ဒူဘိုင်းမှာ Chevrolet Camaro လည်း ရဲကား ဖြစ်ရပါတယ်။ ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ ၈သောင်းအထက်ပေါက်မယ့် အမေရိကန် ဖြစ် ပြိုင်ကား Camaro ကိုလည်း ဒူဘိုင်းမှာ ရဲကား လုပ်ပါတယ်။
Tuesday, October 22, 2013
ဒူဘိုင်းတွင် Chevrolet Camaro ကိုလည်း ရဲကား အဖြစ် အသုံးပြု
ဒူဘိုင်းမှာ Chevrolet Camaro လည်း ရဲကား ဖြစ်ရပါတယ်။ ကာလ တန်ဖိုး အမေရိကန်ဒေါ်လာ ၈သောင်းအထက်ပေါက်မယ့် အမေရိကန် ဖြစ် ပြိုင်ကား Camaro ကိုလည်း ဒူဘိုင်းမှာ ရဲကား လုပ်ပါတယ်။
မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းသာကျန်
မြန်မာနိုင်ငံတွင် ဒီရေတော လေးရာခိုင်နှုန်းခန့်သာကျန်ရှိပြီး မြို့နယ် အများအပြားတွင် ဒီရေတောများ ပျက်စီးပျောက်ကွယ်နေကြောင်း EREDAမှ ဥက္ကဋ္ဌဦးအုန်းက ပြောကြားသည်။
အိပ်ယာက မထဘဲ ပြုလုပ်နိုင်မယ့် ယောဂပုံစံ
အိပ်ယာက ထစရာမလိုဘဲ ပြုလုပ်နိုင်မယ့် ယောဂပုံစံတစ်မျိုးကို
ယောဂသင်ကြားပြသသူတစ်ဦးက တီထွင် ခဲ့ပါတယ်။ ဘော့စတွန်မြို့ရှိ Yoga Life
Centre ကိုတည်ထောင်သူ Vydy Bielkus က အိပ်ယာကမထမီ မိနစ်အနည်းငယ်ကြာ
ဒီယောဂကိုကျင့်ပေးရင် တစ်နေ့တာလုံး လန်းဆန်းနေပြီး စိတ်ဖိစီးမှု များကို
လျော့ကျစေမယ်လို့ ပြောကြားထားပါတယ်။
ဗိုက်ထဲက ကလေးကို စနိုက်ပါဖြင့် မပစ်ဟု ဆီးရီးယားငြင်း
၂၀၁၄ အာဆီယံ လူထုညီလာခံအတွက် ကျပ်ငွေသိန်းသုံးထောင်ကျော် ကုန်ကျမည်
မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည့် အာဆီယံ လူထုညီလာခံ ကျင်းပရန် အတွက် ကျပ်သိန်းသုံးထောင်ကျော် ကုန်ကျမည် ဖြစ်ကြောင်း ယင်းညီလာခံ ဖြစ်မြောက်ရေး ဘဏ္ဍာရေး ကော်မတီ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ပြောကြားသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကြမ်း လွှတ်တော်တင်မည်
မြန်မာနိုင်ငံတွင်း
အကြမ်းဖက်မှုများ ထိန်းချုပ်နိုင်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ
(EU) မှ ပညာရှင်များ ပူးပေါင်း ရေးဆွဲထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေး
ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက The Voice သို့ ပြောကြားသည်။
ယူကရိန်းနိုင်ငံမှ ကမ္ဘာ့အလေးဆုံး ဧရာမ လေယာဉ်ပျံ
ကမ္ဘာ့အလေးဆုံး လေယာဉ်ပျံလို့ စံချိန်ချိုးထားနိုင် တဲ့ လေယာဉ်ကတော့ ယူကရိန်းနိုင်ငံမှ Antonov An-225 Mriya ဖြစ်ပါတယ်။
အတိုကောက်အနေနဲ့ An-225 လို့လည်း အများခေါ်တဲ့ ယင်းလေယာဉ်ဟာ အလေးချိန်အားဖြင့် တန် ၆၄၀ (ပေါင် ၁၄သိန်း ၁သောင်း) အလေးချိန်ရှိ ပါတယ်။ ယင်းလေယာဉ် ကို ၁၉၈၀နောင်းပိုင်း ဆိုဗီယက်ခေတ်က တည်ဆောက် ခဲ့ခြင်း ဖြစ်ပြီး ၁၉၉၁ နောင်းပိုင်း ဆိုဗီယက်ပြိုကွဲချိန် မှာတော့ ယူကရိန်းပိုင်လေယာဉ်အဖြစ် သို့ ရောက်ရှိသွားပါ တယ်။
ရေဘာလို့ ချိုးကြတာလဲ
အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ်
ဖြစ်၊ အားကစားလုပ်ပြီးတဲ့ အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ လန်း ဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခု လို
ပင်ပင်ပန်းပန်းတစ်ခုခုလုပ်ပြီးမှ ရေချိုးခြင်းက အခြားအကျိုးကျေးဇူး များစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။
(၁)တကိုယ်ရေသန့်ရှင်းမှု-ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်း အားဖြင့်
တကိုယ်ရေသန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစား သမားတွေအတွက်
ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည်သန့်ရှင်းရေးထက် အနံ့
အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။
တရားမဝင် သယံဇာတ ထုတ်ယူမှုများ KNU ထိန်းချုပ်မည်
တရားမဝင် သယံဇာတထုတ်ယူ သုံးစွဲနေမှုများကို KNU အခြေ ချရာနေရာများတွင် ထိန်းချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောကြား ခဲ့သည်။ အောက်တိုဘာ ၂ဝရက်က မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲအပြီးတွင် မီဒီယာများနှင့်တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။
ငါးလောင်းပြိုင် လူသတ်မှု အထောက်အထား မရသေးဟု ပြည်ထဲရေး ဒုတိယဝန်ကြီးဆို
ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ လမ်းအမှတ် ၁၂၆ ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ်က
ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က
ထောက်လှမ်း စုံစမ်းနေသော်လည်း အထောက်အထား မရသဖြင့် ဖော်ထုတ်နိုင်ခြင်း
မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ကာချုပ်ရုံး သဘောထား ထုတ်ပြန်ချက်
နိုင်ငံတော် အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်
အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခု ရက်ပိုင်းအတွင်း တိုင်းဒေသကြီး
အချို့တွင် မသမာသူများမှ ဖောက်ခွဲမှု များအား လုပ်ဆောင်ခဲ့ကြရာ ပေါက် ကွဲမှု
ဖြစ်စဉ် (၇)ကြိမ် နှင့် ဖော်ထုတ် သိမ်းဆည်း ရရှိမှု (၄)ကြိမ်
ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ ပြည်သူသုံးဦး သေဆုံးခဲ့၍ နိုင်ငံခြားသူတစ်ဦး
အပါအဝင် ၁ဝဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
မြန်မာနိုင်ငံရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးအဖြေမှာ ပညာရေး ပြုပြင်ပြောင်း လဲမှုသာဖြစ်သည်ဟု ပြည်တွင်းပညာရှင်များပြော
မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး ပြုပြင်ပြောင်း
လဲမှုများ ပြုလုပ်ရန် အထူးလို အပ်နေပြီဖြစ် ကြောင်း ပြည်တွင်းပြည်ပပညာ
ရှင်များမှ တိုက်တွန်းပြောကြား လိုက်သည်။
ဆီးဂိမ်း ယူ-၂၃ဘောလုံးပွဲ ပရိသတ်အန္တရာယ်မရှိစေရန် အဖွဲ့ချုပ်စီစဉ်
