Friday, December 28, 2012

ကွမ်းယာ၊ ကင်ဆာနဲ့ ရိုးရာ

ဆိုင်တချို့မှာတော့ ကွမ်း ယာတဲ့သူ တယောက်မက ရှိပြီး နေ့ရောညပါ အဆက်မပြတ် ယာနေရတဲ့အထိ အရောင်းသွက်ပါတယ်။
ကွမ်းစားတဲ့ ဓလေ့ဟာ အိန္ဒိယ နိုင်ငံကနေ ပျံ့နှံ့လာတာပါ။ ရှေးခေတ် မြန်မာပြည် တရားမမှုတွေမှာ တရားဖြစ် ပစ္စည်းတန်ဖိုးရဲ့ ၁၀ ရာခိုင်နူန်း ကောက်ယူငွေကို “ကွမ်းဖိုး” ဟု ခေါ်ကြောင်း မှတ်သားရပါ တယ်။ 
Photo: မီဒီယာများ၌ ဖော်ပြနေကြသည့် GSM မိုဘိုင်းဖုန်း ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ လတ်တလော အတည်ပြုပြောကြားခြင်း မရှိဟု သိရ  
Friday, 28 December 2012 

ယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလအတွင်း
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်းများ၏
ဈေးနှုန်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာ ၂၈ ရက်က 
ပြောသည်။

ဆက်လက်၍ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက “ကျွန်တော်တို့
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ခုအချိန်ထိ ဘယ်သတင်းဌာနကိုမှ ဘယ်လောက် ဈေးနှုန်းနဲ့ ရောင်းချမယ်ဆိုတာ အတိအကျ မထုတ်ပြန်
ရသေးပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက ကောလဟာလတွေပါ” ဟု ပြောသည်။

ထို့ပြင် ဌာနမှ ထုတ်ပြန်ခြင်းပင် မရှိသည့် ဈေးနှုန်းများကို သတင်းဌာနများမှ သိနေခြင်းအပေါ် ၎င်းမှ မပြောတတ်တော့ကြောင်း၊ ဌာနအနေနှင့် ခွင့်ပြုရောင်းချတော့မည်ဆိုက မီဒီယာများကို တစ်ပတ်ကြိုကာ အကြောင်းကြား သွားမည်ဖြစ်ကြောင်း၊ ယခုအထိ မည်သူ တစ်ဦး
တစ်ယောက်ကိုမျှ တန်ဖိုးရော၊ ရောင်းမည့်အချိန်ကိုပါ မပြောရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အဆိုပါ မိုဘိုင်းဖုန်းများကို လာမည့် 
၂၀၁၃ ဇန်န၀ါရီအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး မည်သည့်
နေ့ရက်တွင် ရောင်းချပေးမည် ဆိုသည်ကို သတင်းမထုတ်
ပြန်ရသေးကြောင်း ၎င်း၏ အဆိုအရ သိရသည်။

ဇန်န၀ါရီလအတွင်း ရောင်းချပေးမည့် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းနံပါတ်
ပြောင်းလဲခြင်းနှင့် ဂဏန်းအရေအတွက် ထပ်မံတိုးလာဖွယ် မရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

Eleven Media Groupယခုရက်ပိုင်း မီဒီယာများတွင် ဖော်ပြနေသော ဇန်န၀ါရီလ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ခွင့်ပြုရောင်းချပေးမည့် မိုဘိုင်းဖုန်း များ၏ဈေးနှုန်းများနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ လက်ရှိ အချိန် အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း မြန်မာ့

ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ

Photo: ငွေကျပ် သိန်း ၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ် ဆေးပြားများ 
ဖမ်းဆီးရမိ
Friday, 28 December 2012

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ မူးယစ်(အထူး) တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ် ဆေးဝါး နှိမ်နင်းရေး တာဝန် ထမ်းဆောင် နေစဉ် မူဆယ်မှ မန္တလေးသို့ ဆင်းမည့် တိုယိုတာ ဆလွန်း ယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်း
ဘောလုံး ကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ ၄၁ နှစ် (ဘ) ဦးမောင်ထွန်းစိန် မေယု လမ်းသွယ် ရဲနွယ်စုရပ် စစ်တွေမြို့ နေသူ သုံးဦး တို့ကို တွေ့ရှိ ပြီး ယာဉ်နောက်ခန်း ထိုင်ခုံ အနောက်ရှိ ဒက်ရှ်ဘုတ်အတွင်း သိုဝှက် ယူဆောင် လာသော အထုပ် ၄ဝ အတွင်း မှWYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား စုစုပေါင်း အပြား ၄ဝဝဝဝဝ (အလေးချိန် ၃၆ ကီလို) ကာလတန်ဖိုး ငွေကျပ် သိန်း ၈ဝဝဝ အား တွေ့ရှိရသဖြင့် တရားခံများကို
နောင်ချိုရဲစခန်း မှ မယ (ပ) ၂ဝ၁၂ မူးယစ်ပုဒ်မ ၁၅/၁၉ (က)/ ၂၁ အရ အမှုဖွင့် အရေးယူ ထား ကြောင်း သိရသည်။

မြ၀တီ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မူးယစ်(အထူး) တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၄ ရက် နံနက်က နောင်ချိုမြို့ မိုင်တိုင်အမှတ် (၇၈/၅)၌ မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ထမ်းဆောင်နေစဉ် မူဆယ်မှ မန္တလေးသို့ဆင်းမည့် တိုယိုတာ ဆလွန်းယာဉ်အမှတ် ၂ဃ/.... အား ရှာဖွေ စစ်ဆေးရာယာဉ်ပေါ်တွင် စောသာ ၄၅ နှစ် (ဘ) ဦးကျော်မြ (ယာဉ်မောင်း) မင်းဂံရပ် စစ်တွေမြို့၊ သာထွန်း ၅၂ နှစ် (ဘ) ဦးသိန်းမောင် မေယုလမ်းဘောလုံးကွင်းရပ် စစ်တွေမြို့နှင့် သောင်းရွှေ

Hello Kitty ကြောင်ရုပ်က ထိုင်းရဲတို့အတွက် အရှက်ရစရာ အမှတ်အသားဖြစ်x

Photo: Hello Kitty ကြောင်ရုပ်က ထိုင်းရဲတို့အတွက် အရှက်ရစရာ 
အမှတ်အသားဖြစ်
Friday, 28 December 2012

Hello Kitty ကြောင်ရုပ်က ကမ္ဘာတစ်ဝန်းက ကလေးငယ်များအတွက် ချစ်စရာ အရုပ်၊ ကစားစရာ အရုပ်၊ အမှတ်အသား တစ်ခု ဖြစ်ပေမယ့် 
ထိုင်းရဲ တို့အတွက် ကျတော့ မဟုတ်ပါဘူး။

ယင်းကြောင်ရုပ်လေးများ ပါတဲ့ လက်မောင်းပတ်အဝတ်က ထိုင်းရဲတို့ အတွက် အရှက်ရစရာ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဥပမာ - မနက် ရုံးတက် နောက်ကျတာ၊ ကားပါကင် မှားထိုးတာ၊ သတင်းအကြောင်းပြန် ၊ မှားယွင်းတာတွေကိုဆိုရင် Hello Kitty ကြောင်ရုပ်ပါတဲ့ လက်ပတ်ကို ပတ်ထားရပါတယ်။ အပြစ်အကြီးအသေးလိုက်ပြီး နေ့စဉ်၊ အပတ်စဉ် ပတ်ရပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံရဲ့ မြို့ တွေထဲမှာ ကြောင်ရုပ်လက်မောင်းပတ်နဲ့ ရဲတွေ တွေ့ရင် အပြစ်လုပ်ထားတဲ့ ရဲလို့ သိနိုင်ကြောင်း သိရပါတယ်။
---
Ref:weird asia
ရိုးရာလေး သတင်း

http://www.yoyarlay.com/international-news/asia/33620-hello-kitty-is-a-shame-for-thai-police
YoYarLay Hello Kitty ကြောင်ရုပ်က ကမ္ဘာတစ်ဝန်းက ကလေးငယ်များအတွက် ချစ်စရာအရုပ်၊ ကစားစရာ အရုပ်၊ အမှတ်အသားတစ်ခု ဖြစ်ပေမယ့် ထိုင်းရဲ တို့အတွက် ကျတော့ မဟုတ်ပါဘူး။ ယင်းကြောင်ရုပ်လေးများ ပါတဲ့ လက်မောင်းပတ်အဝတ်က ထိုင်းရဲတို့ အတွက် အရှက်ရစရာ

KIA ၏ ၀မ်ပေါင်သမ္မတနိုင်ငံတော် အိမ်မက်

KIA ၏ ၀မ်ပေါင်သမ္မတနိုင်ငံတော် အိမ်မက်
Friday, 28 December 2012

ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်(KIA)ဟုအမည် ပေးထားသော ကချင်လက်နက်ကိုင်အဖွဲ့သည် ကချင်ပြည်နယ်ခွဲထွက်ရေးဟူသော အကြောင်းပြချက်ဖြင့် အစိုးရအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ပါသည်။ KIA အဖွဲ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကပင် ကချင်နိုင်ငံခေါ် ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ရန် ကြံစည်ခဲ့ကြပါသည်။

