Thursday, July 24, 2014

AH 5017 လေယာဉ် ၏ နောက်ဆက်တွဲ သတင်း

လေယာဉ်ပေါ်တွင် ခရီးသည် ၁၁၀ နှင့် လေယာဉ်အမှုထမ်း ၆ ယောက် လိုက်ပါသွားကြောင်း သိရသည်။
အဆိုပါလေယာဉ်မှာ ဘာကီနာဖာဆို နိုင်ငံမှ ဒေသစံတော်ချိန် ၀၁၁၇ နာရီတွင် ထွက်ခွာလာခဲ့ပြီး အယ်ဂျီရီးယားလေဆိပ်ကို ၀၅၁၀ နာရီတွင် ဆိုက်ရောက်မည်လေယာဉ်ဖြစ်သည်။

အကယ်ဒမီ ချစ်စနိုးဦးရဲ့ အနုပညာနဲ့ လူမှုရေး အကြောင်း တစေ့တစောင်း

သရုပ်ဆောင်၊ အဆိုတော် ချစ်စနိုးဦးဟာ သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ရိုက်ကူးခဲ့တဲ့ ရင်ကွဲနာ ရုပ်ရှင် ဇာတ်ကား ကြီးမှာ မောင်နှမ မေတ္တာကိုပုံဖော်ပြီး အစ်ကိုရဲ့ အဟြေအဆိုခံ ညီမတယောက် အဖြစ် ၂၀၁၁ ခုနှစ်အတွက် ဇာတ်ပို့ အကယ်ဒမီဆုရှင် ဖြစ်ခဲ့ပြီး အဆိုပိုင်းမှာလည်း ခိုနားခွင့်ပေးပါ တကိုယ်တော် တေးစီးရီး စီဒီထွက်ရှိထားသလို ဗီစီဒီကိုလည်း ပရိသတ် လက်ထဲအရောက်ပို့နိုင်ဖို့ ပုံဖော်ကြိုးစားနေပါတယ်။ ဒါကြောင့် သူ့ကိုသူ သဲလို့ ပြောတတ်တဲ့ အကယ်ဒမီ ချစ်စနိုးဦးနဲ့ တွေ့ဆုံပြီး သူ့ရဲ့အနုပညာလှုပ်ရှား မှုတွေ၊ သူ့ရဲ့သီချင်းခွေအကြောင်း၊ သူ့ရဲ့လူမှုရေးကအစ၊ သူ့အချစ်ရေးအဆုံးမကျန် ပွင့်ပွင့်လင်းလင်း

ကင်မ်ဂျုံအန်းကို ရယ်စရာ ဖန်တီးထားသည့် ဗီဒီယိုကို အင်တာနက်ပေါ်မှ ဖယ်ရှားရန် မြောက်ကိုရီးယား ကြိုးစားနေ

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကို ရုပ်ပြောင်တစ်ခုသဖွယ် ထည့်သွင်းဖန်တီးထားသည့် ဗီဒီယို တစ်ခု အင်တာနက်တွင် ပျံ့နှံ့နေသည်ကို ပိတ်ပင်ဖယ်ရှားနိုင်ရန် မြောက်ကိုရီးယား အာဏာပိုင်များက ကြိုးပမ်းနေကြောင်း သိရှိရသည်။

တောင်ကိုရီးယား သတင်းစာ Chosunilboက မြောက်ကိုရီးယားသည် ဗီဒီယိုကို ဖယ်ရှားနိုင်ရေးအတွက် နည်းပညာပိုင်း အကူအညီပေးရန် တရုတ်နိုင်ငံကို ချဉ်းကပ် အကူအညီ တောင်းခံ ထားကြောင်း ဖော်ပြ

မဟာဓမ္မာစရိယ ဆရာတော် အညတြ ဘိက္ခု မှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ

၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာကို အားလုံးကလိုလားနေကြတာပါ။ ဒီအထဲမှာ ရဟန်းသံဃာတွေလဲ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွား ပါပြီ။ သူမ သမ္မတဖြစ်မယ် မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ် ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကိုတွေးနေမလဲဆိုတာတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။
အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်း စုကြည်မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လို ရှိမလဲဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်း ကတော့ သံဃာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာရွှေဝါရောင် တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်မှန်း မသိဖြစ်လာနေပါပြီ။ ဒါတွေ ဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။

ဖရဲအူကျောက်တူးဖော်သော ဒေသခံရှမ်းလူမျိုးများအား KIA ဆက်ကြေးကောက်

Photo: ဖရဲအူကျောက်တူးဖော်သော ဒေသခံရှမ်းလူမျိုးများအား KIA ဆက်ကြေးကောက်

ဇူလိုင် ၂၄ ရက်၊ ၂၀၁၄ ခုနှစ်

ရှမ်းပြည်နယ်တောင်ပိုင်း မိုးမိတ်မြို့နယ် ခတ်ချယ်ကျေးရွာအနီးတွင် ဖရဲအူကျောက်တူးဖော်နေသော ဒေသခံ ရှမ်းလူမျိုးများအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ လာရောက် ဆက်ကြေးကောက်သွား ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါနေရာအနီးတစ်ဝိုက်သို့ နေ့စဉ်ဖရဲအူကျောက် လာရောက်တူးဖော်သော ဒေသခံများမှာ ၅၀ မှ ၇၀ ခန့် အထိ ရှိကြောင်းနှင့် စက်ယန္တရားများဖြင့် တူးဖော်ခြင်းမဟုတ်ဘဲ တစ်ပိုင်တစ်နိုင် တူးဖော်ခြင်းသာ ဖြစ်ကြောင်း သိရသည်။

``မိသားစုတစ်ပိုင်တစ်နိုင် တူးကြတာပါ၊ ထမင်းစားရရုံလောက်ပါပဲ၊ ချမ်းသာနိုင်တဲ့ ကျောက်လည်း မဟုတ် ပါဘူး၊ မနေ့ကဆိုရင် ကချင်ပြည်နယ်ထဲက ကချင်စစ်သားတွေ ဆက်ကြေးဆိုပြီး လာတောင်းတယ်၊ သူတို့ နယ်မြေမဟုတ်ဘဲ လာအနိုင်ကျင့်နေတာ၊ မပေးရင် မပြန်မှာစိုးလို့ ပေးလိုက်ကြတယ်´´ ဟု ရွားသားတစ်ဦးက ပြောသည်။

KIA အဖွဲ့နှင့်အတူ ကျောက်ကုန်သည်နှစ်ဦးလည်းပါလာပြီး ရွာသူရွာသားများ တူးဖော်ထားသော ဖရဲအူ ကျောက် များကိုလည်း KIA အမိန့်ဖြင့် ၀ယ်ယူနေကြောင်းသိရသည်။

``KIA အဖွဲ့က ရွာသားရွာသားတွေ တူးလို့ရတဲ့ ကျောက်တွေကို သယ်လည်းမသယ်ရဘူး၊ တရုတ်ကုန် သည်တွေဆီဘဲ ရောင်းရမယ်လို့ ပြောတယ်၊ တရုတ်ကုန်သည်တွေက ဈေးနှိမ်တယ်၊ ဒေသခံတွေမှာ ပင်ပန်း တယ်၊ အကျိုးအမြတ်ကိုကြတော့ လူမျိုးခြားက ရနေတယ်´´ ဟု မိုးမိတ်မြို့ခံတစ်ဦးက ပြောသည်။

KIA အဖွဲ့သည် တရုတ်ကျောက်ကုန်သည်အား တရုတ် - မြန်မာနယ်စပ်မှ ၀င်ခွင့်ပြုကာ ၎င်းတို့စခန်းများ၌ပါ နေထိုင်ခွင့်ပြုထားကြောင်း၊ ၎င်းတို့သွားရောက်ဝယ်ယူလိုသော ကျောက်မှော်၊ ရွှေမှော်များအား လိုက်ပို့ကာ လုံခြုံရေး ယူပေးထားကြောင်း သိရသည်။

``ကချင်ပြည်နယ်မှာသာမကဘဲ ဒီရှမ်းပြည်နယ်ထဲအထိပါ KIA က နယ်မြေချဲ့လာတာ၊ ဆက်ကြေးကောက် တယ်၊ တရုတ်ကျောက်သည်တွေခေါ်လာပြီး မှောင်ခိုဈေးနဲ့ ကျောက်တွေဝယ်ပြီး တရုတ်ပြည်ပြန်ပို့တယ်၊ အလားတူ ကျောက်စိမ်း၊ ရွှေ၊ ပယင်းတွေလည်း မှောင်ခိုလမ်းကြောင်းကနေ တရုတ်ပြည်သွားနေတာ၊ သစ် မှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခိုတွေလည်းရှိတယ်၊ KIA ကြောင့် အဖိုးတန်သယံဇာတတွေ ဆုံးရှုံးနေတာတော့ အမှန်ပဲ´´ ဟု ကျောက်စိမ်း၊ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်
ရှမ်းပြည်နယ်တောင်ပိုင်း မိုးမိတ်မြို့နယ် ခတ်ချယ်ကျေးရွာအနီးတွင် ဖရဲအူကျောက် တူးဖော်နေသော ဒေသခံ ရှမ်းလူမျိုးများအား ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လာရောက် ဆက်ကြေးကောက်သွား ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါနေရာအနီးတစ်ဝိုက်သို့ နေ့စဉ်ဖရဲအူကျောက် လာရောက်တူးဖော်သော ဒေသခံများမှာ ၅၀ မှ ၇၀ ခန့် အထိ ရှိကြောင်းနှင့် စက်ယန္တရားများဖြင့် တူးဖော်ခြင်းမဟုတ်ဘဲ တစ်ပိုင်တစ်နိုင်

