Wednesday, October 9, 2013

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား

Photo: ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြား
Wednesday, October 9, 2013

ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။

ဘောလုံးပွဲတွင် ဂိုးဝင်တော့မည်ကို ကြိုတင်အနံ့ခံနိုင်ကြောင်း မော်ရင် ဟို ပြောကြားဘောလုံးပွဲ တစ်ပွဲတွင် ဂိုးသွင်းတော့မည် ဆို ပါ က မိမိအနေဖြင့် အလိုလို အနံ့ခံမိလေ့ရှိကြောင်း ချယ်လ်ဆီးမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက ပြောကြားလိုက်သည်။ ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အတွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။ ချယ်လ်ဆီးသည် ပြီးခဲ့သည့် သီတင်းပတ်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နောဝှစ်ခ်ျစီးတီးအား (၃-၁)ဖြင့် အနိုင်ရခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီးအတွက် အော်စကာက ဦးဆောင်ဂိုး သွင်းယူပြီး နောဝှစ်ခ်ျဘက်မှ အန်သိုနီ ပီလ်ကင်တန်က ချေပခဲ့သဖြင့် သရေဖြစ်နေခဲ့သေးသည်။ သို့သော်လည်း မော်ရင်ဟို လူစားလဲခဲ့သည့် ဝီလျံနှင့် အီဒင်ဟာဇက်တို့က ဂိုးများသွင်းယူပြီး ချယ်လ်ဆီးတို့ အောင်ပွဲခံခဲ့သည်။

ကာရိုးရုဒ်တွင် သရေကျနေချိန်၌ မိမိသည် စိုးရိမ်ပူပင်မှု မရှိကြောင်းနှင့် မိမိတို့အသင်း ချေပဂိုး သွင်းခံရမည်ကို ကြိုတင်၍ အနံ့ရခဲ့ကြောင်း မော်ရင် ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ မော်ရင်ဟိုက "ပွဲကစားနေတဲ့ တစ်ချိန်လုံး ကျွန်တော် တုန်လှုပ်နေတာမျိုး လုံးဝ မရှိဘူး။ အရာရာကို ကျွန်တော် အာရုံခံစားကြည့်နေတယ်။ တချို့အရာတွေအတွက် ကျွန်တော့်မှာ အနံ့ခံနိုင်စွမ်း ရှိတယ်။ အပိုင်အခွင့်အလမ်း တစ်ခုကို ဒမ်ဘာဘား လက်လွတ်သွားချိန်မှာ သူတို့ဘက်က ဂိုးပြန်သွင်းတော့မယ် ဆိုတာကို ကျွန်တော် အနံ့ရလာခဲ့တယ်"ဟု ဆိုသည်။ ၎င်းက ဆက်လက်၍ "(၁)ဂိုးစီ သရေဖြစ်သွားပြီ ဆိုတာနဲ့ ကျွန်တော်တို့ နိုင်တာလည်း ဖြစ်နိုင် တယ်၊ ရှုံးတာလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သရေအတွက် ရည်မှန်းပြီး ကစားခဲ့တာ မဟုတ်ဘူး။ ထိပ်ဆုံးနေရာအတွက် ကြိုးစားနေတာပါ။ ဒါကြောင့် အနိုင်ရအောင် ပိုပြီးတော့ အားထုတ်သွားခဲ့ပါတယ်"ဟုလည်း ပြောဆိုသွားခဲ့သည်။

Planet Myanmar Network
ပေါ်တူဂီသား မန်နေဂျာက မိမိသည် ဘောလုံးပွဲ တစ်ပွဲကို ကြည့်ရှုနေစဉ်အ တွင်း ဂိုးဝင်တော့မည် ဆိုပါက ဂန္ဓာရုံ နှိုးဆွမှု အာရုံတစ်ခုကို ထူးထူးခြားခြား ပိုင်ဆိုင်ထားကြောင်း ဆိုသည်။

ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး

Photo: ကေအိုင်အိုနဲ့ အစိုးရ ဒုတိယမြောက်နေ့ ဆက်လက်ဆွေးနွေး
Wednesday, October 9, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

နှစ်ဖက်တပ်တွေ နေရာချထားရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက RFA ကိုအခုလိုပြောပါတယ်။