ကချင်ပြည်နယ်အတွင်း KIA/KIO အဖွဲ့အနေဖြင့် လွတ်လပ်စွာ ထိန်းချုပ်နိုင်ရန်၊ ကချင်ပြည်နယ် အတွင်းရှိ ကျောက်စိမ်းနှင့်ရွှေအပါအ၀င် သဘာဝတွင်းထွက်များနှင့် သစ်တောများကို ခေါင်းဆောင်များ၏ အကျိုး စီးပွား အတွက် လွတ်လပ်စွာ ထုတ်လုပ်ခွင့်ရရှိစေရန် ကချင်ပြည်နယ်အား ခွဲထွက်ခွင့် တောင်းဆိုနေခြင်း ဖြစ်ပါသည်။ ယခုတိုက်ပွဲကာလတွင် ကချင်စစ်သားများမှာ လစာ တစ်သောင်းခန့်သာ ရရှိကြ သော်လည်း ကချင်ခေါင်းဆောင်များမှာ အိမ်စရိတ်၊ စားစရိတ်စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေကြေးများ ထောက်ပံ့ပေးထားကြောင်းလည်း သိရပါသည်။

ကချင်ပြည်နယ်အတွင်း ထွက်ရှိသော ကျောက်စိမ်း၊ ကျွန်းသစ်နှင့်ရွှေ စသော သဘာဝ ရတနာများအားတရုတ်နိုင်ငံသို့ ဈေးပေါပေါဖြင့်ရောင်း ချပေးနေသဖြင့်တရုတ်နိုင်ငံကလည်းKIAအဖွဲ့အား ထောက်ပံ့ ပေးနေကြောင်း လည်းသိရပါသည်။ စစ်ပွဲကာလအတွင်းတရုတ်နိုင်ငံမှ လက်နက်၊ ရိက္ခာနှင့် ဆေးဝါး ပစ္စည်များအား ထောက်ပံ့ပေးခဲ့ပြီး ၄င်းထောက်ပံ့မှုများ အား ဒေသထွက်ကျောက်စိမ်းနှင့်ကျွန်းသစ်များအား ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချပေးနေရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကချင်ပြည်ခွဲထွက်ခွင့်ရရှိပါက ကချင်ပြည်နယ် အား လက်ဝေခံနိုင်ငံအဖြစ် ထားရှိနိုင်မည်ဖြစ်ပြီး သဘာဝသယံဇာတများ စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ ကချင်ခေါင်းဆောင် များမှာ တရုတ်နိုင်ငံထဲတွင် ကျောက်စိမ်းကုမ္ပဏီများ၊ ဟိုတယ်များဖွင့်ကာ ကြီးပွားချမ်းသာနေကြသော်လည်း ကချင်စစ်သမီးပျိုလေးများမှာ လစာ တစ်သောင်းသာရရှိသဖြင့် တရုတ်ကားသမားများ၊ ကုန်သည်များနှင့် အတူအိပ်စက်ကာလူတန်းစေ့နေနိုင်ရေးခန္ဓာကိုယ်အား ရောင်းစားနေ ကြကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရပါသည်။
KIA/KIO ခေါင်းဆောင်များ၏ ၀မ်ပေါင်သမ္မတနိုင်ငံတော်ကြီးသည် ကချင်ပြည်နယ်တစ်ခုလုံး တိုးတက် ကောင်းစားရန်ဆိုသော ရည်ရွယ်ချက် အတိုင်းမဖြစ်ပဲ ခေါင်းဆောင်များ၏ အကျိုးစီးပွား အတွက်ဆောင်ရွက်
နေခြင်းသာဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။

ကချင်နိုင်ငံတော် ပေါ်ပေါက်ခဲ့သော်လည်း ကချင်ပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ ကချင်ခေါင်းဆောင်များနှင့် အမျိုးများသာ ချမ်းသာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်………..

အမေ့အိမ်
ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်(KIA)ဟုအမည် ပေးထားသော ကချင်လက်နက်ကိုင်အဖွဲ့သည် ကချင်ပြည်နယ်ခွဲထွက်ရေးဟူသော အကြောင်းပြချက်ဖြင့် အစိုးရအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ပါသည်။ KIA အဖွဲ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကပင် ကချင်နိုင်ငံခေါ် ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ရန် ကြံစည်ခဲ့ကြပါသည်။

နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်


နယူးယောက်တွင် ဧရာမ ဝေလငါး တစ်ကောင် သောင်တင်

ပေ ၆ဝ အရှည်ရှိ ဧရာမ ဝေလငါးကြီး တစ်ကောင်သည် နယူးယောက် မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းက သောင်တင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက် အသက်ရှင် ခွင့်ရရန် ကျွမ်းကျင်သူများ က ကြိုးပမ်း ခဲ့သော် လည်း အသက်ရှင် ရန် အခွင့်အရေး အလွန်နည်းပါး သည်ကို တွေ့ရသည်။

နာမကျန်း ဖြစ်နေသော အဆိုပါ finback ဝေလငါးသည် blue whale အမျိုး အစား ဝေလငါး ကြီးများ၏ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ကျောရိုး ဆူးတောင် ပါရှိသော ရေနေ သတ္တဝါ အမျိုးအစား ဖြစ်ကြောင်း၊ ၄င်းသည် Breezy Point ကမ်းခြေ အနီးတွင် သောင်တင် ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင် သူများက ဆိုသည်။

ရဲများနှင့် မီးသတ်သမား များသည် ၄င်းအား အသက်ရှင် နိုင်ရန်အတွက် ရေများနှင့် ဂရုတစိုက် ဖျန်းပေးခဲ့သော်လည်း ၄င်းသည် ပိန်ချုံးချည့်နဲ့ လွန်းသဖြင့် အသက်ရှင်ရန် မသေချာကြောင်း NOAA ငါးဖမ်းလုပ်ငန်းမှ ကျွမ်းကျင်သူ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အရွယ်ရောက်ပြီး finback ဝေလငါး များသည် ၈၈ ပေအရှည်ထိ ကြီးထွားလေ့ရှိပြီး အလေးချိန် အားဖြင့် တန်ချိန် ၇ဝ ခန့်လေးလံ၍ သက်တမ်း ၁ဝဝနှစ် အထိ အသက်ရှင် နိုင်ကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/3005-2012-12-28-09-42-30
ပေ ၆ဝ အရှည်ရှိဧရာမ ဝေလငါးကြီးတစ်ကောင်သည် နယူးယောက်မြို့တွင် ဒီဇင်ဘာ ၂၆ရက် နံနက် ပိုင်းက သောင်တင်ခဲ့ကြောင်းသိရသည်။ အဆိုပါ ဝေလငါးကြီးအား ဆက်လက်အသက်ရှင် ခွင့်ရရန်

ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်

Photo: ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်  
Friday, 28 December 2012 

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့
အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့် ရခိုင်အမျိုးသားကွန်ယက်မှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ ရဟန်းရှင်လူ ကျောင်းသားလူငယ်များ၊ အမျိုးသမီး အဖွဲ့အစည်းများ၊ လူုထုအခြေပြု အဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲကို ပြည်တွင်းပြည်ပရှိ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊
တတ်သိပညာရှင်များ အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်
နိုင်ရေးနှင့် အမျိုးသားရေး ရပ်တည်ချက် ဘုံလမ်းစဉ်များကို ချမှတ်နိုင်ရန်၊ ရခိုင်တစ်မျိုးသားလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး တိုးတက်
ဖွံ့ဖြိုးရေးနှင့် လက်ရှိပဋိပက္ခများကို အမျိုးသားရေးဘုံ ရပ်တည်ချက်အပေါ် အခြေခံ၍ အဖြေရှာ ဖြေရှင်းနိုင်ရန်နှင့် ရခိုင်အမျိုးသား ညီလာခံတစ်ခု
ပြည်တွင်း၌ ကျင်းပပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ဒီဆွေးနွေးပွဲမှာ တက်ရောက်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးသွားဖို့
ရှိတယ်” ဟု ရခိုင်အမျိုးသားကွန်ယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က
ပြောပါသည်။

ထိုင်းနိုင်ငံ အခြေစိုက်ပါတီ အဖွဲ့အစည်းအသီးသီးရှိ တာဝန်ရှိ
ခေါင်းဆောင်များ ပါဝင်သည့် ရခိုင်အမျိုးသား အလုပ်ရုံ ဆွေးနွေးပွဲ
ဖြစ်မြောက်ရေးကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ခေါင်းဆောင် ၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Eleven Media Group

ထိုင်းနိုင်ငံအခြေစိုက် အဖွဲ့စည်းများမှ ကြီးမှူး၍ အဖွဲ့အစည်းပါင်းစုံ ပါဝင်မည့် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည့်

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး

ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့ သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေး
 
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ ရရှိခဲ့ကြောင်း ယူကရိန်း နိုင်ငံပိုင် သတင်းဌာနမှ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့ပါသည်။

Naftogaz ကုမ္ပဏီနှင့် တရုတ်ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်တို့သည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် နေ့တွင် အဆိုပါချေးငွေ ကိစ္စနှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

