Saturday, June 15, 2013

'၀' ပြည်နယ်တောင်းဆိုမှု ပေးနိုင်၊ မပေးနိုင် ဆိုခြင်းမှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ပြောကြား

6.14.20
တွေ့ဆုံဆွေးနွေးပွဲအပြီး၌ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်အား တွေ့ရစဉ်
'၀' သွေးစည်း ညီညွတ်ရေးပါတီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ပြည်နယ် အဆင့်သို့ တိုးမြှင့်တောင်းဆို မှုအား ပေးနိုင်မပေးနိုင်မှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ ထိုင်းသို့သွားမည်

Photo: ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့်အဖွဲ့ ထိုင်းသို့သွားမည် 
---------------------------------------------------------
ဒုသမ္မတဦးဆောင်သောအဖွဲ့မှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ထိုင်း၊ ဂျပန်အစိုးရတို့နှင့် သီးခြားဆွေးနွေးမည်
-----------------------
ရန်ကုန်၊ ဇွန်- ၁၄

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်မှု လုပ်ငန်းများကို ဂျပန်၊ ထိုင်းနိုင်ငံတို့နှင့် သီးခြားတွေ့ ဆုံဆွေးနွေးရန်အတွက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သည့်အဖွဲ့ ထိုင်းနိုင်ငံသို့ ယနေ့ထွက်ခွာမည်ဟု သတင်းရရှိသည်။

ဒုသမ္မတနှင့် အဖွဲ့သည် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ် ထားဝယ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဇွန် ၁၆ 
ရက်တွင် ထိုင်းနိုင်ငံတာဝန်များနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကာ ဂျပန်ကိုယ်စားလှယ်များနှင့် ဇွန် ၁၇ ရက်တွင် သီးသန့်တွေ့ဆုံဆွေးနွေးမည် 
ဟု သတင်းရရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်အသစ်သုံးခု ချုပ်ဆိုရန် နှစ်နိုင်ငံအစိုးရအနေဖြင့် မကြာသေးမီက ပြင်ဆင်ခဲ့သည်။

ယင်းစာချုပ်များချုပ်ဆိုမှုကို အပြီးသတ်ဆွေးနွေးရန် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများ အကောင်အထည်ဖော်ရေးဆိုင်ရာ မြန်မာ-ထိုင်းပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်အဖွဲ့သွားရောက် ပြီးနောက် နှစ်လအကြာတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအဖွဲ့ ထိုင်းနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။ မြန်မာနှင့် ထိုင်းနိုင်ငံသဘောတူညီမှုရှိထားသည့် စတော့ဈေးကွက်အတွင်း ရှယ်ယာများတာဝန်ယူရောင်းချမည့် ကိစ္စရပ်များဆွေးနွေးအပြီးတွင် ထိုင်းနှင့် မြန်မာ သဘောတူညီမှုစာချုပ်လက်မှတ် ရေးထိုးမည်ဟု အစိုးရအရာရှိများ အသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

ယင်းစာချုပ်တို့မှာ ထိုင်းနိုင်ငံတွင် အထူးလုပ်ငန်းအဖွဲ့၊ ပင်မကုမ္ပဏီဖွဲ့စည်းနိုင်ရန်တွက် အစုရှယ်ယာရှင်များ စာချုပ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတွင် ထားဝယ်အထူးစီးပွားရေးဇုန်အတွက် ဖွဲ့စည်းထားသည့် အဖွဲ့အကြား ချုပ်ဆိုမည့် လုပ်ပိုင်ခွင့်သဘောတူညီချက်စာချုပ်၊ အခြားနိုင်ငံများရှိ စတော့ဈေးကွက်အတွင်း ရှယ်ယာများတာဝန်ယူ ရောင်းချရန်အတွက် ရင်းနှီးမြှုပ်နှံသူများ နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရင်းနှီးမြှုပ်နှံရေး ညှိနှိုင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံတွင် ဖွဲ့စည်းမည့် စာချုပ်သုံးခုချုပ်ဆိုရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတွင် ဂျပန်တို့ပါဝင် ရင်းနှီးမြှုပ်နှံရန် ထိုင်းနှင့် မြန်မာအစိုးရက ဖိတ်ခေါ်ထားသော်လည်း ဂျပန်အစိုးရက ထားဝယ်အထူးစီးပွားဇုန်နှင့် ရေနက်ဆိပ်ကမ်းကို စိတ်ဝင်စားမှုနည်းကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုနေကြ
သည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လပ်ခ်ရှင်နာဝပ်က ထိုစီမံကိန်းတွင် ဂျပန်ပါဝင်ရန် ထိုင်းနိုင်ငံသို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရောက်ရှိစဉ် ဖိတ်ခေါ်ခဲ့သည်။

ဓာတ်ပုံ- စိုးသန်းဝင်း/ အေအက်ဖ်ပီ
ဒုသမ္မတဦးဆောင်သောအဖွဲ့မှာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ရန် ထိုင်း၊ ဂျပန်အစိုးရတို့နှင့် သီးခြားဆွေးနွေးမည်

မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ပတ်စပို့စာအုပ်လက်ဝယ်မရှိသူ များ ဆောင်ရွက်ရမည့် အချက်

Photo: မလေးရှားမှ မြန်မာပြည်သို့ ပြန်ရန် ပတ်စပို့စာအုပ်လက်ဝယ်မရှိသူ များ ဆောင်ရွက်ရမည့် အချက်
======================================
15-6-2013

ယနေ့ မလေးရှားနိုင်ငံက နေ ကျွန်တော်တို့ဆီကို ပြန်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ဖုန်းဆက်တာ ကျွန်တော်တို့ post တင်ပြီးကတည်း က မြန်မာပြည်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့ သူ တွေ ရဲ့ဖုန်းတွေ 24 နာရီ မနားတမ်းမည်နေခဲ့ပါတယ် ။ အကြောင်းအရာကတော့ မေးခွန်း တစ်ခုတည်းဖြစ်ပါတယ် .......

1. မြန်မာပြည်ကို ဘယ်လိုပြန်ရမလဲ ကျွန်တော်တိုက အိုဗာစတေးဖြစ်နေ လို့ပါ။

ကျွန်တော်တို့ 2 ကြိမ်မြောက်ထပ်မံတင်ဆက်ပါ့မယ် ။

(က) သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်ရှိပြီး ပါမစ်မရသေးသူဖြစ်ပါသလား ?
လုပ်ဆောင်ရန်မှာ ကျွန်တော်တို့ထံတွင် Shpw Ticket ခေါ် အင်မီဂရေးရှင်း တွင်ပြသရန် လေယာဉ်အကြိုလက်မှတ် အခမဲ့ လာယူပါ ၊ ပြီးပါက မလေးရှားနိုင်ငံ နီးစပ်ရာ လဝက ရုံးများသို့ သွားရောက်ပြီး Special Pass ပြုလုပ်ရန်အတွက် တိုကင်သွားထုတ်ရပါလိမ့်မယ် ။

ယခင်က ကွာလာလမ်ပူ ဂျလန်း ဒူတ မှာလည်းဆောင်ရွက်ပေးပေမယ့် ယခုကွာလာလမ်ပူတွင်တော့ Putra Jaya (မလေးရှားအစိုးရရုံးစိုက်ရာဌာန) တွင်သာဆောင်ရွက်နိုင်ပါတော့တယ် ။

