Wednesday, January 9, 2013

အလင်းဝင် KIA စစ်သည်တစ်ဦး၏ ရင်ဖွင့်ချက်


            
 ကျွန်တော်နာမည် မောင်ယဉ်မျိုးထွန်းပါ။ ကျွန်တော်အညာသားပါ။ ကျွန်တော့ ဇာတိ ကတော့ မြန်မာပြည်အလယ်ပိုင်း မြင်းခြံမြို့ကပါ။ ကျွန်တော်တို့ဒေသမှာ မိုးခေါင်ရေရှားပြီး စီးပွားရေး လုပ်ရတာ အဆင်မပြေလို့ ဖားကန့်မှာ ရေမဆေးကျောက်တူးတဲ့အလုပ်ကို ၂၀၀၈ခုနှစ်ထဲက လုပ်နေပါ တယ်။ ဒီလိုလုပ်နေရင်း တစ်နေ့မှာတော့ ကျွန်တော်တို့မှော်ထဲကို ဗိုလ်လဆိုင်း ခေါင်းဆောင်တဲ့ အင်အား ၁၅ ယောက် လောက်ရောက်လာပြီး ကျွန်တော်တို့မှော်ထဲမှာရှိတဲ့ ရေမဆေးကျောက်ရှာတဲ့ ယောကျာ်းလေး ၃၀ လောက်ကို ဖမ်ဆီးသွားပါတယ်။ အဲ့ဒိအထဲမှာငွေးကြေးတက်နိုင်တဲ့ လူ ၁၀ ယောက်ကတော့ တစ်ယောက်ကို သိန်း KIA ဗိုလ်လဆိုင်းကိုပေးပြီး ပြန်လွတ်သွားပါတယ်။ ကျွန်တော်နဲ့ ကျန်တဲ့ အယောက် ၂၀ လောက်ကတော့ ပေးစရာလဲငွေမရှိ တစ်နေ့လုပ်မှ တစ်နေ့စားတွေဆိုတော့ KIAရဲ့ လူသစ်စုတဲ့အထဲဘုမသိဘမသိနဲ့ ပါသွား တော့တာပါပဲ။ ကျွန်တော်တို့ကို တပ်ရင်း ရှိတဲ့ ကန်ဆီးမှ စစ်သင်တန်း () လတက်ခိုင်းပါတယ်။ စစ်သင်တန်း ပြီးတာနဲ့ ဘာမသိညာမသိနဲ့ KIA သူပုန်ဖြစ် သွားတော့တာပါပဲ။ အဲ့ဒိမှာကျွန်တော်တို့ အားလုံးသိထားတာက KIA တပ်ဖွဲ့ဝင်တွေဖြစ်သွားပြီ မင်းတို့ ဒီကထွက်ပြေးရင် ပစ်သတ်ခံရမယ်။ ထွက်ပြေးလို့လွတ်သွား ရင်လဲ ဗမာစစ်တပ်က မင်းတို့ကိုသတ်မှာပဲ။ ဗမာစစ်တပ်က ဖမ်းမိတဲ့ KIA စစ်သားမှန်သမျှကို အကုန် သတ်ရုံတင်မကဘူး။ မင်းတို့ ဆွေမျိုးတွေ ပါ သောင်းကျန်းသူနဲ့ ဆက်သွယ်တယ်ဆိုပြီး ထောင်ချခံရလိမ့်မယ် ဆိုပြီးကျွန်တော်တို့ ကို ခြိမ်းခြောက် ထားပါတယ်။

ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ သမ္မတ ဦးသိန်းစိန်နှင့် George Soros ဆွေးနွေး


မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး မြန်မာနို င်ငံ အတွင်း လတ်တလော လုပ်ဆောင်နေ တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတ ရဲ့ ပြောခွင့် ရပုဂ္ဂိုလ်ကပြောပါတယ်။

'' အကြမ်းဖက်ချေမှုန်းရေးစစ် … အပြစ်မရှိပါ "

ယနေ့ နေရာတိုင်းလူတိုင်းလိုလိုပြောဆိုဆွေးနွေးနေတဲ့ကိစ္စဟာ ကချင်ပြည်နယ်အရေးကိစ္စပါ။ လူတော်တော် များ များ စိတ်ဝင်စားနေတာလည်း ဒီကိစ္စပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကချင်ပြည်နယ်တိုက် ပွဲတွေနဲ့ ပတ်သက်ပြီး သိချင်စိတ်နဲ့အမြဲတမ်းနားစွင့်နေခဲ့ပါတယ်။ ကျွန်တော် ဥပဒေတွေ အများကြီးလေ့ လာခဲ့ရတဲ့ တရားသူကြီးဟောင်း တစ်ဦး ပါ။ ခရိုင်တရားသူကြီးအဖြစ် ခရိုင်နှစ်ခုမှာ တာဝန်ထမ်းခဲ့ဖူးတယ်။

KIA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရှမ်းနီပါတီ၏ သဘောထားထုတ်ပြန်ချက်အား အပြည့်အ၀ထောက်ခံပါသည်


ကချင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရှမ်းနီလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် KIA အဖွဲ့အပေါ်သဘောထား ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ၄င်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်-

ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော သတင်းမှန်ကုန်မှုမရှိ

Photo: ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသော
မြန်မာအစိုးရ အမြောက်တပ်အားKIA မှဝင်ဖျက်ဟူသော
သတင်းမှန်ကုန်မှုမရှိ
Wednesday, 09 January 2013

လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော
ဒေါ့ဖုန်းယန် ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချထားသောမြန်မာအစိုးရ 
အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့ ညနေပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ရာလက်နက်ကြီးများထိမှန်ပျက်စီးသွားခဲ့ပြီး
ကျန်ရှိသော လက်နက်ကြီးများအား နေရာပြောင်းရွှေ့ သွားကြကြောင်း
သိရသည်ဟုအင်တာနက်သတင်းအချို့တွင်ဖော်ပြထားရာ ၄င်းသတင်း
မှန်ကုန်မှုမရှိကြောင်း ဒေါ့ဖုန်းယန်အမြောက်တပ်တွင်တာဝန်ကျနေသော
အရာရှိတစ်ဦးမှာဆိုပါသည်။

မနေ့က ဘယ်သူမှလဲကျွန်တော်တို့တပ်ဖွဲ့တွေကိုလာမပစ်ပါဘူး။
အမြောက်တပ်ရဲ့ သဘောက ကို့အတွက် လုံခြုံစိတ်ချရတဲ့နေရာမှာဘဲ
နေရာချထားတာပါ။ ကျွန်တော်တို့အမြောက်စခန်းတွေပတ်ဝန်းကျင်မှာ
ခြေလျင်တပ်တွေအများကြီးပါ။ ဒီလ ၇ ရက်နေ့ကတော့ ကျွန်တော်တို့ကို အဝေးကနေ လက်နက်ကြီးနဲ့တစ်ချက်လမ်းပစ်ပြီတော့ထွက်ပြေးသွားတာ
တော့ရှိပါတယ် ကျွန်တော်တို့စခန်းတွေနဲ့ မိုင်ဝက်လောက်အကွာမှ
တစ်လုံးကွဲသံကြားပါတယ်။ ဘာမှထိခိုက်မှုမရှိပါ။ အဲဒီလိုအဝေးကြီးကနေ တစ်လုံးလောက်ပစ်နိုင်တာကိုဘဲသူတို့ဂုဏ်ယူပြီးပြောနေတယ်ထင်ပါတယ်။ 

