Tuesday, February 16, 2016

ရုရှားနယ်စပ်အနီး စစ်ရေးလေ့ကျင့်ရန် တိုက်လေယာဉ်များ စေလွှတ်မည်ဟု အမေရိကန်လေတပ် ပြောကြား

အမေရိကန်လေတပ်၏ F-15 တိုက်လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းနေစဉ်။
ရုရှားနှင့် နယ်စပ်ဒေသအနီး စစ်ရေးလေ့ကျင့်မည့် အစီအစဉ်များအတွက် အမေရိကန်က တိုက်လေယာဉ်များ ပေးပို့သွားမည်ဟု သိရှိရသည်။
အမေရိကန်လေတပ်က နွေဦးပေါက်ချိန်တွင် ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုများအတွက် ဖင်လန်ထံသို့ F-15 တိုက်လေယာဉ် ၆ စီး ပေးပို့သွားမည်ဟု ကြေညာသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရုရှားနယ်နိမိတ်နှင့် မိုင် ၁၀၀ နီးပါးအကွာ စစ်စခန်းတစ်ခုတွင် အကောင်အထည် ဖော်မည်ဖြစ်သည်။

ဂရမ်မီ ဆုပေးပွဲတွင် တေလာဆွစ်ဖ်နှင့် ကန်းဒရစ်လာမာတို့ အောင်ပွဲခံ

 
တစ်နှစ်တာ အကောင်းဆုံး အယ်လ်ဘမ်ဆုကို လက်ခံယူနေသည့် တေလာဆွစ်ဖ်။
၅၈ ကြိမ်မြောက် ဂရမ်မီ ဆုနှင်းသဘင်တွင် အမေရိကန် Rapဂီတ အဆိုတော် ကန်းဒရစ် လာမာက ဆု ၅ ခုဖြင့် အောင်ပွဲခံခဲ့သော်လည်း အဓိက ဂုဏ်အယူရဆုံး ဆုကြီးများကို တေလာဆွစ်ဖ်နှင့် ဘရူနိုမားစ်တို့က ရယူသွားခဲ့သည်။

ဆီးရီးယားမြောက်ပိုင်း ဆေးရုံများကို ဗုံးကြဲမှုသည် စစ်ရာဇဝတ်မှုဟု ပြင်သစ်နှင့် တူရကီစွပ်စွဲ

ဗုံးဒဏ်ကြောင့် ပျက်စီးနေသည့် ဆေးရုံအဆောက်အအုံ တစ်နေရာကို တွေ့မြင်ရစဉ်။
ဆီးရီးယားမြောက်ပိုင်းရှိ ဆေးရုံများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုတစ်ရပ်ဟု ပြင်သစ်နှင့်တူရကီတို့က စွပ်စွဲပြောကြားခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အဆိုပါဒေသရှိ ဆေးရုံနှင့်ကျောင်းများကို လေကြောင်းမှပစ်ခတ်သည့် ဒုံးကျည်များထိမှန်ရာ အနည်းဆုံး လူ ၅၀ မျှ အသက်ဆုံးရှုံးခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။ တူရကီက အဆိုပါတိုက်ခိုက်မှုများကို ရုရှားက ကျူးလွန်ကြောင်း စွပ်စွဲခဲ့သော်လည်း ကရင်မလင် နန်းတော်ဘက်က ယင်းအပေါ် တုံ့ပြန်မှုမရှိသေးချေ။

ညီဖြစ်သူအတွက် ပါဝင်မဲဆွယ်ပေးလာသည့် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်

အမေရိကန်သမ္မတသစ်နေရာအတွက် ညီဖြစ်သူ၏ ပါဝင်ယှဉ်ပြိုင်နေမှုတွင် သမ္မတဟောင်း ဂျော့ဘုရှ် (ဂျူနီယာ) ကိုယ်တိုင် ပါဝင်ကူညီ မဲဆွယ်ပေးနေကြောင်း သိရသည်။
လတ်တလောတွင် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ခု၏ သမ္မတလောင်းနေရာအတွက် ရွေးချယ်ရန် ပြည်နယ်အလိုက် ယှဉ်ပြိုင်နေရာ ဂျက်ဘုရှ်သည် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု ပါဝင်နေသည်။ လက်ရှိအခြေအနေအရ ရီပတ်ဘလစ်ကန် သမ္မတလောင်း နေရာအတွက် ဒေါ်နယ်လ်ထရမ့်က အဓိကရေပန်းစားနေပြီး ဂျက်ဘုရှ်မှာ တတိယ၊ သို့မဟုတ် စတုတ္ထ လူကြိုက်အများဆုံး နေရာမျှတွင်သာရှိနေဆဲ ဖြစ်သည်။

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်အချို့တွေ့ရှိ

တတိယအကြိမ် သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရာတွင် လူနေအိမ်ဟု ယူဆရသော အဆောက်အအုံအချို့နှင့် စေတီ များကို ပထမဆုံးတွေ့ရှိခဲ့ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုတေ သနဌာနခွဲမှ သတင်းရရှိသည်။မွန်ပြည်နယ် ဘီးလင်းနှင့် ကျိုက်ထိုမြို့ကြား ကေလာသ တောင်အနီးရှိ သုဝဏ္ဏဘူမိမြို့ ဟောင်းကို တတိယအကြိမ် တူး ဖော်မှုအဖြစ် ၂၀၁၅ နိုဝင်ဘာမှစ၍ကျပ်ငွေသိန်းတစ်ထောင်သုံး၍ ပြန်လည်တူးဖော်ခဲ့ပြီး လေးလအ တွင်းမှာပင် တောင်ကုန်း ခြောက် ကုန်းကျော် တူးဖော်နိုင်ခဲ့ကြောင်း မွန်ပြည်နယ်ရှေးဟောင်းသုတေ သနဌာနခွဲမှ သိရသည်။ တောင် ကုန်းအမှတ် ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄နှင့်ကျိုက်ကသာ မလော့ချောင် တောင်ကုန်းတို့တွင် တူးဖော်ခဲ့ရာ ပထမဆုံးတွေ့ရှိမှုအဖြစ် လူနေ အိမ်များကို တွေ့ရှိခဲ့ခြင်း ဖြစ် သည်။