ဒီနေရာမှာ ကျွန်တော်တို့ပြဿနာတစ်ခုက ယခုမလေးရှားလဝကက တုကင်သွားထုတ်တဲ့သူတွေအားလုံးကို 3 လ ခွာချိန်းနေတာပဲဖြစ်ပါတယ် ။ မြန်မာသံရုံးမှ တာဝန်ရှိသူတွေကတော့ တရားဝင်စာထုတ်ပြန်ပြီး ထို့ထက်ပိုမိုမြန်ဆန်အောင်ကူညီမယ်လို့ သိရပေမယ့် ယနေ့ထိတော့ ဖြစ်မလာခဲ့သေးတာတွေ့ရပါတယ် ။

ထိုသို့ရက်ချိန်းရပါက မိမိကိုယ်ပိုင်ငွေဖြင့် Special Pass အတွက် ဒဏ်ငွေ မလေးရှားရင်းဂစ် 400 တိတိ ပေးဆောင်ရမည့်ဖြစ်ပြီး Special Pass ပါရက်များအရ 5 ရက်အတွင်း မလေးရှားကထွက်ခွာပေးရမည်ဖြစ်ပါတယ် ။
ိ
ထိုသို့ ရက်ချိန်းရမှသာ လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူ ရမည်ဖြစ်ပါတယ် ။ ကျွန်တော်တို့ မလေးရှားကို ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ယနေ့ လေယာဉ်လက်မှတ် အစောင် 1000 ကို စတင်လှူဒါန်းနေပြီးဖြစ်တာကြောင့် မကုန်းမချင်း ဒုက္ခရောက်သူ ဦးစားပေးစနစ်နဲ့ တောင်းယူနိုင်ပြီဖြစ်ပါတယ် ။


2. သင့်ထံတွင် ပတ်စပို့စာအုပ်လက်ဝယ်မရှိလျှင် .... ?

ပြန်ချင်ပါတယ် ကျွန်တော်တို့မှာ ပတ်စပို့စာအုပ်မရှိပါဘူး မိတ္တူပဲရှိပါတယ် (သို့မဟုတ်) မှတ်ပုံတင်ပဲရှိပါတယ် (သို့မဟုတ်) ဘာမှမရှိပါဘူး .ဘယ်လိလုပ်ရမလဲ ...

မြန်မာနိုင်ငံက ထုတ်ပေးထားတဲ့ မှတ်ပုံတင် ၊ အိမ်ထောင်စုဇယား ၊ ရပ်ကွက်ထောက်ခံစာ တို့ကို မှာယူပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးမှာ CI သွားရောက်လျှောက်ထားရန်လိုပါတယ် ....
CI အတွက် အခမြဲ့ဖစ်ပါတယ် ။

CI လျှောက်ထားမည့် မည်သူမဆို အဆိုပါ
1. မှတ်ပုံတင်မူရင်း(သို့) မိတ္တူ
2. အိမ်ထောင်စုစာရင်း
3. ရပ်ကွက် ၊ ရဲစခန်း ထောက်ခံစာ တို့မဖြစ်မနေလိုအပ်ပါတယ် ။

ဆက်လက်ပြီး ကျွန်တော်တို့ ဘာဆိုဘာမှမရှိပါဘူး တကယ်လဲဒုက္ခရောက်နေတာပါ ၊ မှာစရာမိသားစုလဲ မရှိတော့ပါဘူး ..ဘယ်လိုလုပ်ရမလဲ..
မြန်မာသံရုံးက တာဝန်ရှိသူတွေထံမှာ မြန်မာနိုင်ငံသားဖြစ်ကြောင်း သွားရောက် စစ်ဆေးခံပါခင်ဗျာ .....


CI လျှောက်ထားရမည့် ဖောင်ပုံစံကိုပါ ကျွန်တော်တို့ ပူးတွဲ တင်ပြပေးလိုက်ပါတယ် ။ ကူးယူ Print ထုတ်ပြီး အချက်လက် ဖြည့်စွက်လျှောက်ထားနိုင်ပါတယ် ။

အားလုံး တွေ့ကြုံနေတဲ့ ယနေ့ ကျွန်တော်တို့ မလေးရှားရောက် မြန်မာတွေပြည်တော်ပြန်ဖို့ကို ထပ်မံ ရှင်းပြပေးတာပါ ...

ယနေ့ထိတော့ ဆောင်ရွက်သူအားလုံး 3 လတိတိစောင့်ဆိုင်းနေကြရတဲ့အကြောင်းကို သိအောင် ထပ်မံရေးသားပေးရပါတယ်ခင်ဗျာ ။

www.edinooyin.com

Posted From မလေးရှားရောက် မြန်မာများ
ယနေ့ မလေးရှားနိုင်ငံက နေ ကျွန်တော်တို့ဆီကို ပြန်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုပြီး ဖုန်းဆက်တာ ကျွန်တော်တို့ post တင်ပြီးကတည်း က မြန်မာပြည်ပြန်ဖို့အတွက် ကူညီဆောင်ရွက်ပေးတဲ့ သူ တွေ ရဲ့ ဖုန်းတွေ 24 နာရီ မနားတမ်းမည်နေခဲ့ပါတယ် ။ အကြောင်းအရာကတော့ မေးခွန်း တစ်ခုတည်းဖြစ်ပါတယ် 

မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ

Photo: မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ

 မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင် လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

 ''နွေရာသီမှာ ဆိုလို့ရှိရင် သစ်ခိုးတဲ့ ကားတွေက ခြောက်လမ်း သွား မြေလမ်းမကြီးဖောက်ပြီး သယ်ယူကြတယ်။ မိုးရာသီရောက်လာတဲ့ အခါမှာတော့ ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း ကို ပြောင်းပြီးသုံး လာကြတယ်။

 ခိုးထုတ်တာကတော့ BDY ဆိုတဲ့ တရုတ်တွေပေါင်းပြီး ဖွဲ့စည်းထားတဲ့ ကုမ္ပဏီက ဦးဆောင်ပြီးတော့ ထုတ်တာပါ။ ဒီကုမ္ပဏီကို နောင်ကောင်းမှာ အခြေစိုက်ထားတာပါ။ အခုသစ်ပင်မျိုးစိတ်က တော်တော်ပျက်သွားပါပြီ။ 

ကချင်ပြည်နယ်က ရွှေကူ၊ မန္တလေးတိုင်းက မဘိန်း၊ ရှမ်းပြည်နယ်က ကျောက် မဲ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာဆိုရင် ကသာအထိ ကိုယ်ပိုင်ယန္တရားတွေနဲ့ ခုတ်လှဲ ယူကြတာပါ'' ဟု တရုတ်မြန်မာ နယ်စပ်ဒေသမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါ သစ်ခိုးထုတ်သည့်ဂိုဏ်းမှာ တရုတ်ပြည်၊ နောင်တောင်း ဆိုသည့်မြို့တွင် အခြေစိုက်ထားပြီး မြန်မာပြည်တွင် ရှားပါးလာသည့် ပေ ၃၀၊ ပေ ၄၀ လုံးပတ်ရှိသော သစ်များ အမြောက်အမြား ရှိနေကြောင်း သိရသည်။

