Saturday, October 27, 2012

ပါတီအတွင်း ဒီမိုကရေစီ စနစ်မကျင့်သုံေးသာကြောင့် ပုသိမ် NLD နှုတ်ထွက်ပွဲ (ဓါတ်ပုံ)


အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးရာတွင် ကြားဝင် ပေးပါရန် ဂျပန် အစိုးရအား UNFC တောင်းဆို


http://www.phophtaw.org/burmese/images/stories/Myint_Ma_Ka112_thumb_medium200_278.jpg

ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည်၊ နိုင်ငံရေး အရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ကြားဝင် ညှိနှိုင်းပေး ပါရန် ဂျပန် အစိုးရအား တောင်းဆို ထားခဲ့သည်ဟု ပြောခွင့်ရသူ အထွေအထွေ အတွင်းရေးမှူး နိုင်ဟံသာက ဆိုပါသည်။

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေဆုံး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရ


27mt

ဟင်္သာတ-ဇလွန် အဝေးပြေးလမ်းမကြီးတွင် အောက်တိုဘာလ ၂၇ ရက်နေ. နေ.လည်ပိုင်းအချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ ဦး သေဆုံးပြီး ၉ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

အမျိုးဘာသာ သာသနာကို စော်ကားရေးထားသော မွတ်စလင်တို့၏ ခြိမ်းခြောက်ကြေညာချက်

မြန်မာပြည်ထဲမှာ- လူသားပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ နေရပ်ဇာတိများမှ အစုလိုက် အပြုံလိုက် မောင်းထုတ်ခြင်း၊ လူသားမျိုးနွယ်စု တစ်ခုအား ဂုဏ်သိက္ခာညှိုးနွယ်စေရန် လှုံ့ဆော်ခြင်း၊ လူသား ချင်းကြား အမုန်းတရားမျိုးစေ့ချပေးခြင်း-တို့ဟာ Crime Against Humanity နဲ့ ကမ္ဘာ့ခုံရုံးကို တင်ဘို့ ပြည့်စုံ လုံလောက်တဲ့ အကြောင်းရင်းများ ဖြစ်တယ်။

အမေရိကန်အစီရင်ခံစာကြောင့် ဟွာဝေးရဲ့ ကမ္ဘာ့ပြိုင်ဘက်ကြီး ဖြစ်လာရေး ရည်မှန်းချက်များကို အကြီးအကျယ်အထိနာစေ

ဩစတြေးလျသားတွေကို အရူးလုပ်လိုက်တဲ့ ဗီယက်နမ်သူလျှို

သူလျှိုတွေနဲ့ တွေ့ဆုံရင်ဆိုင်ရတာဟာ ရင်တဖိုဖို တထိတ်ထိတ်နဲ့ စိတ်ဝင်စား စရာလည်း
ကောင်းတယ်။ တိတ်တဆိတ် ချိန်းဆိုတွေ့ရလို့ ဖြစ်ပေါ်လာတဲ့ ခံစား မှုကို အသာထားဦး၊
အဖြစ်မှန်တဲ့ အချက်တစ်ချက်ကတော့ ဒီလို သူလျှို မျိုးတစ်ယောက်ဟာ အသုံးစရိတ် အ
တော်များများရရှိထားသူ ဖြစ်တယ်။

ဆက်သွယ်ရေးကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ စိတ်ဝင်စားနေ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို နိုင်ငံတကာလုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှု အ
ထွတ်အထိပ်သို့ ရောက်ရှိ နေကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အထွေထွေအ
တွင်းရေးမှူး ဖြစ်သူ ဦးဇော်မင်းဦးက Myanmar Telecom Reform ပွဲတွင် ပြောသည်။

မြန်မာနိုင်ငံ၌ အမြင့်ဆုံးဖြစ်လာမည့် ၃၄ ထပ်မြင့် အဆောက်အအုံ အင်းလျားကန်အနီး တည်ဆောက်မည်

တည်ဆောက်မည့် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံ၏ နမူနာပုံစံ။ လွင်ကိုတိတ် / မြန်မာတိုင်း(မ်)
တည်ဆောက်မည့် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံ၏ နမူနာပုံစံ။ လွင်ကိုတိတ် / မြန်မာတိုင်း(မ်)
မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊
အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်
ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်
ဖြစ်သည်။

