေတာကနေပြီးတော့ သူ့ကို ခနလိုက်ခဲ့ပါဆိုပြီးတော့ ခေါ်သွားပါတယ်။ နောက်ပြီးတော့ တစ်ယောက် နှစ်ယောက် လောက်တော့ အခုပါသွားပါပြီ။”

သံတွဲမြို့မှာ အာဏာပိုင်တွေက အဖမ်းအဆီးတွေလုပ်နေပေမဲ့ ဘာအတွက်ဖမ်းဆီးတယ်ဆိုတာကို အသိပေးခြင်းမရှိတာကြောင့် ဘာကြောင့် အဖမ်းဆီးခံနေရသလည်းဆိုတာကို မိသားစုဝင်တွေအနေနဲ့ သိလိုနေကြတာပါ။

သံတွဲမြို့ရဲစခန်းကို အဖမ်းဆီး လူဦး ရေနဲ့ပတ်သက်လို့ အတည်ပြုပြောကြားပေးဖို့ မေးမြန်းတဲ့အခါမှာတော့ - “အဲဒါတွေ မသိပါဘူးခင်ဗျာ၊ ကျနော်တို့ ဘာမှ ဖြေလို့ မရသေးပါဘူး၊ ကျနော် တို့ ဒီမှာ အလုပ်တွေများပါတယ်ဗျာ။”

သံတွဲမြို့မှာ ပြီးခဲ့တဲ့ဇွန်လလောက်ကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က စပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လောက်အထိ ဆိုးဝါးတာမျိုးတွေ ထပ်မဖြစ်ခဲ့ပေမဲ့ မီးရှို့မှုတွေကတော့ မကြာခနဖြစ်ပွားခဲ့တာပါ။ သံတွဲမြို့က ဖြစ်ရပ်တွေအတွင်း လုံခြုံရေးအားနည်းမှု ရှိတယ်ဆိုတာကို အာဏာပိုင်တွေဘက်ကတော့ ၀န်ခံထားတာရှိပါတယ်။

လက်ရှိ သံတွဲမြို့နဲ့ နယ်အစွန်အဖျားနေရာတွေဘက်မှာတော့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ညမထွက်ရအမိန့်နဲ့ လုံခြုံရေး
တွေ တင်းကျပ်စွာချထားပေမဲ့ စိုးရိမ်ပူပန်မူတွေ ရှိနေဆဲပဲလို့ဆိုပါတယ်။

VOA
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မနေ့ကညပိုင်းအထိ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ရတဲ့ အခြေအနေတွေ ဆက်ရှိ နေသေးပါတယ်။ ဒါ့အပြင် ပေါက်တောနဲ့ လင်းသီရွာတွေဘက်မှာ အဖမ်းအဆီးတွေရှိခဲ့ပြီးတော့ အခုချိန်ထိဆိုရင် ဖမ်းဆီးခံထားရ သူ အယောက် ၃၀ လောက်ထိ ရှိသွားပြီလို့လည်း ခန့်မှန်း ပြောဆိုကြ ပါတယ်။

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ

Photo: ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းမှ မြန်မာလုပ်သားများ အသိ အမှတ်ပြု လက်မှတ်နှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိ သဖြင့် လုပ် ခ လစာများ နစ်နာလျက်ရှိ
Sunday, October 6, 2013

တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများက အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အောက်တိုဘာ ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အလုပ်သမားဘက်မှ တောင်းဆိုချက် များဖြစ်သည့် မြန်မာနှင့် ထိုင်းလုပ်သားများ လစာကွာခြားနေမှု၊ နေ့စား အလုပ်သမားများ လုပ်ခလစာ နည်းပါးမှု၊ အလုပ်ချိန် များပြားသည့်အပြင် အချိန်ပို (OT) ကြေး မရရှိမှုနှင့် စီမံကိန်းရှိ လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ပေးရန် စသောကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

