Friday, August 30, 2013

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ 
ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ် တရက် ရပ်တန့်စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ သဘောကွဲ


ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှား နဲ့ အမေရိကန်နိုင်ငံတွေဟာ ဆီးရီးယား အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒုတိယနေ့ အဖြစ်ပြုလုပ်ခဲ့ကြပေမယ့် စစ်ရေးအရ အရေးယူဖို့အတွက်တော့ တညီ တညွတ် တည်း ဆုံးဖြတ်ချက် မချနိုင်သေးပါဘူး။ သူတို့ရဲ့ ကြာသပတေးနေ့ အစည်းအဝေးဟာ တနာရီတောင် မကြာခဲ့သလို သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေ ကိုလည်း ဘယ်သူ ကမှ ပြန်လည် မဖြေကြားခဲ့ပါဘူး။

အိမ်ထောင်မှုသုခ အပြည့်အ၀ခံစားနိုင်စေရန် အရေးပါသောဗီတာမင်များ


ဗီတာမင်ဘီတွေဟာ လိင်အင်္ဂါ အစိတ်အပိုင်းတွေကို ပုံမှန် လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ ခန္ဓာကိုယ်ထဲက ဗီတာမင်ဘီ ပမာဏဟာ ထွက်ရှိလာတဲ့ လိင်ဟော် မုန်း ပမာဏနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ ဗီတာမင်ဘီ ခိျု့တဲ့မှု ဖြစ်ရင် နုံးချည့် ညောင်းညာတာနဲ့ အားအင် မရှိတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ အနားယူဖို့နဲ့ အိပ်စက်ဖို့ လိုအပ်နေပါတယ်။ ဗီတာမင်ဘီ အုပ်စုဟာ ဦးနှောက်လုပ်ငန်းဆောင်တာနဲ့ တွေးခေါ်နိုင်စွမ်းမှာ အရေးပါတဲ့ အပြင် စိတ်ဓာတ် ကျတာနဲ့ ပူပင်သောကများတာ တို့ကို လည်း လျော့ကျစေ ပါတယ်။ တချို့ ဗီတာမင်ဘီ အမျိုးအစားတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို သာမက အထွေထွေ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါ တယ်။

"မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ"


Photo: "မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အမေရိကန် စိုးရိမ်ဆဲ"
=================================

Friday, 30 August 2013


အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးတွေ နဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှား နဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးတွေရဲ့ စည်းဝေးပွဲ ပြင်ပမှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel နဲ့ မြန်မာအစိုးရ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်တို့ Nပီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က သီးခြားတွေ့ဆုံခဲ့ကြစဉ်မှာ မြန်မာနိုင်ငံ ရဲ့ ပြုပြက်ပြောင်းလဲမှုတွေ ဆက်လက် တိုးတက်နေဖို့အရေးကြီးသလို၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့လည်း အရေးကြီး ကြောင်း Chuck Hagel က ဆွေးနွေးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်အစိုးရ အကြမ်းဖက်မှု နဲ့ ဘဏ္ဍာရေး စုံစမ်းထောက်လှမ်းရေး ဌာန အကြီးအကဲ David Cohen က မြန်မာနိုင်ငံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး ကို မြောက်ကိုးရီးယားနိုင်ငံက စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ၀ယ်ယူခဲ့တဲ့ကိစ္စနဲ့ ပိတ်ဆို့အရေးယူ ကြောင်း ကြေညာခဲ့ပါတယ်။

အခုလို အမေရိကန် နဲ့ မြန်မာ ကာကွယ်ရေးဝန်ကြီးနှစ်ဦး သီးခြားတွေ့ဆုံခဲ့တာဟာ နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

RFA
အမေရိကန်စစ်တပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုပေမယ့် မြောက်ကိုရီးယား နဲ့ ဆက်ဆံရေးအပေါ်စိုးရိမ်နေဆဲဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။
8.1.1
ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကြားတွင် တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
မြန်မာနိုင်ငံအတွင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် ရဲမေအင်အား ၆၀၀ ကျော် အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

