Wednesday, August 26, 2015

နှစ် ၄၀ နီးပါး ပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့် စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး


နှစ် ၄၀ နီးပါးပြန်ဆပ်ရမည့် ချေးငွေများချေးနေမှုသည် နောက်အစိုးရရှစ်ဆက်အထိ အကြွေးများရှိနေမည်ဖြစ်သည့်အတွက် မလိုအပ်သည့်စီမံကိန်း၊ အသုံးစရိတ်များကို ဖြတ်တောက်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောကြားသည်။
သြဂုတ် ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လျှပ်စစ်ဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများ၏ ပြည်ပချေးငွေများနှင့်ပတ်သက်ပြီး ဆွေးနွေးစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်တင်နွယ်ဦးက "လျှပ်စစ်ဝန်ကြီးဌာနက ၀န်ကြီးဌာနတွေထဲမှာ ကြည့်မယ်ဆိုရင် အကြွေးအမျိုးအမည်အများဆုံး ၀န်ကြီးဌာနဖြစ်ပါတယ်။ အရင်တုန်းကလည်း သထုံဓာတ်အားပေးစက်ရုံအတွက်ဆိုပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာသန်း ၁၄၀ ချေးခဲ့ပါတယ်။ ဂျပန်နိုင်ငံကနေလည်း ယန်း ၂၉ ဘီလျံ ချေးထားပါတယ်။ တရုတ်နိုင်ငံကနေလည်း ဒေါ်လာ ၅၇ သန်းကျော် ချေးထားတာရှိပါသေးတယ်။

တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့ တပ်ချုပ်ထံစာပို့ ဟုဆို



၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တပ်မတော်က ထောက်ခံပေးရန် နိုင်ငံရေးပါတီအချို့က စာပေးပို့ တောင်းဆိုထားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့တို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစောက ဆိုသည်။

လွှတ်တော်ရပ်နားရန်ရှိသော်လည်း ကျန်ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား


ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်းကပြောကြားသည်။
သြဂုတ် ၂၅ ရက်က ပြည်သူ့ လွှတ်တော် အဆောက်အအုံ၏ အစည်းအဝေးခန်းမတွင် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် သူရဦးရွှေမန်းကယင်း သို့ ပြောကြားခြင်းဖြစ်ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်လည်း ရေးသားထားသည်။
‘‘ရွေးကောက်ပွဲစည်းရုံးရေး ကာလမှာလည်း ရတဲ့ရက်ကလေး ကို တက်ပေးဖို့၊ ကျန်နေတဲ့ ဥပ ဒေတွေကို ဖြတ်ဖို့ပေါ့’’ဟု ပြည်သူ့ လွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောသည်။
ပြည်သူ့ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော် ၏ အဓိကအကျဆုံးတာဝန်မှာ ဥ ပဒေများပြဋ္ဌာန်းရန်ဖြစ်သည်။

သမ္မတ၊ ကာချုပ်တို့ နှင့် တွေ့ဆုံမည့်ရက် တိုင်းရင်းသားများ မဆုံးဖြတ်ရသေး


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေး သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမည့်ရက်ကို မဆုံးဖြတ်နိုင်သေးကြောင်း ထိပ်သီးခေါင်းဆောင်များအဖွဲ့ဝင် ဦးခွန်ဥက္ကာက သြဂုတ် ၂၅ရက်တွင် မဇ္ဈိမကို ပြောသည်။
"ကျွန်တော်တို့ ညှိနေပါတယ်။ တိုင်းရင်းသားအများစုက စက်တင်ဘာလောက် ဖြစ်ချင်တယ်။ အစိုးရဖက်ကကျတော့ ဝေးလွန်းတယ်လို့ ဆိုတယ်။ ရက်အတိအကျ သိရဖို့ကိုတော့ နဲနဲတော့စောင့်ပါဦး။" ဟု ၎င်းကပြောသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက် ၃၃ ခုကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့က သြဂုတ်လ တတိယအပတ်အတွင်း၌ ပြုလုပ်သည့် ၉ကြိမ်မြောက် အစည်းအဝေးတွင် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
ယင်းစာချုပ်ကို တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင် လက်မှတ်ထိုးနိုင်ရေး အတွက် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နေပြည်တော်တွင် ဆွေးနွေးကြဦးမည် ဖြစ်သည်။

တပ်မတော်က တိုင်းရင်းသားများကို ဖိနှိပ်ခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်း ဖြစ်ကြောင်း တပ်ချုပ်ဆို


