Thursday, January 3, 2013

တရုတ်နိုင်ငံသို့ မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် ရွှေမှုန့် ၇၅ ကီလိုကို ရုရှား- တရုတ် နယ်နိမိတ်တွင် ဖမ်းဆီး ရမိ


တရုတ်နိုင်ငံသို့ မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် ရွှေမှုန့် ၇၅ ကီလိုကို ရုရှား- တရုတ် နယ်နိမိတ်တွင် ဖမ်းဆီး ရမိ
Thursday, January 03, 2013

တရုတ် နိုင်ငံ အတွင်းသို့ ရွှေမှုန့် ပမာဏ အများ အပြားကို မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦးကို ရုရှား- တရုတ် နယ်စပ်တွင် ဆိုက်ဘေးရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရုရှား ပြည်ထဲရေး ဝန်ကြီး ဌာနက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားကို ဆိုက်ဘေးရီးယား အရှေ့ပိုင်း မာဘိုင် ခါလက်စ်ခ် စစ်ဆေးရေး ဂိတ်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မာဘိုင်ခါ လက်စ်ခ် စစ်ဆေးရေး ဂိတ်မှ ရဲတပ်ဖွဲ့ဝင် များသည် ၎င်း အမျိုးသား မောင်းနှင် လာသော တိုယိုတာ ကားကို စစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း အမေရိကန် ဒေါ်လာ ၄၄ဝဝဝဝ တန်ဖိုးရှိ ရွှေမှုန့် ပမာဏ ၇၅ ကီလိုကို ရှာဖွေ တွေ့ရှိခဲ့ ပြီးနောက် သိမ်းဆည်း ခဲ့ကြောင်း ဝန်ကြီး ဌာနက ပြောကြား ခဲ့သည်။ ထို့ပြင် ၎င်း ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ် ကလည်း ရွှေမှုန့် ပမာဏ ၁၂ ကီလိုကို မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦးကို အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

မြ၀တီ
တရုတ် နိုင်ငံ အတွင်းသို့ ရွှေမှုန့် ပမာဏ အများ အပြားကို မှောင်ခို တင်သွင်းရန် ကြိုးပမ်းခဲ့သည့် အမျိုးသား တစ်ဦးကို ရုရှား- တရုတ် နယ်စပ်တွင် ဆိုက်ဘေးရီးယား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရုရှား ပြည်ထဲရေး

မွမ်ဘိုင်း မြို့ပတ် ရထားပေါ်မှ ခရီးသွား သုံးဦး ပြုတ်ကျ သေဆုံး


မွမ်ဘိုင်း မြို့ပတ် ရထားပေါ်မှ ခရီးသွား သုံးဦး ပြုတ်ကျ သေဆုံး

အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့တွင် လူများ အဆမတန် တင်ဆောင် ထားသည့် မြို့ပတ် ရထား သုံးစင်းပေါ်မှ  ခရီးသည်  သုံးဦး ပြုတ်ကျ သေဆုံး ခဲ့ကြောင်း  ရဲတပ်ဖွဲ့ဝင် များက ပြောကြားခဲ့သည်။

သေဆုံးသူ သုံးဦးအနက် နှစ်ဦးမှာ အသက် ၂၂ နှစ် အရွယ်ရှိ ဒီပက်ရှ် ကာဒမ်နှင့် အသက် ၃၄ နှစ် အရွယ်ရှိ အရှော့စ် ရှီးလာတို့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မတော် တဆမှု ဖြစ်ပွား ရခြင်းမှာ ရထားများအား သီတင်းပတ် အကုန်တွင် ပြုပြင်မှုများ လုပ်ဆောင် ခဲ့သော်လည်း ရထား ပြေးဆွဲမှု အရေအတွက် နည်းပါးခဲ့ ခြင်းကြောင့် ဖြစ်ကြောင်း ရထားပုံ မှန်စီးသူ ခရီးသည် များက ပြောကြား ခဲ့သည်။ 

၎င်းရထား ပြင်ဆင်မှု လုပ်ငန်းများမှာ ဇန်နဝါရီ ၁ ရက် နံနက် ၆ နာရီက ပြီးစီး ခဲ့သည်ဟု မီးရထား ဘူတာရုံမှ တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။

ထို့ပြင် မြို့ပတ်ရထား များ၏ ရောက်ရှိချိန်နှင့် ထွက်ခွာချိန် တို့ကို မှားယွင်းစွာ အချက်ပြမှု များကြောင့်  နှောင့်နှေး ခဲ့ရသည်ဟု ယူဆရကြောင်း ဘူတာရုံမှ တာဝန်ရှိသူ တစ်ဦးက IANS သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

http://www.myawady.net.mm/allnews/global/item/3487-2013-01-03-10-03-39


အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့တွင် လူများ အဆမတန် တင်ဆောင် ထားသည့် မြို့ပတ် ရထား သုံးစင်းပေါ်မှ

အရစ်ကျ စနစ်ဖြင့် ရောင်းချခဲ့ပြီးဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်း ကတ်များ ထပ်မံ ချထားပေးမည့် မိုဘိုင်းလ်ဖုန်း ကတ်များနှင့် ဈေးနှုန်း တူညီမည်ဟု သိရ



အရစ်ကျ စနစ်ဖြင့် ရောင်းချခဲ့ပြီးဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်း ကတ်များ ထပ်မံ ချထားပေးမည့် မိုဘိုင်းလ်ဖုန်း ကတ်များနှင့် ဈေးနှုန်း တူညီမည်ဟု သိရ

Thursday, January 03, 2013

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်ကာ ကုမ္ပဏီ ကြီးများမှ အရစ်ကျ စနစ်ဖြင့် အများ ပြည်သူ များအား ရောင်းချ ပေးခဲ့ပြီး ဖြစ်သည့် GSM မိုဘိုင်းလ်ဖုန်း ကတ်များကို ဝယ်ယူထားပြီး သူများသည် အသစ် ထပ်မံ ချထားပေးမည့် မိုဘိုင်းလ်ဖုန်း ကတ်များနှင့်ဈေးနှုန်း တူညီမှု ခံစားခွင့် ရမည်ဖြစ် ကြောင်း ရတနာပုံ Call Center မှ တစ်ဆင့် သိရသည်။


မြ၀တီ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ချိတ်ဆက်ကာ ကုမ္ပဏီ ကြီးများမှ အရစ်ကျ စနစ်ဖြင့် အများ ပြည်သူ

နွေစပါးစိုက်တောင်သူများအတွက် ယူရီးယားမြေသြဇာ (၅)လဆိုင်းဖြင့် ရောင်းချနေ

နွေစပါးစိုက်တောင်သူများအတွက် ယူရီးယားမြေသြဇာ (၅)လဆိုင်းဖြင့်
ရောင်းချနေ
Thursday, January 03, 2013

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှဦးဆောင်၍ တောင်သူလယ်
သမားများအတွက် နွေစပါးစိုက်ရာသီအမီ အင်ဒိုနီးရှားနိုင်ငံထုတ် ယူရီးယား
ဓါတ်မြေသြဇာအိတ်တစ်သိန်းအား (၅)လဆိုင်းစနစ်ဖြင့် ရောင်းချပေးသွား
မည်ဖြစ်သည်။

“မြို့နယ်တိုင်းမှာရှိတဲ့ တောင်သူလယ်သမားကော်မတီတွေကတဆင့်
တောင်သူလယ်သမားတွေ နွေစပါးစိုက်ဖို့ အဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ အထွက်နှုန်းကောင်းတဲ့ ယူရီးယားဓါတ်မြေသြဇာကို (၅)လဆိုင်း ငွေပေးချေ
စနစ်နဲ့ အခုကစပြီး ရောင်းချပေး သွားမှာပါ ”ဟု မြန်မာနိုင်ငံတောင်သူ
လယ်သမားအသင်းဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။

အဆိုပါစနစ်ဖြင့် အမြို့မြို့အနယ်နယ်ရှိ စပါးစိုက်ပျိုးတောင်သူများကို ယူရီးယားဓါတ်မြေသြဇာ အိတ်ရေ(၁)သိန်း ရောင်းချပေး သွားမည်ဖြစ်ပြီး
မြန်မာတောင်သူလယ်သမားအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်
မြန်မာ့လယ်ယာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ပူးပေါင်း၍ လဆိုင်းစနစ်ဖြင့်
ရောင်းချပေးနေခြင်းဖြစ်သည်။

“နွေစပါးက တစ်ခါထည့်ရင် အိတ်(၄၀၊ ၅၀)လောက်ထည့်ရတာဆိုတော့ ဒီလိုမျိုး(၅)လဆိုင်း အကြွေးစနစ်နဲ့ ရောင်းချပေးတော့ ချောချော
ချူချူဖြစ်သွားတာပေါ့။ ဒီနှစ်ဆို ရာသီဥတုကြောင့် တော်တော် ဆိုးဆိုးဝါးဝါးဖြစ်သွားပြီး စပါးဈေးတွေလည်း အရမ်းကျတော့ မခံသာဘူးလေ ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ လှည်းကျိုးကျေးရွာအုပ်စုမှ တောင်သူ ဦးသိန်းအောင်က ပြောသည်။

ထိုကဲ့သို့ ရောင်းချပေးခြင်းမှာ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း
အတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် တစ်ဖက်
တစ်လမ်းမှတက်နိုင်သမျှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကြောင်း၊
တောင်သူလယ်သမားများ၏ သက်သာချောင်ချိရေးအတွက် ယူရီးယား
ဓာတ် မြေသြဇာ ဈေးနှုန်းများကိုလည်း မူလ၀ယ်ခဲ့သည့် ပြည်ပဈေးနှုန်းနှင့် သယ်ယူပို့ဆောင်ခတို့ကိုသာ တွက်ချက်၍ (၅)လဆိုင်း ငွေပေးချေစနစ်ဖြင့် ယခုကဲ့သို့ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ဓါတ်မြေသြဇာအတွက် ဆိုင်းငံ့ စနစ်ဖြင့် ၀ယ်ယူလိုသော တောင်သူများ
အနေဖြင့် မြို့နယ်၊ တိုင်း၊ ကျေးရွာအလိုက် လယ်သမားများ(၇)ဦးဖြင့် ဖွဲ့စည်းထားခဲ့သော ကော်မတီအဖွဲ့မှ ဦးစီးကာ လိုအပ် ဓါတ်မြေသြဇာကို စာချုပ်၌ လက်မှတ်ရေးထိုးကာ ထုတ်ယူနိုင်ကြောင်း သိရှိရသည်။

"အရင်ကတည်းက ကျေးရွာ မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ကော်မတီအဖွဲ့
ကနေ မိမိတို့ ကျေးရွာ အတွက်တော့ ဘယ်လောက်ယူမယ်။ ဘယ်နှစ်ဦး
ရှိတယ်ဆိုတာကို ဦးစီးပြီးတော့ တာဝန်ယူ လက်မှတ်ထိုး ထုတ်ယူနိုင်ပါ
တယ်။ ၀ယ်ယူနိုင်တာကတော့ကျွန်တော်တို့အသင်းတွေမှာပါပဲ"ဟု တောင်သူ
လယ်သမားအသင်း ဥက္ကဌ ဦးစိုးထွန်းက ပြောသည်။

