Thursday, July 18, 2013

မဟာမုနိဘုရား အနောက်မုခ်အနီး ကိုရင် တစ်ပါး ဓားထိုးခံရ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မဟာမုနိ ဘုရားကြီး အနောက်မုခ်အနီး ၈၄ လမ်း ပေါ် တွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီခန့်က ကိုရင် တစ်ပါးကို ဓားနှင့် ထိုးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ အမှတ် (၁၀) ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်း သိရှိရသည်။

"ဥသြဆွဲတာဟာ အနှောက်အယှက်ဖြစ်မယ် မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"

"ဥသြဆွဲတာဟာ အနှောက်အယှက်ဖြစ်မယ် မထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"


အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေး ဒု ဝန်ကြီးက လွှတ်တော်မှာပြောကြားခဲ့တာနဲ့ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်ရင် အနှောက်အယှက်ဖြစ်နိုင်တာမှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရကြောင်းပြသတာကတော့ အနှောက်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆိုလိုက်ပါတယ်။

"သူတို့လည်း အချက်ပြတယ်။အဲလိုအချက်ပြရင် လမ်းသွားလူတွေက ငြိမ်ငြိမ်သက်သက်လေးနဲ့ သတိရခြင်း အထိမ်းအမှတ် လုပ်ကြတာပဲ၊ဘာမှတော့ အနှောင့်အယှက် ဖြစ်တယ် မထင်ဘူး"

RFA က ပုံမှန်ထုတ်လွှင့်နေတဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်နဲ့ပတ်သက်ပြီး မနေ့ကညနေပိုင်း ဆက်သွယ်မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်မှု မခံခဲ့ရဖူးဆိုရင် မြန်မာပြည်ရဲ့အခြေအနေဟာ ခုလိုဆိုးဝါးနေမှာ မဟုတ်ဖူးဆိုတဲ့အမြင်ကို သူ သဘောတူလက်ခံကြောင်းလည်း ပြောပါတယ်။

"သဘောတူတယ်ဆိုတာက လွတ်လပ်ရေးရကာစ နိုင်ငံတစ်နိုင်ငံမှာ ရှေ့တန်းက ခေါင်းဆောင်တွေ ကျသွားတယ်ဆိုတာ နိုင်ငံရဲ့ ကံကြမ္မာကို ထိခိုက်မှုတော့ ရှိမှာပါ၊အိန္ဒိယနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် အိန္ဒိယနိုင်ငံမှာ ခေါင်းဆောင်ကြီးတွေဟာ လွတ်လပ်ရေးနောက်ပိုင်းမှာ ခေါင်းဆောင်မှု ပေးနိုင်တယ်ဆိုတော့ အိန္ဒိယနိုင်ငံဟာ တော်တော် အခြေအမြစ် ခိုင်သွားတယ်"

ဒါ့အပြင် မြို့တော်ခန်းမရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မိမိ အပါအဝင်ပြည်သူတရပ်လုံးအနေနဲ့ ပြုပြင်သင့်တာတွေကို ပြုပြင်ကြဖို့ ပြောကြားခဲ့တာဖြစ်တဲ့အတွက် နှစ်သက်သဘောကျမိတယ်လို့ လည်းပြောဆိုပါတယ်။

အေးချမ်းမွန် Copy & Credit To > RFA Burmese < Thank
Re-post By ACM 17-7-2013
အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ် မရှိဖူးလို့ ပြန်ကြားရေး ဒုဝန်ကြီးက လွှတ်တော်မှာပြောကြားခဲ့တာနဲ့ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက်ရပ်ဆိုင်းလိုက်ရင်

တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မဖြစ်နိုင်သေးဟုဆို

 မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင် တွင် ဆေးကုသမှု ခံယူလျက် ရှိသော တေးသံရှင် ဆိုတေးကို နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန်မှာ လတ်တလော အခြေ အနေ တွင် မဖြစ်နိုင်သေးကြောင်း လက်ရှိ ၎င်းကို အနီးကပ် စောင့်ရှောက်ပေးနေသော ဆိုတေး၏ ဦးလေး ဖြစ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

