Wednesday, June 12, 2013

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အရေးပေါ် အခြေအနေ ကြေညာချက်အမိန့် သက်တမ်းတိုးမြှင့်ခဲ့ခြင်း

 
ထိုင်းနိုင်ငံတွင် ခွဲထွက်ရေး မွတ်ဆလင် သူပုန်အဖွဲ့ များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း မငြိမ်မသက် ဖြစ်နေသည့် ထိုင်းနိုင်ငံ တောင်ပိုင်း၌ အရေးပေါ်အခြေအနေ ကြေညာချက် အမိန့် ထုတ်ပြန်ထားမှုအား သက်တမ်း ၃ လတိုးမြှင့်ရန် ထိုင်းအစိုးရက ဇွန်လ ၁၀ ရက်နေ့တွင် ဆုံးဖြတ် ချက် ချမှတ် ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ

Photo: တာမွေမြို့နယ်တွင် ဆင်ဆာမဲ့ခွေနှင့် ခွေကူးစက်များဖမ်းဆီးရမိ
Wednesday, June 12, 2013

၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့်
အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊ ပထမထပ်၊ ခေါင်းရင်းခန်းတွင် ဆင်ဆာမဲ့ခွေများ ခိုးကူးနေကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ တိုက်အမှတ် (၃၀)၊ လှေကားအောက်ထပ်တွင် အဆိုပါတိုက် (ပထမထပ်)ခေါင်းရင်း ခန်းနေ ဥာဏ်မင်းထူး၊ (ဘ)ဦးသန့်ဇင်အား နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ
ဒီဗွီဒီ ၂၅၀၀ချပ်အား ကတ္ထူပုံး (၄)ပုံး မြွေရေခွံအိတ် (၂)လုံးတို့ဖြင့်ထည့် လျက် အတင်အချပြုလုပ်နေစဉ်တွေ့ရပြီး ဆက်လက်၍ ၄င်း၏နေအိမ်ခန်း အား ၀င်ရောက်ရှာဖွေခဲ့ရာ အိမ်ရှေ့ခန်းတွင် ကတ္ထူပုံး(၇)ပုံးဖြင့်ထည့်လျက်
ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေ ဒီဗွီဒီ ၁၆၅၀ချပ်၊ နိုင်ငံခြားဇာတ်လမ်း မျိုးစုံ အယ်လ်ဘမ် ၁ခု၊ ကာဗာစာရွက် ၈၁၅ရွက်၊ရောင်စုံပလပ်စတစ်အိတ် ၆၄၀အိတ် တို့အားလည်းကောင်း၊ နေအိမ်နောက်ခန်းတွင်
ငြိမ်းချမ်းအောင်၊ (ဘ) ဦးကြည်ဝင်းအား View Sonic စာတမ်းပါ
Monitor (၁)လုံး၊ Liteon စာတမ်းပါ System Unit (၁)လုံး၊
ကီးဘုတ် (၁)ခု၊ မောက် (၁)ခု၊ ကာလာပရင်တာ(၃)လုံး၊
Vicopy စာတမ်း ပါ အခွေ (၁၀)ခွေကူးနိုင်သည့်ခွေကူးစက်(၇)လုံး၊
Ecopy စာတမ်းပါ အခွေ(၁၀)ခွေကူးနိုင်သည့် ခွေကူးစက် (၁)လုံး ဆင်ဆာမဲ့နိုင်ငံခြားဇာတ်လမ်း ခိုးကူးဒီဗွီဒီ (၉၀၀)ချပ်၊ ဒီဗွီဒီခွေလွတ် (၆၀၀)ချပ်ပါ ကတ္ထူပုံး (၃)ပုံး၊ ဒီဗွီဒီခွေအပျက်(၅၀၀)ချပ်၊
ရောင်စုံပလပ်စတစ်အိတ် (၁၃၀၀)၊ မာတိကာစာရွက် (၁၁)ရွက်၊ ဂဏန်းပေါင်းစက် (၁)လုံးတို့နှင့်အတူ ခိုးကူးနေစဉ်တွေ့ရှိသဖြင့် သိမ်းဆည်းပြီး ဥာဏ်မင်းထူးနှင့် ငြိမ်းချမ်းအောင်တို့အား
တာမွေမြို့မရဲစခန်း (ပ) ၂၃၈/၂၀၁၃၊ ဗွီဒီယိုဥပဒေပုဒ်မ ၃၂(က)(ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၂.၆.၂၀၁၃ ရက်နေ့၀၉၀၀အချိန် အရှေ့ပိုင်းခရိုင်၊ အထူးမူခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ တိုင်းဗွီဒီယိုအခြေခံအတွင်းရေးမှူး ဦးတင်မိုး၊ သက်သေများနှင့် အတူ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီးရပ်ကွက်၊ အင်းဝလမ်း၊ တိုက်အမှတ်(၃၀)၊

ဘုရင့်နောင်တံတားပေါ်မှ အမျိုးသမီးတစ်ဦးရေထဲခုန်ချ

၁၁.၆.၂၀၁၃ရက်နေ့ ၁၇၁၀အချိန်အတွင် လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားဟောင်း ရေလယ်တိုင် အမှတ် (၄)နှင့် (၅)ကြားမှ အမျိုးသမီး ငယ်တစ်ဦး ရေထဲခုန်ချခဲ့ရာ တံတားသစ်စီမံကိန်း ဆောင်ရွက်လျက် ရှိ သည့် ဇက်ရေယာဉ်အမှတ် (၁၁၀) ပြည်တွင်းရေကြောင်း ပိုင် ရေယာဉ်ပေါ်တွင် ရှိနေသူ ဦးချမ်းမြေ့သော် (စက်ကိုင်)မှ တွေ့မြင်သဖြင့် ဆယ်ယူ ကယ်တင် ခဲ့ပါသည်။

အာဆီယံ နိုင်ငံများက မြန်မာ လုပ်သားများကို ပြည်ပသို့ ခေါ်ယူ၍ အလုပ်လုပ်ကိုင် စေခြင်းထက် နိုင်ငံတွင်း လာရောက်ရင်းနှီး မြှုပ်နှံရန် တွန်းအားဖြစ်နေ

အာဆီယံ နိုင်ငံများက မြန်မာ လုပ်သားများကို ပြည်ပသို့ ခေါ်ယူ၍ အလုပ်လုပ်ကိုင် စေခြင်းထက် နိုင်ငံတွင်း လာရောက်ရင်းနှီး မြှုပ်နှံရန် တွန်းအားဖြစ်နေ
အာဆီယံ ဒေသ အတွင်းရှိ နိုင်ငံများ အနက် မြန်မာ နိုင်ငံမှ လုပ်သားများ၏ လုပ်ခ လစာမှာ အခြား နိုင်ငံများထက် များစွာသက်သာ နေခြင်းကြောင့် မြန်မာလုပ်သား များကို ပြည်ပ သို့ ခေါ်ယူ လုပ်ကိုင် စေခြင်းထက် ပြည်တွင်း၌ လာရောက် မြှုပ်နှံစေရန် တွန်းအားတစ်ရပ် ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်း ပညာရှင် များနှင့် လေ့လာသူ များက သုံးသပ်ပြောကြား ခဲ့သည်။

အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

Photo: အသည်းရောဂါ ကာကွယ် တားဆီးရေး အစွမ်းထက် တိုင်းရင်းဆေးများ ရှာဖွေဖော်ထုတ်

လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့တတ်သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။
မျက်မှောက် ကမ္ဘာကြီးတွင် သိပ္ပံနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် တိုးတက်ဆန်းပြား လာခြင်းကြောင့် လူသားတို့ လူနေမှု ဘ၀ မြင့်မား လာခြင်းနှင့် အတူ ရောဂါဝေဒနာ အမျိုးမျိုး ကိုလည်း ကြုံတွေ့ နေကြရသည်။ ယခင်က ကြုံတွေ့ခဲ့ရ ဖူးသော ရောဂါများမှာ ဆေးမတိုးတော့ သဖြင့် ဆေးဝါးဗေဒ ပညာရှင် များက ထက်မြက်သော ကုသမှု အတွက် ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးအသစ်များ တီထွင် ထုတ်လုပ်ရေး ကြိုးပမ်းနေကြ ရသည်။ တစ်ပြိုင်တည်း မှာပင် နောက်ထပ် ဖြစ်ပေါ်လာသော ရောဂါဆန်းများ အတွက်လည်း ကာကွယ်တားဆီး ထိန်းချုပ်ရန် ဆေးဝါးတို့ကို စမ်းသပ်ထုတ်လုပ် နေကြရသည်။

၂၀၁၃ ခုနှစ် ဇွန် ၇ ရက်တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ထုတ်ပြန်သော စာရင်းအရ ကမ္ဘာ့ ပြည်သူသန်းပေါင်း ၅၀၀ ခန့်သည် အသည်းရောဂါ B သို့မဟုတ် C ရောဂါပိုး ကူးစက် ခံရသဖြင့် နာတာရှည် ရောဂါသည် အဖြစ် ရောက်ရှိနေကြ ရသော်လည်း ကမ္ဘာ့ နိုင်ငံများတွင် ဤရောဂါ ကုသရေးကို ထိထိရောက်ရောက် မဆောင် ရွက်နိုင် သေးကြောင်း သိရသည်။ အသည်း ရောဂါကြောင့် သေဆုံးသူ ဦးရေသည် ကိုယ်ခံစွမ်းအား ကျဆင်းသည့် ရောဂါကြောင့် သေဆုံးသူ ဦးရေထက် ပိုမို များပြားလျက် ရှိပြီး

