Monday, June 30, 2014

ခရီးသည်က အငှားယာဉ်မောင်းထံမှ ငွေလုယက်

ရန်ကုန်၊ ဇွန် ၂၇- တက္ကစီပေါ်တွင် ခရီး သည် အမျိုးသားနှစ်ဦးက အငှားယာဉ် မောင်းထံမှ ငွေများ  လုယက်ခဲ့သည့်အတွက် ထန်းတပင်မြို့နယ် တက်သစ်နယ်မြေ ရဲ စခန်းတွင် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရ သည်။
ဖြစ်စဉ်မှာ လှိုင်သာယာမြို့နယ် နေ အငှားယာဉ်မောင်းတစ်ဦးသည် ဒဂုံ ဧရာအဝေးပြေးဝင်းရှေ့၌ ခရီးသည်စောင့် ဆိုင်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာ ပြီး ထန်းတပင်မြို့နယ်သို့ ငွေကျပ် ၅ဝဝဝ ဖြင့်ငှားရမ်းသဖြင့် လိုက်ပို့ပေးရာ ထန်းတ ပင်မြို့နယ် ရန်ကုန်-ညောင်တုန်းလမ်း အစု ကြီးကျေးရွာထိပ်အနီးအရောက်တွင် လု ယက်ခံခဲ့ရခြင်း ဖြစ်သည်။

အမျိုးသမီးတစ်ဦးကို အိမ်ပြန်လိုက်ပို့ပေးမည်ဟုဆိုကာ အဓမ္မပြုကျင့်

ပြည်၊ ဇွန် ၂၇- ပဲခူးတိုင်းဒေသကြီး အ နောက်ပိုင်း ပြည်မြို့တွင် မန္တလေးမှ ပြည်မြို့ နယ်သို့ပြန်လာသော မိန်းကလေးအား ပြည် မြို့သို့အရောက်တွင် ထွန်းမြင့်နိုင်ဆိုသူက မိန်းကလေးနေထိုင်သောကျေးရွာသို့ လိုက် ပို့ပေးမည်ဆိုကာ တစ်ညတာ ခေါ်ဆောင် သွားပြီးနောက် ဇွန် ၂၆ရက်တွင် ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်လိုက်ပို့ရာမှ ဒေသခံ များမှ ဝိုင်းဝန်းဖမ်းဆီး၍ ရဲစခန်းသို့ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။

အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော

 မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တု တူးဖော်ရေး လုပ်ငန်းမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ မလုပ်ဆောင်တာကြောင့် အလုပ်သမားတဦး သေဆုံးခဲ့ပေမယ့် ကုမ္ပဏီက နစ်နာကြေးပေးခြင်းမရှိပါဘူး။

မြန်မာယန်စီကုမ္ပဏီရဲ့ လုပ်ငန်းခွင်မှာ လုပ်သက် ၁၀ နှစ် ကျော် အလုပ်သမားကို တန် ၁၀၀ မြေသည်ယာဉ်နဲ့ ကြိတ်မိခဲ့ပေမယ့် အဲဒီကုမ္ပဏီ ကနေ သေဆုံးသူအတွက် နစ် နာကြေး ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ ကာယကံရှင်ဇနီးက ပြောပါတယ်။

မြို့ပတ်ရထားကို အဓိပတိ ခရီးသည်တင်ယာဉ် ဝင်တိုက်

 မရမ်းကုန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြို့ပတ်မီးရထားကို အဓိပတိယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် တစ်စီးက ဝင်တိုက်ခဲ့ကြောင်း အဓိပတိ ပါရမီယာဉ်လိုင်းမှ ဌာနခွဲမှူး ဦးဇေယျာလွင်က The Voice သို့ ပြောကြားသည်။

တောင်ဥက္ကလာပမြို့နယ် ပါရမီဂိတ်မှ ခရီးသည်များ တင်ဆောင် မောင်းနှင်လာသော အဓိပတိ (အနီ) ခရီးသည်တင်ယာဉ်မှာ ကမ္ဘာအေးဘုရား မှတ်တိုင်တွင် ဘရိတ်ပေါက်ခဲ့ကြောင်း၊ ယာဉ်ကိုဂိတ်သို့ ပြန်လှည့် မောင်းနှင်လာရာ ဂန္ဓမာလမ်းရှိ မီးရထားသံလမ်းတွင် မြို့ပတ်ရထား ခုတ်မောင်းလာသဖြင့် ဂိတ်တံခါးကို ပိတ်ထားစဉ် လမ်းပြောင်းပြန် ဖြတ်ကျော်ရာမှ မီးရထားနှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆန်းလ္ဘက်ရည်ဆိုင် ပိုင်ရှင် မူဆလင်ညီအစ်ကို နှစ်ဦးက ဗုဒ္ဓ ဘာသာဝင် ဆိုင်အလုပ်သမ တဦးအား အဓမ္မပြုကျင့်

 ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ ညက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့ နယ် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းလ္ဘက်ရည် ဆိုင်မှာ ထမင်းချက် လုပ်ကိုင်နေတဲ့ မစိုးစိုး (ဗုဒ္ဓ ဘာသာဝင်) မိန်းခလေးကို ဆိုင်ပိုင်ရှင် ကိုဆန်းမောင် (မွတ်ဆလင်/အစ္စလာမ်) နှင့် ညီဖြစ်သူ ကိုနေ၀င်း (မွတ်ဆလင်/အစ္စလာမ်) တို့ ညီအစ်ကို နှစ်ဦးက လိမ်လည် လှည့်ဖျားပြီး အဓမ္မပြုကျင့် ခဲ့ကြောင်း သစ်ထူးလွင် က သတင်းရရှိပါတယ်။

Female Football Fans (World Cup 2014)

တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား

တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့ ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။

‘‘မကြာမီကပဲ သမ္မတကြီး က ဆက်သွယ်ရေးဝန်ကြီးကိုခေါ် ယူပြီး တက္ကသိုလ်၊ ကောလိပ်အား လုံးမှာ အင်တာနက်သုံးစွဲခွင့်ရရှိ အောင် ဦးစားပေးအနေနဲ့ တပ် ဆင်ပေးဖို့ လမ်းညွှန်ခဲ့ပြီးဖြစ်ပါ တယ်။ ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့ နည်းပညာပိုင်းအရ အားလုံးဆောင်ရွက်ပေးမှာဖြစ် သော်လည်း

