Tuesday, July 29, 2014

ဦးအောင်ကြည်မရှိတဲ့နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖြစ်လာနိုင်သလား

မြန်မာသတင်းမီဒီယာတွေ ဖိအားပေးခြိမ်းခြောက်ခံနေရတာ ဖမ်းဆီးထိန်းသိမ်းခံနေရတာတွေ ရင်ဆိုင်နေရချိန် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ကို သူ့ရဲ့သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတယ်လို့ သမ္မတက ဇူလိုင် ၂၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဆက်ဆံရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စတဲ့တာဝန်တွေယူခဲ့တဲ့ ဦးအောင်ကြည်ကို တာဝန်ကအနားပေးလိုက်ပြီး လစ်လပ်သွားတဲ့ ပြန်ကြားရေးဝန်ကြီးနေရာမှာ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ်ရော ဒုတိယဝန်ကြီးပါ တာဝန်ယူနေတဲ့ ဦးရဲထွဋ်ကို ခန့်အပ်နိုင်ခြေရှိပေမယ့် တရားဝင် ကြေညာချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့ စကားများစဉ် မန်နေဂျာမှ ဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် နေအိမ်မှ အပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ၎င်း၏ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင် မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူ တည်းခိုခဲ့ကြောင်း သိရှိရပြီး ၎င်းအား မတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ ရှိနေသည်ကို တွေ့ရှိရသဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံ မေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောပြ သိရှိရ သဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်း ရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။

အေးမြသာယာကျေးရွာနှင့် ကော့ကနိမ် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်

Photo: အေးမြသာယာကျေးရွာနှင့် ကော့ကနိမ် ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်
Tuesday, July 29, 2014

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ခလောက်တရာ ကျေးရွာရှိ နာဂစ်ပြန်လည် ထူထောင်ရေး ကျေးရွာ ဖြစ်သည့် အေးမြသာယာ ကျေးရွာ တွင် System Engineering Group Co.ltd မှ ဆောက်လုပ် လှူဒါန်းထားသည့် (၄၀ပေ x ၂၀ပေ) သံဖရိန် ဘိလပ်မြေပြားကာ ငါးထပ်သားခင်း မူကြိုကျောင်း၏ သံဖရိန်ပါ ထုပ်တန်းများနှင့် (၃ x ၈)ပေ သွပ်ပြား ၁၀၀ ချပ် စုစုပေါင်း ဆုံးရှုံး တန်ဖိုးငွေ (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀း၁၀ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် ပေ ၁၀၀ခန့် အကွာသို့ အမိုးပိုင်းအုံလိုက် လေနှင့်အတူ လွင့်ပါသွားခဲ့ပါသည်။

ဆက်လက်၍ ည ၁၁း၃၀ နာရီခန့်တွင် တောကျောင်းကျေးရွာ အုပ်စု ကော့ကနိမ်ကျေးရွာတွင် ဓနိမိုး ထရံကာ အိမ် (၂) လုံး အနည်းငယ်ယိုင်၊ သွပ်မိုးထရံကာ အိမ်(၁)လုံး မှာ (၆)ပေသွပ် (၄၈)ချပ်ခန့် လွင့်စင်သွားခဲ့ပြီး အနောက်ကုန်း ကျေးရွာတွင် ဓနိမိုးထရံကာ အိမ်(၂)လုံးတွင် (၁)လုံး အနည်းငယ်ယိုင်နဲ့ပြီး ကျန်(၁)လုံးမှာ ပြိုကျခဲ့ကြောင်း သိရှိရသည်။

MOI Webportal
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ခလောက်တရာ ကျေးရွာရှိ နာဂစ်ပြန်လည် ထူထောင်ရေး ကျေးရွာ ဖြစ်သည့် အေးမြသာယာ ကျေးရွာ တွင် System Engineering Group Co.ltd မှ ဆောက်လုပ် လှူဒါန်းထားသည့် (၄၀ပေ x ၂၀ပေ) သံဖရိန် ဘိလပ်မြေပြားကာ ငါးထပ်သားခင်း မူကြိုကျောင်း၏ သံဖရိန်ပါ ထုပ်တန်းများနှင့် (၃ x ၈)ပေ သွပ်ပြား ၁၀၀ ချပ် စုစုပေါင်း ဆုံးရှုံး တန်ဖိုးငွေ (၁၀)သိန်းခန့် ဆုံးရှုံးခဲ့သည်။ ဇူလိုင်လ ၂၈ ရက်နေ့ည ၁၀း၁၀ နာရီတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် ပေ ၁၀၀ခန့် အကွာသို့ အမိုးပိုင်းအုံလိုက် လေနှင့်အတူ လွင့်ပါသွားခဲ့ပါသည်။