အဆိုပါ ဓါတ်မြေသြဇာများကို တောင်သူလယ်သမားများမှ ၀ယ်ယူရာတွင် ကီလို(၅၀)၀င် တစ်အိတ် လျှင် (၁၉၅၀၀)ကျပ် ကျသင့်မည်ဖြစ်ပြီး စရန်ပေးစရာမလိုဘဲ (၅)လပြည့်မှ ငွေအကျေပေးချေရမည့် စနစ်ဖြစ်သည်။

Myit Makha Mediagroup

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှဦးဆောင်၍ တောင်သူလယ် သမားများ အတွက် နွေစပါး စိုက်ရာသီအမီ အင်ဒိုနီးရှားနိုင်ငံထုတ် ယူရီးယားဓါတ်မြေသြဇာအိတ်တစ်သိန်းအား (၅)လ ဆိုင်း

ဘင်္ဂလားဒေ့ရှ်ဈေးကွက်၌ အလုပ်ဖြစ်နေသည့် မြန်မာသနပ်ခါးတုံးများ


ဘင်္ဂလားဒေ့ရှ်သို့ ပြည်တွင်းပို့ကုန်အဖြစ် သနပ်ခါးတုံးများ တင်ပို့နေရကြောင်း  မြန်မာ-

ငြိမ်းချမ်းသောရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုနေပါသည်

ငြိမ်းချမ်းသောရင်ခွင်မှ နွေးထွေးစွာ ကြိုဆိုနေပါသည်

Thursday, January 03, 2013

တစ်နှစ်ကျော်ကြာခဲ့ပါပြီ …. သယံဇာတပေါကြွယ်ဝလို့ ရေခံမြေခံကောင်းပြီး သာယာလှပတဲ့ ကချင်မြေမှာ.....။
- သေနတ်သံတွေ၊ မိုင်းသံတွေ ၊ ယမ်းခိုးတွေနဲ့ ပြည့်နေတဲ့ မြင် ကွင်းတွေ …
- သွေးသံရဲရဲနဲ့ အော်ဟစ်ငြီးတွားသံတွေ …
- မှောင်မှောင်မဲမဲမိုးရေထဲမှာ ခြင်ကိုက်၊ ဖြုတ်ကိုက်နဲ့ ငုတ်တုတ်ထိုင် ပြီး ဖြတ်သန်းခဲ့ရတဲ့ ညတွေ …
- ဘယ်တော့်ပြန်လာမလဲဆိုပြီး ညနေတိုင်းမှာ မျက်ရည်အပြည့်နဲ့ သားကို မျှော်နေတဲ့ မိခင်တွေ …
- အဖေကြီးပြန်လာရင် ကုန်းပိုးပြီး ဆော့မယ်ဆိုတဲ့ သားငယ်သမီး ငယ်တွေရဲ့ ငိုမဲ့မဲ့ပုံရိပ်တွေ …
- တောင်ထိပ်ကစခန်းငယ်မှာ ဆန်လက်တစ်ဆုပ်ကို ဆားမပါ၊ ငရုပ် မပါတဲ့ ပိန်းဥဟင်းနဲ့ နေ့စဉ်စားရင်း “မနက်ဖန်အတွက် ငါအသက်ရှင်ပါအုံးမလား ” ဆိုတဲ့အတွေးနဲ့ ရင်ထဲမှာ ကြိတ်ငိုနေတဲ့ အသုံး ချခံ ပြည်သူတွေ …
ဘာရည်ရွယ်ချက် ၊ ဘယ်သူအကျိုးအတွက် ၊ ဘယ်လိုအနာဂတ်မျိုးအတွက် ဒီလိုအဖြစ်ဆိုးတွေ ဖြစ်နေရ တာလဲ၊ ဘယ်အထိဆက်ဖြစ်နေကြအုံးမှာလဲ၊ ရခဲလှတဲ့ လူ့ဘ၀ သက်တမ်းလေးတစ်ခုမှာ ဒီလိုအဖြစ်ဆိုး တွေကြားထဲ မှာဘဲ KIA ရဲ့ အသုံးချခံဘ၀နဲ့ အဆုံးသတ်ကြတော့မှာလား ? စဉ်းစားကြပါ …
နိုင်ငံတော်အစိုးရအနေနဲ့ တစ်ပြည်လုံးငြိမ်းချမ်းပျော်ရွှင် စွာ နေထိုင်နိုင် ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံတော် တစ်ခုတည် ဆောက်နိုင်
ဖို့အတွက် ခိုင်မာတဲ့ သန္နိဌာန်ကိုချမှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကို ငြိမ်းချမ်းရေးလမ်းပေါ် လက်တွဲကူညီဖေးမလို့ ခေါ်ဆောင်ခဲ့ရာ မှာ စေတနာမှန်ကို နားလည်သဘော ပေါက်ခဲ့သူတွေကတော့ မြန်မာနိုင်ငံ သားတိုင်းရဲ့ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တွေကို တန်းတူရည်တူခံ စား နေကြပြီး တစ်ပြည်လုံးပျော်လို့ ရွှင်လို့နေနိုင်ပေမယ့်လည်း မြန်မာ
ပြည်မြောက်ဖျားက ကချင်ပြည်နယ်မှာတော့ အနိဌာရုံတွေက လွှမ်းမိုးနေ ဆဲပါ …။
“ လူ့အောက်ကျို့လို့ လူမသေပါ ” ဆိုတဲ့စကားလို နိုင်ငံတော်အစိုးရအနေနဲ့
ပြည်သူလူထုတစ်ရပ်လုံးရဲ့ အကျိုးကို ရှေ့ရှုပြီး သည်းခံစိတ်ရှည် စွဖြင့် ရေ ရှည် အကျိုးကိုမျှော်ကိုးကာ KIO/KIA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေး နွေးကြဖို့ ကြိမ်ဖန်များစွာကမ်းလှမ်းခဲ့၊ ၎င်းတို့ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းခဲ့ပေမဲ့ အပစ် အခတ်ရပ်စဲရေးကိုသွေဖယ် ပြီး နိုင်ငံရေးဆွေးနွေး ဖို့သာ အပ်ကြောင်းထပ်အောင် ပြောကာ စစ်ရေးလှုပ်ရှားမှုတွေ ကိုဆက် လက်ဦးတည်လုပ်ဆောင်လာခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့် အောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဘယ်လောက်ထိ စစ်ကိုလိုလားနေသလဲဆိုရင် တပ်မတော် အနေနဲ့ နိုင်ငံ
တော်သမ္မတကြီးရဲ့ အမိန့်ကိုနာခံပြီး မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်မှအပ စစ်ဆင်တိုက်ခိုက်ခြင်းမပြုလုပ်ခဲ့ပေမဲ့လည်း KIO/KIA အနေနဲ့ တပ်မတော် စစ်ကြောင်းတွေရဲ့ မဖြစ်မနေသွားလာလုပ်ဆောင်ရတဲ့ ရိက္ခာပို့ဆောင်
ရေးတွေ၊ အုပ်ချုပ်မှု ကိစ္စရပ်တွေဆောင်ရွက်ချိန်မှာ ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ပြီးတော့ အင်အားသုံးပြီး ပြင်းပြင်း ထန်ထန် ဖြတ်တောက် တိုက်ခိုက်တာတွေ ၊ နှောက်ယှက်ပစ်ခတ်တာတွေ၊ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရထားလမ်းတွေ မိုင်းခွဲ၊ တံတားတွေချိုး၊ ရဲစခန်းတွေ ၀င်တိုက်၊ စစ်ကြောင်းတွေ မိုင်းဆွဲလို့ ဒုက္ခသည်များ တိုးပွားအောင်ဖန်တီး လုပ်ဆောင်ခဲ့ ပါတယ်။ ဒါတင်မက KIA အင်အားတောင့်တင်းဖို့အတွက် ရ၀မ်၊ လီဆူး၊ လော်ဝေါ်၊ လာချိတ်၊ ရှမ်း တိုင်းရင်းသားများသာမ က ဂေါ်ရခါးလူမျိုးတွေကိုပါ ကျား/မ မခွဲခြားဘဲ အဓမ္မဖမ်းဆီး လူသစ်စု
ဆောင်းကာ ရှေ့တန်းကအသေခံခိုင်းတာတွေ အဆက်မပြတ် ကျူးလွန်နေခဲ့ပါတယ်။

KIA အနေဖြင့် လိုင်ဇာဒေသက ပြည်သူလူထုတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်များအဖြစ်အမည်ခံ၍ ပြည်ပနိုင်ငံများမှ အကူအညီတွေရရှိအောင် ဖန်တီးနေသလို ဒုက္ခသည်များထဲမှာ အရွယ်ကောင်း ယောင်္ကျား၊ မိန်းမအား လုံးကို တပ်သားအဖြစ်နဲ့ အဓမ္မစုဆောင်းကာ သေတွင်းကိုပို့နေသလို ကျန်ရှိတဲ့ အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူနဲ့ ကလေးငယ် များကို
တော့ KIA ဌာနချုပ်ကို လူသားတံတိုင်းနဲ့ ကာရံထားဖို့ စီမံဆောင်ရွက်
နေကြပြီဖြစ်လို့ KIA ရဲ့ အသုံးချတာခံနေရတဲ့ ဒုက္ခသည် စခန်းက ပြည်သူ
တွေ အနေနဲ့ ကိုယ်ဘ၀ နောင်ရေးအတွင် စဉ်းစားနားလည်ကြဖို့ လိုအပ်ပါပြီ။

အခုဆိုရင် KIA ရဲ့ထိန်းချုပ်မှုအောက်က ဒုက္ခသည်စခန်းမှာရောက်နေ တဲ့ ပြည်သူလူထုတွေအနေနဲ့ နိုင်ငံတော်အစိုးရရဲ့ အရိပ်အာဝါသအောက် ကို ရောက်လာရင် စားဝတ်နေရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေ ကို ဆောင်ရွက်ပေးဖို့ နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်နေပါပြီ …
KIO/KIA အနေနဲ့လည်း စစ်ပြေးဘ၀ကို ရောက်ရှိနေပြီဖြစ်လို့ ဒုက္ခသည် အမည်ခံ ပြည်သူလူထုကို ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တော့သလို KIAေ ခါင်းဆောင်ပိုင်းတွေအနေနဲ့ နဂိုမူလကတည်းက အကြံ အစည်နဲ့ တရုတ်နိုင်ငံထဲမှာ ကိုယ်ပိုင်ဟိုတယ်တွေနဲ့ ဇိမ်ကျနေမှာပါ။ မသိနားမလည် တဲ့ ပြည်သူတွေဘဲ ဆင်းရဲမွဲတေငတ် မွတ်မှုဒဏ်တွေကို ခါးစည်းခံရမှာပါ …