KIA ကအမြောက်ကို တော်တော်ကြောက်နေပါပြီ။ အမြောက်သံကြားရင်
သွေးပျက်ပြီးပြေးဖို့ပြင်နေပြီ။ ဒါ့ကြောင့်သူတို့တပ်ဖွဲ့တွေစိတ်ဓာတ်မကျအောင်
ဝါဒဖြန့်တယ်လို့ယူဆပါတယ် အမြောက်ပစ်တာရပ်မရပ်ကတော့ KIA အသိဆုံးပါဟုပြောဆိုသွားသည်။

Phay Than Zaw လိုင်ဇာအနီးသို့ နေ့ စဉ် လက်နက်ကြီးဖြင့် ပစ်ကူပေးနေသော ဒေါ့ ဖုန်း ယန်ရှိ ဟန်ကိုင်တောင်ပေါ်တွင် တပ်ချ ထားသောမြန်မာအစိုးရ အမြောက်တပ်အား ကေအိုင်အေ မျိုးချစ်တပ်ဖွဲ့ ဝင်များမှ မနေ့  ညနေ ပိုင်းက သွားရောက် တိုက်ခိုက် ခဲ့ရာလက်နက်ကြီး များထိ မှန် ပျက်စီး သွားခဲ့ပြီးကျန်ရှိသော လက်နက်ကြီးများအား နေ ရာပြောင်းရွှေ သွား ကြကြောင်း သိရသည် ဟုအင်တာနက် သတင်း အချို့တွင်ဖော်ပြ ထား ရာ ၄င်းသတင်း မှန်ကုန်မှု မရှိကြောင်း ဒေါ့ဖုန်းယန် အမြောက် တပ်တွင် တာဝန်ကျနေသောအရာရှိတစ်ဦးမှာဆိုပါသည်။

စည်ပင်သာယာဥပဒေရုတ်သိမ်းရန်အဆိုအား ပညာရှင်များနှင့် ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရန် ဦးရွှေမန်းပြောကြား

Photo: စည်ပင်သာယာဥပဒေရုတ်သိမ်းရန်အဆိုအား ပညာရှင်များနှင့်
ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရန် ဦးရွှေမန်းပြောကြား
Wednesday, 09 January 2013

တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ပိုင်ခွင့်များကို
ကန့်သတ်ထားသည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေးဥပဒေအား ရုတ်သိမ်းရန် အဆိုကို ပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန်
အစည်းအဝေးတွင် ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေသည် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များကသာ စည်ပင်သာယာရေး
ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြုခွင့်ရှိသဖြင့် အဆိုပါ ဥပဒေဆက်လက်
တည်ရှိရန်မသင့်သဖြင့် ရုတ်သိမ်းပေးပါရန် အဆိုတင်သွင်းသည်။

“ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ဥပဒေကြမ်းကော်မတီနဲ့ သက်ဆိုင်ရာ
ပညာရှင်တွေဆွေးနွေးပြီး ချွင်းချက်အနေနဲ့ လက်ရှိမှာ စည်ပင်ဥပဒေ
ရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေအနေနဲ့ အဲဒီဥပဒေအတိုင်း
ကျင့်သုံးပြီး ရေးဆွဲနေဆဲ ပြည်နယ်၊ တိုင်းတွေအနေနဲ့ ၁၉၉၃ ဥပဒေ
အတိုင်းပဲ ကျင့်သုံးရမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် ပညာရှင်များနဲ့
တိုင်ပင်ပြီးတော့ သုံးသပ်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်မှာဖြစ်ကြောင်း လွှတ်တော်ကိုတင်ပြပါတယ်” ဟု သူရဦးရွှေမန်းကပြောသည်။

တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့်
နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ သက်ဆိုင်ရာ စည်ပင်သာယာရေး ဥပဒေများကို ရေးဆွဲပြီးမှသာ ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေကို ရုတ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင်ဖော်ပြသည်။

နိုင်ငံအတွင်းကျင့်သုံးနေသော စည်ပင်သာယာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပက်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း “၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၃ အရ ပြဋ္ဌာန်းခဲ့တဲ့ မြူနီစီပါယ် အက်ဥပဒေဟာ ၁၉၉၃ ခုနှစ်အထိ တည်ရှိခဲ့ပြီး၊ မြူနီစီပါယ်ကော်မတီမှာ
ပြည်သူလူထုအတွင်းက ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်
များနဲ့ စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို၊ မြို့နယ်များမှာ
စည်ပင်သာယာရေးကော်မတီကို မြို့နယ်လူထုအတွင်းက ကိုယ်စားလှယ်များ
ရွေးကောက်တင်မြှောက် ပါဝင်ဖွဲ့စည်းမှုနဲ့ သီးခြားရပ်တည်ပြီး ပြုပြင်
ပြောင်းလဲ ဆောင်ရွက်နိုင်အောင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ
လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်” ဟု ၂၀၁၂ ခု၊ ဒီဇင်ဘာ ၂၆ ရက်က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊
ပြည်နယ်အစိုးရအဖွဲ့များအား ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်း
ပြောကြားသည်။

7Day News Journal တိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ပိုင် ခွင့်များကိုကန့်သတ်ထားသည့် ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး ဥပဒေ အား ရုတ်သိမ်းရန် အဆိုကို ပညာရှင်များနှင့် ဆွေးနွေး တိုင်ပင်ပြီး မှသာ ဆုံးဖြတ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ၁၉၉၃ ခုနှစ် စည်ပင်သာယာရေး

နဂါးပုပ်သင်

Photo: နဂါးပုပ်သင်
Wednesday, 09 January 2013

တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင်တစ်မျိုး ဖြစ် ပါတယ်။

Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီးရှားနိုင်ငံက ကျွန်းတစ်ကျွန်း မှာ တွေ့ရှိထား တာ ဖြစ်ပါတယ်။

ပျံလည်းပျံနိုင်တယ်လို့ ဆိုပါတယ်။ မီတာ ၆၀ ဝန်းကျင်လောက်အထိ ပျံသန်းမှုကို မှတ်တမ်းတင်ထားပြီး အများစုကတော့ ၁၀ မီတာ အမြင့်လောက်ထဲပဲ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း အရှည် ၃၀ စင်တီမီတာ ပတ်လည်အထိပဲ ရှိပါတယ်။