ဆီး ဂိမ်းပြိုင်ပွဲတွင် ယူ-၂၃အသင်း ဘောလုံးပြိုင်ပွဲ၌ လက်မှတ်အတု များဖြင့် မဝင်ရောက်နိုင်ရန်နှင့် ပရိသတ်အန္တရာယ်မရှိစေရေး အတွက် နည်းပညာမြင့်လက်မှတ် များ ထိုင်းကုမ္ပဏီက ရောင်းချ ပေးမည်ဖြစ်ကြောင်း ဈေးကွက် ရှာဖွေရေးဒါရိုက်တာ ဦးဆူး အောင်က ပြောသည်။
အဆိုပါ ထိုင်းကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဆူ ဇူကီးဖလား ခြေစစ်ပွဲ ကွင်းဝင် ခွင့်လက်မှတ်များကို ရောင်းချ ပေးခဲ့သည့် အတွေ့အကြုံရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
ဗုံးပေါက်ကွဲ မှုများကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု နှောင့်နှေးရပ်တန့်မည် မဟုတ်ဘဲ အောင်မြင်သည်အထိ ဆောင်ရွက်မည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်
ဗုံးပေါက်ကွဲမှု
ဖြစ်စဉ်များကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု
လုပ်ငန်းစဉ်များ နှောင့်နှေး ရပ်တန့်မည် မဟုတ်ဘဲ အောင်မြင်သည်အထိ
ဆောင်ရွက်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အောက်တိုဘာ ၂၁ ရက်က
သတင်းထုတ်ပြန်ခဲ့သည်။
ဦးနှောက်ကို လန်းဆန်းစေနိုင်သည့် အိပ်ရေး၀၀ အိပ်စက်ခြင်း
ညဘက် အိပ်ရေး၀၀အိပ်ပျော်ခြင်းဟာ ဦးနှောက်ကို လန်းဆန်းစေပြီး အိပ်စက်ခြင်းနဲ့ လူရဲ့ ဦးနှောက်ဟာ အလိုအလျောက် ဆေးကြောခြင်း
ပြုလုပ်နိုင်ကြောင်း သိပ္ပံပညာရှင်များက လေ့လာ တွေ့ရှိ ခဲ့ပါတယ်။
တွေ့ရှိချက်အသစ်အရ လူ့ရဲ့ ဦးနှောက်ဟာ အိပ်ပျော်နေချိန်အတွင်းမှာ ဦးနှောက်
အတွင်း အဆိပ်အတောက် များကို လျော့ နည်းစေကြောင်း တွေ့ရပြီး အလိုအလျောက်
ရှင်းလင်းပေး နေ တာကို တွေ့ရတာပဲဖြစ်ပါတယ်။
ရန်ကုန် - ဘန်ကောက် ကားဖြင့် တိုက်ရိုက်သွားနိုင်ပြီ
ရန် ကုန်-ထားဝယ်-ကန်ချနာဘူရီမြို့ (ထိုင်းနိုင်ငံ)သို့ ကားဖြင့် သွား ရောက်လည်ပတ်နိုင်ပြီဖြစ်ကြောင်း
Dawei Beauty Travels & Tours ခရီးသွားလုပ်ငန်းမှ သိရ သည်။
ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ ကြား နယ်စပ်ဂိတ်လေးခုတွင်
တစ်ခုအပါအဝင်ဖြစ်သည့် ထီးခီးနယ် စပ်မှ နိုင်ငံခြားသားခရီးသည်များ ကို
ခရီးသည်တင်ကားဖြင့် ဝင် ထွက်ခွင့်ပေးခဲ့ပြီး တစ်လအကြာ တွင် အဆိုပါအလည်အပတ်ခရီး စဉ်အား စတင်ခဲ့ ခြင်းဖြစ် ကြောင်း အဆိုပါ ခရီးသွား လုပ်ငန်း၏ ဒုတိယ ဥက္ကဋ္ဌ ဦးညီညီနိုင်က ပြောသည်။
ဘိန်းဖြူ အစားထိုး အဖြစ် သုံးစွဲနေကြတဲ့ "KROKODIL"
ကမ္ဘာ့ကြောက်မက်ဖွယ် အကောင်းဆုံး မူးယစ်ဆေးပါ။ flesh-eating drug လို့တောင်
တင်စား ခေါ်နေကြပြီး တားဆီးဖို့ အသည်းအသန် ကြိုးစား နေကြပါတယ်။
ဘိန်းဖြူဆိုတဲ့ မူးယစ်ဆေးဟာ အရင်လို လွယ်လွယ် ရောင်းဝယ်လို့ မရတာကြောင့်
တခြားဆေးဝါး တွေကို အစားထိုး အသုံးချ လာပါတယ်။
သွားများကို ပျက်စီးစေသော အမူအကျင့်များ
ရေခဲဝါးစားခြင်း-
ရေခဲဆိုတာ အန္တရာယ်ကင်းတယ်လို့ ထင်ပါလိမ့်မယ်။ ရေခဲကို အသံမြည်အောင်
