Friday, December 13, 2013

မီးရှို့အကြမ်းဖက်မှု များကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်မျိုးနွယ်စု ကျေးရွာများ ညကင်းချ

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူမှုများ အရှိန်မြင့်လာကာ မီးရှို့မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကျေးရွာ များတွင် ဒီဇင်ဘာလ ၁၁ နေ့မှ စတင်ကာ ညကင်းများ ချထားရကြောင်း အဆိုပါ ဒေသခံ များထံမှ သိရှိရ သည်။

တာဆန်း တံတားပေါ် ညနေ ၆ နာရီကျော် ဖြတ်သည့် ယာဉ်ကို လုံခြုံရေး အစောင့်တပ် သေနတ်ဖောက် တားမြစ်ဟုဆို

မိုင်းပန်-မိုင်းတုံ ကားလမ်းပေါ်ရှိ သံလွင် တံတား (တာဆန်း) ပေါ် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီကျော် ဖြတ်သန်း မောင်းနှင် သည့် ကိုယ်ပိုင် မော်တော်ယာဉ်ကို သံလွင် အနောက်ခြမ်း လုံခြုံရေး တာဝန်ကျ တပ်၏ သေနတ်ပစ်ဖောက် တားမြစ်ခံခဲ့ရကြောင်း တားမြစ်ခံရသူ မိုင်းတုံမြို့ တွင် နေ ထိုင်သော မော်တော်ယာဉ်ပိုင်ရှင် ဦးတင်မောင်လတ်က ပြောကြားသည်။

13.12.2013 to 19.12.2013 အထိ ၇ရက်သားသမီးဟောစာတမ်း


တနင်္ဂနွေ

ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော် လည်း ကျော် လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်း ရှိသည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီ သွားဖြစ် မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။

အကျိုးပေးဂဏန်း   ၁၊၅၊၇

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများ လက်ရှိအစိုးရကို ထိခိုက်စေဟု ပြန်ကြားရေး ထုတ်ပြန်

သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့် မညီညွတ်ဘဲ၊ လက်ရှိ အစိုးရကို ထိခိုက်စေသည်ဟုဆိုကာ ညိှနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်တွင် အကြောင်းကြားလိုက်သည်။

ပေါင်းတည်ထောင်ရှိ အချုပ်သားသုံးဦး အစာငတ်ခံ ဆန္ဒပြမှုစပြီ

ပေါင်းတည်ထောင်အတွင်း အမှုရင်ဆိုင်နေရသော အချုပ်သားသုံးဦးသည် ဒီဇင်ဘာ ၁၃ ရက်တွင် အစာ ငတ်ခံဆန္ဒပြမှုများ စတင်မည်ဟု ထိုသူတို့၏ မိသားစုဝင်များက မဇ်္ဈိမသို့ တယ်လီဖုန်းမှတဆင့် ဒီဇင်ဘာ လ ၁၂ ရက်က အတည်ပြု ပြောကြားသည်။

ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉ ဂျာနယ်



ဒီဇင်ဘာလ(၁၂)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် - အတွဲ ၂ အမှတ် ၄၉ ဂျာနယ် ဖတ်ရှုရန် ဒီနေရာ ကို နှိပ်ပါ ...

ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည့်မှီအောင်အိပ်၊ ကောင်းကောင်းအိပ်ရင် ပိုကြည့်ကောင်းလာမယ်


ပြည့်မှီအောင်အိပ်၊ ကောင်းကောင်းအိပ်ရင် ပိုကြည့်ကောင်းလာမယ်
Friday, December 13, 2013

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများစွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆိုတာက အသက်ရှူပိတ်တာ၊ ဟောက်တာ၊ နဲ့ တခြားအသက်ရှုလမ်းကြောင်း ပြဿနာတွေမဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို ဆိုလိုတာပါ။

