Saturday, July 13, 2013

စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ လက်ထပ်ရန် လိုအပ်သည်ဟု ယူဆခြင်းသည် မြန်မာနိုင်ငံ၏ လက်ထပ်မှု ပုံသဏ္ဌာန် မဟုတ်ကြောင်း ဒုတိယသမ္မတ ပြောကြား

7.12.5
ဇူလိုင် ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားနေသည်ကို တွေ့ရစဉ်
မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးစစ်တမ်း တွေ့ရှိချက်များအရ စောစီးစွာ လက်ထပ်ခြင်းနှင့် မဖြစ်မနေ

ပုသိမ်ကြီးမြို့နယ်တွင် လူနေအိမ် ၁၁ လုံးနှင့် စပါးဂိုဒေါင်နှစ်လုံး မီးလောင်

7.12.18
မီးသတ် တာဝန်ရှိသူများနှင့် ဒေသခံများ ၀ိုင်းဝန်းငြိမ်းသတ်နေကြစဉ်
မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ဇူလိုင် ၁၂ ရက် ညနေပိုင်းက လူနေအိမ် ၁၁ လုံးနှင့် စပါး ဂိုဒေါင်နှစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့သည်။

သမ္မတအိမ်တော်၌ ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အစည်းအဝေးကြောင့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ် တစ်ဝက်တွင် ရပ်နား

၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအား လျာထား အစီအစဉ်များ မပြီးဆုံးမီ နေ့တစ်ဝက်ဖြင့် ရပ်နားခဲ့သည်။

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး ပြန်လည် လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးအား ဘင်္ဂလားဒေ့ရှ်သို့ တရားဝင် လွှဲပြောင်းပေး

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက် လာသဖြင့် ထောင်ဒဏ်ပေးခဲ့ပြီး အကျဉ်းထောင် အသီးသီး မှ ပြစ်ဒဏ် လွတ် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၇၅ ဦးကို ဇူလိုင် ၁၁ ရက်က မောင်တောနယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေးအား အဓိက ဖြေရှင်းရဖွယ်ရှိ

7.12.7
အာဆီယံ စကားဝိုင်းကို ရန်ကုန်မြို့၌ ဇူလိုင် ၁၂ ရက်က ပြုလုပ်နေသည်ကို တွေ့ရစဉ်
တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းများ ရှိနေသည့် မြန်မာနိုင်ငံ အနေနှင့် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် တွေ့ဆုံဖြေရှင်းရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် '၀' သွေးစည်း ညီညွတ်ရေး ပါတီတို့ သဘောတူ

7.12.16
'၀'သွေးစည်း ညီညွတ်ရေး တပ်မတော်မှ တပ်ဖွဲ့ဝင်များအား ကျိုင်းတုံမြို့တွင် ဇူလိုင် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)
တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန်

ကွန်ဒုံးအတွင်း မူးယစ်ဆေးပြားထောင်ချီ မန္တလေးဘူတာကြီး၌ ဖမ်းမိ

မန္တလေးမြို့တော် ဘူတာကြီး အမှတ် (၂) စင်္ကြံတွင် ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ခန့်က တွဲ ထိုးထားသော မန္တလေး-မြစ်ကြီးနား အမှတ်(၅၅)အဆန် ရထား ရိုးရိုးတန်းတွဲ(၄)၊ ခုံအမှတ်(၃၈) တွင် စီးနင်း လိုက်ပါသည့် ခရီးသည်တစ်ဦးထံမှ ကွန်ဒုံးအတွင်းထည့်သယ်ဆောင်လာသော မူးယစ်ဆေးပြား ၂၂၈၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးမြို့ အမှတ်(၄)တပ်ခွဲ ရထားရဲစခန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

ရွှေတိဂုံတောင်ဘက်စောင်းတန်းတွင် မသင်္ကာသူအား ခေါ်ယူစစ်ဆေး

12.7.2013

၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော်
တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိ
လာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊
မန္တလေးတိုင်းဒေသကြီး နေသူသည်

အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည် ကို မသင်္ကာဘွယ်တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်မှ ၎င်းယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်အား ရှာဖွေရာ အတွင်းမှ ဓါတ်ခဲအကြီး(၃)လုံး၊ ၀ါယာကြိုး(၁)ချောင်း၊ မီး ပိတ်/ဖွင့်ပြုလုပ်သည့် ခလုတ်(၁)ခု၊

အရိုးအသွား ၇ လက်မခန့်ရှိ ဓါးဦးချွန်(၁)ချောင်း၊
၈/၁၀ ဆိုဒ် ဂွ(၁)ချောင်း၊ ကိုရီးယားဝမ်ငွေ (၁၀၀၀)တန်(၁)ရွက်၊ ဗီယက်နမ်ဒေါင်ငွေ (၁၀၀၀၀)တန်(၁)ရွက်တို့အား စစ်ဆေးတွေ့ရှိရ သဖြင့် ဒဂုံမြို့နယ်ရဲတပ်ဖွဲမှ အရေးယူဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police
၁၂.၇.၂၀၁၃ ရက်နေ့ ၀၇၄၅ အချိန် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်စောင်း တန်း အလယ်တွင် ဘုရားဖူးရန်ရောက်ရှိလာသူ ကျော်ဦး၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးဌေးမြင့်၊ ၀မ်းတွင်းမြို့၊ မန္တလေး တိုင်းဒေသ ကြီး နေသူသည် အဖြူရောင်ကြွပ်ကြွပ်အိတ် (၁)လုံးအားဆွဲ၍ တက်လာသည်ကို မသင်္ကာ ဘွယ်တွေ့ရ

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာများအား စစ်သင်တန်း ပို့ချနေသည်မှာ မဟုတ်မှန်ကြောင်း သိရ

7.12.8
နယ်စပ်ခြံစည်းရိုး တစ်လျှောက် လုံခြုံရေး နစက အဖွဲ့၏ ကင်းစခန်းများ (ဓာတ်ပုံ-၀င်းမောင်(မောတော))
ရခိုင်ပြည်နယ်အတွင်းတွင် ရိုဟင်ဂျာများအား စစ်သင်တန်းပို့ချနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းသို့

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာသူပုန်များ ဖမ်းဆီးထားဟု တောင်ကိုရီးယား ပြောကြား

မြောက်ကိုရီးယား ဒုက္ခသည်များကို မြန်မာနိုင်ငံ အတွင်းရှိသူပုန်များက ဖမ်းဆီးထိန်းသိမ်းထားပြီး ဘိန်း စိုက်ခင်း တစ်ခုတွင် အတင်းအကျပ် စေခိုင်းခဲ့ကြောင်း စွပ်စွဲမှုများကို တောင်ကိုရီးယားက စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။