စက်တင်ဘာလလယ်နှင့် ဒီဇင်ဘာ လကုန်ပိုင်း၌ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်းသုံးလုံး ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံတွင် မုတ်သုံစတင် ဆုတ်ခွာရာ စက်တင်ဘာလ လယ်ပိုင်းမှ ဒီဇင်ဘာလ အကုန်အထိ ဘင်္ဂလား ပင်လယ်အော်၌ မုန်တိုင်းအနည်းဆုံး သုံးကြိမ် ဖြစ်ပွားနိုင်ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်အရ သိရသည်။
8.1.1
ယခုနှစ်အတွင်း ရန်ကုန်မြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ - မျိုးမင်းထက်)
မြို့နယ်အလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခွင့်ကို နာမည်ကျော် ကုမ္ပဏီကြီးအချို့ အပါအ၀င် ကုမ္ပဏီ ၂၀ ကျော်က လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။

Thursday, August 29, 2013

အမေရိကန်စစ်ပြင်၍ ရွှေဈေးဆက်တိုက်တက်

အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် ရေနံစိမ်းဈေးနှင့် ကမ္ဘာ့ရွှေဈေးများ မြင့်တက်ခြင်းနှင့် အတူ ပြည်တွင်းရွှေဈေးလည်း ဆက်တိုက် တက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။

မသန်စွမ်းဖြစ်သွားသည့် စစ်သားဟောင်းများ တစ်နှစ်လျှင် ကျပ်သုံးသောင်းသာ ထောက်ပံ့ကြေးရ

စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အင်္ဂါ ချို့ယွင်း ခဲ့ရသည့် စစ်သားများသည် တစ်နှစ်လျှင် ငွေကျပ်သုံးသောင်း ထောက်ပံ့ပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီး၏ သြဂုတ် ၂၈ ရက်က လွှတ်တော်တွင် ရှင်း လင်းဖြေကြားချက်တွင် ပါရှိသည်။

"ကင်တားနားရဲ့ကားကိုရိုက်ပုတ်တာဟာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ် ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဝေဖန်လိုက်ပါတယ်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်

W-29-8
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မေလက တရားမ၀င် အလုပ်သမားများနှင့် စပ်လျဉ်း၍  စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးညွန့်)
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာအပါအ၀င် တရားမ၀င် အလုပ်သမားများကို အထူးစီမံချက်ဖြင့် သုံးလဆက်တိုက် ဖမ်းဆီးပြီး နေရပ်သို့ ချက်ချင်းပြန်ပို့ရန် မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာနက စီစဉ်နေကြောင်း သိရသည်။

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ်ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များ ဖြစ်ပွားလာပါက အမြန်ဆုံး ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထား

B-29-8
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်စဉ်များ ဖြစ်ပွားလာပါက ဖြစ်စဉ်အား ကြီးထွားလာမှု မရှိစေဘဲ အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ အင်အားကို အဆင်သင့် ပြင်ဆင်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ရင်းများ ကွပ်ကဲရေး ရဲတပ်ဖွဲ့မှ သိရသည်။

ဘင်္ဂါလီ ကျောင်းသားများ တက်ရောက်သင်ကြားနေသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိ

K-29-8
စစ်တွေမြို့နယ် အတွင်းရှိ ယာယီစာသင်ကျောင်းများကို တွေ့ရစဉ်
ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ ကျောင်းသားများသာ သီးသန့်တက်ရောက် သင်ကြားနေကြသည့် အခြေခံပညာ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သီဆိုခြင်း မရှိကြောင်း ပညာရေးဌာနမှ သိရသည်။

ဆီးရီးယားကို သြဂုတ် ၂၉ ရက်တွင် စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း အမေရိကန် ပြောကြား