"ကျနော်တို့ မြေပုံနဲ့ပတ်သက်ပြီးတော့ မပြတ်သေးတဲ့ဟာလေးတွေ ပြန်ကြည့်တာပါ၊ ကျနော်တို့တပ်တွေနေရာကို မြေပုံမှာပြန်ကြည့်ပြီးတော့ ဆက်လုပ်တဲ့ဟာလေးတွေ ရှင်းလင်းတာပေါ့၊ တပ်နေရာတွေမှာ တိုက်ပွဲဖြစ်နိုင်တဲ့ နေရာလေးတွေပေါ့၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ မြေပုံနဲ့ပြန်ပြီးတော့ရှင်းတာ၊ တပ်နေရာချထားမှုဆိုတာက အပစ်အခတ်ရပ်စဲရေးလုပ်မှ တပ်နေရာချထားမှုတွေက အသေးစိတ်ဆွေးနွေးလို့ရမှာ၊ လက်တလောကတော့ အပစ်အခတ်ရပ်စဲရေးအတွက် သွားမယ့်အနေအထားပဲရှိသေးတယ်၊ အပစ်အခတ်ရပ်စဲရေးလုပ်ပါ့မယ်ဆိုတဲ့ သဘောတူညီချက်ကတော့ နည်းနည်းဆက်ပြီးတော့ ကြိုးစားရဦးမယ်၊ "

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကလည်း ဒီနေ့ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာဆွေးနွေးပွဲမှာ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အစည်းအဝေး အစီအစဉ်အရ တပ်ပိုင်းဆိုင်ရာကိစ္စတွေရယ်၊ IDP ရယ် ပြီးတော့ တခြားလိုအပ်တဲ့ကိစ္စရပ်များရယ်ဆိုပြီးမှ ခေါင်းစဉ် ၃ ခုဆွေးနွေးတာဖြစ်ပါတယ်၊ အဓိကက တပ်ပိုင်းဆိုင်ရာကလည်း တိုက်ပွဲတွေလျှော့ချမယ်၊ အရင်ဆွေးနွေးပွဲကအချက်တွေ လိုက်နာမယ်စသဖြင့် သဘောတူတာရှိပါမယ်၊ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုလုပ်မယ်ဆိုရင် ကျနော်တို့ကို စီမံချက်တွေပေးဖို့နဲ့ ဒီအပေါ်မှာ ကေအိုင်အိုကဆွေးနွေးပြီးတော့ ပြန်ပြီးအကြောင်းကြားမယ် ဆိုတဲ့အချက်တွေကို ဆွေးနွေးတာဖြစ်ပါတယ်၊ ဒီနေ့ဆွေးနွေးတဲ့ အခြေအနေကတော့ ရလာဒ်ကောင်းတွေရရှိတယ်လို့ ပြောလို့ပါတယ်"

မနက်ဖြန် ဆွေးနွေးပွဲအပြီးမှာ သဘောတူညီချက် ၅ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆွေးနွေးပွဲတက်ရောက်နေသူတွေက ပြောပါတယ်။

RFA
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေရဲ့ ဒီနေ့ပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိ ယမြောက်နေ့မှာ ရှေ့လအတွင်းပြုလုပ်ဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ကေအိုင်အို တက်ရောက်နိုင်ရေးကိစ္စ အလေးထားဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား

Photo: တရုတ် နိုင်ငံလုပ် သံချပ်ကာ လူသယ် ယာဉ်သစ်များ လက်ခံ ရရှိသည့် ဂါနာနှင့် နမ်မီဘီးယား
Wednesday, October 9, 2013

မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

ယင်းတိုက်ယာဉ်၏ အမည်အား မသိရသော်လည်း တရုတ်နိုင်ငံ၏ ၆x၆ အမျိုးအစား WZ523 Type 05 P အား ယာဉ်အတွင်းပိုင်း ပိုမို ကျယ်ဝန်းစေရန်နှင့် ဝန်အလေးချိန် တင်နိုင်စွမ်း ပိုမိုမြင့်မားစေရန်တို့ အတွက် ဒီဇိုင်းပိုင်း ဆိုင်ရာ ပြန်လည်ပြုပြင် တည်ဆောက်ထားသည့် နောက်ထပ် တိုက်ယာဉ်သစ် တစ်စီးဟု ယူဆရသည်။သို့သော် ၄င်းတိုက်ယာဉ်သည် ကုန်း/ရေ နှစ်သွယ် သွားနိုင်စွမ်းတော့ မရှိပေ။

ဂါနာနိုင်ငံသို့ ထုတ်လုပ်ပေးခဲ့သည့် တိုက်ယာဉ် အချို့တွင် နှစ်ဖက် ကျည်ကျွေးစနစ်သုံး ၃ဝ မမ စက်အမြောက်၊ ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်နှင့် ဘေးနှစ်ဘက်တွင် မီးခိုးဗုံးပစ် လောင်ချာများကို တပ်ဆင် ပေးထားသည့် လျှပ်စစ်စနစ်ဖြင့် ထိန်းချုပ်သော ဆုံလည်ကို တပ်ဆင်ပေးထားသည်။