မှိုစားပြီး အဆိပ်သင့်ကာ သားအဖလေးဦး သေဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တွီဗျာလ်ကျေးရွာတွင် မှိုစားပြီး သားအဖလေးဦးစလုံး သေဆုံးသွားကာ သမီးဖြစ်သူမှာမူ ဆေးကုသမှု ဆက်လက်ခံယူနေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောထဲမှရရှိလာသော ဒေသအခေါ် ဒေါင်းမှိုစားရာမှ သားအဖလေးဦး အစာအဆိပ်သင့်ခဲ့သဖြင့် ကျေးရွာ ဆရာဝန်နှင့်ပင် ဆေးကုသမှုခံယူခဲ့သည်။

ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ရှည်ကြရန် ဝန်ကြီးပြောကြား

Photo: ပညာရေးပြုပြင်ပြောင်းလဲမှုများအပေါ် စိတ်ရှည်ကြရန် ဝန်ကြီးပြောကြား
Monday, June 30, 2014

မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုသည် မှန်ကန် သောလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဟုယုံကြည်ကြောင်းပညာရေးဝန်ကြီးဌာန၊  ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ခင် စန်းရီက သတင်းထောက်များ အားပြောကြားသည်။

ပညာရေးဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်စရာအများအပြားရှိနေသောကြောင့် စတင် ချိန်တွင် နှေးကွေးနေနိုင်ပြီး ဆန္ဒ မစောဘဲစိတ်ရှည်ရှည်ထားရန်လို အပ်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကဆို သည်။

‘‘ကျွန်မကတော့ စိတ်ရှည် မှာပါ။ နောက်အများကြီးလုပ် စရာတွေရှိသေးတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်နေ တယ်လို့ ကျွန်မထင်တယ်။ ခြေ လှမ်းကတော့ စစချင်းမှာ နှေးချင် နှေးနေမယ်။ နောက်ဆိုရင်တော့ အရှိန်အဟုန်နဲ့ သွားနိုင်မယ်လို့ယုံကြည်တယ်’’ဟု ဒေါက်တာ ခင်စန်းရီကသတင်းထောက်များ အားပြောသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးအဖြစ်မှ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဖြစ်လာသော ဒေါက်တာ ခင်စန်းရီက မြန်မာ့ပညာရေးပြု ပြင်ပြောင်းလဲမှုအတွက် နံပါတ် တစ်ကစတင်ရမည်ဖြစ်ကြောင်း ဆိုသည်။

‘‘ပြုပြင်စရာဆိုတဲ့အားလုံး ဟာ quality education (အရည် အသွေးရှိတဲ့ပညာရေး)လို့ပြော တဲ့အတွက် စကားလုံးကြီးက အရမ်းကြီးတယ်။ ဒါပေမဲ့တစ် ကနေပဲစရမယ်။ ပြီးရင် အဲဒါတွေ ရဲ့အဟန့်အတားက ဘာလဲဆိုရင် လူတွေက ချက်ချင်းဖြစ်ချင်နေတဲ့ ဆန္ဒစောတာက အဟန့်အတား ဖြစ်တယ်။ စိတ်ရှည်ဖို့လိုတယ်’’ဟု ပြည်ထောင်စုဝန်ကြီးတာဝန်ထမ်း ဆောင်နေသည်မှာ လေးလကျော် ရှိပြီဖြစ်သော ဒေါက်တာခင်စန်းရီ ကပြောသည်။

သို့သော်အရပ်ဘက်ပညာ ရေးအဖွဲ့အစည်းများနှင့် ချိတ် ဆက်ဖွဲ့စည်းထားသော ပညာ ရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)ကမူ အစိုးရ၏ ပညာရေးပြုပြင် ပြောင်းလဲမှုဆောင်ရွက်ချက်များ အပေါ် ဝေဖန်ကန့်ကွက်မှုများရှိ နေသည်။

‘‘ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိ သေးဘဲနဲ့ တိုင်းရင်းသားတွေနဲ့ ကျောင်းသားတွေရဲ့ တန်းတူအ ခွင့်အရေးအတွက် ထည့်သွင်းစဉ်းစားတာမမြင်တွေ့ရသရွေ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက် နေပြီလို့မပြောနိုင်ပါဘူး’’ဟု NNER မှ ဒေါ်သူသူမာက ပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် ယိုယွင်းနိမ့် ကျနေသော ပညာရေးကို ပြုပြင် ပြောင်းလဲမည်ဟု ကြေညာခဲ့သည်။ နှစ်ပေါင်းများစွာ ပိတ်ထားသော သမိုင်းဝင်တက္ကသိုလ်များကို ပြန်ဖွင့်ပေးခြင်း၊ အခြေခံပညာအဆင့် အလယ်တန်းအထိ  အခမဲ့သတ်မှတ်ပေးခြင်းနှင့် အမျိုးသားပညာရေး ဥပဒေကြမ်းရေးဆွဲရေးတို့ ကိုဆောင်ရွက်နိုင်ခဲ့သည်။

သို့သော်ပညာရေးအရည်အ သွေးဆက်လက်နိမ့်ကျနေဆဲဖြစ် သလို ပညာရေးလွတ်လပ်ခွင့်နည်းပါးနေဆဲအခြေအနေများ ကြောင့် ဝေဖန်မှုများ ရှိနေဆဲဖြစ်သည်။

ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးက အရည်အသွေးရှိသော ပညာရေးစနစ်သို့ပြောင်းလဲနိုင်ရန် ပညာရေးနှင့်သက်ဆိုင်သူများ၏ စိတ်သဘောထားပြောင်းလဲရန်လည်း လိုအပ် ကြောင်း ပြောဆိုသည်။

 ‘‘ကျူရှင်တွေ၊ မိဘတွေ၊ ကျောင်းဆရာတွေရဲ့စိတ်သဘောထားတွေကို ပြုပြင်ဖို့လိုတယ်။ ဒါတွေအားလုံးက အရည်အသွေး ပညာရေးကိုသွားမယ်။ အဲဒီတော့ အရည်အသွေးပညာရေးဆိုတာ က ကျောင်းစာတွေက လေးတန်း အောင်တာပဲဖြစ်စေ ကိုယ့်ရဲ့ အ သက်မွေးဝမ်းကျောင်းအတွက် သုံးလို့ရရမယ်။ ရှစ်တန်းအောင် သည်ဖြစ်စေ အသက်မွေးဝမ်း ကျောင်းတွေကိုသွားလို့ရရမယ်’’ ဟု ၎င်းက ပြောသည်။

အစိုးရအထက်တန်းကျောင်းသူ၊ ကျောင်းသားလေးများကိုတွေ့ရစဉ်(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
7Day Daily 
မြန်မာနိုင်ငံ၏  ပညာရေး ပြုပြင်ပြောင်းလဲမှုသည် မှန်ကန် သောလမ်းကြောင်းပေါ် တွင် ရောက်ရှိနေပြီဟု ယုံကြည်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ခင်စန်းရီက သတင်းထောက်များ အားပြောကြားသည်။

