Thursday, October 4, 2012

ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိဟု နော်ဝေးပြောကြား

Mr._Charles_Petrie Mr. Charles Petrie (Photo:SHAN)
ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်များအား နေရပ်ပြန်ပို့ရန် အစီအစဉ်မရှိကြောင်း နော်ဝေးနိုင်ငံမှ မြန်မာ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့(Myanmar Peace Support Initiative-MPSI) ခေါင်းဆောင်        Mr. Charles Petrie က တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြား လိုက်သည်။

အိမ်အပြန်လမ်းအတွက် ရတက်မအေးဖြစ်နေရတဲ့ ကျောင်းသားများ

အောက်တိုဘာ(၄)
ဖားကန့်၊ တာမခံနဲ့ တနိုင်းမြို့ဝန်းကျင်မှာရှိတဲ့ ရွာတွေကနေ မိုးညှင်းဒီဂရီကောလိပ်မှာ  ကျောင်းတက်နေကြတဲ့ ကျောင်းသားအချို့ဟာ KIA ရဲ့ ဖမ်းဆီး လူသစ်စု ခံရမှာကို စိုးရိမ်သဖြင့် စာသင်နှစ်ပြီးဆုံးပေမယ့်လည်း နေရပ်ဖြစ်တဲ့ ရွာတွေကို မပြန်ရဲ ဖြစ်နေကြတယ် လို့ သိရပါတယ်။

ဦးသိန်းညွန်.မှ သင်္ကန်းကျွန်းနေ မွှတ်စလင်ဘာသာဝင်တဦးရဲ့  အမေးကို ပြတ်ပြတ်သားသား ဖြေကြား

ဒီနေ့ ပဲ n^n^d^p (ဥက္ကဋ္ဌ) ဦးသိန်းညွန့် မှ
၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေကို ပြင်ဆင်ဖို့  မလိုအပ်ကြောင်း
ရိုဟင်ဂျာကို လည်း တိုင်းရင်းသား အဖြစ် လုံးဝ လက်မခံကြောင်းသင်္ကန်းကျွန်းနေ မွှတ်စလင်ဘာသာဝင်တဦးရဲ့  အမေးကို ဖြေကြားခဲ့ပါတယ်

(((((((((သင်္ကန်းကျွန်းမြို့ နယ်၏ လူဦးရေ ၃ပုံ ၁ပုံ သည် အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်))))))))

ဒီ့အတွက် ၂၀၁၅မှာ မဲမပေးရင်လည်း ထို အရှုံးကို ပြုံးပြုံးလေး ခံယူသွားမည်ဖြစ်ကြောင်း ...ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ် ။

by-Ya Tha
(၇၁၁ /၄ /၁၀ /၂၀၁၂)
By: Thit Sar
REF: အင်တာနတ်
Posted by Admin Team-NOM

မြန်မာနိုင်ငံ သမ္မတနှင့် စကားပြောခြင်း

(30 Sept 2012ရက်စွဲပါ The New York Timesမှ Bill Keller၏ “A conversation with President U Thein Sein of Myanmar” သတင်းကိုဘာသာပြန်ဆိုသည်)
အောက်ပါအင်တာဗျူးသည် စက်တင်ဘာ၂၈ရက်နေ့က နယူယေက်တွင် သမ္မတဦးသိန်းစိန်နှင့် အင်တာဗျူးဖြစ်သည်။
Bill Keller။ ။ တစ်ခြား ကိစ္စတွေမမေးခင် ပုဂ္ဂိုလ်ရေး လေးနည်းနည်း မေးချင်ပါတယ်။ အမေရိကန် တွေက သမ္မတကြီး အကြောင်း သိပ်မသိပါဘူး။ မိဘတွေ အကြောင်း၊ ပညာရေးအကြောင်း ပြောပြနိုင်မလား။

အမေရိကန် ခရီးစဉ်မှ ပြန်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင်လာရောက် ကြိုဆိုနေကြ (ဓါတ်ပုံ)


