မစ္စစ်အီဝါကိုပက်ဇ်သည် ပိုလန်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး လက်ရှိပိုလန်နိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်သည်။ ယင်းမတိုင်မီ ပါလီမန် ဥက္ကဋ္ဌဖြစ်ပြီး အဆိုပါရာထူးကို ရ ရှိသော ပထမဆုံးအမျိုးသမီးဖြစ် သည်။ ၂၀၀၇ မှ ၂၀၁၁ ခုနှစ်အထိ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်း ဆောင်ခဲ့သည်။အီဝါကိုပက်ဇ်ကို ၁၉၅၆ တွင် စကာရစ်ဇူးဒေသ၌ မွေးဖွားခဲ့ သည်။ ဖခင်မှာ စက်ပြင်ဆရာတစ် ဦးဖြစ်ပြီး မိခင်မှာ စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်သည်။ ရာဒွန်မြို့တွင် ကြီး ပြင်းခဲ့ပြီး အထက်တန်းအောင် မြင်ခဲ့သည်။အီဝါကိုပက်ဇ်သည် ၁၉၈၁ လူဘလင် ဆေးတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။ မိသား စုဆေးပညာရှင်ကလေးအထူးကု ဘာသာရပ်များ အထူးပြု၍ ထပ်မံလေ့လာခဲ့သည်။ ကျေးလက်ဆေး ခန်းများမှ စတင်အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ဒေသခံဆေးရုံအကြီး အကဲဖြစ်လာခဲ့သည်။မစ္စစ် အီဝါကိုပက်ဇ်သည် ၁၉၈၀ ပြည့်နှစ်က ညီညွတ်သော ပြည်သူ့ပါတီသို့ ၀င်ရောက်ခဲ့ သည်။ ၁၉၉၀ ပြည့်လွန်နှစ်များ တွင်မူ လွတ်လပ်ရေးသမဂ္ဂပါတီ သို့ ၀င်ရောက်ခဲ့ပြီး ရာဒွန်ခရိုင် ပါတီအကြီးအကဲဖြစ်လာသည်။ ၁၉၉၈ ဒေသဆိုင်ရာရွေးကောက် ပွဲတွင် ဒေသဆိုင်ရာကောင်စီလူ ကြီး တစ်ဦးအဖြစ် ရွေးကောက် တင်မြှောက်ခံရသည်။
Wednesday, October 21, 2015
ကာဗွန်များ ပျော်ဝင်နေသည့် ပင်လယ်သမုဒ္ဒရာများ
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ အတွင်း လူတို့၏ ပယောဂကြောင့် ထွက်ရှိလာသော ကာဗွန်မက်ထရစ်တန်ဘီလီယံ ၁၅၀ ကို ကမ္ဘာ ပေါ်ရှိ ပင်လယ်သမုဒ္ဒရာများက စုပ်ယူထားသည်။ လက်ရှိတွင် လူတစ်ဦး၏ ပျမ်းမျှကာဗွန်ထုတ်လွှတ်မှု မှာ သီတင်းတစ်ပတ်လျှင် ၁၅ ပေါင်ရှိပြီး ယင်းမှာ နှစ်စဉ်အီကွေတာ ကို ၁၃ ပတ်ပတ်နိုင်အောင် ရှည် လျားသော ကျောက်မီးသွေးသုံး ရထားကို စွမ်းအင်ဖြည့်ပေးရန် လုံလောက်ပါသည်။ကမ္ဘာတစ်ဝန်းရှိ ပင်လယ်သမုဒ္ဒရာများနှင့် ကမ်းရိုးတန်းရေ ပြင်များက စိတ်အနှောင့်အယှက်ဖြစ်ရာ ဇာတ်လမ်းကို စတင်ပြော ကြားနေကြသည်။ ပင်လယ်သမုဒ္ဒ ရာများသည် ရေမြှုပ်တစ်ခုကဲ့သို့ ပင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်များကို တစ်နေ့တ ခြားပိုမိုစုပ်ယူနေပါသည်။ ကာဗွန် ဒိုင်အောက်ဆိုက်များကို စုပ်ယူ လွန်းအားကြီး၍ ပင်လယ်သမုဒ္ဒရာ နှင့် ကမ်းရိုးတန်းရေပြင်များ၏ ဓာ တုဗေဒမျှခြေညီမျှနေမှုများ ပြောင်းလဲနေပြီး ရေနေသဘာဝဂေဟ စနစ်များကို တိုး၍ ခြိမ်းခြောက်နေ သည်။
ပုပ်ရဟန်းမင်းကြီး ဦးနှောက်တွင် အကြိတ်ရှိနေသည်ဆိုသော သတင်းကို ဗာတီကန် ငြင်းဆို
ပုပ်ရဟန်းမင်းကြီး အနေဖြင့် ဦးနှောက်အတွင်း အကြိတ်ရှိနေသည့် ရောဂါဝေဒနာ ခံစားနေရကြောင်း သတင်းများကို ဗာတီကန် နန်းတော်က ငြင်းဆန်သွားခဲ့သည်။ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်နိုင်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် ဦးနှောက်ထဲတွင် အကြိတ်ရှိနေကြောင်း ဆေးစစ် တွေ့ရှိခဲ့သည်ဟု အီတလီ မီဒီယာများက ဖော်ပြခဲ့သည်။ပုပ်ရဟန်းမင်းကြီး အခြေချ သီတင်းသုံးရာ ဗာတီကန် နန်းတော်က