အကောင်အရေအတွက် တွေ့ရှိမှု အတော်နည်းနေပြီး လေ့လာမှု အားနည်း နေပါသေးတယ်။ နဂါးပုတ်သင်လို့ခေါ်တဲ့ Gliding Lizard ဟာ အတွေ့ရ နည်းသော ရှားပါး တိရစ္ဆာန်တစ်မျိုးလည်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_7395.html

တောင်ပံပါတဲ့အတွက် Little Dragon လို့လည်းခေါ်တဲ့ ပုပ်သင် တစ်မျိုး ဖြစ် ပါတယ်။Draco သို့မဟုတ် Gliding Lizard လို့ခေါ်တဲ့ ယင်း ပုပ်သင်ညိုများကို အရှေ့ တောင် အာရှများ အတွ့များတယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ ရတဲ့ ပုပ်သင်ညို ကိုတော့ အင်ဒိုနီး ရှားနိုင်ငံ က ကျွန်းတစ်ကျွန်းမှာ တွေ့ရှိထားတာ ဖြစ်ပါတယ်။

Google ရဲ့  လူမောင်းစရာမလိုသော ကားဆိုတာ

Photo: Google ရဲ့  လူမောင်းစရာမလိုသော ကားဆိုတာ
Wednesday, 09 January 2013

လူမပါရယ်လို့ မဟုတ်ပဲ လူမောင်းကား ဖြစ်ပါတယ်။ လူမောင်းစရာ မလိုပဲ ကားက အလိုအလျောက်မောင်းနင်နေစေမယ့် ကား ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လူမမောင်းကားတစ်စီး ဖြစ်ဖို့ ယင်းကားမှာ အနည်းဆုံး ယူနစ် လေးခု ရှိရပါမယ်။

ကင်မရာ

ကားရှေ့ မှန်မှာ တပ်ထားတဲ့ ကင်မရာ ဖြစ်ပြီး မီးပွိုင့်အရောင်တွေ ခွဲခြားနိုင်ရမယ်။ အတားအဆီးအပိတ်ဆို့တွေကို မြန်မြန် Respond လုပ်ပေးနိုင်ရပါမယ်။

ဘီးအာရုံခံစနစ်

ဘီးမှာ တပ်ဆင်ထားရပါမယ်။ ဘီးအပတ်ရေကို သိထားရင် ဘယ်နေရာ ကို ဘယ်နှစ်မိုင်သွားနိုင်တယ်ဆိုတာကို သိရှိနိုင်ပါမယ်။ နေရာဒေသ ရှာဖွေသတ်မှတ်မှု ပိုတိကျပြီး မြေပြင်က အတားအဆီးအပိတ်အဆို့၊ အန္တရာယ်ကိုလည်း အာရုံခံနိုင်စွမ်း ရှိရပါအုံးမယ်။

လေဆာရောင်ခြည်သုံး ရှာဖွေရေးစနစ်

ကားခေါင်မိုးမှာ တပ်ထားပါတယ်။ ပေ ၂၀၀ ပတ်လည်အတွင်း ဖြစ်ပျက် မှုများကို စုံစမ်းထောက်လှမ်းနိုင်ပြီး အမြဲ ပြန်ကြား
နိုင်နေရပါမယ်။

ရေဒါ စနစ်

ကားရဲ့  နောက်ဆုံးဘမ်ပါမှာ တပ်ဆင်ထားပါတယ်။ သို့ပေမယ့် သူ့ရဲ့ ထောက်လှမ်းနိုင်မှုက ပတ်ပတ်လည်ပါပဲ။ သင်္ဘောတွေမှာ ပါခဲ့ဖူးတဲ့ ရေဒါတွေလိုပါပဲ သူ့အတိုင်းအတာနဲ့သူ နီးစပ်ရာ လူမဲ့ကားများနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ယင်း ယူနစ်လေးခုက လက်ရှိ ရှိရင်းစွဲ နောက်ဆုံးပေါ် ကားတွေမှာ ထပ်ပေါင်းပေးရမယ့် နည်းပညာများ ဖြစ်ပါတယ်။ ယင်းကားမှာ နောက်ထပ် အရေးကြီးတာ တစ်ခုက အင်တာနက် အဆက်အသွယ် ဖြစ်ပါတယ်။ အင်တာနက်ဆက်သွယ်မှု ရှိမှ အမြဲ Update ဖြစ်နေတဲ့ GPS ကို အသုံးပြုလို့ ရပါမယ်။ ရေဒါဆိုဒါ သူ့မိုင်အတိုင်းအတာအတွင်းကို အကြမ်းဖျင်းသာ ဖော်ပြနိုင်ပြီး GPS နဲ့ ဂြိုလ်တု ကင်မရာက ပိုတိကျပါတယ်။

အထက်ပါ Google ကတီထွင်လိုက်တဲ့ လူမဲ့ ကားစနစ် အပြင် တိုယိုတာ မှလည်း အခြား လူမဲ့ အလိုအလျောက်မောင်းကား စနစ်ကို တီထွင်ဖန်တီးပြီး ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ လူတွေ ကားနောက်ခန်းမှာ သက်တောင့်သက်သာ ထိုင်စီးရတော့မယ့် အနေအထား ဖြစ်ပါတယ်။ ကားဒရိုင်ဘာ သီးသန့်တောင် ရှာစရာ၊ ငှားစရာ မလိုတော့ပါဘူး။ လာမယ့် CES မှာလည်း Google ရော၊ တိုယိုတာကပါ ဝင်ရောက်ပြသမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team) လူမပါရယ်လို့ မဟုတ်ပဲ လူမောင်းကား ဖြစ်ပါတယ်။ လူမောင်းစရာ မလိုပဲ ကားက အလိုအလျောက်မောင်းနင်နေစေမယ့် ကား ဖြစ်ပါ တယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လူမမောင်းကားတစ်စီး ဖြစ်ဖို့ ယင်းကားမှာ အနည်းဆုံး ယူနစ် လေးခု ရှိရပါမယ်။
ကင်မရာ
ကားရှေ့ မှန်မှာ တပ်ထားတဲ့ ကင်မရာ ဖြစ်ပြီး မီးပွိုင့်အရောင်တွေ ခွဲခြားနိုင်ရမယ်။ အတားအဆီးအပိတ်ဆို့တွေကို မြန်မြန် Respond လုပ်ပေးနိုင်ရပါမယ်။

အီရတ်မှ ကွန်တိန်နာလိုက် ပြန်ပို့ခံရမှုများရှိလာသည့် မြန်မာငါးမြစ်ချင်း

Photo: အီရတ်မှ ကွန်တိန်နာလိုက် ပြန်ပို့ခံရမှုများရှိလာသည့် မြန်မာငါးမြစ်ချင်း
Wednesday, 09 January 2013

အီရတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ငါးမြစ်ချင်းဈေးကွက်မှာ အရည်အသွေးကြောင့် အ၀ယ်နည်းသွားကြောင်း ပြည်ပပို့ကုန် လုပ်ငန်းရှင်များထံမှ သိရှိရသည်။      