ဝါးခြင်းဟာ မာကြောတဲ့ အရာတစ်ခုကို ၀ါးနေတဲ့အတွက်ကြောင့် သွားကျဉ်ခြင်း၊
သွားဖုံးတစ်ရှူးများကို ပျက်စီးစေခြင်းများကိုဖြစ်စေပါတယ်။ နောက်ပြီး
ဆက်တိုက် သွားကိုက်ခြင်းကိုလည်း ဖြစ်စေနိုင် ပါတယ်။ပူလွန်းခြင်း၊
အေးလွန်းခြင်းစတဲ့ အစားအစာတွေ၊ မာကျောတဲ့အစားအစာတွေကို မကြာ
ခဏ၀ါးစားခြင်းကို ရှောင်ကြဉ်ပေးပါ။တကယ်လို့ ရေခဲကို မစားရမနေနိုင် စားမိတယ်ဆိုရင် သကြားမပါတဲ့ ပီကေကိုစားပေးပါ။
စီရော်နယ်ဒိုလည်း တစ်စီးပိုင်သော Ferrari LaFerrari
LaFerrari အမည်ပေးထားတဲ့ အီတလီ Ferrari ရဲ့  ပထမဆုံး ဟိုင်းဘရစ်ပြိုင်ကာ
ဖြစ်ပါတယ်။ ကမ္ဘာကျော် ဘောလုံးသမား တစ်ဦး ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ယင်း
ပြိုင်ကားကို ပိုင်ဆိုင်သူ လူဦးရေ နည်းထဲ က တစ်ဦး ဖြစ်လာမှာပါ။
နှစ်ပေါင်း ၄၀ ကြာ လိုင်စင်မရှိပဲ ကားမောင်းနေခဲ့ပြီးမှ နောက်ဆုံးတွင် အဖမ်းခံခဲ့ရသူ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့နေ အမျိုးသားတစ်ဦးသည် နှစ်ပေါင်း ၄၀ တိုင်း ယာဉ်မောင်းလိုင်စင် မရှိပဲ သွားလာမောင်းနှင် နေခဲ့ရာမှ ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့တွင်မူ ကံမကောင်း အကြောင်းမလှပဲ ရဲဖမ်းခံခဲ့ရသည်ဟု သိရှိရသည်။
အခြေခံဥပဒေပြင်ဆင်ရန် တိုင်းနှင့်ပြည်နယ်ငါးခုတွင် ကိုးဆယ်ရာခိုင်နှုန်း သဘောတူ
ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို
တိုင်းနှင့် ပြည်နယ် ငါးခုတွင် ကောက်ယူပြီးဖြစ်ရာ ၉၀ ရာနှုန်းခန့်မှာ
ပြင်ဆင်ရန်သာ ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘောထားအမြင်
လိုက်လံကောက်ယူသူများက မဇ္ဈိမကို ပြောသည်။
နိုင်ငံတကာ အလှမယ်တွေ မြန်မာပြည်မှာ ပရဟိတလုပ်ဖို့ နန်းခင်ဇေယျာက ဖိတ်ခေါ်
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့ နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှုံ့ဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
န၀တ လက်ထက်က သိမ်းဆည်းခဲ့သော လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင် သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ် မရှိသေး
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ လက်ထက်က
နိုင်ငံတစ်ဝန်းတွင် သိမ်းဆည်း ခဲ့သော လိုင်စင် သို့မဟုတ် ပါမစ်ဖြင့်
ကိုင်ဆောင်ခွင့် ပြုထားသည့် လက်နက်နှင့် အခြားလက်နက်များကို မူလပိုင်ရှင်
သို့မဟုတ် မူလပိုင်ရှင်၏ အမွေဆက်ခံခွင့် ရှိသူအား ပြန်လည်ပေးအပ်ရန် အစီအစဉ်
မရှိသေးကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်
ကျော်ကျော်ထွန်းက ပြောကြားသည်။
လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု
ကောင်းကင်ယံ၌ စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးစည်ကား