ပညာရေးဖွံ့ဖြိုးတိုးတက် လာစေရန် ဆောင်ရွက်စရာအများအပြားရှိနေသောကြောင့် စတင် ချိန်တွင် နှေးကွေးနေနိုင်ပြီး ဆန္ဒ မစောဘဲစိတ်ရှည်ရှည်ထားရန်လို အပ်ကြောင်း ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးကဆို သည်။

မန္တလေးတွင်ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ကောက်ယူရာ၌ ဥပဒေများနှင့်ငြိစွန်းသည်ဆိုပြီး သတိပေးခံရ

မန္တလေးတိုင်းဒေသကြီး တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်များကောက်ယူရာ၌ သတ် မှတ်ဥပဒေများနှင့်ငြိစွန်းနေသည် ဟုဆိုကာ တိုင်းဒေသကြီးအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းများအား အစိုးရအဖွဲ့တာဝန်ရှိသူများက သတိပေးစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။

ခေါက်ဆွဲတောင်းစားရာမှ ပြသနာတက်ပြီး လူမြင်ကွင်းတွင် ရင်ဘက်ကိုခွဲကာ နှလုံးကိုထုတ်ယူခံရသူသေဆုံး

Photo: ခေါက်ဆွဲတောင်းစားရာမှ ပြသနာတက်ပြီး လူမြင်ကွင်းတွင် ရင်ဘက်ကိုခွဲကာ နှလုံးကိုထုတ်ယူခံရသူသေဆုံး

 ခေါက်ဆွဲ တောင်းစားရာမှ ပြသနာဖြစ်ကာ လူနှစ်ဦး အခြေအတင် စကားများ ရန်ဖြစ်ကြပြီး ခေါက်ဆွဲ တောင်း စားသူမှ ဒေါသကို မထိန်းနိုင် တော့ဘဲ သူ့အား ခေါက်ဆွဲ မကျွေးသူကို လူမြင်ကွင်းတွင်ပင် ဓားဖြင့် ထိုသူ၏ရင်ဘတ်ကို ခွဲကာ လှုပ်ရှားဆဲနှလုံးကို ဆွဲထုတ်ကာ သတ်ဖြတ်ခဲ့သည့် မှုခင်းတစ်ခု တရုတ်နိုင်ငံ ဟူဘီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ရှီဇူ အရပ်တွင် ဖြစ်ပွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘိုတန် ဆိုသူဟာ ဒေါသအလျောက်ယခုကဲ့သို့ လူမြင်ကွင်းတွင် လူတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အသက် ၄၉ အရွယ်ရှိပြီဖြစ်သော သေဆုံးသူ ရူလယို ဟာ သူ၏စားလက်စ ခေါက်ဆွဲကို ဘိုတန် အားမျှဝေပေးရန် ငြင်းဆန်ခဲ့ပြီးနောက် သူတို့နှစ်ဦး ပြသနာတက်ကာ စကားများခဲ့ကြပြီးအပြန်အလှန်အော်ဟစ်ပြောဆိုမှုများဖြစ်ပြီးနောက် ဘိုတန် ကဒေါသအလျောက် အနီးတွင်ရှိ သော ဓါးတစ်ချောင်းကိုယူကာ ရူလယို ၏လည်းပင်းကိုလှီးဖြတ်ပစ်ခဲ့သည်။

သူတို့နှစ်ဦး၏ သွေးထွက်သံယို ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသူတစ်ဦးက "အဖြစ်အပျက်က လုံးဝကိုသွေးထွက်သံယိုနဲ့ ကြောက်ဖွယ်ကောင်းလှပါတယ်၊ ကျွန်မဆိုရင် ကြောက်လန့်တုန်လှုန့်ပြီး အဖြစ်အပျက်ကိုဓါတ်ပုံရိုက်ကူးမှတ်တမ်းတင်ဖို့တောင်အပြုလုပ်ရဲခဲ့ပါဘူး" ဟုသူ၏အတွေ့အကြုံကိုပြောပြသည်။

"ဘိုတန်က ရူလယိုရဲ့ လည်းပင်းကိုဓါးနဲ့လှီးလိုက်ပြီးတော့ ဗိုက်ကို ဆန်အိတ်ခွဲသလို ထက်ခြမ်းခွဲလိုက်ပြီး နှလုံးကို ကျွန်မတို့အားလုံးရှေ့မှာပဲ ဆွဲထုတ်လိုက်တယ်။ ကျွန်မ သေချာပြောရဲတယ် အဲ့ဒီနှလုံးဟာ ခုန်နေတုန်းပဲ၊ အဲ့ဒီအဖြစ်အပျက်ကိုမြင်တွေ့လိုက်ရသူတွေအားလုံး ကြောက်လန့်ပြီး ခြေမကိုင်မီ လက်မကိုင်မိဖြစ်နေကြတာ၊ ကျွန်မဆိုခုချိန်ထိ မျက်လုံးမှိတ်လိုက်ရင်တောင် အဲ့ဒီ အဖြစ်အပျက်တွေကိုပြန်မြင်နေရတုန်းပဲ" ဟု သွေးထွက်သံယိုသတ်ဖြတ်မှုနှင့်ပတ်သက်ပြီးမျက်မြင်တွေ့ရှိသူကဖြည့်စွက်ပြောကြားခဲ့သည်။

သူမ၏ပြောကြားချက်အရ ဘိုတန်ဟာ ရူလယို၏ နှလုံးကိုဆွဲထုတ်ပြီး သူ၏လက်ဖြင့်ကိုင်ကာ အခင်းဖြစ်ပွားရာနေရာအနီးမှာပင် ပါးစပ်ဖြင့်ကိုက်စားနေခဲ့ပြီး ထွက်ပြေးရန်ကြိုးပမ်းခဲ့ခြင်းမရှိဟုသိရသည်။

ဒါ့အပြင် ဟူဘီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရှီဇူအရပ်မှ ရဲများအခင်းဖြစ်ပွားရာ သို့ရောက်ရှိလာချိန်တွင်လည်း ဘိုတန်အနေဖြင့် ပြန်လည်ခုခံခြင်းတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိဘဲ အဖမ်းခံခဲ့သည်။

