Wednesday, December 5, 2012

ပြင်သစ် နိုင်ငံတွင် ယူရို ငွေကြေး ၁ ဒသမ သန်းကျော် ဝှက်၍ သယ်ဆောင် လာသူ တရုတ် အမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိ

Photo: ပြင်သစ် နိုင်ငံတွင် ယူရို ငွေကြေး ၁ ဒသမ သန်းကျော် ဝှက်၍ သယ်ဆောင် လာသူ တရုတ် အမျိုးသား နှစ်ဦးကို ဖမ်းဆီးရမိ
Wednesday, December 05, 2012

ယူရို ၁ဒသမ၈ သန်းကျော်ကို ကားထိုင်ခုံ နောက်တွင် ဝှက်၍ သယ်ဆောင်လာသော တရုတ် အမျိုးသား နှစ်ဦးကို ပြင်သစ် နိုင်ငံ အရှေ့ပိုင်း စတာဘာ့ဂ်မြို့ အနီးရှိ စစ်ဆေးရေး ဂိတ်တစ် ခုတွင်

အကောက် အခွန် ဌာနက သိမ်းဆည်း ရမိခဲ့ကြောင်း ဗြိတိသျှ 
သတင်းစာကြီး တစ်စောင်တွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြထားသည်။

အဆိုပါ ဖမ်းဆီး ရမိသော ယူရိုငွေ ကြေးများတွင် ၂ဝတန်၊ ၅ဝတန်၊ ၁ဝဝတန်၊ ၂ဝဝတန်နှင့် ၅ဝဝ တန်တို့ ပါဝင်ပြီး အကောက် အခွန် ဌာနက အဆိုပါ ယူရိုများကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီး ရမိ သော်လည်း စုံစမ်း စစ်ဆေးမှုများ ဆက်လက် ပြုလုပ်ခဲ့ရ သောကြောင့် ဒီဇင်ဘာ ၃ ရက်မှသာ လူသိရှင်ကြားေ ဖ်ာပြခဲ့ခြင်း ဖြစ်ကြောင်းအ ကောက်ခွန် အရာရှိ တစ်ဦးဖြစ်သူ မာ့ခ်စတိန်း နားက ပြောကြား ခဲ့သည်။

ဖမ်းဆီး ရမိသူ နှစ်ဦးသည် ပေါ်တူဂီ နိုင်ငံတွင် နေထိုင်ကြပြီး ၄င်းတို့သည် ပြင်သစ် နိုင်ငံသို့ လေယာဉ်ဖြင့် ရောက်ရှိ လာပြီးနောက် သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့သို့ အလည်သွားရန် စီစဉ် နေချိန်တွင် ယခုကဲ့သို့ ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးအား ပြင်သစ် အာဏာပိုင် များက ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းလျက် ရှိကြောင်း သိရသည်။

မြ၀တီ ယူရို ၁ဒသမ၈ သန်းကျော်ကို ကားထိုင်ခုံ နောက်တွင် ဝှက်၍ သယ်ဆောင်လာသော တရုတ် အမျိုးသား နှစ်ဦးကို ပြင်သစ် နိုင်ငံ အရှေ့ပိုင်း စတာဘာ့ဂ်မြို့ အနီးရှိ စစ်ဆေးရေး ဂိတ်တစ် ခုတွင်
အကောက် အခွန် ဌာနက သိမ်းဆည်း ရမိခဲ့ကြောင်း ဗြိတိသျှ သတင်းစာကြီး တစ်စောင်တွင် ဒီဇင်ဘာ ၃ ရက်က ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီး ရမိသော ယူရိုငွေ ကြေးများတွင် ၂ဝတန်၊ ၅ဝတန်၊

ဆီးဂိမ်းအကြိုကာလ၌ ပုဂံညောင်ဦးဟိုတယ်များ အခန်းပြည့်နေ

Photo: ဆီးဂိမ်းအကြိုကာလ၌ ပုဂံညောင်ဦးဟိုတယ်များ အခန်းပြည့်နေ
Wednesday, December 05, 2012

မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကာလ၌ ပြည်ပ
ဧည့်သည် ၀င်ရောက်မူများပြား နိုင်ကြောင်းနှင့် လက်ရှိ ပုဂံညောင်ဦးမြို့ရှိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူမူ များပြားနေကြောင်း ဟိုတယ် လုပ်ငန်းများမှ သိရှိရ သည်။

"၂၀၁၃တောင် မရောက်သေးဘူး အခုလကတည်းက ကြိုတင်မှာတာတွေနဲ့ အခန်းတွေပြည့်နေတယ်။ ဆီးဂိမ်းမှာ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင်တော့ အခန်းနည်းနည်း ချန်ထားမှာ ဖြစ်တယ်"ဟု ပုဂံမြို့ရှိ သံတဲ ဟိုတယ်မှ မန်နေဂျာ မစုစုမွန်က ပြောသည်။

