တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
Sunday, October 5, 2014
ဟောင်ကောင် ဆန္ဒပြပွဲကို စီးပွားရေးတကသ ထောက်ခံ
တရုတ်ပြည် ဟောင်ကောင် အထူး အုပ်ချုပ်ရေး နယ်မြေမှာ ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ရပ် ရန်ကုန်မြို့မှာ ဒီကနေ့ ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။
တောင်ကြီးမြို့၌ မိုင်းပေါက်ကွဲမှုဖြစ်ပွား
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ်တွင် ပေါက်ကွဲမှု (၃)ကြိမ်ဖြစ်ပွားခဲ့ရာ ည ၁၀ နာရီ ၂၂ မိနစ်အချိန်တွင် စဝ်စံထွန်းရပ်ကွက်၊ မြို့ပတ်ကား မှတ်တိုင်၌ ပေါက်ကွဲမှု စတင္ထ်ဖြစ်ပွားခဲ့ရာ အရှည် ၂၀ ပေခန့်ရှိ ကားမှတ်တိုင်(သစ်သား) ထိုင်ခုံ ၁၀ ပေခန့်ပျက်စီး၍ အမြင့် ၁၅ ပေ ခန့်ရှိ ကားမှတ်တိုင်(သွပ်မိုး) ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ ည ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် သစ်တောရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေး တောင်ဘက်ခြမ်းရှေ့တွင် ဒုတိယ မြောက် ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး အဆိုပါ နေရာအနီး ၂၂၅၀ အချိန်ခန့်တွင် ထပ်မံပေါက်ကွဲ မှုဖြစ်ပွား သဖြင့် ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် တာဝန် ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်(၂)ဦး ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံမှ လူသတ်မှု အမှုမှန် စစ်ဆေးဖို့ လက်မှတ်ထိုး တောင်းဆိုနိုင်
ထိုင်းနိုင်ငံက ရဲများဟာ အမှုအတွက် သေချာ မဖြေရှင်းပဲ မြန်မာ နှစ်ဦးကို စွပ်စွဲ၍ မတရား ၀န်ခံစေခြင်း ဖြစ်ကြောင်း ယုံကြည်ရ ပါတယ်။ အကြောင်း ကတော့ ထိုင်းနိုင်ငံက ရဲများ လာဘ်စားတာကို တစ်ကမ္ဘာလုံး သိရှိနေကြလို့ ဖြစ်ပါတယ်။ လက်မှတ်ထိုးမှုကို ဦးဆောင်သူ နဲ့ အခြား သတင်းမီဒီယာများက ခန့်မှန်းထား ချက် ကတော့ ယင်းလူသတ်မှုကို မာဖီးယား ဂိုဏ်းသားတို့ ကျူးလွန်ခဲ့ပြီး မြန်မာ လူမျိုး ရွှေ့ပြောင်းလုပ်သား များကို ထိုးကျွေး ၀န်ခံစေခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအတွက် အမှုမှန် ပေါ်ပေါက်ဖို့ အားလုံး အွန်လိုင်းပေါ်မှာ ရေထိုးတဲ့ အသနားခံစာ လက်မှတ်ကို ထိုင်းနိုင်ငံအခြေဆိုက် ဗြိတိန်သံရုံးက သံတမန် Mark Kent ဆီ ပို့ပေးမှာ ဖြစ်ပါတယ်။
အီတီဟတ်လေကြောင်းလိုင်းနှင့် မန်စီးတီးတို့ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုမည်
မန်စီးတီးအသင်းသည် အီတီဟတ် လေကြောင်းလိုင်းဖြင့် စပွန်ဆာစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးလျက်ရှိသည်။ မန်စီးတီးအသင်းသည် ၎င်းတို့၏ ပေါင်သန်း ၁၅၀ တန် လေ့ကျင့်ရေးစင်တာသစ်တွင်လည်း စပွန်ဆာကြော်ငြာသစ်များ ကြော်ငြာရန် ကုမ္ပဏီများနှင့် ဆွေးနွေးလျက် ရှိသည်။
ပုဒ်မ ၁၄၄ ရုပ်သိမ်းလျှင်လည်း ရွှေတူးခွင့်ပြုမည်မဟုတ်
နေပြည်တော်ဇေယျာသီရိမြို့နယ်၊ ရွှေထွက်သည့် နေရာတွင် ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပါက လည်း ရွှေပြန်လည်တူးဖော် င့်ပေး ရန် အစီ အစဉ်မရှိကြောင်း ဇေယျာသီရိမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သတင်းရရှိသည်။
မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ
မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ ကျွန်တော်တို့၏ နေ့စဉ်ဘ၀များတွင် မိုဘိုင်းဖုန်းများနှင့် ကွန်ပျူတာ မျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာမှာ အမြင်အာရုံေ၀၀ါးခြင်း၊ မျက်စိယားယံခြင်းနှင့် နေ့စဉ်ခေါင်းကိုက် တတ်သည့် ဝေဒနာများကို စတင်ကြုံတွေ့နေကြရသည်။
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ် အချက်များရှိနေ
အောက်တိုဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သောပုံ၌ ခိုထောင်ကျွန်းပေါ်၌ မြန်မာအလုပ်သမား နှစ်ဦးကို ပြစ်မှုမြင်ကွင်း သရုပ်ဖော် ခိုင်းနေပုံ အား တွေ့ရစဉ် (Photo:AFP)
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာနှစ်ဦးအား တရားစွဲဆိုမှု၌ သံသယဖြစ်ဖွယ်အချက်များ ရှိနေသည် ဟု အောက်တိုဘာ ၄ ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း
နိုင်ငံရေးပြဿနာများကို အတူတကွ
ဖြေရှင်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့်
တိုင်းရင်းသားပါတီများ ပူး ပေါင်း၍ တိုင်းရင်းသား မဟာမိတ်
နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို အောက်တိုဘာ ၄ ရက်တွင် ဖွဲ့စည်းလိုက်
သည်။
ကရင်လွှတ်တော်အမတ်များနှင့် ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
ကရင်ပြည်နယ် ငြိမ်း ချမ်းရေးအတွက်
ကရင်တိုင်းရင်း သားလွှတ်တော် ကိုယ်စားလှယ် များနှင့် ကရင်စည်းလုံးရေးနှင့်
ငြိမ်းချမ်းရေးကော်မတီတို့ ပူး ပေါင်းဆောင်ရွက်ကြရန် အောက်တိုဘာ ၄ ရက်တွင်
တွေ့ဆုံသဘောတူညီ ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသစ်လုပ်ငန်းရှင်များကို သစ်တောဖက်စပ်က သစ်မာကုန်ကြမ်း တန်နှစ်ထောင်ကျော်ရောင်းချမည်
အစိုးရနှင့်ဖက်စက်လုပ် ကိုင်နေသော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းက ပြည်တွင်း သစ်လုပ်ငန်းရှင်များ ကုန်ကြမ်းအဖြစ် အသုံးပြုရန် သစ်မာ တန်ချိန် နှစ်ထောင်ကျော် ရောင်းချမည်ဟု သတင်းရရှိသည်။
ဗြိတိန်စွမ်းအင် ကုမ္ပဏီများ ဈေးကွက်နှင့် အခွင့်အလမ်းများ ဆွေးနွေးရန် ငါးရက်ကြာ လာရောက်မည်
ဗြိတိန်စွမ်းအင်ဆိုင်ရာ ကောင်စီ၏ ဦးဆောင်မှုဖြင့် ဗြိတိန်ရေနံနှင့် သဘာဝဓာတ်ငွေ့စွမ်း အင်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန် မာနိုင်ငံသို့ ငါး ရက်ကြာ လာရောက်မည်ဟု သတင်းရရှိသည်။
မန္တလေးနန်းတွင်းစီမံခန့်ခွဲမှုကို တိုင်းအစိုးရက ပြည်ထောင်စုအစိုးရထံ ပြန်အပ်ရန် စီစဉ်
မန္တလေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြနန်းစံကျော် ရွှေနန်းတော်အား ဘဏ္ဍာငွေစီမံခန့်ခွဲခွင့်မရ၍
ပြည်ထောင်စုအစိုးရထံပြန်အပ်မည့် ကိစ္စ ကို နှစ် ဖက် ထပ်မံညှိနှိုင်းရဦးမည်ဖြစ်
ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေကပြောသည်။
အကြမ်းဖက်နှင့်ဆက်နွှယ်၍ ဖမ်းမိထားသူများက ဖောက်ခွဲရန် အကြံအစည်ရှိကြောင်း ၀န်ခံဟုဆို
ပြည်ပအကြမ်းဖက်အဖွဲ့အစည်း နှင့်ဆက်သွယ်မှုဖြင့် တောင်ကြီးမြို့တွင်
ဖမ်းဆီးခံထားရသူများက မြန်မာနိုင်ငံ အတွင်း လက်နက်ကိုင်အဖွဲ့ အစည်း ဖွဲ့
စည်းပြီး စစ်ပညာသင်ကြားလေ့ကျင့်ရန် နှင့် အကြမ်းဖက်ဖောက်ခွဲရန် အကြံ
အစည်များရှိခဲ့သည်ဟု ၀န်ခံခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် မှ သတင်း ရရှိသည်။
နိုင်ငံသားစိစစ်ခံရန် ဘင်္ဂါလီတစ်ရာကျော် ထပ်လျှောက်
ရခိုင်ပြည်နယ်တွင် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စိစစ်ရန် ထပ်မံလျှောက် ထား သူ တစ်ရာကျော်ရှိကြောင်း သတင်း ရရှိသည်။
Subscribe to:
Posts (Atom)