“ကိန်းဂဏန်းအရတော့ မသိဘူး။ သို့သော် အီရတ်က အရင်က တအား
ဝယ်တယ်။ ဒါပေမယ့် အခု နောက်ပိုင်း အီရတ်ကို ပို့တဲ့ container
တွေတောင် ပြန်ပို့တာတွေရှိတယ်။ ရောင်းသူဝယ်သူ စာချုပ်ချုပ်ပြီးမှ မ၀ယ်ဘဲနဲ့ ပြန်လွှတ်တယ်ဆိုရင် ဒါတခုခုမှားလို့၊ ဘာကြောင့်မှားတာ
လဲဆိုတာ အဖြေရှာသင့်တယ်။ export လုပ်တဲ့အခါ မြန်မာ့ငါးဟေ့ဆိုပြီး လက်ခမောင်းခတ်နိုင်ရမယ်။ မဟုတ်ရင် မြန်မာငါးကို ၀ယ်မနေနဲ့တော့
ကွာ ရေဒီလောက်ထိုးနေရင်ဆိုတဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ် ” ဟု မအူပင်မြို့နယ်မှ ငါးမွေးမြူရေးလုပ်ငန်းရှင် ဒေါက်တာမြင့်စိန်က ပြောသည်။  

ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ကြာရှည်ခံရန်အတွက် ငါးမြစ်ချင်းငါးအား
ကျောခွဲ၍ ရေခဲထည့် ခြင်းနှင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်းကို ၂၀၀၇ခုနှစ်မှ
စတင်ပြုလုပ်ခဲ့ကြောင်း ထိုသို့ပို့ရာတွင် အများဆုံး စားသုံးသောအီရတ်နိုင်ငံမှ ယခုနောက်ပိုင်းမှ စ၍ တင်ပို့လိုက်သည့် ငါးများကို ပြန်ပို့သည့်အဆင့်အထိ ရှိလာခဲ့ပြီး အ၀ယ်နည်းလာကြောင်း  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရှိရသည်။

ထိုသို့ ၀ယ်လိုအားနည်းသွားရခြင်းမှာ ငါးပမာဏ(၁၀၀ %)တွင် ရေခဲ
ပမာဏမှာ (၂၀ %) သတ်မှတ် ထားသော်လည်း ယခုအခါ ၄င်းရာခိုင်နှုန်းထက်ပိုမိုစွာ ထည့်လာကြခြင်းနှင့် ဗိုက်ကိုခွဲ၍ ရေခဲ
ထည့် ခြင်းအပြင် ကျောကိုခွဲ၍ ရေခဲထည့်ခြင်းများကြောင့် ငါးအရသာပျက်သွားခြင်း စသည့် အချက်များ ကြောင့် ဖြစ်သည်ဟု သိရသည်။ 

ရေခဲထည့်ရာ၌ ကျောခွဲ၍ ရေခဲထည့်လိုက်ခြင်းဖြင့် ငါးကျောတွင်ရှိသော တစ်ရှုးများအားသွားထိကာ ရေကိုစုပ်ယူပြီး အသား ထဲသို့
ရေစိမ့်ဝင်မှုများပြားစေခြင်းနှင့် ထည့်လိုက်သော ရေခဲထဲတွင် ပိုးမွှား တစ်စုံတရာ ပါသွားပါကလည်း စားသုံးသူအား ထိခိုက်စေနိုင်
သောကြောင့် ကျောခွဲ၍ ရေခဲထည့် ပြည်ပပို့ခြင်းများအား မပြုလုပ်
သင့်ကြောင်းကိုလည်း  မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြံပြုထား သည်။   

ဗိုက်ခွဲ၍ ရေခဲထည့်ရာ၌ ဗိုက်တွင်ရှိသော ပယ်ရီဟု ခေါ်သော အဖြူရောင်အပြောင် အသားများမှ အသားထဲသို့ ရေမ၀င်နိုင်အောင် ကာကွယ်ထားသည့်အတွက်ကြောင့် ရေစိမ့်ဝင်မှုပမာဏ နည်းပါးစေပြီး ငါးအရသာမပျက်စေခြင်းကြောင့် ဗိုက်ခွဲ၍ ရေခဲထည့်ခြင်း သာ ပြုလုပ်သင့်ကြောင်း ကိုလည်း ငါးမွေးသူများမှ အကြံပြု
ပြောဆိုကြသည်။           

အီရတ်၌ ငါးစားသုံးရာတွင်  ကင်စားခြင်းကြောင့် ကျောခွဲ၍ ရေခဲပမာဏ ပိုထည့်ထားသော ငါးသည် ကင်လိုက်သောအခါ အရသာ ပိုပျက်
သွားစေနိုင်ကြောင်းလည်း သိရှိရသည်။     

“ အရင်တုန်းက ကျောခွဲပြီး ပြည်ပပို့တာကို exporter အများစုက
တော်တော်ကန့်ကွက်ခဲ့ကြတာ။ ပြီးတော့ အရင်တုန်းက   ရေခဲပမာဏ က (၅ %) ပဲထည့်ရတာ။အခုဆို ၂၀%ထိ ထည့်ခွင့်ပေးထား တယ်။ တချို့တွေ ကတော့ သူတို့ Quality သူတို့ထိန်းတဲ့အနေနဲ့ ရေခဲကိုလည်း (၂၀%)ပဲထည့်ပြီး ဗိုက်ခွဲတဲ့ စနစ်နဲ့ ပို့ကြတယ်။ သတ်မှတ်ထားတာနဲ့ မကိုက်ညီရင် ဘယ်လိုအရေးယူမလဲဆိုတာတွေကို ဆောင်ရွက်
ပေးမှ မြန်မာနိုင်ငံရဲ့ ပြည်ပငါးဈေးကွက် မပျက်မှာလို့ ထင်ပါတယ်  ” ဟု ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။  

၎င်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၂ခုနှစ်မှစကာ မွေးမြူရေးနှင့် ရေလုပ်ငန်း
ဝန်ကြီးဌာနမှ ၀န်ကြီးကိုယ်တိုင် ဆွေးနွေးခြင်း   ပြုလုပ်နေကြောင်းကို
လည်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ နာယက ဦးစိုးဝင်းက ဆိုသည်။ 

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်း ပြည်ပသို့တင်ပို့သော ငါးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၆၅၀)သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ်မှ သိရသည်။

ယမင်း(မြစ်မခ)
Myit Makha Mediagroup အီရတ်နိုင်ငံသို့ အဓိကထားတင်ပို့နေသည့် ငါးမြစ်ချင်းဈေးကွက်မှာ အရည်အသွေးကြောင့် အ၀ယ်နည်းသွားကြောင်း ပြည်ပပို့ကုန် လုပ်ငန်း ရှင်များထံမှ သိရှိရသည်။
“ကိန်းဂဏန်းအရတော့ မသိဘူး။ သို့သော် အီရတ်က အရင်က တအား
ဝယ်တယ်။ ဒါပေမယ့် အခု နောက်ပိုင်း အီရတ်ကို ပို့တဲ့ containerတွေတောင် ပြန်ပို့တာတွေရှိတယ်။ ရောင်းသူဝယ်သူ စာချုပ်