ပုဂံ၊ ညောင်ဦးမြို့တွင် ဟိုတယ်(၇၅)လုံးရှိပြီး အဆင့်မြင့် ဟိုတယ် (၂၀)လုံးနှင့် ကြယ်ငါးပွင့် အဆင့် ဟိုတယ် (၁)လုံးပါဝင်ကြောင်း သိရှိရသည်။

လက်ရှိတွင် အော်ရီယံပဲလ်လေ့ဟိုတယ်၊ သီရိပစ္စယာဟိုတယ်၊ ပုဂံသံတဲဟိုတယ်၊ သရပါဟိုတယ်၊ သဇင်ဟိုတယ်၊ ထန်းဥယျာဉ်
ဟိုတယ်တို့သည် ဧည်ဝင်ရောက်မူ အများဆုံးဖြစ်ကြောင်း သိရှိရသည်။

အထက်ပါ ဟိုတယ်များထဲမှ အော်ရီယံပဲလ်လေ့ဟိုတယ်ရှိ အခန်းနှုန်းထားမှာ ကန်ဒေါ်လာ (၂၁၅)မှ (၁၃၆၀)အထိရှိပြီး ပုဂံသံတဲဟိုတယ်ရှိ အခန်းနှုန်းထားများမှာ ကျပ် (၄၅၀၀၀)မှ (၂၀၀၀၀၀) ၀န်းကျင် အထိရှိကြောင်း သိရှိရသည်။

"ကျွန်မတို့ ဟိုတယ်က ဆီးဂိမ်းအတွက် အခန်းတွေက လုံလောက်ပါတယ်၊ အခန်းကလည်း (၁၁၄)ခန်း လောက်ရှိတယ်၊ အခုတောင် ဧည့်သည်တွေအများကြီး ၀င်နေတာ ဆီးဂိမ်းမှာဆို ဒီထက်ပို ၀င်ရောက် လာနိုင်တယ်"ဟု အော်ရီယံပဲလ်လေ့ ဟိုတယ်မှ Assistant Supervisor မစုမွန်က ပြောသည်။

အော်ရီယံပဲလ်လေ့ဟိုတယ်သည် ကြယ်ငါးပွင့်အဆင့်ဝင်ဟိုတယ်တစ်ခုပြီး အခန်းပေါင်း (၁၁၄)ခန်းရှိ ကာ ဆီးဂိမ်းတွင် ဧည်သည်ဝင်ရောက်မူ ပိုမိုများပြားလာနိုင်ခြင်းကြောင့် ကြိုတင်ပြင်ဆင်မူများပြုလုပ် နေပြီး ဟိုတယ်အခန်းခများကို High Season နှင့် Low Season
နှစ်မျိုးခွဲ ခြားထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါဒေသသို့ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ စပိန်၊ အာရှနိုင်ငံများနှင့် အခြားနိုင်ငံအသီးသီးတို့မှ ကမ္ဘာလှည့်ခရီးသည်များ ၀င်ရောက်လျက်ရှိပြီး ဟိုတယ်များအား သဘာဝရှုခင်းများကောင်းမွန်သည့် အချက်အချာ
နေရာများနှင့် ဧရာဝတီမြစ်ကမ်းဘေး တို့တွင် တည်ဆောက်ထားကြောင်း သိရှိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroupမြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲကာလ၌ ပြည်ပ
ဧည့်သည် ၀င်ရောက်မူများပြား နိုင်ကြောင်းနှင့် လက်ရှိ ပုဂံညောင်ဦး မြို့ရှိ ဟိုတယ်များတွင် အခန်းကြိုတင်မှာယူမူ များပြားနေကြောင်း ဟိုတယ် လုပ်ငန်းများမှ သိရှိရ သည်။"၂၀၁၃တောင် မရောက်သေးဘူး အခုလကတည်းက ကြိုတင်မှာတာတွေနဲ့ အခန်းတွေပြည့်နေတယ်။ ဆီးဂိမ်းမှာ လာရောက် လည်ပတ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေအောင်တော့ အခန်းနည်းနည်း ချန်ထားမှာ ဖြစ်တယ်"ဟု

VOA ရုပ်သံနှင့်ရေဒီယို ပြည်သူများ တရားဝင်ကြည့်ရှုခွင့်အတွက် ညှိနှိုင်းနေဆဲ

Photo: VOA ရုပ်သံနှင့်ရေဒီယို ပြည်သူများ တရားဝင်ကြည့်ရှုခွင့်အတွက် ညှိနှိုင်းနေဆဲ
Wednesday, 05 December 2012

ရန်ကုန်မြို့အတွင်း၌ VOA သတင်းဌာ၏ ဆိုင်းဘုတ်များ တရားဝင်စိုက်ထူ
ကြော်ငြာခွင့်ရရှိနေပြီးဖြစ်၍ မကြာမီ မြန်မာပြည်အတွင်းရှိ ရုပ်သံလိုင်းများ၌ သတင်းများကြည့်ရှုခွင့်ရရှိတော့မည်ဖြစ်ကြောင်းသိရသည်။

