Friday, October 11, 2013
ကိုယ်ပိုင်သံစဉ် သီချင်းတွေ စုထားတဲ့ အိချောပို
ကိုယ်ပိုင်သံစဉ် သီချင်းတွေ စုထားတဲ့ အိချောပိုအိချောပိုက ခန့်စည်သူနဲ့ ဇာတ်ကားရိုက်ကူး နေပါတယ်။ ဇာတ် ကားရိုက် ကူးမှုတွေကိုလည်း ဆက်တိုက် ရိုက်ကူးဖြစ်နေသလိုသီ ချင်းတွေကိုလည်း လုပ်နေဖြစ် တယ်လို့ သိရပါတယ်။ ဒီလို သီချင်းတွေ စီစဉ်ဖြစ်တာနဲ့ ပတ် သက်ပြီး “သီချင်းတွေက ပရိသတ်တွေတောင်းဆိုတာတို့၊ အကူအညီ တောင်း တာတို့ဆို ဆိုဖြစ် ပါတယ်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်သီချင်း ခုနစ် ပုဒ် လောက်လုပ် ထားတာရှိတယ်။ သီချင်းခွေလုပ်ဖို့ အတွက် ကတော့ လော လောဆယ်အစီအစဉ် မရှိသေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ တောင်း ဆိုရင်တော့ ဆိုဖြစ် သင်္ကြန်မှာ သီချင်းဆိုပေးဖို့ပြောတော့ ဆိုပေးရင်းနဲ့ လုပ်ဖြစ်သွားတယ်။ အိချောက အမှန်တိုင်းပြောရရင် သီချင်းဆိုတာဝါသနာပါပေမယ့် သီချင်းသိပ်ဆိုတတ်တဲ့ အထဲမပါဘူး။ ပရိသတ်တွေရဲ့အားပါပဲ။
မန္တလေးမြို့ တွင် မော်တော်ယာဉ်တစ်စီးမှ ဆိုင်ကယ်၁၀စီးနှင့် ဈေးဆိုင်များအား ဝင်တိုက်
ယမန်နေ့ ည ၈ နာရီခွဲ
အချိန်တွင် ရန်ကုန် - မန္တလေး ကားလမ်းမကြီး ဘေး ပြည်ကြီးတံခွန် မြို့နယ်
တံခွန်တိုင် ရပ်ကွက်ရှိ မိုးထက်မြင့် လက်ဖက်ရည် ဆိုင်ရှေ့တွင် ယာဉ်မောင်း
ဦးရာဂျမ်း ၃၂ နှစ် ( ဘန်းမွှေးရွာ ၊ နောင်ချိုမြို့နယ် နေသူ ) သည်
နီဆန်းဒီဇယ် ခြောက်ဘီးကား ကို ရပ်ထားပြီး သော့ဖြုတ်၍ စက်မှုဇုန် ဘက်သို့
ထွက်ခွာ သွားစဉ် ယာဉ်နောက်လိုက် အောင်နိုင် ( မိုးကုတ်မြို့ နေသူ ) က
ယာဉ်မောင်း မလာသေး၍ အချိန် ကြာမြင့် နေသဖြင့် ဘက်ထရီ ၀ိုင်ယာကြိုး
နှစ်ချောင်းကို ရှော့ခ်တိုက်၍ စက်နှိုး မောင်းနှင် ခဲ့သည်။
မုံရွာမြို့လယ် ပေါ်ဦးရွှေရတနာဆိုင် ရွှေ ၇၀ ကျပ်သားကျော် ခိုးယူခံရ
အစိုးရနှင့် #KIO တို့ ဆွေးနွေးမှုရလဒ်အပေါ် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်တို့၏ အမြင်များ
အစိုးရနှင့်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၈ ရက်မှ
၁၀ ရက်ထိ သုံးရက်ကြာ ဆွေးနွေးမှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဆွေးနွေးမှု၏
အဓိကရလဒ်အဖြစ် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် KIO
ပါဝင်နိုင်ရေး ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။ အလားတူပင်
အပစ်အခတ်ရပ်စဲနိုင်ရေး၊ စစ်ပြေး ဒုက္ခသည်များအရေးတို့ကိုလည်း
ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အာမခံချက်ပေးနိုင်မည့်
သဘောတူညီချက်များလည်း ရရှိခဲ့ကြသည်။
သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူ ခြောက်ဦးကို ထပ်မံဖမ်းဆီး
ရခိုင်ပြည်နယ် သံတွဲမြို့ ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သည်ဟု သံသယရှိသူ ခြောက်ဦးကို ထပ်မံဖမ်းဆီး စစ်ဆေးနေကြောင်း အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။
ချစ်သူတို့ ရှောင်ရှားရမည့် ၁၂ ချက်…
၁) ပြီးခဲ့တဲ့ ဇာတ်လမ်းတွေကို သူ့ကို ပြန်မမေးပါနဲ့… ပြီးခဲ့တာတွေ ဟာ
ပြီးခဲ့ပါပြီ… အသေးစိတ်ပြောပြရင် လဲ မင်းက မခံနိုင်ဘူး… အပေါ်ယံပြောပြရင်လဲ
မင်းစိတ်ထဲမှာ က မေးခွန်းတွေဘဲ။
