Friday, August 23, 2013

ကမ္ဘာ့ ဆံပင် အုံ အကြီးဆုံး အမျိုးသမီး

Photo: ကမ္ဘာ့ ဆံပင် အုံ အကြီးဆုံး အမျိုးသမီး
Friday, August 23, 2013

သူမရဲ့ အမည်ကတော့ Aevin Dugas ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကြောင့် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဆံပင် ပတ်လည်က ၄ပေ ၄ လက်မ ( ၁၃၂ စင်တီမီတာ) ရှိပါတယ်။

Kaung Zay Yan
(Discoveries Myanmar)
သူမရဲ့ အမည်ကတော့ Aevin Dugas ဖြစ်ပါတယ်။ သူမရဲ့ ဆံပင်ကြောင့် ဂင်းနစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Facebook ကို ဖောက်နိုင် သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ

Photo: Facebook ကို ဖောက်နိုင်သည့် ဟက်ကာ ဒေါ်လာ ၁၁,၀၀၀ ရရန် သေချာ
Friday, August 23, 2013

နာမည်ကျော် လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက် ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေအဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ထိုဆုငွေများကို ရှာရီသာအား Facebook က ချီးမြှင့်မည် မဟုတ်ဘဲ အွန်လိုင်းပေါ်တွင် လူထု လှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် GoFundMe လှုပ်ရှားမှု အဖွဲ့က ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က Facebook ပေါ်ရှိ ဇူကာဘတ်၏ Timeline ကို ဝင်ရောက် ခိုးဖောက် နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ဟက်ကာ ရှာရီသာနှင့် ပတ်သက်ပြီး Facebook ၏ လုံခြုံရေးမှာလည်း လှုပ်ခတ်သွား ခဲ့ရသည်။

BeyondTrust လုံခြုံရေး ကုမ္ပဏီ နည်းပညာ အရာရှိ မာ့စ်မိုက်ဖရက်က ထိုသို့ စွမ်းဆောင်နိုင်သည့် ရှာရီသာကို ဆုငွေ ချီးမြှင့်ရန် Facebook ကို တိုက်တွန်းသော်လည်း ငြင်းဆန်ခဲ့သဖြင့် အွန်လိုင်း လှုပ်ရှားမှု တစ်ခု အနေဖြင့် စည်းရုံး လုပ်ဆောင်ခဲ့ရာတွင် တစ်နေ့တည်း ဒေါ်လာ ၁၀,၀၀၀ ရရှိခဲ့သည်။ လက်ရှိ အခြေအနေတွင် အလှူရှင်ပေါင်း ၁၉၉ ဦးထံမှ ရှာရီသာ အား ချီးမြှင့်ရန် ငွေသားပေါင်း ၁၁,၃၀၅ ဒေါ်လာ ရရှိနေပြီဖြစ်ကြောင်း GoFundMe အဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။

ဆုချီးမြင့်ရခြင်းနှင့် ပတ်သက်ပြီး မိုက်ဖရက်က လွတ်လပ်စွာ လှုပ်ရှား လုပ်ဆောင်နေသူတွေကိုလည်း သတိထားဖို့ လိုကြောင်း နည်းပညာ ကုမ္ပဏီ များ အနေဖြင့် ဤသို့သော လူငယ်များကို ချီးမြှင့် မြှောက်စားရန် လိုကြောင်း၊ တစ်ရက်တည်း ဒေါ်လာ သောင်းချီပြီး လှူဒါန်းကြသည့် အားပေး မြှောက်စားမှုကိုလည်း အသိအမှတ်ပြုရန် လိုကြောင်း ပြောကြား ခဲ့သည်။

ရှာရီသာသည် ပြီးခဲ့သည့် ရက်သတ္တပတ် က ဗိုင်းရပ်စ် တစ်မျိုးကို တီထွင်ခဲ့ပြီး Facebook Timeline က တစ်ဆင့် ပေးပို့နေခြင်း ဖြစ်ပြီး Facebook နှင့် မိတ်ဆွေဖွဲ့ မထားသူများထံသို့ပင် ယင်းဗိုင်းရပ်စ် ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် လုံခြုံရေးအတွက် စိတ်ချရပါသည် ဆိုသော Facebook အပေါ် သံသယဝင်စရာများ ဖြစ်လာခဲ့သည်။

Facebook သည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ဒေါ်လာ ၂၀,၀၀၀ ပေးမည်ဟု ဆုငွေ ထုတ်ထားသော်လည်း ယနေ့အထိ ဒေါ်လာ ၅၀၀ ခန့်သာ ချီးမြှင့်ပေးမှု ရှိခဲ့ကြောင်း Facebook စာမျက်နှာ တစ်ခုတွင်လည်း ရေးသား ဖော်ပြထားသည်။

Facebook က မိမိအပေါ် အသိအမှတ် မပြုခြင်းနှင့် ပတ်သက်ပြီး စိတ်ပျက် မိကြောင်း ရှာရီသာ ကလည်း ပြောကြားသည်။

The Voice Weekly
နာမည်ကျော် လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook ကို ထူထောင် ခဲ့သော မာ့ခ်ဇူကာဘတ်၏ Timeline ကို ခိုးဖောက်ဝင်ရောက်နိုင်ခဲ့သည့် ပါလက်စတိုင်း နိုင်ငံသား ခါလီရှာရီသာ ဆိုသူအား ဆုငွေ အဖြစ် ဒေါ်လာ ၁၁,၀၀၀ ချီးမြှင့်ရန် ရှိကြောင်း Mashable.com တွင် ရေးသားထားသည်။

ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ

Photo: ဖောက်ခွဲရေးသမား သတင်းကြောင့် မြိတ်တွင် ရပ်/ကျေးအဆင့်အထိ လုံခြုံရေးချ
Friday, August 23, 2013

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့်
ဖောက်ခွဲရေးသမားသုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေးအဆင့် မြှင့်တင် ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

အဆိုပါသတင်းကြောင့် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကစပြီး လုံခြုံရေး
အထူး ဆောင်ရွက်ရန်အတွက် ဖောက်ခွဲရေးသမားဟု သတင်းရထားသည့် သူများ၏ အမည်နှင့်တကွ ဓာတ်ပုံများကို တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကိုပါ ပေးပို့ဝေ
ငှထားကြောင်း ရဲအရာရှိများက ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြိတ်ခရိုင်အတွင်းရှိ နေရာအများအပြား တွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိပြီး ၂၄ နာရီ အချိန်ပြည့် စောင့်ကြပ်နေ
ရကြောင်း တာဝန်ကျ ရဲအရာရှိများက ရှင်းပြသည်။

မြိတ်ခရိုင် တနင်္သာရီမြို့တွင်လည်း နေ့ကင်း၊ ညကင်းများဖြင့် အလှည့်ကျ လုံခြုံရေး တိုးမြှင့်ထားပြီး ကျေးရွာများတွင်လည်း သက်ဆိုင်ရာ ရပ်မိရပ်ဖ
များနှင့် ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထားကြောင်း တနင်္သာရီမြို့မှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောသည်။

“ရေလမ်းက ဝင်လာမယ်လို့ သတင်းရထားတော့ ကမ်းနားဘက်မှာ ပိုပြီး စောင့်ကြည့်တယ်။ ရွာတွေမှာ ရပ်မိရပ်ဖတွေ၊ မီးသတ်တွေ၊
ပြည်သူ့စစ်တွေက လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်” ဟု အထက်ပါဝန်ထမ်းက ပြောကြားသည်။

အဆိုပါ သတင်းကြောင့် မြို့တွင်းမြို့ပြင် စောင့်ကြည့် စစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်နေရပြီး လုံခြုံရေးတာဝန် ဆောင်ရွက်ရမည့် ရက်အကန့်အသတ်ကို မပြောနိုင်သေးဟု မြိတ်မြို့အဝင်အထွက် စစ်ဆေးနေသည့် တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

“ကောလာဟလ သတင်းတွေက အမျိုးမျိုး ထွက်နေတာပါပဲ” ဟု အထက်ပါ ရဲအရာရှိက ဆိုသည်။ အကြမ်းဖက် ဖောက်ခွဲရေးသမားများဟု သက်ဆိုင်ရာက ထုတ်ပြန်ထားသည့်သူ သုံးဦးအနက် တစ်ဦးမှာ ယခင် မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ယခုထိုင်းနိုင်ငံသား တစ်ဦးအဖြစ် ခံယူသည့် မာမတ် (ခ)သိန်းအောင်ဖြစ်ကာ မြန်မာနိုင်ငံတွင် ၁၂ နှစ်သားအထိ နေထိုင်ခဲ့ဖူးကြောင်း၊ မြန်မာ စကားကိုလည်း ကောင်းမွန်စွာ ပြောတတ်ကြောင်း ဖော်ပြသည်။

ဒုတိယမြောက် တစ်ဦးဖြစ်သည့် အာဇက်မှာ အင်ဒိုနီးရှားနိုင်ငံ
သားဖြစ်ပြီး မြန်မာစကားကိုလည်း ကောင်းစွာ ပြော ဆိုနိုင်ကြောင်း
ဖော်ပြထားသည်။

တတိယတစ်ဦးဖြစ်သည့် ယူနွတ် (ခ) လှမြင့်မှာ ရခိုင်ပြည်နယ် ဇာတိ
တစ်ဦးဖြစ်ပြီး ယခု ထိုင်းနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားကာ မြန်မာ
စကားကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူ ဖြစ်သည်ဟု သက်ဆိုင်ရာက
ဖြန့်ဝေထားသည့် ဓာတ်ပုံနှင့် စာအရ သိရသည်။

Dawei Watch
The Voice Weekly
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်လာမည်ဟူသည့် သတင်းကြောင့် မြိတ်ခရိုင်အတွင်းရှိ ကျေးရွာများအထိ လုံခြုံရေး အဆင့် မြှင့်တင် ထားကြောင်း သက်ဆိုင်ရာ တာဝန်ကျ ရဲအရာရှိများထံမှ သိရသည်။

မြန်မာ့လေကြောင်း မိုးရာသီ ပထမဆုံးအကြိမ် လက်မှတ်ဈေးလျှော့

Photo: မြန်မာ့လေကြောင်း မိုးရာသီ ပထမဆုံးအကြိမ် လက်မှတ်ဈေးလျှော့
Friday, August 23,2013

မိုးရာသီကာလအတွင်း မြန်မာ့လေကြောင်းမှ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း ရှိအချို့ မြို့များကို လေယာဉ် လက်မှတ် ဈေးနှုန်းလျှော့ချကာ ရောင်းချပေးနေ ကြောင်း မြန်မာ့လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လေယာဉ်လက်မှတ် ရောင်းချရာတွင် ပန်ကာတပ် ရိုးရိုးလေယာဉ်နှင့် ဂျက်လေယာဉ်တို့အတွက် ဈေးနှုန်းခွဲခြား သတ်မှတ်ထားပြီး စစ်တွေနှင့် ရန်ကုန်-ကော့သောင်းနှင့် ထားဝယ်-ကော့သောင်းနှင့် မြိတ်- ရန်ကုန်နှင့် ထားဝယ်တို့အတွက် မိုးရာသီအတွင်း ဈေးနှုန်းလျှော့ချပေးပြီး နောင်ရာသီများ အတွက်လည်း အဆိုပါအစီအစဉ်မျိုး ရှိသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

