Saturday, March 15, 2014

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ

MH-370 သည် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ဘက်သို့မောင်းနှင့်ခဲ့ဖွယ်ရှိ
==== === ==== ===

ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

မတ်လ ၈ ရက်နေ့က မလေးရှားစစ်ဘက်သုံး ရေဒါတစ်ခုမှ ဖမ်းယူရရှိခဲ့သော အတည်မပြုနိုင်သည့် လေယဉ်တစ်စင်းသည် မလေးရှားကျွန်းဆွယ်အနောက်ဘက်ပိုင်းမှတစ်ဆင့် ပျံသန်းခဲ့သည်ဟု ဆိုသည်။ 

ခန့်မှန်းလမ်းကြောင်းအရ လေယာဉ်ကိုထိန်းချုပ်ထားသူက မလေးရှားနိုင်ငံ၏ အနောက်မြောက်စွန်းစွန်း ကုန်းတွင်းပိုင်းဖြစ်သည့် တာမင့်နစ္စတန်နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံသို့ ၀င်ရောက်နိုင်သည့်လမ်းကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံမှ အနောက်မြောက်ဘက်စွန်းစွန်း တောင်ဘက် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ ဟူသည့် လမ်းကြောင်းနှစ်မျိုးဖြင့် မောင်းနှင့်ခဲ့ဖွယ်ရှိသည်ဟု ယနေ့ရရှိလာသော ဂြိုလ်တု သတင်းအချက်အလက်များ၏ အကိုးအကားဖြင့် သိရသည်။ 

“အသစ်ထပ်မံရရှိလာသော သတင်းအချက်အလက်များအရ လက်ရှိအချိန်တွင် လေယာဉ်၏ တည်နေရာအတိအကျကို ဖော်ပြနိုင်ခြင်းမရှိသေးပေမယ့် ရှာဖွေရေးအစီအစဉ်များအတွက် အလွန်အထောက်အကူဖြစ်လာခဲ့ပါတယ်”ဟု ၀န်ကြီးချုပ်နာဂျစ်က ပြောကြားခဲ့သည်။

အောင်ဟိန်းခိုင်
ယနေ့ နေ့လည်က ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်၏ အဆိုအရ ပျောက်ဆုံးလျက်ရှိသော မလေးရှားလေကြောင်းလိုင်းပိုင် MH - 370 သည် သူ၏ ဦးတည်ရာလမ်းကြောင်းဖြစ်သော ဘေကျင်းသို့သွားရာလမ်းကြောင်းမှ အနောက်ဘက်ယွန်းယွန်းသို့ ပြန်လှည့်သော အခြေနေမျိုးရှိခဲ့ပြီး နာရီပေါင်းများစွာ ပျံသန်းခဲ့သည်ဟု သတင်းအထောက်အထားများရရှိခဲ့သည့် အတွက် လေယာဉ်ရှာဖွေရေးလမ်းကြောင်းမှာ ပိုမိုကျယ်ပျံ့ခဲ့ပြီးဖြစ်သည်။

အောက်ပိုင်းသေသွားသော ရည်းစားဖြစ်သူကို သုံးနှစ်ကျော် စောင့်ရှောက် ခဲ့သည့် မိန်းကလေး မိဘများ၏ ဖိအားပေးမှုနှင့်ကြုံခဲ့ရ

မြန်မာ့သားကောင်း's photo.
၂၃နှစ်အရွယ် ယန်နာဆိုတဲ့ တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ သူ့ရည်းစားအောက်ပိုင်းသေ သွားတာကြောင့် Suzhou မြို့က သူ့အလုပ်ကိုစွန့်ပြီး မွေးရပ်မြို့ Qionglai ကိုပြန်လာခဲ့ပါတယ်။