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေပြီး အလုပ်ရှင်များ ဘက်က ပေးနိုင်သည့် လုပ်ခလစာဖြစ်ရန် လိုအပ်
အနည်းဆုံး
အခကြေးငွေ ဥပဒေအရ သတ်မှတ်ရန် စီစဉ်နေသည့် အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး
လုပ်ခလစာ သတ်မှတ်ချက်သည် အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေပြီး
အလုပ်ရှင် များဘက်က ပေးနိုင်သည့် လုပ်ခလစာဖြစ်ရန် လိုအပ်ကြောင်း သုတေသန
ပညာရှင် ဒေါက်တာဇော်ဦး ၏ ပြောကြားချက်အရ သိရသည်။
မော်ဒယ်ဆို ပိန်မှလို့ ပြောတဲ့လူတွေကို မုန်းတဲ့ မင်းသမီး
မော်ဒယ်လ် တစ်ဦးအတွက် အလွန်တရာ ပိန်လှီနေရန် လိုအပ်သည် ဆိုသည့်
ခပ်ကြောင်ကြောင် အတွေး အခေါ်မျိုးကို သူမ ရွံမုန်းမိကြောင်း ရိုစီဟတ်တင်ဂမ်
ဝှစ်တလီက ဖွင့်ဟ ပြောကြားခဲ့သည်။ Victoria's Secret၏ လက်ရွေးစင် နတ်မိမယ်
စာရင်းဝင် တစ်ဦးအဖြစ် ရပ်တည်နေသည့် ဗြိတိန်သူ ကမ္ဘာကျော် မော်ဒယ်လ်က သူမ၏
ငယ်ဘဝက ကြုံတွေ့ခဲ့သည့် မော်ဒယ်လ် အေးဂျင့်များ၏
ဘန်ကီမွန်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့မည်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အောက်တိုဘာလ ၁၁ ရက် သောကြာနေ့
မနက်ပိုင်းမှာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး
လူအုပ်စုချင်းဖြစ်ပွားခဲ့တဲ့ အကြမ်း ဖက်မှုတွေ ပြေ လည်ရေး အတွက် ဆွေးနွေးဖို့
ရှိတယ်လို့ ပြောလိုက်ပါတယ်။
ဘင်္ဂါလီများကို နိုင်ငံသားဖြစ်၊ မဖြစ် စိစစ်ပြီးမှ နေအိမ်တည်ဆောက်ပေးရန် ဆန္ဒဖော်ထုတ်ခဲ့သူနှစ်ဦးအား ထောင်ဒဏ်သုံးလစီချမှတ်
ပြီးခဲ့သည့် ဇွန်နှင့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ် စဉ်ပြီးနောက် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ဘင်္ဂါလီများကို နိုင်ငံသားဖြစ် မဖြစ် စိစစ်ပြီးမှ နေအိမ် တည်ဆောက်ပေးရန် ပြီးခဲ့သည့် မတ် ၈ ရက်က ဆန္ဒထုတ်ဖော်ခဲ့မှုကြောင့် တရားစွဲခံထားရသူ စစ်တွေမြို့ခံ နှစ်ဦးအား အောက်တိုဘာလ ၈ ရက်က ထောင်ဒဏ်သုံးလစီ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
လူကြည့်များခဲ့သည့် ကားခေါင်မိုးပေါ်တွင် အဝတ်ဗလာဖြင့်ကနေသည့် ဗီဒီယိုဖိုင်ကို အွန်လိုင်းတင်လိုက်သူ ၄ ဦးကို ပြင်းထန်စွာ အရေးယူပြီ
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က Buraidah ရာဇဝတ်မှု တရားရုံးမှ ကားခေါင်မိုးပေါ်တွင်
အဝတ်ဗလာဖြင့် ကနေသည့် ဗီဒီယိုကို ရိုက်ကူးပြီး အွန်လိုင်းတင်ခဲ့သော
ဆော်ဒီအမျိုးသား ၄ ဦးကို ပြင်းထန်သည့် စီရင် ချက်များချမှတ်လိုက်သည်။
ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်များ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြင်းပြင်းထန်ထန် ဝေဖန်
ပညာရေး ဒု-၀န်ကြီးပင် အလွတ်ကျက်လာသည့် စာကို လွှတ်တော်တွင် ဖတ်ပြဟုဆို
ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန်လိုအပ်နေပြီဟု ထောက်ပြပြောဆိုမှုများရှိနေသည့် မြန်မာ့ပညာရေးလောကတွင် စီမံခန့်ခွဲမှု အားနည်းချက်၊ သင်ကြားနည်းစနစ် မှားယွင်းမှု၊ ကျူရှင်စနစ်စသည်တို့ ချွတ်ချော်နေမှု များအတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြင်းပြင်း ထန်ထန် ဝေဖန် ပြစ် တင် လိုက်သည်။