ဂုဏ်ယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီး ရရှိခဲ့ သော ဘွဲ့ များ

Photo: ဂုဏ်ယူဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီး ရရှိခဲ့ သော ဘွဲ့ များ
Wednesday, 09 January 2013

ဦးသန့်၏ ကုလအတွင်းရေးမှူးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေး အခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူ့အား ကမ္ဘာတစ်ဝှမ်းလုံးရှိ တက္ကသိုလ် ကောလိပ်တို့မှ ဒေါက်တာဘွဲ့ ( ၁၇ ) ဘွဲ့ ပေးအပ်ချီးမြင့်
ခဲ့ကြသည်။

ပြည်တွင်း ပြည်ပမှ ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁၉၄၉ ၀ဏ္ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ

၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ

၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ

၁၉၆၁ မဟာသရေစည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ

၁။ ၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန် တက္ကသိုလ် ကနေဒါ

၂။ ၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန် တက္ကသိုလ် နယူဂျာစီပြည်နယ်

၃။ ၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေ မောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်

၎။ ၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ် တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်

၅။ ၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက် ကောလိပ် နယူဟမ်ရှားပြည်နယ်

၆။ ၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယား တက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်

၇။ ၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်

၈။ ၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်

၉။ ၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက် ယူနီဗာစီတီ

၁၀။ ၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကို တက္ကသိုလ် ဆိုဗီယက်ယူနီယံ

၁၁။ ၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယို ကင်းစတန်း ဘုရင်မ တက္ကသိုလ်

၁၂။ ၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်း ကောလိပ်

၁၃။ ၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်

၁၄။ ၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင် တက္ကသိုလ် ကနေဒါ

၁၅။ ၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန် ကောလိပ် နယူးယောက်

၁၆။ ၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်း တက္ကသိုလ် နယူးယောက်

၁၇။ ၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန် ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ် ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာ နေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်း ခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ ရှိသော အမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်း ရရှိခဲ့သည်။

( ဗဟုသုတ အဖြစ်ပြန်လည် မျှဝေပါတယ် )

Via http://winthumon.blogspot.com/2010/03/blog-post_7713.html
Royal Hero Media ဦးသန့်၏ ကုလအတွင်းရေးမှူးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်း ထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေး အခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူ့အား ကမ္ဘာတစ်ဝှမ်းလုံးရှိ တက္ကသိုလ် ကောလိပ်တို့မှ ဒေါက်တာဘွဲ့ ( ၁၇ ) ဘွဲ့ ပေးအပ်ချီးမြင့်
ခဲ့ကြသည်။ပြည်တွင်း ပြည်ပမှ ဦးသန့်ရရှိခဲ့သော ဘွဲ့များ မှာ အောက်ပါ အတိုင်း ဖြစ်သည်။

တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်

Photo: တရုတ်မြောက်ပိုင်း ကျိုကျန်မြစ်အတွင်းသို့် ဓာတုအဆိပ်များ ယိုဖိတ်
Wednesday, 09 January 2013

တရုတ်နိုင်ငံမြောက်ပိုင်း ကျိုကျန်( Zhuozhang) မြစ်အတွင်းသို့
ကျောက်မီးသွေးစက်ရုံမှ ဓာတုအဆိပ်များယိုဖိတ်သွားကြောင်း 
China Daily သတင်းတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့က Shanxi ပြည်နယ် ရှိ Tianji Coal ဓာတုစက်မှု လုပ်ငန်းအုပ်စုပိုင် စက်ရုံတစ်ခုမှ ဓာတုအဆိပ်ပမာဏ မတ်ထရစ် တန် ၁ ဒသမ၅ တန်ခန့် Zhuozhang မြစ်အတွင်းသို့ ဖိတ်သွားခဲ့သည်ဟု
ဒေသခံ အာဏာပိုင်များက သတင်းပို့ခဲ့ကြောင်း ယင်းပြည်နယ်ရှိ Chanzhi မြို့တော်ဝန် Zhang Bao ကပြောကြားသည်။

လူအများ၏ သောက်သုံးရေအဖြစ်အသုံးပြုလျက်ရှိသော မြစ်ရေထဲသို့ ဓာတုအဆိပ်အတောက်များဖိတ်ကျခဲ့သည်ကိစ္စကို အာဏာပိုင်များ အနေဖြင့် သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းနှင့်ပတ်သက်၍လည်း အဆိုပါ
ဒေသခံအာဏာပိုင်များက တောင်းပန်စကားပြောကြားခဲ့သည်။

သို့သော် အာဏာပိုင်များ၏လက်တွေ့စစ်ဆေးချက်များအရ ဓာတုအဆိပ်များ
မြစ်အတွင်းသို့ အမှန်တကယ်ဖိတ်စင်ခဲ့သည် ပမာဏမှာ မတ် ထရစ်တန် ၉ တန်(၁၀တန်ခန့်)ရှိပြီး၊နောက်ထပ်ဓာတုအဆိပ် ပမာဏ မစ်ထရစ်တန် ၃၀ ခန့်(၃၃ တန်ခန့်)မှာ အသုံးပြုခြင်းမရှိသော ရေလှောင် အတွင်းသို့ ဖိတ်စင် သွားခဲ့သည်ကိုတွေ့ရှိရကြောင်း အထက်ပါ မြို့တော်ဝန်ကပြောကြားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ Changzhi မြို့အာဏာပိုင်များသည် Shanxi
ပြည်နယ်အစိုးရကို ၅ ရက်ခန့်နောက်ကျပြီးမှ သတင်းပို့ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဖြစ်ရပ်ကြောင့် Zhuozhang မြစ်အတွင်းရေများတွင် ဓာတုအဆိပ်များ ပါဝင်နေခြင်းကြောင့် အဆိုပါမြစ်ကြောင်းပေါ်ရှိ မြို့တစ်မြို့ဖြစ်သော ဟန်ဒန်
မြို့အာဏာပိုင်များက လူတစ်သန်းကျော်ခန့်အတွက်ရေပေးဝေမှုကို စနေနေ့က ဖြတ်တောက်လိုက်ပြီး၊မြေအောက်ရေအသုံးပြု၍ ရေပေးဝေမှု
ပြုလုပ်လျက်ရှိသည်။

အဆိုပါဖြစ်ရပ်ကြောင့် Tianji စက်ရုံမှ အထွေထွေမန်နေဂျာ၊ လက်ထောက် မန်နေဂျာနှင့်၊တာဝန်ရှိသူ ၂ ဦးကို အလုပ်မှထုတ်ပစ်လိုက်ကြောင်း China Daily သတင်းတွင်ဖော်ပြထားသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုနောက်ကျခဲ့ခြင်းကြောင့် Changhi မြို့အာဏာပိုင်များကို ကျန်းမားရေးဆိုင်ရာ ကျွမ်းကျင်သူ များက ဝေဖန်ပြောကြားသည်။

