Sunday, October 26, 2014

အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ

အစိုးရက နိုင်ငံပိုင်မီဒီယာများကို အသွင်ပြောင်းရန် စီစဉ်နေသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံသည့် တွေ့ဆုံပွဲတစ်ရပ်ကို အောက်တိုဘာ ၂၅ ရက်က NLD Capacity Building Center ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ဥပဒေပညာရှင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် မီဒီယာသမားများ တက်ရောက်ခဲ့သည်။

အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ

Photo: အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေပြဋ္ဌာန်းပေးရန် ရန်ကုန်တိုင်းဒေသကြီး မဘသအဖွဲ့မှ ဦးဆောင်၍ ရဟန်းရှင်လူ ၃၀၀၀ ကျော် ရွှေတိဂုံစေတီတော် အနီးတွင် ဆန္ဒပြ 
=======================================

Sunday, October 26, 2014

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ  မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆိုခဲ့ကြကာ ၎င်းဆန္ဒပြပွဲကို သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြမှုကို ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ကြေးသွန်းဘုရားရှေ့တွင် စတင်ခဲ့ပြီး ကမ္ဘာအေးစေတီလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးဝိစာရလမ်း၊ အနောက်ရွှေဂုံတိုင်လမ်းအတိုင်း ရွှေတိဂုံဘုရားကို တစ်ပတ်ပတ်ကာ ကြေးသွန်းဘုရားရှေ့တွင် မျိုးစောင့်ဥပဒေအကြောင်း ဟောပြောမှုများ ပြုလုပ်ကာ ဆန္ဒပြပွဲအား အဆုံးသတ်ခဲ့သည်။
ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသူ အမျိုးသမီးတစ်ဦးက “မျိုးစောင့်ဥပဒေကို အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ သမ္မတကြီးကို ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။ လူမျိုးမပျောက်ဖို့အတွက် မျိုးစောင့်ဥပဒေက အရေးကြီးပါတယ်။ ဒီဥပဒေကို မျက်စိမှိတ် ကန့်ကွက်နေတဲ့ သူတွေအားလုံးက အမျိုးသား သစ္စာဖောက်တွေလို့ ကျွန်မကတော့ ခံယူတယ်” ဟု ဆန္ဒပြနေစဉ်အတွင်း The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် “မြန်မာတိုင်းရင်းသား လူမျိုးများ မပပျောက်ရေး အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းပေး” “အမျိုးစောင့်ဥပဒေကို ကန့်ကွက်သူသည် မိမိအမျိုးကို မစောင့်ထိန်းလိုသူဖြစ်သည်” “ဘာသာပေါင်းစုံ ငြိမ်းချမ်းအေးချမ်းစေရေး အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေး”စသည့် ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အမျိုးစောင့်ဥပဒေ ကန့်ကွက်နေသူများ ဒို့ မလိုလား၊ အမျိုးသားရေး ချိုးဖောက်သူ ဒို့ရန်သူ စသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် မကွေးကျောင်းဆရာတော် ဦးပါမောက္ခက ဟောပြောပွဲအား စုဝေးနားထောင် နေကြသည့် ထောင်ပေါင်းများစွာသော လူအုပ်ကို “မျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံအတွက် အသက်သွေးကြောဖြစ်တယ်။ ဒါကြောင့် ဒီဥပဒေကို အမြန်ပြဋ္ဌာန်းပေးဖို့အတွက် ဘုန်းကြီးတို့က ဒီနေရာကနေပြီးတော့ နိုင်ငံသမ္မတကြီးနဲ့တကွ သက်ဆိုင်ရာ အာဏာပိုင်များ၊ ဥပဒေပြုရေး လွှတ်တော်အမတ်များကို တောင်းဆိုလိုက်တယ်။ ဒီမျိုးစောင့်ဥပဒေသည် ဘာသာခြား လူမျိုးခြားတို့ကို ထိခိုက်နစ်နာမှုမရှိဘူး၊ လက်ရှိအစိုးရကိုလည်း ထိခိုက်မှုမရှိဘူး၊ ဒီမိုကရေစီနဲ့လည်း ကိုက်ညီတယ်။ နောက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့လည်း ကိုက်ညီတဲ့အတွက် အမြန်ပြဋ္ဌာန်းပေးဖို့ကို တောင်းဆိုလိုက်ပါတယ်” ဟု မိန့်ကြားသည်။