ဈေးနှုန်းလျှော့ချရခြင်း၏ အဓိက အကြောင်းအရင်းမှာ ပြည်သူများဈေးနှုန်း သက်သာလွယ်ကူစွာ ခရီးသွားနိုင်စေရန် ဖြစ်ကြောင်း ၎င်းကထပ်မံ
ပြောကြားသည်။

The Voice Weekly
မိုးရာသီကာလအတွင်း မြန်မာ့လေကြောင်းမှ ပထမဆုံးအကြိမ်အဖြစ် ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း အတွင်းရှိအချို့ မြို့များကို လေယာဉ်လက်မှတ် ဈေးနှုန်းလျှော့ချကာ ရောင်းချပေးနေကြောင်း မြန် မာ့လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်

Photo: တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်
Friday, 23 August 2013

အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ တွင် ဖြန့်ချိသွားမည်
ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြော
ကြားသည်။

“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက
ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။

ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။

တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။

The Voice Weekly
အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ် ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉ ရက်နေ့ တွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြော ကြားသည်။

မွန်လူဦးရေ စာရင်းကို စက်တင်ဘာ လလယ်တွင် ရန်ကုန်တိုင်း၌ ကောက်ခံရန်ရှိ

ရန်ကုန်တိုင်း ဒေသကြီးများအတွင်း နေထိုင်သည့် မွန်လူမျိုးများ မှတ်ပုံတင်များ၌ အမည်လွဲ ဖော်ပြ ထားသည့်အပေါ် ပြင်ဆင် နိုင်ရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမည့်အစီအစဉ်သည် စက်တင်ဘာ ဒုတိယအပတ်၌ လုပ်ငန်းစတင် နိုင်မည် ဖြစ်ပြီး အလုံမြို့နယ်မှစတင်၍ ကောက်ယူ သွားမည် ဖြစ်ကြောင်း မွန်လူဦးရေစာရင်းကောက်ယူရေး အဖွဲ့ ဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

NSAက အမေရိကန်ပြည်သူတို့၏ အီးမေးလ် ထောင်ပေါင်းများစွာကို စုဆောင်း ရယူခဲ့ဟုဆို

Photo: NSAက အမေရိကန်ပြည်သူတို့၏ အီးမေးလ် ထောင်ပေါင်းများစွာကို စုဆောင်း ရယူခဲ့ဟုဆို
Friday, August 23, 2013

ကမ္ဘာကျော်စနိုးဒန် အရူပ်တော်ပုံ ဖြစ်ပွားခဲ့သော အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA)သည် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နှစ်စဉ်
ပုဂ္ဂိုလ်ရေးအီးမေးလ် ၅၆၀၀၀အထိကို တရားမဝင်စုဆောင်းခဲ့သည်ဟု အမေရိကန်၏နှစ်စဉ်ထုတ်ပြန်နေကျ တရားရုံးလျှို့ဝှက်မှတ်တမ်းများတွင်
ဖော်ပြထားသည်ဟုသိရသည်။ အဆိုပါအီးမေးလ်အသုံးပြုသူများသည် အကြမ်းဖက်သမားဟု သံသယရှိသူများနှင့် ချိတ်ဆက်မှု မရှိကြောင်းလည်း သိရသည်။

၎င်းလုပ်ရပ်သည် တရားမဝင်ကြောင်း ပြည်ပထောက်လှမ်း စောင့်ကြည့်ရေး
ဆိုင်ရာ တရားရုံးမှ တရားသူကြီးတစ်ဦးက ၂၀၁၁ခုနှစ်တွင် အမိန့်ချမှတ်
ခဲ့သည်ဟု တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။

ယင်းလုပ်ရပ်ကြောင့် NSAသည် အမေရိကန်ဥပဒေကို ချိုးဖောက်ခဲ့ဖွယ်ရှိ
သည်ဟု သာမာန်အားဖြင့် လျှို့ဝှက်ထားလေ့ရှိသော တရားရုံးမှတ်တမ်းတွင်
ဖော်ပြထားသည်ဟုဆိုသည်။

သို့ရာတွင် NSAက အီးမေးလ်များကို ရည်ရွယ်ချက်ရှိရှိရယူခြင်း၊ မဟုတ်ပဲ နည်းပညာပိုင်းချို့ယွင်းမှုကြောင့် ဖြစ်ရသည်ဟု အမည်မဖော်သော ထောက်
လှမ်းရေး တာဝန်ရှိသူများက ပြောကြားသည်ဟု သိရသည်။ NSAသည် အကြမ်းဖက်သမားများနှင့် တိုက်ရိုက်ချိတ်ဆက်မှုမရှိသော အမေရိကန်ပြည်
သူတို့၏ အီးမေးလ်များကို သီးခြားခွဲထုတ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ်
လူထောင်ပေါင်းများစွာ၏ အီးမေးလ်များကို စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ အချက်အလက်များစုဆောင်းခြင်းသည် အမေရိကန်အခြေခံဥပဒေ စတုတ္တမြောက် ပြင်ဆင် ဖြည့်စွက်ချက် ချိုးဖောက်ခြင်းဖြစ်သည်ဟု တရားရုံးကဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ နိုင်ငံ တကာတွင် လူ့အခွင့်အရေး
အကြောင်း ကျယ်လောင်စွာပြောဆိုနေသော အမေရိကန်နိုင်ငံသည် ထိုကဲ့သို့ ပုဂ္ဂိုလ်ရေး အီးမေးလ်များ လျှို့ဝှက်ရယူနေခြင်းမှာ အမေရိကန်ပြည်
သူတို့၏ အခွင့်အရေး သို့မဟုတ် လူ့အခွင့်အရေးကို တစ်နည်းနည်းနှင့် ချိုးဖောက်နေခြင်းပင် မဟုတ်ပါလား။

Myanmar ICT
ကမ္ဘာကျော်စနိုးဒန် အရူပ်တော်ပုံ ဖြစ်ပွားခဲ့သော အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA)သည် ၂၀၀၈ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နှစ်စဉ် ပုဂ္ဂိုလ်ရေးအီးမေးလ် ၅၆၀၀၀အထိကို တရားမဝင်စုဆောင်းခဲ့ သည်ဟု အမေရိကန်၏နှစ်စဉ်ထုတ်ပြန်နေကျ တရားရုံးလျှို့ဝှက်မှတ်တမ်းများတွင် ဖော်ပြထားသည်ဟု သိရသည်။ အဆိုပါအီးမေးလ်အသုံးပြုသူများသည် အကြမ်းဖက်သမားဟု သံသယရှိသူများနှင့် ချိတ် ဆက်မှု မရှိကြောင်းလည်း သိရသည်။

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများ

Photo: သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများ
Friday, August 23, 2013

သင့် Laptopရဲ့ Batteryကို ကြာရှည်စွာ အသုံးပြုနိုင်မယ့် နည်းများကို
ရေးပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့် Laptopကို အားသွင်းလို့မရတဲ့ အခြေအနေမှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

Screen Brightnessကို လျှော့ချပါ

Modern Portable Electronic Deviceတွေဖြစ်တဲ့ Laptop, Tablet, Smartphoneစတာတွေမှာ အဓိက Batteryအကုန်မြန်စေတဲ့ အရာက Displayပဲ ဖြစ်ပါတယ်။ Screen Brightnessကို လျှော့ချခြင်းဖြင့် Batteryရဲ့ သက်တမ်းကို ကြာကြာသုံးနိုင်ပါတယ်။ Laptopရဲ့ ကီးဘုတ်က Function Key (Fn)ကိုဖိထားပြီး Brightness Buttonကိုနှိပ်ပြီး အတိုးအလျှော့
ပြုလုပ်ရမှာပါ။ Brightnessနည်းလေ Batteryအသုံး ခံနိုင်လေ ဖြစ်ပါတယ်။

နောက်တစ်နည်းက Windows 7မှာဆိုရင် Windows Key + X ကိုနှိပ်ပြီး Windows Mobility Centerကိုဖွင့်ပြီး Brightnessကိုချိန်ညှိလို့ ရပါတယ်။ Windows 8မှာတော့ Windows Key + X ကိုနှိပ်ရင် Power User Menuကိုဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Windows Mobility Centerကို သုံးချင်ရင် Control Panelကနေ သုံးရမှာပါ။

Displayကို အလိုအလျောက် ပိတ်အောင်လုပ်ပါ

သင့် Laptopကို အသုံးမပြုတော့တဲ့ အချိန်မှာ Displayကို အလိုလို ပိတ်အောင် ပြုလုပ်ထားခြင်းဖြင့်လည်း Batteryကို ကြာရှည် အသုံးခံစေပါတယ်။ Control Panelက Power Optionsကိုဝင်ပါ။ Dim the display , Turn off the displayမှာ မိနစ်အနည်းဆုံး သတ်မှတ်ပေးပါ။ Mouse Cursorရွေ့လျားခြင်းဖြင့် ဒါမှမဟုတ် ကီးဘုတ်က ကီးတစ်ခုခုကို နှိပ်ခြင်းဖြင့် ပြန်အသုံးပြု နိုင်ပါတယ်။ သင်အသုံးပြုနေသမျှ Displayကအလိုလို ပိတ်မှာ မဟုတ်ပါဘူး။အဲဒီအတွက် သင့်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ Media Playerတွေကို အသုံးပြုနေရင်လည်း Displayက အလိုလို မပိတ်တဲ့အတွက် ရုပ်ရှင်၊ သီချင်းတွေကို နားထောင် ကြည့်ရှုနေရင်လည်း အနှောင့်အယှက် မဖြစ်ပါဘူး။

Bluetoothနဲ့ တစ်ခြား Deviceတွေကို Disableလုပ်ပါ

Bluetooth, Wifiတွေကို မလိုအပ်ဘဲ ဖွင့်ထားခြင်းကလည်း Batteryကို အကုန်မြန်စေပါတယ်။ Bluetooth, Wifiစတာတွေကို Disableလုပ်ဖို့ Function Key (Fn)ကို ဖိထားပြီး Bluetooth, Wifiတို့ရဲ့Symbol Keyကို နှိပ်ပြီး အဖွင့်အပိတ် လုပ်ပါ။

Power Planကို Tweakလုပ်ပါ

Windowsမှာ Power Planတွေ အမျိုးမျိုး ပြုလုပ်သုံးနိုင်ပါတယ်။ ဥပမာအားဖြင့် Balanced Modeကို အသုံးပြုနေရာကနေ Powerအကုန် သက်သာစေချင်ရင် Power Saver Modeကို ပြောင်းသုံးလို့ ရပါတယ်။ Power Plan အမျိုးမျိုးက Settingတွေကို သင့်စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ Control Panel မှာ Power Optionsကို ရှာတွေ့နိုင်ပါတယ်။

Advanced Power Optionsကို ပြောင်းလဲဖို့ Change plan settingsကိုနှိပ်ပါ။ Change advanced power settingsကို နှိပ်ပါ။ အဲဒီမှာ Tweakလုပ်နိုင်တဲ့ Settingsတွေ အများကြီး ရှိပါတယ်။သင့် Hard Driveကို မြန်မြန် Power Offလုပ်ဖို့၊ Processorကို နှေးအောင်လုပ်ဖို့၊ Desktop Background Slideshowတွေကို Pauseလုပ်ဖို့ စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒီလို ပြောင်းလဲပေးခြင်းဖြင့်လည်း သင့် Powerကို သက်သာစေပါတယ်။