MTS
Source: China Daily
The Myanma Age တရုတ်နိုင်ငံမြောက်ပိုင်း ကျိုကျန်( Zhuozhang) မြစ်အတွင်း  သို့ ကျောက် မီးသွေးစက်ရုံမှ ဓာတုအဆိပ်များယိုဖိတ်သွားကြောင်း China Daily သတင်းတွင် ဖော်ပြထားသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့က Shanxi ပြည်နယ် ရှိ Tianji Coal ဓာတု စက်မှု လုပ်ငန်းအုပ်စုပိုင် စက်ရုံတစ်ခုမှ ဓာတုအဆိပ်ပမာဏ မတ်ထရစ် တန် ၁ ဒသမ၅ တန်ခန့် Zhuozhang မြစ်အတွင်းသို့ ဖိတ်သွား

ကေအိုင်အေ ပြန်လွှဲပေးမည့် တပ်မတော်သားစာရင်း အစိုးရထံရောက်ပြီ



ကေအိုင်အိုထံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော တပ်မတော်သား ၂၇ ဦးအား အစိုးရ ထံသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများမှတစ်ဆင့် အမည် စာရင်းပေး ပို့လိုက်ကြောင်း သိရသည်။

ယာဘား ဆေးပြားများနှင့် အတူ နယ်စပ်တွင် ရခိုင်နှင့် မွတ်ဆလင်များ အဖမ်းခံရ

Teknaf-Pic-a-07-01-2013_1
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြစ်နားရွာမှ ရခိုင်အမျိုးသား နှစ်ဦးနှင့် မောင်တော မြို့ နယ်မှ မွတ်စလင်သုံးဦးကို ယာဘားဆေးပြား များနှင့်အတူ ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက နယ်စပ်တွင် သီးခြားစီ ဖမ်းဆီး ခဲ့ သည်။ မြစ်နားရွာမှ ရခိုင် ၂ဦးကို ဇန္န၀ါရီလ ၆ ရက်နေ့က ယာ ဘား ဆေးပြား ၄၀၀၀ နှင့် အတူ ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

မအူ ပင်မြို့၌ NLD ညီလာခံ ကျင်းပ မည့်နေ့ တွင် ဆန္ဒပြ ရန်ရှိနေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင် အဖြစ်မှ ယာယီထုတ်ပယ်ခြင်း ခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီ လ၊  ၈ ရက်နေ့တွင် ပြောကြားသည် ။

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ

လမ်းဘယ်လောက်ကြမ်းကြမ်း အံ့ကိုက်ဖြစ်မယ့် ကားတာယာ
Wednesday, 09 January 2013

အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။
ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလို
ကျောက်တောင် ၊ကျောက်ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့
ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

ယင်း တာယာ အတွက် အသုံးပြုမ့ယ် ကုန်ကြမ်းကလည်း အဆင်သင့် ရှိတဲ့အတွက် ယနေ့ လက်ရှိ အသုံးပြုနေတဲ့ တာယာတွေနေရာမှာ အစား ထိုးနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း လေလည်း ထည့်သွင်းအသုံးပြုစရာ မလိုပါဘူး။ အကြမ်း ခံပြီး ပျော့ပျောင်းသွားအောင် ဓာတုဓာတ်ပေါင်းများရောစပ်လို့ တာယာ ဘီးဖြစ်အောင် တစ်ခါတည်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

အောက်ပါလခ့်မှာ Hankook ရဲ့  Airless တာယာ ဗီဒီယိုကို ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/7Zu7GVfx6Ng

International news for myanmar
အမေရိကန်မှာ ကျင်းပတဲ့ တောင်ကိုရီးယား Hankook Tire ရဲ့  တာယာ ဒီဇိုင်း ပြိုင်ပွဲမှာ ဆုရသွားသော တာယာအမျိုးအစား ဖြစ်ပါတယ်။ အမေရိ ကန်နိုင်ငံ၊ University of Cincinnati မှ ကျောင်းသား Ben Zavala ဦးဆောင်လို့ ကြိုးစားဖန်တီးထားတဲ့ လေမလို တာယာ ဖြစ် ပါတယ်။ပြိုင်ကားနဲ့ လမ်းချောမှာ အသုံးပြုဖို့အတွက် အဆင်ပြေ သလိုကျောက်တောင် ၊ကျောက် ခဲ ပေါများတဲ့ လမ်းမှာ လည်း ပျော့ပျော့ပြောင်းပြောင်းနဲ့ အသုံးပြုနိုင် မှာ ဖြစ်ပါ တယ်။

ပုံစံဟောင်းနဲ့ နည်းပညာသစ် Samsung NX300 ကင်မရာ

ဆမ်ဆောင်း ကုမ္ပဏီဟာ ကြိုးမဲ့ စမတ် ကင်မရာ နည်းပညာ ကဏ္ဍကို ဦးဆောင်နေပြီး  ၎င်းရဲ့ NX Series ကင်မရာ ငယ်တွေဟာ အမြဲတမ်းတော့ 4G Android Galaxy Camera များ သုံးစွဲရသလို မဟုတ်ပါဘူး။ NX ကင်မရာ များဟာ Galaxy Smart Camera များတဲ့ သို့မဟုတ်ဘဲ ရိုက်ကူးပြီးတဲ့ပုံတွေကို စမတ်ဖုန်းနဲ့ Tablet များသို့ တိုက်ရိုက် Wifi ဖြင့် ချိတ်ဆက် ကြည့်ရှု နိုင်စေ

မိုဘိုင်းဖုန်းများ ဈေးလျှော့ပါက GSM နှင့် WCDMA ဈေးနှုန်း တူမည် မဟုတ်

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို လက်ရှိ ရောင်းချနေသော ဈေးနှုန်းအောက် လျှော့ ချ ရောင်းချမည် ဖြစ်ပြီး ယင်းသို့ ရောင်းချရာတွင် GSM နှင့် WCDMA ဈေးနှုန်းတူမည် မဟုတ်ဘဲ  ယခုရောင်းချ နေသကဲ့သို့ပင် WCDMA မိုဘိုင်း ဖုန်း မှာ ဈေးနှုန်းပို များမည်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရ သည်။ ယင်းသို့ ဈေးနှုန်းလျှော့ချ ရောင်းချရာတွင် GSM နှင့် WCDMA မိုဘိုင်းဖုန်း များကို ဈေးနှုန်း နှစ် မျိုးဖြင့် ရောင်းချမည် ဖြစ်သော်လည်း မည် သည့် ဈေးဖြင့် ရောင်းချ မည်ကို အတိအကျ မသိရသေး ဘဲ ဈေးနှုန်းအားဖြင့် ကျပ်နှစ်သောင်းခန့်

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများအပေါ် မူတည်၍ One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန် ပြင်ဆင်နေ  
Wednesday, 09 January 2013 