စည်းကမ်းဖောက်သည်ဆိုကာ နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ကျောင်းထုတ်ပယ်

နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ကျောင်းစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ အဆင့်ဆင့်ခေါ်ယူ သတိပေးမှုများ မလုပ်ဘဲ ကျောင်းသူကျောင်းသား ၁၁ ဦးကို ဆရာ၊ ဆရာမများ၏ ဆိုဆုံးမမှုကို မနာခံခြင်း၊ ကျောင်းကန်တင်းတွင် ဖဲဝိုင်းလောင်းကစားမှုပြုလုပ်ခြင်းစသည့် ကျောင်းစည်းကမ်းဖောက်ဖျက်သည့်ပြစ်မှု ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ ၂၀၁၃-၁၄ ခုနှစ် လက်ရှိစာသင်နှစ်တစ်နှစ်ကျအဖြစ် ဒုတိယပါမောက္ခချုပ် လက်မှတ်ဖြင့် ဇူလိုင် ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကို ကန့်သတ်သည့်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်သို့တင်သွင်း

စစ်ဘက်ရာထူးနှင့်အဆင့် အခေါ်အဝေါ်များသုံးစွဲခြင်းကိုကန့်သတ်သည့်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဇူလိုင် ၂၈ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့သည်။

PR စနစ် အခြေခံဥပဒေနှင့် ညီမညီ ဆုံးဖြတ်ရန်မှာ အခြေခံဥပဒေ ခုံရုံး၏ တာဝန်ဟု သူရဦးရွှေမန်း ပြောကြား

ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီမညီ ဆိုသည်ကို ဆုံးဖြတ်ရန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးတွင်သာ တာဝန်ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက PR စနစ် ကျင့်သုံးခြင်းသည် အခြေခံဥပဒေနှင့် မညီကြောင်း ဆွေးနွေး ပြောဆိုချက်နှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

အတန်းဖော်ကို သတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက်သည့် ဂျပန်ကျောင်းသူ အဖမ်းခံရ

ဂျပန်နိုင်ငံတွင် အတန်းဖော်တစ်ဦးကို သတ်ဖြတ်ပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြတ်တောက် လှီးဖြတ်ခဲ့သည့် ဆယ်ကျော်သက် ကျောင်းသူတစ်ဦးကို ရဲများက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
တောင်ပိုင်း နာဂါစကီရှိ ဆာဆီဘိုမြို့တွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဇူလိုင်(၂၇)ရက်တွင် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲများက အဆိုပါ မိန်းကလေးသည် အဖမ်းမခံရမီ တစ်ရက်က သူငယ်ချင်း မိန်းကလေး တစ်ဦးကို ရိုက်နှက်နှိပ်စက်ပြီး လည်ပင်းညှစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆုမရပေမယ့် ဉာဏ်စမ်းအဖြေကြောင့် ပရိသတ်သတိပြုခံရတဲ့ ဆွီတီကို

ဆုမရပေမယ့် ဉာဏ်စမ်းအဖြေကြောင့် ပရိသတ်သတိပြုခံရတဲ့ ဆွီတီကို
မယ်စကြ၀ဠာ(မြန်မာ) ပြိုင်ပွဲ ဆန်ခါတင်ငါးဦး၏ ဉာဏ်စမ်းမေးခွန်းဖြေဆိုသည့် အစီအစဉ်၌ ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားကြောင်း ဖြေဆိုခဲ့သဖြင့် ဆုတစ်ဆုမှမရခဲ့သော်လည်း ခါးနံပါတ်−လေး ဆွီတီကိုကို ပရိသတ် အများစုသတိပြုမိခဲ့ကြသည်။ ဆွီတီကိုကို ‘‘ဘ၀မှာ အထင်ကြီးလေးစားရတဲ့သူက ဘယ်သူလဲ၊ ဘာကြောင့်လဲ’’ ဟု မေးမြန်းခဲ့ခြင်းဖြစ်ပြီး ၎င်းက ၎င်း၏မိသားစုနှင့် ပတ်ဝန်းကျင်ကို ကောင်းကျိုးပြုသူ၊ တိုင်းပြည်ကို ကောင်းကျိုးပြုသူ အကုန်လုံးကိုလေးစားကြောင်း ဖြေဆိုခဲ့သည်။

