Tuesday, November 5, 2013

စပိန်မြေမှာ လူမစုံပေမယ့် အနိုင်သုံးမှတ်ကို ရယူသွားဖွယ်ရှိသည့် မန်ယူနိုက်တက်

Photo: စပိန်မြေမှာ လူမစုံပေမယ့် အနိုင်သုံးမှတ်ကို ရယူသွားဖွယ်ရှိသည့် မန်ယူနိုက်တက်
Tuesday, November 5, 2013

မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅ မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၄)အဖြစ် သွားရောက်ကစားရမည်ဖြစ်သည် ။ မန်ယူနိုက်တက်သည် ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရယူနိုင်ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည် ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာလေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊ ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။

မန်ယူနိုက်တက်သည် အဆိုပါပွဲစဉ်အား အနိုင်ရရှိခဲ့မည်ဆိုပါက အုပ်စုတက်ဖို့အခွင့်အရေး သေချာသလောက်ရှိနေပြီဖြစ်ပြီး ၊ ဆိုချီဒက်အသင်းအနေနဲ့ကတော့ သုံးပွဲကစားထားရာမှာ တစ်မှတ်မှ ရရှိထားခြင်း မရှိသေးသည့်အသင်းဖြစ်သည် ။

မန်ယူနည်းပြ ဒေးဗစ် မိုယက်စ် အနေနဲ့ကတော့ အသင်းမှာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေကြောင်း ၊ ရီးယဲလ်ဆိုချီဒက်ကိုလည်း လေးစားမှု အပြည့်ဖြင့် ယှဉ်ပြိုင်ကစားသွားကာ ရမှတ် ၁၀ မှတ်ကို သူ့ကစားသမားများအနေနှင့် ရ ယူနိုင်လိမ့်မည်ဖြစ်ကြောင်း BBC Sport ကို ပြောကြားခဲ့သည် ။

မန်ယူနိုက်၏ ဖြစ်နိုင်ဖွယ် လူစာရင်း

တိုက်စစ် - ဗန်ပါစီ ၊ ရွန်းနီ

အလယ်တန်း - ကာဂါဝါ ၊ ကာရစ် ၊ ဖယ်လိုင်နီ ၊ ဗလန်စီယာ ၊

နောက်တန်း - အီဗရာ ၊ ဗီဒစ် ၊ ဖာဒီနန် ၊ ဂျုံးစ်

ဂိုး - ဒီဂီအာ

Written by သန့်ဇော်
FOOTBALL CAFE
မန်ချက်စတာ ယူနိုက်တက်သည် မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက် ၁း၁၅ မိနစ်တွင် စပိန်အခြေစိုက် ရီးယဲလ် ဆိုချီဒက်အသင်းနှင့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၄)အဖြစ် သွားရောက်ကစား ရမည်ဖြစ်သည်။ မန်ယူနိုက်တက်သည် ဆိုချီဒက်အသင်းအား အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ တစ်ဂိုး ဂိုးမရှိဖြင့်အနိုင် ရယူနိုင် ထားသည် ။ ယခုဒုတိယ အကျော့တွင် မန်ယူနိုက်တက်သည် ကွင်းလယ်ကစားသမားဖြစ်သည့် ကလီဗာ လေ ၊ နောက်တန်းခံစစ်မှူး ဂျော်နီ အီးဗန်း ၊ ညာအစွန်ကစားသမားဖြစ်သည့် ရာဖေးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမယ့် ကျန်ကစားသမားအစုံအလင့်ဖြင့် စပိန်မြေ သို့ချီတက်သွားခဲ့သည် ။

Myanmar Model Fashion

Fashion Show - Myanmar Model

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်အတွင်း လူစည်ကားသည့် နေ့များတွင် ကလေးသူငယ်များ ၀တ်ဆင်ထားသည့် ရွှေထည် ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏ ဖြစ်ပွား

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင် ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

အပျိုဂုဏ်ကို လေလံတင်ခဲ့သည့် ရုရှား ဆယ်ကျော်သက် မိန်းကလေး

အသက်(၁၈)နှစ်သာ ရှိသေးပြီး အမည်မဖော်ပြသည့် မိန်းကလေးသည် အင်တာနက်မှတစ်ဆင့် မိမိ၏ အပျိုရည်ကို လေလံတင်ထားခြင်း ဖြစ်သည်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာ အတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန် အလယ်ပိုင်းနှင့်တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များ တွင်လည်း နေထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။ 

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ

နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ် ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

Yu Thandar Tin

ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ မျှမျှတတ လုပ်ဆောင်ရန် ဝန်ကြီးချုပ် သတိပေး