Photogrammetry လို့ခေါ်တဲ့ သိပ္ပံနည်းကျ မျက်နှာတိုင်းတာ စနစ်ကို မီချီဂန်တက္ကသိုလ် သုတေသီတွေက စသုံးခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း ၂၂ယောက်နဲ့အတူ ၂လလောက် နှိုင်းယှဉ်လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ စဉ်ဆက်မပြတ် အသက်ရှုလမ်းကြောင်း ဖိအားမှန်ကန်ဖို့ CPAP ကုထုံးကိုလည်း ပေးပါတယ်။ ပြီးနောက် ရရှိလာတဲ့ 3D ရုပ်ပုံတွေကို ကြည့်ပြီး ဖျတ်လတ်မှု၊ နုပျိုမှု နဲ့ ဆွဲဆောင်မှုတွေကို အဆင့်အကဲဖြတ်ပါ တော့တယ်။ ဓါတ်ပုံအများစုမှာတော့ “ယခု” ပုံတွေ “ယခင်” ပုံတွေထပ် ပိုဖျတ်လတ်၊ ပိုနုပျို၊ ပိုဆွဲဆောင်မှုရှိနေတာကို တွေ့ရပါတယ်။ ကုထုံးပေးပြီးတဲ့နောက် ပုံတွေမှာ နဖူးကြောအထူ ကျဆင်းလာပါတယ်။ မျက်လုံးနဲ့ ပါးတွေပေါ်မှာ နီမြန်းတွေတာတွေလည်း လျော့လာပါတယ်။

လအတော်ကြာတဲ့အထိ ပြည့်မှီအောင် အိပ်၊ ကောင်းကောင်းအိပ်နိုင်မယ် ဆိုရင်တော့ ပိုမိုနုပျို၊ ပိုမို ဖျတ်လတ်ပြီး ပိုကြည့်ကောင်းလာမှာပါ။

Ref:herworldplus
Trend Myanmar

ကောင်းကောင်းအိပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့ပုံ ပိုပေါက်ပြီး ပိုစွဲဆောင်မှုရှိတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ Clinical Sleep Medicine ဂျာနယ်မှာပါတဲ့ လေ့လာမှုသစ်တစ်ရပ်အရ၊ လပေါင်းများ စွာ ပြည့်မှီအောင် အိပ်ရင် ပိုငယ်ရွယ် ပိုစွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ပြည့်မှီအောင် အိပ်တယ်ဆို တာက အသက်ရှူပိတ်တာ၊ ဟောက်တာ၊ နဲ့ တခြားအသက်ရှု လမ်းကြောင်း ပြဿနာတွေ မဖြစ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် တာကို ဆိုလိုတာပါ။

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

Photo: ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ
Friday, December 13, 2013

ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ်မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ဟာ နယ်စပ်ကို အလုပ်အကိုင် ရှာဖွေသူတွေရဲ့ ဝင်ပေါက်ကြီးတခုဖြစ်ပြီး  အလုပ်အကိုင် ရှာဖွေကြသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါဝင်သလို ကလေးအလုပ်သမားတွေ အများအပြားရှိတဲ့ ခရိုင်တခုလည်းဖြစ်ပါတယ်။  နယ်စပ်တလျှောက် မွေးကင်းစ ကလေးကစပြီး အသက်မပြည့်သေးတဲ့ကလေးတွေ ရောင်းစားခံရမူတွေ က လစဉ်လတိုင်းဖြစ်ပျက်နေတာပါ။ ကလေးသူငယ်တွေဟာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ တောင်းရမ်းစားသောက်တဲ့ လုပ်ငန်းတွေနဲ့ ကလေး အလုပ်သမားတွေ အဖြစ် ရောင်းစားခံနေရတာတွေ အပါအ၀င် ကလေးတွေခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမူတွေ စတဲ့ အမှုအခင်းတွေဟာ ၃နှစ်အတွင်းမှာ  ကလေးပေါင်း ၇၀၀ ကျော် ရှိတယ်လို့ ကလေးအခွင့်ရေး ကာကွယ် စောင်ရှောက်ရေးကော်မတီ  CPPCR ရဲ့ အထွေထွေအတွင်းရေးမှူး ကိုနိုင်မင်းက ဆိုပါတယ်။

" ကလေးကုန်ကူးခံရမှုက ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုထဲမှာ ပါနေတယ်။ သုံးနှစ်အတွင်း ဒီနှစ် စက်တင်ဘာလအထိပေါ့နော်။ အမှု ၇၁၅ မှုရှိတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ပုံမှန်အားဖြင့် ကျနော်တို့ ပြန်ကြည့်ကြမယ်ဆိုရင် သူတို့အစိုးရဘက်ကရော၊ ကျနော်တို့ CPRS ရောပေါ့။ တိုင်တဲ့အမှုတွေ ပြန်ကြည့်မယ်ဆိုရင် ဒီနှစ်မှာ ပိုတက်လာတယ်ပေါ့နော်။ တချို့က သူတို့ကိုယ် သူတို့ လူကုန်ကူးခံရတယ်ဆိုတာ မသိကြဘူးဖြစ်နေကြတယ်။ အလိမ်ခံရတယ်။ အလိမ်ခံရတယ်ပဲ သုံးတယ်။ အဖွဲ့အစည်းတွေနဲ့တွေ့မှ လူကုန်ကူးခံရတယ်ဆိုတာ သိတယ်။"