Read more >>http://bit.ly/11GlGmf
လောကနီတိတွင် ဖိုးသုည ခုနစ်ယောက် အဖြစ် အအိပ်ကြီးသူ၊ မေ့လျော့ တတ် သူ၊ သက်သောင့်သက်သာ ဇိမ်ခံ နေတတ်သူ၊ ရောဂါ ရနေသူ၊ ပျင်းရိသူ၊ အလိုကြီးသူ၊ အသေးအဖွဲ အလုပ်တွေနှင့် အချိန်ကုန်သူ တို့သည် ကျမ်းဂန်စာပေ တတ်ကျွမ်းခြင်းမှ ကင်းကုန်၏ဟု ညွှန်ပြထားသည်။

Sea Game ကာလ 4G စနစ် ရရှိရန်နှင့် အင်တာနက်ဂိတ်ဝေးများ အဆင့်မြင့်တင်ရန် JICA မှ အမေရိကန် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ထား

မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ JICA မှ မြန်မာနိုင်ငံရဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ 4G စနစ်ရရှိဖို့နဲ့ အင်တာနက် ဂိတ်ဝေးများ အဆင့်မြင့်တင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၂၂ သန်းခန့် ထောက်ပံ့ ထားတယ်လို့ သိရပါတယ်။ ဆီးဂိမ်း ကာလမှာ 4G စနစ် အသုံးပြုဖို့ အတွက် ကိုတော့ ဆီးဂိမ်း ကျင်းပမယ့် မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ ငွေဆောင် ဒေသ များမှာ Optical Fiber Network များ တပ်ဆင် သွားမှာ ဖြစ်ပါ တယ်။

လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ ကော့သောင်းသို့ထွက်ခွာ

မော်လမြိုင်-ကော့သောင်း ခရီးစဉ် ပြေးဆွဲနေသော မြန်မာ့လေကြောင်းပိုင် ခရီးသည်တင်လေယာဉ် ဇွန်လ ၁၀ ရက်နေ့က ပြေးလမ်းချော်မှုနှင့် ပတ်သက်၍ စစ်ဆေးရန် လေကြောင်း စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ သည် ဇွန်လ ၁၁ ရက်နေ့တွင် ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့ကြောင်း မြန် မာ့လေကြောင်း ရုံးချုပ်ထံမှ စုံစမ်းသိရသည်။

အင်ဒိုနှင့်ပေါင်း၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ရန် စီစဉ်နေ

Photo: အင်ဒိုနှင့်ပေါင်း၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ရန် စီစဉ်နေ
Wednesday, June 12, 2013

အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း PT Bukit Asam (PTBA)မှ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် လက်တွဲ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတစ်ခုတည်ဆောက်သွားရန် စီစဉ်နေကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စက်ရုံတည်ဆောက်ရန် အသေးစိတ်အချက်အလက်များ ဆွေးနွေးနေကြောင်း PTBA အတွင်းရေးမှူး Joko Pramono ထံက သိရှိရသည်။

“ ဘယ်လို စီးပွားရေး ပုံစံမျိုးနဲ့ သွားရမယ်ဆိုတာ ဆွေးနွေးနေတုန်းပါ။ဖက်စပ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ “ ဟု PTBA အတွင်းရေးမှူး Joko Pramono က ပြောသည်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှားနိုင်ငံတော်ပိုင် PT PLN နှင့် PTBA ကုမ္ပဏီ နှစ်ခုမှ ကိုယ်စား လှယ်များအနေဖြင့် PTBA ကုမ္ပဏီက ပိုင်ဆိုင်သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအား လိုက်လံကြည့်ရှုနေ ကြောင်း သိရသည်။

“ ဒါဟာ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုဖြစ်တာကြောင့် ဆွေးနွေးမှုတွေ အမြန်ဆုံးပြီးပြတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ “ ဟု PTBA အတွင်းရေးမှူး Joko Pramono က ပြောသည်။

အခြားသော နိုင်ငံတော်ပိုင် စီးပွါးရေးလုပ်ငန်းများဖြစ်သည့် ချေးငွေဘဏ် Bank Negara Indonesia ၊ PLN ၊ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း PT Pertamina ၊သံဖြူတူးဖော်ရေးလုပ်ငန်း PT Timah ၊ဆောက်လုပ်ရေး လုပ်ငန်း PT Wijaya Karya နှင့် ဘိလပ်မြေထုတ်လုပ်ရေးလုပ်ငန်း PT Semen Indonesia တို့အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ကြေငြာသည်။

PTBA ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ငန်းသုံးခုလုပ်ဆောင်ရန် လေ့လာနေကြောင်း အရင်ပြောကြားခဲ့ပြီး အဆိုပါ လုပ်ငန်းသုံးခုမှာ မြန်မာနိုင်ငံကို ဖြတ်ကျော်၍ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး၊ ကျောက်မီးသွေး ထုတ်လုပ်ရေးနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရေးတို့ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံအတွက် PTBA မှ ၎င်းတို့၏ စီမံကိန်းတစိတ်တဒေသအတွက် ကျောက်မီးသွေးထောက်ပံ့သွားမည်ဖြစ်ကြောင်း PTBA အတွင်းရေးမှူး Joko က ပြောကြားခဲ့သေးသည်။

အင်ဒိုနီးရှားနိုင်ငံမှ ထုတ်လုပ်သည့် ကျောက်မီးသွေးကို တရုတ်နိုင်ငံမှ အဓိကထား ဝယ်ယူနေသည်ဟုလည်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံပိုင် ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း PT Bukit Asam (PTBA)မှ မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် လက်တွဲ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စက်ရုံတစ်ခုတည်ဆောက်သွားရန် စီစဉ်ေ နကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မလေးရောက်မြန်မာအတွက် Air Bagan က အလုပ်ပေးမည်

Photo: မလေးရောက်မြန်မာအတွက် Air Bagan က အလုပ်ပေးမည်
Wednesday, June 12, 2013

Air Bagan Facebook စာမျက်နှာမှ အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။

မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ အတွက် Air Bagan လေကြောင်းလိုင်း အနေဖြင့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် စတင်ဆောင်ရွက်လျက် ရှိပါသည်။

မလေးရှားနိုင်ငံမှ အလုပ်သမားများ နေရပ်သို့ ပြန်နိုင်ရန်အတွက် Air Bagan အနေဖြင့် ပြေးဆွဲလျက်ရှိသော ပြည်တွင်းခရီးစဉ်များတွင် အခမဲ့လိုက်ပါစီးနင်းနိုင်ရန်အတွက် စီစဉ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Air Bagan လေကြောင်းလိုင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၏ လစ်လပ်နေရာများတွင် လာရောက်လျှောက်ထားပါက ဦးစားပေး ရွေးချယ်ခန့်ထားသွားရန် အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်သွယ် ဆောင်ရွက်လိုပါက Public Relation Department (ဖုန်းနံပါတ် ၀၁-၅၀၄၂၈၄) သို့တိုက်ရိုက် မေးမြန်းနိုင်ပါသည်။
Air Bagan Facebook စာမျက်နှာမှ အောက်ပါအတိုင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန် ပထမစီမံကိန်းမစခင် နစ်နာသူများကို လျော်ကြေးပေးမည်

Photo: သီလဝါ အထူးစီးပွားရေးဇုန် ပထမစီမံကိန်းမစခင် နစ်နာသူများကို လျော်ကြေးပေးမည်
Wednesday, June 12, 2013

သီလ၀ါ အထူးစီးပွားရေးဇုန်ကို ယခုနှစ် စက်တင်ဘာလမှစ၍ ပထမစီမံကိန်းများ စတင် အကောင်အထည် ဖော်သွားမည် ဖြစ်သောကြောင့် ဇူလိုင်လအတွင်း ဒေသခံများကို နစ်နာကြေးများ ပေးအပ်မည်ဖြစ်ကြောင်း သီလ၀ါစီမံကိန်း အကောင် အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။

ပထမ စီမံကိန်း အကောင်အထည်ဖော်မည့် နေရာများကို ဇွန်လ တတိယအပတ်တွင် အစိုးရမဟုတ်သော ပြင်ပ ပညာရှင် များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြင့် ဒေသခံများ၏ အသေးစိတ် စာရင်း၊ အချက်အလက်များကို ထပ်မံကောက်ခံပြီး ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို ဖြည့်ဆည်းပေးရန် ဆုံးဖြတ် ပေးအပ်သွားမည် ဖြစ်ကြောင်း ၎င်းက ယနေ့ သီလ၀ါ အထူးစီးပွားရေးဇုန် အထောက်အကူပြု အဖွဲ့ ရုံးခန်းမတွင် ကျင်းပသော ဒေသခံများနှင့် တွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