တစ်နှစ်ကျော်ကာလအတွင်းမှာ KIA ရဲ့ တစ်ယူသန်လုပ်ရပ်တွေကြောင့် ကချင်ပြည်နယ်အတွင်းမှာ လမ်းတံတားတွေ ဖျက်ဆီး၊ ကုန်ဈေးနှုန်း
တွေ မြင့်တက်၊ အဓမ္မဖမ်းဆီးခံရမှုတွေ၊ မြေ မြှု ပ်မိုင်းဒဏ်တွေစတဲ့ အထိတ်တလန့်နဲ့ ကျီးလန့်စာစားနေရတဲ့ ဘ၀မျိုးကနေ လွတ်မြောက်
အောင် နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းတဲ့ အရိပ်အောက်ကို အမြန်ဆုံး
ဝင်ရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း တရား
ဥပဒေ စိုးမိုးမှု ရှိတဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်မှုအောက်မှာ အေးချမ်းစွာနဲ့ လာရောက်ပူးပေါင်း နေထိုင်နိုင်မှာဖြစ်လို့ အမြန်ဆုံး လာ ရောက်ကြဖို့ လိုအပ်ပါတယ်။

နွေးထွေးစွာကြိုဆိုလျက်ပါ ……

မြ၀တီ

တစ်နှစ်ကျော်ကြာခဲ့ပါပြီ …. သယံဇာတပေါကြွယ်ဝလို့ ရေခံမြေခံကောင်းပြီး သာယာလှပတဲ့ ကချင်မြေ

ငွေလဲ လှယ်နှုန်း

ယနေ့ ဇန်န၀ါရီ ၃ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၅၇ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၂၉.၀ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၇၀၁.၆၀ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၉၂.၆ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၈၂.၈၅ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၉၉.၁၇ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၇.၅၅ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၇၆၇ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ -၈၀.၅၀၀ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၈၂.၄၉ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၂၃၇ ကျပ် သတ်မှတ်သည်။MRTV 4
ယနေ့ ဇန်န၀ါရီ ၃ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲ

ဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်ခနှုန်းထား လျော့ကျလာ

ဖိုက်ဘာအင်တာနက်လိုင်း တပ်ဆင်ခနှုန်းထား လျော့ကျလာ
Tursday, January 03, 2013 

ယခင်က ငွေကျပ် (၇)သိန်းခွဲဖြင့် ရောင်းချနေသည့် ဖိုက်ဘာအင်တာနက်
လိုင်းတပ်ဆင်ခများကို ယခုအခါ  ငွေကျပ် (၅)သိန်းသို့ ဈေးနှုန်းလျှော့ချ
 ရောင်းချလာကြာင်း သိရသည်။ 

အဆိုပါ ဖိုက်ဘာအင်တာနက်လိုင်းများကို Elite Tech ကုမ္ပဏီနှင့် Fortune ကုမ္ပဏီတို့မှ ရန်ကုန်မြို့ အတွက် တပ်ဆင်ပေးနေကြခြင်း ဖြစ်သည်။ 

ဖိုက်ဘာအင်တာနက်လိုင်းများအား 512 Kbps, 1Mbps, 2Mbps ဟူ၍ ခွဲခြားရောင်းချနေခြင်း ဖြစ်ပြီး 4Mbps အင်တာနက်လိုင်း အတွက် သီးခြားလျှောက်လွှာများ တင်နိုင်ကြောင်းကိုလည်း သိရသည်။ 

 “လစဉ်ကြေးများနဲ့ နှစ်စဉ်ကြေးတွေကိုတော့ ပြောင်းလဲခြင်းမရှိဘဲ ကနဦး တပ်ဆင်ခကိုသာ လျှော့ချ ခဲ့ခြင်းဖြစ်တယ်”ဟု Fortune ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ဖိုက်ဘာအင်တာနက်စနစ်အား Fortune Int''l Ltd ကုမ္ပဏီနှင့် Elite Tech ကုမ္ပဏီနှစ်ခုမှ Network Provider အဖြစ် ရန်ကုန်မြို့အား ဇုန်နှစ်ခုသတ်မှတ်
ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး Fortune Int''l Ltd ကုမ္ပဏီမှ လက်ရှိတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဒဂုံမြို့နယ်၊ အလုံမြို့ နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကင်းမြို့နယ် (အချို့)၊ တာမွေမြို့နယ် (အချို့)၊ မရမ်းကုန်းမြို့နယ်(အချို့)တွင် ဖိုက်ဘာအင်တာနက်
စနစ်အား ၀န်ဆောင်မှုပေးလျက်ရှိသည်။ 

ပြည်တွင်း အင်တာနက်လိုင်းများ၏ ကနဦး ဈေးနှုန်းများမှာ မြန်မာ့ဆက်
သွယ်ရေး ADSL အင်တာနက်လိုင်း ၅ သောင်းကျပ်၊ ရတနာပုံတယ်လီပို့ ADSL အင်တာနက်လိုင်း ၁ သိန်းကျပ်၊ Wimax အင်တာနက်လိုင်း ၄ သိန်း ၅ သောင်းကျပ်တို့ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါ ဖိုက်ဘာအင်တာနက်စနစ်အား လက်ရှိတွင် အင်တာနက်လိုင်းနှင့် VOIP တယ်လီဖုန်း လိုင်းတို့အား ၀န်ဆောင်မှုပေးလျှက် ရှိပြီး Triple Play Service (အင်တာနက်၊ VOIP ဖုန်းလိုင်း၊ ရုပ်သံလိုင်း)အား နောက်ပိုင်းတွင် ၀န်ဆောင်မှုပေးနိုင်တော့ မည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“ဈေးချလည်း connection က အရင်လို လိမ်ဖယ် လိမ်ဖယ်ဆိုဘာထူးမှာလဲ၊
ကျွန်တော်တို့က connection ကောင်းတာကိုပဲ လိုချင်တာ၊”ဟု ဖိုက်ဘာ
အင်တာနက်စနစ်အားအသုံးပြုသူ ကိုစိုးထွန်းဦးကပြောသည်။

Myit Makha Mediagroup


ယခင်က ငွေကျပ် (၇)သိန်းခွဲဖြင့် ရောင်းချနေသည့် ဖိုက်ဘာအင်တာနက်လိုင်းတပ်ဆင်ခများကို

“ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားရောဂါပိုး အရှေ့တောင် အာရှတွင် တွေ့ရှိရ”


“ဆေးဝါးများကို ခံနိုင်ရည်ရှိသည့် ငှက်ဖျားရောဂါပိုး အရှေ့တောင်
အာရှတွင် တွေ့ရှိရ”

Thursday, January 03, 2013
အရှေ့တောင် အာရှဒေသတွင် စတင်ဖော်ထုတ် တွေ့ရှိလာသည့် အမျိုးအစား
သစ် ငှက်ဖျားရောဂါနှင့် ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ပညာရှင်
များက စိုးရိမ်နေကြောင်း သိရသည်။

ယခုတွေ့ရှိရသည့် ငှက်ဖျားရောဂါသည် ယခင်က မှတ်တမ်းတင်ထားသည့် ငှက်ဖျားရောဂါမျိုး မဟုတ်ဘဲ လက်ရှိ ကုသနေသော ဆေးဝါးများကို ခံနိုင်ရည် ရှိနေကြောင်း ပညာရှင်များက ဆိုသည်။

အသက်(၅)နှစ်ရှိ မြန်မာ ကလေးငယ် အေးမြင့်သန်းကို ကုသပေးနေသည့်
ဒေါက်တာ ဖရန်ကွိုက်စ် နော့စ်တန်းက "သူ့အခြေအနေ ကောင်းတယ်"ဟု မှတ်ချက်ချပြီးနောက် အခြားလူနာ တစ်ဦးထံ ပြောင်းရွှေ့သွားသည်။

Planet Myanmar Network
အရှေ့တောင် အာရှဒေသတွင် စတင်ဖော်ထုတ် တွေ့ရှိလာသည့် အမျိုးအစားသစ် ငှက်ဖျားရောဂါနှင့်

တင်းမာမှုလျှော့ချဖို့ မြောက်ကိုရီးယားကမ်းလှမ်းမှု တောင်ပိုင်းပယ်ချ

ကမ္ဘာ့သတင်းများ  03/01/2013

နိုင်ငံတကာသတင်း

တင်းမာမှုလျှော့ချဖို့ မြောက်ကိုရီးယားကမ်းလှမ်းမှု တောင်ပိုင်းပယ်ချ 

ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့တာဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန် လိုက်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ပြောဆိုချက်ထဲမှာ ခိုင်ခိုင်မာမာ ကမ်းလှမ်းမှုမျိုး မပါဘဲ အပေါ်ယံသဘောသာ ဖြစ်နေတယ် လို့ တောင်ကိုရီး ယားရဲ့ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီး Yu Woo-Ik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။

မြောက်ကိုရီးယားက ဘယ်လိုသဘောနဲ့ ဒီလို ပြောခဲ့သလဲဆိုတဲ့ အပေါ် တောင်ကိုရီးယား အနေနဲ့ မေးခွန်း ထုတ်ဖို့လိုတယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီး ယား ခေါင်းဆောင်ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေ အဆုံးသတ်ပြီး တောင်နဲ့မြောက် ကိုရီး ယား ပြန်လည်ပေါင်းစည်းကြဖို့ အင်္ဂါနေ့ကပဲ ထပ်မံ တိုက်တွန်းခဲ့တာပါ။

အကဲခတ်သူတချို့ကတော့ မြောက်ကိုရီးယားဘက်က ပြန်လည်သင့်မြတ်ရေး ပြောဆိုချက်ဟာ လုပ်ရိုးလုပ်စဉ် မဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အရိပ်လက္ခဏာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယားအနေနဲ့ စိုက်ပျိုးမွေးမြူရေး၊ စက်ရုံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အစိုးရ က ထိန်းချုပ် ထားတာတွေ လျှော့ပေါ့ကောင်း လျှော့ပေါ့နိုင်တဲ့ အလားအလာတွေ ရှိတယ်လို့ လည်း သုံးသပ်နေကြတာပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ စစ်လက်နက်နဲ့ အသုံးအဆောင် ပစ္စည်းတွေ လျှော့ချဖို့ ပြောဆိုထားတာ ဖြစ်သလို စစ်တပ်ကိုလည်း ထပ်တလဲလဲ ချီးမွမ်း ထားတာ ဖြစ်ပါတယ်။




အမေရိကန်ဘဏ္ဍာရေး ညှိနှိုင်းမှု လွှတ်တော်နှစ်ရပ် အတည်ပြု 

အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းကြီး ဆိုက်မယ့်အရေးကို ရှောင်ရှားနိုင်မယ့်အစီအစဉ်တခုကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒါဟာဖြင့် အမေရိကန်စီးပွားရေးကို ပိုအားကောင်းစေမယ့် ကျယ်ပြန်တဲ့ ကြိုးပမ်းမှု တခုရဲ့ ခြေလှမ်းတဆင့်ဖြစ်တယ်လို့ သမ္မတ ဘရာ့ခ်အိုဘားမားက ပြောပါတယ်။

