Saturday, November 8, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီဖြစ်ကြောင်း မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသောမုန်တိုင်းမှာ ဆိုင်ကလုန်းအဆင့်သို့ မရောက်ရှိဘဲ အားပျော့သွားပြီး နိုဝင်ဘာ ၉ ရက်တွင် မုန်တိုင်းမှာ လုံးဝပျက်ပြယ်သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၄၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ ပို့ဘလဲလ်ယားမြို့၏ အနောက်မြောက်ဘက် မိုင် ၃၆ဝ ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၁ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုခဲ့ကြောင်းနှင့် အဆိုပါမုန်တိုင်းငယ်သည် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားခဲ့သော်လည်း လက်ရှိအချိန်တွင် အားပျော့သွားပြီဖြစ်ကြောင်း သိရသည်။

တရားမ၀င် သစ်တင်သွင်းနေမှုများကို တားဆီးပေးရန် တရုတ်အစိုးရသို့ မြန်မာဘက်မှ အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တားမြစ်မှုအရှိန်ပျော့နေဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှသစ်များကို တရုတ်နိုင်ငံသို့ တရားမဝင် တင်သွင်းနေမှုများအား တားဆီးပေးရန် မြန်မာဘက်မှ တရုတ်အစိုးရသို့ အကြိမ်ကြိမ်တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းတို့၏ အကျိုးစီးပွား၊ တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် ပေါ်ပေါက်လာနိုင်သည့် ကုန်ကြမ်းရရှိနိုင်ရန် ခက်ခဲခြင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဖြစ်ပေါ်လာနိုင်မည့် အခက်အခဲ အနည်းအကျဉ်းကို အကြောင်းပြပြီး တရုတ်အစိုးရမှ တားမြစ်မှုများ အရှိန်ပျော့နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက နိုဝင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ IBC ခန်းမ၌ ကျင်းပသည့် သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းလီမိတက်၏ (၂၁)ကြိမ်မြောက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြား ခဲ့သည်။

ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်း ဆက်လက်စောင့်ကြည့်နေရဆဲ

ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းသည် ပိုမိုအားကောင်း လာခြင်းမရှိသော်လည်း အ၀ါ ရောင်အဆင့် သတ်မှတ်၍ သတိ ပေးထားဆဲဖြစ်ပြီး မြန်မာနိုင်ငံအ နှံ့ အချိန်အခါမဟုတ် မိုးရွာနေဦး မည်ဖြစ်ကြောင်း မိုး/ဇလဌာန ဒု တိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

အမြန်လမ်းပေါ်တွင် အုပ်စုဖွဲ့လုယက်ရန် ကြိုးပမ်းမှုများဖြစ်ပေါ်

အာဆီယံထိပ်သီးအ စည်းအဝေးအတွက် နေပြည် တော်တွင် လုံခြုံရေးအပြည့် ဆောင်ရွက်နေချိန် အစည်း အဝေးကျင်းပရန် သုံးရက်အလို၌ ရန်ကုန်-မန္တလေး အမြန်လမ်းမ ပေါ်တွင် ကားအချို့ကို အုပ်စုဖွဲ့ လုယက်ရန် ကြိုးပမ်းမှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၆ ရက် ညနေက အမြန်လမ်း မိုင်တိုင်အမှတ်(၉၉) အနီးတွင် အမျိုးသားတစ်ဦးက အ မြန်လမ်းပေါ်ရပ်၍ ကားကို ပေါက်တူးဖြင့် လွှဲရိုက်ကာ လုယက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ကိုယ် တိုင်ကြုံတွေ့ခဲ့ရသူ ကိုသီဟထွန်း က ပြောသည်။ ၎င်းက အနီးဆုံး ရဲကင်းဖြစ်သော မိုင်တိုင်(၉၄)ရှိ အမြန်လမ်းရဲကင်းသို့ သွားရောက်တိုင်ကြားခဲ့သည်။ အဆိုပါရဲကင်းတွင် တာဝန်ကျရဲသားတစ်ဦးသာ ရှိပြီး၎င်းက လုယက်ရန်ကြံစည်သူများကို လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း ကိုသီဟထွန်းက ပြောသည်။

မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲက မြန်မာရဲတပ်ဖွဲ့အား အကြောင်းကြား

ထိုင်းနိုင်ငံက ၀ရမ်း ထုတ်ထားသည့် မူးယစ်ကုန်သည် ဆယ်ဦးကို ဖမ်းဆီးပေးရန် ထိုင်းရဲ က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တရား ၀င်အကြောင်းကြားစာ ပို့လိုက် ကြောင်း သတင်းရရှိသည်။

မြန်မာနှင့် ထိုင်းလူမျိုးများ ပါသည့် မူးယစ်ကုန်သည် ဆယ် ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် ဓာတ်ပုံများကိုပါ ပေးပို့ခဲ့ ခြင်းဖြစ်ပြီး နာမည်နှင့်တကွ အ တိအကျပြောရန် မဖြစ်နိုင်ကြောင်း နေပြည်တော်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲ အရာရှိကြီးတစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ဆီ စာဝင် တယ်။ သူတို့ဓာတ်ပုံတွေရော၊ နာ မည်တွေရောပါတယ်။ ဖမ်းဆီးရ မယ့် စာရင်းဇယားတွေနဲ့ သူတို့ ပေးထားတဲ့ မြေပုံညွှန်းနဲ့ လိုက်စုံ စမ်းပေးပြီး လိုအပ်တာတွေ အ ကောင်အထည်ဖော်ရမှာပေါ့’’ ဟု အဆိုပါ ရဲအရာရှိကြီးက ပြော ကြားသည်။