Naftogaz ကုမ္ပဏီသို့ ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ တင်သွင်းမှုများ အနေဖြင့် ၂ဝ၁၂ ခုနှစ် ပထမ ၃ လတာ ကာလ အတွင်း ၁,ဝဝဝ ကုဗမီတာလျှင် အမေရိကန် ဒေါ်လာ ၄၁၆ ဒေါ်လာ၊ ဒုတိယ ၃ လတာ ကာလအတွင်း ၄၂၅ ဒေါ်လာ၊ တတိယ ၃ လတာ ကာလအတွင်း ၄၂၆ ဒေါ်လာနှင့် စတုတ္ထ ၃ လတာ ကာလအတွင်း ၄၃၂ ဒေါ်လာ အထိ တိုးမြင့် ခဲ့ကြောင်း သိရှိ ရပါသည်။

http://www.myawady.net.mm/allnews/global/item/2999-2012-12-28-09-35-58
ယူကရိန်း နိုင်ငံအမျိုးသား စွမ်းအင်ဆိုင်ရာ Naftogaz ကုမ္ပဏီသည် ကျောက်မီးသွေး အစားထိုး သဘာဝ ဓာတ်ငွေ့သုံးစွဲရန် အတွက် အမေရိကန် ဒေါ်လာ ၃.၇ ဘီလီယံအား တရုတ်နိုင်ငံမှ ချေးငွေအဖြစ် လက်ခံ

တိုင်းမှူး ဘာကြောင့် အကြောင်းကြားခဲ့သလဲနှင့် ဒီဇင်ဘာ ၂၈ တိုက်ပွဲ

Photo: တိုင်းမှူး ဘာကြောင့် အကြောင်းကြားခဲ့သလဲနှင့် ဒီဇင်ဘာ ၂၈ တိုက်ပွဲ
Friday, December 28, 2012

လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများ ပို့ဆောင်နိုင်မည်ကို ကေအိုင်အေ တို့ ကြိုတင်သိရှိထားကြသည်။ အစပိုင်းတွင် မိမိတို့ တပ်မတော်အနေဖြင့် ရိက္ခာပို့ ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက် သဘောတူညီချက်များ ရရှိသည်အထိ အပစ်ရပ်စဲထားမည် ဖြစ်ကြောင်းမြန်မာ့ တပ်မတော် အရာရှိကြီးများက ကေအိုင်အေနှင့် တိုက်ရိုက် ညှိနှိုင်းခဲ့ကြသည်။

ထိုသို့ ညှိုနှိုင်းခဲ့သော်လည်း ကေအိုင်အေ အနေဖြင့် ရိက္ခာပို့မည့် ကာလအတွင်း တပ်အင်အားများ တိုးမြှင့် လာခြင်း၊ လဂျားယန် နယ်မြေအတွင်း ၀ိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်ပြီး တပ်မတော် စခန်းများအား ပစ် ခတ်ခြင်း၊ ထိတွေ့မှုများဖြစ်ရန် ကြိုးစားလာခဲ့ခြင်းတို့ကြောင့် မြောက်ပိုင်းတိုင်း တိုင်းမှူးမှ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ တစ်ဆင့် ညှိုနှိုင်းဆောင်ရွက်နိုင်ရန် အတွက် အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ထိုအကြောင်းကြားစာအား ကန့်ကွက်သည့်အပြင် ရန်စတိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် တပ်မတော်မှ မိမိတို့ လုပ်ဆောင်ရန် ရှိသည့်အတိုင်း ရိက္ခာပို့၊ အုပ်ချုပ်မှု ကိစ္စများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

Opposite Eye
လဂျားယမ် တပ်စခန်းအတွက် ရိက္ခာများပို့ဆောင်နိုင်မည်ကို ကေအိုင်အေတို့ ကြိုတင်သိရှိထားကြသည်။ အစပိုင်းတွင် မိမိတို့တပ်မတော်အနေဖြင့် ရိက္ခာပို့ကိစ္စကိုသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး ပြုလုပ်စေလိုကြောင်း၊ နှစ်ဖက်သဘောတူညီချက်များရရှိသည်အထိ

အစိုးရတပ်များ KIA ကို လေကြောင်းဖြင့် ထိုးစစ်ဆင်မှု တိုးမြှင့်

Photo: အစိုးရတပ်များ KIA ကို လေကြောင်းဖြင့် ထိုးစစ်ဆင်မှု တိုးမြှင့်
Friday, December 28, 2012

မြန်မာအစိုးရ တပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ တိုးမြှင့်၍ ကချင်ပြည်နယ် လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကာ လေကြောင်းမှ ထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာယူထားပြီး လိုင်ဇာကို ထိုးဖို့ တက်လာတာ။ မြေပြင်က တပ်တွေ ရှေ့တက်လို့ ရအောင် လေကြောင်းကနေ ပစ်တာပါ။ မနက် ၉ နာရီ ခွဲကနေ အခုထိ နှစ်စီး တခါ၊ သုံးစီး တခါ ပျံပါတယ်” ဟု ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ဦးလဆိုင်းက ပြောသည်။ လဂျားယန်တွင် အစိုးရ စစ်တပ်၏ ထိုးစစ်ဆင် ပစ်ခတ်သံများကို လိုင်ဇာမြို့မှ အတိုင်းသား ကြားနေရပြီး လိုင်ဇာ၌ ဈေးဆိုင်များ ပိတ်ထားကာ အသွားအလာများ ရပ်ဆိုင်းနေသည်။ လက်တလောတွင် လိုင်ဇာမြို့သူမြို့သားများ အနေနှင့် လေကြောင်းကာကွယ်ရေး ဗုံးခိုကျင်းများ နေရာအနှံ့တွင် ပြင်ဆင်ထားပြီး လေကြောင်းဒဏ်ခံနိုင်မည့် အဆောက်အဦး များကိုလည်း ခိုအောင်းရန်အတွက် ကြိုတင် ပြင်ဆင်မှု များ ပြုလုပ်လျက်ရှိသည်။ အစိုးရ စစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက်နေ့ လဂျားယန်တိုက်ပွဲမှ စတင်ကာ လေယဉ်ဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ် ခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက်နေ့က ဂန်ဒေါင်ယန် အနီးမှ တိုက်ပွဲတွင်လည်း လေကြောင်းမှ တိုက်စစ်ဆင်ခဲ့သည်။

Irrwaddyမြန်မာအစိုးရတပ်များသည် KIA ကို တိုက်ခိုက်ရာတွင် ရဟတ်ယာဉ်များ ၊တိုက်လေယာဉ်များတိုးမြှင့်၍ ကချင်ပြည်နယ်လဂျားယန် ကျေးရွာ အနီး ထိုးစစ်ဆင်လျှက်ရှိသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့် အချိန်မှစပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ လေကြောင်းမှထိုးစစ်ဆင်မှု တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ “လက်ရှိ အစိုးရတပ်တွေက နားလုံမှာ နေရာ ယူထားပြီး လိုင်ဇာကိုထိုးဖို့ တက်လာတာ။ မြေပြင်ကတပ်တွေ ရှေ့ တက်လို့ ရအောင် လေကြောင်းကနေပစ်တာပါ။ မနက် ၉ နာရီ ခွဲကနေ အခုထိ နှစ်စီးတခါ၊ သုံးစီးတခါ ပျံပါတယ်” ဟု ABSDF မြောက်ပိုင်း

မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်

Photo: မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်
Friday, December 28, 2012

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့်
ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက ပြောကြားသည်။

တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အားကစား နည်းပြ အဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူအညီ ပေးရေး အစီအစဉ် များထဲမှ တစ်ခုဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံက အကူအညီ ပေးသည့် အဆင့်မြင့် အားကစား အဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး ယင်းနည်းပြ အဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက် နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

The Voice Weekly
ဓာတ်ပုံ - Aung Aung Tunတရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူ အညီ ပေးရေးအစီအစဉ်အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ် ယူ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးမှ သံရုံးအရာရှိ တစ်ဦး က ပြောကြားသည်။တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြ များ စေလွှတ် ရန်၊ မြန်မာ ကစားသမားများအတွက် လေ့ကျင့်ရေး ကိရိယာများနှင့် ပြိုင်ပွဲဝင်ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေးစနစ်များ ရေးဆွဲ

အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု

Photo: အမေရိကန်တွေကို ခြေဖျား လက်ဖျား အေးစေခဲ့တဲ့ လှည့်စားမှု
Friday, December 28, 2012

ဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေကို အငိုက်မိ သွားစေခဲ့ပါတယ်။

ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်းမှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန် ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့် အယုံသွင်းထား ခဲ့တာမျိုးဖြစ်ကြာင်း အမေရိကန် စစ်တပ်နဲ့ စီအိုင်အေတို့က သုံးသပ်ပါတယ်။