Windows Power Troubleshooterကို သုံးပါ

Windows 7နဲ့ 8မှာ Power Troubleshooting Toolပါရှိပြီး သင့် Batteryကုန်ဆုံးစေတဲ့ အရာတွေကို Scanလုပ်ပြီး အလိုလို ပြုပြင်ပေးနိုင်ပါတယ်။ Troubleshooterကိုသုံးဖို့ Control Panelက Troubleshootingကို နှိပ်ပါ။ View allကို နှိပ်ပါ။ Powerကိုနှိပ်ပြီး Troubleshooterကို ဖွင့်ပါ။

Windowsက ပြဿနာတွေကို ရှာဖွေပြီး အလိုလို ပြုပြင်ပေးပါလိမ့်မယ်။

Startup Programsတွေကို ပိတ်ပါ။ ပေါ့ပါးတဲ့ Programsတွေကို သုံးပါ။

- Screen Saverတွေကို မသုံးပါနဲ့။ Modern Computerတွေမှာ Screen Saverကို သုံးစရာမလို ပါဘူး။ Batteryပိုကုန်စေပါတယ်။

- Backgroundမှာ Runနေတဲ့ Programsတွေကို ပိတ်ပါ။ System Trayမှာ Runနေတဲ့ Programs တွေကို မသုံးရင် ပိတ်ပါ။ ဒါမှမဟုတ် Uninstall လုပ်ပါ။ ဒါမှမဟုတ် Startupမှာ အလိုလို မRun အောင် ပိတ်ထားပါ။

- Heavy Programsတွေကို သုံးခြင်းအားဖြင့် CPUကို ပိုအလုပ်လုပ်စေပြီး Batteryကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအစား Light Weight Programတွေကို ရွေးချယ်သုံးပါ။

- သင့်စက်မှာ RAMကို အသုံးပြုမှုများလာလို့ မလုံလောက်တော့ရင် ကွန်ပြူတာက Dataတွေကို Hard Driveကို ရွှေ့ပြောင်းပါတယ်။ အဲလို ရွှေ့ပြောင်းခြင်းဟာလည်း Powerကို မြန်မြန် ကုန်စေပါတယ်။ အဲဒီအတွက် RAM အသုံးပြုမှုနည်းအောင် Background Programတွေကို ပိတ်ပါ။ ဒါမှမဟုတ် RAM ကို Upgrade လုပ်ပါ။

သင့်ကွန်ပြူတာ အလုပ်လုပ်မှုနည်းလေ Powerသက်သာလေ ဖြစ်ပါတယ်။ CPU, RAM usage တွေကို Task Managerမှာ တွေ့နိုင်ပါတယ်။

Sleepအစား Hibernateကို သုံးပါ

ကွန်ပြူတာ Sleepဖြစ်သွားတဲ့ အချိန်မှာတောင် Powerအနည်းငယ်ကို အသုံးပြုနေပါတယ်။ Hibernateလုပ်ရင်တော့ System Stateကို Driveမှာ သိမ်းပြီး Power Off လုပ်လိုက်တဲ့အတွက် Powerကို လုံးဝအသုံးပြုမှု မရှိတော့ပါဘူး။

အထက်ပါ နည်းတွေကို အသုံးပြုပြီး သင့် Laptopရဲ့ Batteryကိုကြာရှည်စွာ အသုံးပြုနိုင်မှာပါ။ အထက်ပါ နည်းတွေကို အသုံးပြုပြီးတော့လည်း သင့် Batteryက အသုံးမခံဘူးဆိုရင် ကြာရှည်စွာ အသုံးပြုနိုင်တဲ့ Batteryကို ၀ယ်ပြီးလဲလှယ် အသုံးပြုနိုင်ပါတယ်။

Myanmar ICT
သင့် Laptopရဲ့ Batteryကို ကြာရှည်စွာအသုံးပြုနိုင်မယ့်နည်းများကို ရေးပေးလိုက်ပါတယ်။ ဒီနည်းတွေက သင့် Laptopကို အားသွင်းလို့မရတဲ့ အခြေအနေမှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S

Photo: ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S
Friday, 23 August 2013

ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S ဆိုပြီးတော့ ဓာတ်ပုံတွေ ထပ်ထွက်လာပါပြီ။

ရေးသားဖော်ပြနေကြတဲ့အတိုင်းဆိုရင် iPhone က အရောင် လေးမျိုးနဲ့ ထွက်နိုင်ကြောင်းဆို ပါတယ်။ ရွှေရောင် iPhone 5S ထွက်မယ်ဆိုတဲ့ သတင်း နဲ့ ဓာတ်ပုံက ရက်ပိုင်းအတွင်းပဲ ရှိပါသေးတယ်။ ကမ္ဘာအနှံ့က ဆိုရှယ်မီဒီယာတို့ အပေါ်ပျံ့ နှံ့  ပြီး ရွှေရောင် အိုင်ဖုန်းလိုချင်ကြောင်း ရင်ဖွင် သူတွေ အင်မတန် များနေပါတယ်။ ရွှေအလွှာ ပါးပါးလေး ထည့်သွင်း အရောင် တင်ပေးမယ့် Golden iPhone 5S ရဲ့  ဈေးကလည်း အခြား အရောင် များနဲ့ သိပ်မကွာဘူးလို့ ဆိုပြန်ပါတယ်။ ဒီတော့ တကယ်သာ မှန်ရင် အားလုံး ရွှေရောင်ကို Demand ဖြစ်ကြမှာ အမှန်ပါပဲ။

အဲ့လိုမဟုတ်ပဲ ရွှေရောင်တစ်ခုက ဈေးကြီးရင်တော့ High class ဖုန်း ကိုင်သူ များအတွက်ပဲ ဖြစ်လာမှာပါ။ အတွင်းမှာ ပါဝင်မယ့် Specification, နည်ပညာ နဲ့ အပြင် Hardware အကြောင်းရေးသားချက်များကို Apple က ပြန်လည် ဖြေရှင်းချက် မပေးထားသေးပဲ ထုတ်ဖော်ပြသမယ့် ရက်ကိုသာ စောင့်ဆိုင်းနေကြပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့မှာ iPhone 5S, iPhone 5c တို့ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:pockelint
Aung Kham (TSJ team)
ရွှေရောင်၊ အနက်ရောင်၊ ငွေရောင် iPhone 5S ဆိုပြီးတော့ ဓာတ်ပုံတွေ ထပ်ထွက်လာပါပြီ။

Social Media Manager မြန်မာပြည် မှာလည်း လိုလာပြီ

Photo: Social Media Manager မြန်မာပြည်မှာလည်း လိုလာပြီ
Friday, August 23, 2013

လေ့လာကြည့်မိသလောက် ကုမ္မဏီကြီးတွေ တော်တော်များများ လည်း Social Media Manager ရာထူးနဲ့ အလုပ်ခေါ်နေကြပါပြီ။ အချို့ ကျတော့လည်း Web Based Communication Manager , Online Manager အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ခေါ်နေကြပါပြီ။

Requirement တွေကို ကြည့်လိုက်တော့လဲ Facebook တို့လို Social Site မျိုးကို ကောင်းကောင်း အသုံးပြုနိုင်တဲ့သူ ဖြစ်ရမယ်ဆိုတာကို တွေ့ရပါတယ်။ အခြား Requirement တွေ သိပ်မများပါဘူး။ ဒါကြောင့် ဒါဟာ ကြိုးစား သူတိုင်း ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Facebook ကို အပျော်သုံးနေမယ့် အစား Facebook Page တို့လိုဟာမျိုးတွေ ဖန်တီး ပြီး Fan အရေအတွက်တိုးအောင်လုပ်ထားမယ် ဆိုရင် အကျိုးအမြတ်များစွာ ရှိပါတယ်။

နောက် မြန်မာပြည်ကို တကယ့် Enterprise ကုမ္မဏီကြီးတွေ ဝင်ရောက်တဲ့ အခါ Social Media Manager Post နဲ့ ဝင်ရောက် လုပ်ကိုင်နိုင်ပြီး အသက်မွေး ဝမ်းကျောင်း ပညာရပ်ကောင်း တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Social Media Manager ရာထူးမျိုးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိလိုသူများဟာ Management course မှ Subject တစ်ခုကို Specialize လုပ်ပြီး လေ့လာခြင်း၊ သို့မဟုတ် အားလုံးကို လေ့လာသင်ကြားခြင်း၊ IT နှင့် ပက်သက်သော ဘွဲ့လက်မှတ်၊ Certificate တစ်ခုခု ရရန် ဖြေဆို ထားခြင်း တို့ကို ပြုလုပ်ပြီး ကိုယ်ပိုင် Facebook Page ကောင်းကောင်း တစ်ခု ဖန်တီး ထားရန် လိုအပ်ပါတယ်။ နောက် Social Media Manager ရာထူးနဲ့ ပက်သက်လို့ အလုပ်ခေါ်တဲ့ Resource များရှိရင် Techspace Facebook Page ကနေ တစ်ဆင့်မျှဝေပေးသွားပါမယ်။

Aung Kham (TSJ team)
လေ့လာကြည့်မိသလောက် ကုမ္မဏီကြီးတွေ တော်တော်များများ လည်း Social Media Manager ရာထူးနဲ့ အလုပ်ခေါ်နေကြပါပြီ။ အချို့ ကျတော့လည်း Web Based Communication Manager , Online Manager အစရှိသဖြင့် အမည်အမျိုးမျိုးနဲ့ခေါ်နေကြပါပြီ။

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ စိတ်ဝင်စားသူများ တက်ရောက်ကြသော Developer Conference ကို ပြည်တွင်း၌တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Curtin University မှ အင်ဂျင်နီယာဘွဲရများအတွက် MSc Project Management ဘာသာရပ်ဝင်ခွင့်ခေါ်ယူခဲ့

မြန်မာနိုင်ငံ(သို့)နိုင်ငံတကာရှိ အင်ဂျင်နီယာ ကဏ္ဍနယ်ပယ် အသီးသီးတွင်အခွင့်အလမ်းသစ် များ ရှာဖွေပြီး ထိပ်တန်းစီမံခန့်ခွဲမူပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများအတွက် MSc (Project Management ) ဘာသာရပ်ကို သြစတြေးလျ Curtin University ၏ စင်ကာပူ Campus တွင်တက်ရောက်နိုင်ကြောင်းသိရသည်။ 

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ် ဝင်ခွင့် အမှတ်တိုးမြှင့်သတ်မှတ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများသာရန်ကုန်နှင့် မန္တလေးမြို့ များရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားကြောင်းသိရသည်။

လက်ဘနွန်မှ ဒုံးကျည်ဖြင့်တိုက်၊ အစ္စရေးမှ ဗုံးပြန်ကြဲ

Photo: လက်ဘနွန်မှ ဒုံးကျည်ဖြင့်တိုက်၊ အစ္စရေးမှ ဗုံးပြန်ကြဲ
Friday, August 23, 2013

လက်ဘနွန်ဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် စစ်သွေးကြွပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ကြောင်း အစ္စရေးဘက်မှ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