ရည်းစားကို ပြုစုမယ့်သူမရဲအစီအစဉ်ကို သဘောမကျတဲ့ သူ့မိဘတွေကတော့ ခေါင်းမာနေတဲ့ သူမနဲ့ သဘောတူညီလုပ်ခဲ့ပါတယ်။ သုံးနှစ်ပြည့်လို့မှ သူ့ရည်းစားကောင်လေး ယန်ဟွန်ဘိုသာ လမ်းပြန် မလျှောက်နိုင်ဘူး ဆိုရင်တော့ မိဘအိမ်ကိုပြန်လာခဲ့ဖို့ပါ။

ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော

Photo: ပျောက်ဆုံးလေယာဉ် အိန္ဒိယသမုဒ္ဒရာထဲ ကျဖွယ်ရှိကြောင်း ကန်အရာရှိများပြော 

March 15, 2014

ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယသမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။

ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ သမုဒ္ဒရာထဲမှာရှိနေတယ်ဆိုတဲ့ အရိပ်လက္ခဏာ တွေ ရထားတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အမေရိကန် ရုပ်သံလွှင့်ဌာနတွေကို ပြောနေတာပါ။

သူ့အဆိုအားဖြင့် သတင်းအချက်အလက်အသစ်တွေ ရလာတာကြောင့် လေယာဉ်ပျောက် ရှာဖွေရေးကို အိန္ဒိယသမုဒ္ဒရာမှာ အမေရိကန်က တိုးချဲ့လုပ်ဆောင်သွားဖွယ်ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ဂျေး ကာရ်နီ (Jay Carney) ကပြောပါတယ်။
အသေးစိတ်ကိုတော့ သူကမပြောပါဘူး။

အိန္ဒိယသမုဒ္ဒရာအထိ ရှာဖွေရေးလုပ်ငန်းကို တိုးချဲ့ဖို့ အတိအကျပြောမထားတဲ့ အခြေအနေတွေက တွန်းပို့ခဲ့တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှမ်မူဒင်န် ဟူစိန် (Hishammuddin Hussein) က သောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် တောင်တရုတ် ပင်လယ်ထဲက ဝေးလံခေါင်သီတဲ့နေရာမှာလည်း တိုးချဲ့ရှာဖွေနေတယ်လို့ သူကပြောပါတယ်။

ကပ္ပလီကျွန်းနဲ့ နီကိုဘာကျွန်းတွေပေါ်ကနေပြီးတော့ အိန္ဒိယစစ်ဘက်လေယာဉ်တွေက ရှာဖွေနေပါတယ်။ အဲဒီဒေသဟာ အများ အားဖြင့် လူမနေတဲ့၊ သစ်တောထူထပ်တဲ့ ကျွန်းပေါင်း ၅၀၀ ကျော်ရှိတဲ့နေရာပါ။ အိန္ဒိယသမုဒ္ဒရာတွင်း ရှာဖွေရေးလုပ်ငန်းမှာ မြန်မာနိုင်ငံကလည်း ပါဝင်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
ပျောက်ဆုံးနေဆဲ ခရီးသည် ၂၃၉ ဦးပါ မလေးရှားလေကြောင်းလိုင်းက ဂျက်လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲကို ပျက်ကျသွား ဖွယ်ရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါ တယ်။ လေယာဉ်ခရီးစဉ် အမှတ် ၃၇၀ ဟာ လွန်ခဲ့တဲ့သီတင်းတစ်ပတ်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာအပေါ် ခိုင်မာ တဲ့အထောက်အထားကို စုံစမ်းစစ်ဆေးသူတွေ ခုထိ မတွေ့သေးပါဘူး။

ခန့်မှန်းသုံးသပ်ချက်တွေထဲမှာတော့ ပြန်ပေးဆွဲခံရတာ၊ စက်ပိုင်းဆိုင်ရာ ဆိုးရွားတဲ့ချို့ယွင်းချက်ကြောင့် စတာတွေပါဝင်ပါတယ်။ လေယာဉ်ဟာ သူ့ရဲ့ မူရင်းလမ်းကြောင်းကနေ အနောက်ဘက်စွန်းစွန်း အိန္ဒိယ

EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး

Photo: EU ကုန်သွယ်ရေးကော်မရှင်နာ မြန်မာနိုင်ငံ ပထမဆုံးခရီး 

March 15, 2014

EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး  Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။  သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို  နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း  အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို  တွေ့ဆုံမှာဖြစ်သလို  အတိုက်အခံခေါင်းဆောင်  NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

ဝန်ကြီး ဦးကံဇော်နဲ့ တွေ့ဆုံတဲ့အခါ အီးယူနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ အကာကွယ်ပေးနိုင်ရေး သဘောတူညီချက်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။  ဒါဟာ အီးယူက မြန်မာနိုင်ငံနဲ့ ပါတ်သက်ပြီး မကြာသေးခင်ကမှ ကုန်သွယ်ရေးဆိုင်ရာ  မူဝါဒ ပြုပြင်ပြောင်းလဲလိုက်တဲ့နောက်ဆက်တွဲအဖြစ် မနှစ်က ဇူလိုင်လမှာ ပြဌာန်းခဲ့တဲ့  လက်နက်ကလွဲလို့  ကျန်ကုန်ပစ္စည်း ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်တာမို့ EBA ခေါ် ဥရောပ ဘဏ်အဖွဲ့ဆီက  အခွန်အတုပ်ဆိုင်ရာ အထူးခံစားခွင့်တွေ ရမှာဖြစ်ကြောင်း အီးယူက ထုတ်ပြန်တဲ့ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။  မြန်မာနိုင်ငံမှာ လုပ်အားအဓမ္မခိုင်းစေမှုတွေနဲ့ ILO အလုပ်သမား အဖွဲ့ကြီးက ပြဌာန်းထားချက်တွေကို ချိုးဖေါက်ခဲ့တာကြောင့် ၁၉၉၇ ခုနှစ်ကစပြီး ဒီခံစားခွင့်ကို ရပ်ဆိုင်းပစ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့ နောက်ပိုင်း အိုင်အယ်လ်အိုရဲ့ ထောက်ခံမှုနဲ့ မနှစ်က ဇူလိုင်လမှာ ကန့်သတ်မှုတွေ ပြန်လည်ပြင်ဆင်ခဲ့တယ်လို့ဆိုပါတယ်။  

အီးယူနဲ့ မြန်မာကုန်သွယ်ရေးဟာ ၂၀၁၂ ခုနှစ်မှာ ယူရို သန်းလေးရာကျော်ရှိနေရာကနေ  ၂၀၁၃ မှာတော့ သန်းပေါင်း ၅၇၀ လောက်ဖြစ်လာ ပြီး ၄၁ ရာနှုံးတိုးခဲ့ပါတယ်။  မြန်မာက အီးယူကို ကုန်ပစ္စည်းတင်ပို့မှုဟာလည်း ၃၅ ရာနှုံး တိုးလာခဲ့တာပါ။   ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး ဂေါ့ခ်ျဟာ မတ်လ ၁၇ ရက်မှာ သူ့ရဲ့ အာရှ ၄ ရက်ကြာခရီးစဉ်ကို စတင်မှာဖြစ်ပြီး မြန်မာနိုင်ငံအပြင်  ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်မှာဖြစ်ပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
EU ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးကော်မရှင်နာမင်းကြီး Karel De Gucht ဟာ မြန်မာနိုင်ငံကို ရှေ့သီတင်းပါတ်ထဲမှာ လာရောက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံးအကြိမ်အဖြစ် တရားဝင်လာရောက်တဲ့ ခရီးစဉ်အတွင်း EUနဲ့ မြန်မာကြား ရင်းနှီးမြှပ်နှံရေး ကာကွယ်မှုဆိုင်ရာ သဘောတူညီချက်တွေကို နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်။