အောက်တိုဘာ ၂၁ ရက်တွင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရှင်းလင်း ငြင်းချက်ထုတ်ခဲ့ခြင်း ဖြစ်သည်။“ပုပ်ရဟန်းမင်းကြီး အနေနဲ့ လုပ်ငန်းတာဝန် မှန်သမျှကို တတ်အားသ၍ စူးစိုက် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ အခုလို အခြေအမြစ်မရှိ ထွက်ပေါ်လာတဲ့ ကောလာဟလ သတင်းစကားတွေဟာ ပုပ်ရဟန်းမင်းကြီးအတွက် အာရုံထား အရေးတယူပြုဖို့ မထိုက်တန်ပါဘူး”ဟု ဗာတီကန်နန်းတော် ပြောရေးဆိုခွင့်ရ အရာရှိ ဖာသာ ဖက်ဒရေကို လွမ်ဘာဒီက ပြောကြားခဲ့သည်။
မူဆယ်မြို့၊ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့မှ ဆက်ကြေးပေးဆောင်ရန် ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆို
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ထံသို့ ဆက်ကြေး ပေးဆောင်ရန်အတွက် လာရောက်ဆွေးနွေးရန် ဖုန်းဖြင့်ဆက်သွယ် ခြိမ်းခြောက်ပြောဆိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၊ ဈေးရပ်ကွက်ရှိ အင်းဝဘဏ်မန်နေဂျာအား TNLA အဖွဲ့ဝင် ကျောင်းဟုန် ဆိုသူမှ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲချိန်တွင် ဆက်ကြေးငွေပေးဆောင်ရန်အတွက် ဖုန်းဖြင့် ခြိမ်းခြောက်ပြောဆိုရာ အစိုးရဘဏ်ဖြစ်၍ မန်နေဂျာတစ်ယောက်အနေဖြင့် ဆုံးဖြတ်ခွင့် မရှိကြောင်း ၊ အထက်ဌာနသို့ သတင်းပို့ပေး မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောပြချက်အရ သိရသည်။
အနာဂတ်တွင် စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးနိုင်ဟု ဗိုလ်ချုပ်မှူးကြီး ပြော
လွတ်လပ်ရေးရပြီးနောက်ပိုင်း ကျင့်သုံးခဲ့သည့် ပြည်သူ့စစ်မဟာဗျူဟာအရ အနာဂတ်တွင် မြန်မာနိုင်ငံသား များအနေဖြင့် စစ်မှုမထမ်းမနေရ စနစ်အရ အချိန်ကာလအပိုင်းအခြားတခုဖြင့် စစ်မှုထမ်းဆောင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်နယ်များမှ အရာရှိများ၊ စစ်သည်များနှင့် မနေ့ကတွေ့ဆုံရာတွင် ပြောဆိုကြောင်း စစ်တပ်ပိုင် မြ၀တီသတင်း တွင် ဖော်ပြသည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။
ပြည်သူလူထုအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် သင့်တင့်မျှတသည့်အင်အား၊ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး တိုက်တွန်းခဲ့သည်။
Saturday, October 17, 2015
ရုရှ၏ ထောက်ကူမှုဖြင့် အလက်ပိုမြို့အနီး ဆီးရီးယားစစ်တပ်က ထိုးစစ်စတင်
ရုရှလေကြောင်းပစ်ကူနှင့် မဟာမိတ်ပြည်သူ့စစ်တို့၏ ကျောထောက်နောက်ခံဖြင့် ဆီးရီးယားတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၆က ဒုတိယမြို့ကြီး အလက်ပိုဝန်းကျင်ရှိ သူပုန်များကို တိုက်ခိုက်သည့် ရှေ့တန်းစစ်မျက်နှာသစ်တစ်ခုကို ဖွင့်လိုက်သည်။ယင်းထိုးစစ်တွင် အီရန်နောက်ခံ တပ်ဖွဲ့ဝင် ၂,၀၀၀ခန့်လည်း ပါသည်ဟု ၀ါရှင်တန်က ပြောသည်။ ဆီးရီးယားနယ်စပ်အနီး ၄င်း၏ လေပိုင်နက်သို့ ကျူးကျော်လာသည့် မည်သူ၏ လေယာဉ်မှန်း မသိရသည့် လူမဲ့ဒရုန်းယာဉ်တစ်စင်းကို ပစ်ချလိုက်သည်ဟု တူရကီက ပြောကြားပြီးနောက် ယခုထိုးစစ်ဖြစ်ပေါ်လာသည်။စက်တင်ဘာ ၃၀တွင် မော်စကိုက လေကြောင်းစစ်ဆင်ရေးစတင်ကတည်းက သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရက ဆင်နွှဲသော ထိုးစစ်များတွင် ယခုအလက်ပိုထိုးစစ်က စတုတ္ထမြောက်ဖြစ်သည်။