“လျော်ကြေးက ပြည့်စုံမှု မရှိဘူးလို့ ပြောကြပေမယ့် ကျနော်တို့ဘက်က ပြည်စုံသမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားပါ မယ်။ ရေရှည် ဘ၀ အာမခံချက် ဆိုတာကတော့ ပြောရရင် အရမ်းကို ပြောရခက်ပါတယ်။ ဒါပေမယ့် လက်ရှိ နေထိုင်သွားလို့ ရအောင်၊ အဆင်ပြေအောင် ဖန်တီးမှာပါ။ ရော့ ၂ သောင်းပဲ၊ ယူချင်ယူ၊ မယူချင်နေ ဆိုသလိုတော့ မပေးဘူး။ အများကြီး လည်း မဟုတ်ဘူး ဆိုတာတော့ ဒီနေရာက ပြောပါရစေ” ဟု ဦးဆက်အောင်က ဆိုသည်။

ပထမ အကောင်အထည်ဖော်မည့် အကျယ်အ၀န်းမှာ ဟတ်တာ ၄၀၀ (ဧက ၈၀၀ ၀န်းကျင်) ရှိပြီး ၎င်းနေရာများ အတွက် ပထမအကြိမ် စစ်တမ်းများကို ဧပြီ ၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကောက်ယူခဲ့ကြောင်း သိရသည်။

အာရှ ဖွံ့ဖြိုးမှုဘဏ်၏ စံနှုန်းများအရ စီမံကိန်း စစ်တမ်းကောင်ယူသော နောက်ဆုံးစာရင်းများအစား ကမ္ဘာ့ဘဏ်နှင့် ဂျပန်နိုင်ငံ ဘဏ်များ၏ စံနှုန်းများအရ စီမံကိန်း စစ်တမ်း စတင်ကောက်ယူသော စာရင်းများကို အတည်ပြုပြီး ဒေသခံများ အတွက် နစ်နာမှု များကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဧပြီလ ၄ ရက်နေ့က စစ်တမ်းများကို အတည်ပြုပြီး နောက်ပိုင်းမှ ၀င်ရောက် လာသူများကိုမူ စီမံကိန်း လျော် ကြေးများနှင့် သက်ဆိုင်မှု မရှိကြောင်း ဦးဆက်အောင်က ပြောသည်။

“ကျနော်တို့မှာ ကောင်းကင်ဓာတ်ပုံတွေလည်း ရှိတယ်။ စစ်တမ်း ကောက်ယူတဲ့ နေရာမှာ နေအိမ်ပျက်စီးလို့ ထွက်သွားတဲ့သူ တွေ၊ စီမံကိန်း အသံကြောင့် ကြောက်လန့်ပြီး ထွက်သွားတဲ့သူတွေ၊ လယ်မလုပ်နိုင်တော့လို့ ထွက်သွားတဲ့သူတွေ အားလုံး အကြုံးဝင်တယ်။ တကယ့် ဒေသခံ စစ်စစ်ဖြစ်ပြီး စစ်တမ်းမှာ မပါခဲ့တဲ့ သူတွေလည်း ဒီအကျိုး ခံစားရမယ်၊ ရစေရမယ်လို့ အာမခံတယ်။ ဒါပေမယ့် စီမံကိန်း စစ်တမ်းကောက်ပြီးတဲ့ နောက်ပိုင်းမှ ၀င်လာ သူတွေတော့ မသက်ဆိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် လက်ရှိအချိန်တွင် မသမာသော နည်းလမ်းဖြင့် အိမ်ထောင်စုပွားယူမှု၊ အိမ်တိုးချဲ့မှုများ မပြုလုပ်ကြရန်၊ ဒေသခံများ အနေဖြင့် ပြန်လည်ကူညီပေးရန်၊ မိမိ ပတ်ဝန်းကျင်တွင်လည်း ဒေသခံမဟုတ်သော သူများ၏ မသမာမှုများ တွေ့ရှိလာပါက အစိုးရအဖွဲ့သို့ အသိပေးရန် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ဒေသခံများနှင့် တွေ့ဆုံ ပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ အစိုးရလက်ထက်တွင် ထိုစီမံကိန်းကို အကောင်အထည် ဖော်သွားရန် ဆန္ဒရှိကြောင်း၊ ဒေသခံများအနေဖြင့် မကြာမီ ပြောင်းရွှေ့မှု များအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိ သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် မည်သည့် လုပ်ငန်းမှ စတင်ခြင်း မရှိသေးကြောင်း၊ သီလ၀ါ စီမံကိန်နှင့် ပတ်သက်ပြီး အကျုံးဝင်သော လက်ရှိ နေထိုင်လျှက်ရှိသည့် ဒေသခံများ၏ နစ်နာမှုများကိုသာ အစိုးရအဖွဲ့အနေဖြင့် ဖြေရှင်းပေး နေခြင်းဖြစ်ကြောင်း ဦးဆက်အောင်က ရှင်းပြသည်။

“ဒီစီမံကိန်းက ဆိပ်ကမ်းတွေနဲ့လည်း မသက်ဆိုင်ဘူး။ နောက်ပိုင်း ဆိပ်ကမ်းတွေ ပေါ်လာခဲ့ရင်လည်း အသုံးပြုရုံသာ အသုံး ပြုမှာ။ စီမံကိန်းနဲ့က မသက်ဆိုင်ဘူး။ နောက်ပြီး ကျောက်တန်းနယ်က အေးမြသီတာ၊ ရွှေပြည်သာယာ၊ ဘေးပေါက်ရွာ စတဲ့ ရွာတွေ၊ အဆောက်အဦး ဆောက်နေတဲ့ နေရာတွေ အားလုံးက စီမံကိန်းနဲ့ မသက်ဆိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ထို့အပြင် သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်းနယ်မြေအတွင်း ကျရောက်လျှက် ရှိသော သာသနိက နယ်မြေများကို သိမ်းယူ ခြင်းမပြုဘဲ ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေနှင့် မွေးမြူရေး ၀န်ကြီး ဦးစိုးမင်းက ဆိုသည်။

လက်ရှိ အနေအထားများအရ သီလ၀ါ အထူးစီးပွားရေးဇုန်၏ ပထမ စီမံကိန်းနယ်မြေ ပြင်ပနေရာများတွင် စီးပွားရေးသမားများ ၀င်ရောက်လာမှုများ ရှိလာကြောင်း စီမံကိန်းတွင်း ကျရောက်လျှက်ရှိသော ဒေသခံပြည်သူတချို့ထံမှ သိရသည်။

သီလ၀ါ စီမံကိန်းအတွက် လယ်မြေများ သိမ်းယူထားသည့် နယ်မြေအတွင်း ကျရောက်နေသော်လည်း ပထမ ဆောင်ရွက်မည့် စီမံကိန်းနယ်မြေပြင်ပ နေရာများတွင် စီးပွားရေး သမားများက ၀ယ်ယူကာ အကာအရံများ တည်ဆောက်နေကြောင်း တွေ့ရသည်။

“၀န်ကြီး ဦးဆက်အောင်ကို လိုက်ပြလိုက်တော့ သူက ဒီနေရာက ရွာသားတွေ ရောင်းစားတာလား၊ ဘယ်ဌာနက ပေးထား တာလဲ ဆိုတာကို ပြန်မေးလိုက်တယ်။ ဒီနေရာတွေက နေပြည်တော်ဘက်က လာလုပ်တာလို့တော့ ပြောကြတာပဲ။ တိတိ ကျကျတော့ မသိသေးဘူး။ ခြံစည်းရိုး ခတ်ထားတာ ဧက အများကြီးပဲ။ အဲဒီနေရာတွေ ကတော့ သက်ရာကုန်း ရွာနယ်မြေ တွေမှာပါ” ဟု သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ ဒေသခံ ဦးမြလှိုင်က ဧရာဝတီသို့ပြောသည်။

ဧရာဝတီ
သီလ၀ါ အထူးစီးပွားရေးဇုန် အထောက်အကူပြု အဖွဲ့ ရုံးခန်းမတွင် ဇွန် ၁၁ ရက်နေ့က ကျင်းပသော ဒေသခံများနှင့် တွေ့ဆုံပွဲတွင် ဦးဆက်အောင် ရှင်းလင်းနေစဉ် (ဓာတ်ပုံ – စနေလင်း / ဧရာဝတီ)
သီလ၀ါ အထူးစီးပွားရေးဇုန်ကို ယခုနှစ် စက်တင်ဘာလမှစ၍ ပထမစီမံကိန်းများ စတင် အကောင် အထည် ဖော်သွားမည် ဖြစ်သောကြောင့် ဇူလိုင်လအတွင်း ဒေသခံများကို နစ်နာကြေးများ ပေးအပ် မည်ဖြစ်ကြောင်း သီလ၀ါစီမံကိန်း အကောင် အထည် ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောသည်။

