Saturday, June 7, 2014

မိုင်းပျဉ်းကျေးရွာ NLD ဒုဥက္ကဋ္ဌ သေနတ်နှင့် ပစ်သတ်ခံရမှု ပြည်ထဲရေး ဝန်ကြီးထံ တိုက်ရိုက်စာတင်မည်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ဒုတိယဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးထံ တိုက်ရိုက်စာတင်မည် ဖြစ်ကြောင်း NLD ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက The Voice သို့ ပြောကြားသည်။

ဒုချီးရားတန်း အကြမ်းဖက်မှုတွင် ပါဝင်သူ ဘင်္ဂါလီရှစ်ဦးကို ထောင်ဒဏ် ခုနစ်နှစ်ချ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တိုက်ခိုက်ခံရမှုတွင် လက်နက်လုမှုဖြင့် ဖမ်းဆီးခံထားရသည့် ဘင်္ဂလီရှစ်ဦးကို မောင်တောမြို့နယ် တရားရုံးက မေလ ၂၇ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်နေသူ ၄၆ ဦးကို တရားခံပြေးအဖြစ် သတ်မှတ်ထားကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဘင်္ဂါလီများကို မောင်တောမြို့နယ် တရားရုံးတွင် ၁၄ ကြိမ် စစ်ဆေးခဲ့ပြီး မေလ ၂၇ ရက်နေ့တွင် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ ၂ (၁)၊ (က) အရ အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်စီ စီရင်ချက် ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များ ပြန်တိုင်း၍ တိုးချဲ့စိုက်ထူမည်

 မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နယ်နိမိတ်ပိုင် ဆိုင်မှုမထင်မရှားဖြစ်နေသည့် နေရာများရှိ နယ်စပ်မျဉ်းအမှတ် အသားများကို နှစ်ဖက်ပူးတွဲ ကွင်းဆင်းအဖွဲ့က ပြန်လည်တိုင်း တာခဲ့ပြီး နယ်စပ်မှတ်တိုင်များ တပ်တိုးစိုက်ထူရန် နှစ်ဖက် ညှိ နှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ  သ တင်းရရှိသည်။
ထို့အပြင်ပိုင်ဆိုင်မှုမရှင်း လင်းသည့် နယ်နိမိတ်ကို ကျော် လွန်စိုက်ပျိုးထားသော နှစ်ဖက် ဒေသခံ များကို နှစ်ဖက်အစိုးရ အာဏာပိုင်များက ပြေလည်မှု ရရှိသည်အထိ အသိပညာပေး ညှိ နှိုင်းဖြေရှင်း သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံ ရေးရာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

ဗုဒ္ဓရုပ်ပွားတော်အား မဖွယ်မရာပြုသူ အမျိုးသမီးကို ၄၈ နာရီအတွင်း ရုံးတင်စစ်ဆေး ထောင် ၂ နှစ်ချ

ဇွန်လ ၅ ရက် မွန်းလွဲပိုင်း က ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဆုံကွယ် ကျေး ရွာအုပ်စု စစ်မှုထမ်းဟောင်း ရပ် ကွက်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ အား မဖွယ်မရာပြုလုပ်ခဲ့သည့် အမျိုးသမီးကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိ သည်။
လားရှိုးမြို့တွင် ဗုဒ္ဓရုပ်ပွား တော်တစ်ဆူအား မဖွယ်မရာ ပြု လုပ်ခဲ့သည့် အမျိုးသမီးတစ်ဦးကို သာသနာတော် ညှိုးနွမ်းစေရန် ဆောင်ရွက်မှုဖြင့် တရားစွဲဆိုကာ ဇွန်လ ၆ ရက်တွင် လားရှိုးမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။