အိန္ဒိယသူပုန်လက်မှ အမေရိကန်လက်နက် မြန်မာပြည်မှလာ ဟုဆို

The Red Corridor ver 1
နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိထားသည့် မော်ဝါဒီ သူပုန် နှစ်ယောက်က ၎င်းတို့နှင့်အတူ သိမ်းဆည်းရမိသော အမေရိကန်လုပ် M-16 သေနတ် တလက်နှင့် ဗြိတိန်လုပ် ရူပီး လေးသိန်း (ဒေါ်လာ ၇,၀၀၀ ကျော်) တန် ကျည်ကာအင်္ကျီတို့ကို မြန်မာပြည်မှ ရရှိကြောင်း ဖြောင့်ချက်ပေး ထွက်ဆိုကြသည်ဟု ဂျာရ်ခန်းပြည်နယ် ရဲညွှန်ချုပ် က ပြောသည်။

ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ

ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေး အဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။

မော်လမြိုင်ထောင်မှ လွတ်လာသည့် ခိုးဝင်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ပြန်ပို့

အန်ဒမန် ပင်လယ်ကို လှေဖြင့်ဖြတ်လာသည့် ဘင်္ဂါလီများ (ဓာတ်ပုံ – Reuters)
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်အရ မော်လမြိုင်အကျဉ်းထောင်မှ လွတ်မြောက်လာသော တရားမ၀င် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပို့မည့် ခရီးစဉ်အတွင်း ယမန်နေ့ည ၇နာရီခန့်က ပြည်မြို့အကျဉ်းထောင်သို့ ရောက်ရှိလာသည်။

တိုင်စာများ သေချာစိစစ်ရန်လို

ရန်ကုန်၊ စက်တင်ဘာ - ၃၀

ကာယကံရှင်များ နစ်နာမှုမရှိစေရန် တိုင်စာများကို မှန်ကန်ခြင်း ရှိ မရှိ သေချာစိစစ်ရန်လိုကြောင်း ရေးရာကော်မတီများနှင့် ကျောင်းသားအဖွဲ့အစည်းများက ပြောသည်။

တိုင်ကြားခံရသော ဘက်ကိုလည်း စုံစမ်းမှုများ ပြုလုပ်ရန်လိုကြောင်း၊ တိုင်စာထဲတွင် ရေးသားထားသော မမှန်ကန်သော အချက်များကြောင့် မလိုလားအပ် သည့် ပြဿနာများ   ဖြစ်ပေါ်နိုင်ကြောင်း ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြေ
ာသည်။

ကိုရီးယားနိုင်ငံ IAC ၏ အကူအညီဖြင့် မြန်မာနိုင်ငံတစ်ဝန်း အင်တာနက် ရရှိရန် ဆောင်ရွက်မည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက် ရရှိနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကိုးရီးယားနိုင်ငံ အမျိုး သား သတင်းအချက်အလက် အဖွဲ့အစည်း (National Information Society Agency) ၏ လက်အောက်ခံ သတင်းအချက်အ လက် ရယူသုံးစွဲမှု စင်တာ (Information Access Center - IAC) နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ် (MICT Park) နှစ်ပတ်လည် အခမ်းအနားတွင် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း က ပြောကြားခဲ့သည်။

မှတ်သားစရာ စကားတစ်ခွန်း

ဘီလ်ဂိတ်စ် ပြောတာက

“ကျနော် အမြဲတမ်း ပျင်းတဲ့ လူတစ်ယောက် ရွေးပြီး အခက်ဆုံးအလုပ် ခိုင်းတယ်...

ဘာလို့လဲ ဆိုတော့...

သူအလွယ်ဆုံးနည်းလမ်းရှာလိမ့်မယ်” တဲ့။

ဗြိတိန်တွင် 4G မိုဘိုင်းကွန်ရက် အသုံးပြုနိုင်တော့မည်

မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4G မိုဘိုင်းကွန်ရက် စနစ်ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် စတင်ထုတ်လွှင့်သွားမည်ဟု သိရှိရသည်။ တရားရေးအရ အားပြိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆ ပိုမြန်မည့် 4G မိုဘိုင်းကွန်ရက်ကို ဗြိတိန်တွင် အသုံးပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။ EE၏ အမှုဆောင် အရာရှိချုပ် အိုလက်ဖ်

စိတ်ဓာတ်ကျခြင်းနဲ့ လူ့သဘာဝ

အလုပ်မှာ ရရှိတဲ့ ဖိအားတွေ၊ ဘဝနဲ့ပတ်သက်ပြီး စိတ်ကျေနပ်စရာမကောင်းတဲ့ ခံစားချက်တွေ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့် အမြဲတစေ ညည်းညူနေတတ်တဲ့သူတွေ ရှိပါတယ်။ ဒီလိုညည်းညူတတ်တဲ့ အလေ့အထဟာ ပတ်ဝန်းကျင်ရဲ့ အခြေအနေကြောင့်၊
သူတို့ထိတွေ့နေရတဲ့ လုပ်ငန်းတွေကြောင့် ဖြစ်တယ်ဆိုတာ