နောက်ကြောင်းပြန်လှည့်မှုတွေ ရှောင်ကျဉ်ဖို့ ကုလ အရာရှိတိုက်တွန်း

Photo: နောက်ကြောင်းပြန်လှည့်မှုတွေ ရှောင်ကျဉ်ဖို့ ကုလ အရာရှိတိုက်တွန်း
Tuesday, July 29, 2014

မြန်မာအစိုးအနေနဲ့ လက်ရှိတိုးတက်ပြောင်းလဲမှုတွေကနေ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကျဉ်ဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ သူမရဲ့ တိုက်တွန်းချက်ကို အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။ ယန်ဟီလီက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ချီးမွမ်းတဲ့အနေနဲ့-
မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အစိုးရအဖွဲ့သစ်တစ်ခုကို အခြေချထူထောင်ခဲ့ပြီး ရှည်လျှားတဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီးပါပြီ။ 

အဲဒီကျော်ဖြတ်မှုတွေကို မုချ အသိအမှတ်ပြု၊ သြဘာပေးရမှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ တဆက်တည်းမှာပဲ အဲဒီ ဒီမိုကရေစီခရီးလမ်းကနေ နောက်ကြောင်းပြန်လှည့် သွားနိုင်တဲ့ လက္ခဏာတွေကို စိုးရိမ်ဖွယ် အခုမြင်တွေ့နေရပါတယ်။

အဲဒီအချက်တွေကို ပြန်လည်စစ်ဆေး သုံးသပ်မှု မပြုဖူးဆိုရင် မြန်မာအစိုးရလက်ရှိကြိုးပမ်းနေတဲ့ နိုင်ငံတကာအလယ်မှာ လူ့အခွင့်အရေးကို လေးစားတာဝန်ယူမှုရှိတဲ့နိုင်ငံတစ်ခုဖြစ်လာရေး ရည်မှန်းချက်တွေကို ထိခိုက်နိုင်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီလီက ဝေဖန်လိုက်ပါတယ်။

ဆက်လက်ပြီး မီဒီယာစာနယ်ဇင်းတွေအပေါ် ကြီးမားတဲ့ပြစ်ဒဏ်ပေးမှုအပါအဝင် အစိုးရရဲ့ လတ်တလော ဖိနှိပ်မှုတွေဟာ ယဉ်ကျေးတဲ့လူ့ဘောင် တစ်ခုဖြစ်တည်ရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ သူမက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
လွတ်လပ်စွာ ဆန္ဒသဘောထားဖေါ်ထုတ်ခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် မရှိမဖြစ်တဲ့လိုအပ်ချက်တွေပါ၊ အထူးသဖြင့် အဲဒီလို လွတ်လပ်ခွင့်တွေမရဖူးဆိုရင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်လာနိုင်မှာ မဟုတ်ပါဖူးလို့ Ms. Yanghee Lee က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ သူက မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေးမုန်းတီးမှုတွေ၊ ခွဲခြားနှိမ့်ချဆက်ဆံမှုတွေနဲ့ ရန်လိုမှုတွေပိုမိုကြီးမားအောင် မီဒီယာစာနယ်ဇင်းတွေ၊ ကွန်ပြူတာအင်တာနက်တွေက လှုံ့ဆော်ရေးသား ပြောဆိုနေကြတာတွေကို အထူးစိုးရိမ်ကြောင်းနဲ့ လူမှုအသိုင်းအဝန်းအပေါ် သြဇာတိက္ကမ ရှိသူတွေအနေနဲ့ ဒီလိုအမုန်းတရားပွားများအောင် လုပ်ဆောင်မှုတွေကို အတိအလင်း ထုတ်ဖေါ်ရှုံ့ချပြောဆိုသင့်ကြောင်း စသဖြင့်လည်း ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ထုတ်ဖေါ်ပြောကြား လိုက်ပါတယ်။

RFA
မြန်မာအစိုးအနေနဲ့ လက်ရှိတိုးတက်ပြောင်းလဲမှုတွေကနေ နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင်မှုတွေကို ရှောင်ကျဉ်ဖို့ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ၁ဝ ရက်ကြာသွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်က ဇူလိုင်လ ၂၈ ရက် မနေ့က ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ရာမှာ သူမရဲ့ တိုက်တွန်းချက်ကို အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။ ယန်ဟီလီက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုတွေကို ချီးမွမ်းတဲ့အနေနဲ့-
မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အစိုးရအဖွဲ့သစ်တစ်ခုကို အခြေချထူထောင်ခဲ့ပြီး ရှည်လျှားတဲ့ ခရီးတစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပြီးပါပြီ။ 