အထက်လွှတ်တော်က အစောပိုင်းမှာ အတည်ပြုထားတဲ့ အစီအစဉ်ကို ရီပတ်ဘလီကန်ပါတီ ကြီးစိုးထားတဲ့ အောက်လွှတ်တော်ကနေ အင်္ဂါနေ့နှောင်းပိုင်းမှာ အတည်ပြုခဲ့တာပါ။ အဲဒီအစီအစဉ်ထဲမှာ အစိုးရအသုံးစရိတ်ကို ပိုပြီး လျှော့ချဖြတ်တောက်တာတွေ ထည့်သွင်းဖို့ ရီပတ်ဘလီကန် လွှတ်တော် အမတ်တချို့က ကြိုးစားခဲ့သေးပေမဲ့ တခြားလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ အလုံအလောက်မရတာကြောင့် မအောင်မြင်ခဲ့ပါဘူး။အခွန်နှုန်းထား၊ အစိုးရအသုံးစရိတ်ပမာဏ၊ ကာလရှည်ကြာ ဆိုးရွားနေတဲ့ လိုငွေပြမှုနဲ့ နိုင်ငံပေါ်တင်ရှိနေတဲ့ ကြွေးမြီကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတအိုဘားမားနဲ့ ကွန်ဂရက် လွှတ်တော်က ရီပတ်ဘလီကန်တွေအကြား လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အငြင်းပွားနေခဲ့တာပါ။ အင်္ဂါနေ့ကရခဲ့တဲ့ သဘောတူညီချက်ဟာ မပြည့်စုံဘူးဆိုပေမဲ့ အမေရိကန်လူထုအတွက် အကောင်းဆုံးဖြစ်တယ်လို့ လွှတ်တော် ခေါင်းဆောင်တွေက ပြောကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဘဏ္ဍာရေး အကျပ်အတည်းပြေလည်အောင် ညှိနှိုင်းနိုင်ခဲ့ တာကြောင့် ကမ္ဘာတ၀န်းက အစု ရှယ်ယာဈေးကွက်တွေမှာ ဈေးနှုန်းတွေ တက်သွားခဲ့ပါတယ်။




ဟီလာရီကလင်တန်ဆေးရုံကဆင်းပြီ


နယူးယောက်မြို့ က ဆေးရုံတရုံမှာ ဦးခေါင်းသွေးခဲမှုကို ကုသမှုခံယူနေတဲ့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ဟာ့ မနေ့က ညနေမှာ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

ဟီလာရီ့ ကို ခင်ပွန်းဖြစ်သူသမ္မတဟောင်းဘီကလင်တန်နဲ့ သမီးဖြစ်သူ ချယ်လဆီးကလင်တန်တို့ က ဆေးရုံကနေ အိမ်ကိုခေါ်ဆောင်သွားကြပါတယ်။သူ့ကို ကူသပေးတဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဟီလာရီရဲ့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေပြီး
မကြာခင် မှာလုံးဝနာလန်ပြန်ထူလာနိုင်မယ်လို့ သိရပါတယ်။




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language
ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေလျှော့ချဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က နှစ် သစ်ကူး မိန့်ခွန်းမှာ ပြောခဲ့တာဟာ အနှစ်သာရမပါဘူးလို့ တောင်ကိုရီးယားက တုံ့ပြန် လိုက်ပါ

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု


ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု

Thursday, January 03, 2013
တရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက်ကျတဲ့ ကွမ်ကျိုး (Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထားလမ်း ဖြစ်ပါတယ်။

စုစုပေါင်း မိုင်ပေါင်း ၁၄၂၈ မိုင်ရှိပြီး တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ မြန်မြန် သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်က နာရီ ပေါင်း ၂၀ ကြာတဲ့ ခရီးကို ၈ နာရီ နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးကလည်း သိပ်မသက်သာ ပါဘူး။ ခရီးစဉ် အစအဆုံးအတွက် ရထားစီး ခရီးစရိတ်က အမေရိကန်
ဒေါ်လာနဲ့ တွက်ရင် ၁၃၉ ဒေါ်လာလောက် ရှိပါတယ်။

သို့ပေမယ့် လေယာဉ်စီးပြီး ခရီးသွားတာနဲ့စာရင် သက်သာနေပါသေးတယ်။ ရထားကို နေ့ဘက်ပဲ ပြေးဆွဲစေပါတယ်။ ညဘက် ပြေးဆွဲရင် အန္တရာယ်များ တဲ့အတွက် Day Service သီးသန့်ပေးတဲ အမြန်ရထားလိုင်း ဖြစ်ပါတယ်။ သို့ပေမယ့် Overnight Service ပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါ တယ်။

ယင်း ပေကျင်း-ကွမ်ကျိုး အမြန်ရထားလမ်းဟာ ကမ္ဘာ့အရှည်ဆုံး အမြန် ရထားလမ်း (World’s Longest High Speed Railway) အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

YoYarLay
တရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင်ဘက်ကျတဲ့ ကွမ်ကျိုး

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်ရောက်

ကေအိုင်အေတပ်ဖွဲဝင်များ အစိုးရတပ်နဲ့ ပြည်သူ့စစ်များထံသို့ အလင်းဝင်
ရောက်
3-1-2013ကချင်နေစဉ်သတင်း  

ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထား တဲ့ ပြည်သူ့စစ် အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ် သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့ ပါသည်။ အလင်ဝင်လာသူ ၂ဦးက မြင်ခြံ တောင်သာဘက်ကလို့ သိရပါသည်။

 ဒီဇင်ဘာလ ၃၁ရက် နေ့လည် ၁၁နာရီလောက်မှာ ရှမ်းဟွေ့တံတားနား မှာလုံခြုံရေး ယူနေတဲ့ အစိုးရတပ်ကို ကေအိုင်အေက တပ်သား ၄ဦး အလင်း ၀င်ရောက်ခဲ့ပါသည်။ သူတို့သေနတ်တွေ မယူလာကြဘဲ ရောက်ပြီးမှာ သူတို့
 သေနတ်ထားခဲ့နေရာတွေကို အစိုးရတပ်တွေကို သွားရောက်ပြသခဲ့ကြ သည်။ 

၎င်းတို့ ၄ဦး မှာ မလိခမြစ်ကြောင်းမှာ ရွှေမှော်လုပ်ကိုင်ရင်းနဲ့  ကေအိုင်အေ တပ်သားသစ်စုတာကို ခံရသူများဖြစ်ပြီး ရန်ကုန်၊ တိုက်ကြီးမှ ကချင် ကို လာ ပြီး အလုပ်လာ လုပ်သူများဖြစ်ကာ အသက် ၁၈ နှစ်နဲ့ ၃၀ ကြားရှိသူများဖြစ် သည်ဟု ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးမှ ပြောကြား ခဲ့သည်။


ဝိုင်းမော် -ဆဒုံး- ကန်ပိုက်တီး လမ်းမှာ လုံခြုံရေးယူထား တဲ့ ပြည်သူ့စစ် အဖွဲ့သို့ ဒီဇင်ဘာ ၃၁ရက်နေ့ မနက် ၉ နာရီလောက်က ကေအိုင်အေ တပ် သား ၂ဦး သူတို့ကိုင်တဲ့ သေနတ်တွေနဲ့ အလင်းဝင်ရောက်ခဲ့

ကေအိုင်အေ သောင်းကျန်းသူများ ကာမိုင်းရဲစခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့မှုမှ

ကေအိုင်အေ သောင်းကျန်းသူများ ကာမိုင်းရဲစခန်းကို ၀င်ရောက် တိုက်ခိုက်ခဲ့မှုမှ

၁၈-၁၂-၂၀၁၂ ရက်နေ့ (၀၄၁၅) အချိန် ကာမြို့နယ်ခွဲ ရဲစခန်းအား ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများမှ ဝင်ရောက် တိုက်ခိုက်၍ ရဲတပ်ကြပ် ထွန်းအေး ဒါဏ်ရာရှိမှု ဖြစ်ပွားခဲ့ပါသည်။ 

အဆိုပါ ရဲတပ်ကြပ် ထွန်းအေးမှာ ဆေးကုသမှု ခံယူနေစဉ် ၁၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၅ အချိန်တွင် သေဆုံးခဲ့ပါသည်။


ရည်ညွှန်း ၊ ကေအိုင်အေ သောင်းကျန်းသူ (၈၀) ဦးခန့်မှ ၁၈-၁၂-၂၀၁၂ ရက်နေ့ (၀၄၁၅) အချိန် ဖားကန့်မြို့နယ်၊ ကာမိုင်း ရဲစခန်းအား အာပီဂျေ လက်နက်ကြီး များဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
၁၈-၁၂-၂၀၁၂ ရက်နေ့ (၀၄၁၅) အချိန် ကာမြို့နယ်ခွဲ ရဲစခန်းအား ကေအိုင်အေ အကြမ်းဖက် သောင်း

ပေါင်မုန်လုပ်တဲ့ ဂျုံတွေနဲ့လုပ်ထားတဲ့ ဒီဇိုင်း

ထိုင်းနိုင်ငံက ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ Kittiwat Unarrom ဟာ ကမ္ဘာတဝန်းမှာလူတိုင်း စားသုံးနေကြတဲ့ အခြေခံအစားအစာ တစ်ခု ကို အမြင်တစ်မျိုးဖြစ်အောင်ဆန်းသစ်လိုက်ပါတယ်။ 

ဒါပေမဲ့ ဆန်းသစ်လိုက်တာက တော့ လှလှပပ တော့မဟုတ်ပါဘူး။ ဒီလူခန္ဓာကို အစိတ်အပိုင်းတွေဟာ ရက်စက်စွာ အသတ်ခံထားရတဲ့လူတွေလို့တော့မထင်လိုက်ပါနဲ့ တက်တက်စင်အောင်လွဲသွားပါလိမ့်မယ်။ အမှန်တကယ်တော့ အဲ့ဒါဟာ ပေါင်မုန်လုပ်တဲ့ ဂျုံတွေနဲ့လုပ်ထားတာဘဲဖြစ်ပါတယ်။ 

သူဟာ ပန်းပုပညာမှာ မာစတာဘွဲ့ ရထားတာဖြစ်ပြီး သူမိသားစု ရဲ့ပေါင်မုန့်ဖုတ်တဲ့ အလုပ်ရုံမှာ ဂျုံတွေကို ဒီလို ပုံစံမျိုးတွေကို ဖြစ်အောင် ဖန်တီးတာဘဲ ဖြစ်ပါတယ်။ ဒီလို ဒီဇိုင်းတွေကိုတော့လူသတ်ဇာတ်ကားတွေကြည့်ပြီး ပြုလုပ်တာဖြစ်ပါတယ်။ 

တချို့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆို အမေရိကန်ဒေါ်လာ ၅ဝဝ အထိဈေးကြီးပါတယ်။ 

တချို့ရုပ်ရှင်ကားတွေမှာသုံးဖို့အတွက်ဆိုရင်တော့ သူဆီလာပြီး အလုပ်အပ်ရတယ်လို့သိရပါတယ်။

Credit: စာအုပ်မျက်နှာ
ထိုင်းနိုင်ငံက ပန်းပုပညာရှင်တစ်ယောက်ဖြစ်တဲ့ Kittiwat Unarrom ဟာ ကမ္ဘာတဝန်းမှာလူတိုင်း