CDMA 800 MHz ဖုန်း အင်တာနက်လျှောက်ထားခွင့် ရပ်ဆိုင်း

CDMA 800 MHz ဖုန်း အင်တာနက် လျှောက်ထားခွင့်ကို အောက်တိုဘာလ(၂)ရက်နေ့မှ အကန့်အသတ်ဖြင့် ရပ်နားလိုက်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
အင်တာနက် လျှောက်ထားမှု ခေတ္တရပ်နားထားရခြင်းမှာ အင်တာနက်လိုင်းဆွဲအားနှင့်အသုံးပြုသည့် အလုံးရေမျှတမှုရှိစေရန်အတွက်ဖြစ်သည်။

သတင်းဂျာနယ် နှစ်စောင်ကို NLD ဦးဉာဏ်ဝင်းက တရားစွဲမည်

ရန်ကုန်မြို့ရှိ ဂျာနယ် အရောင်းဆိုင် တခုကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ပြည်မြန်မာ သတင်းဂျာနယ်နှင့် Messenger သတင်း ဂျာနယ်တို့အား “တရားရုံးဆုံးဖြတ်ချက် မချမီ ပြစ်မှုကျူးလွန်သည်ဟု ရေးသားခြင်းကြောင့်” အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မန္တလေးတိုင်း တရားလွှတ်တော်တွင် ပြီးခဲ့သည့် တနင်္လာနေ့က တရားစွဲဆိုလိုက်သည်။

ကရင်ပြည်နယ်တွင်း မြေမြှုပ်မိုင်းများ စရှင်းပြီဟုဆို

မြေမြှုပ်မိုင်းကြောင့် ခြေထောက် ဆုံးရှုံးသွားသူမျာ အတွက် ခြေတုပြုလုပ်နေသည့် ဖခင်ကို ကူညီနေသော ကရင် ကလေးငယ်တဦး (ဓာတ်ပုံ – Reuters)
ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ထိပ်တန်းခေါင်းဆောင် သုံးဦးကို KNU ထုတ်ပယ်



အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်သူ ၀န်ကြီး ဦးအောင်မင်း၊ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့၏ သဘောတူညီမှုမရရှိဘဲ ဖားအံမြို့တွင် ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့သည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် ထိပ်တန်းခေါင်းဆောင် ၃ ဦးကို ကရင်အမျိုးသားအစည်းအရုံး KNU က ယမန့်နေ့ကစတင်ပြီး တာဝန်အသီးသီးမှ ရပ်စဲလိုက်သည်။

မြောက်ဒဂုံတွင် သင်္ဃာတော် အပါး ၂၀၀ ကျော်ခန့် ဆန္ဒဖော်ထုတ်

ရန်ကုန်၊ အောက်တိုဘာ ၄  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်းဒေသတွင် ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မကွေးကျောင်းတိုက်တွင် သင်္ဃာတော်အပါး ၂၀၀ ကျော်ခန့် သည် ယနေ့နေ့လယ် ၁၂ နာရီခွဲမှစတင်ကာ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း ယင်းရပ်ကွက်နေထိုင်သူများက The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

သင်္ကန်းကျွန်း လေးထောင့်ကန်လမ်း မီးလောင်၊ ကျပ် ၂၅ သိန်းဖိုး ဆုံးရှုံး

ရန်ကုန် (မဇ္ဈိမ) ။                    ။ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင်ကန်လမ်း BOC မှတ်တိုင်အနီးရှိ ဓာတ်ဆီအရောင်းဆိုင် တဆိုင်တွင် အောက်တိုဘာလ ၃ ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး ကူးစက်မီးကြောင့် အနီးရှိ ဆိုင်ခန်းငယ် ငါးဆိုင်ပါ လောင်ကျွမ်းကာ တန်ဖိုးငွေ ကျပ် ၂၅ သိန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။

နိုင်ငံခြားသားတဦးက မြန်မာနိုင်ငံတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် ဖွင့်လှစ်