မန်စီမြို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့ ကောင်ရာရပ်ကွက်ရှိ မြို့နယ် တရား ရုံး ရှေ့ မျက်နှာ စာ၌ ဇူလိုင် ၂၇ ရက် ည ၁၁ နာရီခန့်က ဗုံးပေါက်ကွဲ မှုဖြစ်ပွား ခဲ့ရာ အမြင့် နှစ်ပေ၊ အကျယ် လေးပေ

မန္တလေး ပဋိပက္ခအစ အမှုလိမ်တိုင်သူဆိုသူ ရဲထွဋ် အပါအဝင် သုံးဦးကို ဖမ်းမိ

လူမှုကွန်ရက်ပေါ်တွင် သတင်းတစ်ပုဒ် ပျံ့နှံ့ခဲ့ရာမှတစ်ဆင့် မန္တလေးမြို့တော်တွင် ဇူလိုင်လဆန်းပိုင်းက လူသေဆုံးသည်အထိ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ ထိုပျံ့နှံ့ခဲ့သော အမှုနှင့် အခြားအမှုများကို လိမ်လည် တိုင်ကြားခဲ့သူဆိုသူ ရဲထွဋ် အပါအဝင် သုံးဦးကို ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖမ်းဆီးရမိထားပြီး ဖြစ်ကာ ၎င်းတို့ကို အမှုဖွင့် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လိင် အကြမ်းဖက် တိုက်ခိုက် ခံရမှုကို စစ်ဆေး နေစဉ် ဗြိတိန် တရားသူကြီး အိပ်ပျော် သွားခဲ့

ဗြိတိန်နိုင်ငံရှိ မန်ချက်စတာ ရာဇဝတ်တရားရုံး၌ အသက်မပြည့်သေးသူ ကလေးငယ်တစ်ဦး၏ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကို စစ်ဆေးနေစဉ်အတွင်း တရားသူကြီး ဖြစ်သူမှာ အိပ်ပျော်သွားခဲ့ခြင်း ကြောင့် အမှုစစ်ဆေးခြင်းကို ရပ်တန့်ခဲ့ရကြောင်း သိရသည်။ တရားခံအဖြစ် စွပ်စွဲခံထားရသည့် ဂျွန်ကွစ်လေး ကို တရားရုံးက ကြားနာစစ်ဆေးနေစဉ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်ခံရသူ ကလေးငယ်က ဗီဒီယိုမှတစ်ဆင့် သက်သေ အထောက်အထားများကို ပြောပြနေချိန်တွင် တရားသူကြီးဖြစ်သူ ဖိလစ်ကက် တန်မှာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေများက ပြောကြား ခဲ့သည်။

ပီအာရ်ကို လက်တွေ့ကျင့်သုံးပါက စည်းလုံးမှု ထိပါးစေနိုင်သဖြင့် ကျင့်သုံးရန်မသင့်ဟု တပ်ကိုယ်စားလှယ်ပြော

လက်ရှိတိုင်းပြည် အခြေအနေသည် တည်ငြိမ်မှု သာရှိပြီး လုံခြုံရေးမရှိသေးခြင်း၊ လွှတ်တော်တွင် အချိုးကျကိုယ် စားပြုစနစ်(PR) ကို ဆွေးနွေးနေ စဉ်ပင် အချေအတင်အငြင်းပွားမှု များဖြစ်ပေါ်နေပြီး လက်တွေ့ကျင့်သုံးပါက စည်းလုံးညီညွတ်မှု ထိ ပါးစေနိုင်ခြင်းအစရှိသည့် အချက် များကြောင့် လက်ရှိအချိန်တွင် အထက်ပါ ပီအာရ်စနစ်ကို အသုံး ပြုရန် မသင့်သေးကြောင်း ပြည်သူ့ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဋ္ဌေး နိုင်ကပြောသည်။

မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးအား ဖမ်းဆီးရမိ

Photo: မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုဟု လီဆယ်တိုင်ကြားသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးအား ဖမ်းဆီးရမိ
Tuesday, July 29, 2014

ဇူလိုင်လဆန်းကဖြစ်ပွားခဲ့သော မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုကို လီဆယ်တိုင်တန်းသူနှင့် နောက်ကွယ်မှ အားပေးအားမြှောက်ပြုသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးဖြစ်သူ မဟေမာကျော်နှင့် ဒေါ်မာလာတို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြ၀တီလ၀ကမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ ရက်က မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ မြ၀တီသို့လ၀ကမှတစ်ဆင့် လွှဲပြောင်းပေးခဲ့ပြီးနောက် ဇူလိုင် ၂၇ ရက်နံနက်တွင် ဟေမာကျော်နှင့် ဒေါ်မာလာတို့ကို မန္တလေးခရိုင်၊ ပြင်ဦးလွင်မြို့နယ်သို့ လွှဲပြောင်းပေးခဲ့ပြီး ရဲထွဋ်ကို ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