"အခုလို စီမံကိန်းမှာ သွားရောက်ဆွေးနွေးရတာက နေပြည်တော် ကနေ တဆင့် ဦးတို့ဆီကို စာပြန်ဝင်လာပြီး ဆောင်ရွက်ပေးဖို့ ညွှန်ကြားချက် ကျလာခဲ့ပါ။ ပထမ အချက်က စီမံကိန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားတွေ ထဲက ဘွဲ့ရလူငယ်တွေနဲ့ အင်ဂျင်နီယာ ဘွဲ့ရထားတဲ့ လုပ်သားတွေကို လစာပေးချေတဲ့ အခါမှာ ထိုင်းလုပ်သားတွေနဲ့ ကွာခြားတဲ့ ကိစ္စပါ။ စီမံကိန်းထဲမှာ သာမန်မြန်မာ လုပ်သားတစ်ယောက်က တစ်လကို ကျပ် ၁၄၀၀၀၀ နဲ့ အင်ဂျင်နီယာက ကျပ် ၁၈၀၀၀၀ ရတယ်။ ထိုင်းလုပ် သား တစ်ယောက်ရဲ့ လစာကတော့ ကားသမား ဆိုရင်တောင် မြန်မာငွေ ကျပ် ၆၀၀၀၀၀ နဲ့ အင်ဂျင်နီယာဆိုရင် ကျပ် ၉၀၀၀၀၀ လောက် ရနေ တာ တွေ့ရပါတယ်။ နေ့စားလုပ်သား ဆိုရင်လည်း မြန်မာလုပ်သား တစ်ယောက် က တစ်နေ့ကို ကျပ် ၃၅၀၀ သာရပြီး ထိုင်းလုပ်သား တစ်ယောက်က ကျပ် ၁၈၀၀၀ လောက် ရပါတယ်။ အလုပ်လုပ်ရတဲ့အပိုင်း အများကြီး မကွာပေမယ့် ရရှိတဲ့ လစာက အတော်ကြီး ကွာခြားနေတော့ ညှိပေးဖို့ အလုပ်သမားတွေက တောင်းဆိုတာပါ။ အလုပ်သမားတွေက သူတို့ကို ထိုင်းလုပ်သားတွေ ရနေတဲ့ လစာငွေရဲ့ တစ်ဝက်လောက်ကိုပဲ တိုးပေးဖို့ ပြောပါတယ်။ ထိုင်းကုမ္ပဏီဘက်က အဲဒါကို မပေးနိုင်ဘူး လို့ ပြောပါတယ်။ ထိုင်းဘက်က ပြောတာကတော့ မြန်မာဘက်မှာ အနိမ့်ဆုံး လစာဆိုတာ သတ်မှတ်ချက်ရယ် လုပ်ငန်းခွင် ကျွမ်းကျင်မှုအတွက် အသိအမှတ်ပြု လက်မှတ်တွေ မရှိတာပေါ့။ အခုလည်း စီမံကိန်းထဲမှာ ဘွဲ့ရလူငယ်လေးတွေ အလုပ်ကြမ်း သမားအဖြစ် လုပ်နေရတာ တွေ့တယ်။ အဓိကကတော့ လုပ်ငန်းကျွမ်းကျင်မှု လက်မှတ်တွေ မရှိလို့ဘဲ" ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးကျော်ဝင်းက ပြောကြားခဲ့သည်။