ပြုပြင်ပြောင်းလဲရေးပြုလုပ်ရန်လိုအပ်နေပြီဟု ထောက်ပြပြောဆိုမှုများရှိနေသည့် မြန်မာ့ပညာရေးလောကတွင် စီမံခန့်ခွဲမှု အားနည်းချက်၊ သင်ကြားနည်းစနစ် မှားယွင်းမှု၊ ကျူရှင်စနစ်စသည်တို့ ချွတ်ချော်နေမှု များအတွက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြင်းပြင်း ထန်ထန် ဝေဖန် ပြစ် တင် လိုက်သည်။
မီးလောင်ရာနေရာသို့ မီးသတ်ယာဉ်ရောက်ရှိရန် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်
မကြာခင်
နွေဦးကာလရောက်ရှိ တော့မည်ဖြစ်၍ ရန်ကုန်မြို့ ယာဉ်ကြော ပိတ်ဆို့မှုကြောင့်
မီးလောင်ရာနေရာသို့ မီးသတ်ယာဉ် အမြန်ဆုံးရောက်ရှိစေရန်
ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီး ဌာနတို့ ပူးပေါင်းလုပ်ဆောင်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ထံမှ
သိရသည်။
တရားသူကြီးများပါ ကျမ်းကျိန်ရမည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ သမ္မတ အတည်ပြု
ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည့် တရားသူကြီးများပါ ကျမ်းသစ္စာ
ကျိန်ဆို ရမည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို
အောက်တိုဘာ ၈ ရက်က သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ပြဋ္ဌာန်းခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိပ်သီးညီလာခံ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပမည်
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပွဲ
မကျင်းပမီ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့များအားလုံး ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကို
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း
မြစ်ကြီးနားမြို့တွင် ကျင်းပခဲ့သည့် သုံးရက်ကြာ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သဘောတူညီချက်များမှ သိရသည်။
စိန်ခေါ်မှုများ ရှိနေသော်လည်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မြန်မာလွှဲပြောင်းရယူ
အောက်တိုဘာ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်က ဘရူနိုင်း ဘုရင်ထံမှ အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်း ယူနေစဉ် (Photo: AFP)
မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများ ရှိနေသည့် ကြားကပင် ၂၀၁၄
ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက အောက်တိုဘာ ၁၀
ရက်တွင် လက်ခံရယူခဲ့သည်။
၂၀၁၄ မှာ ဘရာဇီးမြေသို့ မည်သည့်အသင်းတွေ ထပ်ပြီး ခြေချခွင့်ရကြအုံးမှာလဲ
ယနေ့ည ၁၁ ရက်နေ့ နှင့် ၁၂ ရက်နေ့ညတွေမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ
အသီးသီးယှဉ်ပြိုင်ကစားရတော့မှာပါ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၁ ရက်နေ့မှာ
ဥရောပဇုန်ခြေစစ်ပွဲ၊ တောင်အမေရိက၊ ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲ တွေက
ပရိတ်သတ်တွေကို ဆွဲဆောင်စေမှာတော့ အသေချာပင်။ ယနေ့ညမှာတော့
မည်သည့်အသင်းတွေက ၂၀၁၄ ကမ္ဘာ့ ဖလားနောက်ဆုံးအဆင့် ပြိုင်ပွဲ ဆီသို့
တက်လှမ်းနိုင်ခွင့် လက်မှတ်များ ပိုင်ဆိုင်နိုင်မလဲ ဆိုတာကို
စောင့်ကြည့်ပါတော့မယ်။
Subscribe to:
Posts (Atom)