Thursday, September 3, 2015

ရာဇ၀င်ထဲမှာပဲ အမေ့ကိုထားရစ်ခဲ့


၂ဝ၁၅ ၊ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ ကြီးကားနီးသည်ထက် နီးလာချေပေပြီ။ လက်ချိုးရေတွက်ရှိသော် ရက်ပိုင်းမျှသာလိုတော့၏။ တိုင်းသူပြည်သားများသည် NLDပါတီ အနိုင်ရရေး၊ NLDပါတီအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးကိုသာ လိုလားလျက်ရှိကြ၏။ သို့သော်
NLDပါတီဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ နိုင်ငံရေးလိမ္မာပါးနပ်မှု မရှိခြင်းကြောင့် ပါတီတွင်းပြဿနာများ တိုးပွားလာနေသည့်အပြင် မီဒီယာအသိုင်းအဝိုင်းနှင့် နိုင်ငံတကာစာမျက်နှာတွင်လည်း ကယ်တင်ရှင်သူရဲကောင်းအသွင် အထူးတလည်သူကောင်းပြုမှု မခံယူရတော့ပေ။

တရုတ်စစ်တပ် အင်အား သုံးသိန်းမျှ လျှော့ချသွားမည်ဟု သမ္မတ ကြေညာ


တရုတ်စစ်တပ် အနေဖြင့် တပ်ဖွဲ့ဝင် အရေအတွက် သုံးသိန်းမျှ လျှော့ချသွားရန် စီစဉ်ထားကြောင်း သမ္မတ စီကျင်းပင်က ပြောကြားသွားသည်။ဒုတိယက ကမ္ဘာစစ်တွင် ဂျပန်ကို အောင်နိုင်ခဲ့မှု နှစ်ပေါင်း ၇၀ ပြည့် တရုတ်အမျိုးသား အောင်ပွဲနေ့ အခမ်းအနား မိန့်ခွန်းတွင် သမ္မတက ယခုလို ပြောကြားသွားခြင်း ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်များမှ စတင်ကာ စစ်တပ်၏ ဖွဲ့စည်းပုံ၌ ပြုပြင်ပြောင်းလဲမှုများ အကောင်အထည် ဖော်ခဲ့ရာ ယခုတစ်ကြိမ်သည် စတုတ္ထမြောက် စစ်အင်အား လျှော့ချမှုလည်း ဖြစ်လာသည်။“တရုတ် လွတ်မြောက်ရေး တပ်မတော်ဟာ တရုတ်ပြည်သူတွေရဲ့ စစ်တပ်ဖြစ်ပါတယ်။ တရုတ်လွတ်မြောက်ရေး တပ်မတော်ရဲ့ အရာရှိတွေ၊ အမျိုးသား၊ အမျိုးသမီး အမှုထမ်းတွေ အားလုံးဟာ တရုတ် ပြည်သူတွေအတွက် အလုပ်အကျွေး ပြုရမှာဖြစ်ပြီး နိုင်ငံရဲ့ လုံခြုံရေး၊ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို တာဝန်ယူနိုင်ရပါမယ်။ ဒါ့အပြင် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာလည်း     တစ်တပ်တစ်အား ပါဝင်ရပါမယ်။ ဒီနေ့မှာတော့ တရုတ်အနေနဲ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ တပ်ဖွဲ့ဝင် အင်အားကို သုံးသိန်း လျှော့ချသွားဖို့ ကြေညာပါတယ်”ဟု သမ္မတစီက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသွားသည်။

ဈေးကွက်အတွင်းရောင်းချနေသည့် ပြည်တွင်းထုတ်သောက်ရေသန့် တံဆိပ် ၂၂မျိုးမှာ ဗက်တီးရီးယားပိုးများပါဝင်နေ


ဈေးကွက်အတွင်းရောင်းချ နေသည့် ပြည်တွင်းထုတ်သောက်ရေ သန့် တံဆိပ်၂၂ မျိုးမှာဗက်တီးရီးယား ပိုးများပါဝင်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ သိရသည်။
ယင်းအပြင် ပြည်တွင်းသောက် ရေသန့်လုပ်ငန်းထုတ်လုပ်ခွင့် လိုင်စင် လျှောက်ထားမှုများတွင်ပိုးတွေ့ရှိမှု ကြောင့် ထုတ်လုပ်ခွင့်မကျသည့် လုပ် ငန်းပေါင်း ၄ဝခန့်ရှိ၊ နေကြောင်းအစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူး(ဓာတ်ခွဲ)မှ ဒေါက် တာခင်ချစ်က ပြောသည်။
''ရေသန့်ဈေးကွက်မှာကြည့်ရင် Register လုပ်မထားတဲ့ သောက်ရေသန့်၊ မသန့်တဲ့သောက်ရေသန့် တွေအများ ကြီးပဲ။ FDA မှာလာပြီး အစစ်အဆေး ခံလိုက်တဲ့အခါမှာ သုံးခါကျတဲ့ရေသန့် မှတ်ပုံတင်တွေရှိတယ်။ Good Ma-nufacture Process လုပ်ပါဦးဆိုလဲ သေချာမလိုက်နာဘူး။ FDA က သုံး ခါစစ်ပြီး ပိုးတွေပါလို့ သုံးခါစလုံးကျ တဲ့ ပုဂ္ဂိုလ်တွေ ၄ဝလောက်အထိ ရှိ တယ်''ဟု ဆိုသည်။
ပုံမှန်အားဖြင့် သောက်ရေသန့်လုပ် ငန်း ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထား ရာ၌ ထုတ်လုပ်မည့် ပစ္စည်းနမူနာများကို FDA သို့ပေးပို့ စစ်ဆေးခံရပြီး ယင်း စစ်ဆေးမှုတွင် သုံးကြိမ်တိုင်တိုင်ပိုးတွေ့ ရှိထားသောလုပ်ငန်းများအား ထုတ် လုပ်ခွင့် ပေးမထားကြောင်း သိရသည်။