လက်ကို မောက်စ့်အဖြစ် သုံးနိုင်မည့် evoMouse


evoMouse ကတော့ Bluetooth ပါတဲ့ Gadget ဖြစ်ပါတယ်။ အရွယ်လည်း သိပ်မကြီးပါဘူး ကွန်ပြူတာနဲ့

အီရန် နိုင်ငံသည် အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု ဥပဒေ တစ်ရပ်အပေါ် ပြစ်တင်ပြောကြား

အီရန် နိုင်ငံသည် အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု ဥပဒေ တစ်ရပ်အပေါ် ပြစ်တင်ပြောကြား

အီရန် နိုင်ငံသည် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေးအား ထိခိုက်စေသော ဥပဒေ တစ်ရပ်ကို အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု အပေါ် ဒေသတွင်း ကိစ္စများတွင် ဗြောင်ကျလွန်းသော ကြားဝင် စွက်ဖက်မှု တစ်ခုဖြစ်ကြောင်း ပြစ်တင်ပြောကြား ခဲ့ပါသည်။

အီရန် - လက်တင် အမေရိက နိုင်ငံများ ဆက်ဆံရေးတွင် ကြားဝင် စွက်ဖက်မှုသည် အမေရိကန် တို့အနေဖြင့် ကမ္ဘာ့ ဆက်ဆံရေးသစ်နှင့် ရင်းနှီး ကျွမ်းကျင်မှု မရှိသည်ဟု ဖော်ပြ နေခြင်းပင် ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ရာမင်းမက်မန် ပါရက်(စ)မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ 

အမေရိကန် နိုင်ငံသည် စစ်အေးကာလ အခြေအနေ များအတိုင်း လုပ်ဆောင် လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာရှိ နိုင်ငံများ၏ အခွင့်အလမ်းကို လေးစားသင့် ကြောင်းနှင့် ကမ္ဘာ့လူထုသည် အဆိုပါကဲ့သို့ ကြားဝင် စွက်ဖက်မှု မျိုးကို လက်မခံကြောင်း ရာမင်းမှ ထပ်လောင်း ပြောကြားခဲ့ ပါသည်။ 

အီရန် နိုင်ငံသည် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အပြန်အလှန် လေးစားမှုနှင့် အကျိုးရှိ မှုများကို အခြေခံပြီး ရင်းနှီးပွင့်လင်းစွာ ဆက်ဆံလျက် ရှိကြောင်း ၎င်းမှ ပြောကြားခဲ့ ပါသည်။ အမေရိကန် နိုင်ငံသည် လက်တင် အမေရိက ဒေသတွင် အီရန် နိုင်ငံမှ လွှမ်းမိုးရန် ကြိုးပမ်းလာမှုကို တုံ့ပြန်သည့် အနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေး ဆိုင်ရာ မဟာဗျူဟာ တစ်ရပ်အဖြစ် ဥပဒေသစ် တစ်ခုကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ပြဋ္ဌာန်း ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.net.mm/allnews/global/item/3436-2013-01-02-15-42-31

အီရန် နိုင်ငံသည် လက်တင် အမေရိက နိုင်ငံများနှင့် ဆက်ဆံရေးအား ထိခိုက်စေသော ဥပဒေတစ်ရပ်ကို အမေရိကန် နိုင်ငံမှ ပြဋ္ဌာန်းခဲ့မှု အပေါ်ဒေသတွင်း ကိစ္စများတွင် ဗြောင်ကျလွန်းသော ကြားဝင်စွက်ဖက်မှု

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ


Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ

Thursday, January 03, 2013
ရန်ကုန်မြို့တွင်း လူစီးများလျက်ရှိသော Super Custom ကားများ၏လက်ရှိ
ကားဈေးနှုန်းနှင့် သင်္ဘောဖြင့်တင်သွင်းလာသော ကားများ၏ဈေးနှုန်းမှာ သိန်သုံးဆယ်ခန့် ကွာဟနေကြောင်း သိရသည်။

လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသော
ဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြော
ကြားသည်။

ယခင် တင်သွင်းထားသော ကားများသည် အစိုးရမှ တရားဝင် ထားခွင့်ပြု
ထားသော ကားများ မဟုတ်ကြောင်း၊ မြ၀တီစသော နယ်စပ်များမှ တင်သွင်း
ထားပြီး ကားပစ္စည်းများကို တစ်စစီဖြုတ် သယ်ဆောင်လာသော ကားများ
ဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိပါက စက်မှုဇုန်တွင် ပြန်လည်တပ်ဆင်သော ကားများဖြစ်ကြောင်း သိရှိရသည်။

ယခု ကားကုမ္ပဏီများမှ တင်သွင်းသော ကားများသည် သက်ဆိုင်ရာ
နိုင်ငံများမှ သင်္ဘောနှင့် တရားဝင် တင်သွင်းခွင့်ပြုထားပြီး ၂၀၀၄ ခုနှစ်
နောက်ပိုင်း မော်ဒယ်များဖြစ်ကြောင်း ကားအကျိုးဆောင်များက
ပြောကြသည်။

“ကားတွေကတော့ အစိုးရပါမစ်ဈေးပေါ် မူတည်ပြီး အတည်ကျရှိနေမှာပါ။ ဒါပေမယ့် အရင်တုန်းက သွင်းတဲ့ကားတွေက မူရင်း အတိုင်းနဲ့ မတူတာတွေ ကားတစ်စီးမှာ (၈) ချက် (၁၀) ချက်လောက်ပါတယ်။ အခုက သင်္ဘောနဲ့ တရားဝင်လည်း လာတယ်။ ပြီးတော့ နောက်ဆုံးနံပါတ်လည်း ရမယ်။
မော်ဒယ်ကလည်းမြင့်တယ်။ ဒါကြောင့် ဈေးကွာသွားတာပါ”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုမောင်စိုးက ပြောကြားသည်။

ယခုစူပါကာစတန် ကားများသည် သိန်း ၁၅၀ နီးပါးရှိနေပြီး ယခင် စက်မှုဇုန် နံပါတ်ကားများသည် သိန်း၁၀၀ နှင့် သိန်း ၁၂၀ ၀န်းကျင်သာ ရှိနေကြောင်း သိရှိရသည်။

စူပါကာစတန်တွင် လူကြိုက်များသော ကားများမှာ Limlited,Living ကားအမျိုးစားများဖြစ်ကြောင်း ကားအမျိုးအစားမှာfour wheelsနှင့် two wheels ရှိရာ four wheels မှာ ဆီကုန်ကျမှု ပိုမိုမြင့်မားသောကြောင့် two wheels ထက် လူကြိုက်နည်းပြီး ဈေးနှုန်းမှာလည်း two wheels ထက် သိန်း ၃၀ ကျော်ကွာခြားမှုရှိကြောင်း သိရှိရသည်။

အဆိုပါ စူပါကာစတန် ကားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းမှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က စူပါကာစတန် ကားဈေးနှုန်းမှာ သိန်းရှစ်ရာနီးပါးရှိကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ပြော
ကြသည်။

The Myanma Age
ရန်ကုန်မြို့တွင်း လူစီးများလျက်ရှိသော Super Custom ကားများ၏လက်ရှိကားဈေးနှုန်းနှင့် သင်္ဘောဖြင့်

အမေရိကန်တွင် လျှပ်စစ်ချွေတာတဲ့ မီးလုံးကိုပဲ သုံးစွဲခွင့်ပြုတော့မည်

အမေရိကန်တွင် လျှပ်စစ်ချွေတာတဲ့ မီးလုံးကိုပဲ သုံးစွဲခွင့်ပြုတော့မည်

Thursday, January 03, 2013
ဒီနှစ်ကစပြီး သာမန် သုံးစွဲနေကျ ၇၅ ၀ပ်အား မီးလုံးတွေကို အမေရိကန်နိုင်ငံက ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်တွေ ပိတ်ပင်လိုက်ပါပြီ။ ဆိုင်မှာကျန်နေသေးတဲ့ မီးလုံးတွေကိုတော့ ရောင်းချခွင့်ရှိမှာပါ။

ပုံမှာမြင်ရတဲ့ ဒီမီးလုံးတွေက လျှပ်စစ်သုံးတာများတဲ့ အတွက် ၀ပ်အားချင်းတူရင် လျှပ်စစ်ဓာတ်အား အသုံးနဲတဲ့ မီးလုံးတွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

၁၀၀ ၀ပ်အား ရိုးရိုး မီးလုံးတွေကိုတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အမျိုးတူ ၄၀ နဲ့ ၆၀ အား မီးလုံးတွေကို လာမဲ့ ၂၀၁၄ ခုနှစ်မှာ ရပ်တန့်မှာပါ။

လျှပ်စစ်ဓာတ်အားအသုံးနဲတဲ့ မီးလုံးတွေကို အစားထိုးတဲ့အတွက် မီတာအကုန်အကျ သက်သာသလို လျှပ်စစ်လိုအပ်မှု ကျဆင်းသွားမှာ
ဖြစ်ပါတယ်။ ဓာတ်အားချွေတာတဲ့ မီးလုံးတွေရဲ့ဈေးကတော့ လက်ရှိမှာ နဲနဲ မြင့်နေသေးပေမဲ့ ကြာရှည်ခံတဲ့အတွက် တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။

MBurma-Newselite

ဒီနှစ်ကစပြီး သာမန် သုံးစွဲနေကျ ၇၅ ၀ပ်အား မီးလုံးတွေကို အမေရိကန်နိုင်ငံက ထုတ်လုပ်ခွင့်၊ တင်သွင်း

ဓာတ်အားထုတ်လုပ်မှု လျော့လာသဖြင့် ရန်ကုန်မြို့တွင်း စက်မှုဇုန်များကို လျှပ်စစ်မီး စဖြတ်


မြန်မာ့ စီးပွားရေး သတင်းများ  ဇန်နဝါရီ ၀၃၊ ၂၀၁၃

ဓာတ်အားထုတ်လုပ်မှု လျော့လာသဖြင့် ရန်ကုန်မြို့တွင်း စက်မှုဇုန်များကို လျှပ်စစ်မီး စဖြတ်