ထိုင်းနိုင်ငံ မဲဆောက်နဲ့ဖုတ်ဖရ ဆိုတဲ့ မြို့နယ်တွေဘက်မှာတော့  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို လူကုန်ကူးပြီး ပြည့်တန်ဆာ လုပ်ငန်းတွေရောင်းစားတဲ့ လူကုန်ကူးမှုတွေဖြစ်ပွားနေတာပါ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးပတ်ထဲမှာ အသက် မပြည့်သေးတဲ့ မြန်မာ မိန်းကလေးတွေကို ပြည်တန်ဆာတွေအဖြစ် ရောင်းစားသူတွေကို ထိုင်းလူဝင်မူကြီးကြပ်ရေးရဲတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေ ပူးပေါင်းပြီးဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်နိုင်ခဲ့ပါတယ်။

မဲဆောက်မြို့က လူဝင်မူကြီးကြပ်ရေး အရာရှိကတော့  အလားတူ လူကုန်ကူးမှုတွေကို ၂၀၁၃ ခုနှစ်ထဲမှာ အမူပေါင်း ၇ မှု ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်မပြည့်သေးတဲ့  ကလေးသူငယ်တွေကို လူကုန်ကူးမှုတွေ အဖြစ်များနေတဲ့ မဲဆောက်မြို့မှာတော့ နှစ်စဉ် ဒီဇင်ဘာလ ၁၂ရက်နေ့ ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့တိုင်း ရွှေ့ပြောင်း ကလေးစာသင်ကျောင်းတွေမှာ ပညာပေးမှုစီတန်းလမ်းလျောက်မူတွေ လုပ်ခဲ့တာပါ။

ဒီနှစ်မှာတော့ ကလေးကူသန်းရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖွဲ့တွေ စုစည်းထားတဲ့ ဘားမားအက် ဆိုတဲ့အဖွဲ့က  ပညာပေးဟောပြောပွဲတွေ လုပ်နိုင်ခဲ့ပါတယ်၊ ဒီပွဲကိုမဲဆောက်မြို့က မြို့ပိုင်လည်း တက်ရောက်ပြီး စကားပြောဆိုခဲ့ပါတယ်။

ထိုင်းဘာသာစကားနဲ့ သူပြောသွားတာကတော့ ကလေး ကူးသန်းရောင်းဝယ်မူတွေ ထဲက ကလေး အလုပ်သမားတွေ အဖြစ်ရောင်းစားတာ ကလေးပြည့်တန်ဆာတွေ အဖြစ်ရောင်းစားတဲ့ ပုံသဏ္ဍာန် အမျိုးမျိုးရှိတဲ့အကြောင်းနဲ့ ဒီလိုကလေးတွေကို ရောင်းစားနေတာတွေကို ထိုင်းနိုင်ငံအစိုးရအနေနဲ့ ပြဿနာကို ကြိုးစားဖြေရှင်းနေတဲ့ အကြောင်းကို ပြောဆိုသွားတာပါ။

ထိုင်းနိုင်ငံတွင်းမှာတော့  စက်ရုံအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေထဲမှာ ကလေးအလုပ်သမား အများအပြားရှိပြီး နယ်စပ်မှာတော့ တောင်းရမ်း စားသောက်တဲ့ လုပ်ငန်းတွေထဲမှာ ရောင်းစားခံထားရတဲ့ ကလေးတွေ အများအပြားရှိနေတာပါ ။

ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ အဖြစ်  ၂၀၀၀ခုနှစ်က စတင်သတ်မှတ်ခဲ့ပါတယ်။ အီတလီနိုင်ငံ ပါလာမိုမြို့မှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အပါအ၀င် နိုင်ငံများပါဝင်တဲ့ ရာဇ၀တ်မှု တားဆီးရေး သဘောတူစာချုပ် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ နေ့ကို အရှေ့တောင်အာရှနိုင်ငံတွေ က  ကလေးကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ကလေး ကူးသန်းရောင်းဝယ်မူကို ဆန့်ကျင် ကန့်ကွက်သူတွေ နှစ်စဉ် ကျင်းပခဲ့တာဖြစ်ပါတယ်။