သီတင်းကျွတ်လပြည့်နေ့ ည ၇ နာရီမှ ၉ နာရီအတွင်း ကောင်းကင်ယံတွင်
စေတီတော်ပုံပေါ်သည်ဟုဆိုကာ မုံရွာမြို့ ဗိုလ်ချုပ်လမ်း နာရီစင်အနီးနှင့်
မြို့တော်ခန်းမအနီးတွင် ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိပြီး ယာဉ်များ
အသွားအလာပိတ်ဆို့သည်အ ထိ ဖြစ်ပွားခဲ့သည်။
အနုပညာရှင်အသင်းနှင့်ခြေစမ်းမည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ
ရခိုင်အမျိုးသားကွန်ယက် Arakan National Network (RNN) ဖလားပြိုင်ပွဲဖွင့်ပွဲအထိမ်းအမှ တ်အဖြစ် ရုပ်ရှင်အစည်းအရုံးဝင် မြန်မာ အနုပညာရှင်များဘောလုံးအသင်းနှင့် 
နိုင်ငံရေးအကျဉ်းသားဟောင်း များဘောလုံးအသင်း ပထမဦးဆုံးအကြိမ်အဖြစ်
ရန်ကုန်အောင်ဆန်းကွင်း၌ အောက်တိုဘာ(၂၄)ရက်နေ့၌
ယှဉ်ပြိုင်ဘောလုံးကစားမည်ဖြစ်သည်။
ငြိမ်းချမ်းရေးကိစ္စ ကရင်လူထုနဲ့ ကေအဲန်ယူ တွေ့ဆုံမည်
ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့က သူတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ကရင်တိုင်းရင်းသားတွေရ
ရခိုင်ပြည်သူ လူထု၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်း အပါအ၀င် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန် တောင်းဆို
မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
ရခိုင်တစ်မျိုးသားလုံး၏ ဆန္ဒမပါဘဲ ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေသည့်
ကျောက်ဖြူ-ကူမင်း ရထား လမ်း စီမံကိန်း အပါအ၀င် ရခိုင်ပြည်နယ်အတွင်း
လုပ်ကိုင်နေသည့် စီမံကိန်းကြီး ၁၀ ခုအား ရပ်ဆိုင်းပေးရန်
ရခိုင်ပါတီများနှင့် ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ အရပ်ဘက်
အဖွဲ့အစည်းများနှင့် အမျိုးသမီး အဖွဲ့အစည်း များက အောက်တိုဘာ ၂၁ ရက်က
တောင်းဆိုချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်
လာရောက်ဖူးမြော် သူများဖြင့် စည်ကားနေသော ကျိုက်ထီးရိုး စေတီတော်ကို အောက်တိုဘာ ၁၉ ရက်က ဖူးတွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ
ယခင်နှစ်များထက် များပြားခဲ့ပြီး ဘုရားဖူးများမှာ တည်းခိုရန်နေရာ
မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခို ခန်းခ
နှုန်းထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း
စုံစမ်းသိရှိရသည်။
ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ်
အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ်
လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြားခဲ့ကာ ကျိုက်ထီးရိုး
တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက်
ဖြစ်သွားခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ
အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်းကို ဂေါပက အဖွဲ့ဝင်များနှင့်
ဒေသခံများထံမှ သိရသည်။
Subscribe to:
Posts (Atom)