ဆုံလည်အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်အများစုတွင် တပ်ဆင် ထားသကဲ့သို့ ကိုယ်ထည် အနောက်ပိုင်းသို့ အနည်းငယ် နေရာယူ တပ်ဆင် ပေးထားသည်။ထိုသို့ ကိုယ်ထည် အခင်းအကျင်းကြောင့် ဆုံလည်ခြင်း အတွက် နေရာလွတ် ပိုမိုကျယ်ဝန်းစေသည်။ ယင်းတိုက်ယာဉ်၏ ကိုယ်ထည် အခင်းအကျင်းမွှာ WZ523 Type 05 P တိုက်ယာဉ်အတိုင်း ဖြစ်ပြီး တိုက်ယာဉ်မှူးနှင့် ယာဉ်မောင်းရှေ့၊ ကိုယ်ထည်၏ နောက်ညာဘက် ဘေးတွင် ဒီဇယ်အင်ဂျင်နှင့် ကျန်နေရာလွတ်တွင် တိုက်ယာဉ် အဖွဲ့သားများ အခန်းကို တပ်ဆင် ပေးထားသည်။ တိုက်ယာဉ်၏ နောက်ပိုင်းတွင် စစ်သည်များ အဝင်/အထွက် ပြုလုပ်နိုင်ရန် အတွက် တံခါးပေါက် တစ်ခုနှင့် ကိုယ်ထည်၏ အပေါ်ပိုင်းတွင် အမိုးတံခါး တစ်ခုကို တပ်ဆင် ပေးထားသည်။ထို့အပြင် တိုက်ယာဉ် ဘေးနှစ်ဘက်တွင် ကျည်ဒဏ်/ကျည်ကွဲစ ဒဏ်ခံ မှန်ပြတင်းပေါက်များကို တပ်ဆင် ပေးထားသည်။

ဂါနာနိုင်ငံသည် လူနာ ကုတင်များနှင့် သူနာပြု အကူများ လိုက်ပါနိုင်ရန် အတွက် ကိုယ်ထည်နောက်ပိုင်း အမိုးမြှင့်၍ ပိုမိုကျယ်ဝန်းစွာ တည်ဆောက် ထားသည့် လူနာတင်ယာဉ် မျိုးကွဲတစ်ခုကိုလည်း ဝယ်ယူထားကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် နမ်မီဘီးယား တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ဓါတ်ပုံများအရ ၄င်းတို့သည်လည်း အလားတူ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်များကို လက်ခံ ရရှိထားကြောင်း သိရသည်။ ၄င်းတိုက်ယာဉ် အချို့တွင် ရုရှားလုပ် BMP-1 ခြေလျင်တင် တိုက်ယာဉ်၏ ဆုံလည်ကိုလည်း တပ်ဆင် ပေးထားသည်။ ယင်းတိုက်ယာဉ်၏ ဆုံလည်တွင် ၇၃ မမ အမြောက်နှင့် ၇.၆၂ မမ ယှဉ်တွဲ စက်သေနတ် ၁ လက်ကိုလည်း တပ်ဆင် ပေးထားသည်။ယင်းဆုံလည်တွင် Malyutka (AT-3 Sagger)တင့်ဖျက် ပဲ့ထိန်းဒုံးကို တပ်ဆင် နိုင်သော်လည်း နမ်မီဘီးယား တို့၏ တိုက်ယာဉ်များတွင်မူ တပ်ဆင်ထားမှုအား မြင်တွေ့ရခြင်း မရှိပေ။

တရုတ်နိုင်ငံသည် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အတွက် BMP-1 တိုက်ယာဉ် ပုံစံတူကို တည်ဆောက် ပေးထားပြီး မကြာသေးမီကလည်း တိုက်ယာဉ် ဆုံလည် အမျိုးမျိုးကို ထုတ်လုပ်၍ ဈေးကွက်သို့ တင်သွင်းထားကြောင်း သိရသည်။

နမ်မီဘီယားတို့၏ တရုတ်နိုင်ငံလုပ် ၆x၆ အမျိုးအစား တိုက်ယာဉ်တွင် BMP-1 ဆုံလည်ကို တပ်ဆင်မည် ဆိုပါက စွမ်းဆောင်ရည်ပိုင်း ဆိုင်ရာတွင် သိသိသာသာ တိုးတက်လာမည် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ အခြားသော ဘီးတပ် သံချပ်ကာ တိုက်ယာဉ်များတွင် စက်သေနတ် များသာ တပ်ဆင် ထားသောကြောင့် ဖြစ်သည်။

မြ၀တီ
မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဂါနာ တပ်မတော်နေ့ အခမ်းအနားတွင် ကြည်းတပ်၏ ၆x၆ အမျိုးအစား သံချပ်ကာ လူသယ်ယာဉ်သစ်ကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

မြန်မာကလေးငယ်တစ်ဦး အိပ်နေစဉ် သေနတ်ထိမှန်

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တောင် ဘက် ဖုတ်ဖရ်မြို့နယ် စအိုတိုက် နယ်ရှိ ၃၆ကီလိုမီတာတွင် အောက် တိုဘာ ၆ရက် ည ၁၁နာရီ မိနစ် ၂ဝခန့်တွင် ကလေးတစ်ဦးနေအိမ် အတွင်း အိပ်ပျော်နေစဉ် သေနတ် ထိမှန်မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

