Tuesday, March 15, 2016

အိုင်အက်စ်၏ နာမည်ကျော် စစ်ဦးစီးမှူးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန် အတည်ပြု

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ထင်ရှားသည့် စစ်ဦးစီးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အိုင်အက်စ် တပ်မှူး အဘူအိုမာ အယ်လ် ရှီရှာနီသည် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ပြောကြားခဲ့ကြသည်။ ဂျော်ဂျီယာ နိုင်ငံသား တစ်ဦးဖြစ်ပြီး အမည်ရင်း တာခန် ဘာတီရာရှာဗီလီဖြစ်သည့် ရှီရှာနီသည် မကြာသေးမီက ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် ယာဉ်တန်းတစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ရာ၌ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် ရှီရှာနီ၏ ကိုယ်ရံတော်အချို့ သေဆုံးခဲ့သော်လည်း ၎င်းကိုယ်တိုင်ကမူ ထွက်ပြေး လွတ်မြောက်သွားကြောင်း ကောလာဟလအချို့ ထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း မတ် ၄ ရက်က ရှက်ဒါဒီမြို့အနီး ပြုလုပ်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ရှီရှာနီသည် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာများဖြင့်ပင် သေဆုံးသွားကြောင်း အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။
ရက်ပိုင်းမျှ ဝေဒနာ ခံစားရပြီးနောက် မတ် ၁၄ ရက် နံနက်ပိုင်းတွင် အိုင်အက်စ်တပ်မှူး သေဆုံးသွားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကလည်း သီးခြား ကြေညာသည်။ ရှီရှာနီသည် အိုင်အက်စ်၏ အစွမ်းထက်သည့် စစ်ဦးစီးမှူး တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရပြီး ယမန်နှစ်အတွင်း အမေရိကန်က ၎င်းအတွက် ဒေါ်လာ ၃.၅ သန်း ဆုငွေထုတ်ခဲ့ဖူးသည်။

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်တော့မည်ဟု သတိပေး


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားထိပ်ဖူး ဖောက်ခွဲစမ်းသပ်မှုတစ်ခုနှင့် နျူထိပ်ဖူးများကို သယ်ဆောင်သွားနိုင်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို လုပ်ဆောင်တော့မည်ဟု နိုင်ငံပိုင်မီဒီယာက မတ်၁၅ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန် ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်သော တာဝေးပစ် ဒုံးကျည်ကို ဖန်တီးနိုင်ခဲ့ပြီဟု ကြေညာပြီးချိန်မှာပင် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားကမူ မြောက်ကိုရီးယားတွင် ယခုအချိန်အထိ တိုက်ချင်းပစ်ဒုံးကျည် တီထွင်နိုင်ခြင်း မရှိသေးဟု ပြောကြားထားသည်။ ကင်က ထိုစမ်းသပ်မှုများကို မကြာမီကာလအတွင်း လုပ်ဆောင်သွားမည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သော်လည်း ပြုလုပ်မည့် အချိန်ကို မထုတ်ပြန်ခဲ့ပေ။
မြောက်ကိုရီးယားသည် မတ်လက ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုနှင့် ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သော တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆယ်စုနှစ် နှစ်ခုအတွင်း အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်နေသည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ မည်သည့်စမ်းသပ်မှုမဆို ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသောကြောင့် မဝေးသော ကာလအတွင်း စမ်းသပ်မှု ရှိမလာနိုင်ပေ။
မကြာသေးမီက မြောက်ကိုရီးယား အစိုးရက ပြည်သူများသို့ ပြောကြားသည်ဟု ယူဆရသော လေလုံးများအရ မေလတွင် ကျင်းပမည့် အာဏာရပါတီ ဆွေးနွေးပွဲကြီး မတိုင်မီ အစိုးရ၏ အင်အားပြသမှုကို ပြုလုပ်နိုင်ကြောင်း ညွှန်ပြနေသည်။ ယခင်ကမူ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည်လွှတ်တင်မှုများကို သုံးနှစ်နှင့် လေးနှစ်မှ တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။
တောင်ကိုရီးယား လေ့လာသူများ၏ ပြောကြားချက်အရ စမ်းသပ်မှုများ အမှန်တကယ် ပြုလုပ်ဖြစ်ပါက ကင်ဂျုံအွန် ဆိုလိုသည့် ထိုနျူကလီးယားထိပ်ဖူး ဖောက်ခွဲမှုမှာ ပလူတိုနီယံ (သို့) ယူရေနီယံ မပါဝင်သော Trigger device တစ်ခုသာ ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။ မြောက်ကိုရီးယားသည် ထိုထိပ်ဖူးကို တိုက်ချင်းပစ် ဒုံးကျည်ဖြင့် မဟုတ်ဘဲ တာတိုပစ်ဒုံးကျည်ဖြင့်သာ ပစ်လွှတ်စမ်းသပ် နိုင်သည်ဟုလည်း ပြောကြားခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဦးထင်ကျော်ဖြစ်လာ