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍ 
One Stop Service ဖြင့် အပြိုင်အဆိုင် ရောင်းချနိုင်ရန်အတွက် ပြင်ဆင်
မှုများပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်းအရောင်းဆိုင်များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင်အတွင်း
ပြင်ဆင်မှုများအပြင် ၀ယ်ယူသူများကို ၀န်ဆောင်မှုပေးနိုင်ရန်အတွက်
ပြင်ဆင်ထားလျက်ရှိပြီး  One Stop Service  ဖြင့် ရောင်းချနိုင်ရန် အတွက်ကိုပါ ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်မှ မန်နေဂျာ ဦးကိုကိုအောင်က ''ဆက်သွယ်ရေးဖုန်းတွေ ဈေးလျော့ပေးမယ် ဆိုတာတော့ ကြားပြီးပါပြီ။ ဒါက အရင်လိုပါပဲ ဈေးကျမယ်ဆိုတာနဲ့ ဆိုင်တိုင်းကတော့ အပြင်အဆင်တွေရော၊ ၀န်ဆောင်မှုပိုင်းရော၊ အကုန်လုံးကို ပြင်ဆင်လာကြပါတယ်။ နှစ်သိန်း
ဈေးကျတုန်းကတော့ တော်တော်ရောင်းရတယ်။ ဟန်းဆက်တွေရော ဖုန်းကတ်တွေရော ရောင်းရတယ်။အခုလည်း ရောင်းရမယ်လို့တော့ ထင်ပါတယ်။ ဆိုင်မှာကတော့ ၀န်ထမ်းအင်အားရော ပစ္စည်းပိုင်းကိုပါ
ဖြည့်ထားပါတယ်'' ဟုပြောသည်။ 

Today Mobile အရောင်းဆိုင်မှ ဆိုင်ပိုင်ရှင် ကိုနေလင်းထွန်းက 
''ဈေး ကျမယ်ဆိုတော့ ဆိုင်တိုင်းက ပြင်ဆင်မှုတွေရှိပါတယ်။ တချို့ဝယ်တဲ့သူတွေဆိုရင် အခုကတည်းက ဟန်းဆက်တွေကို ကြိုတင်ပြီးတော့ ၀ယ်ကြတာတွေ ရှိပါတယ်။ အခုက တစ်သိန်းဝန်းကျင်
ဆိုတော့ ဖုန်းတွေကို အမြင့်တွေပဲ ၀ယ်ကြတာများမယ် ထင်ပါတယ်။ ငါးသိန်းတုန်းကတောင် ၀ယ်ကြတာပဲ၊ အခုက တစ်သိန်းဆိုတော့ ပိုတောင်ဝယ်ကြမယ်လို့ ထင်ပါတယ်'' ဟု ပြောပါသည်။

မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်း ဆင်းမ်ကတ်များ၏ ဈေးနှုန်းများကို 
၂၀၀၉ ခုနှစ်တွင် ငွေကျပ်ငါးသိန်းဖြင့် ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်
ငွေကျပ်နှစ်သိန်းဖြင့် ရောင်းချပေးခဲ့ကာ ယခု ၂၀၁၃ ခုနှစ်တွင် မိုဘိုင်း ဆင်းမ်ကတ်များ ဈေးနှုန်းများကို တစ်သိန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းအရောင်းဆိုင်များ မြန်မာ့ဆက်သွယ်ရေးမှ ဇန်န၀ါရီလအတွင်း၌ လျော့ချပေးမည့် မိုဘိုင်းဈေးနှုန်းများပေါ် မူတည်၍
One Stop Service ဖြင့် အပြိုင် အဆိုင် ရောင်းချနိုင် ရန် အတွက် ပြင် ဆင်မှုများပြုလုပ်လာကြောင်း ရန်ကုန်မြို့အတွင်း မိုဘိုင်း အရောင်း ဆိုင် များမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်း အရောင်းဆိုင်များအနေဖြင့် ဆိုင်

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင် လှုပ်ခတ်ပြီးနောက် ရွှေကြောအသစ်များ ထွက်ပေါ်

ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ်လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော်က ပြောသည်။
 
''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။
 
၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် ခန့်တွင် မန္တလေး၊ ရွှေဘို၊ သပိတ် ကျင်း၊ မိုးကုတ် စသည့်နေရာများကို ဗဟိုပြုကာ အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်နှင့် ငလျင်ငယ်များ မကြာခဏ လှုပ်ခတ်ခဲ့ရာ အဆိုပါ ငလျင်များကြောင့် ရွှေကြောအသစ် များ ပေါ်ထွက်လာခြင်းဖြစ်ကြောင်း ဦးသူတော်က ထပ်လောင်း ပြော သည်။
 
အသစ်တွေ့ရှိရသော ရွှေ ကြောနေရာများမှာ မြစ်ကြီးနား၊ ရွှေဘို၊ ကန့်ဘလူ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဂေါ်ဦးချောင်း ဒေသနှင့် ကချင်ပြည်နယ်ရှိ ဘုရား သုံးဆူအနီးဝန်းကျင် ဒေသများဖြစ် ကြောင်း သိရသည်။
 
ယင်းကဲ့သို့ ရွှေကြောအသစ် များ ရှာဖွေ တွေ့ရှိထားခြင်း သည် ပြည်တွင်းရွှေဈေးကွက်ကို တည်ငြိမ် လာနိုင်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
 
''ရွှေကြောအသစ်တွေကနေ တူးဖော်ရေးလုပ်ငန်းတွေလည်းများ လာမယ်။ ရွှေအထွက်လည်း တိုး လာမယ်။ ဒါဟာပြည်တွင်းရွှေဈေး ကွက်တည်ငြိမ်ဖို့အကြောင်းတစ်ခုပါ ပဲ။ ပစ္စည်းရှားရင် ဈေးတက်မယ်။ ပစ္စည်းပေါရင် ဈေးကျမယ်။ ဒီ သဘောပါပဲ'' ဟု ၄င်းက ပြော သည်။
 
ယင်းကဲ့သို့ ရွှေကြောအသစ် များကြောင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်လာနိုင်သကဲ့သို့ ရွှေလုပ် ငန်းရှင်အများစုမှာလည်း ယခုနှစ် သည် ရွှေဈေးနှုန်း တည်ငြိမ်၍ အဝယ်တိုးမည့်နှစ်ဟု ခန့်မှန်းထား ကြသည်။
 
၂ဝ၁၂ ခုနှစ်အတွင်း မြန်မာ့ ရွှေဈေးသည် နှစ်ဆန်းပိုင်း၌ ကျပ် ခုနစ်သိန်းအောက်တွင် ရှိခဲ့ရာမှ မတ်လဆန်းပိုင်းမှစတင်၍ မြန်မာ့ အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ်ခုနစ်သိန်း အထက် သို့တက်လာခဲ့သည်။ ၄င်းနောက် ပိုင်း စက်တင်ဘာလဆန်းအထိ ကျပ်တစ်သောင်းဝန်းကျင်ခန့်သာ ရွှေဈေးအတက်အကျ ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားဈေး နှုန်းမှာ ခုနစ်သိန်းရှစ်သောင်း အ ထက်သို့ တက်ခဲ့သည်။ အဆိုပါ ဈေးကြောင့် နှစ်ကုန်ပိုင်းတွင် ရွှေ ဈေး 