မြစ်ရေတိုက်စားမှုကြောင့် အရေးပေါ် ပြောင်းရွှေ့ရမည့် ရွာအချို့အတွက် လူငယ်အဖွဲ့အချို့ ကူညီမည်

ချင်းတွင်းမြစ်ဝှမ်းဒေသ ရေစကြိုမြို့အပိုင် ကျေးရွာသုံးရွာတွင် မြစ်ရေတိုက်စားမှုကြောင့် မြေပြိုမှုများဖြစ်ပြီး နီးစပ်ရာ ကျေးရွာများသို့ အရေးပေါ်ပြောင်းရွှေ့ နေထိုင်နေရသဖြင့် အကူအညီများလိုအပ်နေရာ သွားရောက် ကူညီရန်ရှိသည်ဟု White Sharing ပရဟိတလူငယ်အဖွဲ့မှ မအိပွင့်ရှီဇံက မဇ္ဈိမသို့ပြောသည်။

Huawei ဟန်းဆက် မြန်မာပြည် ဖုန်းဈေးကွက်မှာ လူကြိုက်များ၊ အရောင်းသွက်


မြန်မာ့ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားတဲ့ Telenor ကုမ္ပဏီနဲ့ ခေတ်မီ တယ်လီဖုန်းကွန်ရက် တည်ဆောက်ဖို့ သဘောတူထားတဲ့ တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် ဟန်းဆက်တွေက ဖုန်းအရောင်းအဝယ် ဈေးကွက်မှာအရောင်းသွက်ပြီး လူကြိုက် အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

လှည်းကူးမြို့နယ် စိမ်းလန်းမြေပရဟိတကျောင်းက မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းမယ့် ခင်ဝင့်ဝါ

Belarus နိုင်ငံမှာ ကျင်း ပတဲ့ Miss Supranational 2013 ပြိုင်ပွဲမှာဝင်ရောက် ယှဉ် ပြိုင်ပြီးဆုလေးဆုဆွတ်ခူးရ ရှိခဲ့တဲ့မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကသူ မြန် မာနိုင် ငံကို ပြန် ရောက်တဲ့ အချိန်မှာ ပရဟိ တတွေ ကို လုပ် ဆောင် သွားမှာပါလို့ ကတိပြု ခဲ့ပါ တယ်။ ဒီလို ကတိ ပြုတဲ့အ တိုင်းခင် ဝင့်ဝါက လှည်းကူးမြို့ နယ်၊ အင်ကြင်းေ တာင် မှာရှိတဲ့စိမ်းလန်းမြေပရဟိတ ကျောင်းက မိဘမဲ့ကလေးတွေ

ထောက်လှမ်းရေး ဘောလ်ပင်


ပြီးခဲ့တဲ့သုံးလေးလလောက်တုန်းက အွန်လိုင်းမှာပလူပျံလာတဲ့ သတင်းတစ်ပုဒ်ကို မှတ်မိနေကြဦး မယ်ထင်ပါတယ်။ ရန်ကုန် စူပါမားကစ်ကြီးတစ်ချို့ရှိ အမျိုးသမီးများအ၀တ်လဲခန်းတွေထဲမှာ (ဗွီဒိယို) ကင်မရာခိုးရိုက်ပြီး အင်တာနက်မှာ တင်ထားတဲ့ သတင်းပါ။ ကျနော်လဲ လူစွာလုပ်ပြီး ပို့စ်တစ်ခုရေးဖြစ်ခဲ့ပါသေးတယ်။ သက်ဆိုင်သူအမျိုးသမီးထုကြီးအတွက် ရှက်စရာကောင်းတဲ့ အခြေအနေတစ်ရပ်လို့ အများစုသုံးသပ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် အ၀တ်လဲခန်းထဲဝင်ပြီး အ၀တ်လဲပြီဆိုမှတော့ သူဝယ်မည့်အ၀တ်အထည် သူနဲ့တော်/မတော်သိရဖို့အတွက် သူ့ကိုယ်ပေါ် နဂိုဝတ်လာတဲ့ အ၀တ်တွေကို ချွတ်မှပဲ အဆင်ပြေမှာပေါ့ဗျာ။ ဒါများ ကင်မရာတွေဘာတွေနဲ့ ခိုးရိုက်နေဖို့ လိုလို့လား။ မှန်းကြည့်ပေါ့။

ခင်ဝင့်ဝါ၏ ပထမဆုံးဗီဒီယိုဇာတ်ကားကို ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးမည်

Miss Internet ဆုအပါအ၀င်ဆုသုံးဆု ဆွတ်ခူးခဲ့သည့် ခင်ဝင့်ဝါ၏ ဗီဒီယိုဇာတ်ကားကို ဒါရိုက်တာ ကြည်ဖြူသျှင် က အောက်တိုဘာ ၂၃ ရက်တွင် စတင်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာကြည်ဖြူသျှင်က မဇ္ဈိမသို့ ပြောသည်။