"ဒီဒေသမှာ နေ့စားအလုပ်သမား တစ်ယောက်က တစ်နေ့ကို မြန်မာငွေ ကျပ် ၁၅၀၀ လောက်ပဲ ရတာဖြစ်လို့ လက်ရှိသူတို့ပေးထားတဲ့ လစာကျပ် ၃၅၀၀ ကတောင် များနေပါသေးတယ်လို့ ဆိုပါတယ်။ အဲလိုပြောတာ ဒီဒေသက နေ့စားလုပ်သားခတွေကို သေသေချာချာ မလေ့လာသေးဘူး ဆိုတာ ပေါ်လွင်နေပါတယ်။ လက်ရှိ ဒီဒေသက အပြင်လုပ်ငန်းခွင်မှာ ပန်းရန်လုပ်ငန်းက ဘိလပ်မြေဖျော်တဲ့ အလုပ်သမားတောင် တစ်နေ့ကို အနည်းဆုံး ကျပ် ၅၀၀၀ လောက် ရနေတာ လူတိုင်းသိတယ်။ နောက်ပြီး ဒီဒေသမှာက ကုန်ဈေးနှုန်းလို အထွေထွေ အသုံးစရိတ်တွေ မြင့်တယ်  ဆိုတာ သူတို့သိဖို့ လိုတယ်။ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဘက်က တောင်း ဆို သမျှ အချက်တွေ အားလုံးနီးပါးကို ကုမ္ပဏီဘက်က အကြောင်းအ မျိုးမျိုးပြပြီး လုပ်မပေးနိုင်ဘူးလို့ ပယ်ချခဲ့တယ်" ဟု ထားဝယ်အထူး စီးပွားရေး ဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော အလုပ်သမား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဇော်မင်းထိုက်က ပြောကြားခဲ့သည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြန်မာလုပ်သား ၂၀၀၀ ကျော်နှင့် ထိုင်း လုပ်သား ၁၀၀၀ ကျော်ရှိပြီး ဒေသခံ ရွာသား အချို့လည်း ၀င်ရောက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

Eleven Media Group

ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ်
ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံ သား အလုပ်သမားများအား တွေ့ရစဉ်
တနသာင်္ရီတိုင်း ဒေသကြီးရှိ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်း မှ မြန်မာလုပ်သားများမှာ လုပ်ငန်းခွင် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက် ဥပဒေ မရှိသဖြင့် လုပ်ငန်းခွင်အတွင်း လစာနည်းပါးခြင်းများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး

Photo: သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး (၂) ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်း တည်ဆောက် နေမှုနှင့် ဒေါပုံမြို့နယ် သမဝါယမ အသင်းစု လုပ်ငန်းဆောင် ရွက်နေမှု ကြည့်ရှုစစ်ဆေး
Sunday, October 6, 2013

သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိ သူများ လိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေ စီးပွားရေးလုပ်ငန်း

