Friday, June 26, 2015

မန္တလေးမြို့ အဆောင်တွင် အမျိုးသမီးတစ်ဦး အကူအညီမပါဘဲကလေးမွေးရာမှ သွေးလွန်သေဆုံး

မန္တလေးမြို့ မဟာ အောင်မြေမြို့နယ်ရှိ အမျိုးသမီး အဆောင်တစ်ခုတွင် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတစ် ဦးတည်း ကလေးမီးဖွားရာမှ သွေး လွန်၍ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။
မဟာအောင်မြေမြို့နယ်ရှိ အမျိုးသမီးအဆောင်တစ်ခုတွင် ဇွန်လ ၂၄ ရက် ညနေက အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး သည် ၎င်း၏အခန်းအတွင်း က လေးမီးဖွားနေသည်ကို အဆောင် မှူးနှင့် အဆောင်သူများက တွေ့ ရှိသဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သွေးလွန်သေဆုံးသွားခြင်းဖြစ်ပြီး ကလေးမှာအသက်ရှင် ကျန်းမာ လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်း သိရသည်။

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို"

အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့သြစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

"အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်"

သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ)သည်နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊စသည့်အမြင်များရှိရမည်အစားနိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။