အစ္စရေးစစ်တပ်အသိုင်းအဝိုင်းအဆိုအရ ဗုံးကြဲချခဲ့သည့် နေရာ သည် ဘေးရွတ်နှင့် ဆီဒုံကြား နာအေမာအနီးနေရာ ဖြစ်ကြောင်း သိရသော်လည်း အသေးစိတ်အချက်များ မသိရသေးပေ။
ထုတ်ပြန်ချက်တွင်ပြောကြားစကားအရ “ပစ်မှတ်ကို တိုက်ရိုက် ထိမှန်ကြောင်း ပိုင်းလော့များက အစီရင်ခံစာတင်သွင်းကြောင်း” သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က လက်ဘနွန်ဘက်မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်လေးခုကြောင့် ပျက်စီးမှုများရှိခဲ့သော်လည်း အစ္စရေးမြောက်ပိုင်းတွင် အသေအပျောက်မရှိခဲ့ကြောင်း သိရသည်။
ယင်းလုပ်ရပ်ကို အီရန်တို့ကျောထောက်နောက်ခံပြုသည့် လက်ဘနွန်တောင်းပိုင်းမှ ရှီုအိုက်စစ်သွေးကြွ ဟက်ဇဘိုလာတို့ လုပ်ဆောင်ခြင်းမဟုတ်ဘဲ အယ်လ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိသည့် ဆွန်နီမွတ်ဆလင်အုပ်စုတစ်ခုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့သည် အစ္စရေးနိုင်ငံကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ယခုကဲ့သို့ ဒုံးလက်နက်ဖြင့်ပစ်ခတ်ခြင်း ပြုလုပ်ခဲ့သည်။

“အစ္စရေးဟာ လက်ဘနွန်က အခြေတည်လာတဲ့ အကြမ်းဖက်လုပ်ရပ်ကို သည်းမခံနိုင်ပါဘူး” ဟု စစ်တပ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး ပီတာလာနာက ပြောကြားသည်။  လက်ဘနွန်သမ္မတ မီချယ်ဆလေမန် ကလည်း ကြာသပတေးနေ့ဒုံးလက်နက်ဖြင့်တိုက်ခိုက်မှုကို ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်နှင့် လက်ဘနွန်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောကြားပြီး လုံခြုံရေးတပ်ဖွဲ့ကိုလည်း ၎င်းတိုက်ခိုက်ရေးသမားများကိုရှာဖွေဖော်ထုတ်ရန် တိုက်တွန်းပြောကြားသည်။ ကြာသပတေးနေ့တိုက်ခိုက်မှုသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ၎င်းကဲ့သို့တိုက်ခိုက်မှု ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ပြီး လက်ဘနွန်တောင်ပိုင်းမှ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Ref: Reuters
မြန်မာ့ခေတ်
လက်ဘနွန်ဘက်မှ နယ်စပ်ဖြတ်ကျော်ကျရောက်လာသည့် ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေနှင့် စစ်သွေးကြွပစ်မှတ်တစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲခဲ့ကြောင်း အစ္စရေးဘက်မှ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အား ပြင်ဆင် ဖွဲ့စည်းရန် လေ့လာ လျက်ရှိ

Photo: ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့အား ပြင်ဆင် ဖွဲ့စည်းရန် လေ့လာ လျက်ရှိ
Friday, August 23, 2013

ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့(SDF)သည် အရေးပေါ် အခြေအနေ
တွင် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့် ကွပ်ကဲအုပ်ချုပ်မှု စနစ်အား စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန က သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ကာကွယ်ရေး တာဝန်များကို စစ်ဘက်အရာ ရှိများနှင့် အရပ်သား ဗျူရိုကရက်များက တာဝန်ခွဲဝေ ရယူထားသော်လည်း စစ်ဆင် ရေးများအား SDF ၏ ပူးတွဲ စစ်ဦးစီးချုပ်က အပြည့်အဝ တာဝန်ယူ သင့်ကြောင်း၊ စစ်ဘက် တာဝန်ရှိသူများ နှင့် ဗျူရိုကရက်များ စည်းလုံးညီညွတ် မှုပိုမိုမြင့်မား လာစေရန်အတွက် အမှု ထမ်းအချင်းချင်း ဖလှယ်၍ တာဝန်ထမ်း ဆောင်သင့်ကြောင်း ဂျပန်ပြည်ထဲရေး ဝန်ကြီးဌာန အဖွဲ့တစ်ဖွဲ့က အကြံပြုခဲ့သည်ဟု သိရသည်။ SDF ၏ ကြည်း၊ ရေ၊
လေတပ်ဖွဲ့များ ကျွမ်းကျင်မှုမြင့်မား စေရန်အတွက် ပစ္စည်း ကိရိယာများနှင့်
ထောက်ပံ့ပေးမှုများကို ပူးတွဲ လုပ်ဆောင်ရန်၊ အခြားနိုင်ငံများနှင့် စစ်ရေး
ဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်နိုင်ရန် အတွက် လည်း ကာကွယ်ရေး ဒုတိယ ဝန်ကြီး ရာထူးသစ် ထားရှိသင့်ကြောင်း အဆိုပါ အဖွဲ့ကအကြံပြု
ခဲ့သည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနသည် ၂ဝ၁၃ ခုနှစ် ဘဏ္ဍာရေးနှစ် အကုန်
တွင် အဆို ပြုချက်များအား အပြီးသတ်ဆုံးဖြတ် ပြီးနောက် ၂ဝ၁၄ ခုနှစ် ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းမှုများ စတင်လုပ်ဆောင်သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြ၀တီ
ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့(SDF)သည် အရေးပေါ် အခြေအနေတွင် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အတွက် အဆင့်ဆင့်ကွပ်ကဲအုပ်ချုပ်မှု စနစ်အား စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သြဂုတ် ၂၂ ရက်တွင် ထုတ်ပြန် ပြောကြားခဲ့သည်။

အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့် အမှတ်တိုးမြှင့် သတ်မှတ်

တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ နှင့်အထက် ရရှိသူများသာရန်ကုန်နှင့် မန္တလေးမြို့ များရှိ အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်တို့တွင် ဝင်ခွင့်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားကြောင်းသိရသည်။

တတိယအကြိမ်မြောက် Developer Conference ကျင်းပမည်

နည်းပညာဆိုင်ရာ solution ရေးသားသူများ၊ အခြားနည်းပညာ စိတ်ဝင်စားသူများ တက်ရောက်ကြသော Developer Conference ကို ပြည်တွင်း၌တတိယအကြိမ်မြောက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အင်ပါယာသတင်းစာတိုက်ပိုင်ရှင်နှင့် အလုပ်သမား ပြဿနာပြေလည်မှု မရရှိသေး

Photo: အင်ပါယာသတင်းစာတိုက်ပိုင်ရှင်နှင့် အလုပ်သမား ပြဿနာပြေလည်မှု မရရှိသေး
Friday, August 23, 2013

အင်ပါယာ သတင်းစာတိုက်မှ အလုပ်ထုတ်ခံထားရသော သတင်းထောက် များအနက် အလုပ်သမားဝန်ကြီးဌာနသို့ အလုပ်ထုတ်နစ်နာကြေးတောင်းခံ တိုင်ကြားထားသူ သတင်းထောက်များက ၎င်းတို့တောင်းဆို ထားသည့် နစ်နာ ကြေးတောင်းဆိုချက်များ မရရှိသေးကြောင်း ပြောကြားသည်။
ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ တာဝန်ရှိသူတွေက သတင်းမီဒီယာတွေ က ဖြစ်တဲ့ပြဿနာဖြစ်နေလို့ ကိုင်တွယ် ဖြေရှင်းရမှာခက်ခဲနေတယ်၊ ဒါကြောင့် ခုံသမာဓိရုံးကို စာတင်ပြီးဆက်လက်ဆောင်ရွတ်သွား မယ်လို့ ပြောတယ်ဟုအလုပ်ထုတ်ခံရသော သတင်းထောက်တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောကြားသည်။

ညှိနိုင်းဖြန်ဖြေပွဲသို့ အင်ပါယာသတင်းစာတိုင်ပိုင်ရှင် ဦးကောင်းမြင့်ထွဋ်ကိုယ်တိုင် လာရောက်ခဲ့သော်လည်း အလုပ်ထုတ်ခဲ့ခြင်း ကိုဝန်ခံမှုမရှိသည့်အပြင် ၎င်းအလုပ်ထုတ်ခဲ့သူ သတင်းထောက်များ၏ ကိုယ်ရေးကိုယ်တာ ထိခိုက်စေသည့် အချက်များကို ညှိုနှိုင်း ဖြန်ဖြေရေး အဖွဲ့ရှေ့မှောက်တွင်ပင် ပြောဆိုစော်ကားခဲ့ခြင်းကို ၎င်းတို့အနေဖြင့် များစွာစိတ်ပျက်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြို့နယ်ညှိုနှိုင်း ဖြန်ဖြေရေးအဖွဲဝင် တစ်ဦးဖြစ်သူ ဦးကျော်တင့်က ၎င်း၏(၄၁)နှစ်တာ အတွေ့အကြုံအရ သတင်းမီဒီယာသမား၏ အလုပ်ရှင် အလုပ်သမားပြဿနာများ မတွေ့ကြုံခဲ့ဘူးသေးကြောင်း၊ သတင်း မီဒီယာလောက ၏ပြဿနာ တစ်ခုဖြစ်နေသောကြောင့် ပိုမိုသတိထား ကိုင်တွယ် ရမည်ကို နားလည်ကြောင်း၊ အဆိုပါအကြောင်းအရာကို စိတ်ဝင်စားနေသည့် နိုင်ငံရေးသမားများ၊ သတင်းမီဒီယာ သမားများ ရှိနေမည်ကို နားလည် ထားကြောင်း ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း အမှန်တရားတွေနဲ့ အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်ဟု ၎င်းက သတင်းမီဒီယာများ ကို ပြောကြားသည်။

အင်ပါယာ သတင်းစာတိုက်ပိုင်ရှင်ဖြစ်သူ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌဦးကောင်းမြင့်ထွဋ်ကို အလုပ်သမားများ အလုပ်ထုတ်ပယ်ခြင်းနှင့် ပါတ်သတ်၍ မေးမြန်းသော်လည်း မဖြေကြားလိုကြောင်း ပြောကြား သည်။
ပြီးခဲ့သည့် သြဂုတ် လဆန်း (၃)ရက်နေ့တွင် ဇူလိုင်လအတွက် ပုံမှန်လုပ်ခလစာတောင်းဆိုရာမှ အလုပ်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ သတင်းထောက်(၃)ဦး၊ ဓါတ်ပုံသတင်းထောက်(၁)ဦး၊ ဘာသာပြန်(၂)ဦး တို့ကို အလုပ်မှရပ်စဲခဲ့သည်ဟု အလုပ်ထုတ်ခံရသော သတင်းထောက်များ က ပြောကြားသည်။

အလုပ်ထုတ်ခံရခြင်းအတွက် အလုပ်သမားရေးရာဝန်ကြီးဌာနနှင့်၊ နိုင်ငံတော် သမ္မတ အပါအဝင် ဝန်ကြီးဌာန (၁၇)ခုတို့အား ၎င်းတို့၏ အလုပ်ခွင်အတွင်း နစ်နာမှုများကို တိုင်ကြားကြောင်းလည်း သိရသည်။

လင်းသစ်
မြန်မာ့ခေတ်
အင်ပါယာသတင်းစာတိုက်မှ အလုပ်ထုတ်ခံထားရသော သတင်းထောက်များအနက် အလုပ်သမား ဝန်ကြီးဌာနသို့ အလုပ်ထုတ်နစ်နာကြေးတောင်းခံ တိုင်ကြားထားသူ သတင်းထောက်များက ၎င်းတို့တောင်း ဆို ထားသည့် နစ်နာ ကြေးတောင်းဆိုချက်များ မရရှိသေးကြောင်း ပြောကြားသည်။