ကြိုတင်မဲ အခက်အခဲ စာနာ နားလည်ပေးရန် ရွေးကောက်ပွဲကော်မရှင် တောင်းပန် ထုတ်ပြန်
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအတွက် ကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံ သံရုံး အသီးသီးတွင် ပေးနိုင်ကြပြီဖြစ်ရာ မဲဆန္ဒပေးခွင့် မရှိသူများ ပေါ်ပေါက်ခြင်း၊ ဆန္ဒမဲ လက်မှတ်မပြည့်စုံမှုများ ပေါ်ပေါက်လာပြီးနောက် အခက်အခဲများကို နားလည်ပေးကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။
သက်ဆိုင်ရာ သံရုံးများသည် “ရွေးကောက်ပွဲ အတွေ့အကြုံ နည်းပါးခြင်း၊ သံရုံးများတွင် ဝန်ထမ်းကန့်သတ်ချက် ရှိခြင်း၊ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ရန် သံရုံးအသီးသီးတွင် အခက်အခဲ ရှိမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခံစား နားလည်မိပါကြောင်း၊ ပြည်တွင်း/ပြည်ပရှိ မဲဆန္ဒရှင်များ အနေဖြင့်လည်း နားလည်ပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အသိပေး ကြေညာ အပ်ပါသည်” ဟု ကြေညာချက်တွင် ပါရှိသည်။
ဘာသာရေး၊ လူမျိုးရေးဖြင့် တိုက်ခိုက်သူများ သတ္တိရှိပါက တရားဝင်စွပ်စွဲပါဟု ဒေါ်အောင်ဆန်းစုကြည် စိန်ခေါ်
ရွေးကောက်ပွဲကိုအကြောင်းပြုပြီး သူမနှင့် သူမ၏ပါတီကို လူမျိုးရေး၊ ဘာသာရေး ထိုးနှက်နေသူများအနေဖြင့် သတ္တိရှိရှိ တရားဝင်စွပ်စွဲလိုက်ပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ခရီးစဉ်တွင် ပြတ်ပြတ်သားသားပြောဆိုလိုက်သည်။
“ဒီလိုပြောတတ်တဲ့သူတွေဟာ တစ်ကယ်သတ္တိရှိတယ်ဆိုလို့ရှိရင် ကျွန်မတို့ကိုတရားဝင် စာရေးပြီးတော့ စွပ်စွဲပါ။ တရားဥပဒေဘောင်အတွင်းကနေ ကျွန်မတို့ရင်ဆိုင်ပါမယ်” ဟု ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အောက်တိုဘာ ၁၇ရက်၊ နံနက်ပိုင်းကပြုလုပ်သည့် လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ ၁၃နှစ်အတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ဒေသခံများ
အများဆုံးမေးမြန်းသော ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရတစ်ရပ်ဖွဲ့နိုင်ပါက ရခိုင်တိုင်းရင်းသားတို့လက်မခံသည့် ဘင်္ဂလီများကြီးစိုးသွားမည်လော၊
ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားမည်လော ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
လက်ရွေးစင်နည်းပြချုပ် မိုဗစ်ကို ရာထူးမှ ထုတ်ပြီး ဂတ်ဇီဆီနှင့် အစားထိုး
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အေဗရာမိုဗစ်ကို ရာထူးမှ ထုတ်ပယ်ပြီး ယူ-၂၀ နည်းပြ ဂတ်ဇီဆီဖရိုင်းဒရစ်နှင့် အစားထိုး ခဲ့သည်။
ဆာဘီးယားလူမျိုး အေဗရာမိုဗစ်သည် ပြီးခဲ့သည့် ၂၀၁၄ ဖေဖော်ဝါရီတွင် လက်ရွေးစင်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့သော်လည်း ၄င်းလက်ထက်တွင် လက်ရွေးစင်အသင်း ပွဲပေါင်း ၂၂ ပွဲ၌ ခုနစ်ပွဲနိုင် လေးပွဲသရေ ၁၁ ပွဲရှုံး ရလဒ်သာ ရရှိထားသည်။MFF သည် နည်းပြဟောင်း ရာဒီ အေဗရာမိုဗစ်အား လစာ(၃)လစာ ပေးအပ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီး ဆာဘီးယား ကြံ့ခိုင်ရေး နည်းပြ လူကာ ကိုလည်း လစာ(၂)လစာ ပေးအပ်၍ စာချုပ်ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
