Thursday, January 10, 2013

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ဆွေးနွေးပွဲတွင် KIA ပါဝင်မည်

အစိုးရနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့ ၂၀၁၃ ခုနှစ် အတွင်း ပြု လုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပါဝင် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ၎င်းတို့ ရုံးခန်း၌ပြုလုပ်သော လိုင်ဇာခရီးစဉ်ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကချင်ပြည်မှ KIA ကိုမုန်းတာ တိုင်းလိုင်(ရှမ်းနီ) လူမျိုးချည်းပဲမဟုတ်ပါ


        
  ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ရှမ်းနီပါတီအနေနဲ့ KIA ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ဖော်ထုတ် ကန့်ကွက်ထားတာတွေ့ရပါတယ်။ စာဖတ်တဲ့သူများအနေနဲ့ ရှမ်းနီလူမျိုးတွေပဲ ဒီဒုက္ခကိုခံစား နေရတာလို့ ယူဆနေမှာစိုးလို့ ဒီစာကိုရေးလိုက်တာပါ။ ရှမ်းနီပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့ အချက်တွေ အားလုံးလိုလိုဟာ ကျွန်တော်တို့ကချင်ဒေသမှာနေထိုင်နေတဲ့ တိုင်းရင်းသားတွေ

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသ၀ဏ်လွှာ ပေးပို့

 

လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်း နောင်လာမည့်နှစ်များတွင် ပိုမိုကောင်းမွန်သော စီမံခန့်ခွဲ မှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့သည့် ၂၀၁၃ ခုနှစ်၊ နှစ်သစ် ကူးသ၀ဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။

KIA သည် ကချင်လူထုအား ကိုယ်စားမပြုကြောင်း ဒေသခံများမှ ပြောဆို


     
  KIA အဖွဲ့သည် ကချင်လူထုအား ကိုယ်စားမပြုကြောင်း ကချင်ပြည်နယ်မှ လွတ်တော်အမတ် ဦးဇခုန်တိန့်ယိမ်းမှ ပြောဆိုခဲ့ပါသည်။ ဦးဇခုန်တိန့်ယိမ်းမှ KIA သည် ကချင်တိုင်းရင်းသား များ ပင်ဖြစ်ကြောင်း၊ သို့သော် KIA ၏ ငြိမ်းချမ်းရေးသဘောတူချက်များကို စတင်ဖောက်ဖျက်မှုကြောင်း စစ်ပွဲဖြစ်ပွားချိန်တွင် ကချင်ပြည်သူများ ဒုက္ခရောက်နေကြကြောင်း၊ အစိုးရမှ ကမ်းလှမ်းသော ငြိမ်းချမ်းရေး ကို လက်မခံသည်မှာ မည်သည့်အကြောင်းကြောင့် မသိကြောင်း၊ ကချင်လူထုအား ကိုယ်စားပြုပါက ကချင်ပြည်နယ်တစ်ခုလုံးမှ လိုလားနေသော ငြိမ်းချမ်းရေးရရှိအောင် တွေ့ဆုံဆွေးနွေးရမှာဖြစ်ကြောင်း၊ KIA အဖွဲ့အနေဖြင့် ဂျိန်းဖော လူမျိုးများမှအပ ကျန်ကချင်လူမျိုးများအား ခွဲခြားဆက်ဆံနေကြောင်း၊ ယခင် က ကျေးရွာများအား ဗမာစစ်သားလာပြီး သတ်ဖြတ်မည်ပြောဆိုကာ ဖျက်ခိုင်းကြောင်း၊ ယခုအခါ တွင် ကျေးရွာများအား ဖျက်ခိုင်း သည်ထက် ရွာရှိ အရွယ်ကောင်းယောင်္ကျား/ မိန်းမ မရွေးဖမ်း ဆီး ခေါ်ဆောင်နေကြောင်း၊ ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း၊ ၄င်းတို့အား လူသစ် အဖြစ် စုဆောင်းကာ ရှေ့တန်းစခန်းများတွင် အသေခံခိုင်း နေကြကြောင်း ပြောကြားခဲ့ပါသည်။ 

ဗကသတို့ ဂွင်ဖန်ပြန်ပြီ


 
ဇန်နဝါရီလ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ရှိ သံလျင်နည်းပညာ တက္က သိုလ် ရှေ့မှာ ဗကသ အဖွဲ့မှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ အဆိုပါဖြန့်ဝေမှုနှင့် ပတ်သက် ၍ ကျောင်းရှိ တာဝန်ရှိသူများမှ တားဆီးခဲ့ရာ ဗကသအဖွဲ့နှင့် ကျောင်းလုံခြုံရေး အဖွဲ့များအကြား စကား အချေအတင် ဖြစ် ပွားခဲ့သည်။ ဗကသအဖွဲ့၏ စာဖြန့်ဝေမှုကြောင့် ကျောင်းသားများ ကျောင်းတက်ချိန် ထိခိုက်သဖြင့် လုံခြုံရေး အဖွဲ့မှ တားဆီးရာ ဗကသအဖွဲ့၏ မချေမငံ ပြောဆိုမှုများကြောင့် စကားအချေ အတင် ဖြစ်ပွားရခြင်း ဖြစ်သည်။ ကျောင်းလုံခြုံရေးအဖွဲ့မှ ဗကသ ကျောင်းသားများ၏ ကျောင်းသားကဒ်အ ချို့နှင့် ဖုန်းများအား သိမ်းဆည်း ပြီး ညနေပိုင်းတွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အရှေ့ မြောက်ဖက် ဒေသ (သီဖွေမြို့နယ်၊ ဆော့လ်ာမန် မြို့နယ်၊အင်ဂျန်းယာန် မြို့နယ်) မဲဆန္ဒ နယ် အမှတ်(၄) မှ တသီးပုဂ္ဂလ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန်းယိန်း ဧ။် KIA အပေါ် သဘောထားမှတ်ချက်


ကျွန်တော်တို့ သဘောထားကတော့ KIA ဆိုတာလည်း ကျွန်တော်တို့ တိုင်းရင်းသားပဲလေ ပြည်ထောင် စုမြန် မာနိုင်ငံရဲ့ တိုင်းရင်းသားပါပဲ သို့သော်လည်း အံ့သြနေတာက သူတို့က နိုင်ငံတော်နဲ့ ဆွေးနွေးမှ ရမယ့်ဟာကို နိုင်ငံတော်နဲ့ ဆွေးနွေးရမယ်လေ၊ နိုင်ငံတော်နဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး သမားတွေ နဲ့ ဆွေးနွေး ရမယ်လေ ထင်သာမြင်သာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရမယ်။ ပြည်သူတွေ လည်း ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး နားမထောင်ဘူးဆိုတော့ သူတို့ တော်တော် ဆိုးနေတယ်လို့ ပြောရမှာပေါ့ ပြည် သူတွေက သိပ်ခံနေရပြီ။ ကချင်ဒေသမှာရှိတဲ့

i'm Watch စမတ်နာရီ ပြသ

Photo: i'm Watch စမတ်နာရီ ပြသ
Thursday, January 10, 2013

ယမန်နှစ် ၂၀၁၂ ခုနှစ် CES တုန်းက ဒီဂျစ်တယ် နာရီအဆင့်လောက်ပဲ 
ရှိတဲ့ i'm Watch ကနေ ယခု ကိုယ်ပိုင် OS နဲ့ စမတ်နာရီ i'm Watch ကို ပြသလိုက်ပြီ ဖြစ်ပါတယ်။

Android OS 2.0 ကို အခြေခံပြီး မွမ်းမံရေးဆွဲထားတဲ့ Droid 2 OS ကို အသုံးပြု ထားပါတယ်။ ပုံမှာ မြင်တွေ့တဲ့အတိုင်း၊ Facebook, Message, Game တို့လို Function များလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘယ်လို ဖုန်းအမျိုးအစားနဲ့ မဆို သုံးလို့ရမှာ ဖြစ်ပြီး Bluetooth ပါ၊ Wi-fi ပါတဲ့ နာရီ ဖြစ်ပါတယ်။

ဒါကြောင့် အင်တာနက် ဆိုရှယ်နတ်ဝေါခ့် ကိုလည်း အသုံးပြုလို့ ရပြီး ဖုန်း Message လည်းရိုက်နိုင်၊ ပို့နိုင်၊ ဖတ်နိုင်ပါတယ်။ ကင်မရာတောင် ထပ်မံ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း သာမန် နာရီတစ်လုံးလိုပဲ အလေးချိန်ကိုလည်း နာနိုနည်းပညာကြောင့် အများကြီး လျော့ချ ထားပါတယ်။ LES ရောင်စုံ မျက်နှာပြင်နဲ့ လှပနေတဲ့ i'm Watch ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal
ယမန်နှစ် ၂၀၁၂ ခုနှစ် CES တုန်းက ဒီဂျစ်တယ် နာရီအဆင့်လောက်ပဲ
ရှိတဲ့ i'm Watch ကနေ ယခု ကိုယ်ပိုင် OS နဲ့ စမတ်နာရီ i'm Watch ကို ပြသလိုက်ပြီ ဖြစ်ပါတယ်။
Android OS 2.0 ကို အခြေခံပြီး မွမ်းမံရေးဆွဲထားတဲ့ Droid 2 OS ကို အသုံးပြု ထားပါတယ်။ ပုံမှာ မြင်တွေ့တဲ့အတိုင်း၊ Facebook, Message, Game တို့လို Function များလည်း အသုံးပြုနိုင် မှာ ဖြစ်ပါ တယ်။ ဘယ်လို ဖုန်းအမျိုးအစားနဲ့ မဆို သုံးလို့ရမှာ ဖြစ်ပြီး Bluetooth ပါ၊ Wi-fi ပါတဲ့ နာရီ ဖြစ်ပါတယ်။

ရထားလမ်း မိုင်းခွဲမှု အပေါ် ဖြစ်စဉ် အသေးစိတ်

ရထားလမ်း မိုင်းခွဲမှု အပေါ် ဖြစ်စဉ် အသေးစိတ် (စိတ်မ၀င်စားသူများ မဖတ်ရ)

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး
မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ
မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA
ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့
ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့
ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင်
ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား
ဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရသွားတဲ့သူကတော့ နွားတွေကို
ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။

ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀ခန့်ဘယ်ညာကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။ 

၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊
ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့
ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊
မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို
ပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက် ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ 
တမင်ရည်ရွယ်ချက်နဲ့ ထိခိုက်အောင်လုပ်လာနေတာကြောင့်
 အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက
 ပြောကြားနေတယ်လို့ သတင်းရရှိပါတယ်။
 ဓာတ်ပုံများရရှိက KIA
ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွားပါမယ်။

သတင်းထောက် Nay Min 

Photo Credit:Google

မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး
မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေမြစ်ကြီးနား ဘက် ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIAကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့ရထားတွဲကို မိုင်း ထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။

အေ ရှ့ေ တာင် အာရှ မြား ပစ်ပြိုင် ပွဲ နေပြည်ေ တာ် တွင် ကျင်းပ

Photo: အရှေ့တောင် အာရှ မြားပစ်ပြိုင်ပွဲ နေပြည်တော်တွင် ကျင်းပ
Thursday, January 10, 2013

ငါးကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြှားပစ် အဖွဲ့ချုပ်မှ သိရှိရသည်။

အဆိုပါ အရှေ့တောင်အရှ မြားပစ်ပြိုင်ပွဲကို ယနေ့မှ စ၍ ၅ ရက်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံရှိကြောင်းနှင့် လာရောက်ယှဉ်ပြိုင်သည့်များမှာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း သိရသည်။

“အရှေ့တောင်အာရှမှာ နိုင်ငံ ၉ နိုင်ငံပဲ မြားပစ်အဖွဲ့ချုပ်ရှိတယ်။ အဲဒီထဲမှာ လာအိုနဲ့ အရှေ့တီမောက အဖြစ်ပဲရှိတယ်။ အင်အားနည်းတယ်ပေါ့။ ၇ နိုင်ငံက အင်အားကြီးတယ်။ အဲဒီထဲမှာ ၆ နိုင်ငံပြိုင်တယ် ဆိုတော့
နိုင်ငံစုံတယ်လို့ ပြောလို့ရပါတယ်။ လာမပြိုင်တဲ့ နိုင်ငံက ဖိလစ်ပိုင်ပါ။” ဟု မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်မှ ဒေါက်တာ မြတ်သူရစိုးက ပြောကြားသည်။

ဘရူနိုင်းနိုင်ငံ အစိုးရက မြားပစ်အားကစားနည်းသည် အသံတိတ်လက်နက် တစ်မျိုးဖြစ်သည့်အတွက် နိုင်ငံတော် လုံခြုံရေးအရ အဆိုပါအားကစားနည်း ကို ကျင်းပခွင့် မပေးကြောင်း ဒေါက်တာ မြတ်သူရစိုးက ရှင်းပြသည်။

ယခု ပြိုင်ပွဲသည် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အကြိုပြိုင်ပွဲဖြစ်သည့်အတွက် လာရောက်ယှဉ်ပြိုင်သော
နိုင်ငံများမှ ကစားသမားကောင်းများ စေလွှတ်ခဲ့ကြောင်း ထပ်မံသိရသည်။

“ကျွန်တော်တို့က ဆီးဂိမ်းအကြိုစမ်းသပ်တဲ့ပွဲလို့ ကြေညာလိုက်တယ်။ အဲလိုဆိုတော့ လာပြိုင်တဲ့ထဲမှာ ရွှေရဖူးတဲ့သူတွေလည်းပါတယ်။ အင်ဒိုနီးရှား
ကတော့ မြားပစ်မှာ အရမ်းကောင်းပါတယ်” ဟု ဒေါက်တာ မြတ်သူရစိုးက ဆက်လက်ပြောကြားသည်။

ယခုပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးအတွက် ဆုတံဆိပ်ပေါင်း ၁၈ ခုပေးအပ် သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွက် စုစုပေါင်း ကုန်ကျငွေမှာ မြန်မာကျပ်ငွေ သိန်း ၃၀၀ နှင့် အမေရိကန်ဒေါ်လာ ၂ သောင်းဖြစ်ကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age
ငါးကြိမ်မြောက် အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၌ စတင်ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ မြှားပစ် အဖွဲ့ချုပ်မှ သိရှိရသည်။ အဆိုပါ အရှေ့တောင်အရှ မြားပစ်ပြိုင်ပွဲကို ယနေ့မှ စ၍ ၅ ရက်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရ ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံရှိကြောင်းနှင့် လာရောက်ယှဉ်ပြိုင်သည့်များမှာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင် ဤတောင် မရှိပါ

