ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် တရားမ၀င်နေထိုင်သဖြင့် ဇွန်လ ၃ ရက်က ဖမ်းဆီးခံရသော မြန်မာလုပ်သား ၁၆၀ ကျော်ကို ထိုင်းနိုင်ငံစစ်တပ်က နေ့ချင်းပြန်ပို့ရာဖမ်းဆီးခံရသူအချို့ အလုပ်လုပ်ရန် ဇွန်လ ၄ ရက်က မဲဆောက်မြို့သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။
ဇွန်လ ၃ ရက် နံနက်က မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်တွင် တရားမ၀င်နေထိုင် သော မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံ စစ်တပ်နှင့် လူဝင်မှု ကြီးကြပ်ရေးတို့က ၀င်ရောက်ဖမ်း ဆီးရာ အမျိုးသား ၄၉ ဦး၊ အမျိုး သမီး ၅၉ ဦးနှင့် ကလေးငယ် ၅၅ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။