Thursday, March 7, 2013

၂၀၁၅ ခုနှစ်မတိုင်မီ တတိယအင်အားကြီးပါတီတစ်ခု တည်ထောင်ရန် ပြင်ဆင်နေ

တိုင်းရင်သားပါတီများ စုပေါင်း၍ ၂၀၁၅ မတိုင်မီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နည်းတူ အင်အားကြီးပါတီတစ်ရပ်ကို ထူထောင်ရန် ဆွေး နွေးညှိနှိုင်း
မှုများ ပြုလုပ်နေသည်ဟု ရခိုင်တိုင်းရင်သားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က
ယခုလ ၄ ရက်က ပြောသည်။

ကားသမားများကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ရန်ပုံငွေစီဒီခွေများ အတင်းရောင်းနေ



ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတနေရာတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ တပ်ဖွဲ့ဝင် များ “အလင်းရောင်”အမည်ရှိ ၎င်းတို့၏ ရန်ပုံငွေ ရှိုးပွဲစီဒီခွေများကို ရန်ပုံငွေအဖြစ် ပြီးခဲ့သည့်အပတ်က မြ၀တီ-ကော့က ရိတ်လမ်းပြေး ကားသမားများကို မ၀ယ်မနေရ အတင်း ရောင်းချပေးလျှက်ရှိသည်ဟု သိရသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်အတိုင်း ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ် အများဆုံးခွင့်ပြုမည်


general-8-march7ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ရန်ကုန်သင်္ကြန် မြင်ကွင်း
ယခုနှစ် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပြီး ယခင်နှစ်များကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့တွင် ရေကစားမဏ္ဍပ်များစွာ ခွင့်ပြုမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီနှစ်သင်္ကြန်ကို စည်စည်ကားကားဖြစ်အောင် လုပ်မယ်။ အဲဒီအတွက် ကော်မတီတွေ ဖွဲ့ပြီး စနစ်တကျ လုပ်မှာဖြစ်တယ်'' ဟု ၄င်းက ပြောသည်။

အမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူမည်ဟု ရဲ ပြောဆို

   
လိင်ဆက်ဆံရာတွင် အသုံးပြုသည့် ပစ္စည်းများ ရောင်းချနေသည့် မြင်ကွင်း (ဓာတ်ပုံ – scoop.co.nz)


ဈေးဝယ်စင်တာ ဝန်ထမ်းအမျိုးသမီး ၂ ဦးကို လိင်စိတ်ကြွဆေး ရောင်းချမှုကြောင့် အရေးယူတော့မည် ဖြစ်ကြောင်း ဒဂုံမြို့နယ် ရဲစခန်း တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ထမ်း အမျိုးသမီးတို့သည် ရန်ကုန် ပြည်လမ်းမပေါ်မှ တော်ဝင်စင်တာ အောက်ထပ်ရှိ Orange စူပါမားကတ်နှင့် ၎င်းမျက်နှာချင်းဆိုင်ရှိ စိန်ဂေဟာ ဈေးဝယ်စင်တာ ဆေးအရောင်း ကောင်တာတို့မှ ဖြစ်ပြီး စိတ်ကြွဆေးဝါးများကို ၎င်းတို့က တာဝန်ယူ ရောင်းချခြင်း ဖြစ်သည်ဟုဆိုကာ ဒဂုံမြို့နယ် ရဲစခန်းက အမျိုးသား ဆေးဝါးဥပဒေပုဒ်မ ၁၈ အရ ဖမ်းဆီး အချုပ်ချထား၍ ရက်ပိုင်းအတွင်း အရေး ယူတော့မည် ဖြစ်ကြောင်း သိရသည်။

ထုတ်ပယ်မှုက NLD ပြိုကွဲရေး လမ်းစလား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေသည့် အပြုအမူ၊ အပြောအဆို၊ လှုပ်ရှားမှုများကို ပြုလုပ်မှုကြောင့်ဟု ဆိုကာ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ညီလာခံတက်ခွင့် ရပ်ဆိုင်း အရေးယူမှုသည် ပါတီပြိုကွဲရေးကို အားပေးရာရောက်ကြောင်း ပါတီနာယက ဦးဝင်းတင်က ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေးထပ်မံတွေဆုံမှု UNFC ၊ UWSA နှင့် မိုင်းလာ ကိုယ်စားလှယ်များ တက်မည်


ချင်းမိုင်(မဇ္စျိမ)။     ။ လာမည့် မတ်လ ၁၁ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး
ကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ထပ်မံ တွေ့ဆုံမှုတွင် UNFC ၊ UWSA နှင့် မိုင်းလား အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဆင့်တိုးမြှင့် ဖွဲ့စည်းမည်