ရွေးကောက်ပွဲကြို ဖယ်ဒရယ်ပါတီ ဖွဲ့မယ်

Photo: ရွေးကောက်ပွဲကြို ဖယ်ဒရယ်ပါတီ ဖွဲ့မယ်
Wednesday, 12 June 2013

ပြည်ထောင်စု ဖယ်ဒရယ် ပါတီဖွဲ့ဖို့ ကျားဖြူ စတဲ့ ၁၅ပါတီ သဘောတူ
ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ(၁၅) ပါတီဟာ ရှမ်းပြည်နယ်
တောင်ကြီး မြို့မှာ အင်္ဂါနေ့က တွေ့ဆုံပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ဆွေးနွေး ခဲ့ကြပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံ ခဲ့ကြတဲ့ ညီနောင် တိုင်းရင်းသား ပါတီတွေ ဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ ချင်းအမျိုးသား ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အပါအဝင် တိုင်းရင်းသား ပါတီ ၁၅ ပါတီက ဖက်ဒရယ်
ပြည်ထောင်စုပါတီ (Federal Unity Party) ဆိုတဲ့ တိုင်းရင်းသား လူမျိုး တွေကို ကိုယ်စားပြုတဲ့ ပါတီထူထောင်ဖို့အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာပါ။

ဆွေးနွေးပွဲကို တိုင်းရင်းသား နိုင်ငံရေး ပါတီ ၁၅ ပါတီက ခေါင်းဆောင် ၆ဝ နီးပါး ပါဝင် ဆွေးနွေး ခဲ့ကြပြီး ဖယ်ဒရယ် ပြည်ထောင်စု ပါတီ တည်ထောင်ဖို့ သဘောတူကြောင်း ဆုံးဖြတ် ခဲ့ကြပါတယ်။

အခုလို ဖယ်ဒရယ် ပြည်ထောင်စု ပါတီ ထူထောင်ဖို့ ရည်ရွယ် ရခြင်းဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အဓိကပါတီကြီးတွေ ဖြစ်တဲ့ ပြည်ထောင်စု
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တွေနဲ့ ယှဉ်ပြိုင် နိုင်အောင် ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့တဲ့ ရှမ်းတိုင်းရင်း
သားများ ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး
စိုင်းတင်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ မြန်မာနိုင်ငံမှာ PR အချိုးကျ ကိုယ်စားပြု စနစ် ကျင့်သုံးမယ် ဆိုရင် ဖယ်ဒရယ် ပြည်ထောင်စု ပါတီ ဖွဲ့ခြင်းကြောင့် အားသာချက် ရှိမှာ ဖြစ်ပေမယ့် ငွေကြေး အရတော့ အားနည်းချက် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးပွဲကို တောင်ကြီးမြို့ကရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်
ပါတီ ရုံးချုပ်မှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ အထိ ၂ ရက်ကြာ ပြုလုပ်မှာ
ဖြစ်တယ်။

ဗုဒ္ဓဟူးနေ့ မှာတော့ ပါတီ မူဝါဒ ရေးဆွဲဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး စိုင်းတင်က ပြောပါတယ်။

BBC
ပြည်ထောင်စု ဖယ်ဒရယ် ပါတီဖွဲ့ဖို့ ကျားဖြူ စတဲ့ ၁၅ပါတီ သဘောတူ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားပါတီ(၁၅) ပါတီဟာ ရှမ်းပြည်နယ် တောင်ကြီး မြို့မှာ အင်္ဂါနေ့က တွေ့ဆုံပြီး လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ဆွေးနွေး ခဲ့ကြပါတယ်။

မလေးရောက် မြန်မာတွေ ပြန်နိုင်ဖို့ မြန်မာ စီးပွားရှင်တွေကူညီ

Photo: မလေးရောက် မြန်မာတွေ ပြန်နိုင်ဖို့ မြန်မာ စီးပွားရှင်တွေကူညီ
Wednesday, 12 June 2013

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကိုပြန်လာနိုင်အောင် မြန်မာလေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဈေးနှုန်း တစ်ဝက်လျော့
ချပေးနေသလို အဲပုဂံကလည်း ပြည်တွင်းခရီးစဉ်အတွင်း အခမဲ့ ပျံသန်းခွင့်ပေးဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

လေယာဉ်ကွင်းတခုက ခရီးသည်တွေထွက်ခွာရာဌာ

မလေးရှားနိုင်ငံမှာ မြန်မာတွေ တိုက်ခိုက်အသတ်ခံရမှုတွေ ရှိလာပြီးတဲ့နောက် ခုလို စီစဉ်တာ ဖြစ်ပါတယ်။

ဒီလို ဈေးနှုန်းလျော့ချပေးတဲ့ အစီအစဉ်ကို မြန်မာ့လေကြောင်းလိုင်းက ဒီကနေ့ ဇွန်လ ၁၂ ရက်ကနေ ဇူလိုင်လ ၁၂ ရက်နေ့အထိ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။

ထူးဖောင်ဒေးရှင်းပိုင် အဲပုဂံကတော့ မြန်မာနိုင်ငံ တွင်းမှာလည်း အခမဲ့ ပျံသန်းနိုင်အောင် စီစဉ်ပေးမယ်လို့ သိရပြီး မလေးရှားပြန် အလုပ်သမားတွေအတွက် ဒေါ်လာ တစ်သိန်း လျူဒါန်းမှာဖြစ်သလို အလုပ်အကိုင်တွေ ပေါ်လာရင်လည်း ဦးစားပေး ခေါ်သွားမယ်လို့ ဆိုပါတယ်။

အဲ့ဒါ့အပြင် ဧရာဝတီဖောင်ဒေးရှင်းကလည်း လေယာဉ်လက်မှတ် အစောင်ပေါင်း ၁၀၀၀ ကို အခမဲ့ပေးမှာဖြစ်သလို ကမ္ဘောဇဘဏ်က
လည်း ဒေါ်လာ ငါးသောင်းအပြင် သတင်းဌာနတချို့ကလည်း လျူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေနဲ့ တခြား မွတ်စလင်တွေကြား ပဋိပက္ခကြောင့် မြန်မာ ၆ ယောက်လောက် အသတ်ခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အယောက်ပေါင်း လေးသိန်းလောက် အလုပ်လုပ်ကိုင်နေကြပြီး အဲဒီထဲမှာ ရိုဟင်ဂျာအယောက်ပေါင်း သုံးသောင်း လောက်ရှိတယ်လို့လည်း သိရပါတယ်။

ရိုဟင်ဂျာအယောက်ပေါင်း နှစ်သောင်းကျော်ကို ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် သတ်မှတ်ထားပြီး အခုဖြစ်နေတဲ့ ပြဿနာမှာ ဝင်မပါကြဖို့ ကုလသမဂ္ဂကလည်း သတိပေးတိုက်တွန်းမှုတွေ လုပ်နေတယ်လို့သိ
ရပါတယ်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး ကူညီဆောင်
ရွက်ဖို့အတွက် မြန်မာနိုင်ငံက ဒုဝန်ကြီး တချို့လည်းမလေးရှားနိုင်ငံကို
ရောက်ရှိနေတယ်လို့ သိရပါတယ်။

မလေးရှားအစိုးရကလည်း လူသတ်မှုမှာ ပါဝင်သူလို့ ယူဆရသူ မြန်မာ
နှစ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးအပေါ် ဖမ်းဝရမ်းထုတ်ထား
ပါတယ်။

ABC Radio Australia
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကိုပြန်လာနိုင်အောင် မြန်မာလေကြောင်းလိုင်းက လေယာဉ်လက်မှတ်ဈေးနှုန်း တစ်ဝက်လျော့ ချပေးနေသလို အဲပုဂံကလည်း ပြည်တွင်းခရီးစဉ်အတွင်း အခမဲ့ ပျံသန်းခွင့်ပေးဖို့ လုပ်နေတယ်လို့လည်း သိရပါတယ်။

ကန်အစိုးရလျို့ဝှက်ချက် ဖောက်ချသူကို ရာဇ၀တ်သားအဖြစ် အလိုရှိ

Photo: ကန်အစိုးရလျို့ဝှက်ချက် ဖောက်ချသူကို ရာဇ၀တ်သားအဖြစ် အလိုရှိ
Wednesday, 12 June 2013

အမေရိကန်နိုင်ငံရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချခဲ့တဲ့ Edward Snowden ကို အမေရိကန်နိုင်ငံရေးသမားတွေက ရာဇဝတ်သားလို့ ယူဆပြီး အကြီး
အကျယ်အလိုရှိနေချိန်မှာ ဝီကီလခ်စ် ဝဘ်ဆိုက်တည်ထောင်သူ ဂျုလီယန်
အာဆန်းက Edward Snowden ဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

ဝီကီလခ်စ်ဝက်ဆိုက်တည်ထောင်သူ Julian Assange နဲ့ အမေရိကန်အစိုးရ လျို့ဝှက်ချက်ကိုဖောက်ချသူ Edward Snowden