အစ္စလာမ်မစ်ခေါင်းဆောင်တဦး ဘင်္ဂလားသေဒဏ်ပေး

အစ္စလာမ်မစ်ခေါင်းဆောင်တဦး ဘင်္ဂလားသေဒဏ်ပေး

ဗွီအိုအေ (မြန်မာပိုင်း)
18.07.2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးအတွက် ပါကစ္စတန်နိုင်ငံနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲအတွင်း လူတွေကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်ပြီး ထိပ်တန်း အစ္စလာမ်ပါတီရဲ့ ခေါင်းဆောင်တဦးကို အထူးစစ်ရာဇ၀တ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။
 
Jamaat-e-Islami ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အသက် ၆၅ နှစ်အရွယ် Ali Ahsan Mohammad Mujahid မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ဒက္ကားမြို့တော် တရားရုံးက ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်ခဲ့တာပါ။
 
ပညာတတ်တွေကို ညှဉ်းပမ်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေ အပါအ၀င် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခဲ့ပြီး ၅ မှုမှာတော့ သံသယဖြစ်စရာ မရှိအောင် သက်သေပြနိုင်ခဲ့တယ်လို့လည်း တရားလိုရှေ့နေက ပြောပါတယ်။ အမှု ၅ မှုအနက် ၃ မှုက သေဒဏ်၊ တမှုက တသက်တကျွန်းနဲ့ နောက်တခုက ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။
 
တရားသူကြီးရဲ့ စီရင်ချက်ကို ကြားခဲ့ရပြီးနောက်မှာတော့ တရားမျှတမှု မရှိတဲ့အကြောင်း တရားခွင်မှာ အော်ဟစ်ခဲ့တာပါ။ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြစ်ဒဏ်စီရင်တာ ဒီသီတင်းပတ်ထဲ ဒါဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
 
Jamaat-e-Islami ပါတီရဲ့ ဘာသာရေးခေါင်းဆောင် အသက် ၉၀ အရွယ် Ghulam Azam ကိုလည်း စစ်အတွင်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တနင်္လာနေ့မှာတုန်းကပဲ ထောင်ဒဏ်အနှစ် ၉၀ ချမှတ်ခဲ့တာပါ။
 
အစ္စလာမ်ဝါဒီ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို အထူးစစ်ရာဇ၀တ်ခုံရုံးက အပြစ်ပေးအရေးယူခဲ့တာ ဒီနှစ်ဆန်းကစလို့ ဒါဟာဆိုရင် ၆ ဦး ရှိသွားပါပြီ။

အေးချမ်းမွန် Copy & Credit To >VOA< Thank
Re-post By ACM 17-7-2013
 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေးအတွက် ပါကစ္စတန်နိုင်ငံနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲအတွင်း လူတွေကို ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှုတွေနဲ့ ဆက်နွယ်ပြီး ထိပ်တန်း အစ္စလာမ်ပါတီ ရဲ့ ခေါင်းဆောင် တဦးကို အထူးစစ်ရာဇ၀တ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

မြောက်ဥက္ကလာတွင် ကျောင်းထိုင်ဆရာတော်အသတ်ခံရ

Photo: မြောက်ဥက္ကလာတွင် ကျောင်းထိုင်ဆရာတော်အသတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် သန္တာလမ်းရှိ ရတနာသိင်္ဂီ ကျောင်းတိုက်တွင် ဇူလိုင်လ ၁၇  ရက် ညနေ ၅ နာရီခွဲခန့်က အဆိုပါကျောင်းနှင့် ဘေးချင်းကပ် အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဓားထိုး၍ အသတ်ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို ဓားဒဏ်များဖြင့် ၎င်း၏ဒကာ၊ ဒကာမများက ရတနာသိင်္ဂီ ကျောင်းဝင်း အပြင်ဘက်တွင် တွေ့ရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် လမ်းခုလတ်၌ ပျံလွန်တော်မူခဲ့ကြောင်း (င) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနိုင်၏ ပြောကြားချက်အရ သိရသည်။   