ထိုင်းမြန်မာနယ်စပ်မှာတော့ ၂၀၀၉ ခုနှစ်လောက်က စတင်ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ မဲဆောက်မြို့က ကလေးဖွံဖြိုးတိုးတက်မှု စင်တာ (စီဒီစီ) ကျောင်းမှာ ကလေးပေါင်း တစ်ထောင်ကျော်နဲ့အတူ ပညာပေးဆွေးနွေးပွဲနဲ့  ပြဇာတ်သရုပ်ဖော်ပွဲတွေကို လုပ်ဆောင်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ
VOA
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်း ၀ယ် မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။ အခုဆိုရင် ကလေးတွေ အပေါ် ခေါင်းပုံဖြတ်ခံရမှုတွေ နဲ့ လူကုန်ကူးခံရတဲ့ ကလေးတွေ အပါအ၀င် နယ်စပ်မှာ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်နေတဲ့ အဖွဲ့တွေက ကယ်ဆယ်နိုင်တဲ့ အရေအတွက် ဟာ ၃နှစ်တွင်းမှာ မြန်မာကလေးငယ် (၇၀၀) ကျော် ရှိနေပြီလို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် ကလေးအခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ စုစည်းထားတဲ့ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ကလေးကူးသန်းရောင်းဝယ်မူ ပပျောက်ရေးနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ

ချန်ပီယံလိဂ် ရှုံးထွက်အဆင့် မဲခွဲဝေမှုတွင် အင်္ဂလန်အသင်းများ တွေ့ဆုံနိုင်ဖွယ်ရှိနေသည့် အသင်းများ
Friday, December 13, 2013

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက်အဆင့်တွင် တွေ့ဆုံကြမလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့တက်လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့အသင်းများနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။  အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်းကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။ 

မန်ချက်စတာယူနိုက်တက်အသင်း နှင့် ချယ်ဆီးအသင်းကတော့ အုပ်စု (ဒုတိယ) နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်လာတဲ့ အသင်းများ နဲ့တွေ့ဆုံမှာဖြစ်တာကြောင့်အနည်းငယ် သက်သာမှာပါ။ မန်ချက်စတာအသင်းက ဂါလာတာစရေး၊ အိုလံပီယာကော့၊ ရှော်ကေး၊ ဇင်းနစ်၊ အေစီမီလန်စတဲ့အသင်းများထဲက တသင်းသင်းနဲ့တွေ့ဆုံဖွယ်ရှိနေပြီး၊ ချယ်လ်ဆီးအသင်းကတော့ ဘိုင်ယန်လေဗာကူဆင်၊ ဂါလာတာစာရေး၊ အိုလံပီယာကော့၊ ဇင်းနစ်၊ အေစီမီလန်တို့နဲ့ တွေ့ဆုံနိုင်ဖွယ် ရှိနေပါတယ်။  ရှုံးထွက်အဆင့်မှာ တစ်နိုင်ငံတည်း ကလပ်အသင်းများ တွေ့ဆုံကြမှာမဟုတ်ပါဘူး။ အာဆင်နယ်အသင်း ၏နည်းပြ အာဆင်ဝင်းဂါးကတော့ သူ့အသင်းသည် နောက်တဆင့်တွင် အခွင့်အရေးများထပ်မံဖန်တီးနိုင်မည်ဟု ယုံကြည်ကြောင်းလည်းပြောခဲ့ပါတယ်။ "အရင် လေး၊ ငါးနှစ်တွေတုန်းက ကျွန်တော်တို့အသင်း အရမ်းခက်ခဲတဲ့ မဲခွဲမှုရလဒ်တွေ ဖြစ်ခဲ့ပါတယ်။ 