မစ္စတာ ဂေါ့ခ်ျဟာ မြန်မာနိုင်ငံမှာ ရောက်နေစဉ်အတွင်း အမျိုးသား စီမံကိန်းနဲ့ စီးပွါးဖွံ့ဖြိုးရေးဝန်ကြီးဌာနဝန်ကြီး ဦးကံဇော်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့်တို့ကို တွေ့ဆုံမှာဖြစ်သလို

မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု

Photo: မြန်မာ့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ လွှတ်တော် အတည်ပြု 

March 15, 2014

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့ တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ရေးသားပြုစုခဲ့တာပါ။ အဲဒါကို သမ္မတရုံးကနေတဆင့် လွှတ်တော်ကို တင်ပြခဲ့ပြီးနောက်၊ အခု ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။ အခု ဥပဒေအတိုင်း ဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် ဟာ ပို လွတ်လပ် လာသလို၊ လုပ်ပိုင်ခွင့်တွေလည်း ပိုရလာတယ်လို့ မြန်မာနို်င်ငံလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှုး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပါတယ်။

" အရင်ကတော့ ကျနော်တို့က သမ္မတ ပေးတဲ့ Mandate နဲ့ပဲ ကျနော်တို့ ဆောင် ရွက်တာပေါ့ဗျာ။ အခုကတော့ ဒီဥပဒေ ဆိုတဲ့ အခါ ကျရင် ယခင် ပေးတဲ့ Mandate  ထက်ပိုပြီးတော့ အများကြီးပဲ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် လာတယ်။ ပိုပြီးတော့ အသေးစိတ်ဖြစ်လာတယ်။ ကျနော်တို့ လုပ်ပိုင်ခွင့်တွေ ပိုပြီးတော့ ပေးအပ်လာတယ်။

ဆိုပါတော့ ကျနော်တို့ ကွင်းဆင်းပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုံစမ်းစစ်ဆေးမယ်ဆိုလို့ရှိရင် ကျနော်တို့ သက်သေခံ ခေါ်ယူခြင်း၊ သက်သေခံ စာရွက်စာတမ်းများ တောင်းယူခြင်း၊ သက်သေခံပစ္စည်းများ ကြည့်ရှု့ခြင်း၊ ဆိုတာတွေကတော့ သက်သေခံ ဥပဒေက ပြဋ္ဌာန်းထားတဲ့အတိုင်းပဲ ကျနော်တို့က လုပ်ခွင့်တွေ  ပိုမို ရရှိလာပါမယ်။"

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်စရာမလိုတော့ပဲ၊ စုံစမ်းစစ်ဆေးနိုင်ခွင့်ပေးထားတဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကျေနပ်အားရမှုရှိတာတွေ့ရပါတယ်။ ဒါပေမယ့်လည်း စုံစမ်းစစ်ဆေးတဲ့နေရာမှာ ကန့်သတ်ချက်တွေကတော့ ရှိထားတုန်းပဲလို့ Equality Myanmar ညွန်ကြားရေးမှုး ဦးအောင်မျိုးမင်းက ပြောပါတယ်။

"စုံစမ်းစစ်ဆေးပိုင်ခွင့်၊ ဒါကတော့ သူတို့ရှိနေပါတယ်။ အာဆီယံ အစိုးရများ ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ထက်တောင် ပိုမိုပြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ့နေရာတွေမှာ ကျနော်တို့ ဘာတွေ တွေ့ရလဲဆိုရင် တချို့နေရာတွေ မှာ ကန့်သတ်ချက်လေးတွေတော့ ရှိနေပါတယ်။ အထူးသဖြင့် ကျနော်တို့  တရားစီရင်နေတဲ့အမှုတွေ၊ စီရင်နေဆဲအမှုတွေမှာဆိုလို့ရှိရင် လူ့အခွင့်အရေးကော်မရှင် က ဒါကို ကိုင်တွယ်ခွင့်မရှိဘူးဆိုတဲ့ ကန့်သတ်ချက်မျိုးရှိတယ်။