ရန်ကုန်သားများ အမှိုက်ပစ်တတ်ရဲ့လား



ရန်ကုန်မြို့တနေရာက အမှိုက်ပုံး (ဓာတ်ပုံ - ရွက်စိမ်း/ဧရာဝတီ)
စည်ပင်သာယာအဖွဲ့က    ရန်ကုန်မြို့တော်  သန့်ရှင်းစေဖို့အတွက် နေရာတော်တော်များများမှာ အမှိုက်ပုံးတွေ ထားရှိပေးပေမယ့်လည်း မြို့နေလူအများအပြား စည်းကမ်းလိုက်နာမှု အားနည်းနေသေးတာကို တွေ့နေရပါတယ်။

စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်ကြောင်း KNU ကြေညာ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
စစ်ဦးစီးချုပ်အပါအ၀င် ထိပ်တန်းခေါင်းဆောင်တို့ကို  မူလတာဝန်များ ပြန်လည်ခန့်အပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ကြေညာချက် တရားဝင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ယနေ့မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦး အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက်လုပ်ဆောင်မည်''

http://www.myitmakhamediagroup.com/administratorpanel/image/23-10-12-7.JPGပုသိမ်မြို့ NLD ပါတီမှ နှုတ်ထွက်သူ ၁၃၄ ဦးသည် အမျိုးသားဒီမိုကရေစီကွန်ယက် အမည်ဖြင့် လူမှုရေးလုပ်ငန်းများရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှုတ်ထွက် NLD ပါတီဝင် ဒေါက်တာ သန်းထိုက်က ပြောသည်။

စင်ကာပူ နည်းပညာ ကုမ္ပဏီစက်ရုံ မြန်မာနိုင်ငံ တွင် တည်ဆောက်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၆

စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခု ဖြစ်သော Synergs Group Pte LTD သည် မြန်မာနိုင်ငံ တွင် စက်ရုံ တစ်ခုကို ၂ဝ၁၃ ခုနှစ် တွင် တည်ထောင် ဖွင့်လှစ် နိုင်ရန် စီစဉ်လျက် ရှိကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင် ထုတ်ပြန်သော အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။

NLD ပါတီ အတွင်း ဗဟိုဦးစီးစနစ်နဲ့တပည့်မွေးဆ၇ာမွေးတွေ လုပ်ခြင်းကို မကျေနပ် ချက်ကြောင့် NLD ပါတီ ၀င်များ နှုတ်ထွက်

ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ အမှတ်(၃)၇ပ်ကွက် စကားဝါလမ်းအမျိုးသားဒီမိုကေ၇စီအဖွဲ့ချူပ် မြို့နယ်၇ုံးတွင် ၂၇.၁၀.၂၀၁၂ ၇က်နေ့တွင် ပါတီဝင်များနှုတ်ထွက်ခြင်းနှင့်ပါတီရုံးနှင့်ပါတီအလံချခြင်း အခမ်းအနားကျင်းပ၍ တက်ေ၇ာက်လာသော ပါတီဝင်များမှမြို့နယ်အဆင့် တိုင်းအဆင့်တွေမှာ

ပုသိမ် NLD ပါတီဝင် ၁၀၀ ကျော် နှုတ်ထွက်ပွဲ အခမ်းအနားနှင့်အလံချပွဲပြုလုပ်ကျင်းပ


http://www.myitmakhamediagroup.com/administratorpanel/image/23-10-12-7.JPG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပုသိမ်ခရိုင်/ပုသိမ်မြို့နယ်) ၏ စုပေါင်းနှုတ် ထွက်ပွဲနှင့် ဆိုင်းဘုတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ ၂၇ ရက် အချိန် နံနက်နံနက် ၁၁း၀၀ နာရီက ပုသိမ်မြို့တွင် ကျင်းပ ခဲ့ကြောင်း သတင်းရရှိသည်။

OIC အား တုံ့ပြန်မှုများကြောင့် မင်းပြားပြဿနာ စတင်ခြင်းဖြစ်သည်ဟု ဒေသခံများဆို

OIC ကို လက်မခံသည့် ဆန္ဒထုတ်ဖော်မှုများကြောင့် ဘင်္ဂါလီတို့မှ မကျေနပ်သည့် တုန့်ပြန်မှု ကြောင့် အောက်တို ဘာ(၂၀)ရက်နေ့က မင်းပြားမြို့ရှိ ကျေးရွာများတွင် ပြသာနာစ တင်ဖြစ်ပွားခဲ့ရ ခြင်းဖြစ် သည်ဟု ဒေသခံတို့က ဆိုသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစောမောင်ကွန်လွန်




ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) အတွင်းရေးမှူး ဦးစောမောင်သည် စစ်တွေ နေအိမ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့က ကွယ်လွန် အနိစ္စရောက်သွားကြောင်း သိရှိရသည်။

အောက်တိုဘာ(၂၇)နေ့တွင်တွေ့မြင်ရသာစစ်တွေမြို့ (ဓါတ်ပုံ)သတင်း


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားကြေညာချက်





ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က Eleven Media Group သို့ ပြောပါသည်။ဦးခွန်ထွန်းဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့က

ဂါဇာကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဟု အစ္စရေးခြိမ်းခြောက်

http://sphotos-g.ak.fbcdn.net/hphotos-ak-ash3/557849_484702891570354_1437462027_n.jpg
အစ္စရေးတို့က ဂါဇာကမ်းမြောက်ဒေသရှိ ပါလက်စတိုင်းတို့အား အရှိန်တိုးမြှင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်လိုက်သည် ဟု အောက်တိုဘာ ၂၄ ရက်က ပရက်စ်တီဗွီသတင်းတွင်
 ဖော်ပြ ထား သည်။

မိန်းကလေးများ ပျက်စီးခြင်း (၉) မျိုး


http://sphotos-e.ak.fbcdn.net/hphotos-ak-ash4/377487_484745641566079_1802159138_n.jpg

တချို့မိဘတွေက သူတို့သမီးပျိုလေးများကို မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။ ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့ အတွက် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေးများ ပျက်စီးခြင်း(၉)မျိုး ကို ရေးသားပေးလိုက်ပါတယ်။ ဒီအချက်တွေကို မိမိတို့သမီးများ

ဘတ်သန်း(၁၂၀)ဖိုး မြင်းဆေးများ ထိုင်းဘက်တွင် ဖမ်းမိ

http://sphotos-e.ak.fbcdn.net/hphotos-ak-prn1/c22.0.403.403/p403x403/59830_363161167108756_1376829781_n.jpg

မြန်မာနိုင်ငံဘက်ခြမ်းမှ ဘန်ကောက်မြို့သို့ ပို့ဆောင်မည့် ထိုင်းဘတ်ငွေ သန်း(၁၂၀)တန်ဖိုး မြင်းဆေး (ခေါ်) ရာဘဆေးပြား (၄)သိန်းနှင့် ထိုင်းနိုင်ငံသား ၆ ဦးအား ထိုင်းအာဏာပိုင်များက ချင်း ရိုင်
ခရိုင်တွင် ဖဖ်းဆီးခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်


Photo: ကျိုက်ထီးရိုး ဂေါပက အဂတိ လိုက်စားမှုသတင်း ဖြစ်ပေါ်

| October 27, 2012 |

ကျိုက်ထီးရိုးစေတီကို အဝေးမှ လှမ်းမြင်ရစဉ် (ဓာတ်ပုံ – where-is-myanmar.com)
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက် စားမှုများ ပြုလုပ်နေသည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်ရှိ ဆိုင်ခန်း ပိုင်ရှင်များသည် ဂေါပကအဖွဲ့သို့ ဆိုင်ခန်း မြေနေရာ အတွက် အခွန်အခကို ပေး ဆောင်ရသည့် အပြင် သီးသန့် အပိုငွေ ထပ်မံပေးနေရခြင်းမျိုးလည်း ရှိကြောင်း ဆိုင်ခန်းရှင်များက ပြောပြသည်။

“ဆိုင် စစောက်တုန်းကဆိုရင် အခွန်က ကျပ် ၃၀၀၀ သာ ရှိပေမယ့် ဂေါပက တာဝန်ခံတွေကို ၃၀၀၀၀ ထပ်ပေးရပါတယ်။ အခုဆို တရားဝင်အခွန်က ကျပ်၂ သိန်း၊ ဒါပေမယ့် ဆိုင်အရှေ့က ကလဖျဉ်းအမိုးအတွက် တရားမဝင် နေရာဆိုပြီး ၂ သိန်း ထပ်ပေးနေရ တယ်”ဟု ကျိုက်ထီးရိုးတွင် ဈေးရောင်းနေသူ ကိုစိုးမိုးက ပြောသည်။