မြန်မာပြည်တွင် ဤတောင် မရှိပါ
Thursday, January 10, 2013

ရှမ်းပြည်နယ် တစ်နေရာမှာ တွေ့ရတဲ့ သဘာဝအတိုင်း ကျောက်ဆောင် ဆိုပြီး ဒီရက်ပိုင်းပဲ Facebook စာမျက်နှာမှာ နည်းနည်းလေး နာမည်ကြီး သွားပါတယ်။ မနေနိုင်လို့ စစ်ဆေးကြည့်လိုက်တော့ မဟုတ်ကြောင်း သက်သေနဲ့ တကွ သိရပါတယ်။

အမှန် ယင်းဟာ ကလေးဖတ်တဲ့ ပုံပြင်စာအုပ်တစ်အုပ်ထဲက ပုံ ဖြစ်ပါ တယ်။ မြန်မာပြည်ကလည်း မဟုတ်ပါဘူး။ ကိုရီးယား ဘာသာစကား နဲ့ ရေးသားပြီး တောင်ကိုရီးယားမှာ ဖြန့်ချိတဲ့ စာအုပ် ဖြစ်ပါတယ်။ သို့ပေမယ့် အနောက်တိုင်းက မီဒီယာတွေက အစ amazing scene in burma ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံတွေကို ဇွတ်ရှဲ ပါတော့တယ်။

မြန်မာပြည်မှာ ဒီလို ထူးထူးဆန်းဆန်း ကျောက်တောင် ရှိပါတယ်။ ပုံမှန် ကြည့်ရင် မမြင်ရပေမယ့် ဘေးတိုက်ကြည့်ရင် ကလေးနဲ့ ကလေးအမေ ပုံ မြင်ရပါတယ်၊ သဘာဝကို ချစ်မြတ်နိုးပါ ဘာညာ ကိကွနဲ့ အင်္ဂလိပ်လို ရေး ပါတယ်။ ဒါကို မြန်မာတွေက မြန်မာလိုပဲ ထပ် ဒီတိုင်းဘာသာပြန်ယူပြီး ရှမ်းပြည်ကပါလို့တောင် တပ်လိုက်တော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွား ရပါတယ်။

တကယ့်အပြင်မှာ ဒီလိုထူးဆန်းတာတွေ ရှိလည်းရှိနိုင်ပါတယ်။ သို့ပေမယ့် ပုံမှာ ပြထားတဲ့ တောင်နဲ့ ရေကန်တော့ မဟုတ်ပါ။ ကလေး ပုံပြင်စာအုပ် Children of the East River အမည်ရ စာအုပ် ဖြစ်ပြီး ပုံဒီဇိုင်းကိုကျတော့ ဒီဇိုင်နာ Kim Jae-hong က ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ကလေးငယ် Soon-Ee နဲ့ Dong-Ee ကလေးနှစ်ယောက် မြစ်ကမ်းမှာ အမေကို စောင့်မျော်နေတဲ့ စာအုပ်လို့ ဆိုပါတယ်။

ယင်း စာအုပ်နဲ့ အသေးစိတ်အချက်အလက်၊ ပုံများကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.aladin.co.kr/shop/common/wbook_talktalk.aspx?ISBN=898662172X&BranchType=1&CommunityType=PhotoReview&PaperId=841194
International news for myanmar
ရှမ်းပြည်နယ် တစ်နေရာမှာ တွေ့ရတဲ့ သဘာဝအတိုင်း ကျောက်ဆောင် ဆိုပြီး ဒီရက်ပိုင်းပဲ Facebook စာမျက်နှာမှာ နည်းနည်းလေး နာမည်ကြီး သွားပါတယ်။ မနေနိုင်လို့ စစ်ဆေးကြည့်လိုက်တော့ မဟုတ်ကြောင်း သက်သေနဲ့ တကွ သိရပါတယ်။

စက္ကူကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screen ကို CES 2013 တွင် မိတ်ဆက်ပြသ

Photo: စက္ကူကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screen ကို CES 2013 တွင် မိတ်ဆက်ပြသ
Thursday, January 10, 2013

စက္ကူတစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင်လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိသော အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီးထားခြင်း
ဖြစ်သည်။

စက္ကူတစ်ချပ်ကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screenတစ်မျိုးကို CES 2013 အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲတွင် စတင်မိတ်ဆက်
ပြသခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ နည်းပညာသည် လာမည့် (၅)နှစ်အတွင်း အလေးချိန် များပြားသည့် လုပ်ငန်းသုံး Laptopများ နေရာတွင် အစားထိုး ဝင်ရောက်လာမည့် အခြေအနေ ရှိနေကြောင်း ထင်ကြေးပေး ခံနေရသည်။ စက္ကူတစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင်လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိသော အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီးထားခြင်း
ဖြစ်သည်။

Plastic Logic and Intel ဓာတ်ခွဲခန်းတွင် ဖန်တီးခဲ့သော ယင်းScreen
အမျိုးအစားသည် နည်းပညာ နယ်ပယ်ကို ပြောင်းလဲပစ်နိုင်မည့်
ခြေလှမ်းတစ်ရပ်သဖွယ်လည်း ယူဆလာနိုင်သည်။

လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်နေသည့် နည်းပညာ ပြပွဲကြီးတွင် အဆိုပါ 
Screen နည်းပညာကို ရည်ရွယ်ချက် အမျိုးမျိုးဖြင့် သရုပ်ပြ စမ်းသပ် ပြသ
ခဲ့သည်ကိုလည်း တွေ့ရသည်။ ကွန်ပျူတာများတွင် App အများအပြား ဖွင့်ထားသည့်အတိုင်း အဆိုပါ စက္ကူသဏ္ဍန် Screen (၁၀)ချပ်ကို ထပ်၍ ကိုင်ထားခြင်းဖြင့် လိုအပ်ရာ Appကို အလွယ်တကူ ရွေးချယ် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

ထို့အပြင် ယင်းScreenကို e-Bookအဖြစ်လည်း လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ PaperTabsဟု အမည်ပေးထားသည့် အဆိုပါ နည်းပညာနှင့် ပတ်သက်ပြီး ကွင်းစ်တက္ကသိုလ်၏ Human Media ဓာတ်ခွဲခန်း ဒါရိုက်တာ ရိုအဲလ် ဗာတီဂါးလ်က "PaperTabs နည်းနည်းလောက်ကို သုံးလိုက်ရုံနဲ့ မှတ်တမ်းမှတ်ရာတွေ အများကြီးနဲ့ အလုပ်လုပ်ရတာထက် တော်တော်ကြီးကို ဝန်ပေါ့သွားနိုင်တယ်လေ"ဟု ရှင်းပြခဲ့သည်။ ပညာရှင်များသည် PaperTabတစ်ခုပေါ်တွင် ဓာတ်ပုံတစ်ပုံကို Draftဆွဲကာ Emailပေးပို့ပြီး ကျန်PaperTabတစ်ခုတွင် ရောက်ရှိနေသည်ကို လက်တွေ့ ပြသခဲ့သည်။

"(၅)နှစ်ကနေ (၁၀)နှစ်အတွင်း ကွန်ပျူတာ အများစု နေရာမှာ Ultra-notebookတွေနဲ့ Tabletတွေ အစားထိုး ဝင်ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ ဒီအရွက်ကလေးတွေက သိပ်အသုံးဝင်တဲ့ ရောင်စုံ ပုံနှိပ်စက္ကူလေးတွေလိုပဲ လိုက်ဖက်အသုံးဝင်လာမှာပါ"ဟု Intelမှ သုတေသန ပညာရှင် ရိုင်ယန်ဘရော့တ်မန်းက မှတ်ချက်ပြုသွားသည်။ CES 2013 နိုင်ငံတကာ အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲကို အမေရိကန်ပြည်ထောင်စု လာ့စ်ဗီးဂက်စ်တွင် ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။


Planet Myanmar Network


စက္ကူတစ်ချပ်၏ အထူမျှသာရှိပြီး လိမ်ခေါက်နိုင်သလို ပြုတ်ကျလျှင် လည်း မည်သည့် ထိခိုက်ပျက်စီးမှုမျှ မရှိသော အဆိုပါ Screenကို ကနေဒါနိုင်ငံ ကွင်းစ်တက္ကသိုလ်မှ ပညာရှင်များက သုတေသနပြု ဖန်တီးထားခြင်းဖြစ်သည်။
စက္ကူတစ်ချပ်ကဲ့သို့ ခေါက်နိုင်ကွေးနိုင်သည့် Screenတစ်မျိုးကို CES 2013 အီလက်ထရောနစ်ထုတ်ကုန်နှင့် နည်းပညာပြပွဲတွင် စတင် မိတ်ဆက်ပြသခဲ့ကြောင်း သိရှိရသည်။

စီးပွားရေးမဟာစီမံကိန်းများအတွက် ရန်ကုန်တွင်ဗီယက်နမ်က ဒေါ်လာသန်း ၃၀၀ မြှုပ်နှံ

Photo: စီးပွားရေးမဟာစီမံကိန်းများအတွက် ရန်ကုန်တွင်ဗီယက်နမ်က
ဒေါ်လာသန်း ၃၀၀ မြှုပ်နှံ
Thursday, January 10, 2013

ဗီယက်နမ်နိုင်ငံ၏ စူပါစီးပွား ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့်  Hoang Anh Gia Lai Group သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ ရှိ အဂ္ဂမဟာစက်မှုဇုံ (Mega- C omplex) အဆောက်အအုံတစ်ခု တည်ဆောက်ရေးအတွက် အမေ ရိကန်ဒေါ်လာသန်း ၃၀၀ထည့်ဝင်   အသုံးပြုကာ ၅နှစ်အတွင်းအပြီး   တည်ဆောက်သွားမည်ဟု ဗီယက် နမ်သတင်းများတွင်ဖော်ပြသည်။ 

ဗီယက်နမ်တွင် ဒုတိယအချမ်းသာဆုံးသန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ် သည့်ဆောက်လုပ်ရေးကုမ်္ပဏီပိုင်ရှင်ကြီး ဒေါင်ငုယင်ဒတ် (Doan Nguyen Duc) က ““အခု အချိန်  ဟာ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့
အကောင်းဆုံးအချိန်ပဲ””ဟု ပြော ကြားသွားကြောင်း စီအင်အေ သတင်းတစ်ရပ်တွင်ဖော်ပြသည်။

အဆိုပါ စီးပွားရေးအဆောက် အအုံကြီးတည်ဆောက်နိုင်ရန် 
အတွက် ဗီယက်နမ်နိုင်ငံမှမြန်မာ နိုင်ငံသို့ သံမဏိထည်များတန်ချိန်   ၃၀၀၀၀နှင့်ဘိလပ်မြေတန်ချိန်  ၂၀၀၀၀ကိုပေးပို့တော့မည်ဟုသိရသည်။

တည်ဆောက်ရေးလုပ်ငန်း  များအတွက် သံမဏိထည်များ အား မြန်မာနိုင်ငံသို့ပေးပို့ရာတွင် မြန်မာနိုင်ငံသို့ ပေးပို့သည့်ကုန်ကျ
စရိတ်မှာ အခြားနိုင်ငံများထက်   ၂၀ရာခိုင်နှုန်းမျှသက်သာသည်ဟု  ၎င်းကဆိုသည်။

ကျော်စိန်
ဗီယက်နမ်နိုင်ငံ၏ စူပါစီးပွား ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Hoang Anh Gia Lai Group သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ ရှိ အဂ္ဂမဟာ စက်မှုဇုံ (Mega- C omplex) အဆောက်အအုံတစ်ခု တည်ဆောက်ရေး အတွက် အမေ ရိကန်ဒေါ်လာသန်း ၃၀၀ထည့်ဝင် အသုံးပြုကာ ၅နှစ် အတွင်းအပြီး တည်ဆောက်သွားမည်ဟု ဗီယက် နမ်သတင်း များ တွင်ဖော်ပြသည်။

အမေရိကန်သံအမတ် မစ်ချဲလ် ကရင်နှင့်မွန် သို့ ပထဆုံးခရီးသွားမည်

Photo: အမေရိကန်သံအမတ် မစ်ချဲလ် ကရင်နှင့်မွန် သို့ ပထဆုံးခရီးသွားမည်
Thursday, January 10, 2013

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ဒဲရက်ဂျေ မစ်ချဲလ် သည်ကရင်နှင့်မွန်ပြည်နယ် သို့ ယခုလ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးမှထုတ်ပြန်သည်။

သံအမတ်သည် ၎င်းခရီးစဉ်တွင် အစိုးရအရာရှိများ၊အရပ်ဘက်အဖွဲ့အစည်း
ကိုယ်စားလှယ်များ၊ဘာသာရေးအဖွဲ့အစည်းများ၊လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီများနှင့်တွေ့ဆုံသွားမည်ဖြစ်သည်။

ခရီးစဉ်သွားရောက်သည့်ပြည်နယ်များအတွင်း နေထိုင်ကြသူများ ကြုံတွေ့နေရ သည့်ကိစ္စရပ်များကို သိရှိနိုင်မည်ဟု သံအမတ်က
မျှော်လင့်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မြန်မာအစိုးရအကြား ရှိအပစ်အခတ်ရပ်စဲရေး၊နိုင်ငံရေးဆွေးနွေးမှုများနှင့်ပတ်သက်၍ လတ်တလော ဖြစ်ပေါ်တိုးတတ်မှုများကို ဆွေးနွေးသွားနိုင်ရန်
မျှော်လင့်ထားသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TZ
Popular Myanmar News Journal
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် ဒဲရက်ဂျေမစ်ချဲလ်သည် ကရင်နှင့် မွန်ပြည်နယ် သို့ ယခုလ ၁၁ ရက်မှ ၁၃ ရက်အထိ ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်မည်ဟု သံရုံးမှထုတ်ပြန်သည်။

ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်

Photo: ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်
Thursday, January 10, 2013

ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထားသည်ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။

ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ်ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေးအပ်ချီးမြှင့်ဆုများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး/ဒိုင်ဗင်
ကစားနည်းများမှာ ဆုတံဆိပ် အများဆုံး ဖြစ်ပြီး ယင်းကစားနည်း ၂ ခုပေါင်း ဆုတံဆိပ်မှာ ၂၁၀ အထိ ရှိကြောင်း သိရသည်။