နေ့စဉ်မိုး လေ၀သ သတင်း

ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ယနေ့ မြန်မာ စံတော်ချိန် ( ၁၇း ၃၀ ) နာရီ အချိန် တိုင်း ထွာချက် များ အရ ကပ္ပလီ ပင်လယ်ပြင် နှင့် ယင်းနှင့် ဆက်စပ် လျက် ရှိသော ဘင်္ဂလား ပင်လယ်ေ အာ် အရှေ့တောင် ပိုင်း တွင် ဖြစ်ပေါ် နေသော မုန်တိုင်း ငယ် သည် ပုသိမ် မြို့ တောင် - အရှေ့ေ တာင် ဘက် မိုင် ( ၂၉၀ ) ခန့် အကွာ၊ ကိုကိုး ကျွန်း မြို့ ၏ အရှေ့တောင် ဘက် မိုင် ( ၂၀၀ ) ခန့် အကွာ ပင်လယ်ပြင် ကို ဗဟို ပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ် သည် သိသိ သာသာ ရွေ့လျား မှု မရှိဘဲ ဆက်လက် တည်ရှိ နေပါ သည်။ ကပ္ပလီ ပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော်ေ တာင်ပိုင်း တို့တွင် မုတ်သုံလေ အား အသင့် အတင့် ရှိနေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော် တွင် တိ မ် အသင့် အတင့် ဖြစ် ထွန်း နေပါ သည်။

အမိန့်မချနိုင်သေးသည့် နေပြည်တော်အသင်းပြစ်ဒဏ်ကို အယူခံကော်မတီက ထပ်မံဆုံးဖြတ်မည်

အမိန့်မချနိုင်သေးသည့် နေပြည်တော်အသင်းပြစ်ဒဏ်ကို အယူခံကော်မတီက ထပ်မံဆုံးဖြတ်မည်
Wednesday, October 9, 2013

မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ အပေါ် ဩဂုတ် ၁၃ရက်က အမိန့် ချမှတ်ခဲ့ပြီး ယင်းနောက်တွင် နေ ပြည်တော်အသင်းက အယူခံဝင် ခဲ့ပြီး ယခုအခါ ယင်းအယူခံကို အယူခံကော်မတီက ဆုံးဖြတ်သွား မည်ဟု သိရသည်။

နေပြည်တော်အသင်း အ ယူခံကို မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် အယူခံကော်မတီမှ ဆုံး ဖြတ်မည်ဖြစ်ကြောင်း စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦး ခင်မောင်ထွေးက အတည်ပြုသည်။

မြန်မာနေရှင်နယ်လိဂ် ရာ သီပိတ်ပွဲစဉ်တွင် နေပြည်တော် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နေပြည်တော် ဝဏ္ဏ သိဒ္ဓိကွင်းအတွင်း ခိုက်ရန်ဖြစ် ပွားမှုနှင့် ထိုင်ခုံများပျက်စီးခဲ့သည့် အပေါ် မြန်မာနေရှင်နယ်လိဂ်စည်း ကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ယင်း ပြစ်ဒဏ်များကို နေပြည်တော် အသင်းမှ ကျေနပ်မှုမရှိသဖြင့် စည်းကမ်းထိန်းသိမ်းရေးကော် မတီသို့ အယူခံဝင်ခဲ့ရာ ယင်းကိစ္စ ရပ်ကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ (သို့) အယူခံကော်မတီက ထပ်မံ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ စည်း ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ''အဲဒီ ကိစ္စရပ်နဲ့ပတ်သက်ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြင် ဆင်ဖို့မရှိဘူး။ ပြင်ဆင်နိုင်တာက နှစ်ချက်ရှိတယ်။ အယူခံကော်မ တီနဲ့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပါ''ဟု ၎င်းက ပြောသည်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှု နှင့် ကွင်းအတွင်း ထိုင်ခုံများပျက် စီးခဲ့သည့်အပေါ် မြန်မာနေရှင် နယ်လိဂ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ဩဂုတ် ၁၃ရက်တွင် နေပြည်တော် ဘောလုံးအသင်း နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံး အသင်းတို့ကို ပြစ်ဒဏ်များချမှတ် ခဲ့ခြင်းဖြစ်သည်။

နေပြည်တော် ဘောလုံးအ သင်း စီမံမန်နေဂျာဦးဇော်ဝင်းက ''အသင်းက အယူခံတင်ထားတာ ကို စက်တင်ဘာ၂၈ရက်က ပြန် ပြီးအကြောင်းကြား ပါတယ်။ အယူ ခံကော်မတီ (သို့) ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌဆီကို ပြန်တင်ရမယ် ဆိုလို့ အောက်တိုဘာ ရရက်က ထပ်ပြီးတင်ထားပါတယ်''ဟု ၎င်း က ပြောသည်။