ရခိုင်ပြည်နယ်တွင် တစ်သောင်းတန်ငွေစက္ကူအတုတွေ့ရှိမှု များလာ
အောက်တိုဘာလ ဆန်းမှစတင်၍ ရခိုင်ပြည်နယ်အ တွင်း မြောက်ဦး၊ မင်းပြားနှင့် ပေါက်တောမြို့နယ်များတွင် ကျပ် တစ်သောင်းတန်ငွေစက္ကူအတု တွေ့ရှိရမှုများပြားနေကြောင်း သ တင်းရရှိသည်။‘‘ဘဏ်ကို ငွေသွင်းလာတဲ့ လူတွေမှာ အများဆုံးတွေ့လာရ တာ ဖြစ်ပါတယ်။ အပြင်မှာတော့ ဘယ်လောက်ထိ ပြန့်နေမလဲဆို တာကို မပြောတတ်တော့ပါဘူး။ အရင်ကလည်း ပျောက်နေပြီးတော့အခုအောက်တိုဘာလဆန်းပိုင်း ကစပြီး အများဆုံးတွေ့လာရတာ ဖြစ်ပါတယ်’’ဟု မင်းပြားမြို့နယ်မှ ဘဏ်ဝန်ထမ်းတစ်ဦးက ပြော သည်။ ရခိုင်ပြည်နယ်တွင် တစ် သောင်းတန်ငွေစက္ကူအတုပျံ့နှံ့ နေခြင်းနှင့် ပတ်သက်ပြီး ဒေသခံ အများစုသည် ငွေအတု၊ အစစ်ခွဲ ခြားမသိ၍ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ငွေအတုများကို အစစ်နှင့် ရောနှောလက်ခံမိကြောင်း မြောက်ဦးမြို့မဈေးတွင် ကုန်မျိုးစုံရောင်းချသည့် ဈေးသည်တစ်ဦးက ပြောသည်။
Friday, October 16, 2015
“စစ်သား မဟုတ်ပေမယ့် တိုင်းပြည်ကို ကောင်းအောင် လုပ်ပေးလို့ ရပါတယ်”
၂ဝ၁၅ ရွေးကောက်ပွဲ တသီးပုဂ္ဂလ အမတ်လောင်းတွေထဲမှာ လုပ်ငန်းရှင် ဦးဌေးအောင်လည်း ပါဝင်ပါတယ်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်နေတဲ့ ဦးဌေးအောင်ဟာ မြန်မာနိုင်ငံရဲ့ မော်တော်ကား ဈေးကွက်မှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။မြစ်ဝကျွန်းပေါ်ဒေသ ဟသာင်္တမြို့ဇာတိ ဦးဌေးအောင်ဟာ ပြည်ပအတွေ့အကြုံ များပြားတဲ့ လုပ်ငန်းရှင် ဖြစ်ပြီးလွန်ခဲ့တဲ့နှစ် မြို့တော်စည်ပင် ရွေးကောက်ပွဲမှာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စည်ပင် သာယာရေး ကော်မတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရသူပါ။
Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံရာမှာ ဦးဌေး အောင်က မြန်မာ့ မဲဆန္ဒရှင်များ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်တဲ့ အလားအလာ၊ နိုင်ငံ ရေးမှာ စစ်တပ်ပါဝင်နေမှု၊ သူရွေးကောက်ပွဲ ဝင်ရတဲ့ အကြောင်းရင်း တွေကို ပြောပြထားပါတယ်။
လစာတစ်ချို့တစ်ဝက် မိဘများကို ပေးရမည်ဟု တရုတ်ကုမ္ပဏီက မူချမှတ်ရာမှ အငြင်းပွားမှုများဖြစ်
တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုသည် အလုပ်သမားများအား လစာထဲမှ တစ်ချို့တစ်ဝက်ကို မိဘဖြစ်သူများအား မဖြစ်မနေ ပေးရမည်ဟု ထုံးစံမရှိသည့် ပေါ်လစီတစ်ရပ်ကို ချမှတ်ထားရာ အဆိုပါ သားသမီး ကျင့်ဝတ်ခွန်နှင့် ပတ်သက်ကာ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ ပြင်းထန်သွားသည်။
အလှကုန်ပစ္စည်းထုတ်ရာ ယင်းကုမ္ပဏီကို အမည်မဖော်ပြထားသော်လည်း အလုပ်သမားကြားတွင် ကောင်းမွန်သည့် ကိုယ်ကျင့်သိက္ခာတန်ဖိုးမြင့်တက်ရန်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကွမ်ကျို့နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။မိဘကို ရိုသေလေးမြတ်ခြင်းသည် တရုတ်လူအဖွဲ့အစည်းနှင့် ယဉ်ကျေးမှုတွင် အဓိကတန်ဖိုးနှုန်းထားဖြစ်သည်။ သို့သော် ယခုဖြစ်ရပ်ကမူ ဒေသတွင်းမီဒီယာများတွင် ယင်းကုမ္ပဏီက အကဲပိုလွန်းခြင်းဖြစ် သည်ဟု ရေးသားဖော်ပြကြသည်။