"သုံးယောက်လုံးကို ဟိုဘက်ကမ်းမှာမိတာပါ။ နောက်ရက်မှာ ချက်ချင်းပဲ ဟေမာကျော်နဲ့ ဒေါ်မာလာကို မန္တလေးလွှဲပေးလိုက်ပါပြီ။ ရဲထွဋ်ကိုတော့ ရန်ကုန်ကိုပို့လိုက်တယ်။ တာဝန်ရှိသူတွေစစ်ဆေးဖို့ လိုအပ်လို့နေမှာပါ။ ကျန်တာတော့ မသိပါဘူး" ဟု တာဝန်ကျရဲအရာရှိတစ်ဦးက The Daily Eleven ကို ပြန်လည်ဖြေကြားသည်။

မန္တလေးဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာ စတင်ဖြစ်ပွားသည့် ၂၈ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖီး လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဆန်းမောင်နှင့် ဦးနေ၀င်းညီအစ်ကိုမှ ဆိုင်ဝန်ထမ်းမစိုးစိုးကို နေပြည်တော်ရှိ လက်ဖက်ရည်ဆိုင်သစ်တွင် အလုပ်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားပြီး ပျဉ်းမနားတောင်ညို ကားလမ်းနံဘေးတွင် ညီအစ်ကိုနှစ်ဦးစလုံးက သားမယားအဖြစ်ပြုကျင့်ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ပျဉ်းမနားမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပြီး ယင်းတိုင်တန်းမှုသည် လီဆယ်တိုင်တန်းမှုဖြစ်ကြောင်း ဇူလိုင် ၁၉ ရက် ညပိုင်းက နိုင်ငံပိုင်မီဒီယာများမှ ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းအပြင် လီဆယ်တိုင်ကြားသူ မစိုးစိုး၏အမည်ရင်းမှာ ဖြူဖြူမင်း (ခ) ကတုံးမဖြစ်ပြီး ၎င်းကိုမုဒိမ်းကျင့်သည်ဟု တိုင်ကြားခံရသည့် ဆန်းကဖီးပိုင်ရှင်ညီအစ်ကိုနှစ်ဦးထံတွင် အလုပ်လုပ်ကိုင်ဖူးခြင်းမရှိကြောင်း၊ ဆေးစစ်ချက်များအရ အဓမ္မပြုကျင့်ခံရသည့် လက္ခဏာမရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် လိမ်လည်တိုင်ကြားသူ ဖြူဖြူမင်း (ခ) ကတုံးမနှင့် ညွှန်ကြားသူ နုနုမြတ်တို့ကိုဖမ်းမိခဲ့ပြီး သူမတိုင်ကြားထားသော မုဒိမ်းမှုကိုပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင်နေသူ ရဲထွဋ် (ခ) သူရရဲထွဋ်၊ ဟေမာကျော်နှင့် ဒေါ်မာလာတို့ကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာမှ ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

"ဟေမာကျော်နဲ့ ဒေါ်မာလာတို့ကို မန္တလေး၊ ပြင်ဦးလွင်ခရိုင်မှာ အမှုဖွင့်ထားလို့ လွှဲပေးတာတော့သိတယ်။ ရဲထွဋ်ကတော့ မရောက်လာသေးတော့မသိဘူး။ ဟေမာကျော်တို့ကို လိမ်လည်မှုရယ်၊ တရားရုံးမထီမဲ့မြင်မှုတွေနဲ့ ဖွင့်ထားတာရှိတယ်။ ရဲထွဋ်ကိုတော့ စစ်ဆေးထွက်ချက်ပေါ်မှာမူတည်ပြီး ပုဒ်မတွေထပ်တက်လာမှာပေါ့" ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီးတစ်ဦးကဆိုသည်။

