Saturday, June 29, 2013

မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်

Photo: မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်

မန္တလေး-ဇွန်၂၉

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ
ဝန်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော်
စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား)
ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား
TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း
Mandalay City Development Committeeမှသိရသည်။
Photo: မန်းတွင် ယာဉ်မရပ်ရနယ်မြေများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင် မန္တလေး-ဇွန်၂၉ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ ၀န်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား) ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအား TOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်း Mandalay City Development Committeeမှသိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့် မော်တော်ယာဉ်ဌာန မှ ၀န်ထမ်းများနှင့် အခွန်ဌာနမှ ၀န်ထမ်းများ ပူးပေါင်း၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေ (ဖြူနီကြား)ဆေးသုတ်ထားသော နေရာများ၌ စည်းကမ်းမဲ့ ရပ်နားထားသော ယာဉ်များအားTOW TRUCK ဖြင့် ဖမ်းဆီးသယ်ဆောင်လျက်ရှိကြောင်းMandalay City Development Committeeမှသိရသည်။

မြန်မာနိုဘယ်ကောလိပ် ( MNC )၏ ပညာရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြန်မာနိုဘယ်ကောလိပ် ( MNC )၏ ပညာရေးဆွေးနွေးပွဲကို ယနေ့နံနက် တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီမြင့် မှ နှုတ်ခွန်းဆက် စကားပြောကြားပေးပြီး အင်္ဂလန် Edexcel ပညာရေးအစီအစဉ် များကို Regional Bussiness Manager Ms . Boon Teen မှ ရှင်းလင်းပြောကြားခဲ့သည်။

သုတလင်း

အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်

Photo: အိုဘားမား တောင်အာဖရိကနိုင်ငံ ဆိုက်ရောက်
Saturday, 29 June 2013 

အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီး
ထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာ
ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုး
ရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီနောက် သမ္မတနှစ်ဦးအကြား နှစ်နိုင်ငံ ဆွေးနွေးမှုတွေ လုပ်သွားမှာဖြစ်ပြီး ညနေပိုင်းမှာတော့ သမ္မတဇူးမားက နိုင်ငံတော်ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံ
မှာဖြစ်ပါတယ်။ ဒီနေ့မှာပဲ မစ္စတာ အိုဘားမားဟာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ဆန္ဒပြမှုတွေအတွင်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ Johannesburg မြို့က Soweto အရပ်မှာလည်း လူထုနဲ့ တွေ့ဆုံပွဲတရပ် လုပ်သွားဖို့လည်း ရှိပါတယ်။

သောကြာနေ့ညနေပိုင်း တောင်အာဖရိကနိုင်ငံကို ရောက်မလာခင်မှာတော့
 ဆေးရုံမှာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆက်ရှိနေတဲ့ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ခေါင်းဆောင် Nelson Mandela ကို မစ္စတာ အိုဘားမား သွားရောက်ကြည့်ရှုနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်တွေ နည်းသွားခဲ့ပါတယ်။ မစ္စတာမန်ဒဲလား ကျန်းမာရေးနဲ့ ပတ်သက်လို့ မိသားစုတွေ စိုးရိမ်နေရတဲ့ ခုလိုအချိန်မှာ သူ့ကို အနှောက်အယှက် မပေးချင်ဘူးလို့ ဆိုပြီး ဓာတ်ပုံအရိုက်
ခံဖို့တော့ သူမသွားချင်ဘူးလို့ သမ္မတ အိုဘားမားက ပြောခဲ့တာဖြစ်ပါတယ်။

VOA
အမေရိကန်ကုန်သွယ်ရေး တိုးမြှင့်နိုင်ဖို့အတွက် အာဖရိက သုံးနိုင်ငံခရီး ထွက်နေတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ အခု တောင်အာ ဖရိကနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်တို့ကို တောင်အာဖရိကသမ္မတ Jacob Zuma က ဒီကနေ့ ပရီတိုးရီးယားမြို့မှာ တရားဝင် ကြိုဆိုပွဲအခမ်းအနား ပြုလုပ်မှာဖြစ်ပါတယ်။

ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်

Photo: ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များပါဝင်
-------------------------------
ရန်ကုန်၊ ဇွန်-၂၄

ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များ
ပါဝင်လာသည်။

မြန်မာ့ထိပ်တန်းစီးပွားရေး ဟိုတယ် (Myanmar's Leading Bussiness Hotel 2013) ဆုဆန်ခါတင်စာရင်းတွင် ချက်ထရီယမ်ဟို
တယ်၊ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)နှင့် ကုန်သည်ကြီးများဟိုတယ်တို့ပါဝင်သည်။

မြန်မာထိပ်တန်းဟိုတယ်ဆု ဆန်ခါတင်စာရင်း (Myanmar's Leading Hotel 2013) တွင် ချက်ထရီယမ်ဟိုတယ်၊ မန္တလေးရှိ The Red Canal Mandalay ၊ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်၊ Mandalay Hill Resort ၊ ဆီဒိုးနားဟိုတယ်(ရန်ကုန်)၊ The Governor's Residence, The Strand Hotel တို့ပါဝင်သည်။