တပ်မတော်သား ကိုယ်စားလှယ်များ မေးခွန်းများမေးမြန်းလာ

မေးခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများပြုလုပ်မှု အနည်းဆုံးဖြစ်နေကြောင်း အမြဲ ဝေဖန်ခံနေရသည့် တပ်မတော် သားကိုယ်စားလှယ် ၁၇ ဦးခန့်က ကျင်းပဆဲ လွှတ်တော်အစည်း အဝေးများ၌ မေးခွန်းများစတင် မေးမြန်းလာကြောင်း သတင်းရရှိ သည်။

ဒသမအကြိမ်အထိ ပုံမှန် အစည်းအဝေးများပြုလုပ်ခဲ့သော လွှတ်တော်အစည်းအဝေးများ တွင် တပ်မတော်သားကိုယ်စား လှယ်များအနေဖြင့် မေးခွန်း၊ အဆိုများ တင်သွင်းမေးမြန်းမှု ပြုလုပ်ခြင်းနည်း ပါး ခဲ့သော်လည်း ယခုလ ၄ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်း အဝေးမှ စတင်ကာ မေးခွန်းမေး မြန်းမှုများပြုလုပ်ခဲ့ကြောင်း လွှတ် တော်အစည်းအဝေးအစီအစဉ် မှတ်တမ်းများ၌ ဖော်ပြထား သည်။

အိန္ဒိယ လူငယ်တစ်ဦး၏ ပါးစပ်ထဲမှာ သွားအသေး (၂၃၂)ချောင်းကို ဆရာဝန်များ ဖယ်ရှားပေးခဲ့

Photo: အိန္ဒိယ လူငယ်တစ်ဦး၏ ပါးစပ်ထဲမှာ သွားအသေး (၂၃၂)ချောင်းကို ဆရာဝန်များ ဖယ်ရှားပေးခဲ့
Thursday, July 24, 2014

အိန္ဒိယ နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များသည် (၇)နာရီကြာ Operation တစ်ရပ်အပြီးတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး၏ ပါးစပ်ထဲမှ သွားအသေး (၂၃၂)ချောင်းကို ဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်ရှိ အေရှစ်ခ်ဂါဗိုင်သည် ၎င်း၏ ညာဘက်ပါးရိုး၌ ရောင်ကိုင်းနာကျင်နေခြင်းကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်များထံ လာရောက် ပြသခဲ့ကြောင်း မွမ်ဘိုင်းရှိ JJဆေးရုံ၊ သွားဘက်ဆိုင်ရာ ဌာန အကြီးအကဲ ဒေါက်တာ ဆူနန်ဒါဒီဝါရီက ပြောကြားခဲ့သည်။

ကျေးရွာလေး တစ်ခုတွင် နေထိုင်သည့် အေရှစ်ခ်သည် ပါးရိုးမှ နာကျင်မှုကို (၁၈)လလုံးလုံး ခံစားခဲ့ရပြီးနောက် မတတ်သာသည့်အဆုံး မွမ်ဘိုင်းမြို့ပေါ် တက်လာကာ ဆေးရုံတွင် ပြသခဲ့ခြင်း ဖြစ်သည်။ ဒေသတွင်း ဆရာဝန်များက အေရှစ်ခ်၏ ဝေဒနာကို အမျိုးအမည် မခွဲခြားနိုင်ခဲ့ချေ။

မွမ်ဘိုင်းတွင် စစ်ဆေးမှုများအရ အေရှစ်ခ်၏ ရောဂါသည် သွားအမြောက်အမြား စုဖွဲ့ဖြစ်ပေါ်သည့် ရှားပါးလှသော ရောဂါတစ်မျိုး ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ထို့အပြင်၎င်း၏ သွားအရေအတွက်သည် ကမ္ဘာ့စံချိန်တင် အရေအတွက်ထိ များပြားနေကြောင်း ဒေါက်တာ ဆူနန်ဒါက ဆိုသည်။

“အေရှစ်ခ် ခံစားနေရတဲ့ ဝေဒနာက သွားတွေအများကြီး ဖြစ်ပေါ်လာတတ်တဲ့ ရှုပ်ထွေးတဲ့ ရောဂါတစ်ရပ် ဖြစ်ပါတယ်။ အကြိတ်တစ်ခုရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဖောက်ပြန်သွားရာက အခုလို ဖြစ်လာတာပါ။ ပထမတော့ ကျွန်တော်တို့ သူ့ရဲ့သွား အပေါ်ယံမှာ ဖုံးနေတဲ့ အလွှာတွေကို ဖွင့်ထုတ်လို့ မရဘူး။ နောက်ဆုံး ဆောက်ရယ်၊ တူရယ်ကိုပါ သုံးပြီး ဖယ်ပစ်ရတယ်။ နောက်တော့ ပုလဲလုံးလေးတွေလိုမျိုး သွားလေးတွေကို တစ်ခုချင်း တွေ့လာရတယ်။ ကျွန်တော်တို့ အဲဒါတွေကို ဖြည်းဖြည်းချင်း ဖယ်ထုတ်ရတယ်။ ပုလဲအရိုင်းတုံး သေးသေးလေတွေလိုပဲ။ အဲဒီပုလဲတွေကို ဖယ်ထုတ်နေရင်း ကျွန်တော်တို့ပါ တော်တော် ပင်ပန်း နွမ်းနယ်လာတယ်။ စုစုပေါင်း သွားသေးသေးလေး (၂၃၂)ခုကို ကျွန်တော်တို့ ဖယ်ရှားပေးနိုင်ခဲ့တယ်”ဟု ဒေါက်တာ ဆူနန်ဒါက ပြောကြားခဲ့သည်။

ဇူလိုင်(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် Operationတွင် သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးနှစ်ဦးနှင့် လက်ထောက်နှစ်ဦးတို့က ကူညီခဲ့ရသည်။ အခြား သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာ ဒီဝါရီက အေရှစ်ခ်၏ ဖြစ်ရပ်သည် ရှားပါးလွန်းသည့် အခြေအနေ တစ်ရပ်ဟု ဆိုသည်။ “ကျွန်မရဲ့ လုပ်သက် နှစ်ပေါင်း(၃၀)ရှိပြီ။ တစ်ခါမှ ဒါမျိုးမကြုံဖူးဘူး။ ဆရာဝန် တစ်ယောက်အနေနဲ့တော့ ဒီကုသမှုဟာ စိတ်လှုပ်ရှားစရာ အခြေအနေ တစ်ခုပါပဲ”ဟု ဒေါက်တာ ဒီဝါရီက မှတ်ချက်ပေးခဲ့သည်။

သူမက “ဆေးဘက်ဆိုင်ရာ စစ်တမ်းတွေ အရတော့ အပေါ်မေးရိုးမှာ သွားသေးသေးလေးတွေ ဖြစ်ပေါ်လာလို့ (၃၇)ချောင်းထိ နုတ်ပေးခဲ့ရဖူးတဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အေရှစ်ခ်မှာတော့ အကြိတ်က မေးရိုးရဲ့ အတွင်းပိုင်း ခပ်နက်နက်ကို ရောက်နေတယ်။ အဲဒီမှာတင် သွားတွေ ရာနဲ့ချီ ဖြစ်ပေါ်လာတာပါပဲ”ဟုလည်း ရှင်းပြခဲ့သည်။

အေရှစ်ခ်၏ ဖခင်ဖြစ်သူ ဆူရက်ရှ်ဂါဗိုင်က ၎င်း၏သားသည် ဆိုးရွားသည့် နာကျင်မှု ဝေဒနာကို လပေါင်းအတော်များများ ခံစားနေခဲ့ရကြောင်း ဆိုသည်။ “ကျွန်တော်လည်း ဆရာဝန်တချို့ဆီက အကြံယူခဲ့ပေမယ့် အဖြေရှာမတွေ့တာကြောင့် မကြံတတ်တော့ဘဲ သူ့ကို မွမ်ဘိုင်းမြို့ပေါ် ခေါ်လာတာပါ”ဟု ဆူရက်ရှ်က ပြောကြားခဲ့သည်။

7 Day Daily
အိန္ဒိယ နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များသည် (၇)နာရီကြာ Operation တစ်ရပ်အပြီးတွင် ဆယ်ကျော်သက် လူငယ်တစ်ဦး၏ ပါးစပ်ထဲမှ သွားအသေး (၂၃၂)ချောင်းကို ဖယ်ရှားပေးခဲ့ကြောင်း သိရှိရသည်။

အသက်(၁၇)နှစ်ရှိ အေရှစ်ခ်ဂါဗိုင်သည် ၎င်း၏ ညာဘက်ပါးရိုး၌ ရောင်ကိုင်းနာကျင်နေခြင်းကြောင့် သွားဘက်ဆိုင်ရာ ဆရာဝန်များထံ လာရောက် ပြသခဲ့ကြောင်း မွမ်ဘိုင်းရှိ JJဆေးရုံ၊ သွားဘက်ဆိုင်ရာ ဌာန အကြီးအကဲ ဒေါက်တာ