ကုမ္မဏီအမည်အချို့  အဓိပ္ပါယ်

Photo: ကုမ္မဏီအမည်အချို့  အဓိပ္ပါယ် 
Friday, August 23, 2013

Mercedes - တည်ထောင်သူ၏ သမီးအမည်
Nokia - ဖင်လန်နိုင်ငံရှိ မြစ်တစ်မြစ် အမည်
Pepsi - အစာခြေဖြတ်သော အန်ဇိုင်းတစ်မျိုး  digestive
enzyme pepsin  ကို ကိုယ်စားပြုသည်။
Honda - တည်ထောင်သူ Soichiro Honda အမည်ကို ကိုယ်စားပြုသည်။
Sony - လက်တင်ဘာသားစကား sonus ကိုအခြေခံပြီး အသံဟု အဓိပ္ပါယ် ရသည်။
Maggi - တည်ထောင်သူ Julius Maggi  ကိုကိုယ်စားပြုသည်။
Suzuki - တည်ထောင်သူ Michio Suzuki  ကို ကိုယ်စားပြုသည်။
Samsung - ကိုရီးယားဘာသာစကားဖြင့် ကြယ်သုံးပွင့်ဟု အဓိပ္ပါယ်ရသည်။
Toyota - တည်ထောင်သူ Sakichi Toyoda  ကို ကိုယ်စားပြုသည်။
Yamaha - တည်ထောင်သူ Torakusu Yamaha ကို ကိုယ်စားပြုသည်။
Adidas - တည်ထောင်သူ  Adolf Dassler ကို ကိုယ်စားပြုသည်။  Adolf (Adi) Dassler. (das)

Ref:rarefacts
ရိုးရာလေး
Mercedes - တည်ထောင်သူ၏ သမီးအမည်

အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူ

Photo: အသက် ၁၇ နှစ်အရွယ် Google သိပ္ပံဆု ရရှိသူ 
Friday, August 23, 2013

Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့ ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။

ဆုရရှိသူသွားသူကတော့ ပုံမှာ မြင်တွေ့နေရတဲ့ Brittany Wenger အမည်ရ ကလေးမပဲ ဖြစ်ပါတယ်။ အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။ သူ ဖန်တီးလိုက် တာကတော့ အမျိုးသမီး ရင်သားကင်ဆာ ကုသဖို့အတွက် အသုံးဝင် တဲ့ ဆော့ဖ်ဝဲလေးပါ။ Leukemia လို့ခေါ်တဲ့ ရောဂါကို ဖြစ်နိုင်ချေ ရှိမယ့် ပိုးမွားနဲ့ ဆဲလ်တွေကို ထောက်လှမ်းပေးမယ့် diagnostic tool လေးပါ။

ဆရာတွေအတွက် အသုံးပြုရလွယ်ကူစေမယ့် ဆော့ဖ်ဝဲလေး ဖြစ်ပါတယ်။ Breast Cancer ဖြစ်နိုင်ချေ ရှိတာကို ယခင်ကထက် အလွယ်တကူ ပိုမို မြန်ဆန်စွာ သိရှိနိုင်ပြီး တားဆီးကာကွယ်ဖို့အတွက် အချန်မှီ ကုသနိုင် ပါတယ်။ ယင်း အတွက် လိုအပ်တဲ့ Application ကို Brittany က တီထွင် ဖန်တီးခဲ့တာပါ။

သူမဟာ အမေရိကန်ပြည်ထောင်စုက အထက်တန်း စီနီယာ ကျောင်းသူ တစ်ဦးသာ ဖြစ်ပြီး neural network ဘာသာရပ်ကို လေ့လာ သင်ကြား နေပါတယ်။ အသက် ၁၃ နှစ်အရွယ်ကတည်းက Code ရေးသား ခင်းကို ကိုယ်တိုင် စာအုပ်ဖတ် လေ့ကျင့်လာသူ ဖြစ်ပြီး ယနေ့မှာ ယခုကဲ့သို့ ဖန်တီးနိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Ref: mashable
ရိုးရာလေး နည်းပညာ
Brittany Wenger လို့အမည်ရပါတယ်။ ၂၀၁၂ ခုနှစ် Google Science ပြိုင် ပွဲ ကိုဝင်ပြိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်တွေ အတွက် သီးသန့် ဖန်တီးပေး တဲ့ ပြိုင်ပွဲပါ။ ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ပါ။

သြစတြေးလျ အသင်းကို အိမ်ရှင်မြန်မာ ယူ-၁၆ အသင်း ၀-၂ ဂိုးဖြင့် ရှုံးနိမ့်

8.1.1
သြစတြေးလျအသင်း တိုက်စစ်ကို မြန်မာအသင်း ဂိုးသမားနှင့် နောက်ခံလူတို့ ကာကွယ်နေစဉ် (ဓာတ်ပုံ-စိုးညွန့်)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(က)ဒုတိယနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းတွင် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာ သြစတြေးလျ အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့ နိုင်ပွဲများ ရရှိခဲ့သည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု စတင်ဆွတ်ခူးရရှိ

Photo: (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲတွင် မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ ရွှေ နှစ်ခု၊ ငွေ နှစ်ခု၊ ကြေး သုံးခု စတင်ဆွတ်ခူးရရှိ
Friday, August 23, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံတွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ် (ဗန်တို)အဖွဲ့ က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု စတင် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

လေးယောက်တွဲ (Leg Attack Technique) ပြိုင်ပွဲတွင် သိန်းစိုး၊ စိုင်းစိုးစိုး၊ ဇော်ဇော်နှင့် ကျော်စိုးထက်တို့ ပါဝင်သော မြန်မာအသင်း က ရွှေတံဆိပ်ဆွတ်ခူး ရရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းက ငွေတံဆိပ်၊ လာအိုအသင်းက ကြေးတံဆိပ်တို့ ဆွတ်ခူးရရှိခဲ့သည်။

အမျိုးသမီး နှစ်ယောက်တွဲ လက်နက်မဲ့ ပြိုင်ပွဲတွင် ခြူးသဉ္ဇာစိုးနှင့် ပပ၀င်းအတွဲက ရွှေတံဆိပ်ရရှိခဲ့ပြီး ဗီယက်နမ်က ငွေတံဆိပ်၊ အင်ဒိုနီးရှားက ကြေးတံဆိပ်တို့ ရရှိခဲ့သည်။

အမျိုးသား+ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ခိုင်ဇင်ဝင်းနှင့် ဆုလဲ့ဖြိုး အတွဲက ငွေတံဆိပ်ရရှိခဲ့ပြီး နောက်ထပ်ငွေ တစ်ခုကို အမျိုးသမီး ၅၀ ကီလို အတိုက်ပြိုင်ပွဲတွင် ဂျူးလစ်ကျော်က ရယူပေးခဲ့သည်။

ကြေးသုံးခုကိုမူ အမျိုးသမီး တစ်ဦးချင်း သရုပ်ပြပြိုင်ပွဲတွင် ခိုင်ဝါဖြူ၊ အမျိုးသား ၆၅ ကီလို အတိုက်ပြိုင်ပွဲတွင် သန့်စင်ထွန်းနှင့် မင်းထွန်းတို့က ရယူပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲကို သြဂုတ် ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group
လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် မြန်မာအသင်း၏ ယှဉ်ပြိုင်ကစားဟန် (ဓာတ်ပုံ - စိုးညွှန့်)
လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည့် မြန်မာအသင်း၏ ယှဉ်ပြိုင်ကစားဟန် (ဓာတ်ပုံ - စိုးညွှန့်)
(၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအကြို အာဆီယံဖိတ်ခေါ် ဗိုဗီနမ်(ဗန်တို) ပြိုင်ပွဲ ပထမနေ့ ပွဲစဉ်များကို သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံတွင် စတင်ကျင်းပရာ မြန်မာဗိုဗီနမ် (ဗန်တို) အဖွဲ့ က ရွှေနှစ်ခု၊ ငွေနှစ်ခု၊ ကြေးသုံးခု စတင် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာနှင့် ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းတို့မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှု အများဆုံး ပြုလုပ်နေဟုဆို

မြန်မာနိုင်ငံ အတွင်းသို့ လက်နက်မှောင်ခို တင်သွင်းမှုအများဆုံး ပြုလုပ်နေသည့် လမ်းကြောင်းများမှာ အိန္ဒိယ-မြန်မာနယ်စပ်နှင့် ထိုင်း-မြန်မာ နယ်စပ်တို့ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်က သြဂုတ် ၂၂ ရက်က ပြောကြားခဲ့သည်။

အနာဂတ်ယဉ်ကျေးမှုအကြောင်း တွေးမိသမျှ

Photo: အနာဂတ်ယဉ်ကျေးမှုအကြောင်း တွေးမိသမျှ

Friday, August 23, 2013

ကျွန်တော်တို့နိုင်ငံဟာ ချစ်စရာရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါ တယ်…တိုင်းရင်းသားပေါင်း(၁၃၅) မျိုးနေထိုင်ကြပြီး အများစုကတော့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်ကြပါ တယ်၊ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူ၊မွတ်စလင်ဘာသာဝင်နဲ့အခြားဘာသာဝင်တွေကတော့အနည်း
စုပဲရှိပါတယ်…။

ကျွန်တောတို့နိုင်ငံရဲ့လူမျိုးဘာသာယဉ်ကျေးမှုကိုထိန်းသိမ်းလာတာဟာယနေ့ထိပါ အခုဆိုရင် အနောက်တိုင်းယဉ်ကျေးမှုတွေ စိမ့်ဝင်လာတာကို တွေ့မြင်နေရပါတယ်…အနောက် တိုင်းယဉ်ကျေးမှုတွေရောက်လာ တာနဲ့အမျှဗုဒ္ဓဘာသာယဉ်ကျေးမှုတွေ ပျောက်ကွယ်သွားမှာစိုးရိမ် ရပါတယ်…
အခုဆိုရင်မြန်မာမွတ်စလင်အရေးအခင်းက အားလုံးမြင်ကြတဲ့အတိုင်းပါဘဲ မွတ်စလင်ဘာ သာဝင်တွေဟာ အခုဆိုရင် ကျွန်တော်တို့နိုင်ငံ မှာတော်တော်ကိုများနေပါပြီ…ဒီဘာသာဝင်တွေဟာ ဘယ်ဘာသာနဲ့မှအဆင်မပြေတဲ့အစွန်းရောက်တွေပါ…။