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျလာသည့်အတွက် ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး ဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
လျှပ်စစ်မီးကို ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ တနေ့လျှင် ၇ နာရီကြာ ရက် အကန့်အသတ်မရှိ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်၏ တရားဝင်ပြောဆိုချက်အရ သိရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က“ခြောက်သွေ့ ရာသီ ရောက်လာတဲ့အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့လာတော့ မီးဖြတ်တောက်ရတာပါ။ ပြည်သူတွေကို ဦးစားပေးရမယ်” ဟု ဦးအောင်ခိုင်က ဆိုကြောင်း သိရသည်။စက်မှုဇုန်များတွင် လျှပ်စစ်မီး ဖြတ်တောက်ပါက စက်ရုံများတွင် ဒီဇယ်မီးစက်များဖြင့် လည်ပတ်ရမည် ဖြစ်သောကြောင့် ကုန်ဈေးနှုန်းများ တက်လာနိုင်ပြီး စက်ရုံလည်ပတ်မှုကို ထိခိုက်မှုရှိနိုင်သော်လည်း လျှပ်စစ်မီးလျှော့ပေးမည်ကို ကြေညာသည့် အတွက် ကြိုတင်စီစဉ်ရန် လွယ်ကူကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။
“ဒီမိုးတွင်းမှာတော့ လျှပ်စစ်မီး ၂၄ နာရီ ရခဲ့ပါတယ်။ အရင်ကဆိုရင် ညနေ ၅ နာရီ နေ့ဆိုရင်လာချင်မှ လာတယ်။ ပြီးတော့ စက်မှုဇုန် စက်ရုံတွေ မီးကို ခိုးသုံးရင်တော့ မီးလိုင်းပါ တခါတည်း လာဖြတ်သွားမှာပါ။ မီး ၂၄ နာရီ ပုံမှန် မပေးနိုင်တဲ့ အတွက်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နောက်ကျနေတာပါ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။
နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံလိုသူများကိုလည်း နိုင်ငံတော်အစိုးရက လျှပ်စစ်မီးအတွက် အာမမခံနိုင်သေးကြောင်း၊ မိုးတွင်းတွင်သာ၂၄ နာရီအပြည့် လျှပ်စစ်မီး ပေးနိုင်မည်ဟု ပြောဆိုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံလိုသူများ လက်နှေးနေကြောင်း၊ လျှပ်စစ်မီးကြောင့် လက်ရှိတွင် အအေးခန်းသုံး စက်ရုံများ၊ ပလပ်စတစ် စက်ရုံများနှင့် မုန့်ဖုတ်လုပ်ငန်းများ အဓိကထိခိုက်နိုင်ကြောင်း သိရသည်။
“အရင်နှစ်တွေကထက် စာရင်တော့ တော်သေးတာပေါ့။ ၇ နာရီပဲ ဖြတ်တာ။ ဟိုတုန်းကဆိုရင် တနေကုန် နီးပါး ဖြတ်လိုက်တယ်။ ပြည်သူတွေအတွက်တောင် မြန်မာပြည် လျှပ်စစ်မီးက မလုံလောက်ဘူး။ အဲဒါကြောင့်ဖြတ်လိုက်တာလို့ ပြောပါတယ်” ဟု စက်မှုဇုန် လုပ်ငန်းရှင်တဦးက ပြောသည်။
ပွင့်လင်းရာသီ ရောက်ရှိလာသည့် အတွက် လျှပ်စစ်မီးများ ပြတ်တောက်သွားမည်ကို လုပ်ငန်းရှင်များသာမက ပြည်သူများက ပါ စိတ်ပူနေကြသည်။
“လျှပ်စစ်မီးက နွေရာသီရောက်ရင် အလှည့်ကျ ပေးတက်ကြတယ်။ မီးမလာရင် ရန်ကုန်မှာ ဘာမှလုပ်လို့မရဘူး။ အခုတော့ ၂၄ နာရီ ရနေတော့ အားလုံး အဆင်ပြေတယ်။ ဒီလိုပဲ ပုံမှန် ပေးသွားရင် ကောင်းမှာပဲ” ဟု ကျောက်မြောင်းတွင် နေထိုင်သူအမျိုးသမီးတဦးက ဆိုသည်။
စစ်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလထုတ် အစိုးရသတင်းစာတွင် အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ထုတ်ပြန်ချက် များအရ ရွှေကျင်၊ ဖြူး၊ ရဲရွာ၊ နန်ချို၊ အမ်း၊ တာပိန် ၁၊ ချီဖွေငယ်၊ ကြီးအုံကြီးဝ၊ ကွန်း၊ အထက်ပေါင်းလောင်း၊သောက်ရေခပ် ၂၊ ဘီလူးချောင်း ၃ ၊ သူဌေး၊ ထမံသီ၊ မဏိပူ၊ အထက်ကျိုင်းတောင်း စသည့် ရေအားလျှပ်စစ်စီမံကိန်း ၁၆ ခုကို ၂၀၁၀ ပြည့်နှစ်မှ စတင် အကောင်အထည် ဖော်နေကြောင်း၊ ၂၀၁၀/ ၂၀၁၁ ခုနှစ်တွင် စီမံကိန်း ၉ ခုပြီးပါက တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက်မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ပိုလျှံသည်အထိပင် ဖြစ်လာနိုင်ကြောင်း ရေးသားထားသည်။ ထို့အပြင် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာတွင်လည်း ၁၉၈၈ ခုနှစ် မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉. ၁ မဂ္ဂါဝပ်သာ ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ၃၀၄၅. ၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆. ၅ မဂ္ဂါဝပ်နှင့် နောင်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆. ၉ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင် လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။





တောင်သမန်အင်းကို ရေမပိတ်ဆို့ရေး ဒေသခံများ ကြိုးပမ်းမည်

ကမ္ဘာလှည့်ခရီးသွား လာရောက်မှုများသော နေရာတခုဖြစ်သည့် တောင်သမန်အင်းကို မူလအတိုင်း နွေမိုးဆောင်း သုံးရာသီအလှ ပြန်လည်ရရှိစေရန် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် သဘာဝ ၀န်းကျင်နှင့် လူမှုကွန်ယက် (အမရပူရ) ကြိုးပမ်းမည်ဟု သတင်းရသည်။ယခင်က တောင်သမန်အင်းမှာ မိုးရာသီ၌သာ ရေရှိပြီး ဆောင်းနှင့် နွေတွင် ရေကျဆင်းကာ ဆောင်းသီးနှံ စိုက်ပျိုးခင်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများကိုပိုမိုစွဲဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ငါးမွေးမြူရေး လုပ်ငန်းများကြောင့် ရေသွင်းရေထုတ်ရပ်ဆိုင်းပြီးရေညစ်ညမ်းကာသဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်ပေါ်နေသည့်အတွက်မူလအခြေအနေပြန်လည်ရရှိရန်ကြိုးပမ်းခြင်းဖြစ်ကြောင်းလူမှုကွန်ယက်အဖွဲ့ဝင်တဦးဖြစ်ပြီးတောင်သမန်အင်းတ၀ိုက်ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်နေသည့်ဗိသုကာပညာရှင်ကိုငြိမ်းဝင်းကဆိုသည်။  
                                                                                   
“ရေအမြဲလှောင်ထားတော့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ ဗိသုကာပညာရပ်ဘက်က ကြည့်ရင်လည်း တိုင်တွေက ရေအမြဲမြုပ်နေတော့ ဆွေးလွယ်တယ်၊ အပျက်အစီးမြန်တယ်” ဟု  ၎င်းက ဆိုသည်။
အာဏာပိုင်များက ငါးမွေးမြူရေး တခုတည်းကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းကြောင့် အင်းအတွင်း ရေကျချိန် လယ်ယာလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံများလည်း နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် အနေအထားများလည်း ပျက်စီးခဲ့ရသည်ဟု ကိုငြိမ်းဝင်းက ဆက်လက်ပြောသည်။
ထိုသို့ ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည့် တောင်သမန်အင်း မပျက်စီးရေးကို တခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်သူ့လွှတ်တော်တွင်လည်း တင်ပြဆွေးနွေးရန် လုပ်ဆောင်မည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုဂံနှင့် မန္တလေး၊ အင်းဝ၊ ငပလီ၊ ငွေဆောင် စသည့် ဒေသများသို့ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်ကြရာ အမရပူရရှိတောင်သမန်အင်းလည်း အပါအ၀င်ဖြစ်သည်။တောင်သမန် အင်းစောင်းတွင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာရောက်သည့် မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့်  ထိုင်းလူမျိုးများ နှစ်စဉ်လာရောက်သည့် ကုန်းဘောင်ခေတ်က မြန်မာနိုင်ငံသို့ သုံပန်းအဖြစ် ခေါ်ဆောင်ခြင်းခံရသူ သဖန်းပွင့်မင်းသား ဘွဲ့ခံ ထိုင်းဘုရင် ကျောက်ဘွားဒေါက် မဒူဝါး၏ ဂူလည်းရှိသည်။
“တောင်သမန်အင်းရဲ့ နေ၀င်ချိန်အလှကို လာကြည့်တဲ့ ခရီးသွားတွေ၊ ထိုင်းဘုရင်အုတ်ဂူကို လာတဲ့သူတွေ ဒီနှစ် အရမ်းများတယ်။ ဒါကြောင့် ဈေးဆိုင်တွေလည်း အရောင်းအ၀ယ် ကောင်းတယ်” ဟု ကိုငြိမ်းဝင်းက ပြောသည်။
အစိုးရအဆက်ဆက်က တောင်သမန်းအင်းအတွင်း ရေပြည့်ချိန် မိုးရာသီတွင်သာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်းမှ စတင်ကာ ဆယ်နှစ်ရာသီ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကလည်း “ဟိုတုန်းက နွေဆို အလယ်မှာ ချောင်းလေးသာသာ ရေစီးနေ၊ ကိုင်းသမား ယာသမားတွေ နွားတွေနဲ့ ထွန်ယက်၊ အလယ်မှာက တံတားကြီး ကမ္ဘာလှည့်ခရီးသွားက အမြင်မှာ အရမ်းသဘောကျတော့ လာကြတယ်” ဟု ပြောသည်။
တောင်သမန်းအင်းကို ရေအမြဲမပြတ်သွင်းကာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့် ပြုခဲ့သည့်အတွက် ဦးပိန်တံတား၏ ကြံ့ခိုင်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သကဲ့သို့ တောင်သမန် အင်းစောင်းရှိ နှစ်ပေါင်းရာချီကာ တည်ရှိသည့် မယ်ဇယ်ပင်ကြီးမှာလည်း ရေဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း၊ ထို့အတွက် တောင်သမန်အင်းအား သုံးရာသီအလှ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း ဆရာ ဆူးငှက်က ဆိုသည်။
စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်း မန္တလေးဒေသ တ၀ိုက်တွင် စက်မှုဇုန်များ ဖော်ဆောင်ရာ တောင်သမန်အင်း အနီးတွင် သကြားစက်၊ အရက်ချက်စက်များ တည်ဆောက်လာသည့်အတွက် ယင်းစက်ရုံများမှ ရေဆိုးများမှာ အင်းအတွင်းသို့ စီးဆင်းမှုများလည်း ရှိနေသည်ဟု သိရသည်။





ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း 

၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား သောင်းချီရှိနေတဲ့ မဲဆောက်မြို့က အလုပ်သမားတွေ ရသင့်တဲ့ ရပိုင်ခွင့်ကို ခံစားနိုင်ကြဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံတဝန်းလုံးက အလုပ်သမားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ တရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၃၀၀ ကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ရသင့်တဲ့ အနိမ့်ဆုံးလစာ ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ ဘန်ကောက်မြို့၊ မဟီဒေါ တက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားအရေးကျွမ်းကျင်သူ Adndy Hall ကပြောပါတယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်က စက်ရုံအလုပ်ရုံတွေများတဲ့ မဲဆောက်မြို့မှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနေ့ ဘတ် ၃၀၀ ရကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် တနည်းအားဖြင့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့ အလုပ်သမားတွေကတော့ သတ်မှတ် အနိမ့်ဆုံး လစာကို ခံစားရနိုင်ဖို့များပေမဲ့ ဘာလက်မှတ် အထောက်အထားမှ မရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်အတွက်ကတော့ ထိုင်းအစိုးရ သတ်မှတ်ချက်အတိုင်း ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဥပဒေအရ ပေးတယ်ဆိုရင်လဲ တခြားနည်းလမ်းတွေနဲ့ ပြန်ပြီး လစာ အနှိမ်ခံရနိုင်တယ်လို့လည်း Andy Hall ကပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူ Andy Hall ရဲ့ အပြောအရဆိုရင် မဟာချိုင်ခရိုင်ထဲက နိုင်ငံတကာ စက်ရုံကြီးတွေမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ခလစာ ပေးကြတာတွေ့ရတယ်လို့ ပြောပါတယ်။