ယင်းကိစ္စရပ်နှင့်ပတ်သက် ပြီး ဘောလုံးအဖွဲ့ချုပ်မီဒီယာဌာန သို့ ဆက်သွယ်မေးမြန်းသော်လည်း သိရှိခြင်းမရှိဟုဖြေကြားသည်။

Yangon Media Group

http://www.myanmaronlinenews.net/2013/10/blog-post_2156.html
မြန်မာ နေရှင်နယ်လိဂ် နောက်ဆုံးပွဲစဉ် တွင်ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များ အပေါ် ဩဂုတ် ၁၃ရက်က အမိန့် ချမှတ်ခဲ့ပြီး ယင်းနောက်တွင် နေ ပြည်တော်အသင်းက အယူခံဝင် ခဲ့ပြီး ယခုအခါ ယင်းအယူခံကို အယူခံကော်မတီက ဆုံးဖြတ်သွား မည်ဟု သိရသည်။

မီးရထားလမ်းဖောက်လုပ်သူ အလုပ်သမားများ၏ ဆန္ဒပြပွဲကြောင့် ရိုးမားနှင့် နာပိုလီပွဲအား သောကြာညတွင်ပြောင်းလဲကစားမည်။


စီးရီးအေတွင် တစ်ကျော့ပြန်အောင်မြင်မှုများ ရယူနေပြီးရှုံးပွဲမရှိကစားနိုင် ကာပွဲအားလုံးအား အနိုင်ယူထားသည့် ရိုးမားအသင်းနှင့် နာပိုလီအသင်း တို့၏ပွဲစဉ်ကိုအောက်တိုဘာလ(၁ဂ)ရက် နံနက်(၁း၁၅)မိနစ်တွင်ယှဉ်ပြိုင်ကစားရန် အချိန်ပြောင်း လဲခဲ့ကြောင်းသိရသည်။

အပစ်အခတ်ရပ်စဲရေး သည် နိုင်ငံရေးဆွေးနွေးပွဲများ၏ လမ်းစဖြစ်

အ ပစ်အခတ်ရပ်စဲခြင်းသည် တိုင်းရင်း သား များ အမှန်တကယ်လိုချင် သည့် နိုင်ငံရေးဆွေးနွေးပွဲများ၏ လမ်းစဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦး အောင်မင်းက ကေအိုင်အို၊ ကေ အိုင်အေခေါင်းဆောင်များအား ပြောကြားသည်။

“၀”ထိန်းချုပ်ဒေသတွင် ၂၀၁၄ ဧပြီလဆန်း သန်းခေါင်စာရင်း ကောက်ဖို့သဘောတူ

“၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ထိန်းချုပ်ဒေသများ၌ နေထိုင်နေကြသည့် “၀” ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စကို လာမည့် ၂၀၁၄ ခုနှစ် ဧပြီလဆန်း၌ စတင်ကောက်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားခဲ့သည်။

တရုတ်မှာ လူ ၁၀၀ ကျော် ဖမ်းဆီး

တရုတ်နိုင်ငံ ရှင်ကျင်းပြည်နယ် အနောက်ပိုင်း မှာ အွန်လိုင်းက တဆင့် ကောလဟာလတွေ ဖြန့်ဝေတယ် ဆိုပြီး ၂လ အတွင်းမှာ လူ ၄၀၀ နီးပါးကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု တွေ ပြုလုပ်ခဲ့ပါတယ်။

မြိတ်ခရိုင်အတွင်း မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပြီး ပင်လယ်ပြင် ရောက်ရှိနေသော ငါးဖမ်းလှေများအား ကမ်းကပ်ခြင်း၊ ကျွန်းခိုခြင်းများ ပြုလုပ်ရန် အသိပေးထား



မြိတ်မြို့ ရေနံမြေဆိပ်ကမ်းတွင် ကမ်းကပ်ထားသော ငါးဖမ်းလှေငယ်များအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်

မြိတ်ခရိုင်အတွင်း မုန်တိုင်းသတိပေးချက်များ ဆောင်ရွက်နေပြီး ပင်လယ်ပြင်အတွင်း ရောက်ရှိနေသော ငါးဖမ်းလှေများအား ကမ်းကပ်ခြင်း၊ ကျွန်းခိုခြင်းများ ပြုလုပ်ထားရန် တာဝန်ရှိသူများက အောက်တိုဘာ ၇ ရက်မှစပြီး အသိပေးထားကြောင်း သိရသည်။

ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုကြောင့် အန္တရာယ်ဆိုးနှင့် အမေရိကန် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်



နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော ဂျော့ဝါရှင်တန် တောင်ကိုရီးယားတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားမှုကို အောက်တိုဘာ ၄ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