သမဝါယမ အသင်းသို့ ရောက်ရှိခဲ့ရာ အသင်းဥက္ကဋ္ဌ ဒေါ်သီတာအောင်က ရေယာဉ် လျှောလမ်းလုပ်ငန်း အား အသင်းသား ကိုးဦး၊ ဝန်ထမ်း ၁ဝ ဦး၊ အလုပ်သမား ၃ဝ ဦးတို့ဖြင့် ၂ဝ၁၁ ခုနှစ်တွင် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကုန်တွဲဆွဲရေယာဉ် တစ်စင်း တည်ဆောက်ပြီးစီးခဲ့မှု၊ ယခုအခါ မန္တလေး-ပုဂံ Packet ပြေးဆွဲရန် နှစ်ထပ် ဇိမ်ခံ သင်္ဘောနှစ်စင်းတည် ဆောက်နေမှုနှင့်အပျော်စီး နှစ်ထပ် သင်္ဘောတစ်စင်း တည်ဆောက်မည့် အခြေ အနေများကို ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စု ဝန်ကြီးက ပြည်တွင်းကုန် စည်ပို့ဆောင်ရေးတွင် ရေကြောင်းပို့ ဆောင်ရေးသည် အဓိကဖြစ်ကြောင်း၊ သို့ပါ၍ သင်္ဘောကျင်း တိုးချဲ့ပြင်ဆင်ခြင်းကို Master Plan ရေးဆွဲဆောင်ရွက် ရန်လိုကြောင်း၊ ဝန်ထမ်းများအား အတွေ့အကြုံ၊ နည်းပညာများရရှိအောင် ပြည်ပသို့ သင်တန်း များ၊ လေ့လာရေးခရီးများ စေလွှတ်ဆောင်ရွက် ရန်လိုကြောင်း၊ မိမိအနေဖြင့် နိုင်ငံတကာ အထောက်အပံ့ နည်းပညာ၊ Grant နှင့် ချေးငွေများ ရရှိအောင် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေါပုံမြို့နယ် သမဝါယမ အသင်းစုတွင် မြို့နယ် သမဝါယမအသင်း ဦးစီးဌာန ဝန်ထမ်းများ အသင်းစုနှင့် မြို့နယ်အတွင်းရှိ အခြေခံ အသင်းများမှ အမှုဆောင်များနှင့် တွေ့ဆုံရာ အသင်းစု ဥက္ကဋ္ဌ ဦးကျော်စိန်က စတိုးဆိုင်ဖွင့် လှစ်ရောင်းချနေမှု၊ လစဉ် ဆန်ကုန်ကြွေးရောင်းချမှု၊ Micro finance လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် တိုးချဲ့ဆောင် ရွက်မည့်အိမ်ဆောက်ပစ္စည်း၊ အခြေခံ စားသောက်ကုန်၊ လက်လီလက်ကား ရောင်းချရေးလုပ်ငန်း ကိစ္စများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီး က Micro financ လုပ်ငန်းနှင့် သမဝါယမ အသင်းများ တိုးတက်ရေးလုပ်ငန်း တို့ကို ဆောင်ရွက်မှသာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ကုန်ကြွေး ရောင်းချစနစ်အား စနစ်တကျ ဆက်လက်ဆောင်ရွက်ရန် လိုကြောင်း၊ ၎င်းအပြင် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၍ ပြည်သူများ ယုံကြည်မှုရှိအောင် ရောင်းချနိုင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အခြေခံ အသင်းများ အနေဖြင့်လည်း အဆင့်မြှင့်တင်ရန်အတွက် စီမံချက်ရေး ဆွဲ၍ တင်ပြစေလိုကြောင်း၊ Micro financ လုပ်ငန်းအောင်မြင်ရန် ချေးငွေများကို ထိထိရောက်ရောက် အသုံးပြု ရေး အမှုဆောင်များက ကြပ်မတ်ရန် လိုသလို အသင်းသားများကလည်း သတ်မှတ်ကာလတွင် တိတိကျကျ ပြန်လည်ပေးဆပ်ရန် လိုအပ်ပါကြောင်းဖြင့် ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီက ရွှေနှင်းဆီ အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ ရောက်ရှိခဲ့ရာ အသင်း

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ

Photo: စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၁၆၀၀ နီးပါးရှိ
Sunday, October 6, 2013

စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူမှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်မှာ နေပြည်တော် အပါအ၀င် တိုင်းနှင့်ပြည်နယ် ၁၄ ခု၏ စစ်ဆေး သတ်မှတ် ထားချက်များဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးများကိုပါ ထည့် သွင်းဖော်ပြခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှာ ၂၅၇ မှု ဖြစ်ပွား ခဲ့ပြီး၊ သေဆုံးသူ ၄၇ ဦးထိ ရှိကာ ဒဏ်ရာရရှိသူ ၂၉၈ ဦးထိ အများ ဆုံး ဖြစ်ခဲ့သည်။

ယင်းနောက် မန္တလေးတွင် ယာဉ်တိုက်မှု ၁၅၁ မှုတွင် လူသေဆုံးမှု ၄၃ မှု၊ ဒဏ်ရာရရှိသူ ၂၁၂ ဦး ရှိခဲ့ပြီး ပဲခူးတိုင်းတွင် ၁၁၃ မှု ဖြစ်ခဲ့ကာ လူသေမှု ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၁၈၅ ဦး ရှိခဲ့ကြောင်း သိရသည်။