အဝတ်အထည် ရောင်းချလိုသူများသည် ဂေါပကအား ကျပ် ၁၅ သိန်းပေးရပြီး တရားဝင် သတ်မှတ်ထားသော အခွန်နှုန်းထားသည် ကျပ် ၃ သိန်း ဖြစ်ကြောင်း၊ ဘောက်ချာစာရင်းတွင်လည်း ၃ သိန်းသာ ရေးပေးကြောင်း ဆိုင်ခန်းရှင်များ၏ ပြောကြားချက်အရ သိရ သည်။

ကျိုက်ထီးရိုးရှိ လူထမ်း၊ ကုန်ထမ်း အလုပ်သမားများကိုလည်း အဓမ္မ အလုပ်ခိုင်းစေမှုများနှင့်ငွေတောင်းခံမှုများ ရှိကြောင်း အလုပ် သမားများက ပြောသည်။

“ကားတွေသွားတဲ့ တောင်ပတ်လမ်းက ပျက်စီးနေလို့ အထမ်းသမားတွေကို မြေတွေပေါက်ခိုင်း၊ ကားပေါ်ကိုထမ်းတင်ပြီး ကျင်းတွေ၊ ချိုင့်တွေကို လောင်းခိုင်းတယ်။ အဲဒီလို မလုပ်တဲ့သူတွေကို တယောက် ကျပ် ၅၀၀ ပေးရမယ်လို့ ပြောတယ်။ အဲဒီ ငွေ မှ မပေးရင် အထမ်း မထမ်းရဘူးလို့ ပြောတယ်”ဟု ကျိုက်ထီးရိုး လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂမှ ကိုစိန်ဝင်းက ပြောပြသည်။

ယင်း လူထမ်း၊ ကုန်ထမ်း အလုပ်သမား သမဂ္ဂအား အစိုးရက ဇူလိုင် ၁၇ ရက်နေ့တွင် တရားဝင်ဖွဲ့စည်းပေးပြီး လွပ်လပ်စွာ လုပ် ပိုင်ခွင့် ပေးခဲ့သော်လည်း ဂေါပကလူကြီးများနှင့် ကင်ပွန်းချောင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီသာ တရားဝင်ဖြစ်၍ ထိုကော်  မတီက ခွင့်ပြုထားသူများသာ လူထမ်း၊ ကုန်ထမ်း လုပ်ငန်း လုပ်ကိုင်ရမည်ဟု ပြောဆိုလုပ်ကိုင်လျက် ရှိကြောင်းလည်း သိရသည်။

ထိုပြဿနာ အရပ်ရပ်အား မကျေနပ်သည့် ဒေသခံများသည် ကျိုက်ထိုမြို့ရှိ တပ်မ ၄၄ သို့ သွားရောက် တိုင်ကြားသော်လည်း မည်သည့် အရေးယူ ဆောင်ရွက်မှုမှ မရှိကြောင်း အလုပ်သမားများက ပြောဆိုသည်။
“စေတီတော် ရင်ပြင်တာဝန်ခံ ဦးတင်ညွန့်နဲ့ ပတ်သက်ပြီး နေရာတော်တော်များများမှာ တိုင်ဖူးတယ်။ အထူးသဖြင့် တပ်မ ၄၄ မှာ တိုင်ဖူးပါတယ်။ သူက တပ်မ ၄၄ နဲ့ တော်တော်ရင်းနှီးသူပါ”ဟု ကိုစိုးမိုးက ဆိုသည်။

ကျိုက်ထီးရိုး ဂေါပက ဥက္ကဋ္ဌ ဦးစံမြင့်က စီးပွားရေးသမားများနှင့် ကျိုက်ထီးရိုး ဂေါပကများ ပူးပေါင်းကာ အာဏာရှင်ဆန်စွာ ပြုမူနေခြင်း မဟုတ်ကြောင်း၊ ယခင်က ဆိုင်ခန်း အငှားချခြင်းကိုလည်း ဂေါပကအဖွဲ့၏ ဆုံးဖြတ်ချက် မဟုတ်ဘဲ အစိုးရ တာဝန်ရှိသူများ၏ အမိန့်အရ လုပ်ရခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များကို တင်ပြပြီးမှသာ လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ပြန်ရှင်းသည်။