ဒီမိုကရေးစီသို့ အမြန်ပြန်သွားရန် ထိုင်းကို အမေရိကန် ထပ်မံတောင်းဆို
လက်ရှိတည်ရှိနေသည့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံး တိုးတက်လုပ်ဆောင်ရန် ကတိပြုသော်လည်း လမ်းပြမြေပုံအရ ဒီမိုကရေစီသို့ အမြန်ဆုံးပြန်သွားရန် ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ်က ထပ်မံတောင်းဆိုခဲ့သည်။
အမေရိကန်သံအမတ်ကြီး ဂလင်းဒေးဗီးစ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွီနိုင်ကို အောက်တိုဘာ ၁၅က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်လည်ကျင့်သုံးရေးအပါအ၀င် များပြားလှသည့်ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သံအမတ်က ပြောသည်။
နှစ်ပေါင်း ၁၈၀ကျော်ပြီဖြစ်သော နှစ်နိုင်ငံကြား ဆက်ဆံရေးကို နောက်ထပ်အားကောင်းစေရန့် အမေရိကန်က နည်းလမ်းများရှာဖွေနေသည်ဟုလည်း ၄င်းက ပြောသည်။
Thursday, October 15, 2015
မိသားစုများ ပြန်လည် တွေ့ဆုံရေး အစီအစဉ်အတွက် တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်
ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် ပေါင်းစည်းပေးရေး အစီအစဉ်အရ တောင်ကိုရီးယား အစိုးရ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားသို့ ကြိုတင် ဝင်ရောက်သွားကြောင်း သိရှိရသည်။
စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံပေးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ သဘောတူညီထားပြီး လာမည့်သီတင်းပတ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။ အောက်တိုဘာ ၁၅ တွင်မူ တောင်ကိုရီးယား အစိုးရက လူ ၂၅ ဦး ပါဝင်သည့် အဖွဲ့တစ်ခုကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်ကြောင်း ကြေညာခဲ့သည်။
ဆီးရီးယား စစ်မြေပြင်တွင် ဖျက်ဆီးအားပြင်းသည့် ဒုံးကျည်စနစ် ရုရှားအသုံးပြုနေဟု သတင်းများထွက်ပေါ်
ဆီးရီးယားတွင် ရုရှားအနေဖြင့် TOS-1A အမျိုးအစား ဒုံးကျည်လက်နက်များ ဖြန့်ကျက် အသုံးပြုသွားရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။တောက်ပသောကြယ်ဟု နာမည်ပြောင် ခေါ်ဝေါ်လေ့ရှိသည့် အဆိုပါ လက်နက်စနစ်တွင် ဒုံးကျည် အများအပြားကို ပစ်လွှတ်နိုင်ပြီး မြို့ကြီး တစ်မြို့၏ ရပ်ကွက်ရှစ်ခုစာမျှ အကျယ်အဝန်းကို ပြားပြားဝပ်သွားစေနိုင်သည်အထိ ဖျက်ဆီးအား ပြင်းထန်ကြောင်း သိရသည်။ဆီးရီးယားတွင် သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ဘက်မှ ပါဝင်ကူညီပြီး အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့နှင့် အခြားသော သူပုန်များကို လေကြောင်းမှ တိုက်ခိုက်လျက် ရှိသည်။ ယခုအခါတွင်မူ ရုရှားသည် တင့်ကားပေါ် တင်ဆောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်လက်နက်များကိုပါ ဆီးရီးယားတွင် ဖြန့်ကျက်သွားရန် စီစဉ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ကရင်ပြည်နယ်ရှိ ကလေးများ အာဟာရဖွံ့ဖြိုးရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်