လမ်းလျောက်ခြင်းကြောင့် အသက် ၁၀ နှစ်ပိုရှည်သူ

Photo: လမ်းလျောက်ခြင်းကြောင့် အသက် ၁၀ နှစ်ပိုရှည်သူ
Thursday, July 24, 2014

အသက်ကြီးပြီဖြစ်သော အဘိုးဟာ ကင်ဆာဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ဒါ့ကြောင့် သူဟာ ဆရာဝန်နှင့် ပြသခဲ့ရာ 
နောက်ထပ် ၆ လ အကြာတွင် သေဆုံးတော့မယ်ဟု ဆရာဝန်က ဆိုပါတယ်။
အဘိုးဟာ အဲဒီနေ့မှစ၍ လမ်းလျောက်ခြင်း လေ့ကျင့်ခန်းကို စပြီးလုပ်ခဲ့ရာ ၆ လကြာပြီးနောက် ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။
ထိုအခါ ဆရာဝန်က နောက်ထပ် ၁၀ နှစ်ကြာ နေနိုင်သေးတယ်လို့ ပြောလိုက်ပါတယ်။
ထိုအဘိုးဟာ အသက် ၁၀၂ အရွယ်မှာ ဆုံးသွား ခဲ့ပါတယ်။ ကင်ဆာရောဂါ ခံစားရသော်လည်း လမ်းလျောက်တဲ့ လေ့ကျင့်ခန်းကြောင့် 
အသက် ၁၀ နှစ်ပိုရှည်ခဲ့ကြောင်း သိရပါတယ်။
www.yoyarlay.com
Ref -luzphoto
ကျော်လင်းနိုင် (ရိုးရာလေး)
အသက်ကြီးပြီဖြစ်သော အဘိုးဟာ ကင်ဆာဝေဒနာကို ပြင်းထန်စွာ ခံစားနေရပါတယ်။ ဒါ့ကြောင့် သူဟာ ဆရာဝန်နှင့် ပြသခဲ့ရာ
နောက်ထပ် ၆ လ အကြာတွင် သေဆုံးတော့မယ်ဟု ဆရာဝန်က ဆိုပါတယ်။
အဘိုးဟာ အဲဒီနေ့မှစ၍ လမ်းလျောက်ခြင်း လေ့ကျင့်ခန်းကို စပြီးလုပ်ခဲ့ရာ ၆ လကြာပြီးနောက် ဆရာဝန်ဆီ သွားပြခဲ့ပါတယ်။

မလေးရှား လေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်သို့ ရောက်ရှိ

Photo: မလေးရှား လေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်သို့ ရောက်ရှိ
Thursday, July 24, 2014

ယမန်နေ့တွင် နယ်သာလန် နိုင်ငံသား အများစုပါဝင်သော မလေးရှား ခရီးသည်တင် လေယာဉ် MH17 မှ အလောင်း ၄၀ ကို လေယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာ၍ ယခုအခါ နယ်သာလန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပြီး ဝမ်းနည်းခြင်း အထိမ်း အမှတ်များ ပြုလုပ်ခဲ့ ကြသည်။ အလောင်းများကို နယ်သာလန် ဘုရင်နှင့် ဆွေမျိုးအသိုင်းအဝိုင်းက လက်ခံစောင့်ကြိုခဲ့ပြီး လေယာဉ်များ မရောက်မီ အချိန်အနည်းငယ် အတွင်း ၅ မိနစ်ခန့် ခေါင်းလောင်းများ ထိုးကြပြီး အလံများကို တိုင်ဝက် လွှင့်ထူခဲ့ကြသည်။ အလောင်းများကို နယ်သာလန်စစ်တပ်မှ ခန်းနားစွာ သယ်ချခဲ့ကြပြီး တဦးချင်းစီ မည်သူမည်ဝါဟု ခွဲခြားအမည်တပ်ကာ သက်ဆိုင်သူမိသားစုများက ကိုးကွယ်ရာဘာသာအတိုင်း ဂုဏ်သိက္ခာရှိစွာ သဂြိုလ်နိုင်သည်ထိ နယ်သာလန်အစိုးရက တာဝန်ယူသွားမည်ဟု သိရသည်။ ယင်းသို့ သေဆုံးသူများကို နယ်သာလန်က တခမ်းတနား အလေးအနက်ထားခြင်းသည် ရုရှားတို့၏ တာဝန်မဲ့လုပ်ရပ်များကို အရှက်ရစေဖွယ်ဖြစ်သည်။

ဧရာဝတီ ယမန်နေ့တွင် နယ်သာလန် နိုင်ငံသား အများစုပါဝင်သော မလေးရှား ခရီးသည်တင် လေယာဉ် MH17 မှ အလောင်း ၄၀ ကို လေယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာ၍ ယခုအခါ နယ်သာလန်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိရပြီး ဝမ်းနည်းခြင်း အထိမ်း အမှတ်များ ပြုလုပ်ခဲ့ ကြသည်။ အလောင်းများကို နယ်သာလန် ဘုရင်နှင့် ဆွေမျိုးအသိုင်းအဝိုင်းက

သက်ပြည့်ပင်စင် (၆၃)နှစ်သို့ တိုးမြှင့်မည်ဆိုသော သတင်း မမှန်ဟု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌပြော

ပြင်ပတွင် သတင်းထွက်နေသော နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်အား (၆၀)နှစ်မှ (၆၃)နှစ်သို့ တိုးမြှင့်မည်ဆိုခြင်းမှာ မှန်ကန်မှုမရှိဘဲ လက်ရှိ တည်ဆဲဥပဒေအရ သက်ပြည့်ပင်စင်မှာ (၆၀)နှစ်သာဖြစ်ကြောင်း သတင်းရရှိသည်။

ကေအိုင်အိုအတွင်းရောက်ရှိနေသော ကလေးစစ်သားများ ယနေ့အထိပြန်လွှတ်မပေးသေးဟုဆို

ကေအိုင်အိုအတွင်းရောက် ရှိနေသော ကလေးစစ်သားများ လွှတ် ပေးရန် ဗိုလ်ချုပ်ဂွမ်မော်မှ ကတိပေး ပြောကြားထားသော်လည်း လက်ရှိ အချိန်အထိတစ်ဦးတစ်ယောက်မျှ တရားဝင်လွှတ်ပေးခြင်း မရှိသေး ကြောင်း အဆိုပါအရေးအားလိုက် လံဆောင်ရွက်ပေးနေသည့် ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့မှ သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်ပြီးသူများအတွက် လျှပ်စစ်ဒီပလိုမာ သင်တန်းဖွင့်မည်

ဂျပန်နိုင်ငံအခြေစိုက် ဆူမီတိုမို ကော်ပိုရေးရှင်းနှင့် ကင်းဒန်းကော်ပိုရေးရှင်း (Kinden Corporation) အထောက်အပံ့ဖြင့် မြန်မာ A.G.T.I အဖွဲ့အစည်းက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်သော လျှပ်စစ်ဒီပလိုမာ သင်တန်းကို ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင်ဖွင့် လှစ်မည် ဖြစ်ကြောင်း အဆိုပါ ကော်ပိုရေးရှင်းထံမှ သိရသည်။

ရန်ကုန်မြို့တော် အင်းစိန် GTI သင်တန်းကျောင်းတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ရှစ်လ ကြာမြင့်မည် ဖြစ်ကြောင်း၊ Building Commercial Wirerane Course နှင့် Electrical Distribution Course အထူးပြုဘာသာရပ် နှစ်ခု ခွဲထားကြောင်း ယင်းသင်တန်းကျောင်းက ထုတ်ပြန်ထားသည်။

သီလရှင်တစ်ပါးအား ဓားဖြင့်ထောက် အဓမ္မပြုကျင့်သူ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျ

မကွေးမြို့တွင် သီလရှင်တစ်ပါးအား အတင်းအဓမ္မ ဓားဖြင့်ထောက် ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့ သည်ဆိုမှုဖြင့် အမျိုးသားနှစ်ဦးကို မကွေး ခရိုင်တရားရုံးမှ စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ဇူလိုင် ၁၇ ရက်က ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်း စံပြဈေးရှေ့တွင် လူငယ်တစ်ဦး အသတ်ခံရ

သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ စံပြဈေးရှေ့ရှိ လေးထောင့်ကန် လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၂ ရက် ည ၉ နာရီခန့်က အသက် ၂၁ နှစ်အရွယ် လူငယ်တစ်ဦး အသတ်ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ရွာသာကြီး ကျေးရွာတွင် နေထိုင်သူ

လိုင်ဇာညီလာခံသို့ ‘၀’အပါအ၀င် တိုင်းရင်းသားအဖွဲ့စုံတက်မည်

လိုင်ဇာတိုင်းရင်းသား ခေါင်းဆောင်များထိပ်သီးညီလာ ခံသို့ ယခင်ညီလာခံ များကတက် ရောက် ခဲ့ခြင်းမရှိသော ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီ(UW SP)နှင့် မိုင်းလားအဖွဲ့(NDAA)အပါအ၀င် NCCTအဖွဲ့ဝင်မဟုတ် သည့် တိုင်းရင်းသား အဖွဲ့အားလုံး စုံညီစွာ တက်ရောက်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြင်သစ်ကို ထွက်ခွာ

Photo: ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြင်သစ်ကို ထွက်ခွာ
Thursday, July 24, 2014

ရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်ဟာ မနေ့ညက သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီး ကနေ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့ အတူ ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာယီထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရပေမယ့် လက်ရှိ NCPO အစိုးရအဖွဲ့က မစ္စယင်လတ်ကို အေးအေးဆေးဆေး နေလို့ ပြည်ပ ထွက်ခွာခွင့် ပေးလိုက်တာပါ။ 

သူ ဘယ်တော့ ပြန်လာမလဲ လို့ လေဆိပ်မှာ ရောက်နေတဲ့ သတင်းထောက် အုပ်ကြီးက မစ္စယင်လတ်ကို လှမ်းမေးလိုက်တဲ့အချိန်မှာ " ပထမဆုံးတော့ ကျမ အနားယူမယ်၊ ပြန်လာတော့မှ ဒီကိစ္စပြောတာပေါ့"လို့ 
ပြော သွား ပါ တယ်။ 

ထိုင်းနိုင်ငံမှာတော့ မစ္စယင်လတ်တယောက် အကိုဖြစ်သူ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ပွဲ တက်ရောက်ဖို့ ပြင်သစ်ကို သွားတာဖြစ်ပြီး ပြန်လာမှာ မဟုတ်ဘူး ဆိုတဲ့ ကောလဟာလတွေလည်း ဆက်တိုက် ပေါ်ထွက်လာနေပါတယ်။ 