“ကျနော်တို့ ဂေါပကတွေက မှန်မှန်ကန်ကန်ပဲ လုပ်ဆောင်နေပါတယ်”ဟု သူက ဆိုသည်။

ဆိုင်ခန်းများအတွက် အခွန်ငွေအပြင် အပိုငွေ ပေးရသည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း၊ တရားဝင် တောင်းခံခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ဆိုင်ခန်းရချင်လို့ လက်သိပ်ထိုး ပေးတာတို့၊ အပိုငွေ ပေးနေရတာတို့တော့ ကျနော်မသိပါဘူး။ အခုအချိန်မှ၊ အားကိုးပေါ်လာမှ ပြော တဲ့ စကားတွေကလည်း ဘယ်လိုမှ အမှန်မဖြစ်နိုင်ပါဘူး”ဟုလည်း ဦးစံမြင့်က ပြောသည်။

ကျိုက်ထီးရိုးစေတီ ဂေါပက အဖွဲ့ဝင်ဟောင်း တဦးဖြစ်သည့် ဦးဉာဏ်ထွန်းကမူ စေတီတော် သာသနာ့မြေအား ဂေါပကများက မြေ လွတ်မြေရိုင်းဟု အမည်တပ်၍ ဝယ်ယူလိုသည့် စီးပွားရေးသမားများကို ကန့်ကွက်ရန်မရှိဆိုသည့် ထောက်ခံစာ ထုတ်ပေးမှု ရှိကြောင်း၊ ယခု ထို သာသနာ့ နယ်မြေတွင် တိုက်တာ အဆောက်အအုံများ တည်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ကျိုက်ထီးရိုးဘုရားရဲ့သစ်တောကြိုးဝိုင်း ဧရိယာကို ၆၆၉၈ ဧက ရှိတယ်လို့ ၂၀၀၁ မှာ သစ်တောဝန်ကြီးက လက်မှတ်ထိုး ထုတ်ပြန် ထားတယ်။ အခု အဲဒီ သစ်တော ဧကတွေကို ဂေါပက က လန ၃၉ ပေးပြီး ဗိုလ်မှူးတွေ၊ ဗိုလ်ချုပ်တွေကို ရောင်းချတာတွေ လုပ် နေတယ် ဆိုတာ ကျနော့်မှာ စာရွက်စာတမ်း အထောက်အထားတွေနဲ့ ရှိပါတယ်”ဟုလည်း သူက ဆိုသည်။

ထိုသို့ ကျိုက်ထီးရိုးစေတီ၌ ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပတ်သက်ပြီး ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု(MDCF) အဖွဲ့က ပြီးခဲ့သည့် သြဂုတ်လအတွင်း သွားရောက်လေ့လာ၍ စက်တင်ဘာ လဆန်းမှစတင်ပြီး သမ္မတ ရုံးနှင့် သာသနာရေး ၀န်ကြီး ဌာန အပါအ၀င် အစိုးရ အာဏာပိုင်များသို့ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိ၍ အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန် မြောက် ဥက္ကလာပ တွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျိုက်ထီးရိုး ဘုရားမှာ ဖြစ်နေတဲ့ အဂတိ လိုက်စားမှုတွေ၊ ဂေါပကတွေရဲ့ အလွဲသုံးစား လုပ်မှုတွေကို စာရင်းနဲ့ အတိအကျ တိုင် တယ်။ ဒါပေမယ့် ဘာမှလုပ်ပေးတာ မရှိဘူး”ဟု MDCF အဖွဲ့မှ ဦးဆောင်သူ တဦးဖြစ်သည့် ဦးထင်ကျော်က ပြောသည်။

ယင်း ကျိုက်ထီးရိုး ဂေါပက အဖွဲ့ကို ဖယ်ရှားပေးရန် MDCF က တောင်းဆို ထားကြောင်းလည်း သိရသည်။

အေးချမ်းမွန်မှ ဧရာဝတီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုး စေတီတော် ပရ၀ဏ်၌ ဂေါပက အဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များက အဂတိ လိုက်စားမှုများ ပြုလုပ်နေ သည်ဆိုပြီး အလုပ်သမားများနှင့် ဈေးဆိုင်ခန်းရှင်များ၏ မကျေနပ် မှုများ ဖြစ်ပေါ်နေကြောင်း သတင်းရသည်။

မင်းပြား၊ မြောက်ဦး ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအပြီး ဒုက္ခသည်များတိုး

အောက်တိုဘလအတွင်း မင်းပြားမှစတင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း မင်းပြား-မြောက်ဦး မှနေအိမ်စွန့်ခွာထွက်ပြေးသူဒုက©သည်ပေါင်း(၂၅၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်း ပေးတော့မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ကို ၂၀၁၃ မေလကုန်တွင် အပြီးသတ် စာချုပ်ချုပ်ဆို၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ေ ဆာင် ညွှန်ကြားရေးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်