I-29-8
ပြင်သစ်လေယာဉ်တင်သင်္ဘော ချားဒီဂေါကို ၂၀၁၁ ခုနှစ် သြဂုတ်က ပြင်သစ်တောင်ပိုင်းဆိပ်ကမ်း တိုလွန်တွင် တွေ့ရစဉ်
ဆီးရီးယားတွင် အစိုးရက အရပ်သားများကို ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု စွပ်စွဲမှုများ ပေါ်ထွက်ခဲ့ပြီးနောက် အမေရိကန်နှင့် မဟာမိတ်တပ်များသည် ဆီးရီးယားကို တိုက်ခိုက် ရန် ပြင်ဆင်နေကြောင်း ခန့်မှန်းမှုများ မြင့်မားနေချိန်တွင် အမေရိကန် ထိပ်တန်း တာဝန်ရှိသူ များက ဆီးရီးယားကို သြဂုတ် ၂၉ ရက် အစောဆုံးထား တိုက်ခိုက်ဖွယ်ရှိကြောင်းကို NBC News ပြောကြား ခဲ့ကြောင်း သိရသည်။ သို့သော် ဆီးရီးယား အစိုးရကို အပြောင်းအလဲ ပြုလုပ်ရန် မဟုတ်ဘဲ သမ္မတ ဘာရှားအယ်လ်အာဆတ် အစိုးရအား အပြစ်ပေးရန်သာ ရည်ရွယ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ အိမ်ဖြူတော်သည် အာဆတ်အစိုးရကို ဖြုတ်ချရန် မစဉ်းစားကြောင်း အမေရိကန်သမ္မတ ဘာရက် အိုဘားမား ပြောခွင့်ရပုဂ္ဂိုလ် ဂျေးကာနေးက ပြောကြားခဲ့သည်။

သာကေတမြို့နယ် မြကန်သာ သောက်သုံးရေကန်တွင် အစ္စလာမ်ဘာသာဝင် သုံးဦးက အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် သက်ဆိုင်ရာက ရေနမူနာယူပြီး စစ်ဆေးနေ

S-29-8
အဆိပ်ခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့သည့် သာကေတမြို့ နယ်ရှိ မြကန်သာ သောက်ရေကန် အား တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
သာကေတမြို့နယ် ၄/တောင်ရပ်ကွက်ရှိ မြကန်သာ သောက်သုံးရေကန် အတွင်းသို့ အစ္စလာမ် ဘာသာဝင် သုံးဦး အဆိပ်လာခတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် လူစုလူဝေး ဖြစ်ပေါ်ခဲ့သောကြောင့် သက်ဆိုင်ရာမှ အဆိုပါ သောက်သုံးရေကန်အတွင်းမှ ရေကိုနမူနာယူကာ စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

Wednesday, August 28, 2013

ထန်းကုန်းတွင် ဘာသာပေါင်းစုံ ပါဝင်သော ပဋိပက္ခ ကာကွယ်တားဆီးရေးအဖွဲ့ ဖွဲ့



ပဋိပက္ခကြောင့် မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူ မြို့နယ် ထန်းကုန်းမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်း ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးကြည်လင်က ပြောကြားသည်။

သံတွဲ၌ ပဋိပက္ခ ဖြစ်ပွားလုဆဲ ရဲတပ်ဖွဲ့ အချိန်မီ ထိန်းသိမ်း



ရခိုင်ပြည်နယ် သံတွဲမြို့ နံတော်တောင် တောင်ခြေရင်းတွင် သီတင်းသုံးနေ သည့် ဘုန်းတော်ကြီး တစ်ပါး ကို အစ္စလာမ် ဘာသာဝင် တစ်ဦးက ဆဲဆိုသည်ဟု ဆိုသည့် သတင်းများ ထွက်ပေါ် ခဲ့ပြီး နောက် တွင် ယင်းနေရာ သို့ လူ ၆၀ ခန့် စုဝေးလာသဖြင့် ရဲတပ်ဖွဲ့က အချိန်မီ တားဆီး ခဲ့ကြောင်း ဒေသခံများနှင့် သံတွဲမြို့နယ် ရဲတပ်ဖွဲ့ စခန်းတို့မှ သိရှိရသည်။