မြန်မာထိပ်တန်းအပန်းဖြေ ဟိုတယ်ဆု (Myanmar's Leading Resort 2013) ဆန်ခါတင်စာရင်းတွင် မန္တလေးမှ The Red Canal ၊
အင်းလျားလိတ်ဟိုတယ်၊ Mandalay Hill Resort ၊ ငွေဆောင်ရှိ MyanmarTreasure Beach Resort ၊ ဆီဒိုးနားဟိုတယ်(မန္တလေး)နှင့် The Strand Hotel တို့ပါဝင်သည်။

အဆိုပါ ဆန်ခါတင်စာရင်းများကို ကမ္ဘာ့ခရီးသွားဆုရွေးချယ်ရေးအဖွဲ့က www.worldtravel-awards.com/nominess/2013/Myanmarwebsite တွင် တရားဝင်ဖော်ပြထားသည်။ ကမ္ဘာ့ခရီးသွားဆု ရွေးချယ်ခြင်းမှာ နှစ်ဆယ်ကြိမ်မြောက်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများက မဲပေးရွေးချယ်၍ နှစ်စဉ်ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ကမ္ဘာ့ခရီးသွားဆု (၂၀၁၃) အတွက် တစ်နိုင်ငံချင်းစီအလိုက် ဆန်ခါတင်စာရင်းထွက်ရှိလာရာ မြန်မာနိုင်ငံမှ ထိပ်တန်းဟိုတယ်များ ပါဝင်လာသည်။

မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်

Photo: မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်
-------------------------

ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရစစ်ဆေးရေးအဖွဲ့များ၏ အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများတွင် အောင်မြင်ခဲ့ကြောင်းသတင်းရရှိသည်။

ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ်တန်းမြင့်ဆန်တန်ချိန် ငါးထောင်တင်ပို့ရာတွင် ရုပ်ပိုင်းဆိုင်ရာအသွင်ပြင်ကောင်းခြင်း၊ စားသုံးမှုအရသာ ကောင်းခြင်း၊ ဓာတုဗေဒဓာတ်ကြွင်းကင်းစင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး
အသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

“အင်မတန်မှကျပ်တည်းတဲ့ ဂျပန်နိုင်ငံကို ပို့နိုင်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေစိတ်ပူစရာမလိုတော့ဘူး”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးချစ်ခိုင်ကပြောသည်။

အဆိုပါ ဆန်တန်ချိန်ငါးထောင်ကို ပြီးခဲ့သည့် မေလဆန်းမှစ၍ ပို့ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရအဖွဲ့ကအဆင့်ဆင့်စစ်ဆေးရာအောင်မြင်ခဲ့ခြင်း
ဖြစ်သည်ဟု သတင်းရရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာဆန်မျိုးများဖြစ်သော အင်းမရဲဘော်၊ မှော်ဘီ-၂နှင့် ဆင်းသွယ်လတ်တို့ ထပ်မံဝယ်ယူလိုကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဈေးနှုန်းမကိုက်ညီသဖြင့် ပြည်ပနိုင်ငံသို့ ပုံမှန်ကုန်သွယ်ရေကြောင်းမှ ဆန်တင်ပို့ခြင်းရပ်နားထားပြီး ဥရောပသမဂ္ဂနိုင်ငံများသို့
စတင်တင်ပို့နေသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ဒသမ ၄သန်းကျော်တင်ပို့နိုင်ခဲ့သည်။

ဓာတ်ပုံ- ရဲမင်းအောင်
ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရစစ်ဆေးရေးအဖွဲ့များ၏အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများ တွင် အောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ

Photo: ကျောက်မျက်ပြပွဲ ကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံဖိုး စံချိန်တင်ရောင်းချရ
Saturday, June 29, 2013

အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။

၂၀၁၀ နှစ်လယ်ကျောက်မျက် ရတနာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံနှင့်၂၀၁၁ ခုနှစ် (၄၈) ကြိမ်မြောက် ကျောက်မျက်ရတနာ ပြပွဲ၌ ၁ဒသမ ၇၃၅ ဘီလီယံ ရောင်းချခဲ့သည့် စံချိန်များကို ကျော်လွန် ရောင်းချ ရခဲ့ခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ပြပွဲတွင် ပုလဲ ၂၅၅ တွဲ ပြသခဲ့ပြီး ၂၅၂ တွဲ ရောင်းချ ရကြောင်း၊ ကျောက်မျက် အတွဲပေါင်း ၃၇၉ တွဲတွင် ၁၀၅ တွဲ ရောင်းချရကြောင်း အဆိုပါ အကြီးတန်းအရာရှိက ဆက်လက်ပြောကြားသည်။