အသက် ၂၉ နှစ်အရွယ် Edward Snowden ဟာ အမေရိကန်အစိုးကနေ အမေရိကန် ပြည်သူတွေနဲ့ တယ်လီဖုန်းခေါ်ဆိုမှုနဲ့ အင်တာနက်တွေကို
စောင့်ကြည့်နားထောင်တာကို လျို့ဝှက်အဖြစ်ထားရှိတာကို လူသိရှင်ကြား
ပေါက်ကြားစေခဲ့တဲ့အတွက် အမေရိကန်အစိုးရက အလိုရှိနေတာ ဖြစ်ပါ
တယ်။

Edward Snowden ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှာ တာဝန်ထမ်း
ဆောင်ခဲ့သူဖြစ်ပြီး အမေရိကန်အစိုးရက ပြည်သူတွေရဲ့ တယ်လီဖုန်းကို ခိုးနားထောင်တာကို မနှစ်သက်လို့ ပေါက်ကြားလိုက်တာလို့ သိရပါတယ်။

ဒီလုပ်ရပ်အတွက် သူ့အပေါ် အစိုးရက တုန့်ပြန်မှုလုပ်မယ်ဆိုတာကိုလည်း သိထားတယ်လို့ ဟောင်ကောင်ကျွန်းကို ရောက်ရှိခဲ့တဲ့ Edward Snowden က ပြောဆိုပြီးနောက်ပိုင်း ပျောက်ဆုံးသွားပြီးနောက် ခုအခါမှာ သူဘယ်ရောက်နေသလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။
သူ့လုပ်ရပ်အတွက် သူ့အနေနဲ့ တန်ပြန် အကျိုးသက်ရောက်မှုကို ခံစား
ရမယ်ဆိုတာ သိပါတယ်လို့ အမေရိကန်နိုင်ငံကနေ ဟောင်ကောင်ကျွန်းကို ပြီးခဲ့တဲ့လတုန်းက ထွက်ပြေးသွားတဲ့ အက်ဝဒ် စနိုးဒန် (Edward Snowden) က ပြောပါတယ်။

သူ့ရဲ့ ပေါက်ကြားမှုကြောင်း ဗြိတိန်နိုင်ငံနဲ့ သြစတြေးလျနိုင်ငံမှာလည်း အစိုးရတွေ အလားတူလုပ်ဆောင်မလားဆိုတာကို သိလိုနေကြပြီး အမှန်အတိုင်းပြောဆိုဖို့ အစိုးရကို ဖိအားပေးတောင်းဆိုနေကြပါတယ်။

အမေရိကန်သံရုံးလျို့ဝှက်ကြိုးနန်းတွေကို ပေါက်ကြားခဲ့ပြီး ခုအခါမှာ လန်ဒန်မြို့က အီကွေဒေါ သံရုံးမှာ ခိုလှုံနေတဲ့ ဝီကီလိခ်စ်ဝဘ်ဆိုက်
တည်ထောင်သူ ဂျူလီယန်အာဆန်းကတော့ Edward Snowden ဟာ လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက် လုံခြုံမှုရှိတာကို ယုံကြည်တဲ့ သူရဲကောင်းပုဂ္ဂိုလ်ဖြစ်တယ်လို့ ပြောပါတယ်။

ခုလောလောဆယ် Edward Snowden က တရုတ်နိုင်ငံမှာပဲ ရှိနေဦးမယ်လို့ ခန့်မှန်းနေကြပြီး သူ့ကို မော်ရကိုနိုင်ငံက ခိုလှုံခွင့်ပေးနိုင်တယ်လို့ သိရ
ပါတယ်။

သူ့ကို အလုပ်အကိုင်ပေးထားတဲ့ ကုမ္ပဏီကလည်း လျို့ဝှက်စာတမ်းပေါက်
ကြားတာဟာ ကုမ္ပဏီရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့အတွက် အလုပ်က ထုတ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ABC Radio Australia
အမေရိကန်နိုင်ငံရဲ့ လျို့ဝှက်ချက်တွေကို ဖောက်ချခဲ့တဲ့ Edward Snowden ကို အမေရိကန်နိုင်ငံရေး သမားတွေက ရာဇဝတ်သားလို့ ယူဆပြီး အကြီး အကျယ်အလိုရှိနေချိန်မှာ ဝီကီလခ်စ် ဝဘ်ဆိုက် တည်ထောင် သူ ဂျုလီယန်အာဆန်းက Edward Snowden ဟာ သူရဲကောင်းတစ်ယောက်ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

အကျအရှုံးများ နေသည့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံ လက်နက် အကူအညီများ အမေရိကန် ပေးပို့နိုင်ဖွယ်ရှိ

Photo: အကျအရှုံးများ နေသည့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံ လက်နက် အကူအညီများ အမေရိကန် ပေးပို့နိုင်ဖွယ်ရှိ
Wednesday, June 12, 2013

ဆီးရီးယား တပ်ဖွဲ့ဝင်များသည် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏ ထောက်ပံ့မှုဖြင့် လက်ဘနွန် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်ကူဆာမြို့အား ဇွန် ၅ ရက်က
အတိုက်အခံများ၏ လက်တွင်းမှ ပြန်လည် သိမ်းယူခဲ့ပြီး နောက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်ပ ထောက်ပံ့ခံ စစ်သွေးကြွများနှင့် တိုက်ခိုက်မှုများတွင်လည်း အောင်မြင်မှုများ ထပ်မံ ရရှိခဲ့ကြသည်ဟု သိရသည်။

မြို့တော် ဒမတ်စကပ်စ် အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသတစ်ခုဖြစ်သော ဂူတာ ဆင်ခြေဖုံး ဒေသတွင် ဇွန် ၁ဝ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌လည်း ဆီးရီးယား တပ်ဖွဲ့များသည် ပြည်ပထောက်ပံ့ ခံအတိုက်အခံ တပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၃၅ ဦးကို ချေမှုန်းနိုင်ခဲ့ပြီး အမျိုးအစား စုံလင်သော လက်နက် ပေါင်းများစွာကို သိမ်းဆည်း ရယူနိုင်ခဲ့ သည်ဟု သိရသည်။

ယခုလက်ရှိ အချိန်တွင် ဆီးရီးယား တပ်ဖွဲ့ဝင်များသည် လက်ဘနွန် နယ်စပ်အနီးရှိ မြို့များနှင့် ကျေးရွာပေါင်းများစွာကို အတိုက်အခံများ၏ လက်တွင်းမှ ပြန်လည် သိမ်းယူ နိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုများစွာ ရရှိနေချိန် ဖြစ်သည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့များ အောင်မြင်မှုများစွာ ရရှိနေခြင်းကြောင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေဖြင့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံသို့ လက်နက်များ ပေးပို့ရေး သဘော တူညီမှုအား ယခု သီတင်းပတ် အတွင်း၌ အတည်ပြု၍ လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိကြောင်း သတင်းဌာန တစ်ခုက ပြောကြားထားသည်။

မြ၀တီ
Photo: အကျအရှုံးများ နေသည့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံ လက်နက် အကူအညီများ အမေရိကန် ပေးပို့နိုင်ဖွယ်ရှိ Wednesday, June 12, 2013 ဆီးရီးယား တပ်ဖွဲ့ဝင်များသည် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏ ထောက်ပံ့မှုဖြင့် လက်ဘနွန် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်ကူဆာမြို့အား ဇွန် ၅ ရက်က အတိုက်အခံများ၏ လက်တွင်းမှ ပြန်လည် သိမ်းယူခဲ့ပြီး နောက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်ပ ထောက်ပံ့ခံ စစ်သွေးကြွများနှင့် တိုက်ခိုက်မှုများတွင်လည်း အောင်မြင်မှုများ ထပ်မံ ရရှိခဲ့ကြသည်ဟု သိရသည်။ မြို့တော် ဒမတ်စကပ်စ် အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသတစ်ခုဖြစ်သော ဂူတာ ဆင်ခြေဖုံး ဒေသတွင် ဇွန် ၁ဝ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌လည်း ဆီးရီးယား တပ်ဖွဲ့များသည် ပြည်ပထောက်ပံ့ ခံအတိုက်အခံ တပ်ဖွဲ့ဝင်ပေါင်း အနည်းဆုံး ၃၅ ဦးကို ချေမှုန်းနိုင်ခဲ့ပြီး အမျိုးအစား စုံလင်သော လက်နက် ပေါင်းများစွာကို သိမ်းဆည်း ရယူနိုင်ခဲ့ သည်ဟု သိရသည်။ ယခုလက်ရှိ အချိန်တွင် ဆီးရီးယား တပ်ဖွဲ့ဝင်များသည် လက်ဘနွန် နယ်စပ်အနီးရှိ မြို့များနှင့် ကျေးရွာပေါင်းများစွာကို အတိုက်အခံများ၏ လက်တွင်းမှ ပြန်လည် သိမ်းယူ နိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှုများစွာ ရရှိနေချိန် ဖြစ်သည်။ ဆီးရီးယား အစိုးရတပ်ဖွဲ့များ အောင်မြင်မှုများစွာ ရရှိနေခြင်းကြောင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အနေဖြင့် ဆီးရီးယား အတိုက်အခံ တပ်ဖွဲ့များထံသို့ လက်နက်များ ပေးပို့ရေး သဘော တူညီမှုအား ယခု သီတင်းပတ် အတွင်း၌ အတည်ပြု၍ လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိကြောင်း သတင်းဌာန တစ်ခုက ပြောကြားထားသည်။ မြ၀တီ
ဆီးရီးယား တပ်ဖွဲ့ဝင်များသည် ဟစ်ဇ်ဘိုလာ စစ်သွေးကြွများ၏ ထောက်ပံ့မှုဖြင့် လက်ဘနွန် နယ်စပ်အနီးရှိ မဟာဗျူဟာအရ အချက်အချာကျသော အယ်လ်ကူဆာမြို့အား ဇွန် ၅ ရက်ကအတိုက်အခံများ၏ လက်တွင်း မှ ပြန်လည် သိမ်းယူခဲ့ပြီး နောက်တွင် နိုင်ငံတစ်ဝန်းရှိ ပြည်ပ ထောက်ပံ့ခံ စစ်သွေးကြွများနှင့် တိုက်ခိုက်မှုများတွင်လည်း အောင်မြင်မှုများ ထပ်မံ ရရှိခဲ့ကြသည်ဟု သိရသည်။