တဖက်မှာလည်း မစ္စယင်လတ်ဟာ တရားရုံးမှာ ဆက်လက်ရင်ဆိုင်ရမယ့် တရားစွဲဆိုမှုတွေလည်း ရှိနေတာလည်း အကြောင်းတခုပါ။ 

ဘန်ကောက်ပို့စ်သတင်းအဆိုအရ မစ္စယင်လတ်ရဲ့ နီးစပ်သူတဦးကို ကိုးကားပြီး လာမယ့် သြဂုတ်လ ၁ဝ ရက်နေ့မှာ ထိုင်းကို ပြန်လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

မစ္စယင်လတ်ရဲ့ ဥရောပခရီးစဉ်အတွင်းမှာ တခြား ဥရောပ နိုင်ငံတချို့ကို သွားမယ့် အစီအစဉ် လည်း ရှိပါတယ်။ 

ဧရာဝတီ
ရာထူးက နုတ်ထွက်ပေးခဲ့ရတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စ ယင်လတ် ရှင်နာဝပ်ဟာ မနေ့ညက သုဝဏ္ဏ ဘုမ္မိ နိုင်ငံတကာ လေဆိပ်ကြီး ကနေ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့ အတူ ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ယာယီထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးသွားလာခွင့် ပိတ်ပင်ခံထားခဲ့ရပေမယ့် လက်ရှိ NCPO အစိုးရအဖွဲ့က မစ္စယင်လတ်ကို အေးအေးဆေးဆေး နေလို့ ပြည်ပ ထွက်ခွာခွင့် ပေးလိုက်တာပါ။

ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်သစ် ကလေးသူငယ်အရေး ပိုစိတ်ဝင်စားဟုဆို

ရန်ကုန်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလ သမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သစ်ဖြစ်သည့် တောင် ကိုရီးယားနိုင်ငံသူ မစ္စရန်ဟီလီသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုစိတ်ပါဝင်စားမှုရှိ ကြောင်း သူမနှင့်တွေ့ဆုံခဲ့သည့် မြန်မာ့ လူ့အခွင့်အရေးလှုပ်ရှားသူ များက သုံး သပ်သည်။
ဇူလိုင် ၁၆ ရက်ကနေ မြန်မာနိုင်ငံ သို့ လေ့လာစုံစမ်းရေးရောက်ရှိနေသော သူမနှင့်မြန်မာ့ လူ့အခွင့်အရေးလှုပ် ရှားသူများသည် ယခုလ ၂ဝ ရက်တွင် ရန်ကုန်မြို့ရှိ ယူအင်န်ဒီပီရုံးတွင် တွေ့ ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပီအာရ်စနစ် ဆွေးနွေးမည်ဖြစ်၍ ယနေ့ ပြည်သူ့လွှတ်တော်မတက်ရန် တိုင်းရင်းသားအမတ်များ ဆုံးဖြတ်

ယနေ့ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပီအာရ်စနစ် ကျင့်သုံးရန် အဆိုကို ဆွေးနွေး မည်ဖြစ်၍ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်အများစု အစည်းအဝေး မတက်ရောက်ရန် ဆုံးဖြတ် လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၇ရက်ကပင် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်(ပီအာရ်) သို့ ပြောင်းလဲကျင့်သုံးခြင်းကို ကန့်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့

မဲဆန္ဒရှင်စာရင်း ရှေ့ပြေးကောက်ရာတွင် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်နေ


Photo: မဲဆန္ဒရှင်စာရင်း ရှေ့ပြေးကောက်ရာတွင် မဲစာရင်းများ မှားယွင်းမှုများ ဖြစ်ပေါ်နေ
Thursday, July 24, 2014

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒ ရှင်စာရင်း ရှေ့ပြေး စမ်းသပ်ကောက်ယူရာတွင် မဲစာရင်းများ၌ မွေးသက္ကရာဇ် မပါဝင်ခြင်း၊ မှတ်ပုံတင် မပါရှိခြင်းနှင့် တိုင်းရင်းသားများ၏ နာမည်လွဲမှားမှုများ ရှိနေသည်ဟု မဲစာရင်း အသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရှေးပြေးမဲဆန္ဒရှင်စာရင်း ကောက်ယူမှုတွင် အရပ်ဘက်အဖွဲ့စည်းများမှ အဖွဲ့ဝင်များက တစ်မြို့နယ်လျှင် လူဦးရေ ၅၀ ကျော်ဖြင့် ဆောင်ရွက်နေပြီးလက်ရှိ ချင်းပြည်နယ်တွင် ကောက်ယူမှု စာရင်းများအရ မှတ်ပုံတင် မရှိသူ၊ မွေးသက္ကရာဇ် မှားယွင်းနေမှု တို့ကို တွေ့ရှိရခြင်းဖြစ်သည်။

ဦးသန်းဌေးက “တီးတိန်ဘက်မှာ မွေးရာပါ နိုင်ငံသားတွေဖြစ်ပြီး မှတ်ပုံတင် မရှိသေးတာတွေ ထုတ်ပေးဖို့ အစိုးရဘက်က ၂၀၁၄ ကြားဖြတ်အမီ ထုတ်ပေးဖို့ လိုပါတယ်။ မဲစာရင်းအထပ်လိုက်ကြီးကို ချိတ်ထားတာကလည်း ကြည့်တဲ့သူတွေ အခက်အခဲရှိနေတယ်။ နာမည်တွေကို ပွိုင့်အသေးစာလုံးတွေရိုက်ထားတာ သက်ကြီးပိုင်း မဲဆန္ဒရှင်တွေ မမြင်ရတာတွေရှိတယ်” ဟု ပြောသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် တချို့ ရွာများ၌ ရှေးရိုးစွဲအယူအဆများကြောင့် မဲဆန္ဒထည့်သွင်းရန် ငြင်းဆန်မှုများ ရှိနေသည်ဟု ပြောသည်။

ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် အခြေခံ မဲဆန္ဒရှင်ပေါင်း သုံးသောင်းရှိပြီး ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဆက်လက်ကောက်ယူ စာရင်းသွင်းလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က “လတ်တလောမှာ အသက် ၁၈ နှစ်ပြည့်တဲ့သူကို ဦးစားပေး ကောက်ယူနေတာပါ။ မှတ်ပုံတင်မရှိပေမယ့် သူ့အသက် မှန်ကန်ကြောင်းကို လ၀က ထောက်ခံစာနဲ့ ထည့်သွင်းမဲပေးလို့ ရပါတယ်။ တိုင်းရင်းသားနာမည်တွေ မှားတာမရှိအောင် မြန်မာဘာသာနဲ့အပြင် အင်္ဂလိပ်ဘာသာနဲ့ ရေးသားထည့် သွင်းမှာပါ”ဟု ပြောသည်။

ရှေးပြေးမဲဆန္ဒရှင်စာရင်း ကောက်ယူခြင်းကို ချင်းပြည်နယ်တွင် တီးတိန်နှင့် ရန်ကုန်တိုင်းတွင် အလုံတို့၌ မေလ ၂၁ ရက်မှ စတင်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၁၈ နှစ်ပြည့်မီသည့်သူ အမည်များကို စမ်းသပ်မဲဆန္ဒ ရှင်စာရင်းတွင် ထည့်သွင်းကောက်ယူနေခြင်းဖြစ်သည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်ရှိ မဲရုံတစ်ခုတွင် မဲဆန္ဒရှင်တစ်ဦးက မဲစာရင်းများကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလက ကြည့်ရှုနေစဉ်။ ဓာတ်ပုံ-အီးပီအေ

Mizzima

၂၀၁၅ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒ ရှင်စာရင်း ရှေ့ပြေး စမ်းသပ်ကောက်ယူရာတွင် မဲစာရင်းများ၌ မွေးသက္ကရာဇ် မပါဝင်ခြင်း၊ မှတ်ပုံတင် မပါရှိခြင်းနှင့် တိုင်းရင်းသားများ၏ နာမည်လွဲမှားမှုများ ရှိနေသည်ဟု မဲစာရင်း အသိပညာပေးအဖွဲ့ The Fernity Initative မှ ပြန်ကြားရေးတာဝန်ခံ ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရှေးပြေးမဲဆန္ဒရှင်စာရင်း ကောက်ယူမှုတွင်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် တံခါးပိတ် တွေ့ဆုံ


Photo: မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် တံခါးပိတ် တွေ့ဆုံ
Thursday, July 24, 2014

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Miss.Yang- hee Lee နှင့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့သည် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တစ်နာရီကြာ တံခါးပိတ် တွေ့ဆုံပြီး ကော်မတီ ဘက်က အချက်သုံးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ နှစ်ဖက်တွေ့ဆုံမှုကို အသေးစိတ် ထုတ်ပြန်မှု မပြုရန် သဘောတူကြောင်း၊ ကော်မရှင်ဘက်က ယခုဖြစ်စဉ်တွင် အစိုးရ အပါအဝင် ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီရရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းနှင့် မန္တလေး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းကော်မတီဝင် ဦးသိန်းသန်းဦးက မီဒီယာများသို့ ပြောကြားသည်။

ယင်းသို့ ကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် မန္တလေး ပဋိပက္ခဖြစ်စဉ်ကို တင်ပြခြင်း၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြခြင်း၊ ကော်မတီနှင့် ကိုယ်စားလှယ်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်နိုင်ရန်တို့ကို တင်ပြခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နှင့် ၂ ရက်နေ့များက ဆူပူမှုများ ဖြစ်ပွားပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ 

အဆိုပါ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သည် မန္တလေးငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီ အပါအဝင် မန္တလေး အိုးဘိုထောင်နှင့် အေးရိပ်ငြိမ် သုသာန်ရှိ အစ္စလာမ် သုသာန်သို့လည်း သွားရောက်ခဲ့သည်။