လွှတ်တော်နှင့် သမ္မတရုံး ပြေလည်မှုမရှိဟု ပြည်သူလူထု အထင်အမြင်မလွဲစေလို

လွှတ်တော်နှင့် နိုင်ငံတော် သမ္မတရုံးတို့ကြား မပြေလည်မှုများ ရှိနေသည်ဟု ပြည်သူလူထု အထင်အမြင် မလွဲစေလို ကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေ ကြမ်းပူးပေါင်းကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် က ပြောသည်။

မျက်နှာဖုံးစွပ် လူသတ်သမားများအမှု လုံခြုံရေး အခြေအနေအရ လက်နက်ကိုင် ရဲအစောင့်များဖြင့် တရားရုံးထုတ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ (၆) လမ်းတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖြစ်ပွားခဲ့သည့် မျက်နှာဖုံးစွပ် လူသတ်မှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးလျက်ရှိရာ သြဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် လက်နက်ကိုင် ရဲအစောင့်များဖြင့် ရုံးထုတ်ခဲ့ရကြောင်း အင်းစိန်မြို့နယ် မြို့မ ရဲစခန်းမှ အကြီးတန်း ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

ဗြိတိသျှနဲ့အမေရိကန် နိုင်ငံသား ၂ ဦး တရုတ်အစိုးရ ဖမ်းဆီး

တရုတ်နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို တရားမ၀င် ၀ယ်ယူရောင်းချတယ်ဆိုတဲ့ စွဲချက်နဲ့ ဗြိတိန်နိုင်ငံသားတဦးနဲ့ ဇနီးဖြစ်သူ အမေရိကန် နိုင်ငံသားတဦးတို့ကို တရုတ်အာဏာပိုင်တွေက တရားရုံး တင်လိုက်ပါတယ်။ Peter Humphrey နဲ့ ဇနီးဖြစ်သူ Yingzeng Yu တို့ နှစ်ဦးကို အခု ဇူလိုင်လမှာ တရုတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် စီမံခန့်ခွဲမှုများ အငြိမ်းစားရဲမှူးကြီးတို့ ဝေဖန်

အရပ်ဘက်အုပ်ချုပ်ရေးတွင် အခရာကျသော အာဏာပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည့် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲ တပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျလျက် ရှိသည်ဟု အငြိမ်းစား ရဲမှူးကြီးတို့က ဝေဖန်လိုက်သည်ဟု သိရသည်။

တောင်ကြီး ခမ်းခုံးရွှေဆိုင် ရွှေ ၅၀ သား ခိုးယူခံရမှု တရားခံများ၏ ခန့်မှန်းရုပ်ပုံများ ထုတ်ပြန်

တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်း ဈေးပိုင်းရပ်ကွက် မြို့မဈေး တောင်ဘက်ပေါက် မြေညီထပ် အခန်းအ မှတ် ၃ တွင် ဖွင့်လှစ်ထားသည့် ခမ်းခုံးရွှေဆိုင်တွင် ငွေကျပ်တန်ဖိုး သိန်း ၃၄၀ တန်ဖိုးရှိ ရွှေ ၅၀ ကျပ်သား အခိုးခံရခြင်းအတွက် တောင်ကြီး မြို့မရဲစခန်းက သံသယရှိသူ နှစ်ဦး၏ ခန့်မှန်းရုပ်ပုံကို သြဂုတ်လ၂၇ ရက် က ထုတ်ပြန်လိုက်သည်။

ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ




Photo: ဘက်မလိုက်ကြောင်း လူ့အခွင့်အရေးသံတမန် ကင်တားနား ချေပ
Wednesday, August 28, 2013

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
 
မြန်မာပြည်သူတွေအနေနဲ့ သူ့ရဲ့ လုပ်ရပ်တွေအပေါ်မှာ အမြင်မှန် ရစေချင်တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကို (၇) ကြိမ်မြောက် သွားရောက်ခဲ့ပြီး၊ ဒီရက်ပိုင်းအတွင်း ပြန်ထွက်လာခဲ့တဲ့ မစ္စတာ ကင်တားနားက ဗွီအိုအေနဲ့ မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်အတွက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ အခုလို ပြောလိုက်တာပါ။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။
 