“ဆိုင်းဘုတ်တွေကတော့ တရားဝင်စိုက်ထူခွင့်ရနေပါပြီ။ ထုတ်လွှင့်ပြသ
မယ့်ရက်ကတော့ ညှိနှိုင်းနေဆဲပါ။ အတိ အကျတော့ ပြောလို့
မရသေးပါဘူး”ဟု VOA သတင်းဌာနမှ International Broadcaster တစ်ဦးဖြစ်သည့်    ဦးသိန်းထိုက်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ဗိုလ်ချုပ်ဈေးအနီး ဇော်ဂျီဟောက်စ်ကဖေးနှင့် မြေနီကုန်း
မီးပ္ပိုင့်အနီးတွင် ဆိုင်းဘုတ်တစ်ခုစီ တပ်ဆင်ကြော်ငြာထားပြီး တစ်ခြား
နေရာများတွင်လည်း ထပ်မံ၍ ကြော်ငြာများ တပ်ဆင်သွားဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

VOA သတင်းဌာနအနေဖြင့် ပြည်တွင်းတွင် တီဗွီသတင်းလွှာအစီအစဉ်နှင့်
ရေဒီယိုအစီအစဉ်များကိုသာ စီစဉ်တင်ဆက် သွားမည်ဖြစ်ပြီး သတင်း
ဂျာနယ်/သတင်းစာထုတ်ဝေရန် အစီအစဉ်မရှိကြောင်းကိုလည်း သိရသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် VOA သတင်းဌာန အနေဖြင့်
မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးအကြိမ် ၀င်ရောက်လုပ်ကိုင် ခြင်းဖြစ်သည်။

ကျော်ဇင်မန်း(မြစ်မခ)
Myit Makha Mediagroupရန်ကုန်မြို့အတွင်း၌ VOA သတင်းဌာ၏ ဆိုင်းဘုတ်များ တရားဝင် စိုက်ထူကြော်ငြာခွင့်ရရှိနေပြီးဖြစ်၍ မကြာမီ မြန်မာပြည်အတွင်းရှိ ရုပ်သံလိုင်းများ၌ သတင်းများကြည့်ရှုခွင့် ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။“ဆိုင်းဘုတ်တွေကတော့ တရားဝင်စိုက်ထူခွင့်ရနေပါပြီ။ ထုတ်လွှင့်ပြသမယ့်ရက်ကတော့ ညှိနှိုင်းနေဆဲပါ။ အတိ အကျတော့ ပြော လို့မရသေးပါဘူး”ဟု VOA သတင်းဌာနမှ

ရခိုင်ပြည်နယ် ဝေးလံ ခေါင်ပါး ဒေသများသို့ တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေ


Photo: ရခိုင်ပြည်နယ် ဝေးလံ ခေါင်ပါး ဒေသများသို့ တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနေ
Wednesday, 05 December 2012

တပ်မတော် အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ဘဝ အကျိုးစီးပွား ဖော် ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် နယ်လှည့် အထူးကု ဆေးကု သရေး အဖွဲ့များသည် ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၁၆ ရက် အထိ ကယား ပြည်နယ်နှင့် အောက်တိုဘာ ၂၉ ရက်မှ
နိုဝင်ဘာ ၁ဝ ရက်အထိ ချင်းပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား
ပြည်သူတို့ လိုအပ် သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ
ဆောင်ရွက် ပေးခဲ့သည်။

ထပ်မံ၍ ရခိုင်ပြည်နယ် အတွင်းရှိ ဝေးလံ ခေါင်ပါးသော ဒေသများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများ အားလည်း လိုအပ်သည့် ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းများ ဆောင် ရွက်ရန် တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များသည် လိုအပ်သည့် ဆေးဝါးများ၊ ကုသရေး အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာ ယူဆောင်လျက် ယနေ့နံနက် ပိုင်းတွင် တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာသွားပြီး ဆေးကုသ ရေး လုပ်ငန်းများအား စတင် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

မြ၀တီ တပ်မတော် အနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူ့ဘဝ အကျိုးစီးပွား ဖော် ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် တပ်မတော် နယ်လှည့် အထူးကု ဆေးကု သရေး အဖွဲ့များသည် ၂ဝ၁၂ ခုနှစ် အောက် တိုဘာ ၅ ရက်မှ ၁၆ ရက် အထိ ကယား ပြည် နယ်နှင့် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၁ဝ ရက်အထိ

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ


.
Photo: ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ  
Wednesday, 05 December 2012

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့်  စပါးများအား အချိန်မီပြုပြင်နိုင်ရေး
အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ 
၁ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး နိုင်ငံတော်က အကူအညီပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

မိုးရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင် စသည့်မြို့နယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ တွံတေး၊ ဒလနှင့် အခြားဒေသများတွင် ရိတ်သိမ်းပြီး အမိုးအကာအောက် မရောက်သေးသော စပါးများ၊ ရိတ်သိမ်းဆဲ စပါးများမှာ မိုးစိုသည့်ဒဏ် ခံစားခဲ့ရကာ လယ်ကွင်းများတွင်လည်း ရေနစ်မြုပ်မှုကြောင့် စပါးရိတ်သိမ်းရန် အခက်အခဲဖြစ်နေကာ ရိတ်သိမ်းပြီး စပါးများမှာလည်း တလင်း အခက်အခဲ၊ ရေစိုနေသည့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ထုတ်ပြန်ထားသည်။

ပုသိမ်မြို့နယ်အတွင်းရှိ ရိတ်သိမ်းပြီး စပါးအချို့လည်း ပျက်စီးဆုံးရှုံးမှုများ
ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။ ''စပါးက သက်ကြီးစပါးရယ် သက်လတ်စပါးရယ်၊ သက်နုစပါးရယ် ဆိုပြီး သုံးမျိုးရှိတယ်။ အခုမိုးမိသွားတဲ့ စပါးတွေက သက်လတ်စပါးတွေ ပေါ်ဆန်းယဉ်နဲ့ မီးကောက်အုပ်စုတချို့ ပါတယ်၊ ရိတ်ပြီးစ ပုံထားရုံမှာရွာတော့ အကုန်လုံး အချိန်မီ အမိုးအကာအောက် မရောက်တော့ဘူး၊ တစ်ဧကကို ပျမ်းမျငါးတင်းလောက်တော့ ပျက်စီးနိုင်တယ်'' ဟု ကြက်ပေါင်ကျေးရွာမှ တောင်သူဦးမျိုးကိုကိုက
ပြောပြသည်။

မိုးရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် သိမ်းဆည်းရန် ကျန်ရှိနေသည့်
ကောက်လှိုင်းများ အမိုးအကာအောက် ရောက်ရေးအတွက် ပုံမှန်ထက်
နှစ်ဆပိုသည့် လုပ်အားများ၊ ငွေကြေးများ သုံးစွဲခဲ့ရပြီး ရေစိုကောက်လှိုင်း
များကြောင့် အတွင်းရှိ ဆန်သားများ ပျက်စီးနိုင်ကြောင်း၊ ယင်းအပြင် စပါးစိုက်ပျိုးစဉ်တွင် အသုံးပြုခဲ့ရသည့် သွင်းအားစုများပါ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် နိုဝင်ဘာလကုန်ပိုင်း အတွင်းက အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့မှုကြောင့် ရိတ်သိမ်းပြီးသော စပါးများ မိုးရေစိုကာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဆုံးရှုံးမှုများတွင် ရိတ်သိမ်းပြီးသော စပါးများအား လယ်ကွင်းအတွင်း၌ အမိုးအကာမရှိဘဲ ထားရှိမှုကြောင့် ပျက်စီးမှုမှာ များပြားခဲ့ပြီး မရိတ်သိမ်းရသေးသော စပါးခင်းများလည်း မိုးရေကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း တောင်သူများထံမှ သိရှိရသည်။

''စပါးရိတ်တဲ့အချိန်ကျမှ မိုးကဖျက်ပြန်ပြီ၊ တောင်သူတွေအတွက် အထိနာတဲ့နှစ်လို့ ပြောရမလားပဲ။ အချို့တတ်နိုင်တဲ့ သူတွေကတော့ စက်နဲ့ရိတ်သိမ်းတာတွေလုပ်လို့ မိုးမိပြီး ဆုံးရှုံးတာ သိပ်မရှိပေမယ့် ဦးတို့လို မိသားစုဝိုင်းလုပ်တဲ့ လယ်တွေမှာတော့ ဆုံးရှုံးမှုတွေရှိတယ်။ တချို့လယ်တွေမှာဆိုရင် စပါးတွေက ရေစိုလို့ အပင်ပေါက်လေးတွေ
ဖြစ်နေပါပြီ'' ဟု လောင်းလုံးမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