ဒါကြောင့်လည်း ယခုအချိန်မှာတော့ ကျွန်တော်တို့အသင်း ဟိုအရင်အချိန်က ထက်ပိုပြီး ကံကောင်းနိုင်မယ်လို့ထင်ပါတယ်၊" ဆိုပြီး အုပ်စုခွဲဝေမှု အပေါ် မျှော်လင့်ထားမှုအားပြောပြခဲ့တာပါ.  ဒါအပြင် မော်ရင်ဟိုအနေကလည်း အုပ်စုပထမနေရာရထားသော်လည်း ခက်ခက်ခဲခဲကြိုးကြိုးစားစားနဲ့ ယှဉ်ပြိုင်ရမည့်အပေါ် အလွယ်တကူ လက်ခံနားလည်ထားကြောင်းကို "သေချာတာပေါ့ ကျွန်တော်တို့တတွေ အုပ်စု ပထမနဲ့ယခုအဆင့်ကို တက်လာတဲ့အသင်းကို လေ့လာကြည့်တဲ့အခါ၊ ထိုအသင်းကို သင့်အနေနဲ့ ယခုရှုံးထွက်ပွဲစဉ်တွေမှာ အနိုင်ရဖို့ ရေပန်းစားတဲ့အသင်းတစ်သင်းလို့ မြင်လိမ့်မယ်။ ဒါပေမဲ့လည်း လက်ရှိအုပ်စု ဒုတိယနဲ့တက်လာတဲ့အသင်းတွေမှာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပြိုင်ဖက်ကောင်းတွေရှိတယ်။ ပြီးတော့ လိဂ်အသီးသီးကချန်ပီယံ တွေရှိတယ်။ ရုရှားချန်ပီယံ၊ ဂရိချန်ပီယံစသဖြင့် ရှိနေတယ်။ ပြီးတော့ အေစီမီလန်အသင်းရှိတယ်။ ပြီးတော့ ချန်ပီယံလိဂ်သမိုင်းကြောင်းမှာ ဆုဖလားတွေအများကြီးယူနိုင်တဲ့အသင်း ဖြစ်တာကြောင့်သူတို့အသင်းလည်း ခက်ခဲမဲ့အသင်းဖြစ်တယ်။ ရှုံးထွက်အဆင့်ကို တက်ရောက် လာတဲ့အသင်းတိုင်းဟာ နည်းဗျူဟာပိုင်းဆိုင်ရာအပြောင်းအလဲ တွေနဲ့အတူ တစ်ပွဲနဲ့တစ်ပွဲထက် ပိုမိုကောင်းမွန်စွာ ယှဉ်ပြိုင်ကစားကြမဲ့အသင်းတွေချည်းပါဘဲ။ ဒီအဆင့်မှာအသင်းတိုင်းက အမြဲတမ်း ခက်ခက်ခဲခဲနဲ့ အစွမ်းကုန်ကြိုးစားရမှာပါ။" ဆိုပြီး ပြောဆိုသွားပါတယ်။  ရှုံးထွက်အဆင့် မဲခွဲမှုများကို လာမည့်တနလာင်္နေ့မှာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီလ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့မှာ စတင်ကစားကြမည်ဖြစ်ပါတယ်။ ထိုနေ့မှာတော့ မဲခွဲဝေမှုရလဒ်အရ အင်္ဂလန်ပရီးမီးယားလိဂ်ကလဂ်အသင်းများ ကံကောင်းနိုင်ကြမလားဆိုတာကို စောင့်မျှော်ကြည့်ရ တော့မည်ဖြစ်၏။ 

Written by မိုးတိမ် (တမာမြေ)
http://www.football-cafe.com/
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးပြီးနောက်မှာ မည်သည့်အသင်းများ (၁၆)သင်းရှုံးထွက် အဆင့်တွင် တွေ့ ဆုံကြ မလဲဆိုတာကို ပရိတ်သတ်များစိတ်ဝင်တစားနဲ့မျှော်လင့်နေကြပါတယ်။ ပထမဦးဆုံး အုပ်စု ဒုတိယနဲ့ တက် လာတဲ့ အာဆင်နယ်အသင်းကတော့ ဘိုင်ယန်မြူးနစ်၊ ခရစ်စတီယာနို၏ ရီးရဲလ်မက်ဒရစ်၊ ၂၀၀၉ နှင့် ၂၀၁၁ ချန်ပီယံလိဂ် ချန်ပီယံ ဘာစီလိုနာ နှင့် အက်လတီကို နှင့် PSG အသင်းများ စတဲ့ အသင်း များနဲ့ တွေ့ဆုံဖို့ အလားအလာရှိနေပါတယ်။ အုပ်စု ဒုတိယနဲ့ နောက်တဆင့်တက်လာတဲ့ မန်စီးတီးအသင်း ကလည်း အာဆင်နယ်အသင်းနဲ့နည်းတူ အထက်မှာဖော်ပြထားတဲ့ အသင်းများနဲ့တွေ့ဆုံနိုင်ဖွယ်ရှိနေပြီး၊ ဘိုင်ယန်မြူးနစ်နေရာမှာ ဒေါ့မွန်အသင်းဘဲအပြောင်းအလဲရှိခဲ့တာပါ။