ပြင်ပဆေးရုံမှ သူနာပြုကို ပါးရိုက်သည့်ဆရာဝန် ကန်တော့ပွဲဖြင့် တောင်းပန်ရ

ဆွေမျိုးသားချင်းကျန်း မာရေးကိစ္စအတွက် ပုဂ္ဂလိက ဆေးရုံတစ်ခုသို့ ရောက်ရှိလာ သည့် ဌာန ဆိုင်ရာဝန်ထမ်း လက် ထောက်ဆရာဝန်အမျိုးသမီးက ယင်းဆေးရုံရှိ သူနာပြုဆရာမတစ် ဦးကို ပါးရိုက်ခဲ့သဖြင့် ကန်တော့ ပွဲဖြင့် တောင်းပန်ခဲ့ရကြောင်း သ တင်းရရှိသည်။
မေလ ၂၉ ရက်က နန်း တော်ဆေးရုံ ပြင်ပလူနာစမ်း သပ်ခန်းတွင် မန္တလေးဆေးရုံကြီးမှ လက်ထောက်ဆရာဝန် အမျိုးသ မီးတစ်ဦးသည် ၎င်း၏ ဦးလေးဖြစ် သူ ကျန်းမာရေးစစ်ဆေးရန် အ တွက် ရောက်ရှိနေသည်။ ထိုဆ ရာဝန်အမျိုးသမီးသည် တံခါးဝ တွင် ရပ်နေပြီး ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက အခန်းအတွင်းသို့ဝင်ရန် တံခါးကို တွန်းဖွင့် လိုက်ရာ အခန်းအတွင်းရှိ ဆရာ

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရလမ်း ငါးလမ်း ထပ်မံတိုးမည်

ရန်ကုန်၊ မဇ္ဈိမ။ ။ ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်း ယာဉ်မရပ်ရနယ်မြေအဖြစ် ၇၇လမ်း သတ်မှတ်ဆောင်ရွက်နေရာမှ နောက်ထပ်ငါးလမ်း ထပ်မံတိုးချဲ့မည်ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရန်ကုန်တိုင်းယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးကြီး ဦးလင်းထွဋ်က ဇွန်လ ၆ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ဆီမှာ ကားတွေ တင်သွင်းနေတာ ပြဿနာမရှိပေမယ့် ယာဉ်ရပ်နားစခန်း အလုံ အလောက် မရှိခြင်းက ပြသနာတစ်ခုဖြစ်နေပါတယ်။ ယာဉ်မရပ်နေရာ သတ်မှတ်အရေးယူရတာက ယာဉ်လမ်းကြောပိတ်ဆို့မှု ကင်းရှင်းအောင်ပါ”ဟု ဦးလင်းထွဋ်က ဆိုသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်

ရန်ကုန်− ၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာ အားနည်း မှုကြောင့် အွန်လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြောသည်။
ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ်မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
  

ကွတ်ခိုင်တွင် စစ်တပ်ဗိုလ်မှူးတဦး ကျဆုံးမှု TNLA လက်ချက်ဟု ၀န်ခံ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအတွင်း ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မြို့အခြေစိုက် အမှတ် ၂၄၁ ခြေလျင် တပ်ရင်းမှ ယာယီတပ်ရင်းမှုး ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးမှုသည် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၏ လက်ချက် ဖြစ်ကြောင်း TNLA ပြန်ကြားရေးဒုတာဝန်ခံ တာပန်လက ပြောသည်။
ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကျော်ထင်အောင် ကျဆုံးသွားရခြင်းဖြစ်ပြီး TNLA ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ကျဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။
TNLA ပြန်ကြားရေး ဒုတာဝန်ခံ တာပန်လက “သူတို့ဘက်က စီးလာတဲ့ကားကို ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်လိုက် လို့ သူတို့ကားလည်း ပျက်စီးသွားတယ်။ အဲဒီမှာရှိတဲ့ အရာရှိတွေလည်း ကျဆုံးသွားတယ်။ ကားရော လူရော ပျက်စီးသွားတယ်။ ကျနော်တို့ သတင်းရထားတာတော့ အဲဒီဘက်မှာ ၃ ယောက် ကျသွားတယ်။ ကားမှာ ဘယ်နှစ်ယောက် ပါလဲတော့ မသိဘူး ”ဟု ဧရာဝတီကို ပြောသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြောင်းအလဲ ရှိမည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်း ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပြောင်းအလဲ ရှိမည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

ဇွန် ၆ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များထဲမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်ဝေလင်းက ပြန်လည်ဖြေကြား ပေးခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ဇွန် ၇ ရက်တွင် ထုတ်ပြန်ကြေညာ၊ တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိ

 
၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၁၄ ခုနှစ် ဇွန် ၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ စာစစ်ဌာနများတွင် တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာခဲ့ပြီး တစ်နိုင်ငံလုံး၏ အောင်ချက်မှာ ရာခိုင်နှုန်း ၃၀ ကျော်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံး အတိုင်းအတာအရ တက္ကသိုလ်ဝင်စာမေးပွဲ