ရန်ကုန် (မဇ္ဈိမ)။   ။ ကျန်းမာရေး ဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနအား အဆင့်မြှင့်တင်ပြီး တိုးချဲ့ဖွဲ့စည်းရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ဒု-ဝန်ကြီးက ပြောဆိုလိုက်သည်။
လက်ရှိ ဌာနတွင် ခွင့်ပြုဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၁၄ ဦးသားရှိသည်။
“မြန်မာလူဦးရေ သန်း ၆၀ ကျော်အား အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ် ကင်းရှင်းရေး အကာအကွယ်

ပွင့်လင်း မြင်သာလာသော မယ်ရွေးပွဲများ

မယ်ရွေးပွဲက လှတာ တခုထဲ ကြည့်မပေး။ ကိုယ်ရည်ကိုယ်သွေး အဓိကပဲ (ဓာတ်ပုံ – ဧရာဝတီ)


မကြာခင် ရက်ပိုင်းက မယ်ရွေးပွဲတခု Miss International 2013 ကျင်းပခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကြီးမှူး ကျင်းပတာပါ။ ဒိုင်တွေက မင်းသား၊ ဒါရိုက်တာ၊ မော်ဒယ်၊ အယ်ဒီတာချုပ်၊ ဟိုတယ် လုပ်ငန်းရှင် အသင်း ငွေဆောင်ဇုန်

ညှဉ်းပန်း နှိပ်စက်ခံရသည့် ကရင် မိန်းကလေးငယ်သို့ ကရင်ပြည်နယ်က ငွေထောက်ပံ့

ကရင်ပြည်နယ်မှ ထောက်ပံ့ငွေများကို ထိုင်း ကုန်သွယ်ရေးဌာနမှတဆင့် ကရင် မိန်းကလေးငယ်သို့ ပေးအပ်စဉ် (ဓာတ်ပုံ – sanook.com)


ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် မြ၀တီမြို့နယ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဒေါ်သင်းသင်းမြတ်တို့က ထိုင်းနိုင်ငံတွင် ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသည့် အသက် ၁၂ နှစ်အရွယ် ကရင် မိန်းကလေးငယ်အတွက် ဘတ်ငွေ ၂၀၀၀၀ (ကျပ် ၆ သိန်းခန့်) ထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ဘန်တချွန်ကျေးရွာအုပ်စုတွင် တောမီးလောင်မှုကြောင့် ရာဘာပင် ၅၀၀၀၀ ကျော် ပျက်ဆီးဆုံးရှုံး

w1-7-3-1တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်၊ ဘန်တချွန်ကျေးရွာအုပ်စု၊၁၀မိုင်ကျေးရွာနှင့် ၁၄မိုင်ကျေးရွာရှိ ရာဘာခြံများတွင် မတ်လ ၃ ရက်နေ့မှစ၍ မီးစတင်လောက်ကျွမ်းလျက်ရှိပြီး မတ်လ ၆ ရက်နေ့အထိ

အမျိုးသား အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း ရေးဆွဲခြင်းဖြစ်ကြောင်း ဦးအောင်ကြည်ပြော



ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယနေ့ကျင်းပပြုလုပ်သော ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။
ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် ပတ်သက်၍ မီဒီယာလုပ်ငန်း

တောင်ကိုရီးယားနှင့် ပဋိပက္ခအလားအလာ မြောက်ပိုင်းကြိုပြင်


အမေရိကန်နောက်ခံ တောင်ကိုရီးယားနဲ့ ပဋိပက္ခ ဖြစ် လာနိုင်ချေအတွက် မြောက်ကိုရီးယားဟာ သူ့ပြည်သူတွေကို ပြင်ဆင် သတိပေးမှုတွေ ပြုလုပ်နေပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ တိုက်ခိုက်ခံရမှု မရှိအောင် ပတ်ဝန်းကျင်နဲ့ ဟပ်ညီတဲ့အရာ သစ်ပင်သစ်ရွက်မျိုးတွေနဲ့ အကာအကွယ်ယူ ဖုံးကွယ်ထားတာမျိုး၊ စစ်လိုလားတဲ့ ပြည်သူ တွေရဲ့ ပြောစကားကို လွှင့်ထုတ်တာမျိုးတွေ ပြုလုပ်နေပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းတ၀ိုက် ပုဒ်မ ၁၄၄ သက်တမ်းတိုး


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိတဲ့ ကြေးနီသိုက်နေရာက ဧက ၇၈၆၇.၇၈ မှာ ၂၄ နာရီပတ်လုံး မည်သူမှ သွားလာခွင့် မရှိတဲ့အကြောင်း ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် သက်တမ်း ၂ လတိုးလိုက်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်နဲ့ အခုလို ထပ်တိုးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။