ထိုင်း အဲအေးရှား ဘန်ကောက်-မန္တလေး ပြေးဆွဲမည်

ထိုင်း အဲအေးရှား (Thai AirAsia) က ဘန်ကောက်-မန္တလေး ခရီးစဉ်ကို ယခု ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်၍ ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။ ထိုင်း အဲအေးရှား က ဘန်ကောက် ဒွန်မောင်း လေဆိပ်မှ မန္တလေးသို့ ပြေးဆွဲမှုကို နောက်ပိုင်းတွင် ခေါက်ရေ တိုးမြှင့်မည်ဖြစ်ကြောင်း၊ နေ့စဉ်အထိ ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းလည်း သိရှိရသည်။





အင်ဒိုနီးရှား ဘိလပ်မြေ ကုမ္ပဏီ မြန်မာနိုင်ငံတွင် စက်ရုံထောင်မည်

အင်ဒိုနီးရှား ဘိလပ်မြေ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သည့် PT Semen Gresik (SMGR) သည် ယခုနှစ်ကုန်ပိုင်း၌ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ SMGR က ယင်းစက်ရုံသစ် တည်ဆောက်ရေးအတွက် မြန်မာ ပြည်တွင်း လုပ်ငန်းရှင်များနှင့် ချိတ်ဆက်နေပြီး ဖက်စပ်လုပ်ကိုင်ရန် ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း ယင်းကုမ္ပဏီ ဒါရိုက်တာကို ကိုးကား၍ ဂျကာတာပို့စ် သတင်းစာက ရေးသားထားသည်။





တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် တွေ့

မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းကို လုပ်ဆောင်နေသည့် China Three Gorges Corporation နှင့် International Group of Entrepreneurs Company တို့မှ တာဝန်ရှိသူများသည် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် ရေအား၊ လေအား လျှပ်စစ်ထုတ်ယူနိုင်မည့် စီမံကိန်းများ ဖြစ်နိုင်ခြေ၊ သဘာပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ ဒေသခံများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ငံရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။




ရေငန်ပုစွန်ကျားမွေးမြူမှု ပြန်လည်ဦးမော့ရန် လိုအပ်ချက်များစွာရှိနေ 

မြန်မာနိုင်ငံရှိ ရေငန်ပုစွန်ကျားမွေးမြူမှု ပြန်လည်ဦးမော့ရန်အတွက် လိုအပ်ချက်များရှိနေသေးပြီး မိရိုးဖလာမွေးမြူမှုအစား သိပ္ပံနည်းကျမွေးမြူရန်လိုအပ်ကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်များက ပြောသည်။

“ထိုင်းနိုင်ငံက သိပ္ပံနည်းကျမွေးမြူတဲ့အတွက် တဧကကို ငါးတန်ကနေ ခုနှစ်တန်အထိ ထုတ်လုပ်နိုင်ပါတယ်။
ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွေ မွေးမြူတဲ့ဒေသတွေမှာ တည်ထောင်ဖို့၊မွေးကန်မှာ လေရအောင်  ပယ်ရယ်ဝှီးမောင်းပေးဖို့ ၂၄ နာရီ လျှပ်စစ်မီးရနေဖို့ လိုပါတယ်။သားဖေါက်စခန်းတွေ ၄၀-၅၀ လောက်လိုပါတယ်။ လက်ရှိ ရှိနေတဲ့ စခန်းတွေအနေနဲ့ မလုံပါဘူး။ထိုင်းမှာတော့ သားဖေါက်စခန်း ၂၀၀ လောက်ရှိနေပါတယ်” ဟု ဂျပန်နိုင်ငံသို့ ပုစွန်တင်ပို့နေသည့် ရွှေယမုံအအေးခန်းစက်ရုံမှ လုပ်ငန်းရှင် ဦးထွန်းအေးက ပြောသည်။

ယခုအခါ ယင်းပုစွန်ကျားဈေးကွက်မှာ ဈေးကောင်းလာခြင်း အိမ်နီးချင်း တရုတ်၊ အိန္ဒိယနိုင်ငံတို့ လူလတ်တန်းစားဦးရေတိုးလာခြင်းတို့ကြောင့် ဈေးကွက်အလားအလာ ကောင်းလာသော်လည်း ငွေကြေးအရင်းအနှီး မတတ်နိုင်၍ လုပ်ငန်းများ ပြန်လည် စတင်နိုင်ခြင်းမရှိသေးဟုဆိုသည်။

“ကျွန်တော်တို့အနေနဲ့ မိရိုးဖလာနည်းနဲ့ပဲ မွေးနေပါတယ်။ ပင်လယ်ရေ တက်လာချိန်မှာ ကန်ပိတ်မွေးမြူတဲ့စနစ်နဲ့မွေးတာ။ တဧကကို ငါးပိဿကနေ ခုနှစ်ပိဿာအကြားထွက်ပါတယ်။တစ်ပိုင်တစ်နိုင်အနေနဲ့ ဆက်မွေးဖြစ်ပါတယ်။” ဟု ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှ ရေငန်ပုစွန် မွေးမြူသူ ဦးမြင့်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ရေငန်ပုစွန်လွှတ်ကွင်းကျယ် မွေးမြူရေးစနစ်မှာလည်း ကန်ပြု ပြင်ရန်ခက်ခဲခြင်း မွေးမြူရေးစနစ် မပြောင်းနိုင်ခြင်းတို့ကြောင့် မူလထွက်နှုန်းမှာ တစ်ဧက (၂၀ ပိဿာ ) မှ ယခုအခါ တစ်ဧက ပျမ်းမျှ (ငါး ပိဿာ )၀န်းကျင်သာ ထွက်ရှိသည်။

မြန်မာနိုင်ငံတွင် ရေငံပုစွန်ကျားကို ၁၉၉၈ ခုနှစ်မှ စတင် ၂၀၀၃ ခုမှစ၍ White Virus ရောဂါ ကျရောက်သောကြောင့် မွေမြူရေး အရှိန် အဟုန်  တန့်သွားသဖြင့် ပုစွန်မွေးမြူရေး စီမံခန့်ခွဲမှုအသစ်များနှင့် အစားထိုးဆောင်ရွက်ခဲ့ရသည်ဟု မြန်မာနိုင်ငံ ပုဇွန်မွေးမြူရေး အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။မြန်မာနိုင်ငံမှ တင်ပို့နေသည့် ရေငန်ပုစွန် တကီလိုလျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာအတွင်း ရရှိနေကြောင်းသိရသည်။ 





ရွှေမြန်မာလေကြောင်း လိုင်းက၀ယ်ယူမည့် လေယာဉ် ဇန်န၀ါရီ ၉ ရက်တွင် ရောက်ရှိမည် 

ရွှေမြန်မာလေကြောင်းလိုင်းက ပထမဆုံးဝယ်ယူမည့် လေယာဉ်မှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့ ညနေတွင် မလေးရှားကတစ်ဆင့် ရောက်ရှိလာမည်ဖြစ်သည်။

“ရွှေမြန်မာလေကြောင်းအတွက် ပြည်ပက နှစ်စီးတင်သွင်းဖို့ စီစဉ်နေတာပါ။ ပထမဆုံးတင်သွင်းမှာက Air Bus အမျိုးအစား A-320 ကို ပြည်သစ်နိုင်ငံက ၀ယ်ယူပြီး၊ မလေးရှားကတစ်ဆင့် သယ်လာဖို့ ရှိပါတယ်။ ခရီးသည် ၁၈၀ တင်ဆောင်နိုင်မှာပါ။ အဲဒီ လေယာဉ်နဲ့ ရန်ကုန်၊ မန္တလေး ခရီးစဉ်ကို ဇန်န၀ါရီ ၁၇ ရက်မှာ စတင်ပြေးဆွဲနိုင်အောင် စီစဉ်နေပါတယ်။” ဟု ရွှေမြန်မာအများပိုင်ကုမ္ပဏီမှ ရှယ်ယာရှင် တစ်ဦးကပြောသည်။

ရန်ကုန်-မန္တလေး ခရီးစဉ်အတွက် နံနက် ၈ နာရီတွင် ရန်ကုန်မှ ထွက်ခွာမည်ဖြစ်ပြီး နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။ အလားတူ မန္တလေးမှ  နံနက် ၉နာရီခွဲတွင် ရန်ကုန်သို့ ပြန်လည်ထွက်ခွါမည် ဖြစ်သည်။အဆိုပါ ရွှေမြန်မာလေကြောင်းလိုင်းမှာ မြန်မာ့လေကြောင်း၊ အဲပုဂံ၊  အဲမန္တလေး၊ အဲအေးရှား၊ Asian Wings၊ Yangon Airline:  တို့ပြီးလျှင် ၇ ခုမြောက် ပုဂ္ဂလိက လေကြောင်းလိုင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ပထမဆုံး ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။ 




NLABR 
Web-site:    www.nlabr.com
Facebook:    Sa Maung
Facebook:    Miraculous Master For English Language

လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့ကျလာသည့်အတွက် ရန်ကုန်မြို့တွင်းရှိ စက်မှုဇုန်များတွင် ဇန်န၀ါရီ

တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး


တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး

Thursday, January 03, 2013
ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေးမီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် အစာရေစာပြတ်တောက်ကာ ဆင်တွေဟာ ကျေးရွာတွေဖက်အထိ ဝင်ရောက်လာကြတာလို့ဒေသခံတွေက ယူဆနေကြပါတယ်။

၂ဝ၁၁ခုနှစ်ကလဲ ဒီလိုမျိုးတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရောက်နှောက်ယှက်ခဲ့လို့ လူအသေအပျောက်ရှိပေမယ့် ၂ဝ၁၂ခုနှစ်နဲ့ ခုချိန်ထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese
ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေး

ဖိလစ်ပိုင်နိုင်ငံတွင် မြန်မာကျောင်းသားများ လေယာဉ်မှူး သင်တန်း တက်ရောက်နိုင်


ဇန်န၀ါရီ(၃)ရက်နေ့

ဖိလစ်ပိုင်နိုင်ငံရှိ WCC Aviation Pilot Academy တွင် မြန်မာ ကျောင်းသားများ လေယာဉ်မှူး သင်တန်း