အဆိုပါ ဆုများ အတည်ပြုကြေငြာခြင်းကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပမည့် SEAGF အစည်းအဝေးတွင် အတည်ပြု ကြေညာသွားမည်
ဖြစ်ကြောင်း သိရသည်။

AZ
Popular Myanmar News Journal

ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထား သည် ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။
ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ် ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ

Photo: လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ တွေ့ဆုံ
Thursday, January 10, 2013

လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌ များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့ သည် လွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်မှု များ မြန်ဆန်လာစေရေးအတွက်ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်းအစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ကြသည်။

ယင်းအစည်းအဝေးအပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း
ရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အဆောက်အအုံအတွင်းရှိ( I .12 )ခန်းမတွင် လက်ပံတောင်းတောင် အရေးကိစ္စနှင့် ပတ်သတ်၍ ပြည်တွင်းရှိသဘာဝပတ်ဝန်းကျင် နှင့် သိပ္ပံ ကျွမ်းကျင်ပညာရှင်များနှင့် ညှိနှိုင်းတွေ့ဆုံခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ လောလောဆယ် သတင်းထုတ်ပြန်မှု မရှိသော်လည်း ယခုလ တတိယပတ်တွင် သွားရောက်မည့် အမေရိကန်နှင့် ကိုရီယားခရီးစဉ် မတိုင်မီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

AH
Popular Myanmar News Journal
လွှတ်တော် ကော်မတီကော်မရှင်တို့မှ ဥက္ကဌများနှင့် ပြည်သူ့  လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့ သည် လွှတ်တော်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန် လာစေရေးအတွက်ယနေ့ကျင်း ပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးပြီးဆုံးချိန်တွင် ညှိနိုင်း အစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့ကြသည်။
ယင်းအစည်းအဝေးအပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်

နှစ်၂ဝဝဝ ကျော် သက်တမ်းရှိ ပဋိဇီဝဆေးပြားများ တွေ့ရှိ

Photo: နှစ်၂ဝဝဝ ကျော် သက်တမ်းရှိ ပဋိဇီဝဆေးပြားများ တွေ့ရှိ
Thursday, January 10, 2013

နှစ်၂ဝဝဝ ကျော် သက်တမ်းရှိမည်ဟု ယူဆရသော ပဋိဇီဝ ဆေးပြားများ ပါဝင်သည့် သံသေတ္တာတစ်လုံးကို အီတလီ ကမ်းခြေအနီးမှ ရှာဖွေတွေ့ရှိခဲ့ သည်ဟု အမျိုးသား သိပ္ပံ အကယ်ဒမီမှ သုတေသီများက ဆိုသည်။

ယင်း သံသေတ္တာအတွင်း ပါရှိသော ဆေးပြားခြောက်ပြားကို အသေးစိတ် သုတေသနပြုခဲ့ရာ တိရစ္ဆာန်နှင့် သစ်သီးသစ်ဖုဆီ၊ ထင်းရှူးဆီနှင့် ဇင့်ဒြပ်ပေါင်းတို့ ပါဝင်ပြီး မျက်စိဝေဒနာ ကုသဆေးများဟု ယူဆရကြောင်း၊
ရေအောက်တွင် ကာလရှည်ကြာ မပျက်မစီးဘဲ ရှိနေသည့် ယင်းဆေးဝါးများ၏ အာနိသင်မှာ အံ့သြဖွယ်ရာ ဖြစ်ကြောင်း မီဆာတက္ကသိုလ်မှ ဓာတုဗေဒပညာရှင် မာရီယာပါလာကိုလန်ဘီနီက ဆိုသည်။ အဆိုပါဆေးပြားများ၏ သက်တမ်းကို ဖော်ပြရမည် ဆိုပါက ဘီစီ ၁၃ဝ နှင့် ၁၄ဝ ကြားကာလက ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား သည်။

Khit Lu Nge 
 နှစ်၂ဝဝဝ ကျော် သက်တမ်းရှိမည်ဟု ယူဆရသော ပဋိ ဇီဝ ဆေးပြား များ ပါဝင်သည့် သံသေတ္တာတစ်လုံးကို အီတလီ ကမ်းခြေ အနီးမှ ရှာဖွေတွေ့ရှိခဲ့ သည်ဟု အမျိုးသား သိပ္ပံ အကယ်ဒမီမှ သုတေသီများ က ဆိုသည်။ ယင်း သံသေတ္တာအတွင်း ပါရှိသော ဆေးပြားခြောက်ပြား ကို အသေး စိတ်သုတေသနပြုခဲ့ရာ တိရစ္ဆာန်နှင့် သစ်သီးသစ်ဖုဆီ၊

ဘဝသက်တမ်းတစ်လျှောက် အကြိမ် ၁၃၀၀ ကျော်မက အဖမ်းခံရသူ

ဘဝသက်တမ်းတစ်လျှောက် အကြိမ် ၁၃၀၀ ကျော်မက အဖမ်းခံရသူ

အမေရိကန်ပြည်ထောင်စု အရှေ့  အလယ်ပိုင်း Kentucky ပြည်နယ် Lexington မြို့ မှ နေထိုင်သူ Henry Earl အမည်ရ အမျိုးသား တစ်ဦး ဖြစ် ပါတယ်။

ခုတော့ သူ့အသက်က ၆၃ နှစ်ကျော်သွားပါပြီ။ ၁၉၉၂ ခုနှစ်ကနေ ယနေ့ အထိ ထောင်ကို အိမ်ဦးနဲ့ ခေါင်းရင်းလိုပဲ သွားနေရသူ ဖြစ်ပါတယ်။ သူ ရဲအဖမ်းခံရတဲ့ အကြိမ်အရေအတွက်က ၁၉၉၂ ခုနှစ်ကနေ ၂၀၀၂ ခုနှစ် အထိကို အကြိမ် ၁၀၀၀ ရှိပြီး ၂၀၁၁ ခုနှစ်အထိဆိုရင် အကြိမ် ၁၃၃၃ ကျော် လွန်သွားပါတယ်။ သူ့ရဲ့  ပြစ်မှု အများစုကတော့ အရက်သေ စာ သောက်စား မှုနဲ့ ဆက်စပ်တဲ့ အမှုများ ဖြစ်ပြီး လူသတ်တာမျိုး၊ ခိုးတာမျိုးတို့ လုံးဝ မရှိပါ ဘူး။

ဒီတော့ သူ့ရဲ့  တစ်နှစ်တာ ထောင်ထဲမှာ နေရတဲ့ နေ့ရက်ကို ပျှမ်းမျှ တွက်လိုက်ရင် ၂၄၅ ရက်ရှိပါတယ်။ တစ်နှစ်မှာ ၃၆၅ ရက်ပဲ ရှိတာ ၂၄၅ ရက်က ထောင်ထဲမှာ ဖြစ်ပြီး သူအေးဆေးနေတဲ့ နေ့က တစ်နှစ်မှာ ၂ ရက်ပဲ ရှိပါတယ်။ ကျန်တဲ့နေ့တွေကတော့ အရက်မူးလို့ ရမ်းကားရတာနဲ့၊ ရဲဖမ်းလို့ ရဲစခန်းရောက်ရတာနဲ့၊ အမူရင်ဆိုင်ရတာနဲ့ လုံးချာလိုက်ပါ တယ်။ ထောင်ထဲ မှာတောင် အထပ်ထပ်အကြိမ်ကြိမ် အဖမ်းခံရသူ ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်မှာ အကြိမ်အရေအတွက်အများဆုံး အဖမ်းဆံရသူ အဖြစ် စံချိန်တင်ပြီး တီဗီရုပ်သံတွေထဲမှာလည်း နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦး အဖြစ် နာမည်ကြီးပြန်ပါတယ်။ ထောင်ထဲက အတွေ့အကြုံတွေ ပြန်လည် မျှဝေ ပါတယ်။ ဒါနဲ့ပဲ ဝင်ငွေရနေပါတယ်။ အခြား အလုပ်မရှိပါဘူး။ Lexigton မြို့ ခံရဲများအတွက်ကတော့ နှစ်တိုင်း သူ့ကြောင့်မို့ အလုပ် ရှိပါတယ်။

ယခု ၂၀၁၂ မှာလည်း ပြစ်မှုအသစ်များ ထပ်ကျူးလွန်ထားပြီး ရဲစန်းနဲ့ ထောင်ကို အိမ်ဦးခန်း၊ ခေါင်းရင်းအခန်းလို ဝင်ထွက် သွားလာနေရ ဆဲ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_8721.html

အမေရိကန်ပြည်ထောင်စု အရှေ့  အလယ်ပိုင်း Kentucky ပြည်နယ် Lexington မြို့ မှ နေထိုင်သူ Henry Earl အမည်ရ အမျိုးသား တစ်ဦး ဖြစ်ပါတယ်။ ခုတော့ သူ့အသက်က ၆၃ နှစ်ကျော်သွားပါပြီ။ ၁၉၉၂ ခုနှစ်ကနေ ယနေ့ အထိ ထောင်ကို အိမ်ဦးနဲ့ ခေါင်းရင်းလိုပဲ သွားနေရသူ ဖြစ်ပါတယ်။ သူရဲအဖမ်းခံရတဲ့ အကြိမ်အရေအတွက်က

ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့


ကချင် ၂၃ ဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ပို့
Thursday, January 10, 2013

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်းအဖွဲ့
၂၃ ဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင်
ပေးပို့လိုက်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် မြန်မာ အစိုးရကြား တိုက်ပွဲများ
ပြင်းထန်လာသဖြင့် စစ်ပြေး ဒုက္ခသည်များ အရေးနှင့် ပတ်သတ်၍ 
တစုံတရာ တုံ့ပြန်ပေးရန် ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်၊ သြစတေးလျ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ နော်ဝေးနှင့် စင်္ကာပူ စသည့် နိုင်ငံများသို့ ရောက်ရှိနေသော ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က ထိုအိတ်ဖွင့်ပေးစာကို ပေးပို့လိုက်ခြင်း ဖြစ်သည်။

“ပထမဆုံးအနေနဲ့ ကျမတို့ ပို့လိုက်တဲ့စာအပေါ်မှာ သူ ဘယ်လို တစုံတရာ သုံးသပ်ချက် ပေးချင်တယ်ဆိုတာ သိချင်တယ်။ ခုချိန် ကြောက်စရာ၊
စိုးရိမ်စရာ ဖြစ်နေရတဲ့ အခြေအနေမှာ ရှိနေပြီ။ အစိုးရတွေကို သူ့အနေနဲ့ ပြောပေးနိုင်ဖို့မျှော်လင့်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး KWAT တာဝန်ခံ ဒေါ်မွန်းနေလီ
က ပြောသည်။

ကချင်စစ်ပြေး ဒုက္ခသည်များ၏ မလုံခြုံမှု ပိုဆိုးရွားလာသည့် အပေါ် ဒေါ်အောင်ဆန်း စုကြည်အနေနှင့် ဘယ်သို့ထင်မြင်ကာ
ဘယ်လို စိတ်ကူး လုပ်ဆောင်ချက်များ ရှိနေသလဲဆိုတာ သိနိုင်ရရန် မျှော်လင့်ကြောင်း ဒေါ်မွန်းနေလီ က ပြောသည်။

“သူ့ ရင်ထဲမှာ ဘာရှိနေတယ် ဆိုတဲ့ဟာကို ကျမတို့ ကချင်အဖွဲ့တွေ
အနေနဲ့ မျှော်လင့်ပြီး စာပြန်ပို့တာပါ” ဟု မဇ္စျိမကိုပြောသည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် 
အား တရုတ်-မြန်မာ နယ်စပ် မိုင်ဂျာယန်သို့ စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများကို ကိုယ်တိုင်လာရောက် ကြည့်ရှုရန် ကချင်ပူးပေါင်းအဖွဲ့မှ ဖိတ်ခေါ်သည့် အိတ်ဖွင့်ပေးစာအပေါ် တုန့်ပြန်လာခြင်း မရှိသေး၍ ထပ်မံ ပေးပို့လိုက်ခြင်းဖြစ်သည် ဟုသိရသည်။

မျှော်လင့်ချက်ဖြင့် အိတ်ဖွင့်စာပို့ခဲ့သော်လည်း ၅ လကျော်ကြာသည်အထိ မည်သည့် တုံ့ပြန်မှု မရှိသည့်အပေါ် အားမလို အားမရ ဖြစ်ရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များသမဂ္ဂ(AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

“ဒီ ၅ လ အတောအတွင်း IDP အခြေအနေ ပိုဆိုးလာတယ်။ တိုက်လေယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ တိုက်လာတယ်ဆိုတော့ ပိုဆိုးလာတဲ့ အခြေအနေ
ဖြစ်တယ်။ ခုအခြေအနေ လက်တွေ့ပိုင်းမှာ တစုံတရာ ထိထိမိမိ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ ပြောဆိုမှုတွေ လိုအပ်တယ်။ ဒီအချိန်က အရေးပေါ် အခြေအနေ ဖြစ်နေပြီ” ဟု မဇ္စျိမကို ပြောသည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တနှစ်ကျော် ကြာလာသော်လည်း KIO နှင့်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေမှုအပေါ်ဆွေးနွေးမှု
မရှိသဖြင့် ယခု အခြေအနေတွင် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစေလိုပြီး နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် အနေဖြင့် ငြိမ်းချမ်းရေးအတွက်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်
နိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ကိုနော်ဆန့် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာစစ်တပ်နှင့် KIO တို့အကြား
ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရေး ကြိုးပမ်းမှုနှင့် ပတ်သက်၍ 
အစိုးရဘက်မှ ၎င်းထံ တရားဝင် ကမ်းလှမ်းရန် လိုအပ်သည်ဟု ဇန်နဝါရီလလ ၆ ရက်နေ့က ပြောဆိုထားသည်။

ဖနိဒါ 
မဇ္စျိမ 
 တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်ပရာက် ကချင်ပူးပေါင်းအဖွဲ့ ၂၃ ဖွဲ့က ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် အိတ်ဖွင့်ပေးစာတစောင်ပေးပို့လိုက်
သည်။

ကချင်ပြည်နယ်တွင် ကျည်လွတ်မြေစစ်မဲ့ဇုန်ဖန်တီးပေးရန်ဲငြိမ်းချမ်းရေးလိုလားသူများတောင်းဆို