ပျံလွန်တော်မူသည့် ကျောင်းထိုင်ဆရာတော်သည် သက်တော် ၄၅ နှစ်၊ ဝါတော် ၂၅ ဝါရှိသည့် ဆရာတော်ဦးနန္ဒ ဖြစ်ပြီး ရတနာသိင်္ဂီကျောင်းတိုက်သို့ သွားစဉ် ဓားဖြင့်ထိုးခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ရင်ဝနှင့် ဗိုက်တွင် ထိုးသွင်းဒဏ်ရာ၊ ဝဲဘက် နားရွက်နောက် စုတ်ပြဲဒဏ်ရာနှင့် ဝဲလက်မောင်းစုတ်ပြဲ ဒဏ်ရာရရှိကာ မြောက်ဥက္ကလာပ ဆေးရုံသို့ တင်ပို့ကုသစဉ် ပျံလွန်တော်မူခဲ့ကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ဓားနဲ့ထိုးခံရတဲ့ ဆရာတော်ကို သူ့ဒကာ၊ ဒကာမတွေကတွေ့တော့ စကားမပြောနိုင်ဘဲ ဝူးဝါး၊ ဝူးဝါးပဲ အသံထွက်လာတော့  ချော်လဲလို့ တစ်ခုခုနဲ့ ထိုးမိတယ် ထင်ကြပြီး ဆေးရုံကို ချက်ချင်းလိုက်ပို့တာ ဆေးရုံရောက်တော့မှ အသက်မရှိတော့ဘူး” ဟု ၎င်းက ထပ်မံပြောကြားသည်။

ဓားထိုးမှုမဖြစ်မီက အဆိုပါ ဆရာတော်နှင့်အတူ ရတနာသိင်္ဂီ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဦးကုမာရနှင့် သားဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဦးဝင်းမြင့် ရှိနေပြီး ဓားထိုးမှုဖြစ်ပြီးနောက် ပျောက်ဆုံးသွားရာ ည ၉ နာရီခန့်တွင် ဓားထိုးမှုဖြစ်သည့် ဘုန်းကြီးကျောင်းတိုက် အနောက်ဘက်ရှိ  အ.ထ.က (၅) ကျောင်းဝင်းအတွင်း ချုံထဲတွင ပုန်းအောင်းနေစဉ် သက်သေခံဓားနှင့်တကွ ဦးဝင်းမြင့်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အင်းရဲမင်္ဂလာကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ကို ဦးဝင်းမြင့်က မည်သည့်အတွက်ကြောင့် ဓားဖြင့်ထိုးသည်ကို စုံစမ်းလျက်ရှိပြီး (ပ) ၅၇၈/၁၃၊ ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း၊ မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (င) ရပ်ကွက် သန္တာလမ်းရှိ ရတနာသိင်္ဂီ ကျောင်းတိုက် တွင် ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်က အဆိုပါကျောင်းနှင့် ဘေးချင်းကပ် အင်းရဲမင်္ဂလာကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ဓားထိုး၍ အသတ်ခံရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ...

Photo: မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ...
Thursday, July 18, 2013

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်းတစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွားရမယ့်အထပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ကြိုးစားလာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထားတယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေက လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် မိမိကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သားထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကားနံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အလက်တွေကို နောက်ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့အတော်ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင်တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွားပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်းဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေမှာ ဖြစ်ပါတယ်...


ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်... 
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေးများအတွက် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း...