မြန်မာ့စီးပွားရေး ဘဏ်ခွဲ (မြစ်ကြီးနား)တွင် ရုံးဖွင့်ရက်တိုင်း ပင်စင် လစာများ ထုတ်ပေး လျက်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ တိုးမြှင့်ပင်စင်လစာစား အငြိမ်းစား ဝန်ထမ်းများ အတွက် ရုံးဖွင့်ရက်တိုင်း ပင်စင်လစာထုတ်ယူ နိုင်ကြောင်း အဆိုပါရုံးရှိတာဝန်ရှိသူတစ်ဦး ထံမှ သိရှိသည်။

မော်လမြိုင်၌ ခရီးသည်တင် မှန်လုံယာဉ်များ၌ CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရန် ညွှန်ကြား

Photo: မော်လမြိုင်၌ ခရီးသည်တင် မှန်လုံယာဉ်များ၌ CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရန် ညွှန်ကြား
Wednesday, June 12, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အဝေးပြေး ကားဝင်းရှိ ပြည်နယ် မ.ထ.သရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီက ခရီးသည်တင် မှန်လုံယာဉ်လိုင်း ပိုင်ရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပသည်။

အခမ်းအနား သို့ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းဗိုလ်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဇော်မင်းဦး၊ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညိုလှနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မွန်ပြည်နယ် မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်နှင့် တာဝန်ရှိသူ များတက်ရောက် ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းထိုက်က အဖွင့် အမှာစကား ပြောကြားပြီး ယာဉ်ပိုင်ရှင်များနှင့် ရင်းနှီးစွာ မိတ်ဆက်သည်။

ထို့နောက် ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ဝင်းဗိုလ်က ''ရာဇာမင်း'' ခရီးသည်တင် မှန်လုံယာဉ် ဓားပြတိုက် ခံရခြင်းနှင့် ပတ်သက်၍ ယာဉ်လိုင်းများအနေဖြင့် ခရီးသည်များ တင်ချရာတွင် စိစစ်ပြီး ဆောင်ရွက်ရန်၊ ယာဉ်လိုင်း များပေါ်၌ သတင်းပို့ တိုင်ကြားနိုင်ရန် အတွက် ဖုန်းနံပါတ်များ ကပ်ထား ရန်၊ ကားလက်မှတ်များ ရောင်းချပါက မှတ်ပုံတင်ကို စိစစ်ရန် လိုအပ်ကြောင်း၊ အမည်နှင့် မှတ်ပုံတင်ရေးရန် လိုကြောင်း သံလွင် တံတားဂိတ်တွင် ရဲတပ်ဖွဲ့က စစ်ဆေးရန်၊ ယာဉ်လိုင်းများက စနစ်တကျ ရပ်တန့် စစ်ဆေးခံရန် ခရီးသည်များနှင့် ယာဉ်များ လုံခြုံရေးအတွက် CCTV စောင့်ကြည့်ကင်မရာ တပ်ဆင်ရမည်ဟု ယာဉ်လိုင်း ပိုင်ရှင်များအား ညွှန်ကြားခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ
မွန်ပြည်နယ် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အဝေးပြေး ကားဝင်းရှိ ပြည်နယ် မ.ထ.သရုံး၌ ယမန်နေ့ နံနက် ၁၁ နာရီက ခရီးသည်တင် မှန်လုံယာဉ်လိုင်း ပိုင်ရှင်များနှင့်တွေ့ဆုံပွဲ အခမ်းအနား ကျင်းပသည်။

မလေးရှားမှ မြန်မာများအတွက် IGE Group နှင့် UAB ဘဏ်တို့မှ ကနဦးအလှူငွေ ဒေါ်လာငါးသောင်းပေးလှူသွားမည့်အပြင် အလုပ်အကိုင်ပါ ဖန်တီးပေးမည်

Photo: မလေးရှားမှ မြန်မာများအတွက် IGE Group နှင့် UAB ဘဏ်တို့မှ ကနဦးအလှူငွေ ဒေါ်လာငါးသောင်းပေးလှူသွားမည့်အပြင် အလုပ်အကိုင်ပါ ဖန်တီးပေးမည်
Wednesday, June 12, 2013

မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ပါက အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် UAB ဘဏ်မှ အမေရိကန်ဒေါ်လာငါးသောင်းအား ကနဦးအလှူငွေ အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း UAB ဘဏ်မှ ဒါရိုက်တာဖြစ်သူ ဦးသန်းဝင်းဆွေမှပြောကြားခဲ့သည်။ ၎င်းမှ မလေးရှားနိုင်ငံက ဒုက္ခရောက်ပြီးပြန်လာတဲ့ မြန်မာလူမျိုးတွေ လိုအပ်တဲ့အခက်အခဲတွေ ဖြေရှင်းပေးဖို့အတွက် ကနဦးအလှူငွေ ဒေါ်လာငါးသောင်း အသုံးပြုသွားပါမယ်။ ဒါ့အပြင် မြန်မာပြည်ပြန်ရောက်လျှင် အလုပ်အကိုင် အစဉ်ပြေစေဖို့ IGE Group UAB ဘဏ်ခွဲတို့ရဲ့ ဆက်စပ်လုပ်ငန်းတွေမှာ ၀န်ထမ်းလစ်လပ်နေရာတွေကို ဦးစားပေးခန့်အပ်သွားမှာဖြစ်ပါတယ်။ ပြန်လာတဲ့မြန်မာလူမျိုးတွေကူညီဖို့အတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားပြီး ငွေကြေးလည်း ထပ်မံလှူဒါန်းသွားမှာဖြစ်ပါတယ်ဟု ပြောဆိုသွားသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက်ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားတို့အား မြန်မာတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ကမ္ဘောဇဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း၊ မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ၊ IGE Group မှ ဦးနေအောင်တို့က ငွေကြေးအများ အပြားလှူဒါန်းခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြကြောင်း သိရှိရသည်။ သို့သော် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ရွှေတောင်၊ ဒဂုံအင်တာနေရှင်နယ်၊ ဒိုင်းမွန်းစတား၊ ရွှေသံလွင် စသည်တို့မှ လှူဒါန်းမှုများ ယခုထိ ပြုလုပ်ခြင်း မရှိသေးကြောင်း Eleven Media Group အွန်လိုင်းသတင်းစာမျက်နှာတွင်ဖော်ပြထားသည်။
မလေးရှားနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ပြန်ရောက်ပါက အခက်အခဲများဖြေရှင်းပေးနိုင်ရန်အတွက် UAB ဘဏ်မှ အမေရိကန်ဒေါ်လာငါးသောင်းအား ကနဦး အလှူငွေ အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း UAB ဘဏ်မှ ဒါရိုက်တာဖြစ်သူ ဦးသန်းဝင်းဆွေ မှပြောကြားခဲ့သည်။

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်

Photo: လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှိ့ခဲ့သည့် ကျူးလွန်သူ နေ၀င်းကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ်ချမှတ်
Wednesday, 12 June 2013

လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ
နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ်တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မြေ ၇၊ အမှတ် ၈ ရပ်ကွက်တွင် မေ ၂၈ ရက် ညနေပိုင်း၌ ဓာတ်ဆီရောင်းနေသော မအေးအေးဝင်း ၂၄ နှစ်ကို ကျိုင်းတုံမြို့ နယ်တွင် နေသူ နေ၀င်းမှ ဓာတ်ဆီဖြင့်လောင်းပြီး မီးရှို့ခဲ့ကြောင်း သိရှိရသည်။

ကျူးလွန်သူ နေ၀င်းကို ဖမ်းဆီးစစ်ဆေးရာတွင် ဘောင်းဘီအိတ်ထဲ မှ WY စာတန်းပါ မူးယစ်ဆေးဝါး နှစ်ပြားကိုလည်း ရှာဖွတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်း
က "ကျူးလွန်တဲ့ နေ၀င်းကို မီးရှို့မှု၊ မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင် မှုတွေနဲ့ ဇွန် ၁၁ ရက် နံနက်ပိုင်းမှာ လားရှိုးမြို့နယ် တရားရုံးကို စွဲဆိုတင်ပို့ လိုက်တယ်။ ပြီးတော့ မွန်းလွဲပိုင်း ၁ နာရီ မိနစ် ၅၀ မှာ သူ့ကို မြို့နယ် တရားသူကြီးကအမိန့်ချလိုက်ပါတယ်။ဒါကြောင့် တရားခံကို တောင်ကြီး
ထောင်ကို လွှဲအပ်လိုက်ပါပြီ။ ဒါ့အပြင် နေအိမ်တွေ ဖျက်ဆီးမီးရှို့ ကျူးလွန်တဲ့ သူတွေကိုဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်"ဟု ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ
ဖြစ်ဖြစ် ဘယ်သူမဆို တရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့ ဆောင်ရွက်သွားပါမယ် . . . . .