KFC Myanmar
မတ်လ ၁၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၅၂ ဦး တက်ရောက်ခဲ့ကြောင်း ၊ ဒုသမ္မတ ၃ ဦး အနက် မှ ၁ ဦးကို သမ္မတအဖြစ် ရွေးချယ်ကြရာ ဦးထင်ကျော်က ထောက်ခံမဲ ၃၆၀ ရရှိပြီး မဲအပြတ် အသတ်နဲ့ နိုင်ငံတော်သမ္မတကြီးရာထူးအတွက် ရွေးချယ်ခံလိုက် ရတာ ဖြစ် ပါတယ်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းတဲ့ ဦးမြင့်ဆွေက ထောက်ခံ မဲ ၂၁၃ နဲ့ ဒုတိယ သမ္မတ ၁ အဖြစ် ရွေးချယ်ခံရပြီး ဦးဟင်နရီ ဗန်ထီးယူကတော့ ထောက်ခံမဲ ၇၉  မဲဖြင့် ဒုတိယသမ္မတ ၂ အဖြစ် ရွေးချယ် ခံရပါတယ်။
ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတကြီးအဖြစ် ဦးထင်ကျော်ကို တင်မြှောက်လိုက်ပြီ ဖြစ်လို့ မတ်လ ၃၀ ရက် နေ့မှာ သမ္မတဦးသိန်းစိန်အစိုးရက တရားဝင် အာဏာ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။
ဦးထင်ကျော်ကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၇၀ နှစ်ရှိနေပြီဖြစ်ပါတယ်။ သူရဲ့ ဖခင်က စာရေးဆရာကြီးဖြစ်တဲ့ မင်းသုဝဏ် ဖြစ်ပါတယ်။  ဖခင် စာရေးဆရာကြီး မင်းသုဝဏ်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD  ပါတီရဲ့  ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်။
ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည် အားကိုးရတဲ့ လူယုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ  မက်သဒစ်ကျာင်း (ဒဂုံ ၁)မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်းဖြစ်ပါတယ်။

တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ တာဝန်ထမ်းဆောင်မယ်လို့ ဦးဟင်နရီဗန်ထီးယူပြော



တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ အကောင်းဆုံးကြိုးစားသွားမည်ဟု ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူက ပြောဆိုလိုက်သည်။
မတ်လ ၁၅ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သော သမ္မတရွေးချယ်တင်မြှောက်ပွဲတွင်  ဒုသမ္မတ(၂)အဖြစ် ရွေးချယ်ခံရပြီးနောက် ဦးဟင်နရီဗန်ထီးယူက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
"ဒီလို ကြီးမားတဲ့တာဝန်ကို ယုံယုံကြည်ကြည်နဲ့ ကျွန်တော့ကိုတာဝန်ပေးတဲ့အခါမှာ ပေးအပ်တဲ့တာဝန်ကို တာဝန်သိသိ သစ္စာရှိရှိနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်သွားပါမယ်လို့ ဒီနေရာကနေ ပြည်သူလူထုကို ကတိပေးပါတယ်" ဟု ဦးဟင်နရီဗန်ထီးယူက ပြောသည်။

"ပြည်ထောင်စုဝန်ကြီးဌာနအမည်နှင့် အရေအတွက်များကို လာမည့် မတ်လ ၁၇ ရက် တွင် လွှတ်တော်သို့ တင်ပြမည် "

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို လာမည့် မတ်လ ၁၇ ရက်တွင် ပြန်လည်ကျင်းပမည် ဖြစ်၍ အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက တင်ပြသည့် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်၊အမည်နှင့် ပြည်ထောင်စုဝန်ကြီးအရေအတွက်တို့ကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ တင်ပြမည် ဖြစ်သည်။အဆိုပါ တင်ပြချက်များကို လာမည့် မတ်လ ၁၈ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

ဒုသမ္မတ ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်အခွင့်အရေးချိုးဖောက်ခြင်းလားဟု ကြံ့ခိုင်ရေးမေးခွန်းထုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ကာ ပြည်သူ့လွှတ်တော်အမတ်များ၏ ထောက်ခံချက်ဖြင့် ဒုသမ္မတဖြစ်လာသည့် ဦးထင်ကျော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို NLDက တရားဝင်မထုတ်ပြန်ပေးခြင်းက မဲဆန္ဒရှင်များ၏ မူလအခွင့်အရေးကို ထိပါးစေသော အပြောင်းအလဲလားဟု ကြံ့ခိုင်ရေးပါတီက ၎င်းပါတီက ထုတ်ဝေနေသည့် ပြည်ထောင်စုနေ့စဉ် သတင်းစာကတစ်ဆင့် မေးခွန်းထုတ်လိုက်သည်။ 
ဦးထင်ကျော်၏ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ပြည်သူများအား ရင်းနှီးပွင့်လင်းစွာ ချမပြခဲ့ခြင်းမှာ အင်အားကြီးပါတီက အင်အားနည်းပါတီများကို ဖိနှိပ်သည့် အသွင်ဆောင်စေသည်ဟု ပြောဆိုလိုက်သည်။

သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ(၁) ဦးမြင့်ဆွေနဲ့ ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ ဖြစ်လာပြီ

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တင်မြှောက်

ထားသော ဒုသမ္မတသုံးဦးအနက် သမ္မတရွေးချယ်ပွဲကို ပြည်ထောင်စုလွှတ်တော်တွင် မတ်လ  ၁၅ရက်က နံနက် ၁၀
နာရီတွင် မဲခွဲရွေးချယ်ရာ ဦးထင်ကျော်က မဲအများဆုံးရရှိကာ သမ္မတအဖြစ် တင်မြှောက်လိုက်ပြီဖြစ်သည်။
မဲအများဆုံးဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိသူ ဦးမြင့်ဆွေက ဒုသမ္မတ(၁)နှင့် တတိယမဲ
အများဆုံးရရှိသော ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂)အဖြစ် ပြည်ထောင်စုလွှတ်တော်က တင်မြှောက်လိုက်ခြင်း ဖြစ်သည်။

ဘွဲ့လက်မှတ်အတုဖြင့် YTU တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခတာဝန် ထမ်းဆောင်ခဲ့သူကို အသင်းမှ ထုတ်ပယ်

ရန်ကုန် နည်းပညာတက္ကသိုလ် (YTU) တွင် လေးနှစ်ကျော်ကြာ ဧည့် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦး၏ ဘွဲ့လက်မှတ် အတုဖြစ်နေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက အ သင်းသားအဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပုဂ္ဂိုလ်မှာ ဦးတင် ထွန်းဖြစ်ပြီး ၁၉၉၁ RIT- BE Civil, M.Sc, Ph.D (Project Management) ဘွဲ့ရရှိထားသည် ဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြထားသည်။ ၎င်းသည် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) တွင် ၂၀၁၂ မှစတင်၍ ဧည့်ပါမောက္ခအဖြစ် အင်ဂျင်နီ ယာနှင့် မဟာအင်ဂျင်နီယာတန်း ကျောင်းသူ၊ ကျောင်းသားများ အား Project Management အ ဖြစ် စာသင်ကြားပေးခဲ့ကြောင်း အင်ဂျင်နီယာအသိုင်းအ၀ိုင်းမှ စုံ စမ်းသိရှိရသည်။
ဒေါက်တာ တင်ထွန်းသည် မြန်မာအင်ဂျင်နီယာ ကောင်စီ (Myanmar Engineering Coucil) က ၂၀၁၄ ဧပြီလတွင် အသိ အမှတ်ပြု အင်ဂျင်နီယာလက်မှတ် (PE)နှင့် အာဆီယံအသိအမှတ်ပြု PE (ACPE) လက်မှတ်ရရှိထား သူဖြစ်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီ ယာအသင်းနှင့် မြန်မာနိုင်ငံအင် ဂျင်နီယာကောင်စီ၌ အဖွဲ့ဝင်အ ဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များ တင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်ကိုယ်စားလှယ် မထောက်ခံ

နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံခြင်းရှိ၊ မရှိ စိစစ်ရေးအဖွဲ့၏ စိစစ်တွေ့ရှိ ချက်ကို ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြ ရာ ရွေးကောက်ခံကိုယ်စားလှယ် များတင်မြှောက်သည့် သမ္မတလောင်းနှစ်ဦးကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ကိုယ်စားပြုသူ ဗိုလ်ချုပ်သန်း စိုးက မထောက်ခံခဲ့ပေ။ စိစစ်ရေးအဖွဲ့ဝင် ခုနစ်ဦးရှိ သည့်အနက် ခြောက်ဦးက ထောက်ခံသဖြင့် ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အစုအ ဖွဲ့၏ သမ္မတလောင်းအဖြစ် အဆို ပြုခြင်းခံရသော ဦးထင်ကျော် သည် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများအတွက် သတ်မှတ်အရည်အ ချင်းများနှင့် ပြည့်စုံသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

သမ္မတသစ် ယနေ့ရွေးချယ်မည်

အစိုးရအဖွဲ့သစ်ခေါင်းဆောင် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်၌ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၀ နာရီတွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။
နိုင်ငံတော် သမ္မတအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်ထားသော ဒုသမ္မတနှစ်ဦးနှင့် တပ်မတော်က တင်မြှောက်ထားသည့် ဒုသမ္မတတစ်ဦး စုစု ပေါင်း သုံးဦးတို့ကို ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရွေး ချယ်မည်ဖြစ်ကာ မဲအများဆုံးရသူက နိုင်ငံတော်သမ္မတဖြစ်လာမည် ဖြစ်သည်။
မတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ၌ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ရာ လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်သားရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များက ဒုသမ္မတသုံးဦးအနက် တစ်ဦးကို မဲပေးရွေးချယ်ရမည် ဖြစ်သည်။