ဒေသခံပြည်သူများအနေဖြင့် ၎င်းဒေသတွင် ယခုကဲ့သို့ရက်စက် ကြမ်းကြုတ်သည့် ပြစ်မှုမျိုးထပ်မံကျူးလွန်ခံရခြင်းမရှိစေရန် လုံခြုံရေးတိုးမြင့်ပေးရန်တောင်းဆိုလျက်ရှိသည်။

ref : miror
အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်) 
 ခေါက်ဆွဲ တောင်းစားရာမှ ပြသနာဖြစ်ကာ လူနှစ်ဦး အခြေအတင် စကားများ ရန်ဖြစ်ကြပြီး ခေါက် ဆွဲ တောင်း စားသူမှ ဒေါသကို မထိန်းနိုင် တော့ဘဲ သူ့အား ခေါက်ဆွဲ မကျွေးသူကို လူမြင်ကွင်းတွင်ပင် ဓားဖြင့် ထိုသူ၏ရင်ဘတ်ကို ခွဲကာ လှုပ်ရှားဆဲနှလုံးကို ဆွဲထုတ်ကာ သတ်ဖြတ်ခဲ့သည့် မှုခင်းတစ်ခု တရုတ်နိုင်ငံ ဟူဘီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ရှီဇူ အရပ်တွင် ဖြစ်ပွားခဲ့ပါတယ်။

ရဲသတင်းအထူးတပ်ဖွဲ့က ပုဂ္ဂလိကမီဒီယာကို ဆက်လက်ခေါ်ယူတွေ့ဆုံပါက လွှတ်တော်တွင်မေးခွန်းထုတ်သွားမည်

ရန်ကုန်၊ ဇွန် ၂၈- ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲသတင်းအထူးတပ်ဖွဲ့က ပုဂ္ဂလိကမီဒီယာ များအား တရားဝင် အကြောင်းကြားမှုမရှိ ဘဲ ယခုကဲ့သို့ ဆက်လက် ခေါ်ယူတွေ့ဆုံ နေမည်ဆိုပါက မီဒီယာလောကသားများ ၏ လက်မှတ်ရယူပြီး ယခုလုပ်ရပ်သည် အ ခြေခံဥပဒေအရ တရားဝင်မှုရှိလားဆိုသည့် မေးခွန်းအား လွှတ်တော်တွင် မေးခွန်းထုတ် သွားမည်ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးကပြော သည်။

ဘင်္ဂါလီ ကိုးဦးကို ရန်ကုန်ပို့ရန် ပူးပေါင်းစီစဉ်သူ ငါးဦးရှိ၊ နှစ်ဦးလွတ်နေဆဲ

ဘင်္ဂါလီကိုးဦးကို ရန်ကုန်သို့ပို့ရန် ပူးပေါင်းကြံစည်သူ ငါးဦးဖြစ်ပြီး သုံးဦးကို ဖမ်းဆီးထားနိုင်ကာ နှစ်ဦးမှာ လွတ်မြောက်နေသောကြောင့် ဒေသတွင်း စစ် ဆေးရေးဂိတ်များ၌ ပိတ် ဆို့ဖမ်းဆီးထားရန် ညွှန်ကြားထား ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။
‘‘စစ်ဆေးချက်အရ ဒီဖြစ်စဉ် မှာ ပွဲစားအပါအ၀င် ငါးယောက် ပူးပေါင်းပြီး ပို့ဖို့ကြိုးစားခဲ့တာ။ ရှေ့ပြေးကားတွေ ဘာတွေနဲ့ စနစ်တကျ စီစဉ်တာဗျ။ ပထမနှစ် ယောက်ဖမ်းတယ်။ နောက်အမျိုး သမီးတစ်ယောက် ထပ်ဖမ်းတယ်။ သူတို့ကို ပိုက်ဆံပေးမယ်ဆိုတဲ့ ပွဲ စားနှစ်ယောက် ထွက်ပြေးနေ တယ်။ ဖမ်းဖို့ လုပ်နေပါတယ်’’ ဟု ပြည်နယ်အဆင့် ရဲအရာရှိတစ် ဦးက ပြောသည်။

အင်္ဂါလီများအား ခိုးသွင်းသူနှစ်ဦး၏ ဆွေမျိုးသားခြင်းနှင့် ဆက်နွယ်သူများကိုလည်း စစ်ဆေးသွားမည်

ရန်ကုန်၊ ဇွန် ၂၈- ဗိုလ်ချုပ်မောင်မောင်အုန်း ယာဉ်ဟုဆိုကာ အငြိမ်းစားရဲမှူးဟောင်း သားသမီးနှစ်ဦးက ဘင်္ဂါလီများအား ခိုးသွင်း လာသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းတို့နှင့် ဆက်နွယ်နေသူများ၊ ဆွေမျိုး သားချင်းများ ကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြု ပြော ကြားလိုက်သည်။

မြန်မာနိုင်ငံသို့ပြန်လာရာ ဂုဏ်ပြုမခံရသည့်အပြင် ထိန်းသိမ်းခံရဟု အင်္ဂလန်ဆရာတော်မိန့်ကြား

ရန်ကုန်၊ ဇွန် ၂၈- နိုင်ငံပြုပြင်ပြောင်းလဲချိန်တွင် ဘာသာရေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အလုပ် များဖော်ဆောင်ပေးရန် မြန်မာနိုင်ငံသို့ပြန်လာရာ ဂုဏ် ပြုမခံရသည့်အပြင် ထိန်းသိမ်းခံခဲ့ရကြောင်း အင်္ဂလန် ဆရာတော်ဦးဥတ္တရ၏ မိန့်ကြားချက်များအရ သိရ သည်။
''ဘုန်းကြီးအမှုရွာပတ်ဆိုသလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲချိန်မှာ ကိုယ်တတ်နိုင်တဲ့ ကျန်းမာရေး နဲ့ပတ်သက်တာတွေ ဆောင်ရွက်ဖို့ ပြန်လာခဲ့တာပါ။ ဘုန်းကြီးက အလုပ်ရှာဖွေရေးအတွက် လာတာပါ။ ဒီ မှာရှိတဲ့သူတွေအတွက် အလုပ်ရှာဖွေပေးဖို့ လာတာ ပါ။ အမေရိကားမှာ အလုပ်ဖော်ဆောင်ပေးတဲ့ သူတွေ ကို ဆုတောင်ပေးတယ်။ အဲဒါ ကိုကျော်သူတို့ သိပါ တယ်။ ဆုတော့ရပါတယ်။ ဘာဆုလဲဆိုတာ ဒါယကာ၊ ဒါယကာမတွေ သိပါတယ်''ဟု မိန့်ကြားသည်။

မိုးကြိုးပစ်၍ ဓါတ်ကြိုးပြတ်ကျစဉ် ဆိုင်အတွင်းမှ ထွက်လာသူအပေါ်သို့ ပြုတ်ကျသဖြင့် သေဆုံး

၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီးရပ်ကွက်အတွင်း လျှပ်စစ်ဓါတ်ကြိုးပြတ်ကျ၍ သေဆုံး/ဒဏ်ရာရရှိမှုများဖြစ်ပွားကြောင်း သတင်းအရ ဒိုက်ဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ၎င်းရပ်ကွက် မြို့အ၀င်လမ်း၊ တာဆုံအနီးရှိဓါတ်တိုင်အား မိုးကြိုးပစ်ရာဓါတ်ကြိုးပြတ်ကျစဉ်

သံဃာတော်များအား ရုံးထုတ်စစ်ဆေးပြီးပါက မဟာသန္တိသုခကျောင်းဂေါပကအဖွဲ့၏လုပ်ရပ်များကိုဖွင့်ချမည်ဟု ဂေါပကအဖွဲ့ဝင်ဟောင်းတစ်ဦးပြောကြား

ရန်ကုန်၊ ဇွန် ၂၈- မဟာသန္တိသုခကျောင်းတိုက်မှ သံဃာ တော်များအား ရုံးထုတ်စစ်ဆေးပြီးပါက မဟာသန္တိသုခ ကျောင်းဂေါပကအဖွဲ့၏လုပ်ရပ်များကို ဖွင့်ချမည်ဟု ဂေါပကအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆရာတော်ဦးဥတ္တရ နှင့်သံဃာများ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးသည့် ဇွန် ၂၇ ရက်က ပြောကြားသည်။
မဟာသန္တိသုခကျောင်းတိုက်ကြီးတွင် စီမံ ခန့်ခွဲခဲ့သည့် ဂေါပကအဖွဲ့များသည် ကိုယ်ကျိုးရှာခြင်း၊ မဖွယ်မရာကိစ္စများ ပြုလုပ်ခြင်းများရှိခဲ့ပြီး ပီနန်ဆရာ တော်ကြီး၏ အနီးနေသံဃာနှင့် စာသင်သားအာဂန္တု သံဃာတော်များမှာ ဂေါပကအဖွဲ့နေစေသည့် အထပ် တွင်သာ နေထိုင်ရကြောင်း၊ လက်ရှိသံဃာတော်များ အမှုရင်ဆိုင်ပြီးပါက ဂေါပကအဖွဲ့၏လုပ်ရပ်များကို ဖွင့် ချသွားမည်ဟု အဆိုပါ ဂေါပက အဖွဲ့ဝင်ဟောင်းတစ်ဦး ကပြောသည်။

တက္ကသိုလ်၊ ကောလိပ်များတွင် အင်တာနက်အသုံးပြုနိုင်ရန် သမ္မတညွှန်ကြား

တက္ကသိုလ်၊ ကောလိပ် အားလုံးတွင် အင်တာနက်အသုံး ပြုနိုင်ရေးဆောင်ရွက်ရန် သမ္မတ ဦးသိန်းစိန်က ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနသို့  ညွှန်ကြား ထားကြောင်း သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက ပြောသည်။
‘‘မကြာမီကပဲ သမ္မတကြီး က ဆက်သွယ်ရေးဝန်ကြီးကိုခေါ် ယူပြီး တက္ကသိုလ်၊ ကောလိပ်အား လုံးမှာ အင်တာနက်သုံးစွဲခွင့်ရရှိ အောင် ဦးစားပေးအနေနဲ့ တပ် ဆင်ပေးဖို့ လမ်းညွှန်ခဲ့ပြီးဖြစ်ပါ တယ်။ ဆက်သွယ်ရေးဝန်ကြီး ဌာနအနေနဲ့ နည်းပညာပိုင်းအရ အားလုံးဆောင်ရွက်ပေးမှာဖြစ် သော်လည်း

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ညှိနှိုင်းရေးဆွဲနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို အပြီးသတ် အတည်ပြု ချက်ရယူ ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်ဖို့ ရှိပါတယ

Photo: အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ညှိနှိုင်းရေးဆွဲနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် (NCA) ကို အပြီးသတ် အတည်ပြု ချက်ရယူ ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ပြုလုပ်ဖို့ ရှိပါတယ်

ဇွန် ၃၀ ရက် ၂၀၁၄ ခုနှစ်

တတိယအကြိမ် ကျင်းပမယ့် ဒီညီလာခံဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား နောက်ဆုံးထိပ်သီး ညှိနှိုင်းအစည်းအဝေး ဖြစ်လာဖွယ်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုကြပါတယ်။

လိုင်ဇာညီလာခံကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။ ညီလာခံကို ဇူလိုင်လ တတိယပတ်အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ KIOခေါင်းဆောင် တချို့က ပြောပါတယ်။

လိုင်ဇာ ညီလာခံအပြီးမှာ အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နှစ်ဖက်သဘောတူ ချုပ်ဆိုမည့် NCA စာချုပ်ကို အပြီးသတ် သဘောတူညှိနှိုင်းနိုင်ဖွယ် ရှိပြီးတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လမတိုင်မီ လုပ်ဆောင်ဖို့ နှစ်ဘက်သဘောထားကြပါတယ်။ လိုင်ဇာထိပ်သီး ညီလာခံလုပ်ပြီးရင် အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေ ထပ်တွေ့ဖြစ်မယလို့ မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အတည်ပြုပါတယ်။

ညီလာခံ ကျင်းပရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းမှုတွေအတွက် MPC အဖွဲ့ဝင်တချို့ဟာ အလွတ် သဘောခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ဒီရက်ပိုင်းအတွင်း သွားဖို့ရှိပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ညှိနှိုင်းအစည်း အဝေးတွေ ကိုလည်း ချင်းမိုင်မြို့မှာပဲ ပြုလုပ်ဖို့ ရှိတယ်လို့ MPC နဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။

ညီလာခံမတိုင်မီ ဇူလိုင်လဆန်းတွင် NCCT က ငြိမ်းချမ်းရေး ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ နှစ်စောင်ပြုစုပြီးတော့ သက်ဆိုင်ရာ ထိပ်သီးခေါင်း ဆောင်တွေကို ပေးပို့အစီရင်ခံသွားဖို့ ရှိတယ်လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။ အစီရင်ခံစာမှာတော့ ဆောင်ရွက်ပြီးမှု၊ အခက်အခဲနဲ့ ရွေးချယ်ဖို့ နည်းလမ်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အများဆုံးပါဝင်တဲ့ သမိုင်းဝင် လက်နက်ကိုင် ထိပ်သီးညီလာခံကို ကချင်ပြည်နယ် KIO ဌာနချုပ် လိုင်ဇာမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ လေးရက်ကြာ ကျင်းပခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူဘောင်သတ်မှတ်တာ၊ NCCT ကို ဖွဲ့စည်းတာတွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