တန်ဖိုးနည်း ဖုန်းများ ရောင်းချပေးမည်


ဇန်န၀ါရီ(၃)ရက်နေ့

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM ဖုန်းတစ်လုံးကို ကျပ်တစ်သိန်း၊ WCDMA ဖုန်းတစ်လုံး ကျပ် တစ်သိန်း နှစ်သောင်း နှုန်းဖြင့်

— KIA ၏ အဓိကစခန်းထောက် ပွိုင့်-၇၇၁ အား တပ်မတော်မှ သိမ်းပိုက်ရရှိမှု


တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အရ မြစ်ကြီးနား-ဗန်းမော် ကားလမ်း လုံခြုံချောမွေ့စွာ သွားလာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကေအိုင်အေ အကြမ်းဖက်သောင်းကျန်း

စခန်းမှ ဆုတ်ခွာသူများအား KIA မှ စစ်ရာဇ၀တ်ကောင်အဖြစ် သတ်မှတ်အရေးယူမည်

အဓမ္မလူသစ်စုဆောင်းခံထားရသော တပ်သားသစ်များ

   KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ စခန်းများအား စွန့်ခွာထွက်ပြေးလာသူများသည် စစ်ရာဇ၀တ် ကောင်များအဖြစ် သတ်မှတ်ပြီး ထိရောက်သော အပြစ်ဒဏ်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အစိုးရနှင့် တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားလျှက် ရှိပြီး၊ KIA

KIA အဓိကစခန်းတစ်ခုမှ လက်နက်ကြီး/ငယ်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ


၃-၁-၂၀၁၂ ထုတ်ကြေးမုံသတင်းစာမှ 

ဟီလာရီကလင်တန်ဆေးရုံကဆင်းပြီ

ဟီလာရီကလင်တန်ဆေးရုံကဆင်းပြီ

Thursday, January 03, 2013
နယူးယောက်မြို့ က ဆေးရုံတရုံမှာ ဦးခေါင်းသွေးခဲမှုကို ကုသမှုခံယူနေတဲ့  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ဟာ
ဒီကနေ့  ညနေမှာ ဆေးရုံကဆင်းသွားပြီလို့ သိရပါတယ်။

ဟီလာရီ့ ကို ခင်ပွန်းဖြစ်သူသမ္မတဟောင်းဘီကလင်တန်နဲ့ သမီးဖြစ်သူ ချယ်လဆီးကလင်တန်တို့ က ဆေးရုံကနေ အိမ်ကိုခေါ်ဆောင်သွားကြပါတယ်။

သူ့ကို ကူသပေးတဲ့ ဆရာဝန်တွေရဲ့ ပြောကြားချက်အရ ဟီလာရီရဲ့ ကျန်းမာရေးအခြေအနေတိုးတက်ကောင်းမွန်နေပြီး
မကြာခင် မှာလုံးဝနာလန်ပြန်ထူလာနိုင်မယ်လို့ သိရပါတယ်။

 Burma-Newselite

နယူးယောက်မြို့ က ဆေးရုံတရုံမှာ ဦးခေါင်းသွေးခဲမှုကို ကုသမှုခံယူနေတဲ့  အမေရိကန်နိုင်ငံခြားရေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေး


၃-၁-၂၀၁၃ ထုတ် ကြေးမုံသတင်းစာမှ

မိုဘိုင်းဖုန်းအသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြု ပါ..

မိုဘိုင်းဖုန်းအသုံးပြုရာတွင် ဘယ်ဘက်နား ကို အသုံးပြု ပါ..

မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ

မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ်ရာတွင် ဘယ်ဘက်နားကိုသာ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။ ညာဘက်နားဖြင့် နားထောင်လျှင် မိုဘိုင်းဖုန်းမှထွက်ရှိသော ရေဒီယိုလှိုင်း (Mobile radiation) က ဦးနှောက်ကိုပိုမို ပျက်ဆီးစေသည်ဟု သိရသည်။ များသောအားဖြစ်လူတိုင်းဟာ ညာဘက်သန်သူများဖြစ်တဲ့အတွက်ညာဘက်ကိုပိုမိုအသုံးပြုတတ်ပါတယ် ထိုအလေ့ကျင့်လေးကိုဆင်ခြင်နိုင်ကြပါစေ.....

ယင်းအချက်ကို Apollo Medical Team 

မှနောက်ဆုံး လေ့လာတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Credit kyaw Gyi


မိုဘိုင်းဖုန်းပြောဆိုရာတွင် ဘယ်ဘက်နားကိုအသုံးပြုပါ မိုဘိုင်းဖုန်းပြောဆိုမှုပြုလုပ
်ရာတွင် ဘယ်ဘက်နား

ချောင်းမြစ်ကို ပမာပြု၍ လုံ့လ စိုက်ထုတ်လုပ်ကိုင်

ချောင်းမြစ်ကို ပမာပြု၍ လုံ့လ စိုက်ထုတ်လုပ်ကိုင်

သဘာဝ တရားကြီးတွင် ချောင်းမြစ် စသည်တို့မှာ မြစ်ဖျားမှသည် မြစ်ဝသို့ တိုင်အောင် စီးဆင်း ရာ၌ သာယာ ညီညွတ်စွာ စီးဆင်း ကြရသည် မဟုတ်ဘဲ မြေညီ၍ ရေသာသည့် အခါ သာလျက် မြေကြမ်း၍ ရေကြမ်းသည့် အခါ ကြမ်းလျက် အလိုက်အထိုက် စီးဆင်း ကြသည်။ ထိုသို့ စီးဆင်းရာ၌ မြေပြင် ညီညွတ် ကျယ်ပြန့်၍ လှိုင်းဂယက် မထကြွ သာယာ ဖြည်းညင်းစွာ စီးဆင်းကြသည်။ မြစ်ကြောင်း ကျဉ်းကျပ်၍ မညီမညွတ် ကျောက်ဆောင်အငူ ခုခံနေသော အခါ ရေဟုန် ပြင်းထန်၍ ရေလှိုင်းဂယက် ထကြွခုန်ပျံ အသံကြီး စွာ ပြုလျက် အလုအယက် အားအင်ထုတ် စီးဆင်းသည်ကို တွေ့ရသည်။ ဤသို့ မြစ်ချောင်းတို့၏ စီးဆင်းပုံသည် လူတို့အား မှတ်သား နှလုံးသွင်း ဖွယ်ရာ ဥပမာ ပြနေ သကဲ့သို့ ရှိသည်။
လူတို့သည် ကာလဒေသ ညီညွတ်လျက် အကျပ်အတည်း မရှိသောအခါ လုံ့လများစွာ မထုတ်သော်လည်း အခုအခံ မရှိသာယာ အေးမြစွာ နေနိုင်ကြသည်။ သို့သော် ကာလဒေသ မညီညွတ် အကျပ် အတည်းနှင့် ကြုံကြိုက်သော အခါ သာယာ အေးမြစွာ နေ၍ မဖြစ်နိုင် တော့ဘဲ ကြိုးကြိုးကုတ်ကုတ် အားရှိသမျှ ထုတ်လျက် ရုန်းကန်ဆောင်ရွက် နိုင်ကြမှ သာလျှင် လိုရာသို့ ပေါက်မြောက် အောင်မြင်စွာ နေထိုင် နိုင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ စတင်တာဝန် ထမ်းဆောင်စ ၂ဝ၁၁ ခုနှစ် ဧပြီ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ခန်းမဆောင်၌ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ် များနှင့် ပြည်ထောင်စု ဒုတိယ ဝန်ကြီးများအား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တွေ့ဆုံ အမှာစကား ပြောကြားရာ၌ ''စနစ် ပြောင်းသွားပြီ ဖြစ်သကဲ့သို့ ခေတ်လည်း လိုက်ပြောင်းရမည် ဖြစ်ကြောင်း၊ ပြောင်းလဲသည့် ခေတ်စနစ်နှင့် အညီ အတွေး အခေါ်များ၊ လုပ်နည်း လုပ်ဟန်များလည်း လိုက်ပါ ပြောင်းလဲရမည် ဖြစ်ကြောင်း၊ အပြောင်း အလဲကို လိုချင်နေသည့် ပြည်သူများ၏ ဆန္ဒကို နားလည် သဘော ပေါက်ကြရမှာ ဖြစ်ကြောင်း၊ ဗဟိုက ချုပ်ကိုင်သည့် စနစ်အစား အောက်ခြေက အဆင့်ဆင့် တာဝန်ယူပြီး အထက်ကို ပြန်တာဝန် ခံသည့် စနစ်မျိုးဖြင့် သွားကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေက တောင့်တင်းရန်၊ အားကောင်းရန် လိုအပ်ကြောင်း၊ ပြည်သူများ ကိုလည်း မိမိတို့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရ ကိုချည်း အားကိုး မနေဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး လုပ်ကိုင်ကြရေး တိုက်တွန်းကြရန် လိုအပ်ကြောင်း၊ အလုပ်လုပ်ကြ ရမှာက ပြည်သူများသာ ဖြစ်ပြီး အလုပ် လုပ်နိုင်အောင် ဖန်တီး ပေးရန်နှင့် အခွန်အတုတ် ရအောင် ကောက်ခံရန်မှာ အစိုးရ၏ အလုပ်ဖြစ်ကြောင်း၊ တာဝန် ရှိလာပြီ ဖြစ်သည့်အတွက်  တာဝန်သိရန် လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်ချက်၏ အဆိုး အကောင်းကို တာဝန် ယူကြရန် လိုအပ်ကြောင်း၊ စေတနာ အလျောက် လုပ်နည်းကိုင်နည်း မှားယွင်း သွားခြင်းကို  သည်းခံခွင့်လွှတ် နိုင်သော်လည်း ပုဂ္ဂိုလ်ရေး အရ မှားယွင်းမှုမျိုး မဖြစ်ရန် ကိုမူ ဂရု စိုက်ကြရန် လိုကြောင်း'' မှာကြားခဲ့ခြင်းဖြစ်သည်။

ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီး တို့သည် စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်း နေကြရသည် ဖြစ်ရာ လောကကြီးကား တစ်သမတ်တည်း ညီညာ ပြေပြစ်သော အရာ မဟုတ်ကြောင်း သတိ ပြုလျက် ချောင်းမြစ်တို့ စီးဆင်းသည့် ဥပမာ ပြု၍ စနစ်ပြောင်း ခေတ်ပြောင်းနှင့် လိုက်လျော ညီထွေ ရှိစေသော အတွေး အခေါ်နှင့် လုပ်နည်း လုပ်ဟန်များဖြင့် နိုင်ငံတော် တည်ဆောက် ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်ကြရန် ထပ်လောင်း နှိုးဆော် လိုက်ရပါ သည်။

http://www.myawady.net.mm/allnews/editorschoice/item/3334-2013-01-02-09-16-19

သဘာဝတရားကြီးတွင် ချောင်းမြစ်စသည်တို့မှာ မြစ်ဖျားမှသည် မြစ်ဝသို့တိုင်အောင် စီးဆင်းရာ၌ သာယာ ညီညွတ်စွာ စီးဆင်းကြရသည်မဟုတ်ဘဲ မြေညီ၍ရေသာသည့်အခါသာလျက် မြေကြမ်း၍ ရေကြမ်းသည့်