ဘယ်နိုင်မှာဘဲကြည့်ကြည့်ပြဿနာဖြစ်ရင် ဒီဘာသာဝင်တွေနဲ့ပဲဖြစ်နေတာတွေ့ရပါတယ် ကျွန်တော်တို့နိုင်ငံဟာအခုဆိုပြည်တွင်းစစ်လည်း ငြိမ်းချမ်းရေးကောင်းကောင်းမရသေး ၊ ဆန္ဒဖော်ထုတ်မှုကလဲပေါင်းစုံ ၊ မြန်မာ-မွတ်စလင်အရေးက တစ်မျိုး၊“လူ့အခွင့်လူ့အခွင့်ရေး”ဆိုပြီးရိုးသားတဲံပြည်သူတွေကိုအသုံးချပြီး ကိုယ်ကျိုးရှာနေသူတွေ ကတစ်မှောက်နဲ့စိတ်ရှုပ်ထွေးစရာကောင်းလှပါတယ်၊မိထ္ထီလာမြန်မာမွတ်စလင်အရေးအခင်းဖြစ်နေ ချိန်မှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ မထိခိုက်အောင်ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဟောပြောဆွေးနွေးရမယ်အစား ၄င်းတို့၏ မကျေနပ်မှုများကိုသာ အကောင်ထည်ဖော်ဆောင် ရွက်နေသည်…ဒီလိုအတ္တသမားဖွဲ့အစည်းတွေက ပြည်သူတွေအတွက်လို့ ကြွေးကြော်နေတာ၊ လူ့ အခွင့်အရေး ဆိုတဲ့စကားလုံးဟာလဲ သူတို့ရဲ့ ပြည်သူတွေကိုအသုံးချဖို့ အသုံးပြုတဲ့စကား လုံးတွေသာဖြစ်နေပါတယ်…တကယ်တမ်းလုပ်ဆောင်နေတာတွေက ပါးစပ်နဲ့နှမ်းဖြူးနေတာပဲရှိ ပြီးသူတို့ရဲ့စိတ်ထဲမှာ ဆန္ဒပြသူမှန်သူမှန်သမျှ ထမင်းမငတ်စေရဘူးဆိုတဲ့ အတွေးပဲ ရှိတယ်…
ဒီနေရာမှာအမေစုအကြောင်းကို နည်းနည်းတွေးမိတယ်… ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အထူး သဖြင့် ဗုဒ္ဒဘာသာဝင်တွေရဲ့ နှလုံးသားထဲမှာထည့်ထားတဲ့ ရတနားသုံးပါထဲက တစ်ပါးဖြစ်တဲ့ သံဃာကို ရက်ရက်စက်စက် သတ်ဖြတ်သွာတဲ့ ဘာသာဝင်ကုလားတွေကို “ကုလား”လို့ပြောရင် “မိမဆုံးမဖမဆုံးမ”တဲ့။အမေစုမို့ပြောရက်တယ်…အမေစုကနိုင်ငံတကာရဲ့ချီးမွမ်းခြင်းကိုခံနေရတာ ဂုဏ်ယူစရာပါ…ဒါပေမယ့်လဲအမေစုကိုချီးမြှောက်နေတဲ့နိုင်ငံတွေဟာကျွန်တော်တို့နိုင်ငံကိုအမြဲထိုးနှက်နေခဲ့တဲ့နိုင်ငံတွေပါ…။

အခုကင်တားနားရဲ့ လုပ်ဆောင်မှုတွေကို ကြည့်မယ်ဆိုရင်လဲ ဒါဟာမွတ်စလင်ဘက်ကနေ ဘက်လိုက်နေတာကိုတွေ့နေရတယ်…သူတို့အိမ်ပေါ်တက်ပြီးစော်ကားတာမဟုတ်လို့ ဒီလူ့အခွင့် အရေးဆိုတဲ့စကားလုံးကိုသုံးနေတာပါ။ အမေစုအနေနဲ့ အမှန်တကယ်ပြည်သူတွေရဲ့ဆန္ဒကိုဖြည့် ဆည်းပေးချင်တယ်ဆိုရင် ကိုယ့်တိုင်း ပြည်ကိုယ့်လူမျိုး ကိုယ့်ဘာသာကို အကာအကွယ်ပေးဖို့ လိုအပ်ပါလိမ့်မယ်… အခုလဲ အမေစုကို ၂၀၁၅ မှာသမ္မတဖြစ်ဖို့ ပြည်သူလူထုက ထင်ကြေးတွေ ပေးနေသ လို အမေစုကိုယ်တိုင်ကလဲ သမ္မတဖြစ်ခဲ့ရင် နိုင်ငံရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖိှု့ဆန္ဒရှိနေသူတစ်ယောက် ဖြစ်နေတော့ အကယ်၍သာ ပြည်သူလူထုထင်ထား သလို အမေစု တစ်ယောက် သမ္မတဖြစ်လာခဲ့ရင် ဒါဟာမွတ်ဆလင်ဘာသာဝင်တွေအတွက် အခွင့်အရေးတစ် ရပ်များဖြစ်လာနိုင်မလား….။ အဲဒီလိုသာဆိုရင် အနာဂါတ်မြန်မာနိုင်ငံရဲ့ ဗုဒ္ဓ ဘာ သာနှင့်ရိုးရာယဉ် ကျေးမှုတွေအတွက် စိုးရိမ်စရာတွေဖြစ်လာနိုင်မယ်လို့ထင်မိပါတယ် ။
မြန်မာနိုင်ငံမှ မြန်မာလူမျိုး မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ဗုဒ္ဓဘာသာ ပျောက်ကွယ်မ သွားစေ ဖို့အတွက် ကျွန်တော်အားလုံး စဉ်းစားတွေးခေါ်ဖို့လိုပါ တယ်…။ခဏသာအခွင့်အရေး ကိုဦး စား မပေးဘဲ ကမ္ဘာတည်သ၍ မြန်မာတည်ရှိနေဖို့အတွက်ဖြစ်သင့်တာ ကိုလုပ်ဖို့ တိုက်တွန်းလိုပါ တယ်…။ စိတ်ချမ်းမြေ့စရာ ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးသိမ်မွေ့ မြန်မာ့ဓလေ့ထုံးတမ်းများကိုယ်စီ ထိန်းသိမ်းနိုင်ကျပါစေ…ဆန္ဒပြုလျက်……

We Love True
ကျွန်တော်တို့နိုင်ငံဟာ ချစ်စရာရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါ တယ်…တိုင်း ရင်းသားပေါင်း(၁၃၅) မျိုးနေထိုင်ကြပြီး အများစုကတော့ ဗုဒ္ဓဘာသာ ၀င်တွေဖြစ်ကြပါ တယ်၊ ခရစ်ယာန်

မြန်မာ့နိုင်ငံရေး အလားအလာ

Photo: မြန်မာ့နိုင်ငံရေးအလားအလာ

Friday, 23 August 2013

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို ခြုံကြည့်လျင် အာဏာ(၃)ရပ် ခွဲဝေကျင့်သုံးမှု အပြန်အလှန် ထိန်းကျောင်း ခိုင်မာမှုများ အတော်အသင့်အားကောင်းလာသလို ဈေးကွက်စီးပွားရေးစနစ်အား ပီပြင်စွာ ဆောင်ရွက်နိုင်ရန် အစပျိုးလျက်ရှိပြီး ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက်လည်း ကြိုးပမ်းလုပ်ဆောင် လာလျက်ရှိပါသည်။ ဦးသိန်းစိန်အစိုးရ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍လည်း နိုင်ငံတကာမှ အသိ အမှတ်ပြုထောက်ခံလာနေတာကို တွေ့ရပါသည်။ သို့သော် မြန်မာဒီမိုကရေစီစနစ်ကို ပီပြင်စွာ အကောင် အထည်ဖော်နိုင်ရန်အတွက် ဖြစ်ပေါ်လာနိုင်သည့် အတားအဆီးအကြပ်အတည်းများကို တွေးထင်မိသမျှ ရေးသားလိုက်ရပါတယ်။

ယခုအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော်မတီများ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်လာလျက် ရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှလည်း ၎င်းတို့၏ တောင်းဆိုချက်များကို ပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြသည်ကိုလည်း တွေ့လာ ရပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည့် UNFC အနေဖြင့် အစည်းအဝေး များပြုလုပ်ပြီး ၎င်းတို့အဖွဲ့၏ ပြောခွင့်ရသူဖြစ်သည့် ဗဒိုဒေးဗစ်သာကပေါမှ နေ၍ FUA (Federal Union Army) တစ်ရပ်ကိုဖွဲ့စည်းဖို့နဲ့ အနိမ့်ဆုံးစာရွက်ပေါ်မှာ စုဖွဲ့မှုပုံစံမျိုး မှတ်တမ်းတင်နိုင်အောင်လုပ်ပြီး မြေပြင်မှာ အမှန်တကယ် စုဖွဲ့ပေါင်းစပ်နိုင်တာမျိုးတွေလုပ်ရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြောကြားတာကို တွေ့လိုက်ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးအနေဖြင့် ၎င်းတို့ စိုးမိုးရာ ဒေသများတွင် လူ၊ လက်နက်စုဆောင်းခြင်းများအား တိုးမြှင့်လုပ်ဆောင်ခြင်းကိုကြည့်ခြင်းအားဖြင့် အစိုးရကို ယုံကြည်မှုမရှိသေးကြောင်း သုံးသပ်နိုင်ပါသည်။

လက်နက်ကိုင်အဖွဲ့အစည်းများ အင်အား တောင့်တင်းရန် အဓိကလိုအပ်ချက်သည် ငွေကြေးဓနရှိဖို့လိုပါသည်။ ငွေကြေးတောင့်တင်းရန်အတွက် ၎င်းအဖွဲ့အစည်း အသီးသီးအနေဖြင့် မူးယစ်ဆေးဝါးကိုသာ အဓိကဦးတည် ဆောင်ရွက်လာမည်ဖြစ်သဖြင့် ထာဝရ ငြိမ်းချမ်းရေးမရသ၍ မူးယစ်ဆေးဝါးချုပ်ငြိမ်းဖို့ဆိုတာ ရေပေါ်အရုပ်ရေးသကဲ့သို့သာ ရှိပေမည်။ သီရိလင်္ကာ အစိုးရအနေဖြင့် တမီးလ် ကျားသူပုန်များဖြင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ သီရိလင်္ကာတပ်မတော် အနေဖြင့် တမီးလ်သူပုန်များအား ၎င်းတို့တပ်မတော်အတွင်း ပေးမ၀င်နိုင်ကြောင်း၊ ၎င်းတို့တပ်မတော်မှာ Conventional Warfare အား စစ်ဆင်နိုင်ရန် လေ့ကျင့်ထားသည့် တပ်မတော်ဖြစ်သဖြင့် သူပုန်များ တတ်ကျွမ်းသည့်စစ်ပညာနှင့် ၎င်းတို့စစ်တပ်ထဲ ပေးမ၀င်နိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ်မှ ပြောဆို ဆောင်ရွက်ဖူးပါသည်။ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ (FUA) ဖွဲ့ဖို့ လက်မခံပါက တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပေမည်။ တိုင်းရင်းသားလက်နက်ကိုင်များ ဘက်မှလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ စီစဉ်ပေးနိုင်မှ သာလျင် ငြိမ်းချမ်းရေးအား စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် အစိုးရ နှစ်ဖက်ဆောင်ရွက်မည့် အစီအစဉ်များ သဘောတူညီသည်ထားဦး၊ လက်အောက်ငယ်သားများ၏ ရေရှည်ရပ်တည်နိုင်မည့် စားဝတ်နေရေး မဖန်တီးနိုင်ပါက ဦးခွန်ဆာ လက်နက်ချအလင်းဝင်ရောက်ခဲ့သော်လည်း ၎င်းအောက်မှ ဦးရွက်ဆစ် ခွဲထွက်ပြီး ဆောင်ရွက်သကဲ့သို့ ဖြစ်နေပေမည်။ အစိုးရဘက်မှလည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် တပ်ဖွဲ့ဝင်များ၏ စာဝတ်နေရေး အဆင်ပြေအောင်ဖန်တီးနိုင်မှု၊ အစီအစဉ်မရှိပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှိနေပေမည်ဟု သုံးသပ်ရပါသည်။

၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီအချင်းချင်း အပြိုင်မဲဆွယ်ကြမှာဖြစ်သလို ရွေးကောက်ပွဲအပြီး သမ္မတလုပ်ချင်တယ်လို့ ထုတ်ဖော်ကြေငြာတဲ့သူများလည်း ရှိပါတယ်။ မထုတ်ဖော်ဘဲ ကြိတ်ပြီး ကြံစည်နေမည့်သူများလည်း ရှိကောင်းရှိနိုင်ပါတယ်။ လူတွေရဲ့ သဘောသဘာဝအရ ကိုယ့် အတ္တကိုယ် ရှေ့တန်းတင်လာကြသည်ဖြစ်သည့်အတွက် ပါတီအတွင်းမှာပါ အားပြိုင်မှုတွေရှိလာနိုင်ပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအတွင်းမှာဆို အားပြိုင်မှုတွေရှိတာကို တွေ့ရပါတယ်။ လွှတ်တော်နဲ့ သမ္မတအစိုးရအားပြိုင်တာတွေ တွေ့နေရပါပြီ။ လူဆိုတဲ့သဘာဝအရ အတ္တနဲ့မာနကိုပဲ ရှေ့တန်းတင်နေတာပါ။ ဂူတစ်ဂူထဲ ခြေင်္သေ့နှစ်ကောင်မအောင်းပါဘူး။ ဒါတွေကလည်း မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဆူးညှောင့်ခလုတ်တွေပါပဲ။ အလားတူ ပါတီကြီးဖြစ်သည့် NLD ပါတီအနေနဲ့ ကတော့ သမ္မတဖြစ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပေးခဲ့သော် ဒေါ်စုကြည်အနေနဲ့ မြန်မာနိုင်ငံအကျိုး အတွက် သည်းခံပေးပြီး ရွေးကောက်ပွဲဝင်ကာ ကျရာတာဝန်ထမ်းဆောင်နိုင်ပါ့မလား။ သူမအရည် အချင်းအရဆိုလျင်တော့ သမ္မတလုပ်နိုင်တဲ့အရည်အသွေေးတွရှိနေပါတယ်။ ဒါပေမယ့် NLD ပါတီဝင် တွေထဲမှာတော့ အုပ်ချုပ်ရေးနယ်ပယ်၊ စီမံခန့်ခွဲရေးနယ်ပယ်မှာတော့ အတွေ့အကြုံအရ လုပ်နိုင်တဲ့သူ မရှိ ပါဘူး။ မဖြစ်မနေကြံ့ခိုင်ရေးနဲ့ပေါင်းကိုပေါင်းရနိုင်ပါတယ်။

အာဏာခွဲဝေယူတဲ့အခါမှာ အဝေမတည့် ခဲ့သည်ရှိသော်ကတစ်ချက်၊ နောင်လာမည့် အစိုးရအနေဖြင့်တပ်မတော်အပေါ် သြဇာမညောင်းခဲ့သော် မြန်မာနိုင်ငံရေးပြဿနာတွေ ပြန်ဖြစ်နိုင်ပါတယ်။ ဒေါ်စုသည်လည်း သမ္မတလုပ်ချင်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားလာတာ တွေ့ရပါတယ်။ ရိုးသားမှုဂုဏ်ကိုလိုချင်လို့ ထုတ်ပြောတာဆိုရင် အတိုင်း အထက်အလွန် လေးစားသွားမိမှာပါ။ ဒါမှမဟုတ် ဒေါ်စုအနေဖြင့် သမ္မတလုပ်ချင်လွန်းလို့ ဖွင့်ဟကြေငြာ ပြီးတာတောင်မှ သမ္မတလုပ်နိုင်တဲ့အရည်အချင်းကလည်းရှိ၊ ထောက်ခံမဲ့ပြည် သူကလည်းရှိရဲ့သားနဲ့ သမ္မတ မဖြစ်ခဲ့ရဘူးဆိုရင် ဒေါ်စုလည်းသာမာန်ပုထုစဉ်လူသားပါပဲ။ ဒီအခါမှာ အစိုးရနဲ့ ထိပ်တိုက်တွေ့မဲ့ လမ်းစဉ် တွေ ဆောင်ရွက်လာမှာပါပဲ။ အဲဒီအခါဆိုရင်တော့ ၈၈ ခုနှစ်က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုကာလသည် ၈၈ ကခေတ်နဲ့ မတူတော့ပါဘူး။ ဒေါ်စု သမ္မတဖြစ်ချင်တဲ့ ဆန္ဒအတော်ပြင်းထန်နေတာကိုတွေ့နိုင်တဲ့ သာဓကအနေနဲ့ကတော့ ရခိုင်-ဘင်္ဂါလီအရေးကိစ္စတွေမှာ နိုင်ငံတကာက ထောက်ခံမှုမရမှာစိုးတဲ့အတွက် ဘင်္ဂါလီဘက် လိုက်ပေးခဲ့ရတာရှိသလို လက်ပံတောင်းတောင်စီမံကိန်းတွင်လည်း တပ်မတော်ထောက်ခံမှု ရရှိဖို့အတွက်ရပ်တည်ပေးခဲ့ရတဲ့အပြင် လွှတ်တော်တွင်းမှာလည်း လွှတ်တော်ဥက္ကဌနဲ့ရင်းနှီးတဲ့ ဆက်ဆံရေး တွေနဲ့ တည်ဆောက်လာတာကို ကြည့်ခြင်းအားဖြင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်စုသမ္မတ မဖြစ် ခဲ့သော် မုန်ယိုနေတဲ့ တောဆင်ရိုင်းဖြစ်မှာ စိုးပါတယ်။

တိုင်းရင်းသားပါတီများအနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သယံဇာတတွေကို ဒေသခံ တွေပါ ခွဲဝေပေးဖို့တောင်းဆိုလာသလို ဖက်ဒရယ်အုပ်ချုပ်ရေးကို ပီပီပြင်ပြင်ဖြစ်စေဖို့ တောင်းဆိုနေတာတွေ လည်းတွေ့နေရပါတယ်။

တိုင်းရင်းသားဒေသရှိ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရကို ဗဟိုချုပ်ကိုင်မှုတွေ လျော့ပေးဖို့ကိုလည်း ပြောဆိုလာတာတွေကြည့်ပါက ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့ ကိုယ့် ဒေသတွေမှာ ကိုယ်အနိုင်ရဖို့ မှန်းပြီးလုပ်ဆောင်နေပါတယ်။ တိုင်းရင်းသားပြည်နယ်တွေမှာ ၎င်းတို့ ကိုယ်တိုင် အုပ်ချုပ်ပြီး လွတ်လပ်စွာ စီမံခန့်ခွဲချင်တဲ့ သဘောဖြစ်လာပါတယ်။ အဲဒီအချိန်အခါမှာ တိုင်းရင်းသားဒေသအသီးသီးမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းစဉ်တွေဟာလည်း ပြီးဆုံးမှာ မဟုတ်သေးတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်နယ်အစိုးရတွေရဲ့ သယံဇာတခွဲဝေမှုတွေအကြားမှာ ပြဿနာတွေ တက်လာနိုင်ပါတယ်။
လက်ရှိမြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက် တခြားနိုင်ငံ များမှာကဲ့သို့ အပြောင်းအလဲလိုလားသည့် ခေါင်းဆောင်တစ်ဦးမှ ဦးဆောင်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ယုံနဲ့ မြန်မာနိုင်ငံမှာ လုပ်လို့မရပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ပြုပြင်းပြောင်းလဲလိုသည့် သမ္မတ၊ တပ်မတော် ခေါင်းဆောင်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များပါဝင်မှသာလျင် မြန်မာ့ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှုအား ညင်ညင်သာသာဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

We Love True
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို ခြုံကြည့်လျင် အာဏာ(၃)ရပ် ခွဲဝေကျင့်သုံးမှု အပြန်အလှန်

သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မှု ဆိုင်ရာများ ဆွေးနွေး

သမ္မတဦးသိန်းစိန်သည် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး H.E. Mr. Toshimitsu MOTEGI နှင့် သြဂုတ် ၂၂ ရက်က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် တွေ့ဆုံခဲ့ပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ခိုးသွင်းလာ ခဲ့ဖွယ် ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်း တွင် ဖမ်းမိ

Photo: မြန်မာနိုင်ငံမှ ခိုးသွင်းလာခဲ့ဖွယ် ရှိသော ဆင် ၁၄ ကောင်ကို ထိုင်းတောင်ပိုင်း တွင် ဖမ်းမိ
Friday, 23 August 2013

မြန်မာနိုင်ငံ အတွင်းမှ ခိုးသွင်းလာခဲ့ ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား လက်မှတ် အတုများဖြင့် ၀ယ်ယူထားသည့် ပိုင်ရှင်
များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

တရားဝင် မှတ်ပုံတင်ထားခြင်း မရှိသော အဆိုပါ ဆင် ၁၄ ကောင်ကို
နိုင်ငံတောင်ပိုင်း ပြည်နယ်များ ဖြစ်သည့် ဖန်ငါး၊ ဖူးခတ်နှင့် ကရာဘီတို့တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သဘာဝ ရင်းမြစ်များနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေး အကြီးအကဲ ရဲမှူးကြီး နိုရာဆတ်ဟမ်နီသီက ပြောကြား
သည်။

မှတ်ပုံတင်ထားသော နေရာနှင့် ကွဲလွဲနေသည့် ဆင်များကို စတင်တွေ့ရှိရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် သားရိုင်းတိရစ္ဆာန် ဆိုင်ရာ အရာရှိ ၁၀၀ နီးပါးက ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ရာမှ ယခုဆင်များကို ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''အခုဖမ်းမိတဲ့ ဆင်တွေဟာ မြန်မာနိုင်ငံ အဲဒီအနီး ၀န်းကျင်မှာရှိတဲ့ တော
ထဲကနေ ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်'' ဟု သားရိုင်းတိရစ္ဆာန် ရောင်းဝယ်မှု စောင့်
ကြည့်ရေးကွန်ရက် TRAFFIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆင်များကို ထိုင်းနိုင်ငံအတွင်း လေ့ကျင့်ပေးပြီး ဆင်စခန်းများသို့
ပို့ကာ ရက်အပြောင်းအလဲ ပြုလုပ်ပြီး မှတ်ပုံတင် လိမ်လည်ပြုလုပ်ထားခြင်း
ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် သစ်တောပြုန်းတီး မှုများကြောင့်
တောများအတွင်း ဆင်ကောင်ရေ ၂၀၀၀ မှ ၃၀၀၀ အထိသာ ကျန်ရှိတော့
ကြောင်း သိရသည်။

ဆက်လက် စုံစမ်းမှုများအရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းချိုင်ရာဖွန် ပြည်
နယ်ရှိ နေအိမ်နှစ်အိမ်မှ ဆင်နှင့်သက်ဆိုင်သည့် အထောက်အထား မှတ်ပုံတင်အတု ၆၉ စောင်ကိုလည်း တွေ့ရှိခဲ့သောကြောင့် အဆိုပါ အိမ်ရှင်အမျိုးသားများကို ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိကြောင်း သိရသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စလုံးသည် ဆင်များ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်
မှုကို တားမြစ်သည့် နိုင်ငံတကာ သဘောတူ စာချုပ်များတွင် လက်မှတ်ရေး
ထိုး ထားကြသည်။ ထိုင်းဥပဒေတွင်လည်း တောရိုင်းဆင်များအား ဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မှတ်ပုံတင် မထားသော ဆင်များကို အခြားခရိုင်များတွင် လာမည့်လများအတွင်း ထပ်မံဖမ်းမိဖွယ် ရှိကြောင်း TRAFFIC အဖွဲ့က ပြောကြားသည်။