ွှThe Voice Weekly
မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Miss.Yang- hee Lee နှင့် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီတို့သည် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် တစ်နာရီကြာ တံခါးပိတ် တွေ့ဆုံပြီး ကော်မတီ ဘက်က အချက်သုံးချက် ထုတ်ပြန်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်များမှာ နှစ်ဖက်တွေ့ဆုံမှုကို အသေးစိတ် ထုတ်ပြန်မှု မပြုရန်

သံရုံးက ခွင့်ပြုမိန့်မပေး၍ မလေးရှားတွင် မြန်မာများ သဂြုင်္ိဟ်ခွင့် လချီကြန့်ကြာ

Photo: သံရုံးက ခွင့်ပြုမိန့်မပေး၍ မလေးရှားတွင် မြန်မာများ သဂြုင်္ိဟ်ခွင့် လချီကြန့်ကြာ
Thursday, July 24, 2014

မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက ဝင်လာစဉ် ကားမှောက် သေဆုံးသွားသည့် မြန်မာနိုင်ငံသား လေးဦးကို သဂြုင်္ိဟ်ရန် မြန်မာသံရုံးက ခွင့်ပြုမိန့် ထုတ်ပေးရန် ကြန့်ကြာသဖြင့် အလောင်းများ ပုပ်သိုးပြီးမှ သဂြုင်္ိဟ်ခဲ့ရကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံသား လေးဦးတွင် နိုင်ငံကူးလက်မှတ်များ မပြနိုင်သဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံသား ဖြစ်ကြောင်း တင်ပြခိုင်းကြောင်း၊ မလေးရှားတွင် ရောက်ရှိနေသည့် သေဆုံးသူများ၏ မိသားစုဝင်များက ခံဝန်ကတိဖြင့် တင်ပြသော်လည်း လနှင့်ချီ ကြန့်ကြာခဲ့ကြောင်း ၎င်းကဆိုသည်။ 

“မိသားစုတွေက ပြောတယ်။ သေသွားတဲ့ သူဟာ သူတို့ရဲ့ မိသားစုဝင် ဖြစ်တယ်။ ဖြစ်သမျှ ပြဿနာကို တာဝန်ယူပါတယ်။ နေပြည်တော် သွားဖို့ဆိုတာ မိဘတွေ မရှိကြဘူး။ မှတ်ပုံတင်တွေလည်း မရှိကြဘူး ဆိုတာကိုတောင် သံရုံးက ခွင့်မပြုဘူး” ဟု ဦးဆန်းဝင်းက ရှင်းပြသည်။

ဇွန်လ ၁၆ ရက်နေ့က နယ်စပ်မှ ကွာလာလမ်ပူ မြို့တော်သို့ သယ်ဆောင်လာသည့် ဟွန်တာယာဉ် အလေးချိန်များကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ချင်းတိုင်းရင်းသားတစ်ဦး၊ ရခိုင်တိုင်းရင်းသား သုံးဦး စုစုပေါင်း လေးဦး သေဆုံးခဲ့သည်။ 

၎င်းတို့ကို သေဆုံးပြီး ရက်သတ္တပတ် အကြာတွင် မြန်မာသံရုံးထံသို့ သဂြုင်္ိဟ်ခွင့် တောင်းခံခဲ့သော်လည်း ကြန့်ကြာနေသဖြင့် ဇူလိုင်လ ဒုတိယပတ်တွင် ချင်းလူမျိုးကို သဂြုင်္ိဟ်ခဲ့ပြီး ဇူလိုင် ၂၁ ရက်နေ့တွင် ရခိုင်တိုင်းရင်းသား သုံးဦးကို သဂြုင်္ိဟ်ခွင့်ရကြောင်း ဦးဆန်းဝင်းက ပြောကြားသည်။
“အလောင်းတွေက ပုတ်ပြီး ရွဲပြဲကုန်ပြီ” ဟု ၎င်းက ပြောဆိုသည်။

မိသားစုဝင်များက ခံဝန်ကတိများဖြင့် တင်ပြသော်လည်း သဂြုင်္ိဟ်ခွင့် ပြုရာတွင်လည်း မည်သူမည်ဝါဟု အသေအချာမရေးဘဲ ဦးဆန်းဝင်းက ပြော၍ သိရသည်ဟုဆိုကာ သဂြုင်္ိဟ်ခွင့်ပြုကြောင်း ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှု အသင်းထံမှ သိရှိရသည်။

“သံရုံးက ခွင့်ပြုတဲ့စာကို ဆေးရုံနဲ့ ရဲကို ပြတယ်။ ဆေးရုံနဲ့ ရဲ၊ သံရုံးကို ဆက်ပြီး အတည်ပြုတော့ ဖုန်းမကိုင်ဘူး။ ခွင့်ပြုချက် ထုတ်ပေးတာကိုလည်း ရုံးစာနဲ့ မထုတ်ပေးလို့ ဆေးရုံကရော၊ ရဲကရော စိတ်ဆိုးတယ်” ဟု ဦးဆန်းဝင်းက ရှင်းပြသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေစာချုပ်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံသို့ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စမှာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ကြောင်း ပြန်လည် ဖြေကြားသည်။

သံရုံးတွင် နိုင်ငံကူးလက်မှတ် ရှိသူများကိုသာ သဂြုင်္ိဟ်တောင်းခံမှု အဆင်ပြေကြောင်း မလေးရှားရောက် မြန်မာများထံမှ သိရှိရသည်။

The Voice Weekly
မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းက ဝင်လာစဉ် ကားမှောက် သေဆုံး သွားသည့် မြန်မာနိုင်ငံသား လေးဦးကို သဂြုင်္ိဟ်ရန် မြန်မာသံရုံးက ခွင့်ပြုမိန့် ထုတ်ပေးရန် ကြန့်ကြာသဖြင့် အလောင်းများ ပုပ်သိုးပြီးမှ သဂြုင်္ိဟ်ခဲ့ရကြောင်း ကပုန်း ၇ ရက် သားသမီး နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

အဆိုပါ မြန်မာနိုင်ငံသား လေးဦးတွင် နိုင်ငံကူးလက်မှတ်များ မပြနိုင်သဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေး

HIV/AIDS လူနာများတွင် ဖြစ်တတ်သည့် မျက်စိရောဂါ သောက်ဆေးဖြင့် ကုနိုင်မည်

အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်ရောဂါကူး စက်ခံရသည့် လူနာများခုခံအားကျဆင်းချိန်တွင် အခွင့် အရေးယူရောဂါဖြစ်သည့် Cytomegalovirus Retinitis CMV မျက်စိရောဂါကို မြန်မာနိုင်ငံရှိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) စီမံကိန်းရှိရာ မြို့များတွင် ၂၀၁၅ ခုနှစ်မှစတင်ကာ (Valganciclovir) သောက်ဆေးဖြင့် ကုသနိုင်တော့မည်ဖြစ်ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့က

နယ်လှည့်ပါးရိုက်ရဲသည့် ၀န်ကြီးကို ဆန္ဒပြသူ ငွေဒဏ်ဖြင့် လွှတ်

Photo: နယ်လှည့်ပါးရိုက်ရဲသည့် ၀န်ကြီးကို ဆန္ဒပြသူ ငွေဒဏ်ဖြင့် လွှတ်
Thursday, July 24, 2014

နယ်တကာလှည့်၍ ပါးရိုက်ရဲသူဟု မကွေးတိုင်း ပြည်သူ အချို့အား ပြော ခဲ့ သည့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိဟု ခွင့်ပြုချက်မရဘဲ ပြည်တွင် ဆန္ဒပြခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ထောင်ဒဏ်တစ်လ(သို့)ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင်ရန် ပြည်မြို့နယ် တရားရုံးက ဇူလိုင်၂၃ရက်တွင် အမိန့်ချသည်။

ဦးမြင့်အေးက “တရားရုံးရဲ့ဆုံးဖြတ်ချက်က မျှတပါတယ်”ဟု ဒဏ်ငွေပေးဆောင်အပြီး ပြောသည်။ ၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်တွင် ပြည်မြို့အတွင်း ဆိုင်းဘုတ်ကိုင်ဆောင်၍ ဆန္ဒပြခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေလည်း ဖြစ်သူ ဦးမြင့်အေးသည် ၂၀၁၂ ခုနှစ်အတွင်း ရုံးခွန်တော်တံဆိပ်ခေါင်း ဈေးနှုန်းကြီးမြင့်မှု၊ ရန်ကုန်တိုင်း စုပေါင်း ရုံးဟောင်းကြီးကို ပုဂ္ဂလိကသို့ လွှဲပြောင်းမှုတို့ကိုလည်း ဆန္ဒပြခဲ့သေးသည်။

ထိုအကြောင်းများကြောင့် ၂၀၁၃ ခုနှစ်၊ သြဂုတ်၂၁ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက သတိပေးခဲ့ဖူးသည်ဟု ဦးမြင့်အေးက ပြောသည်။ “အခုတစ်ခါတော့ သတိပဲပေးမလား။ လိုင်စင်ပဲ ရုတ်မလား ပြောလို့ မရဘူး”ဟု ၎င်းက ပြောသည်။