တညထဲနှင့်ဆိုင်( ၆) ဆိုင် ဖောက်ထွင်းသူခိုး ရဲ မဖော်ထုတ်နိုင်

အောက်တိုဘာ ၁၉ ရက်ညက ချင်းပြည်နယ်ထန်တလန်မြို့ပေါ်တွင် ဆိုင်ကြီး ၆ ဆိုင်အား တညတည်းဖောက် ထွင်းခိုး ယူသူအား သက်ဆိုင်ရာ ပြည်သူ့ ရဲက မဖော်ထုတ်နိုင်ကြောင်း သိရသည်။“

ရိုဟင်ဂျာနိုင်ငံ ထူထောင်ရေး အတွက် အာရပ် ၅ နိုင်ငံတွင် စစ်သင်တန်း တက်နေသည်ဆိုခြင်း


207530_430768676961996_535571910_n

မြန်မာနိုင်ငံ အနောက်မြောက်ဖျားတွင် အီဆလင်မစ်ရီ ပါပလီအော် ရိုဟင်ဂျာနိုင်ငံ (Islamic Repubilc of Rohingya) ထူထောင်ရေးအတွက် ပါကစ္စတန်နိုင်ငံ၊ အာဖဂန်နီ စတန်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ ဘင်္ဂလာဒေရှ့်နိုင်ငံ နှင့် ဆောဒီအာရေ ဗျား နိုင်ငံများတွင် လွန်ခဲ့သော

မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံရှေ့နေ များ ကွန်ယက် အဖွဲ့ဝင်များ ယနေ့ ၁၁ နာရီ တွင် တွေ့ဆုံမည်။

ရန်ကုန်တိုင်းဒေသကြီးရှိ တရားလွှတ်တော်ရုံးများကိစ္စ အပါအဝင် ကိစ္စ ၄ ရပ်အား ဆွေးနွေးရန် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံရှေ့နေ များကွန်ယက် အဖွဲ့ဝင်များ ယနေ့ နံနက်

၂၇.၁၀.၂၀၁၂ ရက်နေ့ ကျောက်တော်မြို့ သတင်းနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် မှ ရခိုင်ပြည်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သတ်ပြီး ကြေငြာချက်ထုတ်ပြန်

http://thumbnails57.imagebam.com/20473/540aa6204722542.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် မနေ့ကထိ သေဆုံးစာရင်းမှာ (၆) ဦးရှိသွားပြီးဖြစ်ကြောင်းကို RSV သတင်းထောက်မှ အတည်ပြုပေးပါသည်။ ပထမနေ့မှ (၃) ယောက်တွင် ၂၆.၁၀.၂၀၁၂ရက်နေ့က ကျောက်ေ တာ် ပြည်တော် သာရပ်ကွက်မှ အလောင်း(၂)လောင်းကို သင်္ဂြလ်ပြီး

အမျိုးသားတွေလည်း အလှပြင်လာကြပြီ


(ဓာတ်ပုံများ - ရွက်စိမ်း/ဧရာဝတီ)
ဗြူးတီးဆလွန်းတွေဟာ  အမျိုးသမီးများ အလှပြင်ဖို့အတွက်ပဲလို့ ယူဆပါသလား။ ဒါဆိုရင်တော့ မှားနေပြီပေါ့။
အမျိုးသား အများအပြားကလည်း ဖက်ရှင် ခေတ်ရေစီးကြောင်းကို လိုက်ပြီးတော့  ကိုရီးယား မင်းသားလေးတွေလို လှပ ကြော့ရှင်းနေဖို့၊ ဆံပင် ဒီဇိုင်းသစ်တွေ ဖန်တီးဖို့၊   မျက်နှာ အသားရေလှအောင်  ပေါင်းတင်/ဂျီးချွတ်ခြင်းတွေလုပ်ဖို့အတွက် ဗြူးတီးဆလွန်းတွေကို အားကိုးနေကြပါပြီ။