ကြယ်မင်းတာယာ
Myanmar News Update
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

ဆရာဝန်နှင့် ပြသရန် လိုလာသည့် ရောဂါလက္ခဏာများ

Photo: ဆရာဝန်နှင့် ပြသရန် လိုလာသည့် ရောဂါလက္ခဏာများ
Thursday, July 18, 2013

ယနေ့ ၂၁ ရာစုတွင် ကမ္ဘာ.ရွာဟု တင်စားရလောက်အောင် နေထိုင်မှုပုံစံစနစ် ပြောင်းလဲခြင်းနှင့်အတူ လူအများသည်လည်း ကျန်းမာရေး လိုက်စားလာကြသည်။ ရောဂါမဟုတ်သော်လည်း ခြောက်လတစ်ကြိမ် စမ်းသပ်စစ်ဆေးကြသည်။ ထိုစမ်းသပ်စစ်ဆေးရာမှ အောက်ပါ လက္ခဏာများကို တွေ့ရှိခဲ့ပါလျှင် ဆရာဝန်နှင့် ပြသရမည်။

ရင်ခေါင်း၊ နှလုံးနှင့် ပတ်သက်၍

ရင်ဘတ်၌ တစ်ခုခုနှင့် ဖိထားသလို ဆုတ်ညှစ်ထားသလို အောင့်ခြင်း (သို့) နာခြင်း၊ ဘယ်ဘက်ပခုံးမေးရိုးနှင့် ဘယ်ဘက်လက် အတွင်းဘက်တစ်လျှောက် အောင့်ခြင်း၊ နာခြင်း၊ ထိုသို့နာခြင်းသည် ကိုယ်လက်လှုပ်ရှားမှု ပြုသောအခါ၊ ထမင်းစားပြီးအခါ ပိုအောင့်ခြင်း၊ လှေကားထစ်အနည်းငယ် မြန်မြန်တက်မိသည်နှင့် တော်တော်လေး မောခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလုပ်ရုံနှင့် မောလာပြီး အနားယူမှ သက်သာလာခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ မကြာခဏဖြစ်ခြင်း၊ နှလုံးခုန်ခြင်းသည် တစ်ခါတစ်ရံ ပုံမှန်မဟုတ်ဘဲ မြန်ခြင်း (သို့) နှေးလွန်းခြင်း။

သွေးတိုးလေဖြတ်ခြင်းနှင့် ပတ်သက်၍

လက်နှင့်ခြေထောက် ရုတ်တရက် ထုံကျဉ်လာပြီး မလှုပ်ရှားချင်ဖြစ်လာခြင်း၊ ရက်အနည်းငယ်ကြာ ခေါင်းဆက်တိုက်ကိုက်ခြင်း၊ အကိုက်အခဲပျောက်ဆေး သောက်လည်း သက်သာမှုမရှိခြင်း၊ ရုတ်တရက်မျက်စိဝါခြင်း၊ ဦးခေါင်းတစ်ဖက်သို့ ရုတ်တရက်အလှည့် ခဏမျှ ချာချာလည်မူးသွားခြင်း၊ စကားပြောလျှင် လျှာလေးခြင်း။

အဆုတ်နှင့် ပတ်သက်၍

ချောင်းနှစ်ပတ်မှ လေးပတ်ကြာ ဆက်တိုက်ဆိုးခြင်း၊ ချောင်းဆိုးရာ၌ သွေးပါသော သလိပ်ထွက်ခြင်း၊ ကြာရှည်စွာ အသံဝင်၊ အသံအက်ခြင်း။

အစာအူလမ်းကြောင်းနှင့် ပတ်သက်၍

ရုတ်တရက် အစာပျက်ခြင်း၊ ယခင်စားသောက်နေကျ အစားအစာမစားတော့ခြင်း၊ အစာမျိုခက်ခဲခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး ညဘက်အိပ်ရာမှ နိုးလာခြင်း၊ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်နေပြီး အစာစားမှ သက်သာခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းလည်းသွားခြင်း၊ ဝမ်းကိုက်ဝမ်းပျက် တစ်လှည့်စီဖြစ်နေခြင်း၊ ဝမ်းမသွားခင် သွေးများစအိုမှ ကျခြင်း၊ ဝမ်းဗိုက် ချက်ပတ်လည်၌ ရစ်ပြီးနာခြင်း၊ ထိုနာကျင်မှုသည် ဝမ်းဗိုက်ညာဘက်ပိုင်းသို့ ရွေ့သွားခြင်း၊ အထိမခံနိုင်အောင် နာခြင်း။