ဝန်ကြီးဦးအုန်းမြင့်က ယင်းသို့သော စကားများအပြင် အစိုးရကို ဆန့်ကျင်ပါက အချုပ်ထဲပို့ပစ်မည်၊ မည်သည့် နိုင်ငံရေးသမားကိုမျှ ဂရုမစိုက်စသည့် စကားတို့ကို ၂၀၁၃ခုနှစ် အောက်တိုဘာလအတွင်း၌ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးကျေးရွာတွင် လည်းကောင်း၊ ၂၀၁၄ ဇန်န၀ါရီလအတွင်း မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာတွင် လည်းကောင်း ဒေသခံ များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကို ပြည်သူ့လွှတ်တော်အမတ် တစ်ဦးကလည်း ဖေဖော်ဝါရီလ အတွင်း မေးခွန်းထုတ်ခဲ့ဖူးသည်။ ထိုစဉ်က ပြည်ထောင်စုအစိုးရ ကိုယ်စားပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်သို့ လာရောက်ရှင်းပြခဲ့ပြီး ဦးအုန်းမြင့်၏ စကားများကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသည်ဟူ၍ သဘောထားနိုင်ပါသည်ဟု ဆိုခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးမြင့်အေး ဝန်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြနေစဉ်။

Mizzima
နယ်တကာလှည့်၍ ပါးရိုက်ရဲသူဟု မကွေးတိုင်း ပြည်သူ အချို့အား ပြော ခဲ့ သည့် မွေးမြူရေး ၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့် အလိုမရှိဟု ခွင့်ပြုချက်မရဘဲ ပြည်တွင် ဆန္ဒပြခဲ့သူ တရား လွှတ်တော်ရှေ့နေ ဦးမြင့်အေးကို ထောင်ဒဏ် တစ်လ(သို့)ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ရန် ပြည်မြို့နယ် တရားရုံးက ဇူလိုင်၂၃ရက်တွင်

Miss Golden Land Organization မှ ခင်ဝင့်ဝါနှင့် ထားထက်ထက် တို့ကိုသရဖူ လွှဲပြောင်းခွင့် ပိတ်

Miss Golden Land Organizationမှ ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း များကို လိုက်နာ မှု မရှိတာကြောင့် အလှမယ် ခင်ဝင့် ဝါနဲ့ ထားထက်ထက် တို့ကို သြဂုတ် လမှာ ကျင်းပမယ့် Miss Golden Land Myanmar အလှမယ်ရွေး ချယ်ပွဲကြီးမှာ သရဖူ လွှဲပြောင်းခွင့် ပိတ်လိုက်ကြောင်း ကို Organization မှ CEO ဖြစ်သူ ကိုဝေယံအောင် က “သရဖူ မဆောင်းရတာတော့ ထားထက်ထက်ရော၊ ခင်ဝင့်ဝါရော မဆောင်း ရတာပါ။ ပြဿနာ အကြီး အကျယ်တော့ မရှိပါဘူး။ သရဖူဆို တာကို ကျွန်တော် တို့ သတ်မှတ်ထား တာက Miss တစ်ယောက် ထမ်း ဆောင်ရမယ့် တာဝန်ပေါ့။ တစ်နှစ် တာ အတွင်းမှာ သူထမ်းဆောင်ရတဲ့ တာဝန်ကို ကျေပွန်တယ် လို့ မယူဆဘူး ဆိုရင် သရဖူဆောင်း ခွင့်မပေးပါဘူး။ နောက်နှစ် ဆက်ခံမယ့် သူကို သူ့ရဲ့ တာဝန်တွေ လွှဲပေးရမယ်။ သရဖူ ကိုတော့ International Winner တွေ ပဲ ဆောင်း မှာပါ။ အနုပညာလှုပ် ရှားမှုတွေကို Organization ရဲ့ ခွင့် ပြုချက် ယူပြီးမှ လှုပ်ရှားရမှာပါ။ အနု ပညာ လုပ်ငန်းတွေ

အိပ်မပျော်ဘူးလား ဒါတွေစား

Photo: အိပ်မပျော်ဘူးလား ဒါတွေစား
Thursday, July 24, 2014

အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်သူများဟာ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက်မှတ်ညာဏ်လျှော့ပါးခြင်း တို့ကို ဖြစ်ပွါးစေနိုင်ပါတယ်။

ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ ဓါတ် ၃ မျိုးကို ဖြည့်တင်ပေးနိုင်မည့် အစားအစာတို့ကို စားသုံးပေးနိုင်ပါတယ်။
၁။ နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသညတို့မှာ ဗီတာမင် D ကြွယ်ဝသည့်အတွက် ၄င်းတို့ကို စားပေးပါက နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။
၂။ ငှက်ပျောသီး၊ အာလူး၊ ပဲအမျိုးမျိုးတို့ကို စားပေးပါ။ ၄င်းတို့မှာ Potassium (ပိုတက်စီယမ်) ဓါတ်ပြည့်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
၃။ အစိမ်းရင့်ရောင်ပါသော သစ်သီး၊ ဟင်းသီးဟင်းရွက်များ၊ ဖရုံစေ့များ၊ နှမ်းဆီများ၊ ပဲအမျိုးမျိုး စသည်တို့ကို စားပေးပါ။ ၄င်းတို့မှာ Magnesium (မက်ဂနီစီယမ်) ဓါတ် ကြွယ်ဝသည့်အတွက် ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
စောနွဲ့နေဆိုင် (ပူတာအို) ဘာသာပြန်သည်။
Ref: Eat right, sleep tight.
ကျန်းမာရေးသတင်းများ
အိပ်မပျော်သူများဟာ မက်ဂနီစီယမ်ဓါတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ အိပ်မပျော်သူ များဟာ ရေရှည်မှာ စိတ်ဖိစီးမှုဖြစ်လွယ်ခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းနှင့် ဦးနှောက် မှတ်ညာဏ်လျှော့ပါးခြင်း တို့ကို ဖြစ်ပွါးစေနိုင် ပါတယ်။
ထို့ကြောင့် ကောင်းစွာအိပ်ပျော်စေရန် အောက်ပါ ဓါတ် ၃ မျိုးကို ဖြည့်တင်ပေးနိုင်မည့် အစားအစာ တို့ကို စားသုံးပေးနိုင်ပါတယ်။
၁။ နွားနို့ ၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ငါး၊ ငါးကြီးဆီ စသညတို့မှာ

ကမ္ဘာ့ပေါ်မှာ အရှည်ဆုံး နေကြာပင်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရမည်

Photo: ကမ္ဘာ့ပေါ်မှာ အရှည်ဆုံး နေကြာပင်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခံရမည်
Thursday, July 24, 2014

၂၀၁၃ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ ကာရက်မြို့တွင် မှတ်တမ်းတင်ခဲ့သည့် အမည်မသိ နေကြာပင်ဟာ 8.75 မီတာ(၂၈ ပေ ၈.၄၉ လက်မ) အရှည်ရှိပြီး ဟန်းပီတာစချီဖာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုနေကြာပင်မှာ ယခင်နေရာပင်ထက် ၂ ဆနီးပါးရှိကြောင်း ဟန်းပီတာက ပြောကြားခဲ့ပြီး သူရဲ့ လျှိုဝှက်ချက်ကို သိချင်နေကြသည်။ ဒါကြောင့် ယခုနေကြာပင်ဟာ၂၀၁၃ခုနှစ်ကမှတ်တမ်းတင်ထားတဲ့ နေကြာပင်ကို ကျော်ဖြတ်သွားမည်လားဆိုတာ မကြာမီသိရတော့မည်ဖြစ်သည်။

yangon media group
၂၀၁၃ ခုနှစ်က ဂျာမနီနိုင်ငံရဲ့ ကာရက်မြို့တွင် မှတ်တမ်းတင်ခဲ့သည့် အမည်မသိ နေကြာပင်ဟာ 8.75 မီတာ(၂၈ ပေ ၈.၄၉ လက်မ) အရှည်ရှိပြီး ဟန်းပီတာစချီဖာက စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
ယခုနေကြာပင်မှာ ယခင်နေရာပင်ထက် ၂ ဆနီးပါးရှိကြောင်း ဟန်းပီတာက ပြောကြားခဲ့ပြီး

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

ရန်ကုန်မြို့တွင်း ရေကြီးမှုများ ထပ်မံမဖြစ်စေရေး စည်ပင်က စစ်တမ်းကောက်နေဟုဆို


Photo: ရန်ကုန်မြို့တွင်း ရေကြီးမှုများ ထပ်မံမဖြစ်စေရေး စည်ပင်က စစ်တမ်းကောက်နေဟုဆို
Thursday, July 24, 2014

ရန်ကုန်မြို့ထဲ ရေကြီးရေလျှံမှု လျော့နည်းစေရေး စစ်တမ်းကောက်ယူလျက်ရှိ ပြီး တွေ့ရှိချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုတိယဌာနမှူး ဦးအေးကိုက မဇ္ဈိမကို ပြောသည်။

ထို့အတွက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဇွန်လအတွင်းမှ စတင်စစ်တမ်း ကောက်ယူနေပြီး မြေအောက်မြောင်းချဲ့ခြင်း၊ ရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ ရေကန်များ တူးဖော်ပြီး ရေစုပ်စက်ဖြင့် စုပ်ယူထားသည့် ရေများကို သိုလှောင်ကန်များတွင် သိုလှောင်ခြင်းတို့ကို လိုအပ်ချက်ပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။

“စစ်တမ်းကထွက်လာတဲ့ အချက်ကနေဘာလုပ်သင့်လဲ ဆက်သွားပါမယ်။ ဥပမာ ဆူးလေက မြစ်ထွက် ပေါက်ထဲကိုဆင်းတဲ့ ဘယ်လမ်းတွေက ရေတွေကဆင်းမယ်ဆိုတဲ့ဟာရှိတယ်။ ရေဝေရေလွှဲဧရိယာတွေ ရှာနေတယ်။ မိုးရေချိန် လက်မဘယ်လောက်ရှိတယ်။ မြစ်ရေ ဘယ်အချိန်မှာတက်လဲ၊ လိုအပ်တာတွေတွက် ပြီးမှ ဘယ်လိုလုပ်ရမယ်ဆိုတာ ထွက်လာမယ်။ အဲ့ဒီစစ်တမ်းကရလာတဲ့အချက်တွေပေါ်မူတည်ပြီး မဟာ ဗျူဟာရေးဆွဲ ဆက်လုပ်သွားမယ်” ဟု ပြောသည်။