ကျောက်စိမ်း အတွဲပေါင်း ၁၀,၀၀၃ တွဲတွင် ၉၆၅၇ တွဲကို တင်ဒါစနစ်နှင့် ရောင်းချရာ ၈၂၆၃ တွဲ ရောင်းချရပြီး ဈေးပြိုင် လေလံ စနစ်ဖြင့် ၃၄၆ တွဲ တင်ပြရောင်းချရာ ၂၂၈ တွဲ ရောင်းချရသောကြောင့် စုစုပေါင်း ကျောက်စိမ်း အတွဲပေါင်း ၈၄၉၁ တွဲ ရောင်းချခဲ့ရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဒီပွဲမှာ အရည်သွေးကောင်း ကျောက်တွေ အတော်ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်က အရည်အသွေး အတော်ကောင်းပါတယ်” ဟု ကျောက်မျက်ပွဲရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

ကျောက်မျက်ပြပွဲ မကျင်းပသည်မှာ တစ်နှစ်ခွဲခန့် ကြာပြီ ဖြစ်သောကြောင့် ကျောက်ကုန်သည် အများအပြားက ဝယ်ယူကြပြီး ပြည်ပကျောက်မျက် လုပ်ငန်းရှင်များက ပိုမိုဝယ်ယူမှု များပြားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အကြိမ် (၅၀) မြောက်ရွှေရတု မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေပြည်တော်၌ ပြသရောင်းချခဲ့ခြင်း ဖြစ်ပြီး ယင်းပြပွဲတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ငွေလဲကောင်တာနှင့် ATM များကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ထားရှိ ပေးခဲ့သည်။

The Voice Weekly
အကြိမ် (၅၀) မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် အမေရိကန် ဒေါ်လာ၂ ဒသမ ၄ ဘီလီယံ ရောင်းချ ရခြင်းမှာ ကျောက်မျက်ပြပွဲ သက်တမ်းတစ်လျှောက် စံချိန်တင် ရောင်းချရသည့် ပမာဏဖြစ်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း၏ အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ပြောကြားသည်။

စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး

Photo: စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အီကွေဒေါနှင့် ရုရှား နိုင်ငံတို့အား အမေရိကန် သတိပေး 
Saturday, June 29, 2013

အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင် အနေဖြင့်လည်း စနိုဒန်၏ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံမှုအား စဉ်းစား ဆုံးဖြတ်နိုင်ကြောင်း ရုရှား သမ္မတဆိုင်ရာ လူအခွင့် အရေးကောင်စီမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူမီခေးလ် ဖီနိုတော့ဗ်က Interfax သတင်းဌာနသို့ ပြောကြားခဲ့သည်။

အမေရိကန်မှ သူလျှိုလုပ်မှု နှစ်ခု အပါအဝင် ကြီးလေးသော ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုခြင်း ခံထားရသော စနိုဒန်သည် မော်စကိုမြို့ရှိ ရှက်ရီမီယေမို လေဆိပ်သို့ ဇွန် ၂၃ ရက်က ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီကွေဒေါ နိုင်ငံကလည်း စနိုဒန်၏နိုင်ငံရေး  ခိုလှုံခွင့် တောင်းခံမှုအား လက်ခံ ရရှိခဲ့ကြောင်း၊ သို့ရာတွင် ၄င်း၏ နိုင်ငံရေး ခိုလှုံခွင့်နှင့် စပ်လျဉ်း၍ အလျင်အမြန် ဆုံးဖြတ်သွားမည် မဟုတ်ကြောင်း  အီကွေဒေါ နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်း၌ ထုတ်ပြန် ခဲ့သည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံက စနိုဒန်အား အမေရိကန် ပြည်ထောင်စုသို့ ပြန်လည် လွှဲပြောင်း ပေးရန် ရုရှား နိုင်ငံအား ဇွန် ၂၇ ရက်က ထပ်လောင်း တောင်းဆိုခဲ့ပြီး ၄င်းအား အီကွေဒေါ နိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါက ၄င်းနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံ အကြား ဆက်ဆံရေးအား ထိခိုက်စေ နိုင်သည်ဟု အမေရိကန် နိုင်ငံက သတိ ပေးခဲ့ကြောင်း သိရသည်။

