Sunday, January 6, 2013

စစ်သွေးကြွ KIA ခေါင်းဆောင်များကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးအလှမ်းဝေးနေ


ကချင်ပြည်နယ်အတွင်းတိုက်ပွဲကာလကြာရှည်လာသည်နှင့်အမျှ စစ်ဘေးဒုက္ခသည်များ၊ တိုက်ပွဲတွင်ကျဆုံး သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများတစ်နေ့တစ်ခြားများပြားလာခဲ့သည်။ တိုက်ပွဲဖြစ်ပွားချိန်မှစတင်ပြီး အစိုးရမှ ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သော်လည်း စစ်သွေးကြွနေသော KIA ခေါင်းဆောင်များမှ လက်မခံ ခဲ့ပေ။ နိုင်ငံတော်သမ္မတမှ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအား အလေးထားသဖြင့် တပ်မတော်မှ စတင်ပြီးထိုး စစ်မဆင်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း အမိန့်ပေးထားခဲ့သော်လည်း ၎င်းကို

ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ

Photo: ကေအိုင်အေ ထောင်ထားသည့် မိုင်းနင်းမိ၍ ဒဏ်ရာရရှိ
Sunday, 06 January 2013

၅-၁-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနေ ရေမဆေးကျောက်ရှာသူ ဦးလော်စုန်းယိမ်း(၄၂)နှစ်
သည် နေအိမ်သို့ရေမလာသဖြင့် ရှရော်ခချောင်းမှ နေအိမ်သို့
သွယ်တန်းထားသော တောင်ကျရေလာရာ ပိုက်လိုင်းအတိုင်း လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးခဲ့ရာ နေအိမ်နှင့်(၆)ဖာလုံခန့်အကွာအရောက်၌
ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး နင်းမိပေါက်ကွဲခဲ့သဖြင့် ၀ဲလက်ဖျံမိုင်းစထိမှန်၊ ၀ဲဘက်ပေါင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်
ကုသလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၅-၁-၂၀၁၃ ရက်နေ့ ၀၆၃၀ အချိန် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာနေ ရေမဆေးကျောက်ရှာသူ ဦးလော်စုန်းယိမ်း(၄၂)နှစ်
သည် နေအိမ်သို့ရေမလာသဖြင့် ရှရော်ခချောင်းမှ နေအိမ်သို့ သွယ် တန်းထားသော တောင်ကျရေလာရာ ပိုက်လိုင်းအတိုင်း လိုက်လံ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ နေအိမ်နှင့်(၆) ဖာလုံခန့်အကွာ အရောက်၌ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် (KNU) ဥက္ကဋ္ဌ တွေ့ဆုံမှု ဓါတ်ပုံ မှတ်တမ်း


ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဥက္ကဋ္ဌသစ် ရွေးချယ်



ရန်ကုန်၊ ဇန်နဝါရီ ၅

ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၏ဥက္ကဋ္ဌ သစ်ရွေးချယ်ရာတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မော်ကို ရွေးချယ်ခဲ့ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဝက်ဘ်ဆိုက် တွင် ယနေ့ သတင်းထုတ်ပြန် သည်။

ပန်းဘဲတန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အဓမ္မပြုကျင့်မှုဖြစ်ပွား


ရန်ကုန်၊ဇန်န၀ါရီ ၅ YPI 

ဇန်န၀ါရီလ ၃ ရက်နေ့မွန်းလွဲပိုင်းက ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင်  အသက် ၁၅နှစ်အရွယ် မိန်းခလေးတစ်ဦးအား အလိုမတူဘဲသားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု ကာယကံရှင်မိသားစုဝင်များက ပြောဆိုချက်အရ သိရှိရသည်။

ဝန်ကြီးဌာန ပေါင်းစုံ အားကစား ပြိုင်ပွဲနှင့် ဆုပေးပွဲများ ကျင်းပ

၂ဝ၁၃ခုနှစ် (၆၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာန ပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုး သား)၊ ဖူဆယ် (အမျိုးသား) ဘောလုံး၊ လွန်ဆွဲ (အမျိုးသား/ အမျိုး သမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည် တော် Training Center (1) ရှိ အမှတ် (၂) ဘောလုံး ကွင်း၌ ကျင်းပသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် KNU ဥက္ကဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

KNUဥက္ကဌသစ် စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့ဝင် များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သော အဖွဲ့ဝင်များ မနက်ဖြန် နံနက် ၇နာရီတွင် တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အပစ်ခတ် ရပ်စဲရေး ကိစ္စများကို အဓိက ဆွေးနွေးသွား မည် ဖြစ်ကြောင်း နေပြည်တော်ရှိ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်

KNU နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးတို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ အခုလို တွေ့ဆုံတဲ့အခါမှာ ကေအန်ယူ နဲ့ ပြည်ထောင်စု အစိုးရကြား ငြိမ်းချမ်းရေး ခိုင်မာဖို့ ဆွေးနွေးမှုတွေ ရှိခဲ့သလို ပြည်တွင်းမှာ တိုင်ပွဲတွေဖြစ်နေတဲ့ ကေအိုင်အေနဲ့ ငြိမ်းချမ်းရေး ပြုလုပ်တဲ့အခါ ကေအန်ယူက ကူညီကြဖို့ နိုင်ငံတော်သမ္မတ က ပန်ကြား ခဲ့ကြောင်း ကေအန်ယူ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

တရုတ်ပိုင်နက်အတွင်း လက်နက်ကြီးကျမှု မြန်မာကို သတိပေး


ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ မြန်မာဘက်က တိုက်ပွဲတွေကြောင့် တရုတ်မြေပေါ်ကို လက်နက်ကျည်တွေကျနေတယ်လို့လည်း တရုတ်ဘက်က ပြောပါတယ်။ ဒီအကြောင်းအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးပါမယ်။