စစ်တမ်းကောက်ယူမှုကို ဇွန်လမှ စတင်ကောက်ယူနေသော်လည်း အမြန်ဆုံး စာရင်းကောက်ယူ ပြုစုသွား မည်ဟု ဆိုသော်လည်း ကာလအပိုင်းအခြားကိုမူ မပြောနိုင်သေးကြောင်း ဒုတိယဌာနမှူးကပြောသည်။

ကျောက်တံတားမြို့နယ်တွင် နေထိုင်သူ အသက် ၆၀နှစ်ရှိပြီဖြစ်သည့် ဦးမြင့် အောင်က “မြို့ထဲမှာရေလျှံ တာက အင်္ဂလိပ်လက်ထက်က မြောင်းကြီးတွေ ထဲမှာ မြေကြီးတွေ၊ နုန်းတွေပိတ်ပြီး ပြန်မဖော်တော့တဲ့အ တွက် ရေစီးရေလာမကောင်းတော့တဲ့အတွက် မိုးရွာလိုက်တာနဲ့ ရေလျှံတာဖြစ်တယ်။အဲ့ဒီမြောင်းတွေထဲကို လူတစ်ဦးဆင်းလို့ရတယ်။ အခုဆိုရင် အဲ့ဒီမြောင်း အနက်ကရေစီးဖို့ တာတစ်ပေလောက်တောင် မရှိတော့ ဘူး” ဟု ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာန (အင်ဂျင်နီယာ)က မြေအောက် မြောင်းများထဲမှ အမှိုက်များရှင်းလင်းခြင်းကို တစ်မြို့နယ်ဝန်ထမ်း ၁၀ ဦးနှုန်းဖြင့် နေ့စဉ်ရှင်းလင်း ပေးလျက် ရှိသည်ဟုလည်း အဆိုပါဌာန၏ လက်ထောက်ဌာနမှူး ဦးတင်ထွန်းဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် နှစ်စဉ် မိုးရာသီတိုင်း၌ မိုးရေချိန်လက်မများများရွာသွန်းချိန်နှင့် အချိန် ကြာမြင့်လျှင် ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ လသာ၊ ဆိပ်ကမ်း၊ ပန်းဘဲတန်းမြို့နယ်များ ရေကြီးရေလျှံမှုများ ကြုံ တွေ့နေရသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြောင်းရေလျှံပြီး ရေကြီးမှုများ ဖြစ်ပေါ်နေသည်ကို ဇွန်လ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်

Mizzima

ရန်ကုန်မြို့ထဲ ရေကြီးရေလျှံမှု လျော့နည်းစေရေး စစ်တမ်းကောက်ယူလျက်ရှိ ပြီး တွေ့ရှိချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတား ဌာနမှ ဒုတိယဌာနမှူး ဦးအေးကိုက မဇ္ဈိမကို ပြောသည်။
ထို့အတွက် ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် ဇွန်လအတွင်းမှ

ကန့်ဘလူတွင် ထောင်ချခံရသူ၅၀ ကျော်အတွက် ပြည်ထောင်စုတရားလွှတ်တော်အထိ အယူခံဝင်မည်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် တပ်မ ၃၃ က သိမ်းယူထားသော လယ်မြေများ ပြန်လည် ရရှိရေးအတွက် ထွန်တုံး တိုက်ပွဲဆင်နွှဲခဲ့ကြသော လယ်သမားများနှင့် လယ်သမားအရေး အကူအညီပေးနေသော အရပ်ဘက်အဖွဲ့ အစည်း တာဝန်ရှိသူများကို ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်းအပေါ် ပြည်ထောင်စုတရားလွှတ်တော်အထိ

ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး

Photo: ကမ္ဘာပတ်နေသည့် လူငယ်ပိုင်းလော့ လေယာဉ်ပျက်ကျမှုကြောင့် အသက်ဆုံးရှုံး
Thursday, July 24, 2014

ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်နိုင်သည့် အသက်အငယ်ဆုံး ပိုင်းလော့အဖြစ် မှတ်တမ်းဝင်ရန် ကြိုးစားနေသည့် ပါကစ္စတန်-အမေရိကန် ဆယ်ကျော်သက် လေယာဉ်မှူး ဟားရစ်ဆူလေမန်သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက တောင်ပစိဖိတ်ဒေသရှိ အမေရိကန် ဆာမိုအာကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း ဆာမိုအာကျွန်း၏ ကမ်းရိုးတန်း လုံခြုံရေး အရာရှိများနှင့် ဟားရစ်၏ မိသားစုများက ပြောသည်။

ဟားရစ် ၁၇ နှစ်၏ ရုပ်အလောင်းကို အမေရိကန် ဆာမိုအာ ရေတပ် လှည့်ကင်းများက ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း ၎င်းနှင့်အတူ လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သည့် ဖခင်ဖြစ်သူ ဘာဘာဆူလေမန်မှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဆူလေမန် သားအဖသည် ယင်းတို့၏ ခရီးစဉ် ပြီးဆုံးရန် နီးစပ်နေချိန်တွင်မှ ယခုကဲ့သို့ အဖြစ်ဆိုး ကြုံခဲ့ရခြင်းဖြစ်သည်။ လေယာဉ် ပျက်ကျခဲ့ချိန်တွင် ဆူလေမန်တို့၏ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်သည် ဟာဝိုင်အီကျွန်းသို့ ဦးတည် ပျံသန်းနေချိန်ဖြစ်ပြီး သောကြာနေ့တွင် အမေရိကန် ကာလီဖိုးနီးယားသို့ အရောက်မျှော်မှန်းထားကာ ယင်းနောက်တွင် အိန္ဒိယသို့ အိမ်အပြန်ခရီး စတင်တော့မည် ဖြစ်သည်။

Mizzima
ကမ္ဘာတစ်ပတ် လေယာဉ်မောင်းနှင်နိုင်သည့် အသက်အငယ်ဆုံး ပိုင်းလော့အဖြစ် မှတ်တမ်းဝင်ရန် ကြိုးစားနေသည့် ပါကစ္စတန်-အမေရိကန် ဆယ်ကျော်သက် လေယာဉ်မှူး ဟားရစ်ဆူလေမန်သည် ပြီးခဲ့သည့် အင်္ဂါနေ့ညက တောင်ပစိဖိတ်ဒေသရှိ အမေရိကန် ဆာမိုအာကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးသွားခဲ့ကြောင်း

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မန္တလေးမြို့ကို သွားရောက်


Photo: ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မန္တလေးမြို့ကို သွားရောက်
Thursday, July 24, 2014

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့ညက အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Ms Yanghee Lee နဲ့ ဆွေးနွေးဖြစ်တဲ့ကိစ္စတွေကို ‘မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ’ အဖွဲ့ဝင် တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

"မန္တလေးမှာ ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကို ကျနော်တို့ဘက်ကတင်ပြတယ်၊ နောက်ကော်မတီရဲ့ လုပ်ဆောင်ချက်တွေ၊ ရည်မှန်းချက်တွေ နောက်ဘာတွေဆက်လက်လုပ်မယ်ဆိုတာ ဖော်ပြတယ်၊ နောက်ကော်မတီဟာ ငြိမ်းချမ်းမှုထိန်းသိမ်းမှု တည်ဆောက်ဖို့အတွက် အစိုးရအပါအဝင်၊ ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်ဘာသာဝင်နဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့တင်ပြတယ်၊ သူတို့ဘက်က ကျနော်တို့ကော်မတီနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပေးတယ်၊ နောက်ကျနော်တို့ တင်ပြချက်တွေနဲ့ သူတို့တွေ့ရှိချက်တွေကို နိုင်ငံတော်အစိုးရထံသို့၎င်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကို၎င်း၊ နိုင်ငံတကာမိသားစုဆီကို၎င်း သူတို့ပြန်လည်တင်ပြပေးသွားမယ်လို့ ကတိပြုသွားပါတယ်"

Ms Yanghee Lee ဟာ ပဋိပက္ခစတင်ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ လူ ၂ ဦး သေဆုံးမှုဖြစ်ပွားခဲ့ရာ နေရာတွေကို လှည့်လည်သွားရောက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဗလီကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီနေ့မနက်မှာတော့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟာ မြစ်ကြီးနားမြို့မှာ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကပေးတဲ့ အိတ်ဖွင့်ပေးစာကို လက်ခံရယူခဲ့ပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာအကြောင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးစိုင်းစန်းဝေက အခုလိုပြောပါတယ်။

"ကချင်ပြည်နယ်ဆိုစေကာမူ ဒါကချင်ချည်းပဲနေတာမဟုတ်ဘူး၊ ကျနော်တို့ ရှမ်းတွေလည်းပဲ အများအပြား နေထိုင်တယ်ဆိုတဲ့အကြောင်း အများဆုံးလူ့အခွင့်အရေး ချိုးဖောက်ခံရတာကတော့ ကျနော်တို့ ရှမ်းတွေက အများဆုံး လူ့အခွင့်အရေး ချိုးဖောက်ခံရတာပေါ့၊ ဒီနေ့ဒီအချိန်အထိ ကေအိုင်အေကနေပြီးတော့မှ ဒီဆပ်ကြေးပေးရတဲ့ကိစ္စတွေက ဆက်လက်ပြီးတော့ ချိုးဖောက်နေတဲ့အနေအထား ဒီနေ့အထိရှိနေသေးတယ်ပေါ့လေ၊ ဒီအပေါ်မှာလည်း အခုကိုယ်စားလှယ်သစ်က အာရှတိုက်သားလည်းဖြစ်နေတာကြောင့်မို့ ဒီရဲ့အနေအထားကို သူကပိုပြီးတော့ ခံစားနားလည်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်တာပေါ့လေ"