 မြ၀တီ
အမေရိကန် အမျိုးသား အေဂျင်စီ၏ လျှို့ဝှက် အစီအစဉ်များအား ဖွင့်ချခဲ့သည့် အက်ဒ်ဝပ်စနိုဒန်သည် ရုရှား နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့် တောင်းခံရန် ဆန္ဒရှိနေကြောင်း ရုရှား အာဏာပိုင် တစ်ဦးက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ သင်တန်းတက်ရောက်လျက်ရှိသော သင်တန်းသားများအား တွေ့ဆုံ၊ ရေတပ် အကယ်ဒမီ သွားရောက်လေ့လာ
Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား သင်တန်းသားများမှ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာ အရ ကန်တော့ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သြဝါဒ အားပေး စကားပြောကြား ရာတွင် ပညာတော် သင်များသည် တိုင်းပြည်အတွက် အကျိုးရှိစေရေး၊ မိမိ နိုင်ငံတွင် မရှိသေးသော ပညာရပ်များ၊ နည်းပညာများ ရရှိအောင် လေ့လာ ဆည်းပူးသွား ကြရန် လိုအပ်ကြောင်း၊ တိုင်းပြည်မှ ငွေကြေး၊ အချိန်အပြင် အင်အားများပါ ရင်းနှီးမြှုပ်နှံ ထားခြင်းသည် ရေရှည်နိုင်ငံတော် အတွက်ပင် ဖြစ်ကြောင်း၊ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် စည်းကမ်းရှိရန်၊ စနစ်တကျ နေထိုင်တတ်ရန် လိုအပ်ကြောင်း၊ တပ်မတော်၏ မူဝါဒ ဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက် အိုးအိမ်ကို ကာကွယ်သွားရန် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား သင်တန်းသားများ အနေဖြင့် ပညာတတ်မြောက်အောင် ကြိုးစားရန်၊ ကျန်းမာရေး ကောင်းမွန်မှု ရှိ စေေ ရး နေထိုင်ဆောင်ရွက်ရန်၊ တပ်မ တော်နှင့် နိုင်ငံတော်ဂုဏ်သိက္ခာကို မြှင့်တင်ရန် စသည့်အချက်သုံးချက်ကို လိုက်နာသွားကြရန် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သင်တန်းသား ပညာတော် သင်များအား အနွေးထည်၊ စားသောက်ဖွယ်ရာ၊ ရွှေဖီဦး တီးမစ်ထုပ်များနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
http://bit.ly/17rXCFp
မြ၀တီ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ခေတ္တ တည်းခိုသည့် Ambassador ဟိုတယ် ORION Conference Hall ၌ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ စိန့်ပီတာ စဘတ်မြို့၌ သင်တန်း တက်ရောက်လျက်ရှိသော တပ်မတော် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

သန့်ရှင်းသော လေ လူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပ

Photo: သန့်ရှင်းသော လေ လူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပ
Saturday, June 29, 2013

တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ခေတ်ကာလ ကုန်ဆုံးခြင်း လှုပ်ရှားမှု အနေဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ သန့်ရှင်းသောလေ လူထု တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံမှ ကျောက်မီးသွေးမှ စွမ်းအင်ထုတ် လုပ် နေမှု ကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုင်ရာများ ၊ လူမှုဘ၀ ပြဿနာများကို ရှင်းလင်း ပြောဆိုပြသခဲ့သည်။

ကျောက်မီးသွေးမှ စွမ်းအင် ထုတ်လုပ်မှုကြောင့် ထိခိုက်ပျက်စီး မှု ခံစားနေရသော ဒေသများ ရှိနေပြီး ထပ်မံ၍ အသစ်ဆောက်လုပ်ရန် စီစဉ်နေသော ကျောက်မီးသွေး စက်ရုံများကို ပြန်လည်သုံးသပ်ပေးရန် ပွဲတက်ရောက်လာသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လှုပ်ရှားသူများက ပြောဆိုခဲ့ကြသည်။

PN 029
Popular Myanmar News Journal

တစ်ကမ္ဘာလုံးဆိုင်ရာ ကျောက်မီးသွေး ခေတ်ကာလ ကုန်ဆုံးခြင်း လှုပ်ရှားမှု အနေဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ သန့်ရှင်းသောလေ လူထု တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဗဟိုဘဏ်တွင် ဒုဝန်ကြီးသုံးဦးခန့်အပ်မည်

ရန်ကုန်- မြန်မာနိုင်ငံတော်ဗဟိုဘဏ်အား လွတ်လပ်စွာရပ်တည်ခွင့်ပေးရန် ဖွဲ့စည်းပုံအသစ်အရ ဒုတိယ ၀န်ကြီးသုံးဦး ခန့်အပ်သွားရန်ရှိကြောင်း သတင်းရရှိသည်။

ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်

Photo: ကမ္ဘာလှည့် ခရီးသွားများအတွက် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြောင်း သင်္ဘောခရီးစဉ်သစ် ပြေးဆွဲရန်စီစဉ်
Saturday, June 29, 2013

ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့
အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ်သစ်အဖြစ် မြန်မာနိုင်ငံ
ရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်
ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၀၁၄ ခုနှစ် ဆောင်းရာသီတွင် Sanctuary Ananda ကို စတင်ပြေးဆွဲရန် စီစဉ်ထားပြီး ရေးဆွဲပြင်ဆင်ထားသည့် ခရီးစဉ် စုစုပေါင်းမှာ ရှစ်ခု ဖြစ်သည်။ Sanctuary Ananda သင်္ဘောသည် ပုဂံနှင့် မန္တလေးအကြား သုံးည၊
လေးည၊ ခုနစ်ည ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ပြီး ဧရာဝတီမြစ် အထက်ပိုင်းနှင့် ချင်းတွင်းမြစ်အတွင်း အတွေ့အကြုံ သစ်တစ်ရပ် အနေဖြင့် ကြည့်ရှုလေ့လာနိုင်မည့် ခုနစ်ည၊ ၁၀ ည၊ ၁၁ ည ခရီးစဉ်တို့ကို အသီးသီး ရေးဆွဲထားသည်။ ယင်းခရီးစဉ်အတွင်း ဗန်းမော်၊ ဟုမ္မလင်း၊ ပြည်မြို့များ ပါဝင်မည်ဟု သိရသည်။