နော်ဝေး၊ ဒိန်းမတ် သံရုံးတွေ မြန်မာနိုင်ငံမှာ ဖွင့်မည်

မြန်မာနိုင်ငံက သံရုံးဖွင့်ပွဲတွေကို နော်ဝေး၀န်ကြီးချုပ် Mr. Jens Stoltenberg (ယာ) နဲ့ ဒိန်းမတ်ဝန်ကြီးချုပ် Ms. Helle Thorning Schmidt (ဝဲ)လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ 
နော်ဝေးနဲ့ ဒိန်းမတ်ဝန်ကြီးချုပ်တွေ မကြာခင်မှာ မြန်မာနိုင်ငံကိုသွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီးအတွက် သံရုံးတွေ ရန်ကုန်မြို့မှာ ဖွင့်လှစ်ကြတော့မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက် အတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် ကျေနပ် အားရမှုရှိတဲ့အတွက် အခုလို

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်ခံသည့် ကိစ္စ

၁။ နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံတော်ဝန်ကြီးချုပ်        တာဝန်ထမ်းဆောင်ခဲ့စဉ်က
နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အနီး ကပ်ကြီးကြပ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံ ရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ

ကမ္ဘာပေါ်တွင် ပြည်တွင်း စစ်ဖြစ်ပွားမှု အရှည်ကြာဆုံး နိုင်ငံဟု မှတ်တမ်းဝင်နေသောမြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ဦးဆောင် လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟုဆို

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟုဆို
FRIDAY, OCTOBER 26, 2012

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ယဉ်လပ်၏အကိုဖြစ်သူ သက်ဆင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားခံပြေးအဖြစ် သတ်မှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ တန်ခိုးကြီး ရွှေတိဂုံစေတီတော်ကို ဖူးမြော်မည်ဖြစ်ပြီး  ရှမ်းပြည်နယ်ရှိ တာချီလိတ်မြို့သို့ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်) တွင် လာရောက်မည်ဖြစ်ကြောင်း ၎င်းအား ထောက်ခံသော ရှပ်နီအုပ်စု United Front for Democracy against Dictatorship (UDD) ကပြောကြားသည်။

တာချီလိတ်မြို့သည့် မြန်မာ-ထိုင်း နယ်စပ်ရှိ မြို့တစ်မြို့ဖြစ်ပြီး ထိုင်းနိုင်ငံ Chaing Rai ပြည်နယ် Mae Sai ခရိုင်နှင့် နယ်စပ်တစ်လျှောက် ကပ်လျက်တည်ရှိသည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် မြန်မာနိုင်ငံတွင် ၄ ရက် သို့မဟုတ် ၅ ရက်ကြာ နေထိုင်ဖွယ်ရှိကြောင်း Chaing Rai ရှိ UDD ထောက်ခံသူများ၏ အဆိုကို ကိုးကား၍ Bangkok Post က ဖော်ပြသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် တာချီလိတ်မြို့သို့ လာရောက်မည့် ခရီးစဉ်သတင်းများ Chaing Rai ရှိ သက်ဆင်အား ထောက်ခံသူ UDD တို့ကြားတွင် ပြန့်နှံ့လျက်ရှိပြီး အချို့က ထိုနေ့တွင် တာချီလိတ်သို့ သွားရောက်၍ ဝန်ကြီးချုပ်ဟောင်းနှင့် တွေ့ဆုံရန် ပြင်ဆင်နေကြောင်း သိရသည်။

Source: Bangkok Post
Planet Myanmar Network

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းနှင့် လက်ရှိဝန်ကြီးချုပ် ယဉ်လပ်၏အကိုဖြစ်သူ သက်ဆင်သည် လာမည့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၉နာရီ မိုးထိမိုးမိရွှေလုပ်သားများရန်ကုန်တွင် ဆန္ဒဖော်ထုတ်မည်

Photo: မိုးထိမိုးမိရွှေလုပ်သားရန်ကုန်တွင် ဆန္ဒဖော်ထုတ်မည်

ရန်ကုန် အောက်တိုဘာ ၂၆

ရမည်းသင်း မိုးထိမိုးမိရွှေလုပ်သားများက အမျိုးသားအကျိုးစီးပွားရေး တိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ၌ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၉နာရီတွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

“အဲ့ဒီကုမ္ပဏီ ရောက်လာပြီးမှ ရွှေလုပ်သား ၅သိန်းလောက်ကနေ့ အခု ၁သောင်းတောင်မပြည့်တော့ဘူး။အရမ်းနစ်နာနေပါပြီ” ဟုအလုပ်သမားခေါင်းဆောင် ဦးရဲရင့်အောင်က ပြောသည်။
အောက်တိုဘာ ၂၆ ရက်နေ့၌ ၃၆ လမ်းရှိ MJNရုံးခန်း၌ ပြုလုပ်သော ရွှေအလုပ်သမားများ နှင့်အသေးစားလုပ်ငန်းရှင်များ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခြင်းဖြစ်သည်။