ယာဉ်အစီးရေ နည်းပါးသော ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည် နယ်တို့မှာ ယာဉ်တိုက်မှုဖြစ်စဉ် အနည်းဆုံးတွင် တည်ရှိနေ သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးသို့ ရောက်ရှိနေသော ရန်ကုန်တိုင်းတွင် ယာဉ်နှင့်ပတ်သက်သော စည်းကမ်းချက် ထုတ်ပြန်မှုများ ပြုလုပ်နေသော် လည်း နေ့စဉ် ယာဉ်မောင်း ၅၀၀ ကျော်ကို စစ်ဆေးနေရဆဲဖြစ်ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရှစ်လတာ ကာလအတွင်း ယာဉ်တိုက်မှုပေါင်း ၉၀၅၈ မှု၊ သေဆုံးသူ ၂၄၁၇ ဒဏ်ရာရရှိသူ ၁၅၆၅၇ ထိရှိကြောင်း သိရသည်။

ပြည်တွင်း၌ ယာဉ်တိုက်မှုဖြစ်စဉ် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ၁၉၉၉မှု ၊ ဖေဖော်ဝါရီလတွင် ၁၁၂၇ မှု၊ မတ်လတွင် ၁၁၈၆ မှု၊ ဧပြီတွင် ၁၃၂၁ မှု၊ မေလတွင် ၁၀၇ မှု၊ ဇွန်လတွင် ၁၀၈၈ မှု၊ ဇူလိုင်လတွင် ၁၀၈၀ မှု၊ သြဂုတ်လတွင် ၁၀၅၀ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

Eleven Media Group

စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
စက်တင်ဘာလ အတွင်းက ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လူတစ်ဦးအား ယာဉ်ဖြင့်အတိုက်ခံရမှုကို တွေ့ရစဉ်
စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော်တွင် သေဆုံးသူ ၂၅၀ ကျော်ခဲ့ပြီး ဒဏ်ရာရရှိသူ မှာ ၁၆၀၀ နီးပါး ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ကမန်တိုင်းရင်းသား နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်း ကွဲများ တွေ့ ရှိ ရသဖြင့် ဖမ်းဆီးစစ်ဆေးနေ

သံတွဲမြို့နယ်၊ ရွှေလှေ (လင်းသည်)ကျေးရွာတွင် ကမန်တိုင်းရင်း သား နေထိုင်သည့် နေအိမ်အတွင်း ဓာတ်ဆီ၊ သံမှို၊ ဖန်ပုလင်းကွဲ များ ရောနှောထည့်ထားသည့် ပုလင်းများကို စစ်ဆေးတွေ့ရှိ ရသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္တုပစ္စည်းများ ဥပဒေပုဒ်မ (၅)ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှ အောက်တိုဘာ ၅ ရက်က သတင်းရရှိသည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမည်

Photo: မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲမည်
Sunday, October 6, 2013

မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၆/၁၉၉၀) အား အသစ်ပြန် လည် ရေးဆွဲသွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၅ရက်နေ့တွင် မြန်မာနိုင်ငံ ဘဏ်များအသင်း၌ ပြုလုပ်သော မြန်မာနိုင် ငံ ငွေရေးကြေးရေး အဖွဲ့ အစည်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထုတ်ပြန် လိုက်သည်။

''မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေက ၁၉၉၀ ကတည်းက ဆိုတော့ တော်တော်ကြာခဲ့ပြီ။ နှစ်တွေ ကြာခဲ့တာက တစ်ကြောင်း နိုင်ငံရေးစနစ် စီးပွားရေးစနစ်တွေက လည်း ပြောင်းလာ တယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရေးစနစ်ကလည်း ပြောင်းလာ တယ်။ နိုင်ငံ တကာနဲ့ ဆက်ဆံရေး စနစ်မှာလည်း ငွေကြေးတွေ ဆိုင်ရာမှာ လည်း ပြောင်း လာ တယ်။ ဒါကြောင့်မို့ ခေတ်နဲ့အညီ ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် နောင်ဖြစ်လာနိုင် မယ့် ငွေကြေး ဈေးကွက် စီးပွားရေး ဈေး ကွက်အခြေအနေတွေအရလည်း လိုက်လျော ညီထွေ ဖြစ် လာအောင် ဥပဒေကို ပြင်ဆင်ရေးဆွဲသွားမှာ ဖြစ်ပါ တယ်'' ဟု ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံတွင် ပြင်ဆင်ရမယ့် ဥပဒေ စုစုပေါင်း ၁၈ ခု ရှိနေကြောင်း၊ ယင်းတို့အနက် ဥပဒေငါးခုမှာ ပြင် ဆင်ပြီးသွားပြီဖြစ်ပြီး လေးခု မှာ UN နှင့် ပတ်သက် ဆက်နွှယ်နေသည့် ဥပဒေများ ဖြစ်ကြောင်း၊ ထို့ကြောင့် နောက်ထပ်ပြင်ရန် ဥပဒေ ၉ခု ရှိနေကြောင်း၊ ယင်းတို့အထဲတွင် အာမခံ ဥပဒေ၊ အာမခံလုပ်ပိုင်ခွင့် ဥပဒေ၊ ငွေချေးငှားသည့် ဥပဒေ၊ ငွေစုဘဏ်များ ဥပဒေ၊ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဥပဒေ၊ Government Security Act ၊ ပင်စင် ဥပဒေစသည့် ဥပဒေများဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေနဲ့ ဘဏ်တွေနဲ့ ထိတွေ့တဲ့အနေနဲ့ ဒီနေ့အစည်း အဝေးကို ပြုလုပ်တာပါ။ ဒီအထဲမှာ အစိုးရ ဘဏ်တွေလည်း ပါတယ်။ ဗဟို ဘဏ်တွေလည်း ပါပါတယ်။ ပုဂ္ဂလိက ဘဏ်တွေလည်း ပါပါတယ်။ အခု ဗဟိုဘဏ် ဥပဒေပြုပြီးသွားပြီ ဖြစ်တဲ့အတွက် ဗဟိုဘဏ်က သီးခြားရပ်တည် သွားနိုင်ပါပြီ။ ဒါကြောင့် သီးခြားရပ်တည်မယ့် ဗဟိုဘဏ်အောက်မှာ ပုဂ္ဂလိက ဘဏ်တွေကလည်း မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ပါဝင် ရပ်တည်ကြ မှာပါ။ နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်စေဖို့အတွက် အခုလို ငွေရေးကြေးရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေကို ပုဂ္ဂလိက ဘဏ်တွေ အားလုံးနဲ့ပေါင်းပြီး ဆွေးနွေး တိုင်ပင်သွားမှာပါ။ ပုဂ္ဂလိက ဘဏ်တွေရဲ့ သဘောထားအမြင်တွေ ဘဏ္ဍာရေး လုပ်ငန်းကျွမ်းကျင်သူတွေရဲ့ သဘောထားအမြင်ကိုပါ နားထောင်ဖို့အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ'' ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

Eleven Media Group

ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း က သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ-နီလာ)
ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌဦးအောင်သောင်းက သတင်းထောက် များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားနေစဉ် (ဓာတ်ပုံ-နီလာ)
မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၆/၁၉၉၀) အား အသစ်ပြန် လည် ရေးဆွဲ သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၅ရက်နေ့တွင် မြန်မာနိုင်ငံ ဘဏ်များအသင်း ၌ ပြုလုပ်သော မြန် မာနိုင် ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ တွ င် သတင်းထုတ်ပြန်လိုက်သည်။

တိုက်ခန်း လှေကားအတွင်း ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး လုယူမှု ဖြစ်ပွား

တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန် တိုင်း ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်း တွင် ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။