ပါမောက္ခ ကင်တားနားအနေနဲ့ ဒီတခေါက် မြန်မာပြည်ကို သွားတဲ့အခါ သူ့ကို ဆန့်ကျင်ဆန္ဒပြတဲ့ ကိစ္စနဲ့ ၂ ကြိမ် ကြုံခဲ့ရပါတယ်။ ဒီအထဲမှာ ရခိုင်ပြည်မှာ ကြုံခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကောင်းမြင်တဲ့ သဘောနဲ့ ရှုမြင်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိတယ်၊ ဆန္ဒပြသူထဲက လူတဦးနဲ့ အမြင်ချင်း ဖလှယ်ခွင့် ရခဲ့တယ်လို့ ဆိုပါတယ်။
 
သို့သော်လည်းပဲ မိတ္ထီလာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆန္ဒပြမှုကိုတော့ သူက အကြမ်းဖက် ခံခဲ့ရတဲ့ သဘောမျိုး ယူဆပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတော်ကလေး စိတ်မကောင်းပုံလည်း ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အစိုးရဘက်က သူ့ရဲ့လုံခြုံရေးကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာကို သူက အဓိက ထောက်ပြပါတယ်။
 
ဒါပေမဲ့ ဒီကိစ္စကိုလည်း နောင်မဖြစ်ရင်ပြီးရော သူက မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး ရှင်းပြခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် တစုံတရာ ဆက်လက်ပြီးတော့ အရေးယူ ဆောင်ရွက်စရာလည်း မလိုဘူး၊ မရှိဘူးဆိုတဲ့ သဘော အခုလို ပြောပါတယ်။
 
“နောက်တကြိမ် ထပ်ပြီးတော့ ပြောပါဦးမယ်။ စောစောက ပြောခဲ့သလိုပါပဲ ဒီကိစ္စကို ကျနော်ကိုယ်တိုင် မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒီမှာတင် ရပ်ထားလိုက်မှာပါ။ အစိုးရဟာ ကျနော့်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော် မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်လာတဲ့အခါ ဒါမျိုး ထပ်မဖြစ်တော့ဘူးလို့ မျှော်လင့်ပါတယ်။”
 
နောက်တချက်က မစ္စတာ ကင်တားနားအနေနဲ့ အဓိက ကာကွယ်ပြီး ပြောချင်တဲ့ ကိစ္စကတော့ သူဟာ တဘက်ဘက်ကို ဘက်လိုက်တာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ အထူးသဖြင့် ဗုဒ္ဓဘာသာ တချို့က မစ္စတာ ကင်တားနားဟာ မူဆလင်တွေဘက်က ဘက်လိုက် ဆောင်ရွက်နေတယ်ဆိုတဲ့ သဘောနဲ့ ဆန္ဒပြခဲ့ကြတာပါ။
 
ဒီလို အထင်ခံရတဲ့ ကိစ္စကိုတော့ သူက အဓိကထားပြီး ချေပပါတယ်။ သူ့အနေနဲ့ တဘက်ဘက်ကို ဘက်လိုက်စရာ လုံးဝ အကြောင်းမရှိဘူး ဆိုတာကို အခုလို အခိုင်အမာ ပြောသွားပါတယ်။
 
“ကျနော် ဒီတာဝန်ကို စတင် ထမ်းဆောင်တာ ၂၀၀၈ ခုနှစ်ကတည်းက
ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပြီးတော့
နောက်တနှစ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။ သံဃာတော်၊ သာမန်အရပ်သား၊ ဗုဒ္ဓဘာသာ မြန်မာတွေ အသတ်ခံခဲ့ရပြီးတဲ့ ကာလပါ။ အဲဒီ ၂၀၀၈ မှာ ရောက်လာတော့ ကျနော်ဟာ ဖိနှိပ်ခံနေရသူ အားလုံးအတွက် ခုခံကာကွယ်မှုတွေ စလုပ်ပါတယ်။ အဲဒီအချိန်ကစပြီး ဒီကနေ့အထိ ကျနော်ဟာ အဖိနှိပ်ခံ လူ့အသိုင်းအ၀ိုင်း အားလုံးအကျိုးအတွက် ဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့်မို့လို့ မြန်မာပြည်သူတွေအနေနဲ့ ကျနော် ဘာတွေလုပ်ဆောင်ခဲ့တယ် ဆိုတာကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ကြဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါဟာ မနှစ်တနှစ်ကမှ စပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ကျနော့်ရဲ့ ရပ်တည်ချက်ပါ။”
 