နောက်တခါ အစိုးရဌာနတွေ စစ်ဆေးခွင့်ရှိပေမဲ့ တချို့သော လျှို့ဝှက်ချက်လို့ သတ်မှတ်ထားတဲ့ စာရွက်စာတမ်းမျိုးကိုတော့ စုံစမ်းခွင့်မရှိဘူး ဆိုတာ တွေ့နေရတယ်။ နောက်တခုက အကျဉ်းထောင်တွေမှာ သွားမယ်ဆိုရင် အသိပေးရမယ်ဆိုတဲ့ အရာမျိုးဖြစ်နေတော့ တခါတလေ အဖြစ်မှန်တွေ ထိန်ချန်နိုင်တာတွေ ဖြစ်တယ်။

ဒီ့ထက်ပိုပြီးတော့ တိကျတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဒါတွေတော့ ကျနော်တို့ နည်းဥပဒေမှာ ပါလာနိုင်ရင်တော့ ပိုမို အားကောင်းလာပါလိမ့်မယ်ခင်ဗျ။"

လက်ရှိလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေကိုတော့ သမ္မတကနေ တိုက်ရိုက် ခန့်အပ်ထားတာဖြစ်တာကြောင့်၊ နိုင်ငံတကာရော ပြည်တွင်း လူ့အခွင့်အရေး အဖွဲ့တွေက သူ့ရဲ့လွတ်လပ်မှု အပေါ် ဝေဖန်ထောက်ပြ ခဲ့ကြတာရှိပါတယ်။ အခုတော့ သမ္မတခန့်အပ်တဲ့ပုံစံမဟုတ်တော့ပဲ၊ ဥပဒေအတိုင်း တည်ရှိမှာဖြစ်တာကြောင့် လူ့အခွင့်အရေးကော်မရှင်ဟာ ပိုပြီး အားကောင်းခိုင်လာလာမယ်လို့ ဦးစစ်မြိုင်က သုံးသပ်ပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မယ့် အခွင့်အလမ်းတွေလည်း ပိုရှိလာတယ်လို့ ဆိုပါတယ်။

အခုလာမယ့် ကော်မရှင်သစ်ဖွဲ့ပြီးသည်အထိတော့လက်ရှိ ကော်မရှင်ဟောင်းတွေ လုပ်ငန်း တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်လို့ ဥပဒေကြမ်းမှာ အပိုဒ် တပိုဒ်ဖော်ပြပါတယ်။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လုပ်ပိုင်ခွင့် ပိုရှိလာတယ်ဆိုပေမယ့် အစီရင်ခံမှုပိုင်းမှာ ပွင့်လင်းမြင်သာမှု ရှိပါ့မလားဆိုတာကိုတော့ ဦးအောင်မျိုးမင်းက စိုးရိမ်တာတွေ့ရပါတယ်။

"အစီရင်ခံမှု အပိုင်းမှာကတော့ ကျနော်တို့ ဥပဒေကြမ်းထဲမှာ ကျနော်တို့ ဘာတွေ တွေ့ရသလဲဆိုရင် သမ္မတနဲ့လွှတ်တော်ကို တင်ပြရမယ် ဆိုတဲ့ဟာမျိုးဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ တတွေက ဖြစ်စေချင်တာကတော့ လူထုအခြေပြု အဖွဲ့အစည်းတွေရော၊ ပြည်သူလူထုတွေရော ဒါတွေကို မဖြစ်မနေ တင်ပြတဲ့အရာမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ကျနော်တို့ ထောက်ပြပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုတွေလည်း လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အကြံပေးချက်တွေ ဒါတွေကို သိဖို့လိုအပ်တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ဘယ်ဟာတွေကို လူ့အခွင့်အရေး အခြေအနေအဖြစ် သုံးသပ်လဲဆိုတာ သိသင့်တဲ့အတွက် ဒါတွေကို ပြည်သူလူထု ကို ထုတ်ပြန်ပေးဖို့အတွက် ဒါကိုတော့ ကျနော်တို့ တောင်းဆိုထားတာ ရှိပါတယ်ဗျ။"