ယခုနှစ်တွင် ထားဝယ်ခရိုင်အတွင်း၌ မိုးစပါး စိုက်ဧက ၁၂၇၃၀၀ 
ဧကရှိပြီး စပါးရိတ်သိမ်းချိန်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုများကြောင့် စပါးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကာ ဆုံးရှုံးမှုများပြားလာခြင်း မရှိစေရန်အတွက် ရိတ်သိမ်းပြီးသော စပါးများကို အမိုးအကာအောက်သို့ အလျင်အမြန် ရွှေ့ပြောင်းရန် ပြုလုပ်နေရသော်လည်း စက်ကိရိယာနှင့် လူအင်အား အခြေအနေကြောင့် တောင်သူများ အခက်အခဲ ကြုံတွေ့နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင်လည်း နိုဝင်ဘာလ
အတွင်းက မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းဆဲ/ရိတ်သိမ်းပြီး စပါးအချို့ ပျက်စီးမှုရှိခဲ့ကြောင်း ငပုတောဒေသခံ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဒေသများရှိ လယ်သမားများတွင် စပါးရိတ်သိမ်းရန် လူအင်အား
လိုအပ်ချက် (လူ သို့မဟုတ် ငှားရမ်းခငွေ)၊ ရေ၀င်သည့် လယ်များတွင်
ရေစုပ်ထုတ်ရန် ရေစုပ်စက်ကြီးများ၊ ဖုံးအုပ်ရန်နှင့် တလင်းပြုလုပ်ရန် မိုးကာဖျင်များ၊ ခြွေလှေ့စက်များ၊ အခြောက်ခံစက်များ၊ ရေစိုစပါးများအား
ပေါက်ဈေးဖြင့် ၀ယ်ယူပေးရန်၊ ယခင်လက်ကျန်နှင့် ယခုထွက်ရှိသည့် စပါးများအား ကာလပေါက်ဈေးဖြင့် ၀ယ်ယူပေးရန် စသည့်လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းမှ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ လယ်ယာ
စီးပွားရေး အများပိုင်ကော်ပိုရေးရှင်းတို့နှင့် ပူးပေါင်း၍ ကူညီမှုများကို
ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အကူအညီ လိုအပ်နေသည့် ဒေသများသို့ မိုးရေကာဖျင်အလိပ် ၂၀၀
နှင့် ခြွေလှေ့စက်များ၊ စပါးအခြောက်ခံစက်များ ပေးပို့ခြင်းများကိုလည်း
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း တို့ကလည်း အဆိုပါဒေသများသို့ ခြွေလှေ့စက် အလုံး ၂၀၊ စပါးအခြောက်ခံစက် နှစ်လုံးနှင့် Submersible pump ၁၀၁ လုံးတို့ကို အမြန်ဆုံးပေးပို့ အကူအညီ ပေးသွားမည်ဖြစ်ကြောင်းကိုလည်း
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


Eleven Media Group ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်း နိုဝင်ဘာလ အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ ရိတ်သိမ်းဆဲ စပါး ပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။
ယင်းသို့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို သိရှိနိုင်ရန်နှင့် ပျက်စီးသည့် စပါးများအား အချိန်မီပြုပြင်နိုင်ရေး
အတွက် မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းသည် ဒီဇင်ဘာလ

အင်ဂျင်နီယာဘာသာရပ်အသစ်ဝင်ခွင့် စတင်ခေါ်ယူ

Photo: အင်ဂျင်နီယာဘာသာရပ်အသစ်ဝင်ခွင့် စတင်ခေါ်ယူ
Wednesday, 05 December 2012

PSB Academy နှင့် Manchester Metropolitan University တို့ချိတ်ဆက်၍ အင်ဂျင်နီယာပရိုဂရမ် အသစ်များအား မြန်မာ
ကျောင်းသားများအတွက် ပို့ချပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ဆောင်မှု
အသိုင်းအ၀ိုင်းက သိရသည်။

သင်ယူနိုင်သော ဘာသာရပ်များမှာ BE(Electrical and Electronic) နှင့် BE(Mechanical Engineering) တို့ဖြစ်ပြီး အဆိုပါ အင်ဂျင်နီယာ
ဘာသာရပ်များ ကို Institution of Mechanical Engineers နှင့် The Institution of Engineering and Technology (UK)မှ အသိအမှတ်
ပြုထားပြီး ဘွဲ့ရရှိပြီးပါက အဆိုပါအဖွဲ့တွင် UK Chartered Engineer 
အဖြစ် အခွင့်အရေးရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ဝန်တန်း အောင်မြင်ပြီးသူများ  အဆိုပါ ဒီပလိုမာပရိုဂရမ်အား စတင်လျှောက်ထား နိုင်ကြောင်းနှင့်   ကျောင်းဝင်ခွင်
့လများမှာ ၂၀၁၃ ဧပြီ နှင့်နိုဝင်ဘာလတို့ဖြစ်ပြီး (၁၆) လစာကျောင်းလခမှာ စင်ကာပူဒေါ်လာ (၁၆၂၅၃) ကုန်ကျမည် ဖြစ်ကြောင်းနှင့်လျှောက်ထား
လိုသူများအနေဖြင့် အင်္ဂလိပ်စာ လိုအပ် ချက် IELTS 5.5 ရှိရန်လိုအပ်ပြီး PSB Academy English Placement Test အား CROWN Education တွင် ဖြေဆိုနိုင်ကြောင်းကိုလည်း သိရသည်။

