Friday, June 14, 2013

နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း

Photo: နှစ်လမ်းမောင်းဖြင့် အဆင်ပြေ နေပြီဖြစ်သည့် သိမ်ကြီးဈေး ရှေ့ရှိ ရွှေတိဂုံ ဘုရားလမ်း 
Friday, June 14 , 2013

ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် (ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော

အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့ မရှိဘဲ ကားများ အဆင်ပြေစွာ ဖြတ်သန်း သွားလာ လျက်ရှိသည်ကို တွေ့ရသည်။

ဈေးရုံနှစ်ရုံ စလုံး၏ မျက်နှာစာတွင် ရှိသော လမ်းဖြစ်၍ ဈေးကားများ အ၀င်အထွက် ရှိသော်လည်း လိုင်းကား မှတ်တိုင်များ မရှိသည့် အတွက် ကားများ အလွန်အမင်း ပိတ်ဆို့မှု မရှိခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားခဲ့သည်။ ““ဒီလမ်းကို တစ်လမ်းမောင်း ကနေ နှစ်လမ်းမောင်း စလုပ်လိုက် တုန်းက အဆင်ပြေပါ့ မလား ယာဉ်ကြောတွေ များအရမ်း ကျပ်သွား မလားလို့ ထင်မိတယ်။ ဒါပေမဲ့ ဈေးကားတွေကြောင့် လမ်းပိတ်တယ် ဆိုတာက ခဏပဲလေ။ ကားမှတ်တိုင် တွေမှာ လိုင်းကားတွေ ပိတ်နေသလို အကြာကြီး ပိတ်နေတာမှ မဟုတ်တာ။ ကားပါကင် ထိုးတဲ့နေရာ အ၀င်အထွက် လုပ်တဲ့အချိန် ကလေးပဲ ခဏ ပိတ်သွားတာ။ ပြီးတော့ ဒီလမ်းမှာက ကားမှတ်တိုင် တွေလည်း မထားတော့ ထင်သလောက် ကားလမ်းက မပိတ်တော့ဘူး”” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

မြ၀တီ
ရန်ကုန်တိုင်း ဒေသကြီး ပန်းဘဲတန်း မြို့နယ် သိမ်ကြီးဈေး (စီ)ရုံနှင့် (ဒီ)ရုံ အကြားတွင် ရှိသော ရွှေတိဂုံ ဘုရားလမ်းသည် တစ်လမ်းမောင်း စနစ်မှ နှစ်လမ်းမောင်း စနစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သော လမ်းဖြစ်ပြီး ယခုအခါ မော်တော်ယာဉ် များသည် အဆိုပါ နှစ်လမ်းမောင်း စနစ်ဖြင့် အသားကျ သွားလာနေပြီ ဖြစ်သည်။ ထို့ပြင် တစ်လမ်းမောင်း ဖြစ်သော အနော် ရထာလမ်း၊ မဟာ ဗန္ဓုလ လမ်းနှင့် ကုန်သည် လမ်းတို့လောက် ဆိုးဆိုးရွားရွား ယာဉ်ကြော ကျပ်ခြင်း၊ ပိတ်ဆို့ခြင်းတို့မရှိဘဲ ကားများအဆင်ပြေစွာ ဖြတ်သန်း သွားလာလျက်ရှိသည် ကို တွေ့ရသည်။

ဈေးရုံနှစ်ရုံ စလုံး၏ မျက်နှာစာတွင် ရှိသော လမ်းဖြစ်၍ ဈေးကားများ အ၀င်အထွက် ရှိသော်လည်း လိုင်းကား မှတ်တိုင်များ မရှိသည့် အတွက် ကားများ အလွန်အမင်း ပိတ်ဆို့မှု မရှိခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲ တစ်ဦးက ပြောကြားခဲ့သည်။ ““ဒီလမ်းကို တစ်လမ်းမောင်း ကနေ နှစ်လမ်းမောင်း စလုပ်လိုက် တုန်းက အဆင်ပြေပါ့ မလား ယာဉ်ကြောတွေ များအရမ်း ကျပ်သွား မလားလို့ ထင်မိတယ်။ ဒါပေမဲ့ ဈေးကားတွေကြောင့် လမ်းပိတ်တယ် ဆိုတာက ခဏပဲလေ။ ကားမှတ်တိုင် တွေမှာ လိုင်းကားတွေ ပိတ်နေသလို အကြာကြီး ပိတ်နေတာမှ မဟုတ်တာ။ ကားပါကင် ထိုးတဲ့နေရာ အ၀င်အထွက် လုပ်တဲ့အချိန် ကလေးပဲ ခဏ ပိတ်သွားတာ။ ပြီးတော့ ဒီလမ်းမှာက ကားမှတ်တိုင် တွေလည်း မထားတော့ ထင်သလောက် ကားလမ်းက မပိတ်တော့ဘူး”” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။
မြ၀တီ

No comments:

Post a Comment