 ''မြန်မာပြည်က နန်းခမ်းဒေသမှာ အိမ်ဆောက်ဖို့အတွက် ဒေသခံတွေက ၀ါးတိုင်လေးတွေ သုံးနေရတဲ့အခါမှာ သူတို့ရဲ့ မြန်မာ မိုင်တိုင် ၆၄ နားမှာ သစ်ပုံကြီးတွေက အကြီးကြီးပဲ။ တန်နှစ်သောင်း၊ သုံးလောက်လောက် ရှိတယ်။ အထူးသဖြင့် ပွင့်လင်းရာသီဖြစ်တဲ့ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ အဲဒီလတွေမှာ ထုတ်ယူမှု အများဆုံးပဲ။ 

အဲဒီချိန်မှာ တစ်ရက်ကို အစီး ၈၀၀ လောက် ၀င်လာတတ်တယ်။ သူတို့ရဲ့ ၂၂ ဘီးကားကြီးတွေနဲ့ ရွှေလီကိုပို့တယ်။ အဲဒါကိုမှ တချို့ကို အိမ်ထောင်ပရိဘောဂ ပြန်လုပ်ပြီး အမြစ်တွေကိုကျတော့ ပန်းပုပြန်ထု၊ ဒီဇိုင်းအမျိုးမျိုး ဖော်ပြီးတော့ နိုင်ငံတကာ ဈေးကွက်ကို တင်ကြတယ်'' ဟု ဒေသခံတစ်ဦးက ဆိုသည်။

 ယင်းသို့ နွေရာသီတွင် ခြောက်လမ်းသွားလမ်းဖြင့် သယ်ဆောင်ရာ တွင် မြန်မာပြည် နန်းခမ်းနောက်ကျောရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အဆုံးနေရာတွင် မန်းဝိန်းဆိုသည့် နေရာရှိကြောင်း မန်းဝိန်းနောက်ကျော မှ တောက်လျှောက်သွားလျှင် ဗန်းမော်သို့ ရောက်ပြီး ထိုမှတစ်ဆင့် မန်စီ၊ မန်စီမှ တစ်ဆင့် ရွှေလီမြစ်ကိုဖြတ်ပြီး မန္တလေးတိုင်း မဘိန်းအထိ ရောက် လာကြောင်း သိရသည်။

 ''မဘိန်းကတစ်ဆင့် မန္တလေးညောင်ကွဲ ဆိုတဲ့ရွာမှာ စစ်ကိုင်းတိုင်းက ခိုးထုတ်လာတဲ့ သစ်တွေအကုန်လုံး လာစုကြတယ်။ ပြီးရင် အဲဒီမှာ ဈေးကွက်ဖြစ် တယ်။ အဲဒီမှာ အကုန်ရှိတယ်။ 

ဒုစရိုက်မှု၊ ငွေအတု၊ စိတ်ကြွဆေး၊ ကျွဲ၊ နွားမှောင်ခို အစုံပါပဲ'' ဟု မန္တလေးတိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ တရုတ်သူခိုးဂိုဏ်း၏ သစ်ခိုးထုတ်မှုများကြောင့် ဒေသတွင်း သစ်ပင်များ အတော်ပင် ရှင်းလင်း သွားပြီ ဖြစ်ကြောင်း၊ သဘာဝ ပတ်ဝန်းကျင်ကိုပင် ထိခိုက်လာပြီး နွေရာ သီတွင် အလွန်ပူးပြင်းလာကြောင်း ဒေသခံများက ပြောပြခဲ့သည်။

Eleven Media Group
တရုတ်ပြည်ဘက်မှ သစ်ခိုးကားများအား ရွှေလီမြို့တွင် တွေ့ရှိရစဉ်
တရုတ်ပြည်ဘက်မှ သစ်ခိုးကားများအား ရွှေလီမြို့တွင် တွေ့ရှိရစဉ်
မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင် လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

မိုင်ဂျာယန် - အုံလုံရှိ စစ်ရှောင်မိသားစုများ နေရပ်မပြန်နိုင်အောင် KIO/KIA ခေါင်းဆောင်ပိုင်းများက ထိန်းချုပ် ထားကြောင်း သတင်းများ ထွက်ပေါ်

Photo: မိုင်ဂျာယန် - အုံလုံရှိ စစ်ရှောင်မိသားစုများ နေရပ်မပြန်နိုင်အောင် KIO/KIA ခေါင်းဆောင်ပိုင်းများက ထိန်းချုပ် ထားကြောင်း သတင်းများ ထွက်ပေါ်

ဇွန်လ ၁၅ ရက် ၂၀၁၃
 
မိုင်ဂျာယန်-အုံလုံတွင်ရှိသော စစ်ရှောင်စခန်းများသို့ KIO ဗဟိုမှ ဦးဒွဲပီဆာက ဇွန် ၁၃ ရက်နေ့မှာ လာရောက်ကြည့်ရှုပြီး စစ်ရှောင်မိသားစုများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် တင်ပြခိုင်းရာ စစ်ရှောင်မိသားစုများက အစိုးရစစ်တပ် နှင့် KIA အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် အဆင်ပြေကြောင်း သိရသည့်အတွက် ၀မ်းသာမိသော် လည်း နေရပ်တွေမှာ ပြန်လည်နေထိုင်ရန်အတွက် နေထိုင်ခွင့် မပေးသေးခြင်း ကိစ္စအပေါ် မေးမြန်းခဲ့ကြကြောင်း သိရှိရ သည်။

စစ်ရှောင်မိသားစုများ၏ မေးမြန်းချက်ကိုဦးဒွဲပီဆာက ``စစ်ရှောင်စခန်းတွေမှာ နေထိုင်ကြတဲ့ မိသားစုဝင်တွေအနေနဲ့ နေရပ်အသီးသီးကို ပြန်လည်နေထိုင်ခွင့်ပြုဖို့ KIO/KIA ခေါင်းဆောင်ပိုင်းတွေက ဆုံးဖြတ်မှာဖြစ်ပြီး အဆိုပါကိစ္စမှာ မိမိနှင့် မသက်ဆိုင်တဲ့အတွက် ဖြေရှင်းမပေးနိုင်ကြောင်းနဲ့ စစ်ရှောင်စခန်းတွေမှာသာ သည်းခံပြီးနေထိုင်သွားကြဖို့ ပြောကြားသွား ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်မိသားစုဝင်များအား နေရပ်အသီသီမှာ ပြန်လည်နေရာချထားပေးရန် နိုင်ငံတကာ လူမှု ကူညီရေးအသင်းအဖွဲ့တွေက နိုင်ငံတော်အစိုးရအပေါ် တောင်းဆိုမှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် စစ်ရှောင်မိသားစုဝင်များကို နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးကိစ္စများကို အကောင်အထည် ဖော်ဆောင်ရွက်နေသော်လည်း KIO/KIA အနေနဲ့ စစ်ရှောင်စခန်းများမရှိတော့ရင် တဖက်လှည့်ရနေတဲ့ နိုင်ငံတကာလူမှု ကူညီရေး အထောက်အပံ့တွေ ရပ်ဆိုင်းသွားနိုင်တာကြောင့် စစ်ရှောင်စခန်းက မိသားစုဝင်တွေကို နေရပ်ပြန်ဖို့ ခွင့်မပြုဘဲ ထိန်းချုပ်ခြင်းဖြစ်ကြောင်း မိုင်ဂျာယန်စစ်ရှောင်စခန်းမှ ဒုက္ခသည်များ၏ ပြောပြချက်အရ သိရှိရသည်။
မိုင်ဂျာယန်-အုံလုံတွင်ရှိသော စစ်ရှောင်စခန်းများသို့ KIO ဗဟိုမှ ဦးဒွဲပီဆာက ဇွန် ၁၃ ရက်နေ့မှာ လာရောက်ကြည့်ရှုပြီး စစ်ရှောင်မိသားစုများ၏ အခက်အခဲများကို ဖြေရှင်းပေးရန်အတွက် တင်ပြခိုင်းရာ စစ်ရှောင်မိသားစုများက အစိုးရစစ်တပ် နှင့် KIA အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ခဲ့ရာတွင် အဆင်ပြေကြောင်း သိရသည့်အတွက် ၀မ်းသာမိသော်လည်း နေရပ်တွေမှာ ပြန်လည်နေထိုင်ရန် အတွက် နေထိုင် ခွင့် မပေးသေးခြင်း ကိစ္စအပေါ် မေးမြန်းခဲ့ကြကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲဖော်ဆောင်မှု ကုလသမဂ္ဂအကြီးအကဲ ကြိုဆို