Photo: ကချင်ပြည်နယ်တွင် ကျည်လွတ်မြေစစ်မဲ့ဇုန်ဖန်တီးပေးရန်
ဲငြိမ်းချမ်းရေးလိုလားသူများတောင်းဆို
Thursday, January 10, 2013

တိုက်ပွဲများဖြစ်ပွာနေသည့် ကချင်ပြည်နယ်တွင် နှစ်ဖက်တပ်များအနေဖြင့် ကျည်လွတ်မြေစစ်မဲ့ဇုန်တစ်ခုသတ်မှတ်ပေးရန်လိုအပ်ကြောင်း ငြိမ်းချမ်းရေး
လိုလားသူများကဗဟန်းမြို.နယ်ရှိတော်ဝန်နှင်းဆီ ခန်းမတွင်ယနေ.စာရေး
သားတောင်းဆိုက်သည်။

" အပြစ်မဲ့ပြည်သူတွေထိခိုက်နစ်နာဆုံးရူံးမူနည်းဖို.ရယ်၊စစ်မက်
ရေးရာကိစ္စတွေမလုံးဝမလုပ်ဖို.ရယ်အတွက်စစ်မဲ့ဇုန်
လိုပါတယ်"ဟု ငြိမ်းချမ်းရေးလိုလားသူတစ်ဦးကဆိုသည်။

၎င်းအပြင်နှစ်ဖက်လက်နက်ကိုင် တပ်များမှလေးစားယုံကြည်
အသိအမှတ်ပြုသဘောတူသောစေ.စပ်ညွှိနိုင်းပေးနိုင်သည့်လူပုဂ္ဂိုလ်၊
အဖွဲ.အစည်းများ အမြန်ဆုံးရွေးချယ်ပေးရန်လိုအပ်ကြောင်းငြိမ်းချမ်းရေး
လိုလားသူများကဆိုသည်။

တော်ဝင်နှင်းဆီခန်းမတွင် ယနေ.နံနက်ပိုင်းမှစတင်ကာ ကချင်စစ်ဘေး
သင့်ဒေသခံများပါဝင်သောစစ်ပွဲများရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ပွဲကို
ကျင်းပခဲ့ပြီး ဆရာတော်အရှင်ဆန္ဒာဓိက၊မင်းကိုနိုင်ဦးဆောင်သော
၈၈မျိုးဆက်ကျောင်းသားများ၊ငြိမ်းချမ်းရေးလိုလားသူများကတက်ရောက်
ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ် ဇွန်လမှစတင်ကာ မြန်မာတပ်မတော်နှင့် KIA တို.အကြားဖြစ်ပွားနေသောစစ်ပွဲများကြောင့် ကချင်ပြည်နယ်တွင်
စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်နေပြီး စစ်ပြေးဒုက္ခသည်စခန်း
များတွင်အစားဆင်းရဲအနေဆင်းရဲဖြင့်အသက်ရှင်ရုန်းကန်နေရကြောင်း၊
မူလရပ်ရွာနေအိမ်များသို.အမြန်ပြန်နိုင်အောင်ဆောင်ရွက်ပေးရန်
လိုအပ်ကြောင်း KIO ဒုဥက္ကဌဟောင်းနှင့် ကချင်တိုင်းရင်းသား
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာတူးဂျာက ဇန်န၀ါရီ ၁ ရက်နေ.တွင်
ကြေငြာချက်ထုတ်ပြန်ပြောဆိုခဲ့သည်။

MNH
Venus News Weekly 
  တိုက်ပွဲများဖြစ်ပွာနေသည့် ကချင်ပြည်နယ် တွင် နှစ်ဖက် တပ်များ အနေဖြင့် ကျည်လွတ်မြေစစ်မဲ့ ဇုန်တစ်ခု သတ်မှတ်ပေး ရန်လို အပ်ကြောင်း ငြိမ်းချမ်းရေး လိုလားသူများက ဗဟန်းမြို.နယ် ရှိတော်ဝန်နှင်းဆီ ခန်းမတွင်ယနေ.စာရေးသားတောင်းဆိုက်သည်။" အပြစ်မဲ့ပြည်သူတွေထိခိုက်နစ်နာ ဆုံးရူံးမူနည်းဖို.ရယ်၊စစ်မက်ရေးရာ ကိစ္စတွေမလုံးဝမလုပ်ဖို.ရယ်အတွက်စစ်မဲ့ဇုန် လိုပါတယ်"ဟု ငြိမ်း ချမ်းရေး လိုလားသူတစ်ဦးကဆိုသည်။

KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း

Photo: KNU အဖွဲ့မှ ရွာသားများအား ရိုက်နှက်ညှဉ်းပန်း
Thursday, January 10, 2013

ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး၊
ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာအနီးရှိ မြေနီကုန်းတွင် KNUမှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေစာ သောက်စားမူးယစ်ပြီး  မုန်းဒေသမှ ၀ါးလာ ခုတ်သူဒေသခံပြည်သူများအား ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုန်းဒေသရှိ ကျေးရွာများမှ ရွာသား ၁၀၀ ခန့်နှင့် လှည်းအစီး
 ၅၀ ခန့်သည် အဆိုပါ ကော့ပြင်းကျေးရွာအနီးတွင် ထင်းခုတ်၊ ၀ါးခုတ်၊ ကြိမ်ခုတ်ပြီး ပြန်လာကြောင်း၊ ၄င်းတို့ ပြန်လာစဉ် လှည်းအစီး ၅၀ အား KNUအဖွဲ့မှ တပ်မဟာ(၃) လက်အောက်ခံ၊ တပ်ရင်း(၈) တပ်ခွဲမှူး ဖိုးကျော်မှ သေနတ်ပြ ခြိမ်းခြောက်ရပ်တန့်စေပြီး လှည်းများပေါ်တွင် ရွာသားများအားမှောက်စေ၍ ပျဉ်းကတိုးအပင်ပေါက်များဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ ထို့အပြင်လှည်းတစ်စီးလျှင် လူတစ်ဦးနှုန်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားရာ စုစုပေါင်း  လူ ၅၀ ခန့် ဖမ်းဆီးခံရကြောင်း သိရှိရပါသည်။ 

အဆိုပါ KNU အဖွဲ့၏ ရိုက်နှက်မှုကြောင့် ရွာသား ၁၆ ဦးခန့် မုန်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။ 

KNU အဖွဲ့မှ ၄င်းတို့အား အသိပေးခြင်းမရှိပဲ ၀ါးလာခုတ်သဖြင့် ရိုက်နှက်ခြင်းဖြစ်ကြောင်း၊ ရိုက်နှက်ချိန်တွင် KNU အဖွဲ့ဝင်များ အရက်သေစာ သောက်စားထားပြီး လူမှန်းမသိအောင် မူးယစ်
နေကြကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင် သွားသူများအား ဒဏ်ပေးသည့်
အနေဖြင့် ၄င်းတို့၏ မရမ်းပင်စခန်းတွင် တောင်ယာခုတ်ထွင်ရှင်းလင်းရန်
ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အမေ့အိမ် ဇန်န၀ါရီလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်၊ ပဲခူးတိုင်းဒေသကြီး ၊  ကျောက်ကြီးမြို့နယ်၊ ကော့ပြင်းကျေးရွာအနီးရှိ မြေနီကုန်းတွင် KNU မှ တပ်ခွဲမှူး ဖိုးကျော်နှင့်အဖွဲ့သည် အရက်သေ စာ သောက်စား မူး ယစ်ပြီး မုန်းဒေသမှ ၀ါးလာခုတ်သူဒေသခံပြည်သူများအား ရိုက်နှက် ခဲ့ကြောင်း သိရှိရသည်။

မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ


Photo: မြန်မာနဲ့ နျူကလီယား အသုံးပြုမှု အခြေအနေ
Thursday, January 10, 2013

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့
အတွက် စိုးရိမ်တကြီးနဲ့ ပြောဆိုနေကြတာမို့ လက်ရှိမှာ ဘာတွေလုပ်နေ
တယ်ဆိုတာကို သိရအောင် စစ်တက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦလည်းဖြစ်၊ လက်ရှိ Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲတာဝန်လည်း ထမ်းဆောင်နေတဲ့
 နျူကလီယား အင်ဂျင်နီယာ ဒေါက်တာ ဦးသိန်းဦးဖိုးစောကို
ဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတာတွေ
အတွက် စိုးရိမ်ပူပန်တဲ့ သူတွေ ရှိနေပါတယ်။ ဒီလိုစိုးရိမ်ရလောက်အောင် အနေထားရှိပါလား ဆရာ။

"မရှိပါဘူး။ မရှိဘူး။ နျူကလီယားနဲ့ ပတ်သက်လို့ ဘာအလုပ်မှ လုပ်နေတာ မရှိဘူး။ လုပ်သမျှ နျူကလီယား အင်နာဂျီ (စွမ်းအင်)ဟာ non power peaceful usage ငြိမ်းငြိမ်း ချမ်းချမ်း လုပ်ငန်း သက်သက်ပဲသုံးတယ်။ သုံးတဲ့ လုပ်တဲ့နေရာမှာလည်း အကုန်လုံးဟာ IAEA အဏုမြူစွမ်းအင် အေဂျင်စီရဲ့ လက်အောက်မှာပဲသုံးတယ်။ ဆရာတို့ နိုင်ငံ ဆရာတို့ ဖာသာ ဒီပြင်ကိစ္စနဲ့ ဘာမှ မလုပ်ဘူး။ ဆရာတို့ နိုင်ငံသည် ဆရာကိုယ်တိုင်ပဲ NPT Non Proliferation Treaty လက်နက်မပြန့်ပွားရေး စာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့တယ်။ အဲဒါအပြင် ၉၃ ခုနှစ်မှာ ဆရာကိုယ်တိုင် initiation စလုပ်ပြီးတော့ RCA လို့ခေါ်တဲ့ Regional Corporation Agreement ဆိုတာရှိတယ်။ အာရှ ၁၄ နိုင်ငံနဲ့ ပေါင်းပြီးလုပ်တယ်။ ဒီ၂ ခု IA EA နဲ့ RCA နဲ့ပဲပေါင်းပြီး လုပ်တာ ပဲရှိတယ်။ နျူကလီယားနဲ့ လုပ်တာ အားလုံးဟာ-
 နျူကလီယားရေဒီယို အိုင်ဆိုတုပ်တွေကို ဆေးလောက medicine မှာသုံးတယ်။ စိုက်ပျိုးရေး agriculture မှာသုံးတယ်။ စက်မှု industry မှာသုံးတယ်။ ပညာရေး education မှာသုံးတယ်။ အကုန်လုံး academic ပဲ။"

ဟုတ်ကဲ့ပါ ဆရာ၊ ဆရာက နျူကလီယားနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားမှာ အင်ဂျင်နီယာဘွဲ့ ယူလာတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး
 နျူကလီယားလုပ်ငန်းအတွက် ထူထောင်တယ်လို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်ပြီး ဘာတွေ အစပျိုးခဲ့တယ် ဆိုတာ ရှင်းပြပေးပါဆရာ။

"မြန်မာနိုင်ငံမှာ အစတုန်းက ၁၉၆၇ လောက်ကတည်းက IA EA နဲ့။ ဆရာက နျူကလီယား နဲ့ပတ်သက်လို့ ၁၉၆၄ ကတည်းက ဆရာစပြီးတော့ atomic energy sector အဏုမြူစွမ်းအင် ဆိုပြီးတော့ စလုပ်ခဲ့တယ်။ အဲဒီလို စလုပ် ခဲ့ပြီးတော့ ဒီ နိုင်ငံတကာ International Organizations အဖွဲ့အစည်းတွေနဲ့ ဒီ IA EA မပေါ်ခင်ကတည်းကိုက ပထမ၊ ဒုတိယ ဂျနီဗာ ကွန်ဖရင့်တွေ Geneva Conference of Peaceful Usage of Atomic Energy အဏုမြူ စွမ်းအင်ငြိမ်းချမ်းစွာ အသုံးချရေးညီလာခံတွေကို စပြီးဆရာတို့တက်ခဲ့တယ်။ နောက် IAEA ပေါ်လာတဲ့အခါ ကျတော့
IAEA ရဲ့ Founding Member တည်ထောင်တဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ 
IAEA နဲ့လုပ်လာခဲ့ပေမယ့် နိုင်ငံရဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာတို့ အတော်လေးပြတ်သွားတယ်။

နောက် ၁၉၉၃ ခုနှစ်ကျမှ ဆရာက မြန်မာနိုင်ငံရဲ့ Atomic Energy အဏုမြူစွမ်းအင်ကော်မတီမှာ အတွင်းရေးမှူး လုပ်ခဲ့တာ။ အဲဒီအခါမှာ IAEA နဲ့ ပြန်ဆက်တယ်။ နောက် RCA ကိုဝင်တယ်။ ဆရာတို့ RCA ကိုဝင်တဲ့ ဥစ္စာဟာ သူများတွေထက် ၂၂ နှစ်လောက် နောက်ကျတယ်။ စ၀င်တဲ့ ၁၉၉၃ မှာ better late than never မဝင်တာနဲ့ စာရင် နောက်ကျပေမယ့်
တော်သေးတယ် ဆိုပြီးတော့ ၀င်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် အကူအညီတွေ ယူခဲ့တယ်။ ဒီနျူကလီယား စွမ်းအင်ကို သုံးနိုင်ဖို့။ အဲဒီအကူအညီတွေမှာ အဓိကကတော့ medicine ဆေးအတွက်ပဲ။"

ဟုတ်ကဲ့ဆရာ။ ဒီဆေးလောကအတွက် nuclear medicine လို့ခေါ်တဲ့
ရေဒီယို သတ္တိကြွ ပစ္စည်းတွေ သုံးပြီး ကုတာကို မြန်မာနိုင်ငံမှာ ဘယ်လိုသုံးနေတယ်ဆိုတာ ပြောပြပေးပါဆရာ။