“ အခုပညာသင်နှစ်မှာ YIT ၀င်ခွင့်အတွက် လျှောက်ထားသူများပြားခဲ့ပြီး ၀င်ခွင့်ရမှတ်သတ်မှတ်ချက်(၅၀၀) ကျော်အထိရှိတယ်။ Engineering ဘာသာရပ်ကိုစိတ်ဝင်စားပြီးဝင်ခွင့်အမှတ်မမှီသူတွေအတွက် ဒီပရိုဂရမ်က အထူးသင့်တော်ပါတယ်။အင်္ဂလန်မှာ သွားရောက် သင်ယူရ မည့်   ဘွဲ့နဲ့ထပ်တူညီတဲ့ဘွဲ့ကို PSB မှာပဲ သင်ယူနိုင်ပြီး အင်္ဂလန်မှာ
သင်ယူစားရိတ်ထက် (၅၀% )လောက်   သက်သာပါတယ်။ နောက်ဆုံး (၈)လကို အင်္ဂလန်မှာ Exchange Program အဖြစ် သွားသင်နိုင်တယ်။ သင်္ချာနဲ့ ရူပအားနည်းတဲ့ ကလေးတွေအတွက် Engineering Foundation Program(၃)လကို သင်တန်းမှာ ပို့ချပေးသွားမှာ   ဖြစ်တယ်”ဟု Crown Education Center မှ တာဝန်ခံတစ်ဦးက ပြောသည်။

Manchester Metropolitan University ကို ၁၈၂၄ ခုနှစ်က စတင်
တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း၁၀၀ ကျော်မှ ကျောင်းသူ
ကျောင်းသားပေါင်း (၃၅၀၀၀)ကျော် တက်ရောက် ပညာသင်ကြား
နေကြောင်းသိရသည်။

The Complete University Guide 2011 အရ ယူကေတက္ကသိုလ် အားလုံးအား ဘာသာရပ်မျိုးစုံခြုံငုံ အဆင့်သတ်မှတ်ရာ ၌ Manchester Metropolitan University မှာ အဆင့်(၂၀)ရရှိသည်။

စာအသင်အပြ ကောင်းမွန်မူကြောင့်ယူကေတွင် အထူး နာမည်
ကျော်ကြားသည့် တက္ကသိုလ်လည်းဖြစ်ပြီး Mechanical Engineering ဘာသာရပ်များ သင်ကြားပို့ချရာတွင် Excellent Teaching Quality ဆု ရရှိထားကြောင်းလည်း သိရသည်။

PSB ၏ ဒီပလိုမာပရိုဂရမ်ဖြစ်သောDiploma in Electrical/Mechanical ဘာသာရပ်သည် ယူကေ တက္ကသိုလ်  Foundation နှင့် ပထမနှစ် အဆင့်များနှင့် ညီမျှကာ Manchester Metropolitan University မှ
ပေးအပ် သော BE(Electrical and Electronic) နှင့် BE(Mechanical Engineering) ကိုရရှိရန် (၁၆)လကြာသာ ကြာမြင့်မည် ဖြစ်သည်၊၊

ကျောင်းလျှောက်ထားလိုသူများနှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့်  CROWN Education အမှတ် ၂၇၀၊ ပထမထပ်၊ပြည်လမ်း၊မြေနီကုန်း ၊
ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၄၅၀၀ ၅၆၃၀၀ တို့ ကို
ဆက်သွယ် မေးမြန်းနိုင်သည်။

မြစ်မခ
Myit Makha MediagroupPSB Academy နှင့် Manchester Metropolitan University တို့ချိတ်ဆက်၍ အင်ဂျင်နီယာပရိုဂရမ် အသစ်များအား မြန်မာ
ကျောင်းသားများအတွက် ပို့ချပေးမည်ဖြစ်ကြောင်း ပညာရေး ၀န်ဆောင်မှု အသိုင်း အ၀ိုင်းက သိရသည်။
သင်ယူနိုင်သော ဘာသာရပ်များမှာ BE(Electrical and Electronic) နှင့် BE(Mechanical Engineering) တို့ဖြစ်ပြီး အဆိုပါ

"နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများသို့ ချစ်ကြည်ရေးခရီးများ သွားရောက်မည်"

ဩစတြေးလျ ဓနသဟာယနိုင်ငံ ဘုရင်ခံချုပ် မစ်စကွင်တင်းဘရိုက်စ်နှင့် နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဂျွန်ကီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ

မြန်မာအမျိုးသမီး ယူ-၁၉ အသင်း အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်

Photo: မြန်မာအမျိုးသမီး ယူ-၁၉ အသင်း  အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက်
Wednesday, 05 December 2012

အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာအမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရကာ
ခြေစစ်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက် သွားပြီ ဖြစ်သည်။

မြန်မာ အသင်းအတွက် ဂိုးများကို ၀င်းသိင်္ဂီထွန်းက (၉၊ ၄၅)မိနစ်၊ ခင်နွေးနွေးရွှေက ပွဲချိန် (၂၆)မိနစ်၊ နီလာဝင်း (၄၇၊ ၆၄၊ ၈၃)မိနစ်များတွင် ဟက်ထရစ်၊ အေးအေးမိုးက (၆၁)မိနစ် တွင် အသီးသီး သွင်းယူပေးခဲ့ပြီး ကျန်တစ်ဂိုးကို အိန္ဒိယ နောက်ခံလူ ဆာဟိုက ပွဲချိန် (၁၈)မိနစ် ကတည်းက ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ 

