Wednesday, June 17, 2015

ထိုင်းရောက် မြန်မာများကို အကာအကွယ်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ထိုင်းသံအမတ်လက်ခံ

ထိုင်းနိုင်ငံတွင် အလုပ်လုပ်သည့် မြန်မာတိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို ထိုင်းလူမျိုး ခြောက်ဦးက မဖွယ်မရာပြု ကျင့်ခဲ့သည့်အတွက် ထိုင်းရောက် မြန်မာအလုပ်သမားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျူးလွန်သူကို ထိုင်းဥပဒေနှင့် အညီ ဆောင်ရွက်ပေးရန် ထိုင်းအစိုးရအား တောင်းဆိုဆန္ဒပြပွဲကို ဇွန်လ ၁၆ရက်က ရန်ကုန်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း သံရုံးရှေ့တွင် ခွင့်မပြု၍ ဗိုလ်စိန်မှန်ကွင်းတွင်သာ ဆန္ဒပြခဲ့သည်ဟု သာသနစောင့်ရှောက်ရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

အခြေခံဥပဒေကို သတ်မှတ်ကာလအမီ ပြင်ဆင်ရန်နှင့် မဲခွဲရာတွင် စက်ခလုတ် မသုံးရန် အကြံပြု

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် သတ်မှတ်သည့် အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် မဲခွဲဆုံးဖြတ်ရာတွင် သံသယရှိဖွယ်အချက်များ ပေါ်ပေါက်နိုင်သည့် စက်ခလုတ် နှိပ်သည့်နည်းကို မသုံးဘဲ ရှင်းလင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။
“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၃၄ ဦးတို့ ဆန္ဒမဲပေးရာတွင် စက်ခလုတ်နှိပ် အသုံးပြုပါက သံသယရှိဖွယ်ရာ အချက်များ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။ ထို့ကြောင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူနှင့် နိုင်ငံတကာကလည်း စောင့်ကြည့်နေကြမည် ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရှင်းလင်းစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါသည်” ဟု ဆန္ဒမဲပေးသည့် စနစ်နှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။

မကြာမီ သြစတြေးလျ တစ်ဒေါ်လာ စင်ကာပူ တစ်ဒေါ်လာဖြစ်လိမ့်မည်ဟု သြစတြေးလျဘဏ် ခန့်မှန်း

သြစတြေးလျ ထိပ်တန်းဘဏ်ကြီးမှ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အားပျော့ လာနေသည့် သြစတြေးလျဒေါ်လာသည် လာမည့် ၆ လ (သိှု့မဟုတ်) ၁၂ လတွင် စင်ကာပူဒေါ်လာနဲ့ တန်ဖိုးချင်း ညီမျှသွားမည်ဟု ဆိုသည်။ ၂၀၁၂ ခုနှစ်အစောပိုင်းက အမာဆုံးဆင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၃၄ နှုန်းကနေ အကြီးအကျယ် ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး မရေရာမှုများ ရှိနေသည့်တိုင် ထိုင်းနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ကြွယ်ဝနေဆဲဟုဆို

အစိုးရ အသုံးစရိတ်များ ကျဆင်းပြီး စားသုံးသူယုံကြည်မှု အားပျော့လာသော်လည်း Maybank Investment Bank ၏ စီအီးအို ဂျွန်ချောင်းကမူ ထိုင်းနိုင်ငံတွင် အခွင့်အလမ်းများ ကြွယ်ဝဆဲဟု ယုံကြည်နေသည်။အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေးအင်အား အကြီးမားဆုံး ထိုင်းနိုင်ငံသည် နိုင်ငံရေး မသေချာ မရေရာမှုများနှင့် အိမ်ထောင်စု အကြွေးမြင့်မားမှုကဲ့သို့ လေဆန်ကို ရင်ဆိုင်နေရသော်လည်း မဟာမဲခေါင်ဒေသသို့ ဝင်ပေါက်ဖြစ်နေသည့် နိုင်ငံ၏ တည်နေရာကြောင့် ရင်းနှီးမြှုပ်နှံချင်စရာ နေရာတစ်ခု ဖြစ်နေသည်။

ရာစုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကို မြောက်ကိုရီးယား ကြုံတွေ့နေ

 မြောက်ကိုရီးယားနိုင်ငံသည် ရာစုနှစ်အတွင်း အဆိုးဝါးဆုံးမိုးခေါင်မှုကို ကြုံတွေ့နေရလျက် ရှိသည်ဟု
နိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြပြီး ဆင်းရဲသည့်နိုင်ငံအတွက် စားနပ်ရိက္ခာပြတ်လပ်မှု စိုးရိမ်စိတ်များ ဖြစ်ပွားပေါ်ပေါက်နေရသည်။
ဆိုးရွားသည့် မိုးခေါင်မှုကြောင့် မြောက်ကိုရီးယားနိုင်ငံ၏ ဆန်အများဆုံး ထွက်ရှိရာ အဓိကပြည်နယ်တွင် ဆိုးဝါးစွာ ပျက်စီးမှုများဖြစ်နေကြောင်း ကိုရီးယား ဗဟိုနယူးစ် အေဂျင်စီ KCNA က သတင်းဖော်ပြသည်။

ပါလက်စတိုင်း အစိုးရ ၂၄ နာရီအတွင်း နှုတ်ထွက်မည်

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က ၎င်း၏ အစိုးရအဖွဲ့သည် ၂၄ နာရီအတွင်း နှုတ်ထွက်တော့မည်ဟု ကြေညာလိုက်ကြောင်း ဖာတက်ရှ် တာဝန်ရှိသူများက ပြောသည်။
"၂၄ နာရီအတွင်းမှာ ပါလက်စတိုင်း အစိုးရအဖွဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်” ဟု အဘတ်စ်၏ ဖာတက်ရှ်လှုပ်ရှားမှု ပါတီမှ အကြီးတန်း အရာရှိကြီးတစ်ချို့က ပြောခဲ့သည်။ ပြီးခဲ့သည့် အင်္ဂါနေ့က ရာမယ်လက်ရှ် အနောက်ဖက်ကမ်းမြို့တွင် ၁၅ ကြိမ်မြောက် ဖာတက်ရှ် တော်လှန်ရေးကောင်စီ အစည်းအဝေးကျင်းပရာ၌ အဘတ်စ်က ယင်းသို့ ပြောခဲ့ခြင်းဖြစ်ကြောင်းကို ကိုးကား၍ တာဝန်ရှိသူများက ပြောကြားခြင်း ဖြစ်သည်။