"ကျနော်တို့ နိုင်ငံမှာ ဆေးအတွက် ဆိုလို့ရှိရင် ကင်ဆာကုသတဲ့
နေရာမှာ၊ နောက်တခုက radiation ဓာတ် ရောင်ခြည်သုံး ကုသနည်းမှာ ကိုဘော့ (Cobalt 60) ကိုသုံးပြီး radiography ဆေးကုသမှုတွေ လုပ်တယ်။ နောက် radio isotope ဖြစ်တဲ့ iodine 131 လို ဟာမျိုးကိုသုံးပြီးတော့ လည်ပင်းရောဂါတို့၊ အသည်းအစားထိုးတဲ့
နေရာမှာတို့ သုံးတယ်။ ဒီလိုဆေးလောကမှာ သုံးသလို ပညာရေး education မှာ ဆိုရင်တော့ academic and science သိပံဆိုင်ရာ သင်ကြားမှု၊ ပို့ချမှုတွေ လုပ်တယ်။ Nuclear Physics နဲ့ Nuclear Engineering အနည်း အကျဉ်း
ပေါ့လေ။ ဆရာတို့ဆီမှာ ဘာမှ ပစ္စည်းပစ္စယ မရှိတဲ့ အတွက်ကြောင့်
 နျူ ကလီယား အင်ဂျင်နီယာကတော့ သဘောလောက် သီအိုရီလောက်ပဲ သင်လို့ရတယ်။"

ဒါကပညာရေးနဲ့ ဆေးလောကမှာသုံးတာပေါ့နော်။ ဆရာပြောတဲ့ စိုက်ပျိုးရေးတို့ စက်မှုတို့ နောက် တခြား နေရာတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ သုံးတာလဲဆရာ ရှင်းပြပေးပါ။

"Agriculture စိုက်ပျိုးရေးမှာ ဆိုလို့ ရှိရင် fertilizer uptake ဓာတ်မြေသြဇာ ဘယ်လောက် အတိုင်းအတာထိ ယူသလဲ။ စပါးတို့၊ ပြောင်းတို့၊ နှမ်းတို့ ဘယ်လောက်ယူသလဲ။ ဒီလို ဓာတ်မြေသြဇာသုံးတဲ့နေရာမှာ efficiently ထိထိရောက်ရောက် သုံးဖို့အတွက် residue ဘယ်လောက် ကျန်ရစ်ခဲ့သလဲ၊ ဘာလို့လဲဆိုတော့ အဲဒါကို အရမ်းသုံးလို့ရှိရင် ကျန်ရစ်ခဲ့ တာတွေက လူကို ဥပါဒ်ပေးနိုင်တယ်။ နောက် ချောင်းတွေ မြောင်းတွေထဲ ပါသွားပြီးတော့ သားငါးတွေကိုပါ ဒုက္ခပေးနိုင်တယ်။

နောက်တခါ Mutation breeding စပါးမျိုးသစ် ရအောင်လုပ်တာတို့၊ radio isotope ကို သုံးပြီးတော့ အဲဒါမျိုး စိုက်ပျိုးရေးမှာသုံးတယ်။ industry စက်မှုမှာ ဆိုလို့ရှိရင်လည်း ဆရာတို့ လုပ်ပေးခဲ့တဲ့ထဲမှာ non destructive testing လို့ခေါ်တယ်။ ပစ္စည်းတွေမှာ machine တွေမှာ ဘယ်လောက် ပျက်စီးနေတယ် ဆိုတာကို စမ်းသပ်တဲ့ နေရာတွေမှာသုံးတယ်။ သင်္ဘောကျင်း မှာ၊ လေယာဉ်ကွင်းမှာ၊ လေယာဉ်ပျံတွေမှာ၊ နောက်တခု
ကလည်း ရေနံပိုက်လိုင်းတွေမှာ welding ဂဟေဆော်ထား တာတွေ
ကောင်းသလား။

နောက် Structure အဆောက်အဦးတွေမှာ ခိုင်ခန့်မှု ရှိလားဆိုတာ non destructive testing မှာ သုံးတယ်။ အဲဒါအပြင် မြစ်တွေ၊ချောင်းတွေမှာ
ရေစီးနှုန်း၊ ရေတိုက်စားမှုနှုန်း ဘယ်လောက် ရှိတယ်ဆိုတာကို ရေဒီယို အိုင်ဆိုတုပ်ကို သုံးပြီးတော့ တိုင်းတာခဲ့တယ်။ နောက် တခု ကလည်း
ရေနံရှာဖွေတဲ့နေရာမှာလည်း ရေဒီယို အိုင်ဆိုတုပ်ကိုသုံးပြီးတော့ကာ
ရေနံရှိမရှိ၊ ဘယ်လောက်မှာ ရှိမယ် ဆိုတာကို စမ်းသပ်တယ်။"

ဒီဆေးဘက်၊ စိုက်ပျိုးရေး၊ ပညာရေး၊ စက်မှုနဲ့ တခြားကျန်းမာရေး
ဆိုင်ရာတွေမှာ သုံးတဲ့ အခါ မြန်မာနိုင်ငံမှာ ဘယ်အတိုင်းအတာအထိ တွင်တွင်ကျယ်ကျယ် သုံးနေနိုင်ပါပြီလဲ ဆရာ။

"တွင်တွင်ကျယ်ကျယ်တော့ မသုံးနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာတို့ ဆီမှာပစ္စည်းမရှိဘူး။ စက်မရှိဘူး။ ဆရာတို့မှာ လုပ်နိုင်တဲ့ဥစ္စာက ရန်ကုန်ရယ်၊ မန္တလေးရယ်၊ တောင်ကြီးရယ်၊ အဲဒီ နေရာ ၃ ခုလောက်မှာပဲ၊ ရေဒီယို အိုင်ဆိုတုပ်သုံး radiography ကိုသုံးနိုင်တယ်။ ဘာမှ သိပ်များများးစားစား သုံးလို့ရတဲ့ ပစ္စည်းမရှိဘူး။"

စိုက်ပျိုးရေးမှာရော ဆရာ။

"အဲ စိုက်ပျိုးရေးမှာလည်း၊ အဲဒီလိုပဲ၊ ရေဒီယို အိုင်ဆိုတုပ်ကလေး သုံးလို့ရတာ ကြို့ကုန်းလို စိုက်ပျိုးရေး သူတေသနဌာနမှာ။ အဲဒီ တဌာနမှာပဲရှိတယ်။ ဘယ်မှာမှ မရှိဘူး။"

စက်မှုလက်မှုမှာရော။

"စက်မှုကျတော့လည်း ရန်ကုန်ပဲ ရှိတယ် ဘယ်မှာမှ မရှိဘူး။ ရန်ကုန်မှာ
ကျတော့ကာ ဆရာတို့ အရင်တုန်းက ဟိုးလွန်ခဲ့တဲ့ ၅၀ နှစ်တွေက ယူဘာရီလို့ခေါ်တယ်။ Union Of Burma Research ခေါ်တယ်။ အမေရိကန်နိုင်ငံက အားမားတက္ကသိုလ်က လာပြီးထောင်ပေးသွားတာ။ အဲဒါ ဆရာတို့ စလုပ်ခဲ့တာ။ တော်လှန်ရေးကောင်စီတက်တဲ့ အချိန်လောက်မှာ CRO ဆိုတဲ့ Central Research Organization ဖြစ်လာတယ်။ အခုနောက်ပိုင်း ကျတော့ကာ အဲဒါကို MSTRD Myanmar Science and Technology Research Department မြန်မာသိပွံနဲ့ နည်းပညာ သုတေသနဌာန ဆိုပြီးတော့။ အဲဒီမှာ အရင်တုန်းကတော့ Atomic Energy ကို ဌာနခွဲလေး တခုပဲရှိတယ်။ အခုတော့ သူ့ကို သပ်သပ်ခွဲလိုက်တယ်။ အဲဒီမှာ အဓိကလုပ်တာ ဘာလဲဆိုလို့ ရှိရင် radiation section၊ အဲဒါလည်း IAEA နဲ့ တွဲလုပ်တာပဲ။"

တကယ်လို့ နိုင်ငံခြားကနေပြီးတော့ စက်ပစ္စည်းတွေအရ အကူအညီတွေ ပေးမယ်ဆိုရင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်တွယ်နိုင်မယ့်သူတွေ ရှိပါလား ဆရာ။

"မရှိဘူး။ အဲဒီမှာ နျူကလီယားအင်ဂျင်နီယာ ဆိုလို့ မြန်မာနိုင်ငံမှာ ဆရာတယောက်ပဲ ရှိတယ်။ အကူအညီပေးမယ် ဆိုရင်သိပ်ကောင်းတာပေါ့။"

ဆိုတော့ ဒီမြန်မာနိုင်ငံမှာ ဒီအကူအညီတွေ အများကြီး လိုနေတယ်ဆိုတဲ့ သဘောပေါ့နော်။

"လိုတာပေါ့။ သိပ်လိုတာပေါ့။ ဒါပေမယ့် နှောင်ကြိုးမဲ့အကူညီ တွေ ပေးမယ် ဆိုရင် သိပ် လက်ခံချင်ပါတယ်။"

မြန်မာနိုင်ငံမှာ လှိုင်ခေါင်းတွေ၊ မြေအောက် Tunnel တွေ
ဖောက်နေတာဟာ နျူကလီယား ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ဖို့ အတွက် လျှို့ဝှက်ပြီးတော့ ကြံစည်နေတာလို့ ပြောကြတော့ ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာ့အမြင်သိပါရစေ။

"အဲဒါက ကောလာဟဠပါ။ တကယ်က လှိုင်တွေ ဖောက်တယ်ဆို
တာက ရေအားလျှပ်စစ်တို့၊ တံတားတို့အတွက် လှိုင်တွေဖောက်တာ
ဖြစ်တယ်။ အဲ may be shelter အတွက် လုပ်တာလည်းဖြစ်နိုင်တယ်။ ဒါပေမယ့် နျူကလီယား စက်ပစ္စည်းတွေအတွက် ထုတ်ဖို့ဆိုတာက ၁ အချက်က ကျနော်တို့နိုင်ငံမှာ ဓနအင်အားလည်း မရှိဘူး။ လူလည်း မရှိဘူး။ မေးတုန်း နောက် တခု ဆရာ ပြောလိုက်မယ်။

သံသယထဲမှာ တခုရှိ နေတာ။ ရုရှားနိုင်ငံကနေ လာကူပေးနေတယ်
ဆိုတာ။ နောက် လူတွေ က မြောက်ကိုရီးယား က လာကူပေးနေတယ်
ပြောတာ။ အလကားပြောတာ။ ဘယ်သူကမှ ဘာမှ မပေးဘူး။ အဲတော့ ရုရှားကလည်း ဘာမှ မပေးဘူး။ သူတို့ ဆီမှာ ပညာသွားသင်တဲ့ ကလေးတွေ ရှိတယ်။ ဘာမှလည်း တတ်မလာဘူး။ ဘာမှလည်း မပေးလိုက်ဘူ။ အဲတော့ မလုပ်နိုင်ပါဘူး။ အမှန်တော့။ အဲဒါတွေက ကောလာဟဠတွေပါ။"

ဒေါက်တာ ဦးသိန်းဦးဖိုးစောပါ။
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ နျူကလီယားနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့အတွက် စိုးရိမ်တကြီးနဲ့ ပြော ဆိုနေကြတာမို့ လက်ရှိမှာ ဘာတွေ လုပ်နေတယ်ဆိုတာကို သိရအောင် စစ်တက္ကသိုလ် အငြိမ်းစား ပါမောက္ခ တဦလည်းဖြစ်၊ လက်ရှိ Myanmar Academy of Technology နည်းပညာကျောင်း အကြီးအကဲ တာဝန်လည်း ထမ်းဆောင်နေတဲ့နျူကလီယား အင်ဂျင်နီယာ ဒေါက်တာ ဦးသိန်းဦးဖိုးစောကိုဒေါ်ခင်မျိုးသက်က ဆက်သွယ် မေးမြန်း တင်ပြပေး ထားပါတယ်။

3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ

Photo: 3G စနစ်ကြောင့် စီဒီအမ်အေမိုဘိုင်းဖုန်းများ ဈေးကျလာ
Thursday, 10 January 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်း
မရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့်
ပြန်လည်ရောင်းချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲ
ဝန်းကျင်အထိ ကျဆင်းလာကြောင်း   ဈေးကွက်အတွင်းက သိရသည်။

"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေနဲ့ ပြန်ရောင်းချလိုမှုများလာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်
လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲ
ဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေပြီ" ဟု ဖုန်းအကျိုးဆောင်
တစ်ဦးက   ပြောသည်။

CDMA 450 MHz ဖုန်းများအား နယ်ဒေသများ၌ နေထိုင်အသုံးပြုသူ
အများစုသာ ဝယ်ယူအသုံးပြုမှု များရှိနေကြောင်းကိုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  3G နှင့် 4Gကွန်ရက်စနစ် အသုံးပြုနိုင်
ရန် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် CDMA 800 MHz နှင့်CDMA 450 MHz ဖုန်းများချထားပေးမှုများကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဟန်းဆက်အပိုင်းတွင်လည်း CDMA 800 MHz နှင့်450 MHz အသုံးပြုနိုင်သည့် ဟန်းဆက်များမှာ လည်း GSMဟန်းဆက်များထက် အရောင်းအဝယ်ကျဆင်းလျက် ရှိနေသည်။