အမေရိကန်၏ နျူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတစ်စင်း ပါဝင်သော တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ပြုလုပ်မည့် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြောင့် အမေရိကန်သည် အန္တရာယ်ဆိုးနှင့် ကြုံတွေ့ရမည်ဟု အောက်တိုဘာ ၈ ရက်တွင် မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ပြီး ၎င်း၏တပ်ဖွဲ့များကိုလည်း တပ်လှန့်ထားလိုက်ကြောင်း သိရသည်။

မူဆယ်တွင် တရားမဝင် ငွေလဲလှယ်သူ တစ်ဦး ကျပ်သန်း ၇၀၀၀ ခန့်လိမ်၍ ထိုင်းသို့ထွက်ပြေး

မူဆယ်တွင် တရားမဝင် ငွေလဲလှယ်သူ တစ်ဦး ကျပ်သန်း ၇၀၀၀ ခန့်လိမ်၍ ထိုင်းသို့ထွက်ပြေး
Wednesday, October 9, 2013 

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င်ငွေကြေးလဲလှယ်သူ အမျိုးသမီးတစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

““ငွေလိမ်ခံလိုက်ရသူတချို့ ရဲစခန်းကိုလာအကြောင်းကြားလို့ ဆွေမျိုးနီးစပ်တော်သူအချို့ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဓိက သံသယရှိသူကတော့ ထိုင်းဘက်တိမ်းရှောင်သွားတယ်လို့ သိရပါတယ်”” ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ငွေလိမ်လည်၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသူမှာ မူဆယ်မြို့ နာရီစင်အနီးနေ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်း၏မိဘများနှင့် သွားရောက်ညှိနှိုင်းခဲ့သော်လည်း အဆင်ပြေမှုမရခဲ့ကြောင်း ငွေကျပ် သိန်းခုနစ်ရာခန့် လိမ်လည်ခံခဲ့ရသည့် နမ့်ခမ်းမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။

တရုတ်ကုန်သည်များနှင့် အဓိကအရောင်းအ၀ယ်ပြုလုပ်သည့် မြန်မာကုန်သည်များက မူဆယ်မြို့တွင် ယွမ်နှင့်ကျပ်ငွေ အလဲအလှယ်ပြုလုပ်ရန် ငွေပေးချေလေ့ရှိပြီး ယခု ငွေလိမ်လည်မှုဖြစ်စဉ်တွင် ရှမ်းပြည်နယ် နမ့်ခမ်းမြို့နှင့် ရန်ကုန်မြို့မှ ကုန်သည်အချို့ လိမ်လည်ခံရခြင်းဖြစ်ကြောင်း မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။
““တရားမ၀င် ငွေကြေးလဲလှယ်တဲ့သူတွေယူတဲ့ ၀န်ဆောင်ခက ဘဏ်တွေထက်သက်သာတော့ ကုန်သည်တွေက ယုံကြည်မှုနဲ့ အလုပ်လုပ်ကြတာ။ အခုလိုဖြစ်တော့ ကုန်သည်အချို့ အခက်အခဲ ဖြစ်ကုန်တယ်”” ဟု အဆိုပါကုန်သည်က ပြောသည်။

ထိုဖြစ်ရပ်ကို မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိဘဲ နမ့်ခမ်းနှင့်ရန်ကုန်မြို့ရှိ သက်ဆိုင်ရာရဲစခန်းများတွင်သာ အမှုဖွင့်တိုင်ကြားထားကြောင်း သတင်းရရှိသည်။

7Day Daily

http://www.myanmaronlinenews.net/2013/10/blog-post_2494.html
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရားမ၀င်ငွေကြေးလဲလှယ်သူ အမျိုးသမီးတစ်ဦးသည် ငွေကျပ် သိန်းခုနစ်ထောင်ခန့် လိမ်လည်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မူဆယ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

ရန်ကုန်-ပုသိမ်လမ်းရှိ ကျူးကျော်များ အောက်တိုဘာလအတွင်း ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေး

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ကျူးကျော် များကို အောက်တိုဘာလအတွင်း ပြောင်းရွှေ့ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးစာ ထုတ်ပြန်ထားကြောင်း လှိုင်သာယာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တောင်ကြီး မြို့မဈေးတွင် ပျံကျဈေးသည်များအတွက် နေရာသတ်မှတ်မည်

တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အနောက်ဘက်ရှိ မြို့မဈေးကြီးအတွင်း ရောင်းချနေသော ပျံကျဈေးသည်များ အတွက် နေရာသတ်မှတ် ရောင်းချပေးနိုင်ရန် စီစဉ်ပေးသွား မည် ဖြစ်ကြောင်း တောင်ကြီး မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့မဈေး တာဝန်ခံ ဦးခင်အေးက အောက်တိုဘာ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောက် တိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလ ကိုလည်း မြန်မာ နိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများ ရှိရာ ဗြိတိန်သို့ ဒေါ်စု သွားရောက် မည်