“နောက်တခုက ကျနော်ဟာ တောင်အမေရိကတိုက်သားပါ၊ အာဂျင်တီးနား နိုင်ငံသားပါ။ ကျနော်တို့ အာဂျင်တီးနားမှာ မူဆလင် အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းလည်း မရှိပါဘူး။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီပြဿနာတွေမှာ တဘက်ဘက်ကို ဘက်လိုက် ဆောင်ရွက်စရာအကြောင်း လုံးဝ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ကုလသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း သိအောင် တင်ပြပေးဖို့သာ ဖြစ်ပါတယ်။ လူ့အသိုင်းအ၀ိုင်းတွေအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အာရုံစိုက်ရပါတယ်။ ကျနော် ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကြည့်လို့ရှိရင် ခင်ဗျား တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်လူ့အဖွဲ့အစည်း ဘယ်လိုတွေ ဒုက္ခရောက်ရတယ်၊ ဘယ်လို နစ်နာခဲ့ရတယ်၊ သူတို့အတွက် ဘယ်လိုမျိုး ဖွံ့ဖြိုးရေးတွေ လိုအပ်သလဲ၊ နောက် သယံဇာတ မျှဝေခံစားခွင့် ရသင့်တယ်ဆိုတာကို အလေးထား တင်ပြထားတာ တွေ့ရပါလိမ့်မယ်။”
 
“အလားတူစွာပဲ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျနော်ဟာ မြန်မာပြည်က လူ့အသိုင်းအ၀ိုင်းတွေ အားလုံးအတွက် ဒါမျိုးတွေ လုပ်ဆောင်ခဲ့တယ်ဆိုတာ ထပ်ပြီးတော့ ပြောလိုပါတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အားလုံးပါ။ ဒီတကြိမ်မှာ ဆိုလို့ရှိရင် အရင် ကုလသမဂ္ဂရဲ့ ဘယ်အရာရှိကြီးကမှ မသွားခဲ့ဘူးတဲ့ ချင်းပြည်နယ်ကိုပါ ကျနော် ရောက်အောင် သွားခဲ့တာပါ။”
 
မစ္စတာ ကင်တားနားဟာ ဒီတခေါက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ (၇) ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးစဉ်အဖြစ် လာမယ့် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဦးမှာလည်း
ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး သံတမန်အဖြစ် ထမ်းဆောင်တဲ့ ရာထူးသက်တမ်း ကုန်ဆုံးပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။

VOA Burmese

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးသံတမန် Thomas Ojae Quintana
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Thomas Ojae Quintana) က မိတ္ထီလာမှာ အကြမ်းဖက် ကန့်ကွက်ခံခဲ့ရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေ နဲ့ မြန်မာနိုင်ငံအစိုးရအပေါ် တစုံတရာ အရေးယူ ဆောင်ရွက်စရာ အကြောင်း မရှိဘူး လို့ ပြောလိုက်ပါတယ်။

ဦးနှောက်ကို အမြဲနုပျိုနေစေရန်

 
(၁) လှုပ်ရှားပါ
လေ့ကျင့်ခန်းလုပ်ခြင်း၊ကိုယ် လက်လှုပ်ရှားခြင်း ကြောင့် ဦးနှောက်ဆံခြည်မျှင်သွေးကြောဖွဲ့ စည်းမှု ကောင်းမွန်ပြီးသွေးအထောက်အပံ့၊ အာဟာရနှင့် အောက်ဆီဂျင်ပေါများစွာ ရရှိနိုင်သောကြောင့် ဦးနှောက် နဗ်ဆဲလ်များနုပျိုစေသည်။

ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်

Russia and Western powers continue to disagree over a course of action following the alleged use of chemical weapons in Syria. (Credit: Reuters) 

ဆီးရီးယားနိုင်ငံက ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် ​အမေရိကန် ​ကာကွယ်ရေး ဌာနအနေနဲ့ ​သွားဖို့အသင့်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ​ဆိုပါတယ်။
အမေရိကန်သမ္မတ ​Barack ​Obama ​ရဲ့ ​အမိန့်ပေးတဲ့အပေါ်မှာ ​လုပ်ဆောင်နိုင်ဖို့အတွက် ​အမေရိကန် စစ်တပ်က ​အသင့်ပြင်ထားပြီး ​ဖြစ်တယ်လို့ ​အမေရိကန်နိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​Chuck ​Hagel ​က ​ဘီဘီစီနဲ့ ​အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။

ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များတွင် နောက်ကွယ်၌ လှုံ့ဆော်သူ အမျိုးမျိုး ရှိနေသည်ဟု ဒေသခံများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြား

X-28-8
ကန့်ဘလူမြို့နယ်ရှိ ထန်းကုန်းကျေးရွာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်စစ်ဆေး နေသည်ကို သြဂုတ် ၂၅ ရက်က တွေ့ရစဉ်
မြန်မာနိုင်ငံအ၀န်း ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ်စဉ်များမှာ ကနဦးတွင် သာမန်ဖြစ်ရိုးဖြစ်စဉ်နှင့် သာမန် မှုခင်း ဖြစ်စဉ်များ စတင်ဖြစ်ပွားရာမှ အစပြုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များ၏ နောက်ကွယ်၌ လှုံ့ဆော်သူ အဖွဲ့အစည်း အမျိုးမျိုး ရှိနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများ ပြောကြားနေသော်လည်း ကျူးလွန်သူ များကို ဖမ်းမမိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် အမြန်ဘတ်စ်ကား လိုင်းစနစ်တွင် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ ၀င်ရောက်ပြေးဆွဲရန် တင်ပြလာပြီး လမ်းများ၊ မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေး

T-28-8
ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်း အချို့ကို တွေ့ရစဉ်
ရန်ကုန်မြို့တွင်း အမြန်ဘတ်စ်ကားလိုင်း (BRT) စနစ်ကို ပြေးဆွဲရန် စီစဉ်နေရာ ယင်းစနစ်တွင် ၀င်ရောက်ပြေးဆွဲရန်အတွက် ပုဂ္ဂလိက ယာဉ်လိုင်းကြီးနှစ်ခုမှ တင်ပြလာပြီး အဆိုပါ စနစ်အတွက် လမ်းနှင့်မီးပွိုင့်စနစ်များ ပြုပြင်ရမည်ဖြစ်၍ မစတင်နိုင်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ဘူးသီးတောင် မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊ ဆရာများနှင့် လုံခြုံရေးတပ်ဖွဲ့များအား ခြိမ်းခြောက်သည့်စာများ ထွက်ပေါ်

N-28-8
ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာ ဆိပ်ကမ်းတွင် တွေ့ရသော ရခိုင်တိုင်းရင်းသားများ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ၊ ဆရာများနှင့် လုံခြုံရေး တပ်ဖွဲ့များသို့ ခြိမ်းခြောက်သည့်စာများ ထွက်ပေါ်နေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့က ထုတ်ပြန်

မြန်မာနိုင်ငံသည် လူမျိုးရေးဘာသာရေး ပဋိပက္ခ ချောက်ကမ်းပါးတွင် ရောက်ရှိနေပြီး တာဝန်ရှိသူများ အနေဖြင့် ကောင်းမွန်စွာ ထိန်းသိမ်းခြင်း မပြုပါက ဗုဒ္ဓဘာသာနှင့် မွတ်စလင် အသိုင်း အ၀ိုင်း နှစ်ခုတို့အကြား တင်းမာမှုများ ပိုမိုဖြစ်လာနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (APHR) က သြဂုတ် ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်သည်။