Credit To:The Voice Weekly
တတိယအကြိမ် ကျင်းပမယ့် ဒီညီလာခံဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကြား နောက်ဆုံး ထိပ်သီး ညှိနှိုင်းအစည်းအဝေး ဖြစ်လာ ဖွယ်ရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ပြောဆိုကြပါတယ်။

လိုင်ဇာညီလာခံကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က စီစဉ်ပြုလုပ် တာဖြစ်ပါတယ်။ ညီလာခံကို ဇူလိုင်လ တတိယပတ် အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ KIOခေါင်းဆောင် တချို့က ပြောပါတယ်။

တစ်ဦးလျှင် ကျပ်သုံးသိန်းဖြင့် ဘင်္ဂါလီများခိုးသွင်းသည့်အမှု နောက်ဆက်တွဲဘင်္ဂါလီဆယ်ဦး ထပ်မိ

ဘင်္ဂါလီကိုးဦးအား ရန်ကုန် သို့ ခိုးပို့ရန်ကြိုးစားခဲ့သည့် လူကုန် ကူးဂိုဏ်းကို စစ်ဆေးနေစဉ်အဆို ပါအမှု၏ နောက်ဆက်တွဲအဖြစ် နောက်ထပ် ဘင်္ဂါလီဆယ်ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး နေပြည် တော်မှ ကွပ်ကဲမှုဖြင့် ရခိုင်ပြည် နယ်ဒုတိယရဲမှူးဦးဆောင်ကာ ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်နယ်ဒုတိယရဲမှူး ဦး ဆောင်ပြီး စစစ်နေပြီ။ ဒီအမှုကအ ဖွဲ့လိုက်၊ လူကုန်ကူးဂိုဏ်းအနေနဲ့ လှုပ်ရှားနေတယ်လို့ ယူဆရတယ်။ သူတို့ ကားနဲ့သယ်ပြီး လမ်းမှာ ချထားခဲ့တဲ့ ဘင်္ဂါလီဆယ်ဦးထပ် ဖမ်းမိတယ်။ ဒါကြောင့် စုံစမ်းစစ် ဆေးရေးခုံရုံးဖွဲ့ပြီးစစ်နေတာ’’ ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ပြည် နယ်အဆင့် ရဲအရာရှိတစ်ဦးက ပြောသည်။

ရဟန်းသံဃာများ နိုင်ငံရေးတွင် ပါဝင်ရန် မသင့်၊ မဲပေးခွင့်ကို မစွက်ဖက်သင့်ဟု ဓမ္မပီရဆရာတော်မိန့်

မြန်မာနိုင်ငံတွင် ယနေ့ရဟန်းတော်အချို့က အာဏာနိုင်ငံရေးနှင့် ဆက်နွှယ်နေသည့် မဲပေးခွင့်အပါအ၀င် မည်သူ့ကို မဲပေးသင့်ပြီး မည်သူ့ကို မဲပေးရန် မသင့်လျော်ဟု ၀င်ရောက်ပြောဆိုနေခြင်းသည် မသင့်လျော်ဟု ဓမ္မပီရဆရာတော် အရှင်သံဝရလင်္ကာရက ဇွန်လ ၂၈ ရက်နေ့က SuLe Shangrila တွင် မွန်းလွဲ ၁ နာ ရီခန့်က ပြုလုပ်ကျင်းပသည့် မေတ္တာတရားနှင့် နိုင်ငံတော်ဟူသော ဆွေးနွေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်

Photo: စင်ကာပူဈေးဝယ်စင်တာများတွင် ရောင်းချခံနေရသည့် အိမ်အကူများ၏ ၄၀ ရာခိုင်နှုန်းမှာ မြန်မာများဖြစ်
Monday, June 30, 2014

စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။

စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် လာရောက်လုပ်ကိုင်ကြသည့် ပြည်ပအိမ်အကူ လုပ်သားများကို စင်ကာပူအေးဂျင့်များက ဈေးဝင်စင်တာများတွင် ရောင်းကုန်ပစ္စည်းအဖြစ် ရောင်းချနေပြီး ပြခန်းများ၌ ယင်းအမျိုးသမီးလုပ်သားတို့က ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်ပုံစံများကို သရုပ်ပြလုပ်ဆောင်လျက်ရှိကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့သည်။

‘‘ပြီးခဲ့တဲ့နှစ် အနည်းငယ် လောက်ကတည်းက အခုလို ပရိုမိုးရှင်းတွေနဲ့ ကြော်ငြာလုပ်နေတာ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ခန့်မှန်းတွက်ချက်စာရင်းအရ ပြီး ခဲ့တဲ့နှစ်အထိဆို အဲဒီအိမ်အကူ လုပ်သားတွေမှာ မြန်မာအိမ်အကူ လုပ်သားက ၃၀ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ အခုဆို ၄၀ ရာခိုင်နှုန်းလောက်အထိ ရှိလာလိမ့်မယ်။ အများစုက ရန်ကုန်က အေးဂျင့်နဲ့ စင်ကာပူကအေးဂျင့် နဲ့ချိတ်ပြီး ရောက်လာကြတာပါ။ ကိုယ့်အစီအစဉ်နဲ့လာတဲ့သူတွေက တန်းဝင်လုပ်ကြတာများပါ တယ်’’ဟု HOME မှ ဒါရိုက်တာ ဒေါက်တာသိန်းသန်းဝင်းက ပြော သည်။

မြန်မာအစိုးရသည် မြန်မာ အိမ်အကူအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ အေဂျင်စီများအား တရားဝင် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအိမ်အကူလုပ် သားများအနက် အများစုမှာ တရားမဝင်နည်းလမ်းဖြင့် သွားရောက်လုပ်ကိုင်ခြင်း ပိုများ ကြောင်း သိရသည်။ စင်ကာပူ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်အထိ မြန်မာအိမ်အကူ လုပ်သား နှစ်သောင်းခန့်ရှိခဲ့ရာမှ ယခုနှစ်တွင် မြန်မာအလုပ်သမား သုံးသောင်းခန့်အထိ မြင့်တက်လာခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိ စင်ကာပူနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူလုပ်သားများသည် တစ်လလျှင် လုပ်ခလစာ ဒေါ်လာ ၄၀၀ မှ ၄၅၀ အထိ ရရှိကြပြီး နားရက်မရှိကြောင်း သိရသည်။ ထို့အပြင် အေးဂျင့်များကဝန်ဆောင်ခအဖြစ် လစာငွေ ခြောက်လ၊ ရှစ်လစာ ဖြတ်လျက်ရှိသည်။ စင်ကာပူနိုင်ငံသို့ အိမ်အကူ လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် ပြည်ပလုပ်သားများမှာ မြန်မာအပါအဝင် အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်လုပ်သားများလုပ် ကိုင်လျက်ရှိသည်။ သို့သော် ဖိလစ်ပိုင်လုပ်သားများမှာ ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုလုပ်ကိုင်နိုင်သောကြောင့် မြန်မာလုပ်သားများကဲ့သို့ လစာငွေမရရှိမှု၊ ခေါင်းပုံဖြတ်ခံရမှု၊ မတရားခိုင်းစေခံရမှုတို့ ခံရခြင်း နည်းပါးသည်ဟု ဆိုသည်။