MJN ရုံးခန်းတွင် မဟေမာကျော်နှင့် ဒေါ်မာလာတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြစဉ်
Eleven Media Group
ဇူလိုင်လဆန်းကဖြစ်ပွားခဲ့သော မန္တလေးဆူပူမှုဖြစ်စေရန် စတင်ခဲ့သည့် မုဒိမ်းမှုကို လီဆယ်တိုင်တန်းသူနှင့် နောက်ကွယ်မှ အားပေးအားမြှောက်ပြုသူ ရဲထွဋ်နှင့် အပေါင်းပါနှစ်ဦးဖြစ်သူ မဟေမာကျော်နှင့် ဒေါ်မာလာတို့ကို ထိုင်းနိုင်ငံ၊ မဲဆောက်တွင် ဖမ်းဆီးရမိခဲ့ပြီး မြ၀တီလ၀ကမှတစ်ဆင့် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်မှအခြားအဆင့်ဖြင့် သက်ပြည့်ပင်စင်ယူသွားသူများအား လုပ်သက်ဆုကြေးဖြင့် ခုနှိမ်၍ အိမ်ရာများစီစဉ်ပေးမည်

၂၀၀၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ ၁၀နှစ်တာကာ လအတွင်း တပ်မတော်တွင်အခြားအဆင့်ဖြင့် တာဝန်ထမ်း ဆောင်ကာ သက်ပြည့်ပင်စင်ယူခဲ့ သည့် တပ်မတော်သားများအ တွက် အငြိမ်းစားလုပ်သက်ဆု ကြေးမှ ခုနှိမ်၍ ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေးအတွက် အထပ် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်းသတင်းရရှိသည်။

ဆရာ၊ဆရာမများ ကျူရှင်မသင်ရန် အခြေခံပညာ(၃) ညွှန်ကြားချက် ထပ်မံထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများကျူရှင် သင်ကြားခြင်းမပြုရန်နှင့် တိုင် ကြားပါက ထိထိရောက်ရောက်အ ရေးယူ ဆောင်ရွက်မည်ဖြစ် ကြောင်း အမှတ်(၃)အခြေခံပညာ ဦးစီးဌာနက ဇူလိုင် ၁၇ ရက်တွင် ညွှန်ကြားချက် ထပ်မံထုတ်ပြန် ထားကြောင်းသတင်းရရှိသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ဒေသအချို့နေရာကွက်မိုးကြီးနိုင်

Photo: ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် ဒေသအချို့နေရာကွက်မိုးကြီးနိုင်
Tuesday, July 29, 2014

ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင်လအတွင်း သုံးကြိမ် မြောက်လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေအား ကောင်းနေသောကြောင့် ဒေသ အချို့နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးကပြောသည်။

‘‘လေဖိအားနည်းရပ်ဝန်းက ကုန်းတစ်ဝက်၊ ရေတစ်ဝက်အနေ အထားနဲ့ အိန္ဒိယကမ်းရိုးတန်း ဘက်ကိုတော့ ရွေ့နေတယ်။ မြန် မာနိုင်ငံအတွက်တော့ နေရာကွက်ပြီး မိုးကြီးမယ့်အန္တရာယ်ရှိနေသေး တယ်’’ဟု ဦးကျော်မိုးဦးက ပြော သည်။

နေရာကွက်၍ မိုးကြီးမည့် အန္တရာယ်ရှိသော ဒေသများအ ဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုး/ဇလဌာနက သတိပေးထား သည်။ ထို့အပြင် မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက် လေပြင်းကျရောက်နိုင်ပြီး လေ တိုက်နှုန်း တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင် ကြောင်း သတင်းထုတ်ပြန်ထား သည်။

ယခုရက်ပိုင်းအတွင်း ဒေသ အနှံ့မိုးသည်းထန်စွာ ရွာသွန်းနေ သောကြောင့် ဧရာဝတီ၊ စစ် တောင်း၊ သံလွင်နှင့် ချင်းတွင်း မြစ်တို့တွင် မြစ်ရေတက်လာပြီး ဘားအံ့မြို့တွင် သံလွင်မြစ်၏ စိုး ရိမ်ရေမှတ်အထက်သို့ ရောက်ရှိ နေကြောင်း မိုး/ဇလဌာနမှ သတင်းရရှိသည်။

7Day Daily
ဘင်္ဂလားပင်လယ်အော် တွင် ဇူလိုင်လအတွင်း သုံးကြိမ် မြောက်လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး မုတ်သုံလေအား ကောင်းနေသောကြောင့် ဒေသ အချို့နေရာကွက်၍ မိုးကြီးနိုင် သေးကြောင်း မိုး/ဇလဌာန ဒုတိ ယညွှန်ကြားရေးမှူးချုပ် ဦးကျော် မိုးဦးကပြောသည်။

ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ်ဆိုတဲ့ ဖူးပွင့်သခင်

Photo: ပြိုင်ဆိုင်မှုတွေကြောင့် ကြိုးစားချင်စိတ်တွေ ဒီဂရီမြင့်တက်ခဲ့ပါတယ်ဆိုတဲ့ ဖူးပွင့်သခင်
Monday, July 28, 2014

အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း  မာန်ထက်ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယိုကားဖြစ်တဲ့ ယောက်ဖတောင်ကိုကျော် ယောက္ခမပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီကားအကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေးဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။ ညီမရည်းစားထားတာကို သိတော့ လိုက်ပြီးပြသနာရှာလို့ထွက်ပြေးရတာပေါ့။ အပျော်ဟာသလေးပါပဲ။ ဟာသက ညီမရိုက်တာ နည်းတယ်။ ပဲပြုတ်နံပြားရယ်၊ နောက်တစ်ကားက small ဆွဲသူများတဲ့၊ နောက် ဒီကားပေါ့။ မထွက်သေးတဲ့ဟာသက ကိုကျော်ကျော်ဗိုနဲ့ ၂ကားရှိသေးတယ်။ နှစ်ကိုယ်ခွဲရယ်၊ အာဒံဖွက်ခဲ့တဲ့ ပဟေဠိ ရယ်၊ ပေါ့။ ဟာသကတော့ နဲနဲခက်တယ်။ စီနီယာတွေလဲပြောကြတယ်။  ငိုအောင်လုပ်ရတာက လွယ်တယ်။ ရယ်အောင်လုပ်ရတာက ခက်တယ်တဲ့။ ဟာသက ခက်တယ်ပေါ့။ ဒါပေမဲ့ ကာရိုက်တာမျိုးစုံကတော့ ခက်တာပေါ့နော်။ ပျော်စရာပဲဖြစ်ဖြစ် ငိုစရာပဲဖြစ်ဖြစ် အားလုံးကခက်တာပါပဲ။ ညီမလဲအသစ်တစ်ယောက်ဖြစ်တဲ့တွက် တတ်နိုင်သလောက် ညီမကြိုးစားထားပါတယ်”တဲ့။

အနုပညာသက်တမ်း၂နှစ်ဆိုတဲ့အတိုင်းအတာမှာ သူမရဲ့အတွေ့အကြုံများက ပြိုင်ဆိုင်မှုတွေလဲရှိခဲ့ပါတယ်။ အဲ့ပြိုင်ဆိုင်မှုကြောင့်လဲ တိုးတက်မှုတွေရှိလာတယ်လို့ဆိုတဲ့ သူမက “ ကျောင်းမှာကတည်းက ညီမက အမြဲအပြိုင်ခံရတယ်။ ကျောင်းမှာဆို ညီမက အမြဲအဆင့်၁ ရတယ်။ အဆင့် ၁ရတဲ့ခါကျတော့ ဆရာမတွေကိုပဲ ဖားလို့ရသလိုလို အဲလိုပေါ့နော်။ ပြိုင်ဆိုင်မှုဆိုတာ ညီမငယ်ငယ်ကတည်းက ခံလာရတဲ့ ဒဏ်ပါပဲ။ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ညီမဘယ်သူ့ကိုမှ မပြိုင်ခဲ့ဖူးဘူး။ ညီမဖက်ကတော့ အတတ်နိုင်ဆုံး ရယ်ထားပါတယ်။ ကိုယ်မပြိုင်ဘူး။ ကိုယ်ပြိုင်တဲ့သူကလဲ ဖူးပွင့်သခင်ပဲဖြစ်ရမယ်ဆိုတဲ့စိတ်ကို သွင်းထားတယ်။ ညီမက ဘယ်လိုစိတ်သွင်းထားလဲဆိုတော့ သူတို့အဲ့လိုပြိုင်တဲ့တွက် ညီမ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်သွင်းထားတယ်။ ဒီအနုပညာလမ်းမှာ လျှောက်နေရင်းနဲ့ တခါတလေ ချော်လဲတာရှိမယ် မရယ်။ ဘ၀ဒဏ်ပေါ့။ ဆွဲထူမဲ့သူမရှိရင် ကိုယ့်ဟာကိုယ် ထရတယ်။ အဲ့အခါကျတော့ သူတို့ရဲ့ပြိုင်ဆိုင်မှုတွေက အားအင်တွေဖြစ်တဲ့ပြင် ကြိုးစားချင်စိတ်တွေပေါ်လာတဲ့တွက် သူတို့ကို ကျေးဇူးတင်ပါတယ်”လို့ပြောပြပေးခဲ့ပါတယ်။