မြန်မာ့ရိုးရာ သင်္ကြန်ကာလကို ဂျပန်တွင် သွားရောင်းတိမ်းရှောင်ပြီးနောက် သီတင်းကျွတ် ကာလကို လည်း မြန်မာနိုင်ငံတွင် မနေပဲ သားနှင့် ချွေးမများရှိရာ ဗြိတိန်သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် မည်။ အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး ဗြိတိန်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်ခ်နိုင်ငံများသို့ သီတင်း ၂ ပတ်ကြာ ခရီးထွက်မည် ဖြစ်ကြောင်း ဘီဘီစီ မြန်မာ သတင်း ဌာန၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မလေးမှ မြန်မာလုပ်သား ၁၇၅ ဦး ပြန်ရောက်

အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရ၍ ဒုက္ခရောက်နေ

မလေးရှားမှ ပြန်လာလိုသော မြန်မာ လုပ်သားများကို လေယာဉ်လက်မှတ် အခမဲ့ဖြင့် MAI လေကြောင်း လိုင်းကအောက်တိုဘာ ၈ ရက်က ပြန်လည် ခေါ်ဆောင်လာရာ ၁၇၅ ဦး ပြန်လည် ရောက်ရှိလာပြီး ၄င်းတို့ အနက် အချို့မှာ မိသားစုနှင့် အဆက်အသွယ် မရ၍ ရန်ကုန်တွင် အဆင်မပြေ ဖြစ်နေသောကြောင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ယူ ခေါ်ဆောင်သွားသည်။

သင်တန်းကြေး အခမဲ့ဖြင့် တိုယိုတာ ကားပြုပြင်ရေး နည်းပညာ သင်တန်းဖွင့်

 
  ဂျပန်နိုင်ငံ တိုယိုတာယာဉ်များနှင့် ပတ်သက်သော မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းရေးဆိုင်ရာ အခြေခံ သင်တန်းကို တိုယိုတာ၏ ဝန်ဆောင်မှုဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု TTAS ကုမ္ပဏီက အောက်တိုဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးဇော်က ပြောကြားသည်။

မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းများကို ကီလိုဂရမ်ဖြင့် တွက်ချက်ကာ ပြည်ပတင်ပို့ရာတွင် အခက်အခဲများ ကြုံနေရ၍ နိုင်ငံတကာသုံး မက်ထရစ်စနစ်ကို တရားဝင်ယူနစ်အဖြစ် ကြေညာမည်

မြန်မာနိုင်ငံမှ ဆန်၊ ပဲ၊ ပြောင်းများကို ကီလိုဂရမ်ဖြင့် တိုင်းတာတွက်ချက်ကာ ပြည်ပသို့ တင်ပို့ရာတွင် အခက်အခဲများ ကြုံနေရ၍ နိုင်ငံတကာသုံး မက်စရစ်စနစ်ကို တရားဝင်ယူနစ်အဖြစ် ကြေညာမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးမည်

၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူများအား အတတ်နိုင်ဆုံး အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပြုလုပ်ပေးမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံက ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည်

T-9-10
(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည့် International Convention Center ကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်
၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို အောက်တိုဘာ ၁၀ ရက်တွင် မြန်မာနိုင်ငံက ဘရူနိုင်း နိုင်ငံထံမှ လွှဲပြောင်းရယူမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရေး အစွမ်းကုန်ကြိုးစားရတော့မည် အင်္ဂလန်

လာမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၂၀၁၄ အတွက် ဖီဖာမှနေပြီး ခြေစစ်ပွဲအောင်သည့် စာရင်းအပြည့် အစုံမထွက်သေးခင်မှာ ကမ္ဘာ့အဆင့် (၁) ကနေ (၇) အထိနှင့် အိမ်ရှင် ဘရာဇီးအပါအ၀င် ((၈) သင်းကို အုပ်စုခွဲရာတွင် အုပ်စု (၈) စုမှာ ဦးစားပေး (first pots) ခေါင်းဆောင်အသင်း များအဖြစ် ရွေးချယ်သွားမည်ဟု

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် မေလ ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေးကိုသာ ဆွေးနွေး

W-9-10
မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က ကျင်းပသော အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်း ဆိုင်ရာ များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် နှစ်ဖက်တပ်များအကြား ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ပေါ် မလာစေရန် JMC (Joint Monitoring Commttee) များ ဖွဲ့စည်းရေး တို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

Sky Net မီဒီယာအား အခွန်ကင်းလွတ်ခွင့် သုံးနှစ်အပါအ၀င် ၃၃ နှစ်အထိ လုပ်ကိုင်ခွင့် ပြုထားဟု သိရ

Sky Net မီဒီယာအား အခွန်ကင်းလွတ်ခွင့် သုံးနှစ်အပါအ၀င် ၃၃ နှစ်အထိ လုပ်ကိုင် ခွင့် ပြု ထားပြီးကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အောက်တိုဘာလ ၈ ရက်တွင် ပြောကြားချက်အရ သိရသည်။