Wednesday, December 3, 2014

ဘာသာရေးခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်

ဘာသာရေးကို ခုတုံးလုပ် အကြမ်းဖက်မှုများတွင် သံဃာတော်များ ဝင်ရောက် စွက်ဖက်မှု မပြုလုပ်ရန်အတွက် ထေရဝါဒ ဗုဒ္ဓဘာသာ အများစု ကိုးကွယ်သည့် နိုင်ငံငါးနိုင်ငံမှ သံဃာတော်များ ပူးပေါင်းကျင်းပသည့် ထေရဝါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သဘောတူ ဆုံးဖြတ်လိုက်ကြောင်း တာမွေမြို့နယ် အလိုတော်ပြည့် ကျောင်းတိုက် လက်ထောက်ဆရာတော် အရှင်ကုမာရက မိန့်ကြားသည်။

ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာလက်မှတ်ရေးထိုး

 ဇီဝပိုးမွှားများကို လက် နက်အသွင်အသုံးချ၍ တိုက်ခိုက်  ခြင်း၊ အကြမ်းဖက်လုပ်ငန်းများ တွင် အသုံးချခြင်းအပါအ၀င် ဇီဝ  လက်နက်များ မပြန့်ပွားစေရန် နှင့် တားမြစ်ပိတ်ပင်ရေးအတွက် ဇီဝလက်နက်တားဆီးပိတ်ပင်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင် နိုင်ငံအဖြစ်အတည်ပြုလက်မှတ် ရေးထိုးလိုက်ကြောင်း သတင်းရရှိ သည်။

ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်နေရာများအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များ ပြောကြား

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် ပီအာရ်စနစ် ကျင့်သုံးပါက လစ်လပ်ကိုယ်စားလှယ်များ အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ကျင့်သုံးရေးဆိုင်ရာအဆို အကောင်အထည်ဖော်ရေးကော်မရှင်၏ အစီရင်ခံစာတွင် ပီအာရ်စနစ်၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အလားအလာ အခြေအနေ နည်းပါးသဖြင့် ပါတီအလိုက် ကိုယ်စားလှယ်လောင်းများကို ၎င်းတို့ရရှိသော မဲရာခိုင်နှုန်း အများအနည်းအလိုက် တန်းစီထားသောစနစ်ကို ကျင့်သုံးရန် သင့် မသင့် စိစစ်ဆောင်ရွက်ရန်ဟု ဖော်ပြထားသည်။

အူရီးဒူး ဖုန်းတာဝါတိုင် တည်ဆောက်ရန် စီစဉ်ခြင်းကို ဒါးပိန်ရွာ ဒေသခံများ ကန့်ကွက်

အူရီးဒူးကုမ္ပဏီက လှည်းကူးမြို့နယ်၊ ဒါးပိန်ကျေးရွာတွင် တာဝါတိုင်တည်ဆောက်ရန် စီစဉ်နေ ခြင်းကို အိမ်ခြေတစ်ရာကျော်ရှိ သော ဒေသခံများက ဘာသာရေး အယူဝါဒအစွဲ အခြေခံ၍ ကန့် ကွက်လိုက်ကြောင်း သတင်းရရှိ သည်။

‘‘တိုင်ထောင်မယ့်နေရာက အိမ်ရှင်က လက်ခံပါတယ်။ ရွာက လူတွေက အူရီးဒူးက လုပ်တာဖြစ်လို့ ကန့်ကွက်ကြတာပါ။ အိမ်ခြေ တစ်ရာလောက်က မကျေနပ် ချက်တွေနဲ့ ကန့်ကွက်ကြလို့ညှိနှိုင်းတာ မအောင်မြင်ပါဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ညှိနှိုင်းပါသေးတယ်။ လက်မခံကြပါဘူး’’ဟု လှည်းကူးမြို့နယ် လူမှုရေး အဖွဲ့မှ ကိုစည်သူကပြောသည်။

ဦးအောင်သောင်းအမည်ပျက်စာရင်းသွင်းခံရမှု ကန့်ကွက်ရန် မန္တလေးတိုင်းလွှတ်တော်တွင် ချင့်ချိန်နေ

မန္တလေး- ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အကြံ ပေး၊ တောင်သာမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး အောင်သောင်းအား အမေရိကန်ပြည်ထောင်စုက အထူးကန့်သတ် သည့် ပိတ်ဆို့မှုအမည်မည်းစာ ရင်း(Black List) ထည့်သွင်းခြင်း ကို မန္တလေးတိုင်းဒေသကြီးလွှတ် တော်တွင် အရေးကြီးအဆိုတင် ကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂ ရက်က ကျင်းပ ခဲ့သည့် ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဦးအောင်သောင်း အား အမေရိကန်ပြည်ထောင်စုက အမည်မည်းစာရင်း ထည့်သွင်းခဲ့ သည့်ကိစ္စအား မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် အရေး ကြီးအဆိုတင်သွင်းကာ ကန့်ကွက်ရှုတ်ချရန် စီစဉ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောသည်။

အိန္ဒိယပေါက်ကွဲမှုနှင့် ဆက်နွှယ်နေသူ မြန်မာသုံးဦး ဖမ်းဆီးခံရ

နယူးဒေလီ- ဘာဒ်ဝန်ပေါက်ကွဲမှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံသား သုံးဦးကို ဘင်္ဂလားဒေ့ရှ်အာဏာ ပိုင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

နှစ်နိုင်ငံနယ်စပ်တွင် JMB အကြမ်းဖက်သမား တစ်ရာကျော် ကိုဖမ်းဆီးနိုင်ရေးအတွက် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်တို့က အရှိန် အဟုန်မြှင့် ဆောင်ရွက်နေချိန်၌ ယခုကဲ့သို့ မြန်မာသုံးဦးကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နှင့် မြန်မာအခြေစိုက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြောင်း ဒါကာမြို့ ဒုတိယကော်မရှင်နာ ခရှစ်ရှနာပါဒါရွိုင်က ယနေ့တွင်ပြောသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်တွင် သီးသန့်တွေ့ခဲ့

ရန်ကုန် - အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာ ၁ ရက်တွင်နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာ ၁ ရက်တွင် သီးသန့်တွေ့ခဲ့

ရန်ကုန် - အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ ဒီဇင်ဘာ ၁ ရက်တွင်နေပြည်တော်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

သို့သော် ခြောက်ပွင့်ဆိုင်ထဲ မှ နှစ်ပွင့်ဖြစ်သည့် ပုဂ္ဂိုလ်နှစ်ဦးက မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမျိုးသားလွှတ်တော်က အချိုးကျကိုယ်စားပြုရွေးကောက် ပွဲစနစ်ကို တိုင်းဒေသကြီးများတွင် တစ်ပြေးညီကျင့်သုံးမည်ဆိုသည့် ဆုံးဖြတ်ချက်ကို အခြေခံဥပဒေနှင့်ညီ၊ မညီ ဆုံးဖြတ်ပေးရန်လည်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် များက လက်မှတ်ရေးထိုး တောင်းဆိုထားသည်။