ခင်ဆွေသက်
Trend Myanmar
အကယ်ဒမီ ဗန်းကိုင်မှတစ်ဆင့် သူမရဲ့ အနုပညာတွေ အရှိန်အဟုန်ပြင်းစွာ စတင်လာပြီး ခုဆိုရင် ထုတ်လုပ်ရေးတော်တော်များများနဲ့ စာချုပ်ချုပ်ကာ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖူးပွင့်သခင်ဟာ ခုလည်း မာန်ထက် ချီတိုက်နဲ့ ၅ကားမြောက် ဗီဒီယိုကားဖြစ်တဲ့ ယောက်ဖတောင်ကိုကျော် ယောက္ခမပင်လယ်ကိုဖြတ်မည်ဆိုတဲ့ ကားမှာ မင်းသားက ဟိန်းဝေယံနဲ့အတူ သရုပ်ဆောင်နေပါတယ်။ ဒီကားအကြောင်းကို သူမက “ဒီကားက အိမ်ထောင်ရေး ဇာတ်မဟုတ်ဘူး။ ချစ်သူဇာတ်ပေါ့နော်။

၂၀၁၄-၁၅ ရာသီ အီတလီစီးရီးအေပွဲစဉ်ဇယား ထုတ်ပြန် ၊ သြဂုတ်(၃၀)တွင် စတင်ပြီး မေ(၃၁)တွင် အဆုံးသတ်မည်

Photo: ၂၀၁၄-၁၅ ရာသီ အီတလီစီးရီးအေပွဲစဉ်ဇယား ထုတ်ပြန် ၊ သြဂုတ်(၃၀)တွင် စတင်ပြီး မေ(၃၁)တွင် အဆုံးသတ်မည်
Tuesday,July 29, 2014 

အီတလီစီးရီးအေလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများသည် ၂ဝ၁၄-၁၅ ဘောလုံးရာသီအတွက် စီးရီးအေပွဲစဉ်ဇယားကို ပြီးခဲ့သည့် တနင်္လာနေ့က ရေးဆွဲထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ပွဲစဉ်ဇယားအရ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ချီယေဗိုအသင်းနှင့် အဝေးကွင်းပွဲ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်(၃)တွင် အေစီမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စီးရီးအေပြိုင်ပွဲမှာ စပိန်လာလီဂါနည်းတူ ပွဲစဉ်(၁၉)အထိသာ ရေးဆွဲခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို ပထမအကျော့အတိုင်း အိမ်၊ အဝေးပြောင်းလဲကာ ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ စီးရီးအေအဖွင့်ပွဲစဉ်ကို ဩဂုတ်လ(၃ဝ) ရက်နေ့တွင် စတင်သွားမည်ဖြစ်ပြီး ရာသီပိတ် နောက်ဆုံးပွဲစဉ်ကို မေလ(၃၁)ရက်နေ့တွင် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ အဖွင့်ပွဲစဉ်(၁)တွင် ချီယေဗိုနှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့ရမည့်နည်းတူ အေစီမီလန်နှင့် လာဇီယို၊ ရိုးမားနှင့် ဖီအိုရင်တီးနားတို့ ဆုံတွေ့နေသည့်အတွက် ပွဲကောင်းများဖြင့် စတင်ဖွင့်လှစ်မည့် အနေအထားရှိနေသည့်အပြင် ယင်းပွဲစဉ်အတိုင်း နောက်ဆုံးပွဲစဉ်(၃၈)တွင်လည်း ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည့်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်၊ ယူရိုပါလိဂ်ဝင်ခွင့်များအတွက် နောက်ဆုံးပွဲအထိ စောင့်ကြည့်ရနိုင်သည့် အခြေအနေဖြစ်နေကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်လာခဲ့သည်။

Eleven Media Group
အီတလီစီးရီးအေလိဂ်ပြိုင်ပွဲ တာဝန်ရှိသူများသည် ၂ဝ၁၄-၁၅ ဘောလုံးရာသီအတွက် စီးရီးအေပွဲစဉ်ဇယားကို ပြီးခဲ့သည့် တနင်္လာနေ့က ရေးဆွဲထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ပွဲစဉ်ဇယားအရ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် အဖွင့်ပွဲစဉ်အဖြစ် ချီယေဗိုအသင်းနှင့် အဝေးကွင်းပွဲ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပွဲစဉ်(၃)တွင် အေစီမီလန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ စီးရီးအေပြိုင်ပွဲမှာ စပိန်လာလီဂါနည်းတူ ပွဲစဉ်(၁၉)အထိသာ ရေးဆွဲခြင်းဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်များကို