အခု ဒီဥပဒေကြမ်းအရဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ ကို ရွေးချယ်ရေး ဘုတ်အဖွဲ့ကနေ ခန့်အပ်ရွေးချယ်ရမှာပါ။ အဲဒီ ရွေးချယ်ရေး ဘုတ်အဖွဲ့မှာတော့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ ၀န်ထမ်းရွေးခြယ်ရေးဌာနက တာဝန်ရှိသူတွေ ပါဝင်သလိုပဲ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းဖက်က ကိုယ်စားလှယ်တွေလည်း ပါဝင်ဖို့လိုလိမ့်မယ်လို့ ဦးအောင်မျိုးမင်း က တောင်းဆိုထားပါတယ်။

အခု ဒီ ဥပဒေကြမ်းကို သမ္မတရုံးကနေ တင်ပြပြီး လွှတ်တော်က အတည်ပြုခဲ့တာကြောင့်၊ ပြင်ဆင်မှုအချို့ရှိကောင်းရှိနိုင်ပေမယ့် သမ္မတအနေနဲ့ မကြာခင် လက်မှတ်ထိုးပြီး ဥပဒေ အတည်ဖြစ်လာနိုင်မယ်လို့ ဦးစစ်မြိုင်က ယူဆပါတယ်။ 

ဗွီအိုအေ (မြန်မာပိုင်း)
 မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြုပေး လိုက်ပါပြီ။ ဥပဒေကြမ်းပါ အတိုင်းဆိုရင်တော့ လူ့အခွင့်အရေးကော်မရှင် အနေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို ကိုယ်တိုင်စုံစမ်းနိုင်တဲ့ အခွင့်အာဏာပေးထားပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အမြင်ကတော့ ဒီအချက်ဟာ အရင်ကထက် ပိုပြီး အားကောင်းလာတာမှန်ပေမယ့်၊ ကန့်သတ်ချက်တွေတော့ ရှိတုန်းပဲလို့ တုန့်ပြန်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို လက်ရှိ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် က နိုင်ငံတကာ

ပြည်ပရောက် မြန်မာများ သန်းခေါင်စာရင်း အတွက် စိုးရိမ်မှုရှိ

Photo: ပြည်ပရောက် မြန်မာများ သန်းခေါင်စာရင်း အတွက် စိုးရိမ်မှုရှိ

March 15, 2014

မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။

“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (BAT) မှ တာဝန်ခံ မဦးက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန(လ၀က) ဒု ညွန်ကြားရေးမှူးချုပ် ဒေါ်ခင်ခင်ညိုကမူ သန်းခေါင်စာရင်း အတွက် ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ မြန်မာပြည် ပြန်လာရန် မလိုကြောင်း ဧရာဝတီ ကို ပြောပြသည်။

“ပြန်လာရင် လမ်းစရိတ်ကုန်မယ်၊ ပြန်သွားရင် အလုပ်ဆက်ရ မရ ဆိုတာလည်း မသေချာဘူး၊ သူတို့တွေ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင် တယ်၊ မြန်မာပြည်မှာ ကျန်တဲ့မိသားစုတွေကို သန်းခေါင်စာရင်း လာကောက်ရင် သေချာ ပြောပြဖို့တော့ လိုတယ်”ဟု ဒေါ်ခင်ခင်ညိုက ပြောသည်။

သန်းခေါင်စာရင်း ကောက်သည့်အချိန်တွင် အိမ်ထောင်စုဝင်ထဲမှ နိုင်ငံခြားသို့ သွားရောက်သူများရှိပါက အမည်၊ အသက်၊ ကျား/မ၊ ထွက်ခွာသည့် ခုနစ်၊ ရောက်နေသည့် နိုင်ငံကို အတိအကျ ဖြေကြားပေးရန် လိုကြောင်းလည်း ၎င်းက ရှင်းပြသည်။