ကရင်ပြည်နယ်ရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လာမည့်နှစ်မှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းပြည်နယ်တွင် ဆောင်ရွက်ရခြင်းမှာ အာဟာရဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အာဟာရချို့တဲ့မှု များပြားခြင်းတို့ကြောင့်ဖြစ်ပြီး ယင်းအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ဒုညွှန်မှူး ဒေါက်တာထင်လင်းက ပြောသည်။
‘‘အာဟာရချို့တဲ့မှုများတဲ့ နေရာဒေသရွေးလိုက်တဲ့အခါမှာ မကွေး၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ကရင်ဆိုပြီး ထွက်လာတယ်။ ဒါ ကြောင့် နောက်နှစ်မှာ ကရင်မှာ လုပ်ဖို့ရှိတယ်။ လုပ်တဲ့အခါမှာ ပိုမိုထိရောက်တဲ့ နည်းစနစ်ကျင့်သုံးဖို့ အတွက် ရည်ရွယ်ပြီး အဆင့်သုံး ဆင့်နဲ့ ဆောင်ရွက်မှာပါ’’ဟု ၎င်း က ပြောသည်။
ဧရာဝတီနှင့်ရန်ကုန်တွင် အာဟာရဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်
ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့တွင် အာဟာရအားဖြည့်ဆန်များ မကြာမီဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အမျိုးသားအာဟာရဌာနခွဲမှ သတင်းရရှိသည်။အဆိုပါတိုင်းဒေသကြီးနှစ်ခု ရှိ ဆန်စက်များနှင့်ညှိနှိုင်း၍ ခေတ်မီစက်ကြီးများဖြင့် အာဟာရအတွက် အားဖြည့်ဆန်ထုတ်လုပ် ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာ နလက်အောက်ရှိ အမျိုးသားအာ ဟာရဌာနခွဲ (NNA) ၊ FDA ၊ PSI အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၇၀ ကျော်ကို အာဟာရလုပ်ငန်းများ ကူညီ ထောက်ပံ့ပေးနေသည့် PATH အဖွဲ့အစည်းတို့ကပူးပေါင်း ဆောင်ရွက်ကြခြင်းဖြစ်သည်။‘‘အမှန်က ဒီလမှာစပြီးဖြန့်ရ မှာ။ စက်ပစ္စည်းတွေကနေ ဆန် ထုတ်တာမနိုင်တာတို့၊ ဆန်ထဲမှာ ထည့်ရမယ့် အနုအာဟာရတွေလိုနေသေးတာတို့၊ FDA ခွင့်ပြုချက် တို့၊ ဥပဒေရေးရာကင်းလွတ်ခွင့် လိုတာတွေနဲ့ ပြည်သူလူထု လက် ခံသုံးစွဲအောင် ပညာပေးဖို့လိုတာ တွေ၊ ဖြန့်ဖြူးရောင်းချမယ့်လူလိုတာတွေကြောင့်ဈေးကွက်ထဲ မ ဖြန့်နိုင်သေးဘူး။ ဒါကြောင့် နိုဝင် ဘာနဲ့ ဒီဇင်ဘာလောက်မှာတော့ တိုင်းနှစ်ခုမှာ စပြီးဖြန့်ပါမယ်’’ဟု အမျိုးသားအာဟာရဌာနခွဲ ဒုညွှန် မှူး ဒေါက်တာထင်လင်းကပြောသည်။
အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်
အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။
ရွှေ့ပြောင်းသွားလာမှု များပြားခြင်းကြောင့် ရခိုင်နှင့် စစ်ကိုင်းတိုင်းတွင် ငှက်ဖျားဖြစ်ပွားသူဦးရေ မြင့်မားလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် ငှက်ဖျား ဖြစ်ပွားသူဦးရေ သုံးသောင်း ခြောက်ထောင်ကျော်ရှိကာ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းသည် သုံးသောင်းတစ်ထောင်ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရန်ကုန်တွင် သုံးရာကျော်နှင့် မန္တလေးတိုင်းတွင် ခြောက်ထောင်ကျော်ဖြင့် ငှက်ဖျားဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ကြောင်း အမျိုးသားငှက်ဖျား ရောဂါတိုက်ဖျက်ရေး စီမံချက် ၂၀၁၄ စာရင်းများအရ သိရသည်။
