Thursday, July 23, 2015

မြစ်ကြီးနားတရားရုံးတွင် သစ်ခိုးမှုစီရင်ခြင်း၊ သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၅၃ ဦးကို တစ်သက်တစ်ကျွန်း၊ နှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်သော်လည်း အယူခံဝင်နိုင်

မြစ်ကြီးနားမြို့တရားရုံးအနီးတွင် ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင် ထားသည့် ရဲတပ်ဖွဲ့ဝင်များက ယခုလအတွင်း ခါတိုင်းထက်ပို၍ လုံခြုံရေးတာဝန်ယူထားသည်။ ရဲ တပ်ဖွဲ့ဝင် ၄၀ ဦးခန့် လုံခြုံရေး ယူထားသော မြစ်ကြီးနားမြို့ တရားရုံးသို့ လူဦးရေ ၁၀၀ ခန့် ဆံ့သည့် ဆယ့်နှစ်ဘီးကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ထိုးဆိုက် လာသည်။

ထို့နောက် ကားပေါ်မှ သူ့ ထက်ငါအလုအယက် ဆင်းလာ ကြသော တရုတ်နိုင်ငံသားများကို ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး အပြည့်ဖြင့် တရားရုံးသို့ ခေါ် ဆောင်လာသည်။ အဆိုပါတရုတ် နိုင်ငံသားများသည် ဇန်န၀ါရီ ၅ ရက်က ၀ိုင်းမော်မြို့နယ် သစ်တောများ တွင် တရားမ၀င် သစ်ခိုးမှုဖြင့် အစိုးရက တရားလိုပြုတရားစွဲဆို ထားသူများဖြစ်ပြီး ခုနစ်လခန့် စစ်ဆေးခဲ့သည့် သစ်ခိုးမှုကို အ မိန့်ချမှတ်မည့်နေ့ ဖြစ်သည်။ပြည်သူအများအပြား စိတ်ဝင်စားခဲ့သည့်အမှုဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်အများအပြား လုံခြုံရေးယူခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။

အီဂျစ်နိုင်ငံ၊ နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိပြီး လူ ၁၉ ဦးထက်မနည်း သေဆုံး

နိုင်းလ်မြစ်အတွင်း ရေယာဉ်နှစ်စီး တိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၉ ဦး ရေနစ် သေဆုံးခဲ့ကြောင်း အီဂျစ် အာဏာပိုင်များက ကြေညာခဲ့သည်။
ဇူလိုင် ၂၂ ရက် ညပိုင်းက ကိုင်ရိုမြို့တော်အနီး ဝါရက် ဧရိယာအနီး နိုင်းလ်မြစ်လယ်တွင် ကူးတို့ယာဉ် တစ်စီးက ကုန်တင်ရေယာဉ် တစ်စီးကို ဝင်တိုက်မိခဲ့ခြင်းဟု သိရသည်။ အဆိုပါ ဖြစ်ရပ်တွင် ကူးတို့ရေယာဉ် နစ်မြုပ်ပြီး လူအများအပြား သေဆုံးခဲ့ခြင်း ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဌာနက အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၆ ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး နောက်ထပ် အသေအပျောက်စာရင်း ရှိမရှိ စစ်ဆေး စုံစမ်းနေကြောင်း ဆိုသည်။ ရေယာဉ်နှစ်စီး ပြင်းပြင်းထန်ထန် တိုက်မိပြီးနောက် ကူးတို့ယာဉ်သည် ဆိုးဆိုးရွားရွား ပျက်စီးကာ နစ်မြုပ်သွားခြင်း ဖြစ်သည်။

နှစ် ၃၀ မျှ လျှို့ဝှက်ထားသည့် ရွေ့လျားဒုံးကျည် စနစ်ကို အစ္စရေးစစ်တပ် ထုတ်ဖော်ပြသ


နှစ်ပေါင်း ၃၀ မျှ လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့သည့် ရွေ့လျားဒုံးကျည်စနစ်တစ်ခု၏ သရုပ်မှန်ကို အစ္စရေးစစ်တပ်က အများပြည်သူထံ ဖွင့်ချပြလိုက်ကြောင်း သိရှိရသည်။
အစ္စရေးစစ်တပ်က Perehဟု ခေါ်ဝေါ်သည့် လက်နက်မှာ ရွေ့လျားနိုင်သည့် ဖျက်အားပြင်း ဒုံးကျည်စနစ်တစ်ခုဖြစ်သည်။ ယင်းလက်နက်သည် တင့်ကားများကို ချေမှုန်းရာတွင် အလွန်ထက်မြက်သည့် စွမ်းဆောင်ရည်မျိုး ရှိသည်။

မွေးရေကျေးလက်ဝန်ကြီးဌာနသို့ အကြွေး ဆပ်ရမည့်စာရင်းတွင် ၀န်ကြီးဟောင်း ဦးမောင်မောင်သိမ်း၏သားပါဝင်

မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး ရေးဝန်ကြီးဌာနသို့ အကြွေးမပေး နိုင်သဖြင့် တရားစွဲဆိုခံရသူ ၁ဝ ဦးတွင် ၀န်ကြီးဟောင်းဦးမောင် မောင်သိမ်း၏သားဖြစ်သူ ပါဝင်နေပြီး ပေးဆပ်ရန်ကျပ်ငွေ ၁၁ ဘီလီယံကျော် ကျန်ရှိနေသေးကြောင်း သတင်းရရှိသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ အစီရင်ခံစာကို ဆွေး နွေးရာတွင် ယင်းဝန်ကြီးဌာနသည် နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ နေသည့်ငွေမှာ ကျပ်၃၁,၇၉၃ သန်းဖြစ်၍ နိုင်ငံတော်သို့ အများ ဆုံးပေးသွင်းရန်ကျန်ရှိသည့် ၀န် ကြီးဌာနတစ်ခုဖြစ်ကြောင်း နိုင်ငံ ပိုင်သတင်းစာများ၌ ဇူလိုင် ၂၂ ရက်ကဖော်ပြထားသည်။
ဝန်ကြီးဌာနသို့ ပေးသွင်းရန် ကြွေးကျန်များအနက် ၀န်ကြီး ဟောင်းဦးမောင်မောင်သိမ်း ၀န် ကြီးဖြစ်ချိန်တွင် ၎င်း၏သား ဦး မင်းသိမ်းကချေးယူခဲ့ပြီး ပေးဆပ် ရန်ကြွေးကျန် အားလုံး၏ထက် ၀က်ခန့်ရှိနေသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန် ကြီးဌာနသည် ဘဏ္ဍာရေးစည်း မျဉ်းများနှင့်ညီညွတ်မှုမရှိသည့် ငွေကြေးသုံးစွဲမှုများရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၆ ရက် တွင် ပြောကြားခဲ့သည်။

"သိပ်လည်း အိုဗာတင်း မဖြစ်ကြပါနဲ့ မိတ်ဆွေတို့"

ပြည်တွင်းမှာ နေနေတဲ့ ဒီမိုဆို သူတော် တော်များများကဒေါ်စုလို ငြိမ်းချမ်းရေး နိုဘယ်ဆုလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ် ထင်နေကြတယ်။ ဘာကြောင့်ဆိုတော့ သူတို့ဟာ ငြိမ်းချမ်း ရေးနိုဘယ်ဆိုတာ ကြီးကိုယူရမှာရှက်လို့ ငြင်းခဲ့ကြတဲ့ ပထမဆုံး အရှေ့တောင် အာရှ ရဲ့ နိုဘယ်ဆုရှင် ဗီယက်နမ် နိုင်ငံသား လီဒတ်တို (Le Duc Tho:1973) အ ကြောင်းမသိကြရှာဘူး။နိုဘယ်ဆုယူပြီး မိမိရဲ့နောင်တော်တွေ တည်ထောင်ခဲ့တဲ့ အင်အားလွန်နိုင်ငံကြီး ကိုဖြိုခွဲလိုက်တဲ့ ဆိုဗီယက်သမတ မီခေး ဂေါ်ဗာချော့ကြီး အကြောင်းနားမလည်ရှာဘူး။နိုဗယ်ဆိုတာနဲ့ တကမ္ဘာလုံး တက်မက်မယ်ထင်နေတဲ့ သူတွေခဗျာ နိုဗယ်ကို ငြင်းဆန်ခဲ့သူ ခြောက် ဦးရဲ့ သမိုင်းကြောင်းကို လေ့လာသိရှိမှု မရှိ ရှာဘူး။ (Boris Pasternak(1958) ,Jean-Paul Sartre(1964), Le Duc Tho(1973), Richard Kuhn, Adolf Butenandt and Gerhard Domagk)

ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်း ခွင့်ပြုမည်

ရန်ကုန်မြို့ ငမိုးရိပ်တံတား (မင်္ဂလာတောင်ညွန့်) အား ဇူလိုင် ၂၆ ရက်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်း/တံတား) မှ ထုတ်ပြန်ထာားသည်။
အဆိုပါတံတားကို ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ၄၀၅ မီတာ၊ အကျယ် ၁၁ ဒသမ ၅ မီတာ၊ယာဉ်သွားလမ်းအကျယ် ၁၁ ဒသမ ၅ မီတာ၊ လူသွားလမ်းနှစ်ဖက်ရှိပြီး တစ်ဖက်လျှင် ၁ ဒသမ ၇၅ မီတာ၊ရေလမ်း ကင်းလွတ်တံတားအမြင့် ၁၆ ပေ ၅ လက်မ၊ တံတားခံနိုင်ဝန် ခွင့်ပြုတန် ၇၅ တန်ရှိပြီး အသွား/အပြန် နှစ်လမ်းသွားဖြစ်သည့် အဆိုပါ တံတားတည်ဆောက်ရေးအတွက် ခန့်မှန်းကုန်ကျငွေသည်  ကျပ် ၆ဒသမ ၁၅၃ ဘီလျံရှိသည်။

မြန်မာ့မီးရထား၏ ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေ

မြန်မာ့မီးရထား၏ လက်ရှိအသုံးပြုနေသော ရထားစက်ခေါင်းများအနက် ထက်ဝက်ခန့်မှာ သက်တမ်းလွန်နေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရထားစက်ခေါင်း ၃၇၇ တွဲရှိပြီး ယင်းမှ သက်တမ်းလွန်များကို ပြည်ပမှ စက်ခေါင်း အသစ်များဖြင့် အစားထိုးရန် စီစဉ်နေသည်ဟု မြန်မာ့မီးရထား စက်မှုနှင့် လျှပ်စစ်ဌာန အထွေထွေ မန်နေဂျာ ဦးဝင်းဦးက ပြောသည်။
သက်တမ်းလွန်နေသည်ဟု ဆိုသော်လည်း သုံးစွဲ၍ အဆင်ပြေစေရန် ပြုပြင်ထားသည်ဟု လည်းဆိုသည်။