မြန်မာလုပ်သားများကို အိမ် အကူလုပ်သားအဖြစ် ဟောင် ကောင်ကလည်း လုပ်ခလစာဒေါ် လာငါးရာအထိပေး၍ အလုပ်ခေါ် ဆိုလျက်ရှိရာ လုပ်သားအရေအတွက်အကန့်အသတ်မရှိ ကမ်းလှမ်းလျက်ရှိသည်။ ဟောင်ကောင်သို့ မြန်မာအိမ်အကူလုပ်သားစေလွှတ်ရာတွင် လုပ်သားကာ ကွယ်မှုပိုင်း ပိုမိုခိုင်မာစေရန် မြန်မာအေဂျင်စီ အသင်းချုပ်ကလေ့လာစုံစမ်းလျက်ရှိပြီး လတ် တလောတွင် လုပ်သားစေလွှတ် မှုရပ်ဆိုင်းထားသည်။

7 Day Daily
စင်ကာပူနိုင်ငံဈေးဝယ် စင်တာများတွင် ရောင်းကုန် ပစ္စည်းအဖြစ် အိမ်အကူလုပ်သား ရောင်းချကြ ရာ၌ မြန်မာအိမ် အကူလုပ်သား ၄၀ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိကြောင်း စင်ကာပူ နိုင်ငံအခြေစိုက် အိမ်အကူလုပ် သားအရေး ဆောင်ရွက်လျက်ရှိ သော HOME အဖွဲ့မှ သတင်း ရရှိသည်။

မိမိ ရဲ့ သွေး အမျိုးအစား ကို သိရင် ဒါကို ဖတ်လို့ရပြီ

အေသွေးပိုင်ရှင်များအကြောင်းသွေးအမျိုးအစားကို လိုက်ပြီး လူတွေရဲ့ စိတ်နေစိတ်ထားတွေကိုခန့်မှန်းလို့လည်း ရပါတယ်..ဒီနေ့တော့ သွေးအုပ်စု လေးမျိုး ထဲက အေသွေးပိုင်ရှင် များရဲ့ စိတ်နေစိတ်ထားများကိုဖော်ပြပေးလိုက်ပါတယ်..
အေသွေးပိုင်ရှင်များရဲ့ စိတ်နေစိတ်ထားကတော့ အောက်ပါအတိုင်းပါ..

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများဘ၀ မလုံခြုံနိုင်

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရုံဖြင့် အမျိုးသမီးများ ဘ၀လုံခြုံမှုရှိလာမည်ဟု မယုံကြည်ဘဲ တရားဥပဒေ စိုးမိုးမှုရှိမှသာလျှင် အမျိုးသမီးတို့၏ ဘ၀လုံခြုံမှုရှိမည်ဖြစ်သည်ဟု စာရေးဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)က Orchid Hotel ဟိုတယ်တွင် ဇွန်၂၉ ရက်က ပြုလုပ်သည့် ယနေ့ခေတ်အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်အနာဂတ် ဟောပြောပွဲတွင် မဇ္ဈိမကို ပြောသည်။

ဆယ်တန်းအမှတ်မမီလို့ စိတ်မညစ်နဲ့၊ အောက်စဖို့ဒ်ဆေးကောလိပ် ရန်ကုန်မှာဖွင့်မယ်

ဆရာဝန်ဖြစ်ချင်လို့ ဆေးကျောင်းတက်ဖို့ အားခဲထားခဲ့ပေမယ့် ဆယ်တန်းအမှတ်မမီလို့ ဆရာဝန်မဖြစ်တော့ဘူးလို့ ထင်နေတဲ့သူတွေအတွက် ရန်ကုန်မှာ ပုဂ္ဂလိကပိုင် Oxford ဆေးကောလိပ်တစ်ခု ဖွင့်ပါတော့မယ်။ ဒီဆေးကောလိပ်မှာ ဘာတွေသင်မှာလဲ၊ ဘွဲ့ကိစ္စ ဘယ်လိုရှိလဲ။

မိသားစုကိုဆန့်ကျင်၍ အိမ်ထောင်ပြုခဲ့သော ပါကစ္စတန်စုံတွဲကို မိန်းကလေးဘက်က လည်လှီးသတ်

ပါကစ္စတန်နိုင်ငံ အစ္စ လာမ်မာဘတ်မြို့ အရှေ့တောင် ဘက် မိုင် ၁၀၀ အကွာရှိ ကျေးရွာတစ်ရွာတွင် မိသားစုကို ဆန့်ကျင် ၍ အိမ်ထောင်ပြုခဲ့သော လူငယ် စုံတွဲ တစ်တွဲကို မိန်းကလေးရှင် မိသားစုက လည်လှီးသတ်ခဲ့သည် ဟု ပါကစ္စတန်ရဲတပ်ဖွဲ့က ဇွန်လ ၂၈ ရက်တွင် ပြောသည်။

အသက် (၁၇) နှစ်အရွယ် မာဖီယာဘီဘီနှင့် အသက် (၃၁) နှစ်အရွယ် မူဟာမက်ဆာဂျစ်တို့ သည် မိသားစုသဘောမတူသည့် ကြားမှ ဇွန်လ ၁၈ ရက်တွင် လက် ထပ်ခဲ့ကြသည်။

ကျောင်းသူတစ်ဦးကို ရေသန့်ဘူးထဲ လိင်စိတ်ကြွဆေး ခပ်တိုက်၍ အဓမ္မပြုကျင့်ပြီး အင်တာနက်တင်မည်ဟု ခြိမ်းခြောက်သူကို အမှုဖွင့်

ရွှေဘိုခရိုင် ကန့်ဘလူမြို့ ၌ ဧပြီ ၁၄ ရက်တွင် ဒသမတန်း ကျောင်းသူ တစ်ဦးကို ရေသန့်ဘူး ထဲ၌ လိင်စိတ်ကြွဆေး ခပ်တိုက်၍ သားမယား အဖြစ် ပြုကျင့်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ် ဟန်လင်းမြို့ ဟောင်းတွင် နေထိုင်သည့် တေဇာဝင်း (ခ) မွတ်တား သည် ကန့်ဘလူမြို့ မြန်မာ - အာရဗီ သိပ္ပံကျောင်း၌ ကျောင်းတက်ရန် ဇနီးဖြစ်သူ၏ အဒေါ် နေအိမ်၌

အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေးပါတီ အာဏာရ အိန္ဒိယနိုင်ငံ၊ စစ်တပ်အာဏာသိမ်း ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံတို့ ၀န်းရံနေသဖြင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးစားရမည်ဟု

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်မှု မရရှိရန် အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေးပါတီမှ လက်ရှိ အာဏာရရှိထားသည့် အိန္ဒိယနိုင်ငံနှင့် စစ်တပ်မှ မကြာခဏ အာဏာသိမ်းယူလေ့ရှိသည့် ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံ စသည့်နိုင်ငံများ ဝန်းရံနေသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက်၍ လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic က ပြောကြားသည်။

သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်း ပြုလုပ်

Photo: သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်း ပြုလုပ်
Monday, June 30, 2014

သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်းကို လူဦးရေ ၁၅ ဦးခန့်ဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ဆူးလေစေတီ၌ ပြုလုပ်ခဲ့သည်။

ပြည်သူလူထုနှင့် ရဟန်းသံဃာများအပေါ် မီးလောင်ကျွမ်း ထိခိုက်စေသည်အထိ ပြုမှုကျင့်သုံးခဲ့မှုကို နောက်နောင် အသုံးမပြုစေလိုသော ဆန္ဒဖြင့် ဘုရားထံတွင် ဆုတောင်းခြင်းဖြစ်ကြောင်း သိရသည်။            

“အစိုးရကောင်းမှန်ရင် တရားခံအမှန်ကို ဖော်ထုတ်ပြီး တာဝန်ယူရဲတဲ့ သတ္တိလည်း ရှိရမယ်။ ဘုရားပေါ်တက် ဆုတောင်းတာက အရုပ်ဆိုးလွန်းတဲ့ ဒီလို့ဘုန်းကြီးတွေကို မီးလောင်စေခဲ့တဲ့ အပြုအမူမျိုးတွေ ထပ်မဖြစ်ဖို့ ဖြစ်ပါတယ်။ ရဟန်းသံဃာတော်တောင် ဒီလိုလုပ်ရင် ပြည်သူကိုဆိုရင် ပြောဖွယ်ရာ မရှိတော့ဘူး။ ရေနဲ့ပက်ပြီး ဒီဖော့စဖော့ရပ်ဗုံးကို မီးလောင်အောင်လုပ်တာက အရိုးထိပေါ်အောင် ဖြစ်စေခဲ့တယ်။ ဒါမျိုးတွေ ထပ်မဖြစ်ဖို့နဲ့ ဒီလုပ်ရပ်တွေကို ရှုတ်ချနိုင်အောင်ပါ” ဟု ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဦးဘမြင့်က ပြောကြားသည်။

“ရဟန်းဘုန်းတော်ကြီးများ အတိုက်ခံရတာ ဘာဗုံးလဲ” ဟူသော စာတန်းနှင့် မီးလောင်ဗုံးမဟုတ်ဟု ပြောကြားထားမှုကို သက်သေပြရန် ဗုံးအကြောင်းရေးသားထားသည့် စာရွက်များကို လူသုံးဦးမှ ကိုင်ဆောင်ကာ ဘုရားဝတ်ပြု ဆုတောင်းခဲ့ခြင်းဖြစ်သည်။

မီးလောင်ကျွမ်းစေခဲ့သည့် မဖောက်ထုံးဗုံး အသုံးပြုမှုကို ဆန့်ကျင်ရှုတ်ချကြောင်း၊ ယင်းမဖောက်ထုံးဗုံး phospor ကျဗုံးသည် ဓာတုဗေဒဗုံးပင်ဖြစ်ကြောင်း၊ ဗုံးအသုံးပြုသူနှင့် စေခိုင်းသူများကို ဖော်ထုတ်ပေးရန် တောင်းဆိုကြောင်း၊ အစိုးရကောင်းမှန်လျှင် တရားခံကို ဖော်ထုတ်ပေးရန် တာဝန်ရှိကြောင်းကိုလည်း ဆုတောင်းမှုအပြီးတွင် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ထုတ်ပြန်ပြောကြားခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ စွန့်ပစ်ပစ္စည်း မြေစာ များကို ကျေးရွာများအနီး စွန့်ပစ်မှုကြောင့် အပင်ကြီးများသေခြင်း၊ ယင်းမြေများတွင် အပင်များမပေါက်ရောက်ခြင်းများ ရှိသည့်အပြင် အခြားဘေးထွက် ဆိုးကျိုးများကိုလည်း ဒေသခံများအနေဖြင့် လက်ရှိ၌မြေထု၊ လေထု၊ ရေထုများမှ တစ်ဆင့်ခံစားနေရေကြောင်း သိရသည်။ 

Eleven

မီးလောင်ဗုံးဖြင့် လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွင်းခံရမှု ၁၉ လပြည့် ဆုတောင်းမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
သံဃာတော်များကို မီးလောင်ဗုံးဖြင့် အကြမ်းဖက်ခဲ့သည့် လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု ၁၉ လပြည့်အဖြစ် ဆုတောင်းခြင်းကို လူဦးရေ ၁၅ ဦးခန့်ဖြင့် ဒီမိုကရေစီ အင်အားစုအဖွဲ့မှ ဇွန် ၂၉ ရက် ညနေပိုင်းတွင် ဆူးလေစေတီ၌ ပြုလုပ်ခဲ့သည်။

မတူညီမှုများအကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံရေးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အပူပိုင်းဒေသ၏ အခြေအနေ အစီရင်ခံစာ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ် - See more at: http://www.news-eleven.com/politic/%E1%80%99%E1%80%90%E1%80%B0%E1%80%8A%E1%80%AE%E1%80%99%E1%82%88%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%A1%E1%81%BE%E1%80%80%E1%80%AC%E1%80%B8-%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%85%E1%80%BC%E1%80%AC-%E1%80%9A%E1%80%BD%E1%80%A5%E1%80%B9%E1%80%90%E1%80%BC%E1%80%B2%E1%80%B1%E1%80%94%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%8A%E1%80%B9%E1%80%9F%E1%80%AF#sthash.Qsl1RIg5.dpuf
 နိုင်ငံတကာ တက္ကသိုလ်နှင့် သုတေသနအဖွဲ့အစည်း ၁၂ ခုမှ ပူးပေါင်း သုတေ သန ပြုလုပ်သည့် ‘အပူပိုင်းဒေသ၏ အခြေအနေ အစီရင်ခံစာ’ ဆွေးနွေး ပွဲကို ဇွန် ၂၉ ရက်က မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် တစ်ပြိုင်နက် ကျင်းပ ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။