ရှစ်သိန်းအထိ ရှိလာနိုင် ကြောင်း ရွှေလုပ်ငန်းရှင်အများစုက သုံးသပ်ကြသော်လည်း ယင်းဈေးမှ တစ်စစပြန်လည် ကျဆင်းလာပြီး နှစ်ကုန်ပိုင်း ရွှေဈေးနှုန်းသည် ခုနစ် သိန်း ငါးသောင်း ရှစ်ထောင်အထိ သာ ဈေးပေါက်ခဲ့ကြောင်း ဈေး ကွက်မှ သိရသည်။
 
ယနေ့ မြန်မာ့ရွှေပေါက်ဈေး သည် အခေါက်ရွှေတစ်ကျပ်သား လျှင် ၇၆ဝ၅ဝဝ ဖြစ်၍ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၇၁၇၈ဝဝ ဖြစ် သည်။ ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကန်ဒေါ်လာ ၁၆၅၇ ဖြစ်ကြောင်း ဈေးကွက်မှ သိရ သည်။
အိမ်စည်စိုးစံ၊ ရန်နိုင် ရွှေဘိုငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရွှေကြောအသစ်များ ထွက်ပေါ် လာကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသူတော် က ပြောသည်။
''ငလျင်ကြောင့် ရွှေကြောအ သစ်တွေပေါ်လာတယ်''ဟု ၄င်းက ဇန်နဝါရီ ၅ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်များအသင်း စတုတ္ထအကြိမ်နှစ် ပတ်လည်အသင်းသားစုံညီအစည်း အဝေးတွင်ပြောသည်။

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ

ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ် နှင့် မြစ်ကြီးနားလေဆိပ် များတွင် Spitfire လေယာဉ်များ ရှာဖွေတွေ့ရှိ
Wednesday, January 09, 2013

မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ
ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ 
၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီး
မြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာထည့်ထားသည်ဟု ယူဆရသော စုစုပေါင်း သစ်သား သေတ္တာ ၁၈ လုံးတွေ့ရှိခဲ့သည်။

ထို့ပြင် ၄င်းအဖွဲ့သည် ရန်ကုန်မြို့  မင်္ဂလာဒုံ လေဆိပ်တွင် အဆင့်မြင့် နည်းပညာသုံး ကရိယာများ အသုံးပြု၍ ရှာဖွေခဲ့ရာပင်မ လေယာဉ်
ပြေးလမ်း၏ အနောက်ဘက် ပြည်လမ်းဘက်ခြမ်းတွင် လေယာဉ်များ
ထည့်ထားသည့် သေတ္တာများ မြှုပ်နှံထားသည့် နေရာအား တွေ့ရှိခဲ့သည်။ ၄င်း တွေ့ရှိရသော လေယာဉ်ထည့်ထားသည့် သေတ္တာများအား စက်ကရိယာများအသုံးပြု၍ တူးဖော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာပြည်အတွင်း ရန်ကုန်လေဆိပ် အနီးတွင် Spitfire လေယာဉ်၃၆ စီး၊ မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ၆ စီးတို့ မြှုပ်နှံထားဖွယ် ရှိသည်ဟု လေယာဉ်ရှာဖွေရေး အဖွဲ့က ယူဆထားသည်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဒုတိယကမ္ဘာစစ်တွင်းတွင် ဗြိတိန်
လေတပ်မတော်က အားထားရတဲ့ Spitfire တိုက်လေယာဉ်တော်တော်
များများကို ဒုတိယကမ္ဘာစစ် ပြီးခါနီးမှာ မြန်မာ့မြေပြင်အောက် လုံလုံခြုံခြုံ သိမ်းဖွက်သွားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိအချိန် ကမ္ဘာပေါ် ၌ှSpitfire လေယာဉ် အစီး ၅၀ အောက်သာ ကျန်ရှိတော့မည်ဟု ခန့်မှန်းထားကြပြီး ယခုတူးဖော်မှု များမှ မပျက်စီးဘဲ အကောင်းပတိအတိုင်း တွေ့ရှိရပါကအရေအတွက်မှာ နှစ်ဆဖြစ်လာနိုင်ခြေ
ရှိသည်။

တူးဖော်မှုတွင် နိုင်ငံတော် အစိုးရ၊ ရွှေတောင်ပေါ် ကုမ္ပဏီ နှင့် ဗြိတိသျှ အခြေစိုက် DJC ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင် ကြမည်ဖြစ်ပြီး လေယာဉ်
ရှာဖွေရေးအဖွဲ့ တွင် ဗြိတိသျှ DJC ကုမ္ပဏီ ဥက္ကဋ္ဌ အသက် ၆၂ နှစ်အရွယ် Mr.David J.Cundall ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါဝင်ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိခဲ့သည်။

လေယာဉ်များ ရှာဖွေမှုတွင် အကျိုးအမြတ် ခွဲဝေမှုအနေဖြင့် နိုင်ငံတော် အစိုးရက ၅ဝ ရာခိုင်နှုန်း၊ရွှေတောင်ပေါ် ကုမ္ပဏီ က ၂ဝ ရာခိုင်နှုန်း နှင့် ဗြိတိသျှ DJC ကုမ္ပဏီက၃ဝ ရာခိုင်နှုန်း ဖြင့် သဘော တူညီခဲ့ ကြခြင်း
ဖြစ်သည်။

Myanmar Online News
မြန်မာနိုင်ငံ၌ မြှုပ်နှံထားသည်ဆိုသော ဗြိတိန်တိုက်လေယာဉ် Spitfire များကို တူးဖော်မည့် အဖွဲ့အနေဖြင့်မြန်မာနိုင်ငံ အတွင်း လေယာဉ်မြှုပ်နှံ
ထားသည့်နေရာများတွင် ရှာဖွေမှုများ စတင်ခဲ့ရာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင်မြစ်ကြီးနားမြို့ လေဆိပ် လေယာဉ်ပြေးလမ်း အနီးမြောက်ဘက်သို့ တွင်းများ တူးပြီး camera ဖြင့် ကြည့်ရှု၍ နည်းပညာ အကူအညီဖြင့် ရှာဖွေခဲ့ရာ လေယာဉ်မျာ ထည့်ထားသည်ဟု

KIA နယ်မြေအတွင်း ဘိန်းစိုက်ပျိုးမှု ပိုမို မြင့်တက်လာ



ကချင်ပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးခဲ့သည်မှာ ကာ လကြာမြင့်ခဲ့ပြီဖြစ်သည်။ 
ကချင် လူမျိုးယောကျာင်္းလေး ၁၀ ယောက်တွင် ၆ ယောက်မှာ ဘိန်းအားနည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေကြသည်။ အစိုးရအနေဖြင့် KIA ထိန်း ချုပ်မှုနယ်မြေအတွင်းရှိ ဘိန်းစိုက်ခင်းများအား အုပ်