‘‘၂၀၁၁ ကနေ ၂၀၁၄ အထိ ကြည့်လိုက်ရင် ငှက်ဖျားဖြစ်ပွားနှုန်းက တဖြည်းဖြည်းနည်းလာပေမယ့် ရခိုင်နဲ့ စစ်ကိုင်းမှာတော့ များ နေသေးတာ တွေ့ရတယ်။ တိုင်း နဲ့ပြည်နယ်တွေကို ငှက်ဖျားပိုးရှိ၊ မရှိ သွေးဖောက်စစ်လိုက်တဲ့အခါ မှာ ရခိုင်နဲ့ စစ်ကိုင်းက အများဆုံးဖြစ်နေတယ်’’ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါနှိမ်နင်းရေးဌာန(ရပကန) လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။
NCA လက်မှတ်ရေးထိုးပွဲသို့ အားလုံးပါဝင်မှလက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက်နက်ကိုင်အဖွဲ့အားလုံး မတက်
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် လက်မှတ်ရေးထိုးပွဲသို့ တက် ရောက်ရန် အစိုးရဘက်မှ ဖိတ်ကြားခဲ့ သော်လည်း အားလုံးပါဝင်မှ လက်မှတ် ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် လက် နက်ကိုင်အဖွဲ့အားလုံးမှ NCA လက် မှတ်ထိုးပွဲသို့ မတက်ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ် NCA လက်မှတ်ရေးထိုးရန် အတွက် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို အစိုးရမှဖိတ်ခေါ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့ကသာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။
NCA လက်မှတ်ရေးထိုးပွဲမှာ သမ္မတဦးသိန်းစိန် ဘာပြောခဲ့လဲ။ သမ္မတ၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(သမ္မတဦးသိန်းစိန်)
ဒီကနေ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီ ချက်စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လက်မှတ်ရေးထိုးဖို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၊ ပြည်တွင်းအသိသက်သေများ၊ နိုင်ငံတကာ အသိသက်သေများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်အကြီး အကဲများ၊ အစိုးရ လွှတ်တော် တပ်မတော်မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် တော်များနဲ့ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များကို မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်ပါရစေ။
စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ရှမ်းပြည်၌ ထိုးစစ်ရပ်တန့်ဖို့ ရှမ်းလူမှုအဖွဲ့ များ တောင်းဆို

နေပြည်တော်အစိုးရအနေနှင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက ရှမ်းပြည်နယ်ရှိ အပစ်ရပ်ဒေသတွင်းသို့ အစိုးရစစ်တပ်များ ထိုးစစ် ၀င်ရောက်ခြင်းကိုရပ်တန့်ရမည်။
ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခု အတွင်း နေုပြည်တော်စစ်တပ်များ ယနေ့ထိုးစစ် ဆင်နေခြင်းကြောင့် ကျေး လက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။
အွန်လိုင်းပေါ်က လူပြောများနေတဲ့ ချစ်သမီးကိစ္စ
လူမှုကွန်ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏လုံချည်အရောင်နှင့်
တပ်မတော်ဝတ်စုံကို ခိုင်းနှိုင်းရေးသားသူအား ဖမ်းဆီးတရားစွဲဆို
*****************************************************
လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ် ဘွတ်ခ်တွင် ဒေါ်အောင်ဆန်းစုကြည် ဝတ် ဆင်ထားသော လုံချည်အရောင်နှင့် တပ်မ တော်ဝတ်စုံသစ်ကို နှိုင်းယှဉ်ရေးသားသူအား မအူပင် မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထား သည်ဟု သိရသည်။