ဒီဇင်ဘာ ၁၂ရက်တုန်းကဆိုရင် အမေရိကန်နဲ့ ဂျပန် စစ်သင်္ဘောတွေဟာ ပုံမှန်အတိုင်း သမုဒ္ဒရာ မြေ လေ ပိုင်နက်တွေကို အပြည့်အ၀ကာကွယ်ဖို့ တာဝေးထိန်း ဒုံးစနစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ကင်းလှည့်တာတွေ လုပ်ခဲ့ ပေမယ့် တကယ်တမ်း မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးကျည်
ပစ်လွှတ်လိုက်ချိန်မှာတော့ အငိုက်မိသွားခဲ့ကြောင်း အမေရိကန်တာဝန်ရှိ သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံပေါ်ကို ကင်းထောက်နေတဲ့ အမေရိကန် အာကာသ ဂြိုလ်တု ဖြတ်သန်းသွားချိန် အပြီးမှာမှ မြောက်ကိုရီးယားက သူ့ တာဝေးပစ် ဒုံးကျည်ကို လွှတ်ထုတ်လိုက်တာကို ပြန်လည် စစ်ဆေးတွေ့ရှိရကြောင်း အမေရိကန်ဖက်က ပြောပါတယ်။

ဒါဟာ အမေရိကန်က ဘယ်လိုစနစ်နဲ့ ဘယ်အချိန်မှာ အချက်အလက်တွေ ရအောင် မြောက်ကိုရီးယားပေါ် ထောက်လှမ်းနေတယ်ဆိုတာကို မြောက်ကိုရီးယားတို့ကလည်း သိနေပါတယ်ဆိုတဲ့အကြောင်း ပြန်ပြလိုက်တာပဲလို့ အမေရိကန် တာဝန်ရှိသူတဦးက ဆိုပါတယ်။

အမေရိကန် ထောက်လှမ်းရေးရဲ့တွေ့ရှိချက်အရ -

(၁)မြောက်ကိုရီးယားဆီမှာ ၃ဆင့်ပစ် တာဝေးဒုံးကျည်ရှိနေပြီး အဲဒီပစ်စင်ဟာ အစားထိုး သုံးနိုင်မယ့် အမျိုးအစားဖြစ်ကြောင်း ။

(၂)ပြန်တွေးကြည့်တော့ အခုပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင်က မသုံးပဲ သိမ်းထားခဲ့တဲ့ တာဝေးဒုံးကျည်ဟောင်းထဲက အမျိုးအစားတခုဖြစ်ပုံ
ရကြောင်း။

(၃) အခုတခေါက် ဒုံးကျည်ပစ်လွှတ်လိုက်တဲ့နေရာဟာလဲ အမေရိကန်က အရင် တခါဖူးမျှ မသိထားတဲ့ နေရာဖြစ်နေပြီး ဒုံးကျည်အစိတ်အပိုင်းတွေကို ကမန်းကတမ်း ပြန်ဆင်ပြီး ရုတ်တရက် ပစ်လွှတ်တာဖြစ်ကြောင်း။

(၄) နောက်တချက်ကတော့ အမေရိကန်ရဲ့ တွက်ချက်မှု လွဲသွားခဲ့တာလည်း ဖြစ်နိုင်ကြောင်း။ မြောက်ကိုရီးယားမှာ မိုင် ၆၀၀၀ အထိ ရောက်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်ရှိနေပြီလို့ တောင်ကိုရီးယားကာကွယ်ရေး တာဝန်ရှိ သူတွေက အဲဒီတပတ် မတိုင်ခင်မှာ နောက်ဆုံးရသတင်းနဲ့ သတိပေးခဲ့တာ ရှိကြောင်း။ အဲဒီလို ဒုံးကျည်မျိုးဟာ အမေရိကားကို ထိမှန်အောင် ပစ်နိုင်တဲ့ လက်နက်မျိုးဖြစ်ကြောင်း။ ဒါပေမယ့် စစ်လက်နက် ကျွမ်းကျင်သူတွေက
မြောက်ကိုရိးယားမှာ ဒီလောက်ထိ မရှိနိုင်သေးဘူးလို့ တွက်ဆခဲ့ကြကြောင်း အမေရိကန် တာဝန်ရှိသူတွေက ၀န်ခံပြောဆိုပါတယ်။

မြောက်ကိုရီးယားကတော့ သူတို့ဒုံးကျည်ကို ကမ္ဘာပတ်လမ်းကြောင်းထဲက ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့ ပစ်လွှတ်ခြင်းသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ 

A
Ref: CNN
Burma-Newseliteဒီဇင်ဘာ ၁၂ရက်နေ့တုန်းက မြောက်ကိုရီးယားစစ်တပ်ရဲ့ တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မှုဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှမဟာမိတ်နိုင်ငံတွေ ကို အငိုက်မိ သွားစေခဲ့ပါတယ်။ ဒီလို ဒုံးကျည်မပစ်လွှတ်ခင် ရက်ပိုင်းက မြောက်ကိုရီးယားက သူတို့မှာရှိတဲ့ ဒုံးကျဉ်စနစ်မှာ ချို့ယွင်း မှုတွေရှိနေတယ်လို့ ပြောခဲ့တာဟာ အမေရိကန်ဂျပန်စတဲ့ ရန်ဖက် နိုင်ငံတွေကို လှည့်ဖျားနိုင်ဖို့ နှစ်သိမ့်အယုံသွင်းထား ခဲ့တာ မျိုးဖြစ်

လက်နက်နဲ့ လက်ဆောင်လဲလှယ်

Photo: လက်နက်နဲ့ လက်ဆောင်လဲလှယ်
Friday, December 28, 2012

စင်ဒီမူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း လက်နက်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတချို့ စတင်တွေ့လာနေပါပြီ။

လော့စ်အင်ဂျလီစ်မြို့တော်ဝန်က လက်နက်ပြန်ဝယ်တဲ့ အစီအစဉ်
စတင်နေရာမှာ အော်တိုမက်တစ် လက်နက်ကြီးပြန်အပ်သူကို $၂၀၀ တန် လက်ဆောင်ကဒ်ပေးပြီး လက်နက်ငယ်အပ်သူတွေကို ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကဒ် ပေးအပ်ပါတယ်။ ဒီအစီအစဉ်ကို လော့စ်အင်ဂျလီစ်မှာ ၂၀၀၉ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နေတာဖြစ်ပြီး သာမန်အားဖြင့်
မေလမှာ လုပ်လေ့ရှိပါတယ်။

ဒီနှစ်မှာတော့ နယူတောင်း ပစ်ခတ်မှုကို တုန့်ပြန်တဲ့အနေနဲ့ အထူးလုပ်ရပ်
တခုအဖြစ် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အထိ လက်နက်မျိုးစုံ စုစုပေါင်း အလက် ၁၉၀၀ နီးပါးရှိထားတယ်လို့ သိရပါတယ်။

လက်နက်ပြန်လာအပ်ကြတဲ့ ကားတန်းကြီးကနေ ရဲတွေက လက်ခံရယူပြီး မိမိရဲ့နာမယ် လိပ်စာစတဲ့ အချက်အလက်တွေ ပေးအပ်ဖို့ မလိုအပ်ဘဲ အပ်နှံနိုင်တယ်လို့ သိရပါတယ်။

Burma-Newseliteစင်ဒီမူလတန်းကျောင်း ပစ်ခတ်မှုနောက်ပိုင်း လက်နက်ကန့်သတ်မှုနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတချို့ စတင်တွေ့လာေ န ပါပြီ။ လော့စ် အင်ဂျလီစ်မြို့ တော်ဝန်က လက်နက်ပြန်ဝယ်တဲ့အစီအစဉ် စတင်နေ ရာမှာ အော်တိုမက်တစ်လက်နက်ကြီးပြန်အပ်သူကို $၂၀၀ တန် လက်ဆောင်ကဒ်ပေးပြီး လက်နက်ငယ်အပ်သူတွေကို ဒေါ်လာ ၁၀၀ တန် လက်ဆောင်ကဒ် ပေးအပ်ပါတယ်။ ဒီအစီအစဉ်

၂၀၁၃ တွင်ထွက်ရှိနိုင်မည့် iPhone စမတ်နာရီ

Photo: ၂၀၁၃ တွင်ထွက်ရှိနိုင်မည့် iPhone စမတ်နာရီ
Friday, December 28, 2012

Smartwatch ထုတ်လုပ်တဲ့ ကုမ္မဏီတွေ သိပ်အများကြီးမရှိပေမယ့် Apple ကလည်း Intel နဲ့ ပူးပေါင်းလို့ Smartwatch ထုတ်လုပ်တော့မယ်လို့ ဆိုပါ တယ်။

ဒီဂျစ်တယ်နာရီနဲ့ စမတ်နာရီက ကွာပါတယ်။ စမတ်နာရီက စမတ်ဖုန်းလိုပဲ Function တော်တော်စုံစုံလင်လင်ပါရှိတာမျိုး ဖြစ်ပါတယ်။ ဥပမာ အခု သတင်းထွက်နေတဲ့ iPhone နဲ့ချိတ်ဆက်သုံးရမယ့် စမတ်နာရီဆိုရင် Bluetooth ပါမယ်၊ wi-fi ပါမယ်။ ဖုန်းက Message ကို အလွယ်တကူ ဖတ် လို့ ရမယ်။ touch screen ဖြစ်တာကြောင့် စာပြန်ရိုက်ပြန်နိုင်မယ်။ Siri ပါတဲ့ အတွက် အသံထွက်ပြီးတော့လည်း ရိုက်နိုင်ပါတယ်။ Facebook, Twitter တို့လို Social Network တွေကိုလည်း အလွယ်တကူ အသုံးပြု လို့ ရပါမယ်။