ကျူးလွန်သူ နေ၀င်းကို လားရှိုးမြို့နယ် တရားရုံးမှ ပုဒ်မ ၃၀၇ အရ ထောင်
ဒဏ် ၇ နှစ်၊ ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇ နှစ်၊ မူး/စိတ်ပြစ်မှု ပုဒ်မ ၁၅ အရ ထောင်ဒဏ် ၅ နှစ်၊ မှုး/စိတ်ပြစ်မှု ပုဒ်မ ၁၆ (င)အရ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီး ခဲ့သည်ဟု သံသယရှိသူ ၆၀ ကျော်ကို ဖမ်ဆီးစစ်ဆေးနေပြီး တရားစွဲဆိုရန် အထောက်ထား သက်သေခိုင်လုံမှု မရှိသူ ၂၉ ဦးကို ခြေချုပ်ခံဝန် ဥပဒေဖြင့် ပြန်လည်
လွှတ်ပေးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက ဇွန် ၁၁ ရက် ညနေပိုင်းတွင် "ကျူးလွန်သူကို တရားဥပဒေ အကြောင်းအရ အပြင်းထန်ဆုံး အရေးယူခဲ့တာ ဖြစ်တယ်။ ဒီအပေါ်မှာ တစ်စုံတစ်ရာ ကျေနပ်မှု မရှိရင်လည်း ဝေဖန်ထောက်ပြလို့ ရတယ်။ ရဲတပ်ဖွဲ့ အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေပဲ ဖြစ်ဖြစ်၊ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်ဖြစ် ဘယ်သူမဆိုတရားဥပဒေကို ဖောက်ဖျက်ရင် ဥပဒေနဲ့အညီ စစ်ဆေးပြီးတော့
ဆောင်ရွက်သွားပါမယ်။ လားရှိုးမြို့ ပဋိပက္ခ ဖြစ်စဉ်အတွင်းမှာ လူသတ်၊ ဓားခုတ်၊ မီးရှို့၊ ဖျက်ဆီးခဲ့တဲ့ ကျုးလွန်သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး
နေ တယ်။ အမြန်ဆုံး တရားရုံးကို စွဲဆိုတင်ပို့ သွားပါမယ်"ဟု ပြောကြား ခဲ့သည်။

ပုဒ်မ ၁၄၄ စတင် အမိန့်ထုတ်ပြန်ခဲ့သည့် မေ ၂၈ ရက်တွင် ည ၇ နာရီမှ နံနက် ၅ နာရီထိ သွားလာခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါတွင် နယ်မြေအေးချမ်း သွားသဖြင့် ယခင်ထုတ်ပြန်ထားသည့် အချိန်အား ထပ်မံလျှော့ချခဲ့ကြောင်း သိရှိရသည်။ ပထမအကြိမ် လျှော့မှုမှာ ည ၈ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး၊ ယခု ဒုတိယအကြိမ် လျှော့ချမှုမှာ ည ၁၀ နာရီမှ မနက် ၃ နာရီအထိ ဖြစ်ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

eleven media group
လားရှိုးမြို့တွင် အမျိုးသမီးအား ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် ကျူးလွန်သူ နေ၀င်း ၄၈ နှစ်ကို ဇွန် ၁၁ ရက်တွင် မြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့ကြောင်း ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးဇော်လင်းက ပြောကြားခဲ့သည်။

ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ

Photo: ILO ၏ မြန်မာအပေါ် ပိတ်ဆို့မှု ရုတ်သိမ်းပေးရေး အလားအလာ ကောင်းနေ
Wednesday, June 12, 2013

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာ
ကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆိုလိုက်သည်။

ILO-1
ILO ညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၌ ဇွန်လ ၄ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်သည်။

“အခုထိတော့ အခြေအနေ ကောင်းတဲ့ပုံမှာ ရှိနေပါတယ်။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား အားလုံးကလည်း ဒီအပေါ်မှာ သဘောထားတွေကလည်း ထပ်တူ ကျနေတဲ့ အနေအထား ရှိပါတယ်။ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေး လိုက်ရင် ပြည်တွင်းမှာ အလုပ်အကိုင် ရရှိမှုတွေ ပိုများလာမယ်။ အလုပ်သမားတွေအတွက် ပိုပြီး ပြေလည်သွား မယ်လို့ ယူဆနေကြတယ်” ဟု ညီလာခံ တက်ရောက် နေသည့် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း က မဇ္ဈိမကို ပြောသည်။

ILO ၏ ပိတ်ဆို့မှု ဖြုတ်သိမ်းပေးရေးအတွက် ကနဦး သဘောထား ကောက်ယူ ဆွေးနွေးကြရာတွင် တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယား နိုင်ငံတို့မှ ဖြုတ်သိမ်းပေးရေးနှင့် ပတ်သက်၍ ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။ ဥေ၇ာပကမဂ္ဂ (EU) ကမူ ဆက်လက်စောင့်ကြည့်
လေ့လာသွားမည့် အနေအထား၌ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

“မနေ့က ဆိုင်ရာ နိုင်ငံအစိုးရတွေနဲ့ သဘောထားတွေ ပြောကြဆိုကြတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မြန်မာနိုင်ငံမှာ တွေ့ခဲ့တုန်းကလည်း အိုဘားမားက ပိတ်ဆို့မှု ဖြုတ်ဖို့ ထောက်ခံထားတယ် ဆိုတဲ့အကြောင်းကိုလည်း ထည်သွင်း ပြောကြားသွားပါတယ်။ ပိတ်ဆို့မှုကတော့ ဖြုတ်ပေးမယ့် သဘော ရှိသွားပါပြီ။ အားလုံးရဲ့ သဘောတူညီချက်နဲ့” ဟု ဒေါ်က်တာ စိုင်းခိုင် မျိုးထွန်း က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး ခိုင်းစေမှု၊ ကလေးလုပ်သား အသုံးပြုမှုများ ပပျောက်သွားခြင်း မရှိသေးသော်လည်း တိုးတက်သည့် လက္ခဏာရပ်များ ရှိလာခြင်းအပေါ် နိုင်ငံများမှ အသိအမှတ်ပြုကြောင်း အလုပ်သမား ကိုယ်စားလှယ်အဖြစ် တက်ရောက်နေသည့် ဒေါ်သန်းသန်းဌေး က ပြောသည်။

“မြန်မာနိုင်ငံ အနေနဲ့ တိတိကျကျ လိုက်လံ လုပ်ဆောင်ဖို့ ကျန်နေတာ နှစ်ချက် ရှိပါတယ်။ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ကလေးလုပ်သား အသုံးပြုမှုကို ပပျောက်အောင် လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။ နိုင်ငံတကာ အမြင်ကတော့ ဆက်လက် လုပ်ဆောင်ဖို့ လိုပေမယ့် လောလောဆယ်မှာ အပြုသဘော တိုးတက်မှုတွေ ရှိနေလို့ အခြေအနေကောင်းကို စဉ်းစားပေးတဲ့ သဘောပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံတွင်း အဓမ္မ လုပ်အားပေး စေခိုင်းမှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်း စသည့် တိုင်ကြားမှုများကို ILO မှ အများအပြား လက်ခံရရှိခဲ့ပြီးနောက် ကျွမ်းကျင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့ ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံတွင်း၌ ILO ပြဋ္ဌာန်းချက် အမှတ် (၂၉) အဓမ္မ လုပ်အားခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO ကော်မရှင်မှ လေ့လာတွေ့ရှိခဲ့ပြီးနောက် ILO ၏ အရေးယူမှု ဥပဒေ ပုဒ်မ (၃၃) အရ အရေးယူခဲ့သည်။

ILO ၏ စီးပွားရေး ပိတ်ဆို့မှုကို ၂၀၀၀ ခုနှစ်၌ စတင်ခဲ့ခြင်း ဖြစ်ပြီး ပိတ်ဆို့မှု ရုပ်သိမ်း သင့်မသင့် တရားဝင် ဆုံးဖြတ်ချက်ကိုမူ လာမည့် သောကြာနေ့၌ ဆုံးဖြတ်ကြမည် ဖြစ်ကြောင်း သိရသည်။