Photo: မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲဖော်ဆောင်မှု ကုလသမဂ္ဂအကြီးအကဲ ကြိုဆို

ဇွန်လ ၁၅ ရက် ၂၀၁၃

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေးပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖွဲ့နဲ့ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံပြီးတဲ့နောက် ထုတ်ပြန်တဲ့ကြေငြာချက်မှာ အဲဒီလို ဖော်ပြလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ပြည်ထောင်စု လွှတ်တော်က ပူးပေါင်းပါဝင်တဲ့ အခန်းကဏ္ဍကို မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်တာလို့ ပြောခွင့်ရပုဂ္ဂိုလ် Martin Nesirky ကပြောကြားပါတယ်၊

ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ခိုင်ခိုင်မာမာရှိစေဖို့ လူမှုအသိုင်းအ၀ိုင်းချင်းချင်းကြားဖြစ်ပွားတဲ့ ပဋိပက္ခဖြေရှင်းရေး၊ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေးဆိုင်ရာ အခြေခံအခွင့်အရေးတွေကို တလေးတစား အာမခံရေးနဲ့ အကြမ်းဖက်သူတွေကို အရေးယူရာမှာ ထင်သာမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ အတွင်းရေးမှူးချုပ်က ထောက်ပြပါတယ်။

သူရ ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ ပြည်သူ့လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိမ်းဆွေ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ အတွင်းရေးမှူး ဦးခတ်ထိန်နန်၊ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်နဲ့ ပြည်သူ့လွှတ်တော် စီးပွားရေး၊ ကုန်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မျိုးအောင်တို့လည်း လိုက်ပါလာကြပါတယ်။

RFA Burmese
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

ကျူးကျော်အိမ်နှင့် လမ်းဘေးဈေးသည်များသည် ဖြေရှင်းရန် ခက်ခဲသော ကိစ္စရပ် ဖြစ်ကြောင်းသိရ

အနှေးယာဉ်များ လမ်းပြောင်ပြန် မောင်းမှုကြောင့် မော်တော်ယာဉ် မောင်းသူများ အန္တရာယ်ဖြစ်နိုင်

ချင်းပြည်နယ်ဟားခါးနှင့် ဖလမ်း၌ တန်ဖိုးနည်းဖုန်း ဇူလိုင်မှသာ စရောင်းမည်

Photo: ချင်းပြည်နယ်ဟားခါးနှင့် ဖလမ်း၌ တန်ဖိုးနည်းဖုန်း ဇူလိုင်မှသာ 
စရောင်းမည်
Saturday, June 15, 2013

၁၅၀၀ကျပ်တန် CDMA 800 MHz ဖုန်း SIMကဒ် ၅၀၀၀ အား ချင်းပြည်နယ်
ဟားခါးနှင့် ဖလမ်းဒေသတွင် လမည့်လ ၁၅ ရက်မှစတင်၍ ရောင်းချပေး
မည်ဟု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

ဟားခါးနှင့် ဖလမ်းတွင် မိုဘိုင်းစက်ပစ္စည်းများ တပ်ဆင်ပြီးစီးမည့်ရက်မှ စတင်၍ရောင်းချပေးခြင်းဖြစ်ကြောင်း ဆက်လက်ရောင်းချမည့် ၁၅၀၀ကျပ်
ဖုန်းအစီအစဉ်များနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

တန်ဖိုးနည်းဖုန်းများကို ပြည်နယ်နှင့်တိုင်းအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် လစဉ် SIM ကဒ် သုံးသိန်းခွဲကို ဧပြီလနှင့်ဇွန်လ၌ ရောင်းချပေးရာတွင် ချင်းပြည်နယ်ပါဝင်ခဲ့ခြင်းမရှိခဲ့ပေ။ 

Popular Myanmar News Journal
၁၅၀၀ကျပ်တန် CDMA 800 MHz ဖုန်း SIMကဒ် ၅၀၀၀ အား ချင်းပြည်နယ် ဟားခါးနှင့် ဖလမ်းဒေသတွင်

မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိဆဲဖြစ်ကြောင်း တောင်ကိုရီးယား ပြောကြား

Photo: မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ်ရန် ဆန္ဒရှိဆဲဖြစ်ကြောင်း
တောင်ကိုရီးယား ပြောကြား
Saturday, June 15, 2013

တောင်ကိုရီးယားနိုင်ငံနှင့် မြောက် ကိုရီးယားနိုင်ငံအကြား ပြုလုပ်ရန် စီစဉ် ထားသော အဆင့်မြင့်ဆွေးနွေးပွဲတစ် ရပ်ပျက်ပြားခဲ့ရမှုသည် ကိုရီးယားနှစ်
နိုင်ငံအကြားတွင် နာကျင်မှုတစ်ရပ်ကို ဖြစ်ပေါ်စေကြောင်းနှင့် တောင် ကိုရီးယားအစိုးရအနေဖြင့် မြောက် ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုပြုလုပ် ရန်အတွက် တံခါးဖွင့်ကြိုဆိုနေဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံက
ပြောကြားခဲ့သည်။

သို့ရာတွင် မြောက်ကိုရီးယားအစိုးရ အနေဖြင့် တောင်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးသစ်တစ်ရပ်ကို ဖော်ဆောင် ရန်စစ်မှန်သော သဘောထား
တစ်ရပ်ကို ပြသသင့်ကြောင်း ပြန်လည်ပေါင်း စည်းရေးဝန်ကြီးဌာနတွင် ထိပ်တန်း အရာရှိများနှင့် ဆွေးနွေးပွဲမပြုလုပ်မီ ပြန်လည်ပေါင်းစည်းရေး
ဝန်ကြီး ရူးခီလ် ဂျေးက သတင်းထောက်များ ကို ပြောကြားခဲ့သည်။ 

ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခြင်းထက် ပျက်ပြားရခြင်းသည် တောင်ကိုရီးယား
နှင့် မြောက်ကိုရီးယား နိုင်ငံအကြား အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပရန် အဟန့်အတားများ ဖြစ်ပေါ်စေမည်ဟု ရည်ညွှန်းနေကြောင်း ရူးက
မှတ်ချက်ပြု ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား အစိုးရတို့သည် ခြောက်နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ်အဆင့် မြင့်ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပရန် ဇွန် ၁ဝ ရက်က သဘောတူညီမှုရရှိခဲ့ ကြောင်း၊ ဆိုးလ်မြို့၌ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်အတွင်း နှစ်ရက်ကြာကျင်းပရန် စီစဉ်ခဲ့သော ယင်းဆွေးနွေးပွဲသည် ကိုယ်စားလှယ်များအား ဦးဆောင်မည့် ခေါင်းဆောင်ရွေးချယ်မှုနှင့်စပ်လျဉ်း၍
သဘောထား ကွဲလွဲမှု ဖြစ်ပေါ်ခဲ့ပြီး နောက် ဇွန် ၁၁ ရက်က ပျက်ပြားခဲ့ရခြင်း
ဖြစ်ကြောင်း သိရသည်။

မြ၀တီ
တောင်ကိုရီးယားနိုင်ငံနှင့် မြောက် ကိုရီးယားနိုင်ငံအကြား ပြုလုပ်ရန် စီစဉ် ထားသော အဆင့်မြင့်ဆွေးနွေး

သမ္မတ သက်တမ်းအကုန် မြစ်ဆုံပြန်စရန် တရုတ်ကြိုးပမ်းနေ

ဇွန်လ ၁၅ ရက် ၂၀၁၃
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သက်တမ်းတလျှောက် ရပ်ဆိုင်းထားမည်ဟုဆိုသော ကချင်ပြည်နယ်မြစ်ကြီး နားမြို့ မေခ-မလိခ မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းကို တရုတ်အစိုးရဖက်မှ သမ္မတ

ဆီးရီးယား အစိုးရက ဓာတု လက်နက်များ အသုံးပြုသည် ဟူသော အမေရိကန် နိုင်ငံ၏ ထုတ်ပြန် ချက်သည် လုပ်ကြံ ပြောဆိုခြင်း ဖြစ်ကြောင်း ရုရှား ပြောကြား

ဆီးရီးယား နိုင်ငံအနေဖြင့်  အတိုက်အခံများအား တိုက်ခိုက်ရာတွင်  ဓာတုလက်နက်များ အသုံးပြု ခဲ့သည် ဟူသော အမေရိကန် နိုင်ငံ၏ ပြောဆို ချက်သည် လုပ်ကြံ ပြောဆိုမှု တစ်ရပ်သာ ဖြစ်ကြောင်း ရုရှားနိုင်ငံ

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်

လစာငွေ အဓမ္မ အလှူခံခြင်းကြောင့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ထွက်စာတင်
Saturday, June 15, 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှစတင်၍ ကျေးရွာ အုပ်စု စည်းရုံးရေးမှူးများသို့
ထောက်ပံ့သော လစာငွေအား ၎င်းတို့ ဆန္ဒမပါဘဲ အရာတော်မြို့နယ် ပါတီရုံးမှ အလှူခံလိုက်သောကြောင့် ကျေးရွာအုပ်စု စည်းရုံးရေးမှူး အပါအဝင် (၅)ဦး ထွက်စာ တင်ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးအတွက် အုပ်စု
စည်းရုံးရေးမှူး (၄၁)ဦးသို့ တစ်လလျှင် ငါးသောင်းကျပ်စီ ထောက်ပံ့သော ဧပြီလနှင့်မေလအတွက် လစာငွေ(၄၁)သိန်းအား ရွှေဘိုမြို့နယ် နာရေး
ကူညီရေးယာဉ်အတွက် အလှူငွေအဖြစ် အားလုံး၏ သဘောတူညီချက် မယူဘဲ အရာတော်မြို့နယ်တွင် လက်မှတ်ထိုး ကောက်ခံလိုက်သောကြောင့် သဘောမတူသော အုပ်စုစည်းရုံးရေးမှူး အပါအဝင်(၅)ဦး ထွက်စာ တင်ထား
ကြောင်း ကျွန်းတောကျေးရွာအုပ်စု စည်းရုံးရေးမှူး ဦးမြင့်ငွေက ပြော
ကြားသည်။

အဆိုပါ ထွက်စာတင်ထားသူ ငါးဦးသည် ပြည်ခိုင်းဖြိုးအသင်းစတင် တည်
ထောင်စဉ်ကတည်းက စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များလည်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ကျေးရွာ အုပ်စုတွေအတွက် လေးလပိုင်း
ကတည်းက ထောက်ပံ့ကြေးပေးတယ်ဆိုတာကို ဒီလရှစ်ရက်နေ့က အရာတော်မှာ အုပ်စုစည်းရုံးရေးမှူးတွေ (၄၁)ဦးလုံး အစည်းဝေးခေါ်မှ သိရတာပါ။ အစည်းဝေးမှာ ပြောလည်းပြော လက်မှတ်ထိုးပြီး အလှူလည်း
ခံဆိုတော့ ၃၁ဦးကတော့ သဘောတူတယ်။ ကျန်တဲ့သူတွေကတော့ ဒီအတိုင်းထိုးလိုက်ရတယ်။ ကျွန်တော့်မှာ ခရီးစားရိတ် ဆန်တစ်ခွဲဖိုး ကုန်တာဘဲ အဖတ်တင်ပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရာတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ ဆက်သွယ်မေးမြန်းရာ “အဲ့ဒါ မဟုတ်သေးပါဘူး”ဟု အထွေထွေ အတွင်းရေးမှူး ဦးညွန့်ဝင်းက ဖြေကြားသည်။

မြို့နယ်မှ CEO များအား မူလလစာ ခြောက်သောင်းကျပ်မှယခုလမှစတင်၍ တစ်သိန်းကျပ်သို့ တိုးမြင့်ပေးလိုက်ပြီး အလှူခံခြင်းမရှိသော်လည်း အုပ်စုမှူး တစ်ဦးစီ စတင်၍ရရှိသော ထောက်ပံ့ငွေနှစ်လစာအား အလှူခံလိုက်သော
ကြောင့် အရာတော်မြို့နယ်မှ အုပ်စုစည်းရုံးရေးမှူးများထွက်ရန် ပြင်ဆင်လျက်
ရှိကြာင်း ထွက်ရန်ပြင်ဆင်လျက်ရှိသော စည်းရုံးရေးမှူး တစ်ဦးက ပြောကြား
သည်။

The Myanma Age
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဧပြီလမှ

လေဖိအားနည်း ရပ်ဝန်းကြောင့် မြန်မာနိုင်ငံအောက်ပိုင်း ရေလွှမ်းမိုးနိုင်

တောင်တရုတ်ပင်လယ် အတွင်းရှိ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး (တောင်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)နှင့် ဧရာဝတီတိုင်းဒေသကြီး (အရှေ့တောင်ပိုင်း) တို့တွင် ရေဖုံးလွှမ်းနိုင်ခြေ ရှိသဖြင့် ဒေသခံများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း

ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး

Photo: ကြက်တစ်ကောင်အား အခြားဂြိုဟ်မှလာသည့် ဂြိုဟ်သားပုံစံပြုလုပ်ကာ အင်တာနက်ပေါ်တင်၍ လိမ်လည်လှည့်ဖြားသူ တရုတ်အမျိုးသားအား ရဲတပ်ဖွဲ့ဖမ်းဆီး 
Saturday, June 15, 2013

ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါပုံစံမျိုးပြုလုပ်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက်သတင်း တစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြခဲ့သည်။

လီအမည်ရှိ အဆိုပါ အမျိုးသားသည် ပြည်သူများကို လှည့်စားရန်အတွက် ကြက်အား ဝါယာကြိုးနှင့်ကော်များ အသုံးပြု၍ ဂြိုဟ်သားတစ်ဦးအသွင် ဖန်တီးကာ အင်တာနက်ပေါ်သို့ တင်ခဲ့ သည်ဟု ဝန်ခံခဲ့သည်။ ရဲတပ်ဖွဲ့သည် အတုအလိမ်လုပ်ကြံမှုဖြင့် ၄င်းအား ငါးရက်ကြာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ
ကြက်တစ်ကောင်ကို လျှပ်စစ်ဓာတ်ဖြင့် အဆုံးစီရင်၍ အခြားကမ္ဘာဂြိုဟ်မှ လာသော သတ္တဝါ ပုံစံမျိုးပြု လုပ်ကာ အင်တာနက်ပေါ်တင်ခဲ့သည့် တရုတ်လယ်သမားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း

အင်္ဂလန် အသင်း ဥရောပ ယူ-၂၁ ချန်ပီယံရှစ်မှ နုတ်ထွက်ခဲ့ရခြင်းသည် အလွန် ရှက်ဖွယ် ကောင်းဟု ဒန်နီရို့စ်ပြောကြား


အင်္ဂလန် အသင်း ဥရောပ ယူ-၂၁ ချန်ပီယံရှစ်မှ နုတ်ထွက်ခဲ့ရခြင်းသည် အလွန် ရှက်ဖွယ် ကောင်းဟု ဒန်နီရို့စ်ပြောကြား

ဥရောပ ချန်ပီယံ အုပ်စုပွဲ အဆင့်မှ အင်္ဂလန်ယူ-၂၁ အသင်း နုတ်ထွက် ခဲ့ရခြင်းသည် အလွန် ရှက်ဖွယ် ကောင်းကြောင်း ဒန်နီရို့စ်က အခိုင်အမာ ပြောကြား ထားသည်။
 

အင်္ဂလန် အသင်းသည် အစ္စရေး၌ ကစားခဲ့သည့် ပွဲသုံးပွဲလုံး ရှုံးနိမ့် ခဲ့ပြီး ပင်နယ်တီ ဂိုး တစ်ဂိုးသာ ရရှိခဲ့သည့် အတွက် အလွန် ရှက်ဖွယ် ကောင်းကြောင်း၊ သို့သော် ထို အခြင်း အရာသည်  ထိုသို့ ထပ်မဖြစ်အောင် ကြိုတင် ပြင်ဆင်ရန် ပြသလျက် ရှိပြီးဖြစ်ပြီး မိမိ အနေဖြင့် မန်နေဂျာအား အပြစ် မတင် လိုသော်လည်း ၎င်းအား  အားကိုး၍ မရကြောင်း စပါး နောက်တန်း ကစား သမား ဒန်နီ ရို့စ်က ဝန်ခံ ပြောကြား ထားသည်။

ယခုပြီး ခဲ့သော  ပြိုင်ပွဲများတွင် အင်္ဂလန်အသင်း အနိုင်ရလိမ့်မည်ဟု

Read more >>http://bit.ly/11n4dwd
ဥရောပ ချန်ပီယံ အုပ်စုပွဲ အဆင့်မှ အင်္ဂလန်ယူ-၂၁ အသင်း နုတ်ထွက်ခဲ့ရခြင်းသည် အလွန် ရှက် ဖွယ် ကောင်းကြောင်း ဒန်နီရို့စ်က အခိုင်အမာ ပြောကြား ထားသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်းများ ဇွန်လတွင် ဆက်လက် ရောင်းချမည်

၁။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း (၃၅ဝ,ဝဝဝ)စီကို ပြည်နယ်နှင့် တိုင်းဒေသကြီး

ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကြီှးမှ ကြေညာချက်ထုတ်ပြန်

Photo: ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲကြီှးမှ ကြေညာချက်ထုတ်ပြန်
Saturday, June 15, 2013

ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အခမ်းအနားကို နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးတိုင်း ဒေသကြီး ဗန်းမော်ကျောင်းတိုက် ဆရာတော်နှင့် မလေးရှားနိုင်ငံ ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သံဃာတော် ၂၂၇ ပါးတို့ တက်ရောက်ဆွေးနွေးခဲ့သည်။

နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ အခမ်းအနား အပြီးတွင် အချက်ငါးချက်ပါ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခံထားသည့် အားလျော်စွာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့် ပဋိပက္ခမျိုးမှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို ထောက်ခံကြောင်း ပါဝင်သည်။

ထို့ပြင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန် ညှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့် လုပ်ရပ်မှန်သမျှကို ကန့်ကွက်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကို ၀မ်းနည်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သံဃာတော် ၂၂၇ ပါးတို့က သြ၀ါဒခံယူပွဲနှင့် ပတ်သက်၍ အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ရေး အတွက် (၁) ပဋိပက္ခများကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ (၂)ဥပဒေဆိုင်ရာ ကဏ္ဍ(၃) နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကဏ္ဍ (၄) ပညာရပ် လေ့လာရေးကဏ္ဍ (၅) သတင်းနှင့် ပြန်ကြားရေးကဏ္ဍ (၆) အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေးကဏ္ဍ (၇) အသိပေး စည်းရုံးရေးကဏ္ဍ စသည့်အစုအဖွဲ့ကဏ္ဍခုနစ်ခုခွဲ၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြဿနာဖြစ်လျှင် သော်လည်းကောင်း ပြဿနာဖြစ်မည့် အခြေအနေမျိုးတွင် သော်လည်ကောင်း ဘာသာရေး ခေါင်းဆောင်များအားလုံး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန်နှင့် ''၉၆၉'' ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့်အတွက် ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာများတွင် အသုံးမပြုရန်...

 

အဆိုပါ အခမ်းအနား ပိတ်ပွဲအစီအစဉ်တွင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒက ''အခုဆွေးနွေးပွဲမှာ ဘာကိုဦးတည် ဆွေးနွေးမယ်ဆိုပြီး ခေါင်းစဉ်ပေးမထားပေမယ့် ကဏ္ဍခုနစ်ခုလုံးကို ဆွေးနွေးတဲ့အခါ နောက်ဆုံးမှာ ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဒီကြေညာချက်ကို ထုတ်နိုင်ခဲ့တာကိုပဲ ၀မ်းသာမိပါတယ်။ သာသနာရေးဆိုင်ရာ အချက်ခုနစ်ချက်ကို အများသဘောတူ ရွေးချယ်ပြီး ဒီဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့် အမြင်မတူ အရပ်ဒေသ အတွေ့အကြုံ မတူတဲ့ ဆရာတော် သံဃာတော်တိုင်းရဲ့ စိတ်ထားသည် ငြိမ်းချမ်းရေးကို ဦးတည်နေတာကို တွေ့ခဲ့ရပါတယ်'' ဟု မိန့်ကြားသည်။