Eleven

အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေး ဆန္ဒပြတောင်းဆိုနေသည့် သံဃာတော်များနှင့် လူများအား ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်အနီး တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းပေးရေးအတွက် အောက်တိုဘာ ၂၅ ရက်တွင် ရန်ကုန်၌ သံဃာတော်များ အပါအဝင် လူ ၃ဝဝဝ ထက် မနည်း လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
ထိုဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်း အမျိုးဘာသာ/သာသနာ ကာကွယ်စောင့်ရှောက်ရေးမှ ဦးစီးပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များမှ မ.ဘ.သ အဖွဲ့ဝင်များသာမက အခြားတိုင်းဒေသကြီးမှ မ.ဘ.သ အဖွဲ့ဝင်များ သံဃာတော်များ၊ သီလရှင်များမှ အမျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးရေး တောင်းဆို

မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို

Photo: နှစ်စဉ် ကျပ်သိန်း ၂၂၀၀ နီးပါး ၀င်ငွေရနေသည့် ကန်တော်ကြီး အပါအ၀င် ပန်းခြံ ၅၀ ကျော်၏ ၀င်ကြေးများကို ၂၀၁၅ ခုနှစ် ဧပြီမှစတင်ကာ အခမဲ့ပြုလုပ်မည်ဟုဆို 
=========================================

Sunday, October 26, 2014

နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့အပါအဝင် ပန်းခြံ ၅၉ ခုကို ၂ဝ၁၅ ခုနှစ် ဧပြီမှစတင်ကာ ဝင်ကြေးအခမဲ့ ပြုလုပ်မည်ဖြစ်ပြီး ကျန်ရှိသည့် မြကျွန်းသာ၊ မြိုင်ဟေဝန်၊ ပြည်သူ့ရင်ပြင်၊ အာဇာနည်ဗိမာန်စသည့် လေးခုကိုမူ ဝင်ကြေးဆက်လက် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဝင်ကြေးအခမဲ့ ပြုလုပ်ပေးခြင်းမှာ အများပြည်သူ အပန်းဖြေနိုင်အောင် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြကျွန်းသာက ပုဂ္ဂလိကကုမ္ပဏီငှားထားပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းတွေ လုပ်နေတုန်းမို့ ဝင်ကြေးဆက်ပြီး ကောက်ခံသွားမှာပါ။ ပြည်သူ့ရင်ပြင်ကလည်း Natural World ကုမ္ပဏီကို ငှားထားတာဖြစ်လို့ ဝင်ကြေးအခမဲ့ မဖြစ်နိုင်သေးပါဘူး။ ရှစ်မိုင်လမ်းဆုံက မြိုင်ဟေဝန်ပန်းခြံကလည်း အဆင့်မြှင့်တင်မှု မလုပ်ရသေးပေမယ့် ဆက်လက်ဝင်ကြေး ကောက်ခံမှာပါ။ အာဇာနည်ဗိမာန် ဆိုရင်လည်း ဝင်ကြေးပေးရတဲ့စနစ်ကို ပယ်ဖျက်လို့မရပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဒီလိုအထိမ်းအမှတ် နေရာတွေကို ဝင်ကြေးပေးဆောင် ရပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အခမဲ့ ပြုလုပ်မည့်ပန်းခြံ ၅၉ ခုအနက်မှ ကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ်ဝင်ငွေကျပ် သိန်း ၂ဝဝဝ ခန့်ရရှိနေပြီး အင်းလျားပန်းခြံမှ ဝင်ငွေကျပ်သိန်း ၁၅ဝ ခန့်၊ စော်ဘွားကြီးကုန်းရှိ နံ့သာမြိုင်ပန်းခြံမှ ဝင်ငွေ ၁၅ သိန်းခန့်နှင့် အင်းစိန်ပန်းခြံမှ ဝင်ငွေ ၁၄ သိန်းခန့် ရရှိနေခြင်းဖြစ်ပြီး အခမဲ့ပြုလုပ်မည် ဖြစ်သောကြောင့် နှစ်စဉ်ပန်းခြံများမှ ဝင်ငွေကျပ်သိန်း ၂၂ဝဝ နီးပါးရရှိတော့မည် မဟုတ်ကြောင်း ယင်းတာဝန်ရှိသူက ဆိုသည်။

ကန်တော်ကြီးဥယျာဉ်အား ဝင်ကြေးအခမဲ့ ရရှိမည်ဟုဆိုရာတွင် ဇေကမ္ဘာကုမ္ပဏီအား ငှားရမ်းထားသည့် မျှော်စင်ကျွန်းမှလွဲ၍ ကျန်ရှိသည့် ဝင်ပေါက်ခုနစ်ပေါက်မှ အခမဲ့ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ အခမဲ့ဝင်ရောက်ခွင့်ပြုမည့် ပန်းခြံ ၅၉ ခုစလုံးကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဝင်ရောက်အပန်းဖြေနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ဝင်ကြေးဟု ဆိုရာတွင် လူဝင်ကြေးနှင့် ယာဉ်ဝင်ခများသာ အခမဲ့ရရှိမည်ဖြစ်ပြီး စီးပွားဖြစ် ဗီဒီယိုရိုက်ကူး မှုများအတွက်မူ သတ်မှတ်ငွေကြေး ပေးဆောင်ရမည်ဟု သိရသည်။                 