မဇ္ဈိမသတင်းဌာန ။        ။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေများ ရေးဆွဲနေဆဲသာ ရှိသေးသော်လည်း ကိုလံဘီယာ တက္ကသိုလ်နှင့် အောက်စဖို့ တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည့် ဥဇဘက်ကစ္စတန် အမျိုးသား တဦးက ပထမဆုံး ရင်းနှီးမြှုပ်နှံမှုဘဏ် (investment bank) ဖြစ်သည့် Mandalay Capital ကို စတင် တည်ထောင်လိုက်သည်။

ဆွစ်ဇာလန်နိုင်ငံသားတဦး စစ်ကိုင်းတွင် သံမဏိတံတား တည်ဆောက်လှူ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်ရှိ ဒေါင်းမြူးချောင်းတွင် ကျပ်သိန်း ၁၁၀ တန် သံမဏိကြိုးတံတားကို ဆွစ်ဇာလန်နိုင်ငံသားတဦးက တည်ဆောက် လှူဒါန်းလိုက်ကြောင်း သိရသည်။ မစ္စတာတိုနီက အလျားပေ ၂၁၀၊ အမြင့် ၂ ပေရှိ ကြိုးတံတားဖြစ်ကြောင်း၊ ယင်း ဒေါင်းမြူးချောင်းတွင် ၁၉၉၅ ခုနှစ်က ရေးကြီးရေလျှံမှုကြောင့် နေအိမ် ၁၅၃ လုံး မျောပါပြီး လူ ၉၅ ဦး သေဆုံးခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာ တိုနီသည် ကချင်ပြည်နယ်၊ စစိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့တွင်လည်း ကြိုးတံတားများ တည်ဆောက်လှူဒါန်းခဲ့သေးကြောင်း သိရသည်။
From -ဧရာဝတီ

ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ အမှိုက်ပုံ၌ ကာဘိုင် ကျည်ဟု ယူဆရသော ကျည် (၁၉၉) တောင့်ကို တွေ့ရှိ

အောက်တိုဘာလ (၃) ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် အချိန်တွင် ဒဂုံမြို့နယ် ကန်တော်မင်္ဂလာပန်းခြံအတွင်းရှိ အမှိုက်ပုံ၌ ကာဘိုင် ကျည်ဟု ယူဆရသော ကျည် (၁၉၉) တောင့်ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ကျည် (၁၉၉) တောင့်သည် ကန်တော်မင်္ဂလာပန်းခြံမြောက်ဘက် ကန်စောင်းရှိ ငုဝါပင်ကြီး အောက်ခြေတွင် ပုံထားသော

ကနေဒါနိုင်ငံရောက် ကရင်မလေး တစ်ယောက်ရဲက ရင်ဖွင့်သံ

ကျမက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့(ပုဇွန်မြောင်း)ရွာဇာတိပါ။ မိဘတွေက လယ်သမားတွေပါပဲ။ တိုးတက် သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ရဲ့ မော
င်းထုတ်မှုကြောင့် ၂၀၀၄ခုနှစ်မှာ ကျမတို့ မိသားစုအားလုံး ရွာက နေထွက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ရာမိုဒုက္ခသည်စခန်းမှာ တက်လာကြပါတယ်။ ဒုက္ခသည်မှာ လာအခြေချတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း DKBA က သိမ်းသွားခဲ့ပါတယ်။

မြန်မာနိုင်ငံစားရိတ်နည်းလုပ်အား ထုတ်လုပ်သူဖြစ်လာနိုင်မလား

(Vlaue Walk မှ 1 Oct 2012 ရက်စွဲပါ “Myanmar to become the next low cost labor producer?” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်။
မြန်မာနိုင်ငံ၌ ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်အပြီးတွင် အမေရိကန်ပြည်ထောင်စုက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ရုတ်သိမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။ သယံဇာတ ကြွယ်ဝလွန်းသော်လည်း ၂၀၁၀ခုနှစ်က တစ်ဦးချင်း ဂျီဒီပီ ဒေါ် လာ ၇၀၀မျှသာရှိသော မြန်မာနိုင်ငံသည် ဒေသတွင်း အိမ်နီးချင်းများ၏နောက်တွင် အဝေးကြီး ပြတ်ကျန်နေခဲ့သည်။ ယခုမြန်မာပို့ကုန် တားမြစ်ချက် ရုတ် သိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း ရေပန်းစားသော ရင်းနှီးမြှုပ်နှံမှု ဇုံဖြစ်လာမလား (သို့မဟုတ်) ဖွံ့ဖြိုးရန် ဆက်လက်ရုန်းကန် နေရဦးမှာလား ဆို သည်ကို လေ့လာကြည့်ကြမည်။