ဖုန်းထုတ်ပြီး စကားပြောမယ့်အစား စမတ်နာရီကို ကြားခံအဖြစ် သုံးမယ်။ နာရီ ကြည့်ဖို့တင်မကပဲ iPhone ရဲ့  ကိုယ်ခွဲ တစ်ခုအနေနဲ့ သွားလေ ရာ ဆောင်လို့ လက်မှာ ပတ်ထားရမယ့် အီလက်ထရောနစ် Gadget ကောင်း တစ်ခု ဖြစ်ပါတယ်။

Intel နဲ့ Apple တို့ ပူးပေါင်းလို့ ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ကာလတန်းဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ပဲရှိမယ်လို့ ဆိုပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီတယ်လို့ လည်း တရုတ်အခြေဆိုက် သတင်းဌာနအချို့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သို့ပေမယ့် ၂၀၁၃ မှာ တကယ်ထွက်ရှိ၊မထွက်ရှိကတော့ မကြာမီကာလ အတွင်း Apple က တရားဝင်ကြေညာသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
TechSpace JournalSmartwatch ထုတ်လုပ်တဲ့ ကုမ္မဏီတွေ သိပ်အများကြီးမရှိပေမယ့် Apple ကလည်း Intel နဲ့ ပူးပေါင်းလို့ Smartwatch ထုတ်လုပ်တော့ မယ်လို့ ဆိုပါ တယ်။ဒီဂျစ်တယ်နာရီနဲ့ စမတ်နာရီက ကွာပါတယ်။ စမတ်နာရီက စမတ်ဖုန်းလိုပဲ Function တော်တော် စုံစုံလင်လင် ပါရှိ တာမျိုး ဖြစ်ပါတယ်။ ဥပမာ အခု သတင်းထွက်နေတဲ့ iPhone နဲ့ချိတ် ဆက်သုံးရမယ့် စမတ်နာရီဆိုရင် Bluetooth ပါမယ်၊ wi-fi ပါမယ်။ ဖုန်းက Message ကို အလွယ်တကူ ဖတ် လို့ရမယ်။ touch screen ဖြစ် တာကြောင့် စာပြန်ရိုက်ပြန်နိုင်မယ်။ Siri ပါတဲ့ အတွက်
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က  မြန်မာအလုပ်သမား ၅၀ ကျော် အလုံပိတ် အအေးခန်းကားအတွင်း သေဆုံးရမှုမှာ တာဝန်ရှိတဲ့ ထိုင်းနိုင်ငံ သား ၄ ဦးကို  တရားရုံးက ထောင် ဒဏ်တွေချ မှတ်လိုက် တယ်လို့  ဒီကနေ့ ထုတ် ဘန်ကောက်ပို့ စ်ထိုင်းသတင်းစာမှာဖော်ပြပါတယ်။ 

၂၀၀၈ ခုနှစ် ဧပြီလက ထိုင်းလူကုန်ကူးသူတွေက မြန်မာ အလုပ်သမား ၁၂၀ ကျော်ကို  အအေးခန်းကားနဲ့ ထည့်ပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်းကနေ နိုင်ငံတောင်ပိုင်း ဖန်ငနဲ့ ဖူးခတ်ဒေသတွေကို တရားမ၀င်ပို့ ဆောင်ရာမှာ မြန်မာအလုပ်သမား ၅၄ ဦး အသက်ရှူမွန်းကျပ်ပြီး သေဆုံးသွားခဲ့ရတာပါ။ 

ဒီအမှုနဲ့ ပတ်သက်ပြီး ကားမောင်းသူကို အရင်က တည်းက ထောင်ဒဏ် ၆ နှစ်ချမှတ်ထားပြီးဖြစ်ပါတယ်။ မနေ့ ကတော့ ကားပိုင်ရှင်အပါအ၀င် ၄ ဦးကို ထိုင်းနိုင်ငံတွင်း အလုပ်သမားတွေခိုးသွင်းမှု၊ လူတွေသေဆုံးရအောင် လျစ်လှူရှူထားမှု စတဲ့ရာဇ ၀တ်မှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ၉ နှစ် ၆ နှစ်နဲ့  ၃ နှစ်ဆီ အသီးသီးချမှတ်လိုက်တာပါ။ ပစ်ဒဏ်ချခံ ထားရသူတွေကတော့ အယူခံဝင်မယ်လို့ သိရပါတယ်။

 သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေကတော့ အမျိုးသမီး ၃၇ ဦးနဲ့ အမျိုးသား ၁၇ ဦးတို့ ဖြစ်ပြီး အများစုဟာ ဆယ်ကျော်သက်တွေနဲ့  အသက် ၂၀ လောက် အရွယ် လူငယ်လူတွဖြစ်ကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြန်မာအလုပ်သမား ၅၀ ကျော် အလုံပိတ်အအေးခန်း ကားအတွင်း သေဆုံး ရမှုမှာ တာဝန်ရှိတဲ့ထိုင်းနိုင်ငံ သား ၄ ဦးကို တရားရုံးက ထောင်ဒဏ်တွေချမှတ်လိုက်တယ်လို့  ဒီကနေ့ 

ထိုင်းနိုင်ငံပိုင် Krung Thai Bank မြန်မာနိုင်ငံအတွင်း ပူးတွဲဖက်စပ် လုပ်ကိုင်မည့်သူကို ရှာဖွေနေ

ထိုင်းနိုင်ငံပိုင် Krung Thai Bank မြန်မာနိုင်ငံအတွင်း ပူးတွဲဖက်စပ် လုပ်ကိုင်မည့်သူကို ရှာဖွေနေ 
Friday, 28 December 2012 

ထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။

၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခန်းကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး ဖက်စပ်လုပ်ငန်း လုပ်ကိုင်ရန် စီးပွားရေးတွဲဖက်ကို ရှာဖွေနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားငွေကြေး အဖွဲ့အစည်းများ အနေနှင့်  ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ခြင်း၊
ပြည်တွင်းငွေကြေး ၀န်ဆောင်မှု အဖွဲ့အစည်း တစ်ခုနှင့် ပူးတွဲဖက်စပ် လုပ်ကိုင်ခြင်း၊ ပင်မဘဏ်၏ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခြင်း စသည့်အဆင့်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

“ပူးတွဲဖက်စပ်လုပ်ကိုင်မယ့် သူကို ရှာရတဲ့အဆင့်က အချိန်ပိုယူမယ့် သဘောရှိပါတယ်။ မြန်မာအစိုးရရဲ့ အတည်ပြုမှုနဲ့ ကျွန်တော်တို့လုပ်ငန်း လည်ပတ်ရမှာပါ။ ဒါပေမယ့် နောက်ငါးနှစ်အတွင်းမှာတော့ တိုးတက်မှုတွေ မြင်ရမှာပါ” ဟု KTB ၏ဥက္ကဋ္ဌ မစ္စတာဗိုရာပက်က
ပြောကြားခဲ့သည်။

KTB သည် မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြသော ထိုင်းကုမ္ပဏီကြီးများနှင့် နယ်စပ်ဒေသတွင် လုပ်ကိုင်လျက်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများကို ငွေကြေးအထောက်အပံ့
ပေးရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့်အတူ ဖွံ့ဖြိုးလာနိုင်ခြေ မြင့်မားသောလုပ်ငန်းများ ဖြစ်သည်။

ထို့ပြင် ၎င်းတို့က မြန်မာအစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများ လွှမ်းမိုးထားသော စီးပွားရေး လုပ်ငန်းများကိုလည်း အာရုံစိုက်သွားမည်ဟု သိရသည်။

“နိုင်ငံပိုင်ဘဏ်တစ်ခုအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အာဆီယံယဉ်ကျေးမှုကို ရင်းနှီးကျွမ်းဝင်မှုမှာ အားသာချက်ရှိနေတော့ စီးပွားရေးဆက်ကြောင်းမှာ အလွယ်တကူ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာဗိုရာပက်က ဆက်လက်ပြောကြားသည်။

KTB သည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးဆုံး ဘဏ်ဖြစ်ပြီး ဘဏ်၏ ၅၉ ဒသမ ၀၁ ရာခိုင်နှုန်းကို အစိုးရ အေဂျင်စီများက ပိုင်ဆိုင်သည်။ ရှယ်ယာ ၅၅ ဒသမ ၀၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်သည်မှာ ထိုင်းဗဟိုဘဏ်၏ Financial Institution Development Fund ဖြစ်ပြီး ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

Eleven Media Groupထိုင်းနိုင်ငံပိုင် Krung Thai Bank (KTB) သည် မြန်မာနိုင်ငံအတွင်း ပူးတွဲလုပ်ကိုင်မည့် လုပ်ငန်းရှင်ကို ရှာဖွေလျက်ရှိကြောင်း ထိုင်းနိုင်ငံ သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။
၎င်းတို့ဘဏ်သည် မြန်မာနိုင်ငံအတွင်း ကိုယ်စားလှယ်ရုံးခန်းကို