Eleven
နှစ်စဉ် ကျပ်သိန်း ၂၂ဝဝ နီးပါး ဝင်ငွေရနေသည့် ကန်တော်ကြီး အပါအဝင် ပန်းခြံ ၅ဝ ကျော်၏ ဝင်ကြေးများကို ၂ဝ၁၅ ခုနှစ် ဧပြီမှ စတင်ကာ အခမဲ့ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ပန်းခြံ ၆၃ ခုရှိသည့်အနက် လက်ရှိအခမဲ့ ဝင်ခွင့်ပြုထားသည့် ပန်းခြံအချို့

အစွမ်းထက်မြက် ဒန့်သလွန်ရွက်

နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေသလား ဒန့်သလွန်ရွက်ကိုစား။

ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင် ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၁၀၀၀၀ ကျော်ဖြစ်ပြီး သေဆုံးမှု ၅၀ ရာခိုင်နှုန်းရှိ

အီဘိုလာဗိုင်းရပ်စ် ဖြစ်ပွားသော နိုင်ငံ ရှစ်နိုင်ငံတွင် ကူးစက်ခံရသူ ၁၀၁၄၁ ဦးရှိ သည့်အနက် ၄၉၂၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၃ ရက်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ဖော်ပြောကြား ခဲ့သည်။ အနောက်အာဖရိကတွင် ဗိုင်းရပ်စ် ကူးစက်မှုအဖြစ်ပွားဆုံးနိုင်ငံသုံးနိုင်ငံမှာ ဂီနီ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်နိုင်ငံတို့ ဖြစ်ကြသည်။

မူဆယ်မြို့နယ်အတွင်း တစ်သောင်းတန် ငွေစက္ကူအတုများ သုံးစွဲဖြန့်ဝေခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ယင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ဖမ်းဆီးခဲ့ရပြီး ပြည်မကြီးမှ ရရှိခဲ့သည်ဟု ထွက်ဆိုထားမှုကြောင့် နှစ်နိုင်ငံပူးပေါင်းပြီး ဆက်လက်ဖမ်းဆီးသွားရန် စီစဉ်

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်း ပြီးခဲ့သည့် ရက်ပိုင်းက တစ်သောင်းတန်ငွေစက္ကူအတု ကျပ်သိန်း ရှစ်ဆယ်ဖိုး ဖမ်းဆီးရမိမှုအား စစ်ဆေးရာတွင် ယင်းငွေအတုများကို တရုတ်နိုင်ငံဘက်မှ ရရှိလာသည်ဟု ထွက်ဆိုထားသဖြင့် ကွင်းဆက်ကျူးလွန်သူအား ယင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားချက်အရ သိရသည်။

အိမ်ဖော်အလုပ်ရမည်ဟု လိမ်လည်၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူ နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်

မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

ကျောင်းသားများအား ပညာသင်ပေးရုံသာမက အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဟိုတယ်သင်တန်းကျောင်းဖွင့်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်မတက်ရောက်ကျောင်းသားများအား ပညာသင်ပေးနိုင်ရုံ သာမက အ လုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရန် ပါ အရေးကြီးပြီး နိုင်ငံတွင် အရေး တကြီးလိုအပ်နေသည်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်သည်။

မြန်မာလုပ်သားနှစ်ဦး အာမခံရရန် ထိုင်းသူဌေးလေးဦး ကူညီမည်

ဖမ်းဆီးခံ မြန်မာ လုပ်သားနှစ်ဦး အာမခံရရှိရန် ထိုင်းဘတ်ငွေသိန်း ၂၀ တန် အာမ ခံနှင့် ထိုင်း သူဌေး လေးဦး ကူညီ မည်ဖြစ်ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ထံမှ သတင်းရရှိသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ဆယ်သိန်းတန် အာမခံ ပေးရမည်ဖြစ်ပြီး ထိုင်း နိုင်ငံသား သူဌေးလေးဦးက အာမ ခံထားပေးရမည်ဖြစ်သည်။ ထိုင်း နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား များ ပြစ်မှုကျူးလွန်ပါက ထိုင်း အစိုးရက အာမခံပေးလေ့ပေးထ မရှိကြောင်း သတင်းရရှိသည်။