သို့သော် ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသန်းမောင်က ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများနှင့် မိသားစုများသည် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး သတင်း အချက် အလက် အပြည့်အစုံကို မသိရှိကြသဖြင့် မြန်မာပြည်သို့ ပြန်လာရန် ပြုလုပ်နေကြောင်း၊ နိုင်ငံခြားသို့ အိမ်ထောင်စုလိုက် သွားရောက် အလုပ်လုပ်နေသည့် အိမ်ထောင်စု တစုလျှင် တဦး မြန်မာပြည်သို့ ပြန်လာသင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“သန်းခေါင်စာရင်းနဲ့ ပြန်လာချင်လည်း ရသလို မပြန်ချင်လည်း ရတယ်လို့တော့ ပြောထားပါတယ်၊ ဒါပေမယ့် ရှမ်းတွေက မိသားစု လိုက် ထိုင်းနိုင်ငံကို ရောက်နေတော့ တအိမ်တယောက်တော့ ပြန်လာရင် ပိုကောင်းတယ်လို့ ပြောထားပါတယ်”ဟု ဦးစိုင်းသန်းမောင် က ဆိုသည်။

ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမား ၁ သန်းကျော်ရှိပြီး မလေးရှားနိုင်ငံတွင် မြန်မာ အလုပ်သမား ၅ သိန်းခန့် ရှိကြောင်း၊ သန်းခေါင် စာရင်း ကောက်သည့်အချိန် ကျေးရွာတွင် လူဦးရေ နည်းနေမည်ဆိုပါက နောက်ပိုင်းတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက် သွယ် ရေး၊ အမျိုးသားရေး ကဏ္ဍများ၌ အစိုးရ ထောက်ပံ့ရေးအစီအစဉ်တွင် အခက်အခဲဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆက်ပြော သည်။

မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူမှုကို ၁၉၈၃ ခုနစ်တွင် နောက်ဆုံးအကြိမ် ကောက်ယူခဲ့ပြီး ယခု နှစ်ပေါင်း ၃၀ ကျော် ကြာမှ ပြန်လည် ကောက်ယူခြင်း ဖြစ်သည်။

ဧရာဝတီ
မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ် ၃၀ မှ ဧပြီ ၁၂ ရက်နေ့အထိ လုပ်ဆောင်မည် ဖြစ်ရာ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများနှင့် မိသားစုများသည် မြန်မာပြည် လူဦးရေနှင့် အိမ်ထောင်စု စာရင်း၌ ပါဝင်ခြင်း မရှိမည်ကို စိုးရိမ် နေကြကြောင်း သိရှိရသည်။

“တချို့လည်း သန်းခေါင်စာရင်းကိစ္စနဲ့ မြန်မာပြည်ကို ပြန်သွားတာ ရှိတယ်၊ မိသားစုဝင် အားလုံးက ထိုင်းမှာ လာရောက် အလုပ် လုပ် တော့ မြန်မာပြည်မှာ အိမ်ထောင်စု စာရင်း မဝင်မှာ စိုးလို့ ပြန်ကြတယ်”ဟု

မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည်

Photo: မဟာရန်ကုန် သင်္ကြန်မဏ္ဍပ်များကို ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုဆောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်ပတ်လမ်းတို့တွင် မဏ္ဍပ်အကြီးများ ခွင့်ပြုမည် 