"အရင်ကတော့ ဝယ်ယူမှုအပိုင်းမှာ မသိသာပါဘူး။ အခုနောက်ပိုင်းတော့ GSM စနစ်သုံး ဟန်းဆက် တွေကိုသာ သိသိသာသာ ဝယ်ယူမှုများ
လာတယ်။ ဝယ်ယူမှုပိုင်းက ပုံမှန်ဆိုပေမယ့် အရင်က မော်ဒယ်နိမ့် တွေပဲ ၀ယ်ကြတာ အခု မော်ဒယ်မြင့် ဟန်းဆက်တွေကို ဝယ်ယူမှုများလာတယ်" ဟု Mobile မိုဘိုင်းဖုန်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဟန်းဆက်ဈေးကွက်၌ အင်တာနက်အသုံးပြု၍ရသည့် (Android) GSM ဟမ်းဆက် အမျိုး အစားများမှာ အမျိုးအစားနှင့် အမှတ်တံဆိပ်
ပေါ်လိုက်၍ ကျပ်ခြောက်သောင်းဝန်းကျင်မှ ကျပ် ငါးသိန်းဝန်းကျင်
အထိ ဈေးရှိကြောင်း ဟမ်းဆက်ဈေးကွက်အတွင်းက သိရသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူးပေါင်း
သည့်ကုမ္ပဏီများမှ WCDMA နှင့် GSM လိုင်းကဒ်များအား ကျပ်တစ်သိန်းဝန်းကျင်နှင့်ရောင်းချရန်စီစဉ်နေပြီး အဆိုပါကိစ္စနှင့်
ပတ်သက်၍  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇန်န၀ါရီလ (၁၁)ရက်နှင့် (၁၂)ရက်နေ့များတွင် မီဒီယာများနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စီဒီအမ်အေဖုန်းများ ထပ်မံချထားပေးခြင်း မရှိတော့သည့် နောက်ပိုင်း စီဒီအမ်အေဖုန်းသုံးစွဲသူများ အနေဖြင့်  ပြန်လည်ရောင်း ချလိုသူ များပြားလာပြီး ဈေးနှုန်းမှာလည်း ကျပ်သုံးသိန်းခွဲဝန်းကျင်အထိ ကျဆင်း လာကြောင်း ဈေးကွက်အတွင်းက သိရသည်။
"ဆက်သွယ်ရေးက နောက်ပိုင်း 3G စနစ်သုံး GSMဖုန်းတွေကိုသာ အဓိကထား ချထားပေးတော့မှာမိုလို့ စီဒီအမ်အေ ဖုန်းကိုင်ထားသူတွေ အနေ နဲ့ ပြန်ရောင်း ချလို မှုများ လာတယ်၊ အရင်က ကျပ် ငါး သိန်းဝန်းကျင်လောက်ရှိတဲ့ CDMA 800MHz ဖုန်းတွေလည်း အခုဆို ကျပ်သုံးသိန်းခွဲဝန်းကျင်လောက် အထိ ပေါက်ဈေးရောက်နေ

အပိုပစ္စည်းပြဿနာရှိနေသည့် တရုတ်ကလစ်ဘီးနှင့်ဘက်ထရီ ဆိုင်ကယ်များ

Photo: အပိုပစ္စည်းပြဿနာရှိနေသည့် တရုတ်ကလစ်ဘီးနှင့်ဘက်ထရီ
ဆိုင်ကယ်များ
Thursday, 10 January 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ တရုတ်နိုင်ငံထုတ်မော်ဒယ်မြင့်
ဆိုင်ကယ်များမှ ကလစ်ဘီး နှင့်ဘက်ထရီဆိုင်ကယ်များအတွက် အပိုပစ္စည်းရောင်းချမှုနည်းပါးနေခြင်းကြောင့် တရုတ်ဆိုင်ကယ်များ ၀ယ်ယူမှုနည်းပါးလျက်ရှိသည်ဟု သိရှိရသည်။

“လူကြီးပိုင်းဆိုတော့ အော်တိုဂီယာဘီးတွေက သက်တောင့်သက်သာနဲ့
စီးရတာ ရိုးရှင်းလွယ်ကူတယ် ဆိုပြီး အဆင်ပြေမယ်ထင်ခဲ့တာ၊ ဘီးပေါက်လို့ကျွတ်လဲရမယ်ဆိုရင် ကျွတ်က ကျောက်မဲရော လားရှိုးပါ မရှိဘူး၊ တရုတ်ပြည်ထဲထိမှာ ယူနေရတော့ ကျွတ်လေးလဲဖို့တောင်  
နှစ်ရက် သုံးရက် ကြာတယ်”ဟု အသက် (၅၀)အရွယ် ကျောက်မဲဒေသခံ တရုတ်အမျိုးသမီးတစ်ဦးက ပြောသည်။

ကာလတန်ဖိုး ကျပ်လေးသိန်းသုံးသောင်း(၄၃၀၀၀၀)၀န်းကျင်မှ ဆယ့်သုံးသိန်း(၁၃၀၀၀၀၀) ၀န်းကျင်ရှိ အော်တိုဂီယာပါဝင်သော ဆိုင်ကယ်အမျိုးအစားပေါင်းများစွာရှိပြီး အမျိုးအစား အားလုံး အတွက် တူညီမှုမှာ အပိုပစ္စည်းရှားပါးခြင်းဖြစ်သည်ဟု ဆိုင်ကယ်အပို ပစ္စည်းအရောင်းဆိုင်များထံမှ သိရသည်။

“မော်ဒယ်မြင့်ဆိုင်ကယ်တွေကတော့ အမျိုးအစားအနေနဲ့ဆို အများကြီးရှိတယ်၊ ယိုးဒယားကလာတဲ့ ဘီးတွေအတွက် အပိုပစ္စည်း ကမန္တလေးမှာဝယ်လို့ရတယ်၊ အပိုပစ္စည်းအရှားပါးဆုံးကတော့ အော်တို ဂီယာပါတဲ့ တရုတ်ကလစ်ဘီးတွေပဲ၊ စက်ပစ္စည်းတင် မဟုတ်ဘူး ကာဗာ၊စတစ်ကာ၊ကျွတ်တွေကအစ တရုတ်ပြည်ထဲအထိ မှာယူနေရတယ်” ဟု ကျောက်မဲမြို့ရှိ ဆိုင်ကယ်အမျိုးမျိုးပြုပြင်သူ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံထုတ် ၁၁၀ စီစီ အမျိုးအစားထဲတွင် ၂၀၁၂ ထုတ် အီးအက်ဖ်အိုင်(EFI)တံဆိပ် ဆိုင်ကယ်နှင့် ၁၂၅ စီစီ အမျိုးအစားတွင် အာရ်စီ(RC)တံဆိပ်ဆိုင်ကယ်တို့မှာ အပိုပစ္စည်းအရှားပါးဆုံး ဖြစ်ပြီး၊
အော်တိုဂီယာပါဝင်သော မြေပြန့်သုံးတရုတ်ကလစ် ဇောင်ရှန်း အမျိုးအစားမှာလည်း  အပိုပစ္စည်းမှာ တရုတ်ပြည်မကြီးထိမှာယူမှသာ ရရှိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

“တစ်မြို့လုံးမှာဆိုရင်တော့ အစီးငါးဆယ်ကျော်လောက်ပဲ ရှိမယ်ထင်တယ်၊ အရေအတွက် များလာရင်တော့ အပိုပစ္စည်းရောင်း ၀ယ်ရေးတွေ ရှိလာ
လောက်ပါတယ်၊ အစီးရေနည်းတဲ့ ဆိုင်ကယ်အမျိုးအစားတွေအတွက် အပိုပစ္စည်းတင်ထားရင်လည်း သိပ်မကိုက်ဘူး”ဟု ဆိုင်ကယ် အပိုပစ္စည်း
အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ကန်ဘိုကဲ့သို့နာမည်ကြီးတံဆိပ်များအပါအ၀င် အခြားဆိုင်ကယ်
အမျိုးအစားများအတွက် အပိုပစ္စည်းမှာ ပြည်တွင်း၌ဖြန့်ချီမှု ရှိသောကြောင့် နေရာတိုင်းတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပြီး အဆိုပါ တရုတ်ကလစ်ဘီးများ နှင့် ဘက်ထရီဆိုင်ကယ်များအတွက် အပိုပစ္စည်းများကို ဆိုင်ကယ်ထုတ် လုပ်ရာ တရုတ်ကုမ္ပဏီမှ ပြည်တွင်းသို့ တင်ပို့ရောင်းချပေးမှု မရှိသောကြောင့် အပိုပစ္စည်းရှားပါး နေရခြင်းဖြစ်
သည်ဟု ဆိုင်ကယ်ဈေးကွက်အတွင်းက သိရသည် ။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၌ တရုတ်နိုင်ငံထုတ်မော်ဒယ်မြင့်
ဆိုင်ကယ်များမှ ကလစ်ဘီး နှင့်ဘက်ထရီဆိုင်ကယ်များအတွက် အပို ပစ္စည်းရောင်းချမှုနည်းပါးနေခြင်းကြောင့် တရုတ်ဆိုင်ကယ်များ ၀ယ်ယူ မှုနည်းပါးလျက်ရှိသည်ဟု သိရှိရသည်။
“လူကြီးပိုင်းဆိုတော့ အော်တိုဂီယာဘီးတွေက သက်တောင့်သက်သာ နဲ့စီးရတာ ရိုးရှင်းလွယ်ကူတယ်ဆိုပြီး အဆင်ပြေမယ်ထင်ခဲ့တာ၊ ဘီးပေါက်လို့ကျွတ်လဲရမယ်ဆိုရင် ကျွတ်က ကျောက်မဲရော လားရှိုးပါ

Jeep Grand Cherokee တွင်အားနည်းချက် မတွေ့

Photo: Jeep Grand Cherokee တွင်အားနည်းချက် မတွေ့
Thursday, 10 January 2013

၂၀၁၂ မော်ဒယ် Chrysler က ထုတ်တဲ့ ဂျစ်ကား Grand Cherokee ကို ပြန်လည် စစ်ဆေးပေးဖို့ ဝိုင်းဝန်း တောင်းဆိုမှုကြောင့် အမေရိကန် ယာဉ်နဲ့ ဟိုင်းဝေးလမ်း လုံခြုံရေးက စစ်ဆေးပေးရပါတယ်။

စစ်ဆေးချက်အရ အားနည်းချက် ရှိသော နေရာ မတွေ့ပါဘူး။ ဒါကြောင့် ကားဟာ ပုံမှန်အတိုင်းပဲ ဖြစ်ကြောင်း ပြန်လည် ကြေညာပေးခဲ့ပါတယ်။ အစကတော့ စတီရာယင် ပေါက်နဲ့ ဆက်စပ်တဲ့ လမ်းတစ်လျှောက်မှာ လျှို့ ယွင်းချက် ရှိတယ်လို့ တိုင်ကြားစာ ရောက်ခဲ့ပြီး Chrysler ကားများကို ဆင့်ခေါ်ခြင်း ဖြစ်ပါတယ်။

ယခု ဆင့်ခေါ် စစ်ဆေးမှုအရ အားနည်းချက် မရှိပါဘူး။ ဒါကြောင့် ကားရဲ့  ရောင်းအား ပြန်လည် မြင့်တက်ဖို့ကိုလည်း ကုမ္မဏီက လိုလားနေပါတယ်။ ၁၉၉၃ ခုနှစ်ကစလို့ ယနေ့တိုင် ထုတ်လုပ်လျက် ရှိသော Jeep Cherokee များဟာ အမေရိကန်ရော၊ ဥရောပမှာပါ ရောင်းအား အသင့်တင့် ရှိသော SUV များ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: autoblog
ColayOnline:Automobile
၂၀၁၂ မော်ဒယ် Chrysler ကထုတ်တဲ့ ဂျစ်ကား Grand Cherokee ကို ပြန်လည် စစ်ဆေးပေးဖို့ ဝိုင်းဝန်း တောင်းဆိုမှုကြောင့် အမေရိကန် ယာဉ်နဲ့ ဟိုင်းဝေးလမ်းလုံခြုံရေးက စစ်ဆေးပေးရပါတယ်။
စစ်ဆေးချက်အရအားနည်းချက် ရှိသော နေရာမတွေ့ပါဘူး။ ဒါကြောင့် ကားဟာ ပုံမှန်အတိုင်းပဲ ဖြစ်ကြောင်း ပြန်လည် ကြေညာပေးခဲ့ပါတယ်။ အစကတော့ စတီရာယင် ပေါက်နဲ့ ဆက်စပ်တဲ့ လမ်းတစ်လျှောက်မှာ လျှို့ ယွင်းချက်ရှိတယ်လို့ တိုင်ကြားစာ ရောက်ခဲ့ပြီး Chrysler ကား

ဆရာကြီးလုပ်သော ကားကိုမောင်းရမည်

Photo: ဆရာကြီးလုပ်သော ကားကိုမောင်းရမည်
Thursday, 10 January 2013

ဂျပန်နိုင်ငံ Fukuoka Institute of Technology မှ အင်ဂျင်နေယာများ ထွငလိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။

ယင်းနည်းပညာမှာ ရေဒါပါမယ်။ အာရုံခံစနစ်ပါမယ်၊ ဂြိုလ်တု မြေပုံစနစ် ပါမယ်။ အဓိကကတော့ မောင်းနေတဲ့သူက တစ်ခုခု အလွဲလွဲ
အမှားမှားလုပ်ရင် ဘေးကနေ ဆရာကြီးလုပ်တဲ့ လေသံနဲ့ အမိန့်ပေးမှာ ဖြစ်ပါတယ်။ အလွဲအမှားဆိုလို့ ကားကို မြို့ ထဲမှာ အရှိန်မြင့် မောင်းတာမျိုး၊ ဟိုင်းဝေးမှာဖြစ်တာတောင် သတ်မှတ်ထားတဲ့ မိုင်နှုန်းကို ကျော်မောင်းတာမျိုး တို့ဆိုရင် သတိပေးတဲ့ အသံနဲ့
ခြိမ်းခြောက်မှာ ဖြစ်ပါတယ်။

ဥပမာ You will be die if you are driving like this ဆိုတဲ့ လေသံ မျိုးတောင် ထည့်သင့်ရင် ထည့်ထားမယ်လို့ ဆိုပါတယ်။ ဒီတော့ 
ယာဉ်တိုက်မှု အန္တရာယ်များ လျော့နည်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း နည်းပညာကို ဂျပန်ပြည်တွင်းထုတ် ကားများမှာ အသုံးပြုနိုင်စေဖို့ ကြိုးပမ်းသွားမယ် ဖြစ်ကြောင်း သိရပါတယ်။
--
Ref: autoblog
ColayOnline:Automobile
ဂျပန်နိုင်ငံ Fukuoka Institute of Technology မှ အင်ဂျင်နေယာများ ထွငလိုက်တဲ့ နည်းပညာ ဖြစ်ပါတယ်။
ယင်းနည်းပညာမှာ ရေဒါပါမယ်။ အာရုံခံစနစ်ပါမယ်၊ ဂြိုလ်တု မြေပုံစနစ် ပါမယ်။ အဓိကကတော့ မောင်းနေတဲ့သူက တစ်ခုခု အလွဲလွဲ အမှားမှား လုပ်ရင် ဘေးကနေ ဆရာကြီးလုပ်တဲ့ လေသံနဲ့ အမိန့်ပေးမှာ ဖြစ်ပါ တယ်။ အလွဲအမှားဆိုလို့ ကားကို မြို့ ထဲမှာ အရှိန်မြင့် မောင်းတာမျိုး၊ ဟိုင်းဝေးမှာဖြစ်တာတောင် သတ်မှတ်ထားတဲ့ မိုင်နှုန်း ကို ကျော်မောင်း

ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး

Photo: ပြည်ထောင်စု လွှတ်တော်နာယက အမတ်များကို သတိပေး
Thursday, 10 January 2013

ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမ အကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော် ကိုယ်စားလှယ်များကို ခွင့်ပျက်ကွက်မှု မရှိစေရန် သတိပေး ပြောကြားလိုက်ကြောင်း နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။

ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဘဏ္ဍရေး ကိစ္စရပ်များ ဆွေးနွေးရန် ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသော ပဉ္စမအကြိမ် အဆိုပါ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦး ခွင့်ယူ ပျက်ကွက်ခဲ့ရာ အများဆုံးခွင့်ယူသည့် အမတ်ဦးရေ အဖြစ် စံချိန်တင်
ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ပြောကြားသည်။

The Voice Weekly
ယနေ့ကျင်းပ ပြုလုပ်သည့် ဆဌမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် များကို ခွင့်ပျက်ကွက်မှု မရှိစေရန် သတိပေး ပြောကြား လိုက်ကြောင်း  နေပြည်တော် သတင်းထောက်က သတင်းပေးပို့သည်။
ယခု သုံးလနီးပါးကြာ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် ဘဏ္ဍရေးကိစ္စရပ်များ ဆွေးနွေးရန်ရှိသောကြောင့် ယင်းသို့ သတိပေး ပြောကြားခြင်းဖြစ်ကြောင်း တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

KIA မှ ထွက်ပြေးနေသူများအား လိုက်လံဖမ်းဆီး

   KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာ မြန်မာအစိုးရတပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက် မလုပ်လိုတဲ့ အတွက် သူတို့ တာဝန် ထမ်းဆောင်ရာ တပ်၊ စခန်း၊ ဌာနအသီးသီးကနေ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း၊ ထွက်ပြေးတိမ်းရှောင်လျက် ရှိတဲ့ တပ်ဖွဲ့ဝင်တွေဟာ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များမှ အတင်း

အရွယ်ရောက်နေတဲ့သားသမီးများ ၀မ်းစာအတွက် အလုပ်မလုပ်ရဲ

ကချင်ပြည်နယ်မှာ အစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲတွေကြောင့်   ဒေသတွင်း   နေထိုင်ကြတဲ့သူတွေ အတွက် စားဝတ်နေရေးဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုခက်ခဲ လာနေပါတယ်။ စစ်ပွဲတွေ ဖြစ်နေပေမယ့် ၀မ်းရေးဟာ အဓိ ကဖြစ်နေတာမို့ ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေကြားထဲကပဲ

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခြင်း

Photo: နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူး
သဝဏ်လွှာ ပေးပို့ခြင်း
Thursday, 10 January 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့  နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

၁။ ၂၀၁၃ ခုနှစ် နှစ်သစ်ကူး အခါသမယတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ (၁-၁-၂၀၁၃) ရက်၌ နှစ်သစ်ကူး သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

၂။ ပေးပို့ခဲ့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် -

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမှူးပြုသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား-

နှစ်သစ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ လိုက်ပါသည်။


ယခုလို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ချိန်တွင် မိမိအနေဖြင့် အထူးအလေးထား ဖော်ပြလိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုအသစ် ဖြစ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အတန်ကြာပျောက်ဆုံးနေခဲ့သော ဆွေးနွေး ညှိနှိုင်းရေး နည်းလမ်းဖြင့် အဖြေရှာခြင်းဆိုသည့် နိုင်ငံရေးယဉ်ကျေးမှု ပြန်လည် အသက်ဝင် လာခြင်းဖြစ်ပါသည်။ ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရန်အတွက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၊ ဒီမိုကရေစီရှင်သန်ရေး လုပ်ငန်းစဉ်များကို ဆောင်ကြဉ်းရာ၌ ကြုံတွေ့ရလေ့ရှိသည့် အများပြည်သူလူထု၏ လိုအင်ဆန္ဒ ထုတ်ဖော်ခြင်းများ၊ ကန့်ကွက် ဆန္ဒပြခြင်းများကို မိမိတို့လူ့အဖွဲ့အစည်းအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်အခါ ဖြစ်ပါသည်။


ဤနေရာတွင် မိမိအနေဖြင့် အထူးအလေးပေး ဖော်ပြလိုသည့် အချက်မှာ ထိုကဲ့သို့ ပြည်သူလူထု၏ လိုအင်ဆန္ဒထုတ်ဖော်ခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်း ဖြစ်စဉ်များတွင် ထိပ်တိုက် ရင်ဆိုင်ရေး နည်းလမ်းများ အသုံးပြုရန် ကြိုးပမ်းမှုများကို နိုင်ငံရေး အင်အားစုများအားလုံး ပူးပေါင်းအဖြေရှာခြင်းဟူသည့် အချက် ဖြစ်ပါသည်။ ဤစုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ယဉ်ကျေးမှု စာမျက်နှာသစ်ဟု ဆိုရမည် ဖြစ်ပါသည်။ "မတူညီသော အယူအဆများ စုစည်း ရှင်သန်နိုင်သော ဗဟုဝါဒ" ကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့် နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်ကို ၂၀၁၂ ခုနှစ်အတွင်း သင်ခန်းစာ ရယူနိုင်ခဲ့သည့် နိုင်ငံရေး တိုးတက်မှု ဟု ဆိုရမည် ဖြစ်ပါသည်။

တစ်ဆက်တည်းမှာပင် ရှုထောင့်ပေါင်းစုံ၊ အမြင်အမျိုးမျိုးတို့ဖြင့် ကျယ်ပြန့်စွာ ဆွေးနွေး နိုင်ခဲ့သည့် လွှတ်တော်များ၏ အသက်ဝင်လာမှု၊ ဥပဒေပြုရေးဖြစ်စဉ်များ ခိုင်မာလာမှု စသည့် လွှတ်တော်နှင့် အစိုးရ၊ အပြန်အလှန် ထိန်းကျောင်းနိုင်မှုတို့ကိုလည်း မိမိအနေဖြင့် ဂုဏ်ယူလျက်ရှိပါကြောင်း ပြောကြားလိုပါသည်။ နိုင်ငံရေးဖြစ်ထွန်းမှုများ အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးမှ ထားရှိသည့် သဘောထားများ၊ ပါဝင်ပတ်သက်မှုများကို လေ့လာ ကြည့်ရှုပါက ပြည်သူများ၏ နိုင်ငံရေးစိတ်ပါဝင်စားမှု (Political Consciousness) နှင့် နိုင်ငံရေး စိတ်ရှည်သည်းခံမှု (Political Tolerance) ရေချိန် မြင့်တက်လာခြင်းများ ကိုလည်း အသိအမှတ်ပြု ဂုဏ်ယူပါသည်။


ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အထွေထွေ ပြုပြင် ပြောင်းလဲရေးများ ချောမွေ့အောင်မြင်စေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ရန် လိုအပ် ပါသည်။ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထိတွေ့၍ ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် ကြိုးပမ်းခဲ့ပါသည်။ နိုင်ငံတကာမှ သမ္မတများ၊ ဝန်ကြီးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ အထက် လွှတ်တော်အမတ်များ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့ဘဏ်အစရှိသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ ကိုလည်း အစိုးရအဖွဲ့မှ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်း တံခါးဖွင့်စဖြစ်သည့် မိမိတို့နိုင်ငံသို့ နိုင်ငံတော်အဆင့် ဧည့်သည်တော်များ လာရောက်မှု အကြိမ်ပေါင်း (၁၃၄) ကြိမ်ရှိခဲ့ပြီး ထိုသို့နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု အရှိန်အဟုန်ကို တိုးမြှင့်နိုင်ခဲ့ခြင်းကြောင့် မိမိတို့၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် များကို  အရှိန်အဟုန်မြှင့် ဖော်ဆောင်နိုင်ရန် အထောက်အကူ ဖြစ်စေခဲ့ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် အထူးထင်ရှား အရေးပါသော ဖြစ်စဉ်များ ဖြစ်ပါသည်။ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်နိုင်ခဲ့ပြီး အဖွဲ့ (၁၀) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အချို့ ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှပင်  အောင်မြင်စေကာမူ တိုင်းရင်းသား အချို့နှင့် ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခများကို အဖြေရှာရန်အတွက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ မဖြစ်မနေပြုလုပ်ရန် လိုအပ်သည်ဟု မိမိတို့အစိုးရမှ ယုံကြည်ပါသည်။ နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် နိုင်ငံရေးဆွေးနွေးပွဲ ပုံစံ (Framework for Political Dialogue) ကိုလည်း ပြင်ဆင်ထားပြီး ထိရောက်သော နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး ဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ လက်ရှိ အပစ်အခတ်ရပ်စဲထားသော အဖွဲ့များအပြင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO/KIA) ကိုလည်း ချန်လှပ် မထားဘဲ အပစ်အခတ် ရပ်စဲရုံသာမက နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်အောင် မိမိတို့ တံခါးဖွင့်ထားပါသည်။ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်နေချိန်တွင် တပ်မတော် အနေဖြင့်လည်း အသက်သွေးချွေးတို့ ပေးဆပ်ပြီး နိုင်ငံတော်လုံခြုံရေးအတွက်သာမက ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးအတွက်ပါ ကြိုးပမ်းလျက် ရှိပါသည်။

ထိုသို့ပြုလုပ်ရန် လိုအပ်မည့် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ အဆင့်ဆင့်မှ ကြိုပမ်းလုပ်ဆောင်လျက် ရှိကြောင်း အသိပေးတင်ပြ လိုပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးလွန်ကာလ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် “မြန်မာ့ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (Myanmar Peace Centre)” ကို တည်ထောင် ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အထက်ပါအတိုင်း ဆောင်ရွက် အကောင်အထည်ဖော်နိုင်ခဲ့သလို အထူးလိုအပ်လျက်ရှိသော စီးပွားရေးပြုပြင် ပြောင်းလဲမှု များကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

ထင်ရှားသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဈေးကွက်နှင့် လျော်ညီစွာ နှုန်းရှင်အဖြစ် ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို စတင်ဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို  အားပေးသည့် စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်နေခြင်း၊ နိုင်ငံခြား ခရီးသွားလုပ်ငန်းများကို ပြန်လည်သက်ဝင်စေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။

မြန်မာ့စီးပွားရေးဝန်းကျင်တွင် ကာလရှည်ကြာတည်ရှိနေခဲ့သော အမျိုးသား စီးပွားရေး ပြဿနာကို ပြည်တွင်းပြည်ပ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စတင်ပူးပေါင်း ဆောင်ရွက်လာခဲ့ခြင်းတို့ကြောင့် "စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲရေးမူဘောင်" နှင့် "ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မူဘောင်" တို့ကို ရေးဆွဲ နိုင်ခဲ့ပါသည်။ ယင်းမူဘောင်များအရ ရေတို၊ ရေရှည် စီမံကိန်းများကိုလည်း စတင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကာလရှည်ကြာ အဟန့်အတား ဖြစ်နေခဲ့သော ပြည်ပမှ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း ဖြေလျှော့ပေးစေရန် ကြိုးပမ်းနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သြစတြေးလျ နိုင်ငံမှ ပိတ်ဆို့မှုများကို စတင်ဖယ်ရှား ပေးခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးသကဲ့သို့၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခွင့်ကို ပြန်လည် ခွင့်ပြုခဲ့ပါသည်။ ထို့ပြင် နိုဝင်ဘာလတွင် သွင်းကုန်များ တားမြစ်မှုကိုလည်း ဖယ်ရှားပေးခဲ့ပါသည်။ တစ်ဆက်တည်းမှာပင် ပြည်ထောင်စုလွှတ်တော်၏ ကူညီပံ့ပိုးမှုဖြင့် “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်”ကို ပြဋ္ဌာန်းပေးခဲ့ပါသည်။ ယခင်နှစ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ခြောက်သောင်းကျော်ကို ဖန်တီးပေးနိုင်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို အားပေးနိုင်ခဲ့သည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် အလုပ်သမားနှင့် လယ်သမား အဖွဲ့အစည်းများကိုလည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခြင်း၊ ယင်းတို့၏ လိုအင်ဆန္ဒများအတွက် ဆန္ဒထုတ်ဖော်ခွင့်များ လုပ်ဆောင်လာနိုင်ခြင်းများသည် လွတ်လပ်ပွင့်လင်းလာသော အခြေအနေကို အစပျိုးနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။

လူမှုရေးဆောင်ရွက်ချက်များ အနေဖြင့်လည်း ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အပြင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် ထိုက်သင့်သော ပင်စင်လစာနှုန်းသစ်များ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။ ထို့ပြင် လာမည့်ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်းကိုလည်း အစိုးရနှင့် လွှတ်တော်တို့အကြား ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့သဖြင့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ”ကို တစ်နှစ်ထက် တစ်နှစ် ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်တော့မည် ဖြစ်ပါသည်။ လွှတ်တော် အတွင်း၌ ရသုံးမှန်းခြေငွေစာရင်း ဆွေးနွေးသည့်ကိစ္စရပ်များကိုလည်း ပြည်သူလူထုထံ ပွင့်လင်းမြင်သာမှု ရှိရှိ အသိပေးနိုင်ခဲ့ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေးများကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်သည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်း၌ အဆင်မပြေမှုများနှင့် စိန်ခေါ်မှုများစွာကို ကြုံတွေ့ခဲ့ရပါသည်။ လက်ပံတောင်းတောင် စီမံကိန်းဆန္ဒပြမှုများ၊ မြေယာ ပြဿနာများ၊ ရခိုင်ပြည်နယ် ကိစ္စရပ်များနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စများမှ အတွေ့အကြုံ များအား သင်ခန်းစာများအဖြစ် ရယူ၍ နောင်လာမည့် နှစ်များတွင် ပိုမို ကောင်းမွန်သော စီမံခန့်ခွဲမှုမျိုး ဖြစ်ပေါ်လာစေရန် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ယနေ့ မိမိတို့ဆောင်ရွက်နေသော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများတွင် လွှတ်တော်များနှင့် အစဉ် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အထူးသဖြင့် ယခင်တစ်နှစ်ကျော်ကာလက ရရှိခဲ့သည့် ဥပဒေပြုရေးဆိုင်ရာ အတွေ့အကြုံ များကို အခြေခံ၍ သင်ခန်းစာများ ဖော်ထုတ်ပြီး ပိုမိုထိရောက်အောင် ဆက်လက် ဆောင်ရွက်သွားရန် စီစဉ်ထားပါသည်။ ယခုအချိန်အခါကဲ့သို့  နိုင်ငံတကာ အသိုက်အဝန်းနှင့် ပြည်တွင်းနိုင်ငံရေး အင်အားစုများအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေး ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သော၊ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နိုင်သောကာလတွင် လွှတ်တော်များ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်ကို မိမိအနေဖြင့် အစဉ်ဂရုပြုပြီး အစိုးရ၏ အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက် ရှိပါသည်။