ဒုတိယ အဆင့် ခြေစစ်ပွဲကို အောင်မြင်သွားခဲ့သည့် မြန်မာအသင်းသည် တစ်ဖက်အုပ်စုမှ ခြေစစ်ပွဲ အောင်မြင်လာမည့် အသင်းနှင့်နောက်ဆုံး
အဆင့် ခြေစစ်ပွဲကို ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရပါက နောက်ဆုံးအဆင့် ပြိုင်ပွဲများသို့ တက်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

Soccer Myanmarအာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ဒုတိယအဆင့် ၀င်ရောက် ယှဉ်ပြိုင်နေသည့် မြန်မာ အမျိုးသမီး ယူ-၁၉ အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် အိန္ဒိယ အသင်းကို (၈-၀)ဂိုးဖြင့် ဂိုးပြတ်

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

  
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်  

အင်မတန်ကိုဝမ်းသားအားရ ဖြစ်မိတဲ့သတင်း ဖြစ်ပါတယ်။ နောက်ဆုံးတော့လည်း မျှော်လင့်ချက်တွေ
 ဖြစ်လာရတာပါပဲ။ဒေါက်တာညိုညိုသင်းနဲ့ တကွ ရန်ကုန်တိုင်း အစိုးရကို ဒီကိစ္စဖ်ြမြောက်အောင် စီစဉ်ပေးနိုင်လို့ ကျေးဇူးတင်ပါတယ်။မြန်မာတနိုင်ငံလုံး ကျန်ရှိတဲ့ ပြည်နယ်နဲ့ တိုင်း အစိုးရတွေကလည်း အလားတူ စီမံပေးကြစေချင်ပါတယ်။

ဒီဇင်ဘာလအတွက် ၇ ရက်သားသမီး ကံကြမ္မာ ဟောစာတမ်း


တနင်္ဂနွေသားသမီးများအတွက်

ခရီးတို ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် အကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း

ထိုင်းရောက်မြန်မာလုပ်သားများကို ဒီဇင်ဘာ ၃၁ နောက်ဆုံးထား၍ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည်၊ ဇန်န၀ါရီ ၁ ရက်မှစ၍ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရမည်

ထိုင်းနိုင်ငံ၌ အထောက်အထား မ လုပ်ရသေးသော မြန်မာလုပ်သား တစ်သန်းနီးပါးသည် ယာယီနိုင်ငံကူး လက်မှတ်နှင့် နိုင်ငံသားသက်သေခံလက်မှတ်ကို ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံး ထား ပြုလုပ်ရ မည်ဖြ စ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

အသက် ၆၀ နှင့် ၇၀ ကျော် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်

ha-5-12-2
ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းမှ သက်ကြီးရွယ်အိုလူနာတချို့အား တွေ့မြင်ရစဉ်
အသက် ၆၀ နှင့် ၇၀ ကျော်အရွယ် ဘိုးဘွားများ နိုင်ငံပိုင်ဆေးရုံကြီးများတွင် အခမဲ့ဆေးကုသခွင့်နှင့် ကျန်းမာရေးစစ်ဆေးခွင့်များ ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာလ  ၃ ရက်နေ့က ပြုလုပ်ခဲ့သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး

၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲမြင်ကွင်း

Photo: ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက်(ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေးအဖွဲ့အစည်းများ အစိုးရအဖွဲ့အစည်းများနှင့်အရပ်ဖက်အဖွဲ့အစည်းများမှ ဆန်းသစ်တီထွင်မှုရှိသည့် ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ၏အနာဂတ် အတွက် ဦးဆောင်ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ၉ ကြိမ်မြောက်ကျင်းပခြင်းဖြစ်
ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပခြင်းဖြစ်ကာ တက်ရောက်သူ ၁၀၀ ၀န်းကျင်ရှိသည်။ ယခုနှစ် ပြုလုပ်သည့်ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ လျင်မြန်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အချိန်ကာလအတွင်း ရောက်ရှိနေသလို နိုင်ငံတကာအသိုင်းအ၀ိုင်းသည်လည်း ကမ္ဘာ့စီးပွားရေးအကြပ်အတည်း၏ ရိုက်ခတ်မှုများမှ ရုန်းထွက်နေရဆဲအချိန်ကာလ ဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ အဓိကခေါင်းစဉ်မှာ ''Turbulent World. Asia Rising. Where do we go from here? ဖြစ်ပြီး အဖွင့်မိန့်ခွန်းကို မလေးရှားတော်ဝင်အိမ်ရှေ့မင်းသား Raja Nazrin Shahက ပြောကြားခဲ့သည်။