အရေးယူ ပိတ်ဆို့ထားမှုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အားလုံး ပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ် ပိုင်းဆိုင်ရာ အကူအညီပံ့ပိုးပေးမှု ရပ်ဆိုင်းရေး၊ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လွဲ၍ ကျန်သည့် ဆွေးနွေးပွဲများ တက်ရောက်ခွင့် မရှိခြင်း စသည့် ပိတ်ဆို့မှုများဒဏ်ကို ခါးခါးသီးသီး ခံစားခဲ့ရသည်။

၂၀၁၂ မြန်မာ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တိုးတက်မှုများကြောင့် ILO ၏ အရေးယူ ပိတ်ဆို့ထားမှုအား ၁ နှစ် ဆိုင်းငံ့ရန် ပြန်လည် သဘောထားခဲ့သည်။

ထို့ပြင် ၂၀၁၂ ဧပြီလတွင်း ရေးထိုးခဲ့သည့် ILO အုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာအစိုးရတို့အကြား သဘောတူချက် တွင် ရှေ့သုံးနှစ်တာ အတွင်း အဓမ္မ လုပ်အားခိုင်းစေခြင်း လုံးဝ ပပျောက်ရန် သဘောတူထားကြသည်။

“သုံးနှစ်အတွင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှု လုံးဝ ပပျောက်စေရမယ် ဆိုပြီး စစ်တပ်ဘက်မှာ ဆိုရင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ထိုးခဲ့တယ်။ ဒီနှစ်မှာတော့ အမှန်တကယ် တိုးတက်မှုတွေ
ဖြစ်လာတယ်။ နိုင်ငံရေးအရ ပွင့်လင်းလာတဲ့ အခြေအနေ တရပ် ဖြစ်လာတယ်။ နိုင်ငံတကာကလည်း
တောင်းဆိုလာတာက အာဆီယံ ဥက္ကဋ္ဌလည်း ဖြစ်တော့မယ် ဆိုတော့ မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထား ရှိမယ့် အစား ဖွင့်ပေးလိုက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်း ကြားထဲမှာ ဒီမိုကရေစီ ရှင်သန်ခွင့်ကို
ပေးဖို့ဆိုပြီး တနှစ်တာ ပိတ်ဆို့မှုကို ILO က ဆိုင်းငံ့ခဲ့တာပါ” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) မှ အတွင်းရေးမှူး ဦးဇာနည်သွေး က ပြောသည်။

ယခု ILO အစည်းအဝေးသို့ မြန်မာအစိုးရ ကိုယ်စားလှယ်များအဖြစ် အလုပ်သမား ဒု-ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက်ကြကာ လက်ရှိ မြန်မာအစိုးရ လုပ်ဆောင်ချက်များ ဖြစ်သည့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး၊ အောက်ခြေပိုင်း အုပ်ချုပ်ရေး ယန္တရား ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ပြီး ILO မှလည်း ၎င်းတင်ပြချက်များကို အသိအမှတ် ပြုခဲ့ကြောင်း ဒေါက်တာ စိုင်းခိုင် မျိုးထွန်း က ပြောသည်။

ILO ညီလာခံအား တရားဝင် မြန်မာနိုင်ငံမှ အလုပ်သမား ကိုယ်စားလှယ် အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM) ၏ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး မှ Quota (ခွဲတန်း)ရရှိခဲ့ပြီး အကြံပေး အဖွဲ့ဝင်များအဖြစ် ရန်ကုန် တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင် မျိုးထွန်း၊ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) (ယခင် FTUB) မှ ဦးသန်းဆွေတို့ သုံးဦး တက်ရောက်ခဲ့သည်။

ILO ညီလာခံအား တရားဝင် တက်ရောက်နိုင်ရန် ဒေါ်သန်းသန်းဌေးသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လွတ်လပ်သည့် တရားဝင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခြင်း ခံရသူလည်း ဖြစ်ကာ ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားဖိုရမ် (Forum) အစည်းအဝေးမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ILO နှစ်ပတ်လည် ညီလာခံအား ဇွန်လ ၄ ရက်နေ့ ကတည်းက စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိသည် မြန်မာနိုင်ငံအရေး ဆွေးနွေးရန် အထူးနေ့များအဖြစ် သတ်မှတ်ထားကြောင်း တက်ရောက်နေကြသည့် မြန်မာကိုယ်စားလှယ်များမှထံမှ သိရှိရသည်။

Mizzima News
အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့် စီးပွားရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေးအတွက် မြန်မာ အစိုးရနှင့် အလုပ်သမား ကိုယ်စားလှယ် များက ယခု ကျင်းပဆဲ ဖြစ်သည့် ILO နှစ်ပတ်လည် ညီလာခံ၌ တင်ပြခဲ့သည့်အပေါ် အလားအလာကောင်းနေကြောင်း ညီလာခံ တက်ရောက်နေသည့် မြန်မာ အလုပ်သမား ကိုယ်စားလှယ်များက အင်္ဂါနေ့တွင် မဇ္ဈိမကို ပြောဆို လိုက်သည်။

ရော်ဘာ တန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၄၆ သန်းကျော် ရရှိ

Photo: ရော်ဘာတန်ချိန် ၁၇၀၀၀ ကျော် တင်ပို့ပြီး ဒေါ်လာ ၄၆ သန်းကျော် ရရှိ
Wednesday, 12 June 2013 

ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့မှုမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ မေလကုန်အထိ နှစ်လအတွင်း တန်ချိန် ၁၇၀၁၀ အထိ တင်ပို့ထားသော်လည်း ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၇၈ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့ရာ၌ နိုင်ငံတကာ ရော်ဘာဈေး
များ ဆက်တိုက်ကျဆင်း နေမှုကြောင့် တန်ချိန်အားဖြင့် ပိုမိုတင်ပို့ နေသော်
လည်း ရငွေမှာ လျော့နည်းလျက် ရှိသည်ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။    

"ရော်ဘာဈေးက ပြည်တွင်းမှာဆိုရင် တစ်ပေါင်ကို ကျပ် ၁၀၀ လောက်ကျ
တယ်။ နိုင်ငံတကာ ပေါက်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၀၀ လောက် ကျသွားတယ်။ ရော်ဘာက နှစ်စဉ်တိုးပြီး ပို့နေတာ။ ဒါကြောင့် ဈေးကျတဲ့
 နှစ်ဆိုရင် ရငွေက နည်းတယ်။ ဈေးကျတာ နှစ်နှစ်လောက် ရှိနေပြီ" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မေ ၁၆ ရက်တွင် နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာ တစ်တန်လျှင် ၂၆၆၀ ဒေါ်လာအထိ ရှိခဲ့ရာမှ ဇွန် ၁၀ ရက်တွင် တစ်တန်လျှင် အမေရိကန်
 ဒေါ်လာ ၂၃၅၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

eleven media group 
 ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသို့ တင်ပို့မှုမှာ ၂၀၁၃ ခုနှစ် ဧပြီလမှ မေလကုန်အထိ နှစ်လအတွင်း တန်ချိန် ၁၇၀၁၀ အထိ တင်ပို့ထားသော်လည်း ကမ္ဘာ့ရော်ဘာဈေး ကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာ ၄၆ ဒသမ ၇၇၈ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား ပူးပေါင်း ထုတ်လုပ် မည့် ပြည်ပ ကုမ္ပဏီ များ အ တွက် စံနှုန်း များ ရေးဆွဲ

မြန်မာနိုင်ငံတွင်း လျှပ်စစ်ဓာတ်အား ပူးပေါင်းထုတ်လုပ်မည့် ပြည်ပကုမ္ပဏီများအတွက် စံနှုန်းများ ရေး ဆွဲနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်နှင့် စက်မှုဝန်ကြီးဦးဥာဏ်ထွန်းဦးထံမှ သိရ သည်။

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅ ) ကြိမ်မြောက် ပထမနေ့ အစည်းအဝေး ကျင်းပ

meeting-june12
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ အစည်းအဝေးကို တောင်ကြီးမြို့၌ ဇွန် ၁၁ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း ၁၅ ပါတီ၏ (၁၅) ကြိမ်မြောက် အစည်းအဝေးပွဲအား ဇွန် ၁၁ ရက်က တောင်ကြီးမြို့ရှိ ကျားဖြူပါတီ ရုံးချုပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီ ၁၅ ခုမှ ခေါင်းဆောင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ပြီး ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ပိုမိုဆိုးရွားလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ

malaypolis-june12
မလေးရှားတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွက် တရားခံများ ဖော်ထုတ်နိုင်ခြင်း မရှိသေးချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦးတို့ကို လူသတ်မှု သုံးခုအတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလိုရှိသူများ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေသည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)

မလေးရှားနိုင်ငံတွင် မြန်မာများအကြမ်းဖက်ခံရမှုပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အတိုင်းအတာ   ဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။

ဇွန် ၁၆ ရက်တွင် ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားများစာရင်း နိုင်ငံတော် သမ္မတထံတင်ပြမည်

လေးကြိမ်မြောက် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးကို ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီ လမ်းရှိ Myanmar Peace Center တွင် ပြုလုပ်သွား မည် ဖြစ်ကြောင်း ကော်မတီ အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ဦးရဲအောင်က ပြောကြား သည်။