လူ့အဖွဲ့အစည်း နှစ်ခုကြား ခွဲခြား ဆက်ဆံသည်ဟုဆိုကာ ဆန္ဒပြ ကန့်ကွက် ခံနေရသည့် ရခိုင်ပြည်နယ်ရှိ NGO နှင့် INGO များ လူ့အဖွဲ့အစည်းနှစ်ခု အတူတကွ နေထိုင်နိုင်ရေးအတွက် လူသားချင်း စာနာသည့် အကူအညီများ ပေးရာတွင် ပွင့်လင်းမြင်သာမှု ရှိရန်နှင့် မျှတမှုရှိရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က ပြော ဆိုကြောင်း ပြည်နယ် ဥပဒေချုပ် ဦးဦးလှသိန်းက ပြောကြားသည်။

ရန်ကုန်မြို့၏ကတ္တရာလမ်းများကို လူအင်းအားသုံးပြုပြင်ခြင်းအစား လမ်းခြစ်စက်များဖြင့်ပြုပြင်နေ

လက်ရှိပြုလုပ်နေသည့် လူများနှင့် လမ်းပြင်ခြင်းအစားကတ္တရာလမ်းများကို လမ်းခြစ်စက်များ အသုံးပြု၍ ပြုပြင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးမျိုးလွင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ လက်တစ်ဆုပ်စာ လူတစ်စု၏ ပိုင်ဆိုင်မှု လွန်စွာမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း စီးပွားရေး ပညာရှင်များ သုံးသပ်

မြန်မာနိုင်ငံတွင်ရှိသော လက်တစ်ဆုပ်စာ လူတစ်ခု၏ ပိုင်ဆိုင်မှု မတရားမြင့်တက်နေပြီး ၉၉ ရာခိုင်နှုန်းကျော်သော ပြည်သူများ ၀င်ငွေခွဲဝေမှုထက် ပိုင်ဆိုင်မှု မမျှတသည့် ပြဿနာကို ရင်ဆိုင်နေရပြီး အများစုမှာ နေစရာမြေပင် မရှိတော့ကြောင်း နိုဝင်ဘာ ၃ ရက်က မေခဆောင် ဖောင်ဒေးရှင်း ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပသော Economic Forum တွင် စီးပွားရေး ပညာရှင်များက သုံးသပ် ပြောကြားခဲ့ကြသည်။

ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ

လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄ ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တင်ပြခဲ့ သည်။

ရွှေဘောလုံးလောင်းကစားဒိုင် ကြို့ပင်ကောက်တွင်ဖမ်းလိုက်ပြီ

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့တွင်(၁.၁၁.၂၀၁၃)နေ့ည(၈း၀၀)အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲအကူတပ်ခွဲ မှုခင်းအကူဌာနစုမှ ဒုရဲအုပ်ထွန်းလင်းနှင့်အဖွဲ့သည် သက်သေများနှင့်အတူကြို့ပင်ကောက်မြို့၊ဦးလူကလေးလမ်း၊စက်တိုင်ကုန်းရပ်ကွက် ဦးအိုင်းရစ်(၃၉)နှစ်၊

သတင်းမီဒီယာဥပဒေကြမ်းအရေးယူမှုပိုင်းတွင် နားလည်မှုလွဲနေဟုဆို

ပြည်သူ့လွှတ်တော်က ယမန်နေ့ကအတည်ပြုလိုက်သည့် သတင်းမီဒီယာဥပဒေကြမ်းသည် အရေးယူမှု အပိုင်း၌ နားလည်မှုလွဲမှားနေကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို ပြောသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်



Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Tuesday, November 5, 2013

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

Eleven Media Group 

နိုဝင်ဘာ ၄ ရက်က မီဒီယာသမားများနှင့် တွေ့ဆုံ၍ မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားပေးနေစဉ်
ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက်မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

ဆင်ဦးစီးကို အစွယ်ဖြင့် ထိုးခဲ့သော ဆင်ဖြူတော်ကို ဆရာဝန်များ၏ စစ်ဆေးချက်ပေါ်မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထား

ဆင်ဦးစီးကို အစွယ်ဖြင့်ထိုးကာ သေဆုံးစေခဲ့သော ရာဇဂ္ဂသီရိပစ္စယဂဇရာဇာ ဆင်ဖြူတော်ကို ကျွမ်းကျင်သော ဆရာဝန်များ၏ စစ်ဆေးချက်ပေါ် မူတည်ပြီး မူလနေရာတွင်သာ ချုပ်နှောင်ထိန်းသိမ်း ထားသေးကြောင်း ရတနာဆင်ဖြူတော် ဥယျာဉ်မှ ဦးစီးအရာရှိ ဦးတင်ဌေးဦးက နိုဝင်ဘာ ၃ ရက်က ပြောကြားခဲ့သည်