ရန်ကုန်မြို့သို့ပါ သွားရောက်မည့် ခရီးစဉ်ကို တစ်နှစ်အတွင်း နှစ်ကြိမ်ထည့်သွင်း ရေးဆွဲထားသည်။

Sanctuary Ananda သည် နေ့စဉ်အတွက် ရေးဆွဲထားသည့် ခရီးစဉ်အတိုင်း ပြေးဆွဲရာတွင် မြန်မာနိုင်ငံတွင်းရှိ ကျေးရွာငယ်များမှ ခင်မင်ဖော်ရွေသော ဒေသခံများ၊ ရိုးရာလက်မှုများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ ရှေးဟောင်းဗိသုကာ လက်ရာများ စသည်တို့ကို လေ့လာနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

အဆိုပါ ခရီးစဉ်တွင် ပါဝင်မည့် ဧည့်လမ်းညွှန်များသည် မြန်မာ့ယဉ်ကျေးမှုနှင့် ပတ်သက်၍ ကျွမ်းကျင် ဧည့်လမ်းညွှန်များဖြစ်ပြီး သင်္ဘောခရီးစဉ်အတွင်း နိုင်ငံတကာ အစားအသောက်များနှင့်အတူ မြန်မာတိုင်းရင်းသားများ၏ ရိုးရာအစားအသောက်များကိုပါ ထည့်သွင်းထားမည် ဖြစ်သည်။

Sanctuary Retreats သည် ၁၉၉၉ ခုနှစ်တွင် ကင်ညာနိုင်ငံ၌ Sanctuary Olonana အမည်ဖြင့် တောလည်ခရီးစခန်း တစ်ခုကို ဖွင့်လှစ်ရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဇမ်ဘီယား၊ ဘော့စ်ဝါနာ၊ တန်ဇန်းနီးယား၊ ယူဂန်ဒါတို့တွင် တောတွင်းစခန်း ဧည့်ဂေဟာ ၁၂ ခုကို လုပ်ငန်း လုပ်ကိုင်လျက် ရှိသည်။ ထို့အတူ ကမ္ဘာတစ်ဝန်းရှိ အလှပဆုံးသော မြစ်များအတွင်း လှည့်လည်ပို့ဆောင်သည့် ခရီးစဉ်များကို စီစဉ်နေပြီး ယင်းအနက် အီဂျစ်နိုင်ငံမှ နိုင်းမြစ်၊ တရုတ်နိုင်ငံမှ ယန်စီမြစ် ပါဝင်ကာ ယခုနှစ်တွင် ဧရာဝတီ၊ ချင်းတွင်း ခရီးစဉ်အား ထည့်သွင်းခြင်း
ဖြစ်သည်။

eleven media group
ဇိမ်ခံအပျော်စီး သင်္ဘောနှင့် တောလည် ခရီးများ စီစဉ်ရာ၌ ကျွမ်းကျင်အဖွဲ့ အစည်း ဖြစ်သော ဗြိတိန်နိုင်ငံ၌ ရုံးစိုက်သည် Sanctuary Retreats သည် Sanctuary Ananda အမည်ဖြင့် ၎င်း၏သင်္ဘောခရီးစဉ် သစ်အဖြစ် မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း မြစ်ကြောင်း ခရီးစဉ်များ ပြေးဆွဲရန် ကမ္ဘာတစ်ဝန်းရှိ ခရီးသွား ဧည့်သည်များအား စတင် ဆွဲဆောင် ဖိတ်ခေါ်မှု ပြုလုပ်လျက်ရှိကြောင်း အဆိုပါ အဖွဲ့အစည်း၏ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

Photo: ရန်ကုန်တိုင်းအတွင်း စိတ်ကြွဆေးပြားနှင့် ဆေးခြောက်သုံးစွဲမှု၊ ရောင်းဝယ်မှု များပြားလာ

မူးယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းဝင်း၌ မူးယစ်ဆေးဝါးများကို မဖျက်ဆီးမီ တာဝန်ရှိသူများက စစ်ဆေးနေစဉ် (ဓာတ်ပုံ-အောင်ရဲကို)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ရှိ မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ် ပြတိုက်တွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်တိုင်း အတွင်းမှာ ယခင်က ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှု ပိုမိုများပြားလာတယ်။ ဓာတုဗေဒနည်း စနစ်များနဲ့ ထုတ်လုပ်တဲ့ စိတ်ကြွဆေးပြားတွေကို ရန်ကုန်မြို့တွင်းမှာ ဖမ်းဆီးရမိမှု ပိုမိုများပြားလာတာကို တွေ့ရတယ်'' ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် မူးယစ်ဆေးဝါးများကို တရားမ၀င် သယ်ဆောင်ခြင်းများ၊ ရောင်းဝယ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် သုံးစွဲနေမှုများကို တားဆီးနှိမ်နင်း ကာကွယ်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့၊ မူးယစ်(အထူး)အဖွဲ့များနှင့် အကောက်ခွန် ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နိုင်ငံတကာသို့ မြန်မာနိုင်ငံမှ သွားရောက်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရာ လမ်းကြောင်းများတွင်လည်း ရန်ကုန်မြို့မှ တစ်ဆင့် ပို့ဆောင်ခြင်းများလည်း ရှိကြောင်း သိရသည်။
''မူးယစ်ဆေးဝါးတွေကို ရန်ကုန်လေဆိပ်နှင့် ရန်ကုန်ဆိပ်ကမ်းတို့မှ ဖမ်းဆီးရမိတာတွေ ရှိတယ်။ မူးယစ်ဆေးဝါး အမှုတွေကိုလည်း ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ် ရရှိအောင် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေက ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်တယ်။ အမှုများကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ပြီးပြတ်နိုင်ရေး ကိုလည်း အလေးထား ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားခဲ့သည်။