March 15, 2014 

ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ်အတွက် ရန်ကုန်တစ်မြို့လုံးတွင် ရေကစားမဏ္ဍပ်အကြီး ၅၇ ခု၊ မဏ္ဍပ် အလတ် ၃၆ ခုခွင့်ပြုပေးမည်ဖြစ်ပြီး မဏ္ဍပ်အကြီးများအား ပြည်လမ်းတွင် လေးခု၊ ကမ္ဘာအေး စေတီလမ်းတွင် ၁၀ ခု၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၆ ခု ၊ ဆရာစံလမ်းတွင် သုံးခုခွင့်ပြုမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် သင်္ကြန်က ရန်ကုန်မြို့၌ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ၁၅ ခု၊ ပြည်လမ်းတွင် သုံးခုနှင့် ကမ္ဘာအေးစေတီလမ်းတို့တွင် ၁၀ ခုအပါအ၀င် သင်္ကြန်မဏ္ဍပ် အရေအတွက် ၅၀ ကျော်သာ ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင်မူ မဏ္ဍပ်ဆောက်လုပ်ခွင့်များကို နှစ်ဆနီးပါးပိုမိုခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။ ရှေးယခင်နှစ်များက မဟာရန်ကုန် သင်္ကြန်တွင် မဏ္ဍပ်များဖြင့် စည်ကားခဲ့သော အင်းလျားလမ်းကိုမူ ယခုနှစ်တွင်လည်း မဏ္ဍပ်များဆောက်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း၊ အင်းလျားလမ်းတွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်မှစတင်၍ မဏ္ဍပ်ဆောက်ခွင့် မပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်မဏ္ဍပ်များအတွက် စည်းကမ်းချက်များကိုလည်း ပြီးခဲ့သည့် နှစ်များအတိုင်း ထုတ်ပြန်ထားပြီး ရေကစားမဏ္ဍပ်များတွင် လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သိရသည်။

မဏ္ဍပ်ဆောက်လုပ်မည် ဆိုပါက မဏ္ဍပ်အကြီး တစ်ခုလျှင် အာမခံ စပေါ်ငွေအဖြစ် ယခင်နှစ်က ပေးသွင်းခဲ့ရသည့် နှုန်းထားဖြစ်သော ကျပ် ၇၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး မဏ္ဍပ်အလတ် တစ်လုံးလျှင် ကျပ် ၄၅ သိန်းပေးသွင်း ထားရမည်ဟု မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ် ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားမှု ဆိုးရွားစွာ မရှိခဲ့သော်လည်း ရေကစားမဏ္ဍပ်  အကြီးများ စည်းကမ်းဖောက်ဖျက်ခဲ့ခြင်းကြောင့် ဒဏ်ကြေးငွေ ကောက်ခံခဲ့မှုများရှိခဲ့ပြီး ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းရှိ မဏ္ဍပ်များ အများဆုံးဖြစ်ခဲ့ကာ အချို့မဏ္ဍပ်များမှာ ဒဏ်ကြေးငွေကျပ်သိန်း ၅၅  အထိ ပေးဆောင်ခဲ့ရမှုများပင်ရှိခဲ့ပြီး ယင်းသို့ စည်းကမ်းဖောက်ဖျက်မှု များပြားသည့် မဏ္ဍပ်များကို ယခုနှစ်တွင် မဏ္ဍပ်ဆောက်လုပ်ခွင့် ချထားပေးတော့မည် မဟုတ်ကြောင်း မဏ္ဍပ်နေရာ ချထားပေးရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group
ရန်ကုန်သင်္ကြန်အတွက် ရေကစားမဏ္ဍပ် စုစုပေါင်း ၁၀၀ နီးပါး ခွင့်ပြုမည်ဖြစ်ရာ ယခင်နှစ်ထက် နှစ်ဆနီးပါး ပိုမိုကြောင်းနှင့် မဏ္ဍပ်အကြီးများအား ယခင်နှစ်ကဲ့သို့ပင် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းနှင့် ကန်တော်ကြီး ကန်ပတ်လမ်းတို့တွင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သင်္ကြန်မဏ္ဍပ် နေရာချ ထားပေးရေး ကော်မတီ၏ မတ် ၁၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။