အသည်းနှင့် ပတ်သက်၍

ပုံမှန်အရက်သောက်ရာမှ အရက်အရသာသည် ယခင်ကဲ့သို့ မကောင်းခြင်း၊ အရက်အနည်းငယ်သာ သောက်ရုံဖြင့် ခေါင်းအလွန် ကိုက်လာပြီး ဆက်မသောက်နိုင်အောင် မူးလာခြင်း၊ မသောက်နိုင်ခြင်း၊ ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်းတင်းပြီး အောင့်နေခြင်း၊ ကားဆိုင်ကယ်ခုန်လျှင် ထိုနေရာမှ ပိုပြီးအောင့်ခြင်း။

ကျောက်ကပ်ဆီးလမ်းကြောင်း

ဆီးသွားလျှင် နာကျင်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ ခါးရိုးဘေးကျောဘက် အောင့်ခြင်း၊ ဆီးဝါခြင်း၊ နည်းခြင်း၊ ဆီးသွားခက်ခဲခြင်း၊ ယခင်လို ဆီးပန်း၍ မထွက်ခြင်း။

ကိုယ်ပိုင်ဇီဝလုပ်ငန်းများ ပျက်စီးမှု

ရက်ပိုင်းလပိုင်းအတွင်း အတော်ပိန်သွားခြင်း (သို့) ဝခြင်း၊ လူနုံးချည့်ပြီး ဆီးမကြာခဏသွားခြင်း၊ ခြေလက်တို့ မကြာခဏနာခြင်း၊ အနာဖြစ်ခြင်း၊ အနာတော်ရုံဖြင့် မပျောက်ခြင်း၊ ခြေဆစ်လက်ဆစ်နာခြင်း၊ အိပ်ရာမှလန့်နိုးပြီး အဆစ်နီရဲ၍ ရောင်ခြင်း၊ အစာစားနိုင်သော်လည်း ကိုယ်အလေးချိန်လျော့ခြင်း၊ နှလုံးခုန်မြန်ခြင်း။

ဦးခေါင်းကျောရိုးအာရုံကြော

လနှင့်ချပြီး ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊ မည်သည့် အကိုက်အခဲဆေးသောက်၍ မသက်သာခြင်း၊ ခေါင်းမူးဝေခြင်း၊ ခေါင်းကိုက်နေသည့် အပြင် ပျို့ခြင်း၊ အန်ခြင်း ခါးနှင့် ခြေထောက်တစ်ဖက်နာခြင်း၊ အလေးအပင်တစ်ခုခုမလိုက်ပြီး ခါးနာခြင်း။

မျက်စိ

ရုတ်တရက် မျက်စိဝေဝါးပြီး မှုန်ခြင်း၊ အာရုံစိုက်ပြီး တစ်နေရာသို့ အကြာကြီးကြည့်၍ မရခြင်း၊ အလင်းထွက်နေရာ (မီးသီးမီးချောင်း) ကြည့်ပါ။ ၎င်းဘေးပတ်လည်၌ အရောင်များ ဖြာထွက်နေခြင်း၊ ခေါင်းကိုက်ပြီး မျက်စိထဲမှ အောင့်နေမှုကြာရှည်ခြင်း။

ဖော်ပြပါ အခြေအနေလက္ခဏာများ ဖြစ်ပေါ်ပါက မိသားစုဆရာဝန်၊ ဆေးရုံ၊ ဆေးခန်းသို့ ပြသပြီး ကုသရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