တပ်မတော်အနေနှင့် တိုင်းရင်းသား များအပေါ် ဖိနှိပ်သည်ဟု အဖွဲ့အစည်း အချို့က ပြောဆိုနေမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် Mr. Jurg Montani ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် ယင်းသို့ ပြောဆိုခြင်းဖြစ်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းဌာနတွင် ဖော်ပြထားသည်။
တပ်မတော်တွင် တိုင်းရင်းသား အရာရှိ ၃၀၀၀ ကျော်နှင့် တိုင်းရင်းသား စစ်မှုထမ်းများစွာ တာဝန်ထမ်းဆောင် လျက်ရှိပြီး တိုင်းရင်းသားများနှင့် မည်သို့မျှ ပြဿနာတက်စရာ အကြောင်းမရှိ သောကြောင့် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားများအပေါ် ဖိနှိပ်သည်ဟု ပြောဆိုမှုသည် နိုင်ငံရေးအရ အထင်အမြင် လွဲမှားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မိုးဒဏ်၊ ရေဒဏ်ကြောင့် တံတား ၉၈စင်း ပျက်စီးခဲ့ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ထုတ်ပြန်


ဇူလိုင်နှင့် ဩဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေဘေးအန္တရာယ်တို့ကြောင့် နိုင်ငံအ၀ှမ်းရှိ တံတား ၉၈ စင်း ပျက်စီးသွားသည် ဟုဆောက်လုပ်ရေးဝန်ကြီး ဌာနက ဩဂုတ် ၂၆တွင် သတင်းထုတ်ပြန်လိုက်သည်။
တံတားများပျက်စီးသွားသော ပြည်နယ်နှင့်တိုင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ ဖြစ်သည်။
ပျက်စီးမှုများအနက် စစ်ကိုင်းတိုင်းတွင် တံတား ၂၇စင်း၊ ရခိုင်ပြည်နယ်တွင် ၂၀စင်းနှင့် မန္တလေး တိုင်းတွင် ၁၆စင်းဖြစ်ပြီး တိုင်းနှင့်ပြည်နယ်များအနက် အများဆုံးပျက်စီးခဲ့သည်ဟု ဆောက်လုပ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်ထားသည်။

ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ရွေးကောက်ပွဲတွင် ၁၅ နေရာ ယှဉ်ပြိုင်မည်


ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ပါတီသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အတွင်း  မြို့နယ် ခြောက်မြို့နယ်၌  ၁၅ နေရာ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် တောင်ကြီးခရိုင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အမည်စာရင်း တင်သွင်းထားကြောင်း အဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီသည် ရှမ်းပြည်နယ် အတွင်းတွင် တောင်ကြီးမြို့နယ်၊ ရပ်စောက် မြို့နယ်၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နှင့် မောက်မယ်မြို့ နယ်များတွင် ၀င်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ရေဘေးကယ်ဆယ်ရေး ဦးစားပေးနေရသဖြင့် WFP ၏ ပုံမှန်လုပ်ငန်းများ ခေတ္တရပ်/ ယာယီလျော့ချမည်


 ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ရေဘေးသင့်ပြည်သူများအတွက် ဦးစားပေး ထောက်ပံ့ သွားမည်ဖြစ်သဖြင့် ပုံမှန်လုပ်ငန်းအစီအစဉ်များကို ခေတ္တရပ်နားခြင်း သို့မဟုတ် လျော့ချသွားမည်ဟု WFP က ထုတ်ပြန်သည်။WFP ကဆောင်ရွက်နေသည့် ရပ်ရွာပိုင်ရင်းမြစ်များဖ်ာဆောင်ခြင်း၊ ကျောင်းတွင်းရိက္ခာထောက်ပံ့မှု၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အာဟာရထောက်ပံ့ခြင်းနှင့် အေအိုင်ဒီအက်စ်နှင့် တီဘီဝေ ဒနာရှင်များအတွက် စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်များကို ခေတ္တရပ်နားထားမည်ဟု သြဂုတ် ၂၆ ထုတ်ပြန်ချက်က ဖော်ပြသည်။