EMG
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဘိန်းဖြူဈေး ကြီးမြင့်လာသောကြောင့် သုံးစွဲသူ နည်းပါးလာပြီး စိတ်ကြွဆေးပြားနှင့် ဆေးခြောက် သုံးစွဲမှု၊ ရောင်းဝယ်မှုများ များပြားလာကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားသည်။

မှတ်ပုံတင်ထားခြင်း မရှိသည့် သတင်း ဝက်ဘ်ဆိုက် ၃၁ ခုအား တရုတ် အစိုးရပိတ်ပင်

Photo: မှတ်ပုံတင်ထားခြင်း မရှိသည့် သတင်း ဝက်ဘ်ဆိုက် ၃၁ ခုအား တရုတ် အစိုးရပိတ်ပင် 
Friday, June 28, 2013

တရုတ်နိုင်ငံမှ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ဆောင်ရွက်သည့် သတင်းဝက်ဘ်ဆိုက် ၃၁ ခုအား အစိုးရက ပိတ်လိုက် ကြောင်းသိရသည်။ ၎င်းသတင်း ဝက်ဘ်ဆိုက်များသည် သတင်း အဖွဲ့အစည်း

တစ်ရပ်အနေဖြင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခြင်း၊ သတင်းမှားများ တည်းဖြတ်ခြင်းနှင့် ခြိမ်းခြောက် ငွေတောင်း ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အင်တာနက် သတင်း ထုတ်ပြန်ရေး ဌာနက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အင်တာနက် သတင်းထုတ်ပြန်ရေး ဌာန၏ စည်းမျဉ်း စည်းကမ်းများအရ ဝက်ဘ်ဆိုက် များသည်  ၎င်း၏ လုပ်ငန်းများ မလုပ် ဆောင်မီ အစိုးရထံမှ ခွင့်ပြုချက် ရယူရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

တရုတ်နိုင်ငံမှ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်း ဆောင်ရွက်သည့် သတင်းဝက်ဘ်ဆိုက် ၃၁ ခုအား အစိုးရက ပိတ်လိုက် ကြောင်းသိရသည်။ ၎င်းသတင်း ဝက်ဘ်ဆိုက်များသည် သတင်း အဖွဲ့အစည်း တစ်ရပ်အနေဖြင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုလုပ်ခြင်း၊ သတင်းမှားများ တည်းဖြတ်ခြင်းနှင့် ခြိမ်းခြောက် ငွေတောင်း ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အင်တာနက် သတင်း ထုတ်ပြန်ရေး ဌာနက ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ

Photo: ရန်ကုန်မြို့ကမ်းနားလမ်းတွင် ရေနံများထွက်ရှိ
Friday, June 28, 2013

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများတိုးချဲ့လျက်ရှိသော မြေများတူးဖော်နေသည့်နေရာတွင် ရေနံများ ထွက်ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီနားမယ် မြေတူးတာက အရင် ပထမပတ်လောက် ကတည်းက မိုးရွာတော့ ရေတွေများနေလို့ ထားခဲ့တာ။ ဒီနေ့မှ ၁၁နာရီလောက်က အလုပ်ဆက်လုပ်ဖို့ရေခပ်ထုတ်တော့ ရေနံတွေ ထွက်နေတာကို တွေ့တာ။ ရေတွေနဲ့ ရောနေသေးတော့ ရေနံစိမ်းလား ရေနံဆီလား မသိသေးပါဘူး ”ဟု မြေတူးအလုပ်သမားကြီးကြပ်ရေးမှူး ကိုအောင်ထွေးက ပြောကြားသည်။

လွန်ခဲ့သောတစ်ပတ် မြေတူးစဉ်ကတည်းက ရေနံအနံ့ ရရှိခဲ့ပြီး ယင်းနေရာ အနီးရှိ မီးစက်မှ ရေနံများ ယိုစိမ့်နေသည်ဟု ထင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အလုပ်သမားများ ရေပက်ထုတ်သော အခါတွင် ရေနံထွက်နေသော နှစ်လက်မခန့် အပေါက်နှစ်ပေါက်ကို မြင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရေနံထွက်ရှိရာနေရာနှင့် ကပ်လျက်ရှိသော ဈေးဆိုင်မှ ဒေါ်တင်တင်အေးက ပြောကြားသည်။