တပ်မတော်မှ ခေတ်စနစ်နှင့်အညီ ဝတ် စုံများ ပြောင်းလဲလိုက်သည်ဟု ကြေညာပြီး နောက်ပိုင်းတွင် မချောစန္ဒီထွန်း(ချစ်သမီး)အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည် ၏ လုံချည်အရောင်နှင့် တပ်မတော် ဝတ်စုံ သစ်ကို ယှဉ်တွဲဖော်ပြခဲ့ခြင်းဖြစ်သည်။
ဒီချုပ်အောင်နိုင်ရေးအတွက် မန္တလေးမြို့ခံများ မိုးရေထဲစက်ဘီးစီး၍လှုံ့ဆော်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် မန္တလေးမြို့ခံစက် ဘီးချစ်သူများက စက်ဘီးအစီး ၁၀၀ ခန့်ဖြင့် အောက်တိုဘာ ၁၃ ရက်နံနက်က ချမ်းအေးသာစံမြို့ နယ်အတွင်း လှည့်လည်လှုံ့ဆော်ခဲ့ ကြောင်း သတင်းရရှိသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံကို ခြေထောက်ဖြင့် နင်းထားသည့်ပုံအား Facebook တွင် တင်မှုကြောင့် နောက်တစ်ဦး ထပ်မံ ဖမ်းဆီးခံရ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို Facebook တွင် တင်မှုကြောင့်ဟုဆိုကာ လှိုင်မြို့နယ်နေ ဦးခွန်ဂျာလီအား သက်ဆိုင်ရာ ရဲစခန်းက လှိုင်မြို့နယ်နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်မှာ အောက်တိုဘာ ၁၄ ရက် ညပိုင်းက ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါနေ့ ည ၇ နာရီခွဲခန့်တွင် လှိုင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် အမျိုးသမီးရေးရာ လှုပ်ရှားသူ ဒေါ်မေစံပယ်ဖြူ၏ ခင်ပွန်း ဦးခွန်ဂျာလီအား ၎င်းနေထိုင်သည့် လှိုင်မြို့နယ်၊ ၁၀ ရပ်ကွက် လှိုင်မြင့်မိုရ် အိမ်ရာတွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
သံတွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရန်စီစဉ်သူအချို့ ခွင့်ပြုချက်မရ ဆန္ဒပြရန်စီစဉ်သူက ခွင့်ပြုချက်တောင်းခံမှု ပြန်ရုပ်သိမ်း
ဒေါ်အောင်ဆန်းစုကြည် အား ကန့်ကွက်ကြောင်းဆန္ဒဖော် ထုတ်ပွဲတစ်ခုကိုသံတွဲမြို့၌ ပြု လုပ်ရန်လူအချို့က ခွင့်ပြုမိန့် တောင်းခံခဲ့ပြီး စည်းကမ်းနှင့် မညီ ညွတ်၍ သက်ဆိုင်ရာက လက်မခံခဲ့ကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၆ရက်တွင် စတင်မည့် ဒေါ်အောင်ဆန်းစု ကြည်၏ သံတွဲခရီးစဉ်အတွင်း ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ် ရန်စစ်တွေနှင့် သံတွဲမြို့နယ်ဒေသခံနှစ်ဦးက ဦးဆောင်၍ အောက်တိုဘာ ၁၃ရက်၌ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုမိန့်တင်ခဲ့သည်။ သို့သော် ဥပဒေအရ ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ငါးရက်ကြို
ရွှေတိဂုံဘုရားဖူးတဲ့ ၀မ်းဘတ်(Ong Bak)မင်းသား
ဝမ်းဘတ်(Ong-Bak) မင်း သားဟု မြန်မာပရိသတ်သိထား သည့် ထိုင်းအက်ရှင်မင်းသား Tony Jaaသည် ယနေ့ နံနက် အစောပိုင်းက ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်ခဲ့သည်။
မင်းသား၏ တရားဝင် ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရွှေတိဂုံ စေတီပေါ်တွင် အမှတ်တရ ရိုက် ကူးထားသည့်ပုံကို တင်ထားပြီး ပရိသတ်များ၏ အမေးကို ဖြေ ကြားရာတွင် မြန်မာနိုင်ငံသို့ ခေတ္တ ခဏသာ လာရောက်ခြင်း ဖြစ်သည်ဟု ဖြေကြားထားသည်။
Subscribe to:
Posts (Atom)

