Elven MEdia Group
မြန်မာနိုင်ငံအတွင်းမှ ခိုးသွင်းလာခဲ့ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား လက်မှတ်အတု များဖြင့် ၀ယ်ယူထားသည့်ပိုင်ရှင်များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အကြိုစာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက် ခဲ့သည့် အလယ်တန်းပြ ဆရာမ တစ်ဦးအား ပညာရေး ၀န်ကြီးဌာနက မယူမနေရ အငြိမ်းစားပေး ခံရမှု အမိန့်ကို ပယ်ဖျက်၍ ရာထူးမှထုတ်ပယ်

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အထိမ်းအမှတ်အကြို စာနယ်ဇင်း ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် နေပြည်တော်ရှိ ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်စိုးစိုးခိုင်အား မယူမနေရ အငြိမ်းစား ပေးခဲ့ပြီးနောက် ၂ ရက်အကြာတွင် ပထမ ထုတ်ပြန်ခဲ့သည့် အမိန့်အား ပယ်ဖျက်၍ ရာထူးမှ ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ

Photo: ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီး တို့၌ မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ရမှုများရှိနေ
Friday, August 23, 2013

ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ် ဒေသနှင့် ပဲခူးတိုင်း ဒေသကြီး တို့တွင် မြစ်ရေကြီးမှုများ ဆက်လက် ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေး စခန်းများ သို့ ပြောင်းရွှေ့နေထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ သြဂုတ် ၂၀ ရက်တွင် စိုးရိမ်ရေမှတ် အထက် ရောက်ရှိပြီး သြဂုတ် ၂၂ ရက်၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေဆဲ ဖြစ်ကြောင်း၊ သြဂုတ် ၂၁ ရက်က ဧရာဝတီ တိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော င၀န်မြစ်၊ ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့၌ စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သော စစ်တောင်းမြစ်တို့ သည်လည်း သြဂုတ် ၂၂ ရက်တွင် စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနေသည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်မှုအရ သိရသည်။

စိုးရိမ်ရေမှတ် ကျော်လွန်သည်အထိ မြစ်ရေကြီးမှု ကြုံတွေ့ရလျက်ရှိသည့် ဘားအံမြို့တွင် ရေဘေး ကယ်ဆယ်ရေး စခန်း ၁၀ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

''မြစ်ရေ အတက်ကြမ်းတဲ့ အတွက် မြေနိမ့်ရပ်ကွက် အားလုံးမြစ်ရေ လွှမ်းတယ်။ ညတွင်းချင်း ပြောင်းရွှေ့ပေးရတယ်။ မြစ်ရေ စတက်တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ကယ်ဆယ်ရေးစခန်း ခုနစ်ခုပဲ ဖွင့်လှစ်ထားရပြီး သြဂုတ်လ ၂၂ ရက်နေ့မှာ နောက်ထပ် ကယ်ဆယ်ရေး စခန်းသုံးခုကို ထပ်ဖွင့်ပေးရတယ်'' ဟု ပြည်နယ်ရေဘေး ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ဒုတိယအကြိမ် မြစ်ရေပြန်လည် လွှမ်းမိုးမှု ခံရသော ဘားအံမြို့ရှိ ရေဘေး သင့်သူ များအား ပြည်နယ်အစိုးရ၊ ရပ်မိရပ်ဖ ၊ ဒေသခံ စီးပွားရေး လုပ်ငန်းရှင်များ၊ မာဃလူမှု ကူညီရေး အဖွဲ့ဝင်များမှ လိုအပ်သော ဆန်၊ ဆီ၊ ဆား၊ သောက်ရေသန့်၊ အ၀တ်အထည် များကို ထောက်ပံ့ကူညီ လျက်ရှိပြီး ရေဘေးသင့်သူ ဦးရေများပြား မှုကြောင့် ထောက်ပံ့ကူညီမှု အချိုးမညီ ရှိနေကြောင်း သိရသည်။

သြဂုတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီ အထိ ကယ်ဆယ်ရေး စခန်းများတွင် အိမ်ထောင်စုပေါင်း ၁၂၃၆ စု၊ လူဦးရေ ၆၄၄၆ ဦး ပြောင်းရွှေ့ နေထိုင် လျက်ရှိသည်။

သံလွင်မြစ်သည် ဘားအံမြို့၌ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ၈၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး နောက် ၄၈ နာရီ(သြဂုတ် ၂၄ ရက်)အတွင်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်ဟု သိရသည်။

င၀န်မြစ်သည်လည်း ငါးသိုင်းချောင်းမြို့၌ ၁၁၇၃ စင်တီမီတာသို့ ရောက် ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၁၃၀ စင်တီ မီတာဖြစ်သည်။ ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် စိုးရိမ်ရေမှတ် ကျော်လွန်သော စစ်တောင်းမြစ်သည် မဒေါက်မြို့၌ ၁၁၁၆ စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ် အထက်တွင် သြဂုတ် ၂၄ ရက် ၀န်းကျင်အထိ တည်ရှိမည် ဖြစ်သည်။

ယခုရက်ပိုင်း အတွင်း ဒေသအများစုတွင် မိုးရွာသွန်းမှု ကောင်းမွန်လျက် ရှိကာ မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝဘေး ကို နှစ်စဉ်ကြုံတွေ့ ရလေ့ရှိသည့် ဒေသများ၌ ရေဘေးကို ရင်ဆိုင် လာရခြင်း ဖြစ်သည်။ သြဂုတ် ၂၁ ရက် ညနေပိုင်းတွင် သောင်ရင်းမြစ်ရေ တိုးလာခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီမြို့၌ မြေနိမ့် ပိုင်းနေသူ ဒေသခံများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုးရက်ဆက်ရွာခြင်း၊ သံလွင်မြစ်ရေ တက်ခြင်းနှင့် အတ္ထရံမြစ်ရေ လျှံခြင်းများကြောင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များတွင် ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက် ရှိသည်။

''ပြီးခဲ့တဲ့ ၀ါဆိုတုန်းက မိုးများပေမယ့် ဒီရေလောက်မတက်ခဲ့ဘူး။ ဒီဝါခေါင်လကျမှ မြစ်တွေက ရေလျှံတော့ရေက မြို့ပေါ်ထိ ရောက်လာတယ်။ သွားရေးလာရေး နည်းနည်း ခက်သွားတာကလွဲရင် ဘာမှမဖြစ်ကြပါဘူး'' ဟု ၀ိုင်းဝန်ကွင်းပျဉ်ထောင်တန်းရပ်မှ ကိုကျော်မျိုးဦးက ပြောပါသည်။

''ကျွန်တော်တို့ အရပ်မှာတော့ ရေတက်ပြီး ပြန်ကျသွားတဲ့ အတွက် ဘာမှမဖြစ်ကြပါဘူး။ ဒါပေမဲ့ သာယာအေး နယ်မြေတို့၊ ဇေယျာသီရိ နယ်မြေတို့မှာက အနိမ့်ပိုင်း ဖြစ်တဲ့အတွက် ရေကတော်ရုံ ပြန်ကျဘူး။ အဲဒီနယ်မြေတွေက ရပ်ကွက်နေ ပြည်သူတွေအတွက် အစားအစာတွေ ဆေးဝါးတွေ သွားလှူဖို့ စီစဉ်ထားပါတယ်'' ဟု ကျိုက်ဖနဲနယ်မြေ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။

ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်း တို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့၌ ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။

Eleven Media Group
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင် သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ မင်းလမ်း (ဒိုင်းဝန်းကွင်းလမ်းမ) ပေါ်တွင် သြဂုတ် ၂၂ ရက်က ရေကြီးရေလျှံမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)
ကရင်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြစ်ရေကြီးမှုများ ဆက် လက် ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံအချို့ ကယ်ဆယ်ရေးစခန်းများ သို့ ပြောင်းရွှေ့နေ ထိုင်ရ မှုများလည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ကိုးလတာအတွင်း ကျပ် ၆ ဘီလျံ ကျော်တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိပြီး လေဆိပ်များ၊ ဆိပ်ကမ်းများကို Mobile Team ဗဟိုမှ ၀င်ရောက်စစ်ဆေးမည်

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်အထိ ကိုးလတာအတွင်း နယ်စပ် ကုန်သွယ်ရေး စခန်းအနီးတစ်ဝိုက် ရှောင်ကွင်းလမ်းများနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်မှ အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ တန်ဖိုးငွေကျပ် ၆ ဒသမ ၃ ဘီလျံခန့် တရားမ၀င် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သမ္မတ၏ သ၀ဏ်လွှာပါ အကြောင်းအရာ အချို့နှင့် သတင်းထုတ်ပြန် ချက်များသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးနှင့် တရားစီရင်ရေး တို့အပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီ လွှတ်တော်တွင် တင်ပြ

8.1.1
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာပါ အချက် အချို့နှင့် နိုင်ငံပိုင် သတင်းစာများမှ သတင်းထုတ်ပြန် ချက်များသည် အုပ်ချုပ်ရေးပိုင်းက ဥပဒေပြုရေးရာ အပိုင်းနှင့် တရားစီရင်ရေး အပိုင်းအပေါ် လွှမ်းမိုးစွက်ဖက်ရာ ရောက်စေသည့် လုပ်ဆောင်ချက် များ ဖြစ်သည်ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီက သြဂုတ် ၂၂ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် တင်ပြခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု ပါဝင်လာမည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယမြောက် ဆွေးနွေးပွဲ စက်တင်ဘာ နောက်ဆုံးပတ်အတွင်း သုံးရက်ကြာ ပြုလုပ်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင် ပြုလုပ်နေသည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း တတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ ရှိ တောင်ကြီးဟိုတယ်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းအများစု ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

သမ၀ါယမချေးငွေ လုပ်ငန်းများ အဆင့်မြှင့် တင်ရန်အတွက် နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက အတိုးနှုန်း မြင့်မားသော တရုတ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမှုကို လွှတ်တော် ကိုယ်စားလှယ်အချို့ ကန့်ကွက်ခဲ့သော်လည်း လွှတ်တော် အတည်ပြု

သမ၀ါယမ ချေးငွေလုပ်ငန်းများ အဆင့်မြှင့်တင်ရန် အတွက် နိုင်ငံတကာ စံနှုန်းများနှင့် နှိုင်းယှဉ်ပါက အတိုးနှုန်း မြင့်မားသော တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၁၀၀ ချေးယူခြင်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အချို့ကကန့်ကွက်ခဲ့သော်လည်း သြဂုတ် ၂၂ ရက်တွင် ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

သမ၀ါယမ ၀န်ကြီးဌာနအောက်တွင် စီမံကိန်းတစ်ရပ် ရရှိရုံ သပ်သပ်ဖြင့် အသေးစားချေးငွေ လုပ်ငန်းအား စွန့်စားလုပ်ကိုင်ခြင်း မပြုသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ပြောကြား

အသေးစားချေးငွေ လုပ်ငန်းနှင့် ပတ်သက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပို့ကုန် သွင်းကုန်ဘဏ် (Exim Bank of China) မှ ချေးငွေ အမေရိကန်ဒေါ် လာသန်း ၁၀၀ ရယူ ဆောင်ရွက်ရေးနှင့်