ယနေ့နေ့လည် ၁၁နာရီခန့်မှ စတင်ခပ်ထားသော ၎င်းရေရောရာ ရေနံများသည် ယခုညနေ ၇နာရီခန့် အချိန်ထိ ဆီပေပါ ငါးလုံးခန့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။ယင်းနေရာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သော အနေဖြင့် မီးသတ်ကားနှစ်စီး အဆင်သင့် ထားရှိထားကြောင်းလည်း သိရသည်။

အောင်သိုက်

မြန်မာ့ခေတ်
ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အတွင်းရှိ ကမ်းနားလမ်းနားနှင့် (၇)လမ်းထောင့်တွင် မြို့တော်စည်ပင်မှ လမ်းများတိုးချဲ့လျက်ရှိသော မြေများတူးဖော်နေသည့်နေရာတွင် ရေနံများ ထွက်ရှိနေကြောင်း မြို့တော်စည်ပင်မှ ယင်းနေရာသို့ ရောက်ရှိနေသော တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Facebook မှာ ဒုဝန်ကြီးဦးရဲထွဋ်ကို နောက်ယောင်ခံမှု

Photo







မြန်မာပြည်မှာ အင်တာနက်သုံးသူ ၁ဝ သိန်း ရှိမယ်လို့ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ (၄)ဦးကို အာမခံဖြင့် ပြန်လွတ်လာ

Photo: နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ (၄)ဦးကို အာမခံဖြင့် ပြန်လွတ်လာ
Friday, June 28, 2013

နာင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲအချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့်  ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

လယ်ယာမြေများအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် အဖမ်းခံရသောရွာသားများအား ပြန်လွတ်ပေးရန် ဇွန်လ၂၆ရက်နေ့၌ နောင်ချိုမြို့နယ် ရဲစခန်းရှေ့တွင် ရွာ ၆ရွာမှ တောင်သူ လေးရာခန့်စုဝေးပြီး တောင်းဆိုသဖြင့် ဇွန်လ ၂၇ရက်နေ့ နံနက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာမခံပေးမည့် ရွာသားများအား နောင်ချိုမြို့နယ်၊ ရဲစခန်းသို့ (၂၇)ရက်နေ့နံနက် ကိုးနာရီတွင် ခေါ်ဆောင် ပြီး ဇူလိုင်လ ဆယ်ရက်နေ့တွင်
တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မလာရောက်ပါက ငွေဆယ်သိန်း လျော်ရမည်ဖြစ်ကြောင်း အာမခံခိုင်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။

ထိုသို့လွတ်မြောက်လာသူများမှ ဦးထွန်းအောင် က “ကျွန်တော်အခုပဲ လွတ်လာတယ်။ ကျွန်တော့်ကို မနေ့က ယာတဲမှာ မနက် (၇း၁၅)မှာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ ပြီးတော့ သေနတ်တွေနဲ့လည်း မိသားစုအားလုံးကို ချိန်ထားတော့ ကျွန်တော်က  မိသားစုတွေ ကြောက်မှာစိုးလို့ လိုက်မယ်ဆိုပြီး လိုက်သွားတာ စခန်းရောက်တော့ စခန်းမှူးက အချုပ်ထဲ ထည့်ထား လိုက်တော့တာပါပဲ”ဟု ပြောကြားသည်။

“သူတို့ကိုဖမ်းတဲ့ ဥပဒေက ခြေချုပ်နဲ့ ခံဝန်ဥပဒေနဲ့ဖမ်းတာ။ ဒီဥပဒေက ကျမသိသလောက်ဆို ခိုးဆိုးနေတဲ့ ခြေသလုံး အိမ်တိုင်တွေကို စွဲတဲ့ ဥပဒေပဲ။ အခုဟာက နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းကနေ တိုးတက်အောင် ကူညီပေးနေတဲ့ တောင်သူတွေကို ဒီဥပဒေနဲ့ စွဲတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေတယ် ထင်တယ်”ဟု တောင်သူများဘက်မှ မြေယာကိစ္စလိုက်လံ ဆောင်ရွက်ပေးသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လွတ်မြောက်လာပြီးနောက် တောင်သူလေးဦးအား နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု ရဲစခန်းသို့ လာရောက်ရန် ဖုန်းဖြင့် ခေါ်ဆိုကြောင်း၊ စခန်းသို့ ရောက်သောအခါ ယနေ့ ဇွန်လ၂၈နေ့တွင် ပြန်လည်လာရောက်ရန်နှင့် အမှုကိုအပြီးပြတ် ဆောင်ရွက်ပေးမည်ဟု ပြောဆိုလိုက် သော်လည်း ညနေငါးနာရီ အချိန်ထိ မပြီးပြတ်သေးကြောင်း သိရသည်။

တောင်သူများမှ မိမိတို့စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိုးဦးကျအမီ စိုက်ပျိုးရမည်ဖြစ်သဖြင့် နိုင်ငံတော်မှ ကော်ဖီစီမံကိန်းဟုဆိုကာ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရောင်းချထားသော မိမိတို့လယ်ယာမြေများပေါ်တွင် ဝင်ရောက်လုပ်ကိုင်ကြခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