ခေတ်မီသော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ချီတက်ကြရာတွင် ခက်ခဲ ကြမ်းတမ်းသော လှေခါးထစ်များကို ကျော်ဖြတ်ရလေ့ ရှိပါသည်။ မိမိတို့ အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စသည်တို့ကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့် လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ အစိုးရယန္တရား၏ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက် ရမည်ကိုလည်း သိရှိထားပါသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့်လည်း ပြည်သူများ၏ လက်တွေ့ အကျိုးစီးပွား၊ ရေရှည်အကျိုးစီးပွားကို အလေးအနက်ထားသည့် ပြည်သူ့ဗဟိုပြု ဥပဒေများ ဆက်လက်ပြဋ္ဌာန်းပေးသွားခြင်းဖြင့် ပြည်သူများအား ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဒီမိုကရေစီ အလေ့အကျင့်များနှင့် ယဉ်ပါးရင်းနှီးလာအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။

source:: http://www.president-office.gov.mm/zg/briefing-room/news/2013/01/10/id-2281

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


သတင်းထုတ်ပြန်ရေးအဖွဲ့


သတင်းထုတ်ပြန်ချက် (၂ /၂၀၁၃)


၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်


၁၃၇၄ ခု၊ နတ်တော်လပြည့်ကျော် ၁၃ ရက်


နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ နှစ်သစ်ကူးသဝဏ်လွှာ ပေးပို့ခြင်း

ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ

ကုမ္ပဏီမှ ဝယ်ထားသော ဖုန်းဆင်းကတ် ပျောက်ပါက
မြန်မာ့ဆက်သွယ်ရေး ဆောင်ရွက်ပေးခြင်းမရှိ
Thursday, 10 January 2013

ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများဆင်းကတ်
ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင်ရွက်ပေးခြင်း
မရှိကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေးမည်
ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။

ယင်းသို့ သတင်းများထုတ်ပြန် ထားသော်လည်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ တိုက်ရိုက်ဝယ်ယူ ထားသည့် ဖုန်းများကိုသာ ဆောင်ရွက်
ပေးနေပြီး ဆက်သွယ်ရေးနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သည့် ပုဂ္ဂလိက ကုမ္ပဏီများမှ ရောင်းချ ပေးသည့် ဖုန်းများကိုမူ ဆောင်ရွက် ပေးခြင်း
မရှိကြောင်း ဝယ်ယူသူများ ထံမှ သိရသည်။

''ဖုန်းပျောက်လို့ ရွှေဂုံတိုင် ရုံးကို စာချုပ်တွေနဲ့ သွားပြန် လျှောက်တယ်။ ရုံးရောက်တော့ ဝန်ထမ်းက ဒီဖုန်းတွေ ဒီမှာ မလုပ် ပေးဘူး။ ရောင်းတဲ့ ကုမ္ပဏီကို သွားပြီးလျှောက်ပါပြောတယ်။ ဖုန်း ကိုလမ်းဘေးဖုန်းဆိုင်တွေက ဝယ် ထားတာပါ။ ဆက်သွယ်ရေးက ဝယ်မှ လုပ်ပေးမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ သူတို့ထုတ်ထားတဲ့ ကတ် သူတို့ဘာသာ ပြန်လုပ်ပေး သင့်ပါတယ်၊ အခုတော့ ကုမ္ပဏီ ဘယ်နေရာမှန်းမသိနဲ့ ဒုက္ခရောက်ခဲ့ ရပါတယ်''ဟု မြောက်ဥက္ကလာမှ ဖုန်းပျောက်ဆုံးခဲ့သူ မနန်းဇာခြည် က ပြောသည်။

ထိုသို့ ကတ်ပျောက်ဆုံးမှုများ လာရောက်လျှောက်ထားသည့် ဖုန်းများမှာ ၂ဝ၁၂ ခုနှစ်မှ ရောင်းချ ပေးခဲ့သည့် ကျပ်နှစ်သိန်းတန် ဂျီ ဖုန်းများဖြစ်ပြီး ဖုန်းစတင် ရောင်းချ သည့် ကာလတွင် အလွယ်တကူ ဖုန်းဝယ်ယူ၍ မရခြင်းကြောင့် နီးစပ်ရာ ဖုန်းဆိုင်များနှင့်ကုမ္ပဏီ များတွင် ဝယ်ယူခဲ့ရသည့် ဖုန်းများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ဖုန်းများ ပျောက် ဆုံး၍ ပြန်လည်လျှောက်ထားရာ တွင်
မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကတ်ပြန်လည်ထုတ်ပေး ချိန်
နှစ်ပတ်ကြာမြင့်ပြီး ကုမ္ပဏီများတွင် လျှောက်ထားပါက တစ်လအထိ အချိန်ကြာမြင့်ကြောင်း ထိုသို့ ကုမ္ပဏီများမှ ဆောင်ရွက်သည့် အခါတွင် တစ်လကြာမြင့်ရခြင်း မှာ စာရွက်စာတမ်းများ ပြန်လည် စစ်ဆေး၍ တစ်ဆင့်ပြန်လုပ်ဆောင် ပေးရသည့်အတွက် အချိန်ကြာ မြင့်ခြင်းဖြစ်သည်ဟု ဖုန်းရောင်းချ သည့် ကုမ္ပဏီများမှ သိရသည်။

''လူတော်တော် များများ ကုမ္ပဏီကို သွားမလျှောက်ချင်ဘူး။ အခန့်မသင့်လို့ ဖုန်းပျောက်ခဲ့တာပဲ။ ဘယ်က ဖုန်းရောင်းရောင်း ဆက် သွယ်ရေး အနေနဲ့ ဆောင်ရွက်ပေး သင့်ပါတယ်''ဟု စမ်းချောင်းမြို့ နယ်မှ မဖြိုးဖြိုးက ပြောသည်။

ဖုန်းဆင်းကတ်ပျောက်ဆုံးမှု များအား ကုမ္ပဏီများ၌လျှောက် ထားခြင်းနှင့် ပတ်သက်၍ ဆက် သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ကုမ္ပဏီများ
ဖုန်းနှင့် ပတ် သက်၍ လုပ်ကိုင်ခွင့်များပေးထား သည့် အတွက် ဖုန်းပျောက်ဆုံးမှုကို သက်ဆိုင်ရာကုမ္ပဏီမှသာ ဆောင် ရွက်ရမည်ဟု ထုတ်ပြန်ထား ကြောင်း ပြောသည်။

PN-052
Popular Myanmar News Journal ဆက်သွယ်ရေးမှ တိုက်ရိုက်ဝယ်ယူခြင်းမရှိသည့် ဖုန်းများဆင်း ကတ်ပျောက်ဆုံးမှုကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ဆောင် ရွက်ပေးခြင်းမရှိကြောင်း သိရသည်။
မြန်မာ့ဆက်သွယ်ရေးသည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျက်စီး ပါက အခမဲ့နှင့် ပျောက်ဆုံးပါက ကျပ်နှစ်သောင်းနှုန်းဖြင့် ဆောင် ရွက်ပေး မည်ဟု ၂ဝ၁၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည်။

မြန်မာ့အမြင့်ဆုံး အဆောက်အအုံ ပန္နက်တင်တော့မည်

မြန်မာ့အမြင့်ဆုံး အဆောက်အအုံ ပန္နက်တင်တော့မည်
Thursday, 10 January 2013

ရန်ကုန်မြို့၌ အမြင့်ဆုံးအဆောက်အအုံ ဆောက်လုပ်ခွင့် အနေဖြင့်
ုနိုင်ငံတော် သမ္မတက ပထမဦးဆုံး ခွင့်ပြုပေးခဲ့သော ၂၇ ထပ် အမြင့်ရှိ အထပ်မြင့်တိုက်တစ်ခုကို Aye’s Family Co.,Ltd က မကြာမီ ပန္နက်တင်တော့မည်ဟု အဆိုပါ ကုမ္ပဏီ ထံမှသိရသည်။

ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပန္နတင်မှုပြုလုပ်မည် အဆိုပါအဆောက်အဦ၏
ခေါင်မိုးမှာ ရဟတ်ယာဉ် ဆင်းသက် နိုင်မည်ဟု သိရသည်။

အဆိုပါ အဆောက်အအုံကို ဗဟန်း မြို့နယ်၊ကမ္ဘာအေးဘုရားလမ်း၊ကုက္ကိုင်း ရှိ Aye’s Family ကုပ္မဏီ၏ကိုယ်ပိုင်မြေနေရာတွင် ဆောက်လုပ်မည်ဖြစ်သည်။

PN-051
Popular Myanmar News Journal 
ရန်ကုန်မြို့၌ အမြင့်ဆုံးအဆောက်အအုံ ဆောက်လုပ်ခွင့် အနေဖြင့်ုနိုင်ငံတော် သမ္မတ က ပထမဦးဆုံး ခွင့်ပြုပေးခဲ့သော ၂၇ ထပ် အမြင့်ရှိ အထပ်မြင့်တိုက်တစ်ခုကို Aye’s Family Co.,Ltd က မကြာမီ ပန္နက်တင်တော့မည်ဟု အဆိုပါ ကုမ္ပဏီ ထံမှသိရသည်။
ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ပန္နတင်မှုပြုလုပ်မည် အဆိုပါ အဆောက် အဦ၏ခေါင်မိုးမှာ ရဟတ်ယာဉ် ဆင်းသက် နိုင်မည်ဟု သိရသည်။

“မြန်မာ့ရုပ်မြင်သံကြားသတင်းများ ထုတ်လွှင့်ချိန်များ ပြောင်းလဲ”



ဇန်နဝါရီလ ၉ ရက် ညနေပိုင်းအစီအစဉ်များမှ စတင်၍ ပြည်တွင်းသတင်းများကို ညနေ ၆ နာရီ၁၅ မိနစ် တွင်တစ်ကြိမ်၊ ညနေ ၇ နာရီမှာ ၁၀ မိနစ်တွင်တစ်ကြိမ် ၊ ည ၈နာရီမှာ ၁၅ မိနစ်နှင့် ည ၁၀ နာရီမှ ၃၀ မိနစ် ခန့်တို့တွင် တစ်ကြိမ်စီ အသီးသီး ပြောင်းလဲ ထုတ်လွှင့်နေပြီ ဖြစ်သည်။

NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်


Photo: NLD ပါတီဝင်မှ ခြိမ်းခြောက်ပြောဆိုမှုကြောင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာ သို့ တိုင်ကြားမှု ဖြစ်ပေါ်
Thursday, 10 January 2013

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင်
ကျေးရွာအုပ်စု စုံခေါင်းရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စု ရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာပြီး အစည်းအဝေးမှတ်တမ်း
တွင် ရေးသားထားသော မှတ်တမ်းစာအုပ်များကို အတင်းဆွဲယူဖတ်ရှူခြင်း၊
 “ ဒီအစည်းအဝေးက ဘာအစည်းအဝေးလဲ” ၊ “ NLD ပါတီ အာဏာနှင့်
ပြောလို့ ရရင် ရ မရရင် လူအင်အားနှင့် လာရောက်မည် ” ဟု အရန် မီးသတ် တပ်စုရုံးအတွင်း ၀င်ရောက် ကာ ခြိမ်းခြောက်စော်ကားပြောဆိုခြင်းများ
ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး ခြိမ်းခြောက်စော်ကားပြောဆိုမှု
များကြောင့် အစည်းအဝေး ပျက်သွားကြောင်းသိရှိရ သည်။ မီးသတ်
တပ်ဖွဲ့ဝင်များအနေဖြင့် မိမိရပ်ရွာ အေးချမ်းသာယာရေးအတွက် အစည်းအဝေးပြုလုပ်ရခြင်းသာဖြစ်ပြီး အခုလို NLD ပါတီဝင် တစ်ဦးမှ 
ပါတီ နာမည်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုများ စော်ကားပြောဆိုမှုများကို မီးသတ် တပ်ဖွဲ့ဝင် များမှ မကျေနပ်ကြသဖြင့် စိုးငယ် (ခ) ရန်နိုင်စိုး အား ထိရောက်သော အရေးယူမှုများပြုလုပ်ပေးနိုင်ရန် သက်ဆိုင်ရာ အဖွဲ့ 
အစည်း အသီးသီးသို့ တရားဝင်စာများပို့ကာ တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။

စိုးငယ် (ခ) ရန်နိုင်စိုး (၃၇)နှစ် (ဘ) ဦးခင်ဝင်း သည် NLD ပါတီ ရှမ်းချောင်းဝန်ထမ်း ရပ်ကွက် အလုပ်အမှုဆောင်အဖွဲ့ တစ်ဦး ဖြစ်ပြီး
မြို့ နယ် ညီလာခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီ အချိန်ခန့် မြိတ်မြို့  ကလွင်ကျေးရွာအုပ်စု စုံခေါင်း ရှားတောဝရပ်ရှိ အရန်မီးသတ်တပ်ဖွဲ့ မီးသတ် တပ်စုရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရပ်ရွာလုံခြုံရေး ကိစ္စရပ်များ အတွက် အစည်းအဝေးပြုလုပ်နေစဉ် NLD ပါတီဝင် စိုးငယ် (ခ) ရန်နိုင်စိုး အစည်းအဝေးခန်းသို့ ရောက်ရှိလာ ပြီး အစည်းအဝေးမှတ်တမ်းတွင် ရေးသားထားသော မှတ်တမ်းစာအုပ် များ ကို အတင်းဆွဲယူ ဖတ်ရှူခြင်း၊“ ဒီအစည်းအဝေးက ဘာအစည်း အဝေး လဲ” ၊ “ NLD ပါတီ အာဏာနှင့်ပြောလို့ရရင်ရ မရရင် လူအင်အားနှင့်