ပဋိပက္ခများကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍတွင် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပြဿနာများ ဖြစ်ပေါ်လာပါက အကြမ်းမဖက်ဘဲ တရားဥပဒေနှင့်သာ ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ ပြဿနာဖြစ်လျှင် သော်လည်းကောင်း ပြဿနာဖြစ်မည့် အခြေအနေမျိုးတွင် သော်လည်ကောင်း ဘာသာရေး ခေါင်းဆောင်များအားလုံး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းရေးကို ကာကွယ်ရန်နှင့် ''၉၆၉'' ဂဏန်းသည် ရတနာသုံးပါးကို ကိုယ်စားပြုသော ငြိမ်းချမ်းရေး သင်္ကေတ ဖြစ်သည့်အတွက် ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေနိုင်မည့် နေရာများတွင် အသုံးမပြုရန် ကြေညာချက်တွင် ဖော်ပြထားသည်။

ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် ဥပဒေဆိုင်ရာ ကဏ္ဍတွင် မြန်မာနိုင်ငံရှိ နိုင်ငံသားအားလုံး အရှည်သဖြင့် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးမှုရှိစေရန်၊ မြန်မာနိုင်ငံသည် ဘာသာရေး လွတ်လပ်ခွင့်ရှိသည့် အားလျော်စွာ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ကိုးကွယ်မှု ဘာသာအလိုက် ခိုင်မာသော ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရန်နှင့် နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးကို အထောက်အကူပြုသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်တို့ ပါဝင်သည်။

နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေး ကဏ္ဍတွင် နိုင်ငံသားအားလုံး တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားနားလည်မှုများရှိပြီး ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အပြောအဆို အပြုအမှုများကို ရှောင်ကြဉ်ကြရန်နှင့် အခါအားလျော်စွာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေး၍ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ရန် ပါဝင်သည်။

ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ် လေ့လာရေး ကဏ္ဍတွင် မျိုးဆက်သစ် နိုင်ငံခေါင်းဆောင်များ နိုင်ငံအုပ်ချုပ်ရာ၌ လက်တွေ့ကျသော ဗုဒ္ဓဓမ္မများဖြင့် အောင်မြင်စွာ အုပ်ချုပ်နိုင်စေရန် အတွက် ဗုဒ္ဓအဆုံးအမများကို သင်ကြားပို့ချပေးရန်နှင့် ကလေးသူငယ်များနှင့် သင့်လျော်သော ဗုဒ္ဓဘာသာ သမိုင်း၊ ဗုဒ္ဓ၀င်စာအုပ်များ ရေးသားထုတ်ဝေရန်တို့ ပါဝင်သည်။

သတင်းနှင့် ပြန်ကြားရေး ကဏ္ဍတွင် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ တိကျမှန်ကန်သော သတင်းများ ထုတ်ပြန်နိုင်ရေးအတွက် သင့်လျော်သော အမည်တစ်ခုပေးကာ ၀က်ဘ်ဆိုက်တစ်ခု ထားရှိရန်နှင့် လစဉ်လက်ကမ်း စာစောင်နှင့် သတင်းဂျာနယ်များ ထုတ်ဝေရန်တို့ ပါဝင်သည်။

ထို့ပြင် ဗုဒ္ဓသာသနာတော်ကြီးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ''ဂဏ၀ါစက အဖွဲ့၊ ဓမ္မကထိကအဖွဲ့'' စသည့်ကဲ့သို့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင်းအဖွဲ့များ ဖွဲ့စည်းရန်နှင့် ဗုဒ္ဓသာသနာ ကွယ်ခဲ့သော နိုင်ငံများ အကြောင်းကို ဖော်ပြထားသည့် သမိုင်းစာအုပ်များ ထုတ်ဝေဖြန့်ဖြူးရန် စသည့်အချက်များလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကျင်းပခဲ့သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကဲ့သို့ ဆွေးနွေးပွဲများကို နောင်တွင် လိုအပ်ပါက သင့်တော်သည့်နေရာ သင့်တော်သည့် အချိန်တွင် ထပ်မံကျင်းပ သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

EMG

ဒေါက်တာအရှင်ဓမ္မပိယ၊ ဓမ္မဒူတအရှင်ဆေကိန္ဒနှင့် သီတဂူအရှင်ဒေ၀ိန္ဒာဘိဝံသ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ရှိ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့၌ ပြုလုပ်ခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ

ဘာသာရေး ပဋိပက္ခ ဖန်တီးမှု အရေးယူမည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် တောင်းဆို

Photo: ဘာသာရေး ပဋိပက္ခ ဖန်တီးမှု အရေးယူမည့် ဥပဒေရေးဆွဲ ပြဋ္ဌာန်းရန် တောင်းဆို
Saturday, June 15, 2013

မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဖန်တီးသူများကို အရေးယူနိုင်မည့် ဥပဒေတရပ် အမြန်ဆုံး ရေးဆွဲ ပြဋ္ဌာန်းပေးရန် သံဃာတော်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ရှေ့နေများ၊ စာရေးဆရာများ အပါအ၀င် နယ်ပယ် အသီးသီးမှ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်း ချိတ်ဆက်ထားသော ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်က တောင်းဆို လိုက်သည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ယနေ့ ကျင်းပသော သံသယများ၊ အကြမ်းဖက်မှုများနှင့် စပ်လျဉ်းသော သတင်းစာ ရှင်းလင်းပွဲတွင် ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ရက်က ထိုသို့ သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ယနေ့ကျင်းပသော သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ သံဃာတော်များ၊ အစ္စလမ် ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နာယက ဦးဝင်းတင်၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအ၀င် လူမှုရေးအဖွဲ့အစည်းများနှင့် ကွန်ရက်များ၊ ပြည်သူများ စုစုပေါင်း အင်အား ၄၅၀ ကျော် တက်ရောက် ခဲ့သည်။

“လွှတ်တော်အနေနဲ့  လူမျိုးတမျိုး၊ ဘာသာတခုတည်းအတွက် မဟုတ်ဘဲ မြန်မာနိုင်ငံက လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တို့ရဲ့ လုံခြုံခွင့်နဲ့ အကျိုးစီးပွားကို အာမခံချက် ပေးဖို့၊ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးဖန်တီးမှုတွေကို အရေးယူနိုင်မယ့် ဥပဒေတရပ် မြန်မြန်ရေးဆွဲပေးဖို့ တောင်းဆိုချင်တယ်” ဟု ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်မှ တာဝန်ရှိသူ တဦးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။

ပဋိပက္ခများကို ရှုမြင်ရာတွင် ဥပဒေရှုထောင့်မှ ရှုမြင်သင့်ပြီး ဘာသာရေး၊  လူမျိုးရေး ကိစ္စများအဖြစ် မရှုမြင်သင့်ဘဲ ဘာသာရေးနှင့် လူမျိုးရေးရှုထောင့်မှ ကြည့်ရှုနေသမျှ ကာလပတ်လုံး ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေဦးမည်ဖြစ်ကြောင်း (NLD) ၏ နာယက  ဦးဝင်းတင်က ပြောသည်။