Eleven Media Group ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဒီဇင်ဘာလ ၅ ရက် (ယနေ့)တွင် ပြုလုပ်သည့် ၂၀၁၂ အာဆီယံခေါင်းဆောင် ၁၀၀ တွေ့ဆုံဆွေးနွေး ပွဲတွင် အာဆီယံနိုင်ငံများမှ စီးပွားရေး အဖွဲ့ အစည်းများ အစိုးရအဖွဲ့ အစည်းများနှင့် အရပ်ဖက် အဖွဲ့အစည်း များမှ
ဆန်းသစ် တီထွင်မှုရှိသည့် ခေါင်းဆောင်များနှင့် အတူ မြန်မာနိုင်ငံ ၏ အနာဂတ် အတွက် ဦးဆောင်ဆွေးနွေး မှုများပြု လုပ်သွား မည်ဖြစ်ကြောင်း သိ ရသည်။

သံဃာတုများအတွက် သာသနာတော်မှာ နေရာမရှိပါ

        လောကကြီးမှာ လူတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်က ဆေးကု၊ အင်ဂျင်နီယာက အဆောက်အအုံဆောက်၊ ဒီလိုမှမဟုတ်ဘဲ အင်ဂျင်နီယာ က ဆေးကုတယ်ဆိုရင် လူနာ အခြေအနေက မေးစရာမလိုပါဘူး။ ကျော်သူနဲ့သာ ဆက်သွယ်ထားလိုက်ပါ။ ဆရာဝန်က အဆောက်အအုံ ဆောက်တယ်ဆိုရင်လည်း အဆောက်အအုံအကြောင်း မေးစရာမလိုပါဘူး။ မကြာခင် ပြိုကျပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းဟာ သူ့အလုပ် သူလုပ်၊ သူ့နေရာသူနေ၊ ဒါမှ အဆင်ပြေ ပါမယ်။
          ဘုန်းကြီး၊ ဘုန်းကြီးအလုပ်မလုပ်ဘဲ လူတွေလုပ်တဲ့ အလုပ်ထဲ ဝင်ရှုပ်လာရင်တော့ ဒါဘုန်းကြီးပါလို့ ဘယ်လိုပြောရပါ့မလဲ။ အခုပဲကြည့်ပါ။ ထစ်ကနဲဘေးပယောဂသမားတွေက ရှူးတိုက်ပေးတာနဲ့ လောကီ ကိစ္စ နားမလည်ပါးမလည်ဘဲ နိုင်ငံရေးသမားဓားစာခံအဖြစ် အရူးချီးပန်းထလုပ်လာ တယ်။ မြင်မကောင်းရုံ မကဘဲ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတုလို့ ရွတ်ဆိုပူဇော်မှုတွေလည်း နှုတ်ဆိတ်ရတော့မယ့် အနာဂတ်အခြေအနေကို လှမ်းမြင်ရတော့ သာမန်ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ လုံးဝရင်လေး စိတ်မကောင်းဖြစ်ရပါတယ်။ တကယ်တော့ ကြည်ညိုချင်စိတ် ဆိုတာ သံဃာရဲ့ဥပဓိရုပ်သွင်ပြင်အမူအယာနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။ ဝိနည်းတော်တွေနဲ့ညီညွတ်စွာ နေထိုင်အားထုတ်တဲ့ ဆရာတော်ကြီးများရဲ့မျက်နှာဟာ ဖူးတွေ့ရသူ အပေါင်း အတွက် ကြည်ညိုချင်စိတ်တွေ၊ သဒ္ဒါစိတ်တွေ အလိုအလျောက်ဖြစ်ပေါ်လာစေပါတယ်။ ကြုံဖူးကြမှာပါ။ ပုံမှာပါတဲ့ သံဃာတွေရဲ့သွင်ပြင်နဲ့တော့ ဆီနဲ့ရေပါပဲဗျာ။

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့၍ အရေးပေါ်အကူအညီ လိုအပ်နေကြောင်းသိရ


ရန်ကုန်-ပုသိမ် အဝေးပြေးလမ်းမဘေးမှ ပျက်စီးမှုများရှိနေသော စပါးခင်းများအားတွေ့ရစဉ်5

ဧရာဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ စပါးပမာဏများစွာ ပျက်စီးဆုံးရှုံးနေသဖြင့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ၊ ချင်းမိုင် မြို့ ကချင်ရွာ တွင် ကချင် ရိုးရာ မနောပွဲ ကျင်းပ

 Wednesday, December 5, 2012

ထိုင်းနိုင်ငံ ၊ ချင်းမိုင် မြို့ ၊ ဘတ်မိုင်ကချင်ရွာ တွင် ၊ (၂၀၁၂ ခုနှစ် ၊ဒီဇင်ဘာ လ ၊ ၄- ရက် နှင့် ၅ ရက်) နေ့ တို့တွင် ကချင် ရိုးရာ မနောပွဲ ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နေကြောင်း သိရပါတယ်။