အမေရိကန်၌ iPhone ရောင်းအား ပိုတိုးခဲ့

အမေရိကန် နိုင်ငံမှာ ကောက်ခံခဲ့တဲ့ စာရင်း ဇယားများ အရ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ရေတွက်ထားတဲ့ ၃ လပတ်စစ်တမ်းမှာ စမတ်ဖုန်း စုစုပေါင်း ရောင်းအား၌ Apple ရဲ့ iPhone က 53.3% အထိ ရှိခဲ့ကြောင်း သိရသည်။Apple ရဲ့ အောင်ပွဲမှာ အဓိကကျခဲ့တာ ကတော့ ၎င်းရဲ့ ထုတ်ကုန်အသစ် iPhone 5 ပါပဲ။ အောက်တိုဘာမှာ စတင်ရောင်းချခဲ့တဲ့ iPhone 5 ကြောင့် အမေရိကန် စမတ်ဖုန်းဈေး ကွက် မှာ နောက်ဆုံး ၃ လအတွင်း ရောင်းချမှုရဲ့ တစ် ဝက်ကျော်ကျော်ကို Apple မှ ရရှိခဲ့ပါတယ်။
ကျူပါတီနိုးအခြေစိုက် ကုမ္ပဏီအတွက် ဒါဟာ ပထမဆုံး

ကာဇက်စတန် စစ်လေယာဉ် တစ်စင်း ပျံသန်းလာစဉ် ပျက်ကျ

ကာဇက်စတန် စစ်လေယာဉ် တစ်စင်း ပျံသန်းလာစဉ် ပျက်ကျ
 
ကာဇက်စတန် စစ်လေယာဉ် တစ်စင်းသည် နယ်ခြားစောင့် တပ်ဖွဲ့ဝင် အရာရှိ များကို သယ်ဆောင် ပျံသန်း လာစဉ် ပျက်ကျ သွားခဲ့ရာ လေယာဉ်ပေါ် လိုက်ပါလာသူ ၂၇ ဦးစလုံး သေဆုံးသွားကြောင်း သိရ ပါသည်။

သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်သော လေယာဉ်သည် အက်စတာနာ မြို့တော်မှ ထွက်ခွာ လာခဲ့ပြီး ၎င်းဆင်း သက်မည့် ရှမ်ကန့် လေဆိပ်မှ ၁၂ မိုင် အကွာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ နှောင်းပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်ပါသည်။ လေယာဉ်ပျံသည် အမြင့်ပေ ၂,၆ဝဝ ခန့်မှ ပြုတ်ကျလာခြင်း ဖြစ်ကြောင်း KTK ရုပ်သံလွှင့် ဌာနက တင်ပြ သွားပါသည်။ လေယာဉ်သည် မြေပြင်ပေါ် ပြုတ်ကျစဉ် ကြီးမားသော ပေါက်ကွဲသံကြီး ကြားရကြောင်း မျက်မြင် သက်သေများက ဆိုပါသည်။

http://www.myawady.net.mm/allnews/global/item/2986-2012-12-28-09-23-52
ကာဇက်စတန် စစ်လေယာဉ် တစ်စင်းသည် နယ်ခြားစောင့် တပ်ဖွဲ့ဝင် အရာရှိများကို သယ်ဆောင်ပျံသန်းလာစဉ် ပျက်ကျသွားခဲ့ရာ လေ ယာဉ်ပေါ်လိုက်ပါလာသူ ၂၇ ဦးစလုံး သေဆုံးသွားကြောင်း သိရပါ သည်။သက်တမ်း ၂၂ နှစ်ရှိပြီ ဖြစ်သော လေယာဉ်သည် အက်စတာနာ မြို့တော်မှ ထွက်ခွာလာခဲ့ပြီး ၎င်းဆင်း သက်မည့် ရှမ်ကန့် လေဆိပ်မှ ၁၂ မိုင် အကွာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ နှောင်းပိုင်းက ပျက်ကျ ခဲ့ခြင်း ဖြစ်ပါသည်။ လေယာဉ်ပျံသည် အမြင့်ပေ ၂,၆ဝဝ ခန့်မှ ပြုတ်ကျ

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ


Photo: ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ 
Friday, December 28, 2012

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီး တစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သေဆုံးသူ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီးတစ်ဦး သည်ယခုလ၁၄ရက်က ၄င်းတည်းခိုသည့်ရွှေပြည်သာ မြို့နယ်ရှိ တည်းခိုခန်းမှ ဆိုင်ကယ်ကယ်ရီ အား ရွှေပြည်သာ တံတားသို့ ငှားရမ်းခဲ့ပြီး တံတားသို့အရောက်တွင် ကယ်ရီသမားအား ကွမ်းယာဝယ်ခိုင်းကာ ၄င်းသည် ရွှေပြည်သာတံတားပေါ် မှ ခုန်ချခဲ့ခြင်းဖြစ်သည်။

ခုန်ချပြီး ခြောက်ရက်အကြာတွင် ဆိပ်ကမ်းမြို့နယ် ကုန်စိမ်းတန်းရှေ့ လှိုင်မြစ်တွင်း၌အလောင်း အားရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသူသည် ပဲခူးတိုင်း သံတောင်ကြီးတွင် ခြေလျင် တပ်ခွဲမှူး သင်တန်း တက်ရောက်ရန် ကျိုင်းတုံမြို့နယ်မှ ရန်ကုန်မြို့သို့ ယခုလ ၁၃ရက် တွင် ရောက်ရှိခဲ့သည်။ သေ ဆုံးသူ ဗိုလ်ကြီးသည် အမှတ်(၁၁)လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်သူတစ်ဦး ဖြစ်သည်။

သေဆုံးသူ ဗိုလ်ကြီးအား ဆိပ်ကမ်းရဲစခန်းမှ သေမှု သေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အေးမြတ်သူ
7Day News

ကြည်းတပ် ဗိုလ်ကြီးတစ်ဦး အလောင်း လှိုင်မြစ်ရေပြင်တွင်ပေါ်လာ ဆိပ်ကမ်းမြို့နယ် လှိုင်မြစ်ရေပြင်၌ တပ်မတော် ဗိုလ်ကြီးတစ်ဦး၏ အလောင်းအား ယခုလ ၂၀ရက် က တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်း

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်

လေယာဉ် မတော်တဆ ပျက်မှု ခရီးသွားလုပ်ငန်း မထိခိုက်နိုင်
Friday, December 28, 2012

မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း အပေါ် အများကြီး ထိခိုက်သွားလိမ့်မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေး
ကော်မတီဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားခရီးသည်ပေါင်း ၆ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းထားချိန်မှာ ဒီအရေအတွက် ကျ မသွားဖို့ လေကြောင်း
လိုင်းတွေအပါအဝင် ခရီသွားလုပ်ငန်းမှာ ဘာတွေလုပ်ပြဖို့ လိုအပ်
ပါသလဲ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန် တင်ပြပါမယ်။

မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာလေဆိပ်တွေ အပါအဝင် နယ်စပ်ဂိတ်
တွေကနေ ဝင်ရောက်လာတဲ့ နိုင်ငံခြား ခရီးသည်အရေအတွက်ဟာ ၂၀၁၂ ခုနှစ်အတွက် ၆ သိန်းလောက်ဖြစ်မယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။ လောလောဆယ် ရရှိထားတဲ့ အရေးအတွက်က ၅ သိန်း နီးပါး ရှိတယ်လို့ မြန်မာနိုင်ငံ ခရီးသွား ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက ပြောပါတယ်။

“ ဒီဇင်ဘာ ၁၇အထိကို ကောက်ထားတဲ့၊ ဒေတာပေါ့ ငါးသိန်းလောက်
နီးပါး ဖြစ်နေပါပြီ။ ဒီဇင်ဘာလကုန်အထိ ဆိုရင်တော့ ခြောက်သိန်း
နီးပါးလောက် ဖြစ်သွားမှာပါ။ နယ်စပ်ကနေ ဝင်တာတွေပါ ထည့်ပေါင်းပါတယ်ခင်ဗျာ။ တရုတ်နဲ့ မြန်မာနယ်စပ်၊ နောက်တခါ ယိုးဒယားနဲ့ မြန်မာနယ်စပ်၊ နယ်စပ်က ဝင်တဲ့ဂဏန်းတွေပါ အားလုံးပေါင်းပါတယ်။ နယ်စပ်ကအဝင်ကလည်း အရင်နှစ်တွေကထက် ပိုများလာပါတယ်။”

မနှစ်ကထက်စာရင် ခရီးသည် ၄၀ ရာခိုင်နှုန်းကျော် တိုးလာတယ်လို့
ပြောပါတယ်။ ဒီခရီးသည်တွေထဲမှာ အလုပ်ကိစ္စနဲ့ လာရောက်ကြတဲ့ ခရီးသည်တွေပါသလို၊ ကမ္ဘာလှည့်ခရီးသည်တွေလဲပါကြပါတယ်၊ ဒီလို အခြေအနေမျိုးမှာ ကမ္ဘာလှည့်ခရီးသည်တွေပါတဲ့ Air Bagan
လေကြောင်းလိုင်းက လေယဉ်တစင်းပျက်ကျသွားခဲ့တဲ့အတွက် မြန်မာနိုင်ငံကိုနိုင်ငံတကာ ခရီးသည်တွေ လာရောက်မှု ဘယ်လောက် ထိခိုက်သွားနိုင်ပါသလဲ။