စိုင်းကံသာ

မြန်မာ့ခေတ်
နာင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲ အချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှုများ ကာကွယ်ရေး ဆွေးနွေးပွဲကျင်းပ

Photo: အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှုများ ကာကွယ်ရေး ဆွေးနွေးပွဲကျင်းပ
Friday, June 28, 2013

လူအချင်းချင်း အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုတွေကို မီဒီယာတွေကတဆင့် ဖော်ပြတာတွေဟာ အများပြည်သူတွေ ဆီရောက်နိုင်တဲ့အတွက် ၀ိုင်းဝန်းကာကွယ်ကြဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မီဒီယာပိုင်းဆိုင်ရာ ပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ အမေရိကန်သံရုံးက ဒီနေ့စီစဉ်ကျင်းပတဲ့ အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုများ တားဆီးရေးဆိုတဲ့ Preventing Hate Speech in Myanmar ဆွေးနွေးပွဲမှာ ပြောဆိုလိုက်ကြတာ ဖြစ်ပါတယ်။

လတ်တလော မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြည်တွင်းပြည်ပ မီဒီယာတွေအနေနဲ့ ထိန်းညှိုရေးသားဖော်ပြကြဖို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က အဲဒီအခမ်းအနားအပြီး သတင်းထောက်တွေကို ပြောပါတယ်။

"social media တွေရယ်၊ ကျနော်တို့ မီဒီယာတွေရယ်ဟာ တိုင်းမ်မဂ္ဂဇင်းမှာ ဒီလိုပါတယ်ဟေ့၊ ဒီလိုရေးကြတော့ ဒါကပျံနှံ့သွားခဲ့အခါမှာ လူတွေထဲမှာ ဆွေးနွေးရင်းနဲ့ မျက်နှာဖုံးမြင်နေရုံနဲ့တင် ဒီလောက်အရှိန်က မြင့်နေတယ်ဆိုလို့ရှိရင် ဒီစာစောင်ရောက်လာမယ်၊ ဒီစာစောင်ဖြန့်ဝေကြမယ်၊ ဆွေးနွေးကြမယ်ဆိုလို့ရှိရင် အဲဒီဂယက်က တိုင်းမ်မဂ္ဂဇင်းတစ်ခုထဲပေါ်ထားတဲ့ ဆန့်ကျင်မှုကနေပြီးတော့ ကျန်တဲ့ဘာသာရေးဘက်ကို ရွေ့သွားနိုင်တယ်၊ နိုင်ငံတော်က အစကတော့ ဒီကိစ္စကိုဘာမှမပြောဘူး၊ ဒီလိုပဲအသာလေးကြည့်နေတယ်၊ နောက်တော့ social media တွေမှာပါလာတယ်၊ ပြည်တွင်းမီဒီယာတွေမှာ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်ပြောတဲ့အတွက်ကြောင့်မို့ လူတွေကပိုပြီးတော့ စိတ်ဝင်စားသွားတယ်၊ ကျနော်တို့က တခါတလေမှာ လှုံ့ဆော်တယ်လို့ယူဆတဲ့ အရေးအသားတစ်ခုကို ဝေဖန်တဲ့အခါမှာ အများကြီးသတိထားရတယ်၊ ကိုယ်ပြောတဲ့အခါမှာ မသိတဲ့လူတွေက ပိုစိတ်ဝင်စားပြီးတော့ ဒါကိုအပြန်ပြန်အလှန်လှန်ဆွေးနွေးတယ်၊ ဖေ့ဘုတ်ပေါ်မှာ ခင်ဗျားတို့တွေ့ပါလိမ့်မယ်၊ အရှိန်ကဘယ်လောက်မြင့်လာသလဲဆိုတာ၊ နောက်ဆုံး လူတွေထဲကို ဒီစာအုပ်တွေ ရောက်လာမယ်၊ ဒီစာအုပ်ကြီးကို ယူလာပြီးတော့မှ မီးပုံရှို့တဲ့ကိစ္စမျိုးတော့ ဒါမျိုးတွေလည်း ကျနော်တို့ကမဖြစ်စေချင်ဘူး

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး Derek Mitchell နှင့်အတူ ဘာသာကြီးလေးခုက ခေါင်းဆောင်တွေလည်း တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

RFA Burmese
လူအချင်းချင်း အမုန်းပွားစေတဲ့ ပြောဆိုရေးသားမှုတွေကို မီဒီယာတွေကတဆင့် ဖော်ပြတာတွေဟာ အများပြည်သူတွေ ဆီရောက်နိုင်တဲ့အတွက် ၀ိုင်းဝန်းကာကွယ်ကြဖို့ ဘာသာရေးခေါင်းဆောင်တွေနဲ့ မီဒီယာပိုင်းဆိုင်ရာ ပညာရှင်တွေက ပြောဆိုလိုက်ကြပါတယ်။