ဘူးသီးတောင်တွင် နိုင်ငံသား စိစစ်မှုစတင်၊ ၅ ဦးစိစစ်ပြီးစီး


ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်ဖြစ်သော ဘူးသီးတောင်မြို့နှင့် မောင်တောမြို့နယ်တွင် ယခင်က နိုင်ငံသားစိစစ်မှု မခံလိုသော ဘင်္ဂလီများမှာ ယခု စိစစ်ခံမှုယူနေပြီး လျှောက်လွှာတင်ထားသူ ၃၀ ဦးရှိသည့် အထဲက ၅ဦး စိစစ်ပြီးသွားပြီ ဖြစ်သော်လည်း တစ်ဦးတစ်ယောက်မှ နိုင်ငံသားစိစစ်ရေး အချက်အလက်များနှင့် မကိုက်ညီကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေး ဘုတ်အဖွဲ့ (ဘူးသီးတောင်မြို့) မှ အဖွဲ့လည်းဖြစ်၊ မြို့မိမြို့တစ်ဦးဖြစ်သူ ဦးထွန်းအောင်သိန်းက " ၁၉၈၂ ဥပဒေ ပုဒ်မ ၄၂ အရ နိုင်ငံပြုခွင့်ရဖို့ လျှောက်တဲ့နေရာမှာ သူတို့ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင်က ရောက်တယ်ဆိုတဲ့ အထောက်အထားကို မတွေ့ရပါ။ သူတို့တင်ပြတာက သူတို့အမျိုးသားမှတ်ပုံတင် မိတ္တူနဲ့ လဝကရဲ့ မှတ်တမ်းဖြစ်တဲ့ (နိုင်-၁) ဆိုတဲ့ စာရင်းကိုပဲတင်ပြပါတယ်။ ကျနော်တို့မူရင်းကို တောင်းတော့ လဝက က မတင်ပြနိုင်ပါ။ ပြီးတော့ ၄၈ ခုနှစ် (၇) အရ ဆိုရင်တော သူတို့ဟာ လဝကမှာ တစ်နှစ်ထက်မနည်း ငါးနှစ်ထက်မများ အချိန်မှာ နိုင်ငံသားဖြစ်ခွင့် လျှောက်ဖူးခဲ့ရမယ်။ အခုကျနော်တို့ အဲဒီ ၅ယောက် စိစစ်တော့ အဲဒီလိုလျှောက်လို့မရှိတဲ့အတွက် သူတို့ဟာ နိုင်ငံသားဖြစ်ခွင့် မရရှိခဲ့ပါ။ " ဟု ပြောသည်။

လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်လိုက်တဲ့ နော်စီဖိုးရာစိန်


သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၁ ရက်နေ့တုန်းက NCA လက်မှတ်ထိုးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ ဖိတ်ခေါ်ထားတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုကို KNU၊ KNU/KNLA-PC၊ RCSS/SSA၊ DKBA အဖွဲ့ ၄ ဖွဲ့က လက်ခံပြီး လက်မှတ်ထိုးမယ့်အကြောင်း သြဂုတ်လ ၁၇ ရက်နေ့က ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ တချို့ လက်နက်ကိုင်အဖွဲ့တွေက တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်မှ လက်မှတ်ထိုးမယ်ဆိုတဲ့မူကို စွဲကိုင်ထားတာကိုလည်း တွေ့ရပါတယ်။ လက်ရှိ SD ခေါင်းဆောင် နော်စီ ဖိုးရာစိန်ကလည်း အဖွဲ့အားလုံးပါဝင်မှ NCA ကို KNU လက်မှတ်ထိုးမယ်ဆိုပြီး ပြောလာပါတယ်။
KNU အဖွဲ့ရဲ့ ကိုယ်စား နော်စီဖိုးရာစိန် ပြောတာဖြစ်တဲ့အတွက် အားလုံးအံ့အားသင့်ကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ KNU ခေါင်းဆောင် ဥက္ကဋ္ဌကြီး ဖထီးမူတူးဆေးဖိုး ကိုယ်တိုင် လက်မှတ်ထိုးပါမယ်လို့ တရားဝင် ထုတ်ပြန် ခဲ့တာပါ။ အခု KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ဖထီး မူတူးဆေးဖိုးနဲ့ ဆန့်ကျင်ဘက်ကို ပြောလာတယ်။ KNU အဖွဲ့ရဲ့ သြဇာသက်ရောက်မှုဟာ ဖထီး မူတူးဆေးဖိုး လက်ထဲမှာလား၊ နော်စီဖိုးရာစိန် လက်ထဲမှာလား စဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိ KNU ဥက္ကဋ္ဌ က ဖထီးမူတူးဆေးဖိုးဖြစ်တဲ့အတွက် ဖထီးရဲ့ ပြောစကားကိုသာ အတည်ယူရမှာပါ။