အဓမ္မစစ်ထဲဝင်ရန် စေခိုင်းခံရသူ လူငယ်တစ်ဦး၏ ဖြစ်စဉ်အမှန်

၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ထုတ်ဝေသည့် လူထုပုံရိပ် ဂျာနယ် အတွဲ-၁၊ အမှတ်-၁၊ စာမျက်နှာ ၁၉ တွင် မေးမြန်းသူ တင်မောင်ထွေး၏ ''မီးရထားလာနေသော သံလမ်းပေါ် ကိုယ်တုံးလုံး ချွတ်၊ ဝမ်းလျားမှောက် ခိုင်းပြီး အဓမ္မစစ်ထဲဝင်ရန် စေခိုင်းခံရသော လူငယ်တစ်ဦးနှင့် တွေ့ဆုံခြင်း'' တွေ့ဆုံ မေးမြန်းခန်းနှင့် ပတ်သက်၍ ဖြစ်စဉ်မှန် ဖော်ထုတ်စိစစ်ခဲ့ရာ တွေ့ဆုံမေးမြန်းခြင်း ခံရသူ မောင်ဝင်းသူသည် သြဂုတ်လ ၂ဝ ရက် နံနက် ၄ နာရီခန့်တွင်

၂၀၁၄ ခုနှစ်အတွက် DV ကံစမ်းမဲ လျှောက်နိုင်ပြီ

အမေရိကန်ပြည်ထောင်စုကို လာရောက်နေထိုင်လိုသူတွေအတွက် DV Lottery လို့ခေါ်တဲ့ ဒီဗွီ ကံစမ်းမဲ ထိုးနိုင်တဲ့အချိန် တခေါက်ရောက်လာပြန်ပါပြီ။ DV Lottery Diversity Visa အစီအစဉ် ကို အောက်တို ဘာလ ၂ ရက်နေ့မှာ စတင်ပြီးတော့ နိုဝင်ဘာလ သုံးရက်နေ့မှာ လျှောက်လွှာ ပိတ် မှာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗွီအိုအေ ပါရှန်းဌာနကနေပြီးတော့ Mana Rabiee ရဲ့ သတင်းလွှာကို ပေါင်း စပ်ပြီး မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ပြည်ပဈေးကွက် အတွက် မြန်မာ ကုန်စည် အရည်အသွေး မြှင့်ဖို့လို

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်မှုတွေ လျှော့ပေါ့ ပေးလာတာနဲ့အမျှ မြန် မာနိုင်ငံက ကုန်ထုတ်လုပ်ငန်း တွေမှာ တိုးတက်မှုတွေ ရလာတော့မယ်လို့ စီးပွားရေး အသိုင်းအ၀ိုင်းက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျယ်ပြန့်လာမယ့် နိုင်ငံ တကာ ဈေးကွက်မှာ ထိုးဖောက်နိုင်ဖို့ အတွက် လုပ်စရာတွေလည်း တပုံကြီး ရှိနေတယ်လို့ ပြောနေကြ တာပါ။ အခုလို ပြောင်းလဲနေတဲ့အခြေအနေမှာ မြန်မာနိုင်ငံက စီးပွားရေးသမားတွေရဲ့ မျှော်လင့်ချက် နဲ့ ရင်ဆိုင်ရနိုင်တဲ့ စိန်ခေါ်မှုတွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အခြေခံအဆောက်အအုံ

မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံဖို့အတွက် အခြေခံအဆောက်အအုံနဲ့ စွမ်းရည် ဖြည့် တင်းမှုတွေ လိုအပ်နေသေးတယ်ဆိုပေမဲ့ အလုပ်အကိုင်သစ် ဖန်တီးရေးနဲ့ လူထုကို တိုက်ရိုက် အကျိုး ရှိစေမယ့် လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အခြေအနေတွေ ရှိနေပါတယ် လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ

ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ည ပြန်ရောက်မယ်


  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်ကြာ အမေရိကန် ခရီးစဉ် ပြီးဆုံးပြီး ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ ခန့်တွင် ကိုရီယားလေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။