“ကျနော်အထင်ကတော့ အများကြီး ထိုးကျသွားဖို့တော့ မရှိဘူးလို့  ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ပျံ
တစ်စီးပျက်ကျတယ်ဆိုတာဟာ ဖြစ်ပြီးတဲ့ဟာကို ဘာမှ ပြန်ပြီးတော့ ဘာမှလုပ်လို့မရဘူး။ လေယာဉ်လိုင်းက ဘယ်လိုကောင်းမွန်အောင် လုပ်ထားနိုင်တယ်ဆိုတာ သက်သေပြနိုင်ရင်တော့ အချိန်အတိုင်းအတာ
အတွင်းမှာ ပြန်လည်ပြီး Image ကောင်းမွန်လာအောင် ကျနော်ထင်ပါတယ်။ အဲ့ပေါ်မှာမူတည်ပြီးတော့ ခရီးသွားတွေက သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချ
တယ်ဆိုလို့ရှိရင် စီးကြမှာပါပဲ။”

ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ စုနှစ်လောက် အတွင်းမှာ လေယာဉ်ပျက်ကျမှုတွေ ရှိခဲ့တဲ့ မြန်မာ့လေကြောင်းလိုင်း က လေယာဉ်တွေအပေါ် ခုချိန်ထိ ခရီးသည်တွေက စိတ်ချကြပုံ မရကြသေးပါဘူး။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အခုလောလောဆယ်မှာ ကျနော်တို့
ပြည်တွင်း လေကြောင်းလိုင်းတွေထဲမှာ မြန်မာ့အဲဝေးပေါ့နော်။ အစိုးရေပိုင်လေကြောင်းလိုင်းကို စီးဖို့ ဧည့်သည်တွေကို တိုက်တွန်းလို့ရှိရင် သူတို့အမြဲတမ်းငြင်းပယ်ခြင်းကို ခံရပါတယ်။ ဆိုလိုတာက အာမခံချက်နဲ့
ပတ်သက်ရင် ဘယ်လောက်လုပ်ထားတယ်ဆိုတာမျိုး ဈေးကွက်မှာ 
သတင်းအချက်အလက်မပေးနိုင်သေးရင်တော့ ဒီလိုမျိုးလေးတွေတော့ ကြုံနေရမှာပါပဲ။”

အဲဒီတော့ မြန်မာနိုင်ငံထဲမှာ လက်ရှိ ပျံသန်းပြေးဆွဲနေတဲ့
လေကြောင်းလိုင်းတွေ အနေနဲ့ လေယာဉ်စီးခရီးသည်တွေရဲ့ ယုံကြည်မှုရရှိအောင် ဘာလုပ်သင့်ပါသလဲ။

“လေကြောင်းလိုင်းတခုရဲ့ အဓိက Image ကတော့ Safety ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လေယာဉ်ဆိုတာ ပျက်လို့ရှိရင် လေထဲမှာ ရပ်ပြီး ပြင်လို့မရဘူး။ အဲ့ဟာတခုချို့ယွင်းတယ်ဆိုရင်တော့ လေကြောင်းလိုင်း
တခုအနေနဲ့ကတော့ ဒီ Image ကို ပြန်ပြီးတော့ ကောင်းအောင်
လုပ်ဖို့အတွက် ပြနိုင်မှ ဖြစ်ခဲ့တာကို အဖတ်ဆယ်နိုင်မှာပါ။ အဲ့တာကို မူတည်ပြီးတော့မှ ဧည့်သည်တွေရဲ့ စိုးရိမ်စိတ်တွေကို ပျောက်သွားအောင် ဘယ်လိုလုပ်မလည်းဆိုတာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။”

လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသွားလမ်းညွှန်တယောက်နဲ့ အရေးပေါ်ဆင်းသက်စဉ် မြေပြင်မှာ တိုက်မိသူ တယောက်
သေဆုံးခဲ့မှုအပါအဝင် လေယာဉ်ပျက်မှုအပေါ် Air Bagan ကတော့ တာဝန်ယူ ဖြေရှင်းမှုတွေ၊ သတင်းထုတ်ပြန်မှုတွေ လုပ်နေပါတယ်။
အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက် မြန်မာနိုင်ငံကို လာရောက်လည်ပါတ်တဲ့သူ အလုပ်ကိစ္စကြောင့် လာရောက်သူတွေ ပိုပို များလာချိန်မှာ ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဘယ်လောက် အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါသလဲ။

“အရင်နှစ်တွေကထက် စာရင်တော့ အခက်အခဲက လျော့နည်းသွားပြီလို့
ပြောလို့ရပါတယ်။ အထူးသဖြင့်တော့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာပေါ့နော်။ သယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်းနဲ့ သွားရတဲ့ ခရီးစဉ်တွေပေါ့နော်။ လေကြောင်းလိုင်းမှာတော့ ကျနော်တို့ လေကြောင်း
လိုင်းအသစ်တွေ မြန်မာနိုင်ငံကို တိုးတက်ပြီး ဝင်ရောက်လာတော့ ဧည့်သည်တွေ ဝင်လာဖို့ အရေအတွက်က များလာတာလည်း အဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရန်ကုန်ကို ပိုဆင်းလာတဲ့အတွက် ခရီးသည်အရေအတွက် ပိုများလာနိုင်ပါတယ်။
နောက်တခါ ပြည်တွင်းလေကြောင်းလိုင်း နဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် ခရီးသွားရာသီရဲ့ ပထမသုံးလမှာတော့ နည်းနည်းလေး ပြဿနာရှိပါတယ်။ ပြည်တွင်းလေကြောင်းလိုင်းတချို့မှာ လေယာဉ် မလုံလောက်မှုပြဿနာလေးတွေရှိပါတယ်။ အဲ့တာတွေကတော့ အခုဇန်နဝါရီလကစပြီး အားလုံးကတော့ အဆင်ပြေသွားပါလိမ့်မယ်။ တခုပြောစရာရှိတာကတော့ ဟိုတယ်အခန်း မလုံလောက်မှုကတော့ ရှိနေဆဲပါပဲ။  ကျနော်တို့ နောက်ထပ် နှစ်နှစ်လောက်အထိ ဆက်ပြီး ကြုံတွေ့ရမယ့် ပြဿနာပါ။ အခုလောလောဆယ်မှာ နိုင်ငံတကာ
အဆင့်ဟိုတယ်တွေကတော့ အခန်းအရေအတွက် မလုံလောက်တဲ့အတွက် တိုင်းရင်းသားပိုင် ဟိုတယ်တွေမှာ ကျနော်တို့ ဧည့်သည်တွေကို ပြောင်းပြီး ထားနေကြပါတယ်။ ပြဿနာလေးက ဘာရှိလည်းဆိုတော့ နိုင်ငံတကာ အဆင့်အတန်းမှီ ဝန်ဆောင်မှုပေးဖို့ကို နည်းနည်း ကျနော်တို့ အချိန်ယူပြီးတော့ လုပ်ရပါဦးမယ်။”

မြန်မာနိုင်ငံကို အရင်က မျှော်လင့်မထားတဲ့ နိုင်ငံခြားခရီးသည် အရေအတွက်မျိုးမြန်မာနိုင်ငံမှာ ရောက်ရှိနေတာမို့ ဒါဟာ ခရီးသွား
လုပ်ငန်းအတွက် အားရစရာဖြစ်တယ်လို့လဲ မြန်မာနိုင်ငံ ခရီးသွား
ဈေးကွက်မြှင့်တင်ရေးကော်မတီဥက္ကဌ ကိုဖြိုးဝေရာဇာက VOA မြန်မာပိုင်းကို
ပြောပါတယ်။ 

ဗွီအိုအေ
မကြာခင် ပြည်တွင်းခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအပေါ်အများကြီး ထိခိုက်သွားလိမ့် မယ်လို့ မထင်တဲ့အကြောင်း မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့် တင်ရေးကော်မတီ ဥက္ကဌက ပြောလိုက်ပါတယ်၊ ၂၀၁၂ ခုနှစ်

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

အမေရိကန် အစိုးရက တောင်ကိုရီးယား နိုင်ငံသို့ မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် ကမ်းလှမ်း

မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေးအရ တိုက်ခိုက်မှု များမှ ကာကွယ်ရန်နှင့် တောင်ကိုရီးယား နိုင်ငံ၏ စစ်ရေး စွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမား အစိုးရက တောင်ကိုရီးယား နိုင်ငံအား    မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင် အဆိုပြု ကမ်းလှမ်း ခဲ့ကြောင်း အင်တာနက် သတင်းအရ သိရသည်။

တောင်ကိုရီးယား နိုင်ငံသည် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ် လေးစင်းကို ရောင်းချပေးရန် အမေရိကန် အစိုးရထံသို့ ကမ်းလှမ်း ထားကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ကာကွယ်ရေး ဆိုင်ရာ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဖော်ပြထားသည်။