ရွှေလုပ်သားများ၏ နစ်နာချက်များနှင့် နှစ်ဦးသဘောတူစာချုပ်အား ကုမ္ပဏီဘက်မှ ချိုးဖောက်မှုများအတွက် အဓိကထား၍ ရွှေလုပ်သား ၁၀၀ခန့် ဆန္ဒထုတ်ဖော်ကြမည်ဟု သိရသည်။

ပြည့်ဖြိုး
ရမည်းသင်း မိုးထိမိုးမိရွှေလုပ်သားများက အမျိုးသားအကျိုးစီးပွားရေး တိုးတက်ရေး ကုမ္ပဏီရုံးချုပ်ရှိရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ၌ အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ၉နာရီတွင်
ငြိမ်းချမ်းစွာ စုဝေးဆန္ဒထုတ်ဖော်မည်ဟု သိရသည်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုအတွင်း သေဆုံးသူ တစ်ရာကျော်ရှိနေ



ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့ထိဖြစ်ခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေအတွင်း သေဆုံးသူစုစုပေါင်း (၁၁၂) ဦးရှိပြီး၊ ဒဏ်ရာရသူအရေအတွက်ဟာ ကလေး (၁၀) ယောက် အပါအဝင် (၇၂) ဦးရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရ-ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။ 

ပြည်တွင်း၊ပြည်ပက သွေးထိုးလှုံဆော်နေသူများနှင့်အကြမ်းဖက်မှုဖြစ်အောင် ဆူပူလှုံ့ဆော်သူတွေကို အရေးယူမည်



ရခိုင်ပြည်နယ်အရေးဖြစ်စဉ်တွေမှာ နောက်ကွယ်က ကြိုးကိုင်သူ၊လှုံဆော်သူတွေကို ပြည်သူတွေ အနေနဲ့ သိရှိပါက ဖော်ထုတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့ က မေတ္တာ ရပ်ခံလိုက်ပါတယ်။

မြေပုံမြို့မှာ အမျိုးသမီးတွေ ဆန္ဒပြ



ရခိုင်ပြည်နယ် မြေပုံမြို့မှာ မကြာခင်ရက်ပိုင်းတွေအတွင်းက အကြမ်းဖက် ပဋိပက္ခတွေဖြစ်ပွား ခဲ့တာနဲ့ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းပေးဖို့ ရာဂဏန်းရှိတဲ့ အမျိုးသမီးတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့ နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

သေဆုံးစာရင်းကို အစိုးရပြင်ဆင် ထုတ်ပြန်


http://www.rfa.org/burmese/images_folder/sittwe-nazi-fire-b305

ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှု တွေအတွင်း သေဆုံးသူ ၆၄ ယောက်လို့ ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြင်ဆင် ပြောဆိုကြောင်း ရိုက်တာ သတင်းဌာနက မနေ့က ရေးသားပါတယ်။ 

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း ၆၀ ကျော် သေဆုံး( နောက်ဆုံးရသတင်း )


http://gdb.voanews.eu/58B5032A-D001-4291-8EC5-DAFAB63A35E4_w268_r1.jpg

ခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ထားတဲ့ ပဋိပက္ခတွေေ ကြာင့် သေ ဆုံး သူပေါင်း ၆၀ ကျော် ရှိနေပြီး၊ ဒုက္ခရောက်နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ် အစိုးရ တာဝန်ရှိသူကပြောပါတယ်။ နေရေးထိုင်ရေး အတွက်

ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာများမှ လှေများဖြင့်ထွက်ပြေးလာသည့် ဘင်္ဂလီများကို မောင်တောမြို့နယ်အတွင်း လက်ခံရန် စီစဉ်နေ

http://sphotos-f.ak.fbcdn.net/hphotos-ak-prn1/149838_362713703820169_1691257473_n.jpg
ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာများဖြစ်သည့် ကျောက်ဖြူ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့်မြို့နယ်များမှ စက်လှေများဖြင့် ထွက်ပြေးလာသည့် ဘင်္ဂလီများကို မောင်တောမြို့နယ်အတွင်း လက်ခံရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။