“ပဋိပက္ခကို ပဋိပက္ခလို့ပဲ မြင်သင့်တယ်။ အဲလိုမဟုတ်ရင် သံသယတွေနဲ့ ပဋိပက္ခတွေက ဆက်ဖြစ်နေဦးမှာ။ တယောက်နဲ့ တယောက် မယုံကြည်ရင်၊ ဒီလို ပြဿနာ တခုခုဖြစ်တိုင်း မွတ်စလင် တွေကြောင့်ဖြစ်တာ၊ ဗုဒ္ဓဘာသာ တွေကြောင့်ဖြစ်တာလို့ မြင်နေရင် ဒီပဋိပက္ခတွေက ပြီးတော့မှာမဟုတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။

မန္တလေးမြို့ ဘုရားကြီး ရေတော်ကျောင်းတိုက်မှ ဆရာတော် ဦးဝိသုတနှင့် ရန်ကုန်မြို့ရှိ ဆရာတော် ဦးဉာဏိက တို့က သံဃာတော် များသည် သံဃာများ၏ နေရာတွင်သာ နေသင့်ကြောင်း၊ သံဃာတော်များက ပဋိပက္ခများ အကြား ဝင်ရောက် ဖြေရှင်းခြင်းသည် မည်သို့မျှ ပြေလည်နိုင်မည် မဟုတ်ကြောင်း မိန့်ကြားခဲ့သည်။

“ဘုန်းကြီးတို့ ငယ်ငယ်က လူကြီးတွေ ပြောတဲ့စကားရှိတယ်။ ဗီဒီယိုရုံမှာ နှုတ်ခမ်းမွှေးနဲ့၊ တိုက်ပုံနဲ့ လူကြီးက ရှေ့ကနေ ထ ရပ်တာကို အနောက်ကနေ နှုတ်ခမ်းမွှေးနဲ့ အဒေါ်ကြီး ထိုင်ပါဗျို့၊ မမြင်ရဘူးလို့ အော်ကြတယ်။ ဒီတော့ အဲဒီလူက သူ့ကို ပြောတာ မဟုတ်ဘူး ဆိုပြီး မထိုင်ဘူး။ လူတွေကလည်း အော်ကြတယ်။ အခုဖြစ်စဉ်က ဒီလိုပဲ ဖြစ်နေတယ်” ဟု ဆရာတော် ဦးဝိသုတက မိန့်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့်လည်း အမုန်းတရား ဝါဒဖြန့်ချိမှု မှန်သမျှကို ထိရောက်စွာ အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ဖြစ်ပွား လာပါကလည်း လုံခြုံရေး တာဝန်ရှိသူများက လိုအပ်သလို ပစ်မိန့် ပေးခြင်းဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ကာကွယ် ပေးရန်၊ အကြမ်းဖက်မှု ဖြစ်ပွားပြီးလျှင်လည်း တရားခံများကို ဖော်ထုတ်ပြီး ထိရောက်စွာ အပြစ်ပေး အရေးယူ ပေးရန်၊ အကြမ်းဖက် ခံရသူတို့၏ ခုခံပိုင်ခွင့်ကို  ဥပဒေအရ အကျိုး ခံစားခွင့်ပေးရန် တောင်းဆိုကြောင်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

ဧရာဝတီ
ပဋိပက္ခကာလ မိတ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
ပဋိပက္ခကာလ မိတ္ထီလာမြို့ရှိ ချမ်းအေး ရပ်ကွက် မတ်လ ၂၂ ရက်နေ့က မီးလောင်နေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် ဖန်တီးသူများကို အရေးယူနိုင်မည့်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပြောကြောင်း RFA က ဖေါ်ပြ

Photo: မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းပြောကြောင်း RFA က ဖေါ်ပြ
Saturday, June 15, 2013

မြန်မာနိုင်ငံရဲ့  ဥပဒေပြုရာ အဆင့်မြင့်ဆုံး နေရာ တစ်ခုဖြစ်တဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌ  ဦးရွှေမန်းက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိပါဘူးလို့ ပြောဆိုတဲ့ အကြောင်း ဇွန်လ ၁၄ ရက်နေ့ ထုတ် RFA ( မြန်မာပိုင်း) က သတင်းမှာ ဖေါ်ပြထားပါတယ်။ 

“ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံမှာ ဥပဒေအရရော၊ သမိုင်းကြောင်းအရပါ မရှိဘူးလို့” ပြည်သူ့ လွှတ်တော် ဥက္ကဌက ပြောတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို အလည်အပတ် ရောက်ရှိနေတဲ့ ဦးရွှေမန်းဟာ ဝါရှင်တန် ဒီစီမြို့တော် ဝုဒရိုး ဝီလဆင် စင်တာ(Woodrow Wilson Center)မှာ ဇွန်လ ၁၃ ရက်နေ့က ကျင်းပတဲ့ “ မြန်မာ့ နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စု လွှတ်တော်ရဲ့ အမြင်” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ အပြီးမှာ ခုလို ပြောဆိုလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌကို ဘူးသီးတောင်၊ မောင်တောဒေသကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဘင်္ဂလီလား၊ ရိုဟင်ဂျာလား ဆိုတဲ့မေးခွန်းကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌက “ဥပဒေထဲမှာနဲ့ သမိုင်း အစဉ်အလာမှာ ရိုဟင်ဂျာဆိုတာမရှိခဲ့ပါဘူး၊ လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်၌က ဒီမှာလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ရိုဟင်ဂျာလို့ မသုံးပါဘူး၊ သူတို့ကို မြန်မာတစ်ယောက် အနေနဲ့ပဲ ဒီလိုပဲသုံးနှုန်းပါတယ်″ လို့ ပြောဆိုသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ပိတ်ပင်တားမြစ်ထားတယ်လို့ ပြည်သူ့လွှတ်တော်အကြီးအကဲ သူရ ဦးရွှေမန်းက ပြောကြားခဲ့တယ်လို့ RFA (မြန်မာပိုင်း အစီအစဉ်) သတင်းမှာ ဖေါ်ပြထားပါတယ်။ 

narinjara
မြန်မာနိုင်ငံရဲ့ ဥပဒေပြုရာ အဆင့်မြင့်ဆုံး နေရာတစ်ခုဖြစ်တဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်း

မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုကာလ အကန့်အသတ်မရှိ ရပ်ဆိုင်း

မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုကို ဇွန် ၁၃ ရက်မှ စတင်ကာ ကာလအကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

သမ္မတဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်သို့ ရှေ့လတွင် သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်သို့ လာမည့်လတွင် သွားရောက်မည်ဖြစ်ကြောင်း

မလေးရှားနိုင်ငံသို့ တရားမ၀င်ရောက်ရှိပြီး နေရပ်ပြန်လိုသူ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံပြန်ရန် အခက်အခဲများစွာရှိနေ

မလေးရှားနိုင်ငံသို့တရားမ၀င် ရောက်ရှိနေပြီး နေရပ်ပြန်လိုသူ မြန်မာအလုပ်သမားများ မြန်မာနိုင်ငံ ပြန်ရန်အတွက်

မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဆလာရန်းဈေးဧရိယာမှ ဂိုဏ်းခေါင်းဆောင်များကို မလေးရှားရဲက ခေါ်ယူသတိပေး လက်မှတ်ထိုးခိုင်းသော်လည်း လူသတ်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်ခြင်း မရှိသေး

မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အနီးရှိ ဆလာရန်းဈေး ဧရိယာအတွင်း၌ ကျင်လည်နေသော လူဆိုးဂိုဏ်း ခေါင်းဆောင်များကို မလေးရှား