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ ဒီနေ့မနက်က မြစ်ကြီးနား အကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

RFA

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yanghee Lee ဟာ မန္တလေးမြို့မှာ ဒီလ ၁ ရက်နေ့ညက အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက် ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အပြင် မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
Ms Yanghee Lee နဲ့ ဆွေးနွေးဖြစ်တဲ့ကိစ္စတွေကို ‘မန္တလေးမြို့ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီ’ အဖွဲ့ဝင် တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက

ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင်ရွေးကောက်ပွဲများ၌ မကျင့်သုံးဖူးသည့် စနစ်အများအပြား ထည့်သွင်းရေးဆွဲထား

Photo: ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင်ရွေးကောက်ပွဲများ၌ မကျင့်သုံးဖူးသည့် စနစ်အများအပြား ထည့်သွင်းရေးဆွဲထား
Thursday, July 24, 2014

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေးဆွဲနေသည့် ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် မသန်စွမ်းသူများရွေးကောက်ခံ ကိုယ်စားလှယ်အနေဖြင့် အရည်အချင်းပြည့်မီပါက အမည်စာရင်းတင်သွင်းခွင့်ကဲ့သို့ ယခင်ရွေးကောက်ပွဲ များတွင် မကျင့်သုံးဖူးသည့်စနစ်အများအပြား ထည့်သွင်းရေးဆွဲ ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ သိရသည်။

"နိုင်ငံတကာမှာကြည့်တဲ့အခါကျတော့ ဥပဒေနဲ့ပတ်သက်လို့ သူတို့က တော်တော်လေးကို ဆောင်ရွက်ထားတာရှိတယ်။ အခု ဒီက မသန်စွမ်း အဖွဲ့အစည်းတွေကလည်းတင်ပြတော့ အခုအဓိပ္ပာယ် ဖွင့်ဆိုပေးတယ်။ နောက် သူတို့မှာ မဲစာရင်းတွေကို ပါဝင်မှု၊ နောက်ရွေးကောက် ခံမယ့် ကိုယ်စားလှယ်လောင်းအနေနဲ့လည်း အရည်အချင်းပြည့်တယ်ဆိုရင် အမည်စာရင်းတင်သွင်းခွင့်ရှိဖို့ဆိုတာ မသန်စွမ်းသူအပါအ၀င်ဆိုပြီးတော့ စကားရပ်လေးတွေထည့်ပေးတယ်။ နောက် မဲရုံမှာ မဲပေးတဲ့အခါကျတော့ သူတို့တွန်းလှည်းတို့၊ ဘာတို့ဆိုရင်လည်း အလွယ်တကူ အတားအဆီးမရှိ သွားလို့၊ လာလို့ရအောင်ဆိုပြီးတော့ အခုပြင်ပေးဖို့ အဲဒီလိုလုပ်ထားတယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ ဦးညွန့်တင်က ပြောကြားသည်။

ထို့ပြင် ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲစနစ်များကဲ့သို့မဟုတ်ဘဲ ကြိုတင်မဲစာရင်းများအား ကြိုတင်ကြေညာခြင်း၊ အများကြည့်ရှုနိုင်ရန် စာရင်းကပ်ပေးခြင်း၊ မဲပုံးများအား ချိတ်ပိတ်စနစ်နှင့် အသုံးပြုကာ ကိုယ်စားလှယ်များကိုယ်တိုင် စောင့်ကြည့်စေခြင်း စသည်ဖြင့် နည်းဥပဒေများအား ယခင်ရွေးကောက်ပွဲစနစ်များနှင့်မတူ ပြင်ဆင်ရေး ဆွဲထားကြောင်း သိရသည်။

"ဆရာတို့မှာ ၂၀၁၀ တုန်းက ပြဿ    နာတော်တော်များများရှိတယ်။ ကြိုတင်မဲဆိုတာ။ မဲစာရင်းလည်း မသိရဘူး။ ကြိုတင်မဲ ဘယ်သူတွေပေးလည်း မသိရဘူးဆိုတဲ့ပြဿ     နာပေါ့နော်။ အခု အဲဒါတွေမဖြစ်ရအောင်ဆိုပြီးတော့ ကြိုတင်မဲစာရင်းကိုလည်း ကြေညာပေးမယ်။ ကပ်ပေးမယ်။ နိုင်ငံခြားရောက်တဲ့စာရင်းလည်း ကပ်ပေးမယ်။ ဒီပြည်တွင်းကလည်း မဲဆန္ဒနယ်ပြင်ပရောက်တာလည်း ကပ်ပေးမယ်။ နောက် အဲဒီကမဲတွေလာရင် ဟိုတုန်းကတော့ ဒီအတိုင်း ဘယ်မှာထားမှန်းမသိဘူးပေါ့။ အခုကျတော့ ချိတ်ပိတ်တဲ့မဲပုံးထဲကိုထည့်ရမယ်။ ချိတ်ပိတ်တဲ့မဲပုံးနဲ့ထားမယ်။ ချိတ်ပိတ်တဲ့အခါကျရင်လည်း ကိုယ်စားလှယ်တွေပါ သူတို့ရဲ့ကိုယ်စားလှယ်တွေပါ အကုန်ကြည့်လို့ရမယ်။ ကြည့်ပြီးမှ သူတို့ရှေ့မှာချိတ်ပိတ်မယ်။ ဒါတွေလည်း လုပ်ပေး ထားတယ်}}ဟု ဦးညွန့်တင်က ဆက်လက် ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွင် မဲဆန္ဒနယ်စာရင်း ကြေညာခြင်း၊ မဲစာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာကြေညာချက်များ ထုတ်ပြန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ် ခန့်ထားခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းများ စိစစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာ ရုပ်သိမ်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာများကို စိစစ်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ စသည့်လုပ်ထုံးလုပ်နည်းများ ပါဝင်ကြောင်း သိရသည်။

၂၀၁၄ နှစ်ကုန်ပိုင်းတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတရန်ရည်ရွယ်၍ ယခင်ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲနည်းဥပဒေမှ အချက်အများစုအား ပြင်ဆင်ရေးဆွဲနေသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင် ၁ ရက်ကထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ညွှန်ကြားချက် (၁/၂၀၁၄) မှာမူ နိုင်ငံရေးပါတီများကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်၌ မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုနေသော ပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

Eleven
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှရေး ဆွဲနေသည့် ရွေးကောက်ပွဲ ဆိုင်ရာ နည်းဥပဒေတွင် မသန်စွမ်းသူများရွေးကောက်ခံ ကိုယ်စားလှယ် အနေဖြင့် အရည်အချင်းပြည့်မီပါက အမည်စာရင်း တင်သွင်းခွင့်ကဲ့သို့ ယခင်ရွေးကောက်ပွဲ များတွင် မကျင့်သုံးဖူးသည့်စနစ်အများအပြား ထည့် သွင်းရေး ဆွဲ ထားကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် နည်းဥပဒေပြင်ဆင်ရေးကော်မတီမှ သိရသည်။

"နိုင်ငံတကာမှာကြည့်တဲ့အခါကျတော့ ဥပဒေနဲ့ပတ်သက်လို့ သူတို့က တော်တော်လေးကို ဆောင်ရွက်

မန္တလေး ပဋိပက္ခဖြစ်ပွားစေခဲ့သည့် လိမ်လည်တိုင်းတန်သူ အမျိုးသမီးနှစ်ဦးကို တစ်ပတ်အတွင်းတရားစွဲမည်

23jl89
နေပြည်တော်၊ မဇ္ဈိမ။ ။ မန္တလေးပဋိပက္ခဖြစ် ပွားစေခဲ့သည့် လ္ဘက်ရည်ဆိုင်ပိုင်ရှင်က အဓမ္မပြုကျင့် သည်ဟု ပျဉ်းမနားမြို့မ ရဲစခန်းတွင် လိမ်လည် တိုင်းတန်ခဲ့သည့် အမျိုးသမီးနှစ်ဦးကို ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၏ အကြံပြုချက်ဖြင့် ပျဉ်းမနားမြို့နယ်တရားရုံးတွင် တစ်ပတ်အတွင်း တရားစွဲဆို သွားမည် ဟု ပြည်ထဲရေး ဝန်ကြီးဌာန တာဝန်ရှိသည့် အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ "ဒီလီဆယ်တိုင်းတန်မှုကြီးက ဘယ်လောက်ထိ ကြီးကျယ်သွားလဲဆိုတော့ မန္တလေးမြို့ကြီးမှာ ပဋိပက္ခဖြစ်တဲ့အထိ ဖြစ်သွားတယ်ဆိုတော့ အဲဒီပဋိပက္ခ ဖြစ်အောင် အကွက်ဆင်တဲ့သဘောပေါ့” ဟု

TransAsia လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း အရေးပေါ် ဆင်းသက်ရမှုကြောင့် လူ ၅၁ ဦးသေဆုံး

TransAsia Airways လေကြောင်းလိုင်းမှ လေယာဉ် တစ်စင်းသည် ထိုင်ဝမ်ရှိ ပင်ဂူးဟ်ဒေသတွင် အရေးပေါ် ဆင်းသက်ခဲ့ရမှုကြောင့် လူ ၅၁ သေ ဆုံးပြီး အခြား လူ ၇ ဦး ဒဏ်ရာရရှိသွားကြောင်း ထိုင်ဝမ်သတင်း ဌာန များက ပြောကြားသည်။ ထိုင်ဝမ်အခြေစိုက် TransAsia လေကြောင်း လိုင်းမှ လေယာဉ်သည် ခရီးစဉ်အမှတ် GE222 အဖြစ် Kaohsiung Siaogang လေဆိပ်မှ ပင်ဂူးဟ်ရှိ Magong လေဆိပ်သို့ ပျံသန်းစဉ်