ဒေါက်တာလွင်သန့် (ဆေး-၂)
BY FLOWER NEWS JOURNAL
ယနေ့ ၂၁ ရာစုတွင် ကမ္ဘာ.ရွာဟု တင်စားရလောက်အောင် နေထိုင်မှုပုံစံစနစ် ပြောင်းလဲခြင်းနှင့်အတူ လူအများသည်လည်း ကျန်းမာရေး လိုက်စားလာကြ သည်။ ရောဂါ မဟုတ်သော် လည်း ခြောက်လ တစ်ကြိမ် စမ်းသပ်စစ်ဆေးကြသည်။ ထိုစမ်းသပ်စစ်ဆေးရာမှ အောက်ပါ လက္ခဏာများ ကို တွေ့ရှိခဲ့ ပါလျှင် ဆရာဝန်နှင့် ပြသရမည်။

ကျူရှင်ဆရာမ သေဆုံးမှု ထောင်ဒဏ် ၁၀နှစ် ချ

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၂) ရပ်ကွက် အာသာဝတီလမ်း ရှိ ယောက္ခမဖြစ်သူ၏ နေအိမ်တွင်

သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် Burma Campaign UK အဖွဲ့ ဆန္ဒပြ

သမ္မတဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာအား နိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် Burma Campaign UK အဖွဲ့က ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

တန်ဖိုးနည်းဖုန်းများ အနေဖြင့် MEC မှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်းသာ ဖုန်းလိုင်းကောင်းမည်

၁၅၀၀ ကျပ်တန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ အနေဖြင့် ဖုန်းအသုံးပြုရာ တွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း MEC Tel ကုမ္ပဏီမှ စိုက်ထူထားသည့် တာဝါတိုင်များ၏ ငါးမိုင်အတွင်း၌သာ ဖုန်းလိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားသည်။

စာနယ်ဇင်းသမားများ ကန့်ကွက်နေကြသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ မဆွေးနွေးမီ ဥက္ကဋ္ဌအား ပြန်ကြားရေးဝန်ကြီး သီးသန့်လာရောက်တွေ့ဆုံ

uaungkyi-july18
ဇူလိုင် ၁၇ ရက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးခန်းမှ ပြန်ထွက်လာ သည့် ပြန်ကြားရေး ၀န်ကြီး ကို တွေ့ရစဉ်
စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ အပြင်းအထန် ကန့်ကွက်နေကြသည့် ပြန်ကြားရေး ၀န်ကြီးဌာနမှ

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်စမ်းသပ်ပို့လွှတ်

naturalgas-july18
ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်ငန်းခွင်အား တွေ့ရစဉ်
မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို စတင်စမ်းသပ် ပို့လွှတ်နေပြီဖြစ်ကြောင်း CNPC မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဆိုသည့် ကတိအတိုင်း ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်အား ပြင်သစ်သမ္မတ တိုက်တွန်း


utheinsein-july18
ပြင်သစ်သမ္မတ နန်းတော်သို့ ဇူလိုင် ၁၇ ရက်က ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟိုလန်ဒေးက ကြိုဆိုနှုတ်ဆက်စဉ် (Photo:AFP)
သမ္မတဦးသိန်းစိန်နှင့် ပြင်သစ်သမ္မတ ဖရန်ကို့စ်ဟိုလန်ဒေးတို့ ဇူလိုင် ၁၇ ရက်က ပါရီမြို့၌ တွေ့ဆုံရာ တွင် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်

Telenor ဆင်းမ်ကတ်များတွင် အင်တာနက် တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး လိုင်စင်ရအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်

Telenor မှ ဆင်းမ်ကတ်များတွင် အင်တာနက် ၀န်ဆောင်မှုပါ တစ်ပါတည်း ပါရှိမည်ဖြစ်ပြီး ၎င်းတို့ကုမ္ပဏီ အနေနှင့် လိုင်စင်လက်ဝယ် ရရှိအပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များ စတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်း Telenor Myanmar ၏ CEO အဖြစ် ခန့်အပ်ခံရသူ မစ္စတာ ပတ်တာဖားဘတ်က ဇူလိုင် ၁၇ တွင် ပြော ကြားလိုက်သည်။