ဘန်ကောက် - စစ်တပ်ကို အာခံကာ ဆန္ဒပြမည်ဟု ခြိမ်းခြောက်ထားသော
အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် ဆန္ဒပြသူများကို တားဆီးရန် အာဏာပိုင်များက
ကြိုးစားကာ ဇွန်လ ၁ ရက်တွင် ဘန်ကောက်မြို့တစ်ဝန်း ရဲတပ်ဖွဲ့များနှင့် စစ်သားအင်အား ၆၀၀၀ ခန့်ချထားသည်ဟု ထိုင်းအရာရှိတစ်ဦးက ပြောသည်။
မေလ ၂၂ ရက်က အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်
ဘန်ကောက်မြို့တွင် ဆန္ဒပြပွဲအသေးစားများ နေ့စဉ် နေ့တိုင်း ဖြစ်ပွားခဲ့သည်။
ဆန္ဒပြသူများမှာ ၎င်းတို့၏ မိသားစုဝင်များပင်ဖြစ်စေ တင်းကျပ်သည့်
စစ်ဥပဒေများဖြင့် အပြစ်ပေးခံရမည်ဟု စစ်ဘက်ဆိုင်ရာ အကြီးအကဲ
ပရာယွတ်ချန်အိုချာက သတိပေးထားသည်။ သို့သော် ဆန္ဒပြသူများစွာကို
ဖမ်းဆီးခြင်းသာ ရှိပြီး အင်အားသုံး နှိမ်နင်းခြင်း မရှိခဲ့ကြောင်း သိရသည်။
Sunday, June 1, 2014
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ကြောင်း မြန်မာအစိုးရ သတင်းထုတ်ပြန်
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန် ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ များနှင့်ပတ်သက်၍
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက
မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါး လျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေး တို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆော င်ရွက်သွားမည်ဟုဖော်ပြထားသည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ
မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့ နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ ၏ မူဝါဒအရ ပြဿနာကို သံတမန်နည်းဖြင့် အေးချမ်းစွာဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခ
တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အလုပ်သမားများ စက်ရုံထဲသို့ ၀င်ခွင့်မရဘဲ ဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်ရပြီး စားဝတ်နေရေးအတွက် အခက်အခဲများ ဖြစ်ပေါ်
ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံမှ အလုပ်သမား မေ ၂၇ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် |
ကျူးကျော်လာသော ရန်သူကို ပြန်လည်တုံ့ပြန်ရန် အင်အားအပြည့်အ၀ရှိဟု တာဝန်ရှိသူတစ်ဦးပြော
မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ−ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ကင်းလှည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − HlaOo's Blog) |
ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင် ၁၀မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်
ဇွန် ၁ ရက် နံနက် ၁၂ နာရီ ဝ၁ မိနစ် ၄၈ စက္ကန့်အချိန်၌ ရန်ကုန်မြို့အနီး တွံတေးမြို့ အနောက်တောင်ဘက် ၁ဝ မိုင်ခန့်အကွာ ကမ္ဘာအေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် ၂၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာ စကေး ၄ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့သည်။
အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် တွံတေးမြို့နှင့် အနီးတစ်ဝိုက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအချို့န
မြေငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက“ငလျင်လှုပ်ခတ်ခ
ဖွဲ့စည်းပုံပြင်ဆင်ရေးပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများကို စောင့်ကြည့်လေ့လာနေသည်ဟု ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ပြောကြား
ရန်ကုန်မြို့ ယုဇနပလာဇာ၌ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ရေးထိုးနေသူများကို မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်) |
မြန်မာ့ဒီမိုကရေစီအရေး ကန်အခိုင်အမာအားပေး
အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၁၃) ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံမှာ တွေ့ရစဉ်။ |
Subscribe to:
Posts (Atom)