အဆိုပါ RQ-4 "Global Hawk" မောင်းသူမဲ့ လေယာဉ်သည် သတင်းအချက် အလက်များ ရယူစုဆောင်း နိုင် ခြင်း၊ စောင့်ကြည့် လေ့လာခြင်းနှင့် ထောက်လှမ်းရေး ဆိုင်ရာ အချက်အလက်များ ရယူနိုင်ခြင်း တို့ကြောင့် တောင်ကိုရီးယား နိုင်ငံ၏ ဒေသတွင်းရှိ ခြိမ်းခြောက်မှု များကို ကာကွယ်ရာ တွင် များစွာ အထောက်အကူ ပြုမည် ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံသည် ကြာရှည် ပျံသန်းနိုင်ရန် ရှိသော အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို ဝယ်ယူရန် လွန်ခဲ့သော လေးနှစ်မှစ၍ စိတ်ဝင်စား ခဲ့ကြောင်း သိရသည်။

ယင်းမောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၆ဝဝဝဝ မှနေ၍ ထောက် လှမ်းရေး ဆိုင်ရာ သတင်း အချက်အလက် များကို ယူဆောင် နိုင်ကြောင်း သိရသည်။

Global Hawk မောင်းသူမဲ့ လေယာဉ် များကို သြစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့ မှလည်း ဝယ်ယူရန် စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2964-2012-12-28-08-17-52 မြောက်ကိုရီးယား နိုင်ငံ၏စစ်ရေးအရ တိုက်ခိုက်မှုများမှ ကာကွယ် ရန်နှင့် တောင်ကိုရီးယားနိုင်ငံ၏ စစ်ရေးစွမ်းရည် မြှင့်တင်မှုကို အထောက်အပံ့ ဖြစ်စေရန် အိုဘားမားအစိုးရက တောင်ကိုရီးယား နိုင် ငံအား မောင်းသူမဲ့ လေယာဉ်များ ရောင်းချရန် တရားဝင်အဆိုပြု ကမ်း

ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

ဆန်ခရစ္စ တိုဘယ် မီးတောင် ပြာမှုန့်များ မှုတ်ထုတ် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့

နီကာရာဂွာ နိုင်ငံ၏ အမြင့်မားဆုံး မီးတောင် တစ်ခုသည် အမြင့်ပေ ရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာမှုန့် လုံးကြီးကို ကောင်းကင် အထက်သို့ မှုတ်ထုတ်လျက် ရှိခြင်းကြောင့် အနီးအနားရှိ ဒေသခံ များသည် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်ရလျက် ရှိကြောင်း အစိုးရ အဖွဲ့က ပြောကြားထားသည်။

အမြင့်ပေ ၅၇၂၅ ပေရှိသော ဆန်ခရစ္စ တိုဘယ် အမည်ရှိ အဆိုပါ မီးတောင် သည် နိုင်ငံ၏ အနောက် မြောက်ပိုင်း မာနာဂွာမြို့၏ မြောက်ဘက် ၈၅ မိုင်ခန့် အကွာတွင် တည်ရှိပြီး မကြာသေးမီ နှစ်များအတွင်း မီးတောင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ သေးသလို စက်တင်ဘာလ အတွင်းကလည်း အလားတူ ဖြစ်ရပ်မျိုး တစ်ခု ဖြစ်ပေါ်ခဲ့ သေးကြောင်း သိရသည်။

ယခုတစ်ကြိမ် ပြာမှုန့်များ မှုတ်ထုတ်ခြင်းသည် ဒီဇင်ဘာ ၂၅ ရက် နှောင်းပိုင်းတွင် စတင်ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းမီးတောင်၏ ပတ်လည် ၁ ဒသမ ၉ မိုင်အတွင်း နေထိုင်ကြသော ဒေသခံ များအား နေရပ်ကို စွန့်ခွာရန် အစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ရိုဆာရီ အိုမာရီလိုက တိုက်တွန်း ထားသည်။ မီးတောင် ဝန်းကျင်၌ နေထိုင်ကြသော မိသားစုများမှာ ၃ဝဝ ခန့်ရှိသည်။

ဆန်ခရစ္စ တိုဘယ် မီးတောင် အနီးတွင် နေထိုင်လျက် ရှိကြသော လယ်သမား ၁၅ဝဝ ခန့်မှာမူ မီးတောင်မှ ဓာတ်ငွေ့များ၊ သဲများနှင့် ပြာမှုန့်များ မှုတ်ထုတ် နေခြင်းကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် သတိပေး ထားသော်လည်း ၎င်းတို့ နေရပ်ကို စွန့်ခွာရန် ငြင်းဆို ခဲ့ကြကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/2965-2012-12-28-08-20-18
နီကာရာဂွာ နိုင်ငံ၏အမြင့်မားဆုံး မီးတောင်တစ်ခုသည် အမြင့်ပေရာနှင့်ချီ ထိအောင် မြင့်မားလှသော ပြာ မှုန့်လုံးကြီးကို ကောင်းကင်အထက်သို့ မှုတ်ထုတ်လျက်ရှိခြင်းကြောင့် အနီးအနားရှိ ဒေသခံများသည် ဘေး

မလေးရှားမှာ မိုးကြီး ရေလျှံ

မလေးရှားမှာ မိုးကြီး ရေလျှံ
Friday, December 28, 2012

မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်
ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်
ရေပိုလျှံခဲ့ရတယ်လို့ သိရပါတယ်။ မိုးက လာမဲ့ မတ်လလောက်အထိ
ရွာသွန်းနေအုန်းမှာ ဖြစ်ပါတယ်။

ရေတက်လာတာ မြန်တဲ့အတွက်လည်း ကားတွေနဲ့ ပစ္စည်းတွေကို
ရေလွတ်ရာ အချိန်မှီ မရွှေ့နိုင်ဘဲ အပျက်အစီး ပိုများခဲ့ရတယ်လို့ ဆိုပါတယ်။

အရေးပေါ်ကယ်ဆယ်ရေး ဒုက္ခသည်စခန်းတွေကို အာဏာပိုင်တွေက ဖွင့်လှစ်ထားပေမဲ့ အခြေအနေဟာ ပိုပြီး ဆိုးဝါးလာနိုင်တယ်လို့ ဆိုပါတယ်။ လတ်တလောအချိန်အထိ လူ ၂ ဦးသေဆုံးကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

M
(Photo: AFP - Northeastern town of Kuantan in Malaysia)
Burma-Newselite
မလေးရှားနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက်ရေလွှမ်းပြီး လူပေါင်း ၁၆၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၄၀၀၀ အရေးပေါ်စခန်းတွေကိုရောက်ရှိနေပါတယ်။ ဒီအထဲမှာ မိုးရေကိုမထိမ်းနိုင်ဘဲ တရင်ဂါနူေ၇လှောင်တမန်ရဲ့ တံခါးကို ဖောက်ချလိုက်ရတဲ့အတွက်ရေပိုလျှံခဲ့ ရတယ်လို့ သိရပါတယ်။ မိုးက

လီဒို လမ်းမကြီး ပြန်ဖွင့်ရန် အိန္ဒိယ ပြည်နယ်အစိုးရ တောင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယနှင့် မြန်မာနိုင်ငံအား ဆက်သွယ်ပေးနိုင်
သည့် သမိုင်းဝင် စတီးဝဲလ် Stilwell ခေါ် လီဒို Ledo လမ်းမကြီးကို
ပြန်လည်ဖွင့်လှစ်ရန် အိန္ဒိယဘက်မှ ဒေသခံ ပြည်နယ် အစိုးရက
တောင်းဆိုလိုက်သည်။
နယ်စပ်ကုန်သွယ်မှုများ ထူထောင်ကာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးလာ
စေရေးအတွက် ထိုလမ်းမကြီးအား အမြန် ပြန်ဖွင့်နိုင်ရန်
အရူနာချာပရာဒက်ရှ် Arunachal Pradesh ပြည်နယ် ဝန်ကြီးချုပ်
နမ် တူကီ Nabam Tuki က ကြာသပတေးနေ့က ဗဟိုအစိုးရအား
တောင်းဆိုလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ဝယ်လိုအား ရှိနေ၍ ဒေါ်လာ ဈေးမြင့်တက်လာ


ရန်ကုန် (မဇ္ဈိမ) ။      ။ ဝယ်လိုအား ရှိနေသဖြင့် ရန်ကုန် ဒေါ်လာ ဈေးကွက်အ တွင်း  ဈေး ပြန်လည် မြှင့်တက် လာကြောင်း စုံစမ်း သိရှိရသည်။
“ငွေကြေး လဲလှယ်ခွင့်ရ စင်တာတွေမှာ ဒီဇင်ဘာ တတိယပတ်ရဲ့ ၁၇ ရက်နေ့က ၁ ဒေါ်လာကို ဝယ်ဈေး ၈၄၇ ကျပ်၊ရောင်းဈေး ၈၅၄ ကျပ်။ ဒီဇင်ဘာ ၂၁ မှာ ၁ ဒေါ်လာကို ဝယ်ဈေး ၈၅၂၊ ရောင်းဈေး ၈၅၈ ကျပ်အထိ မြှင့်လာတာ တွေ့ရ တယ်” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် ဦးရဲနိုင်ဝင်း က ဆိုသည်။